26th JUN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ဝေဖန်မှုများကို ကြိုဆိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

📌 ၂။ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိသလောက်နည်းပါးသည့် အခြေအနေမှာ အလွန်အင်မတန်မျှ စိတ်ပျက်ဖွယ်ကောင်းကြောင်းကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၃။ မန္တလေးအိုးဘိုထောင်က ထောင်ဝန်ထမ်းတွေ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသားတဦးကျဆုံး

📌 ၄။ အဘက်ဘက်ကနေ ပြိုကျတာကို လက်မခံ နိုင်တဲ့ စစ်ကောင်စီ ဟာ နိုင်ငံရေးသီးနှံ ကိုသုံးပြီး ဖိနှိပ်ဖို့ကြိုးစားလာတယ်လို့ဆို

📌 ၅။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်မှတ်တမ်းတင်ခြင်း လုပ်ငန်းကို မဟာဗျူဟာတခုအနေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နောင်ချိုမြို့ကို TNLA  ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်

🚩 ၂။ ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေပြီး TNLA ဘက်က တပ်မှူးများကိုယ်တိုင် ကွပ်ကဲ

🚩 ၃။ မတ္တရာနယ် လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိတွေအပါအဝင် များစွာသေဆုံး 

🚩 ၄။ စစ်ကိုင်းခရိုင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကြားတစ်နေရာတွင် ပြည်သူလူထုထံ ဂိတ်ကြေးဆက်ကြေးကောက်နေသော စစ်ကောင်စီဂိတ်စခန်းအား  Fixed Wings Droneဖြင့် 1.5kg AIR BOMB ()လုံး ကြဲချတိုက်ခိုက်ခဲ့

🚩 ၅။ ရေးမြို့ပေါ်ပထမဦးဆုံးမြို့မရဲစခန်း ဒုတပ်ကြပ်ရဲတဦးရေးဘီလူးတပ်ဖွဲ့ထံလာရောက်အလင်းဝင်၍ဆုကြေးငွေသိန်းသုံးဆယ်ချီးမြှင့်ပေးအပ်

🚩 ၆။ Woman Peace and Security Contraceptive & Health Environmental  အလုပ်ရုံဆွေးနွေးပွဲABSDF အမှတ် စစ်ကြောင်း မှ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ဝေဖန်မှုများကို ကြိုဆိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား


ဇွန်လ၂၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရအပေါ်ဝေဖန်မှုများကိုကြိုဆိုကြောင်း နိုင်ငံခြားရေး၀န်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဇွန်လအတွင်း SBS Burmese Program အင်တာဗျူးတွင်ပြောကြားခဲ့ပါတယ်။


"ဒီမိုကရေစီစနစ်ကို ယုံကြည်သူတယောက်အနေနဲ့ဝေဖန်မှုကလိုအပ်ပါတယ်။ဒါပေမယ့်ဝေဖန်မှုမှာအဖြေလည်းပါရင်ပိုကောင်းတာပေါ့။ဒါပေမယ့်ဝေဖန်တာမှာ မလုပ်နိူင်ဘူးဆိုရင် ဘာကြောင့်မလုပ်နိူင်တာလဲ။မလုပ်နိူင်တာကတော်လှန်ရေးကိုဘယ်လောက်အထိနှောင့်နှေးကြန့်ကြာသွားစေတာလဲ။ဝေဖန်တာမှာအချက်အလက်အပေါ်အခြေခံပြီးပြောတာလည်းအရေးကြီးတယ်လို့မြင်ပါတယ်။ကျမတို့ကိုဝေဖန်ပါ။ကြိုဆိုပါတယ်။အချက်အလက်နဲ့ဝေဖန်ရင်တော့ပိုကောင်းတာပေါ့"လို့ဝန်ကြီးကဆိုပါတယ်။


မှန်ကန်တဲ့အချက်အလက်များအပေါ်အခြေခံကာထောက်ပြပါကပြင်ဆင်၍ရကြောင်း နိူင်ငံခြားရေးဝန်ကြီးကထပ်လောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိသလောက်နည်းပါးသည့် အခြေအနေမှာ အလွန်အင်မတန်မျှ စိတ်ပျက်ဖွယ်ကောင်းကြောင်းကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


ဇွန်လ၂၆ရက်


 ဇွန်လ၂၅ရက်  နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းသည့် ၂၀၂၃ ခုနှစ်အတွက် လုံခြုံရေး ကောင်စီ၏ နှစ်စဉ်အစီရင်ခံစာ (Annual Report of the Security Council for 2023) နှင့် ပတ်သက်၍ အထွေထွေဆွေးနွေးမှုတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။


"လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် ကောင်စီ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အခြေအနေ (Situation in Myanmar) အား အနည်းငယ်မျှဖြင့် စာပိုဒ် () ပိုဒ် ထည့်သွင်း ကာ ဖော်ပြထားသည့်အပေါ် ကျေးဇူးတင်ပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိသလောက်နည်းပါးသည့် အခြေအနေမှာ အလွန်အင်မတန်မျှ စိတ်ပျက်ဖွယ်ကောင်းကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


မြန်မာနိုင်ငံတွင် လူပေါင်း (,၃၀၀) ဦး သတ်ဖြတ်ခံခဲ့ရပြီး (.) သန်းသော ပြည်သူများမှာ နေရပ်စွန့်ခွာသူများ ဖြစ်နေရကြောင်း၊ (၁၈.) သန်းကျော်သော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လိုအပ်လျက်ရှိကြောင်း၊ ထိုမျှမက မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ချိန်မှုစ၍ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှုတို့ ကျဆင်းလာခဲ့ပြီး ပြည်သူများအနေဖြင့် နေ့စဉ်ဘဝများကိုပင် ခက်ခက်ခဲခဲ ဖြတ်သန်းရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်းသံအမတ်ကြီးကပြောပါတယ်။


တစ်ဆက်တည်းမှာပဲ ဇွန်လ၂၅ရက်  ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးကောင်စီ၏လူသားချင်းစာနာထောက်ထားမှုရေးရာအပိုင်း (ECOSOC Humanitarian Affairs Segment) ကို၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်  ကျင်းပရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ရာ

"စစ်အုပ်စုသည် တာဝန်မဲ့စွာဖြင့် သတင်းအမှားများ၊ မှားယွင်းသော လုပ်ကြံသတင်းများ ဖြန့်ဝေကာ အပြစ်မဲ့ပြည်သူများနှင့်တော်လှန်ရေးတပ်ဖွဲ့များအပေါ် ပြစ်တင်ပုံချစွပ်စွဲမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ဇွန်လ ၁၉ရက်နေ့ကအကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ ဝင်များက မော်တော်ယာဉ် တစ်စီးအားပစ်ခတ်ခဲ့သည့်‌ လောလောလတ်လတ်ဖြစ်စဉ်ကို အထူး အလေးထားတင်ပြလိုပါကြောင်း၊ အဆိုပါဖြစ်စဉ်တွင် ပြည်သူလူထုအကြား ဂုဏ်သတင်း ကျော်ဇော သောဆရာတော်ကြီးတစ်ပါး ဘဝနတ်ထံပျံလွန်တော်မူခဲ့ရပြီး၊ အခြား ဆရာတော်ကြီး တစ်ပါးနှင့် ယာဉ်မောင်းတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ကနဉီးတွင် အကြမ်းဖက်စစ်တပ်က အသက်ရှင်ကျန်ရစ်သူ ယာဉ်မောင်းအား ၎င်းတို့အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရသည်ဟု ထွက်ဆိုရန် အတင်းအကျပ် စေခိုင်းခဲ့ပါကြောင်း၊ ယင်းသို့ အတင်းအကျပ် ဖိအားပေးမှုကြောင့်ရရှိလာသော သတင်း အချက် အလက်အမှားအပေါ် အခြေပြု၍ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သည်ဟု အကြမ်းဖက်စစ်တပ်က စွပ်စွဲ ထုတ်ပြန်ခဲ့ကြောင်း၊ သို့ရာတွင် ဒဏ်ရာရရှိသူ ဆရာတော်ကြီးက ၎င်းအနေဖြင့် ဇွန်လ (၂၀) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးမေးမြန်းမှုများကို အကြိမ်ကြိမ် ခံခဲ့ရကြောင်း၊ စစ်တပ်တပ်ဖွဲ့ဝင်များက ၎င်းတို့လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်အား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အများပြည်သူရှေ့မှောက်၌ အမှန်အတိုင်းဖွင့်ဆို မွက်ဟခဲ့တယ်လို့သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မန္တလေးအိုးဘိုထောင်က ထောင်ဝန်ထမ်းတွေ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသားတဦးကျဆုံး


ဇွန်လ၂၆


နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မန္တလေး အိုးဘို ဗဟိုအကျဉ်းထောင်က စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းတွေ ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က ဒီနေ့ ဇန်နဝါရီ ၂၆ မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန္တလေးအိုးဘိုအကျဥ်းထောင် အမျိုးသားအိပ်ဆောင်- မှာ မတရားဖမ်းဆီးခံပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အသက် ၂၃ နှစ် ခန့်အရွယ် နိုင်ငံရေးအကျဥ်းသား ကိုထက်ရန်နိုင် () ထက်ထက်ဟာ အခန်းစာရေးအဖြစ်လုပ်ကိုင်နေတဲ့ အကျဉ်းသားတဦး မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတာကို ဇွန်လ ၂၀ ရက်နေ့ မနက် နာရီခန့်အချိန်မှာတွေ့ရှိခဲ့တာကြောင့် အကျဉ်းထောင်ဝန်ထမ်းတွေကို တိုင်ကြားဖို့ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

အခုလို တိုင်ကြားဖို့ကြိုးစားခဲ့တာကို မကျေနပ်တဲ့ အခန်းစာရေးအကျဉ်းသားက အဆောင်- ရဲ့ ဒုအဆောင်မှူး တပ်ကြပ် ဇေယျာအောင်ထံ လီဆယ်တိုင်တန်းခဲ့တယ်လို့ PPNM က ဆိုပါတယ်။

တပ်ကြပ်ဇေယျာအောင်က ဖြစ်စဥ်ကို သေချာမစုံစမ်းဘဲ ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ရိုက်နှက်ခဲ့တဲ့အပြင် ထောင်ပိုင်လေးဖြစ်တဲ့ ဦးဇော်ထွန်းရဲ့ ခွင့်ပြုချက်နဲ့ တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက် အကျဥ်းသားဖိုးကေနဲ့ အခြားအကျဉ်းထောင်ဝန်ထမ်းတွေက ဝါးဆစ်ပိတ်တုတ်တွေ သံတုတ်တွေ ကျင်စက်တွေနဲ့ ကိုထက်ရန်နိုင်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တာကို စုံစမ်းသိရှိခဲ့တယ်လို့ PPNM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေရဲ့ ရိုက်နှက်နှိပ်စက်မှုတွေကြောင့် ကိုထက်ရန်နိုင်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာတွေေခဲ့ပြီး သတိလက်လွတ်ဖြစ်လာတဲ့အတွက် နံနက် ၁၀ နာရီခန့်မှာ ကိုထက်ရန်နိုင်ကို ကြိုးတုပ်ပြီး ထောင်ဆေးရုံဘက် ခေါ်ဆောင်သွားခဲ့ပေမယ့် လုံလောက်တဲ့ဆေးဝါးကုသမှုမပေးဘဲ ဆေးရုံဝင်းအတွင်းမှာရှိတဲ့ အရူးတိုက်ထဲမှာ ပိတ်လှောင်ထားခဲ့တယ်လို့ PPNM က အသိပေးထားပါတယ်။ 

အဲဒီနောက် မွန်းခွဲ နာရီကျော်‌မှသာ ကိုထက်ရန်နိုင် ကို မန္တလေးဆေးရုံကြီးသို့ လွှဲပေးခဲ့တာကြောင့် ဆေးရုံကြီးမှာပဲ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကိုထက်ရန်နိုင် () ထက်ထက်ဟာ စစ်ကိုင်းဒေသခံတဦးဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေရဲ့ မတရား ဖမ်းဆီးခြင်းခံရပြီး ၅၂-က နဲ့ ထောင်ဒဏ် နှစ် အမိန့်ချခံခဲ့ရသူဖြစ်ကာ ဖမ်းဆီးခံရစဉ်အချိန်ကနေ အကျဉ်းထောင်တွင်း နေထိုင်ရစဉ်မှာလည်း ကျန်းမာရေးကောင်းမွန်ပြီး ရောဂါကင်းရှင်းသူတဦးဖြစ်တယ်လို့ PPNM က ဆက်လက်အသိပေး ထားပါတယ်။

အခုလို ကိုထက်ရန်နိုင် () ထက်ထက်အား အကျဉ်းထောင်အတွင်း ဥပဒေမဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်စေရန် အမိန့်‌ပေး စေခိုင်းသူ၊ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့သူတွေကို ထိရောက်တဲ့အပြစ်ပေးအရေးယူမှုပေးနိုင်တဲ့အထိ ကြိုးစားဆောင်ရွက်သွား မယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်-PPNM က ကတိပေးထားပါတယ်။


========================


📌📌 ၄။ အဘက်ဘက်ကနေ ပြိုကျတာကို လက်မခံ နိုင်တဲ့ စစ်ကောင်စီ ဟာ နိုင်ငံရေးသီးနှံ ကိုသုံးပြီး ဖိနှိပ်ဖို့ကြိုးစားလာတယ်လို့ဆို


ဇွန်လ၂၆


အဘက်ဘက်ကနေ ပြိုကျတာကို လက်မခံ နိုင်တဲ့ စစ်ကောင်စီ ဟာ နိုင်ငံရေးသီးနှံ ကိုသုံးပြီး ဖိနှိပ်ဖို့ကြိုးစားလာတယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က ဇွန်လ၂၆ရက်တွင် ဆိုရှယ်မီဒီယာမှတဆင့် ဆိုပါတယ်။


"ဧရာဝတီ တိုင်းဘက်က ဆန်စက် တွေရင် တမမ နဲ့ နေရတယ် ဆိုတဲ့ သတင်းရတယ်။ မဆလ စစ်အာဏာရှင် စနစ်မှာ အစိုးရစျေးနဲ့ စပါး ရောင်းပေးရတယ်။ ကိုယ့်လယ်မှာ ဘာစိုက်မယ် ဆိုတဲ့ ဟာကို လယ်လုပ်သူက မဆုံးဖြတ်ရပဲ၊ စပါးတောင် မစိုက်ဖူးတဲ့ ရန်ကုန် နေ မဆလ စစ်အာဏာရှင်ပါတီဝင် တွေက နေ ဆုံးဖြတ်တယ်။ဒီအတွက် ပြည်တွင်းဖူလုံရေးသာ အဓိက မူနဲ့ အာဏာ ကိုသုံးပြီး လယ်သမား တွေကို ဖိနှိပ်ပြီး စပါးစျေး နဲအောင် သန်းချီတဲ့ လယ်သမားတွေ ဘဝ ကို ဖိနှိပ်ပြီး၊ ပြည်တွင်းစပါးစျေး နည်းအောင် လုပ်ခဲ့တယ်။ဒီမူဝါဒ ဟာ အာဏာရှင် စနစ်ရဲ့ အသုံးတော်ခံ ဖြစ်ခဲ့ပြီး၊ အမြစ် မပြတ်ခဲ့ဘူး။ အခုလို မျိုး အဘက်ဘက်ကနေ ပြိုကျတာကို လက်မခံ နိုင်တဲ့ စစ်ကောင်စီ ဟာ ဒီ နိုင်ငံရေးသီးနှံ ကိုသုံးပြီး ဖိနှိပ်ဖို့ကြိုးစားလာတာ အထင်အရှားပါပဲ။အရင်း အမြစ်က စစ်အာဏာရှင်စနစ်၊ ခရိုနီ စနစ် ဖြစ်လို့ အမြစ်ပြတ်အောင် ဖြတ်ရပါမယ်"လို့ဆိုပါတယ်။


လက်ရှိမှာစကစဟာဆန်စက် နဲ့ ဆန်ကုန်သည်၊ ဆန်ပွဲရုံ များကိုဖမ်းဆီးမှုတို့ရှိပြီးမကြာခင်မှာလည်တောင်သူလယ်သမား တွေကိုပါ အမိန့်ပေး ရန်ရှာ လာနိူင်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုပါတယ်။


========================


📌📌 ၅။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်မှတ်တမ်းတင်ခြင်း လုပ်ငန်းကို မဟာဗျူဟာတခုအနေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်


ဇွန်လ၂၆ရက်


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်မှတ်တမ်းတင်ခြင်း လုပ်ငန်းကို မဟာဗျူဟာတခုအနေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။


ဇွန်လ၂၆ရက်International Day in Support of Victims of Torture နေ့မှာလူ့အခွင့်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်မှတ်တမ်းတင်ခြင်း လုပ်ငန်းကို မဟာဗျူဟာတခုအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။  ကောက်ယူရရှိတဲ့ ဖြစ်စဉ်များထဲမှာ torture (ညှင်းပန်းနှိပ်စက်ခြင်း) နဲ့သက်ဆိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖြစ်စဉ်ပေါင်း(၂၇၅) စုဆောင်းရရှိထားတယ်လို့ဖော်ပြပါတယ်။


ညှင်းပန်းနှိပ်စက်ခြင်းဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဟာ စိတ်ပိုင်း၊ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင််ရာ ပြင်းထန်တဲ့ နာကျင်ထိခိုက်မှုခံစားရအောင် ရည်ရွယ်ချက်ရှိရှိနဲ့ တာဝန်ရှိသူတဦးဦးက ကျူးလွန်တာကို ဆိုလိုတာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်လျက်ရှိတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း မှာ ပိုမိုဆိုးရွားတဲ့ ကျုးလွန်ခြင်းတွေ ကျုးလွန်ခံနေရတာဖြစ်ပါတယ်။ 


ညှင်းပန်းနှိပ်စက်ခြင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုမျိုးစုံကို ခံစားခဲ့ရတဲ့ ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများက ကဏ္ဍအလိုက်စီမံဆောင်ရွက်နေပြီး နစ်နာသူတွေအား ကာကွယ်ပေးရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နောင်ချိုမြို့ကို TNLA  ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်


ဇွန်လ ၂၆ရက်။


စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ နောင်ချိုမြို့ကို တအာင်းတပ်မတော်-TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ မြို့ခံတွေနဲ့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

TNLA နဲ့ပူးပေါင်းအဖွဲ့တွေဟာ မနေ့ ဇွန်လ ၂၅ ရက်က နောင်ချိုမြို့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း အပါအဝင် ရုံးဌာနအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် ဒေသခံတွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

နောင်ချိုမြို့ပေါ်ကို ထိန်းနိုင်ထားနိုင်ပြီဖြစ်ပေမယ့် မခရ-၁၁၄ ခမရ-၁၁၅ နဲ့ မြို့တောင်ဘက်မှာရှိတဲ့ အမြောက်တပ်တို့ကို ဆက်လက်တိုက်ခိုက်နေဆဲလို့ သိရပါတယ်။ 

စကစဟာ နောင်ချိုကို လက်ရှိအချိန်ထိ ၈၅ ရာခိုင်နှုန်းလက်လွှတ်ထားရပြီဖြစ်ပါတယ်။ စကစရဲ့ ခမရ-၁၁၄ ၊၁၁၅ နဲ့ ဒုံးတပ် ရင်းကိုလည်း ဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်နေဆဲဖြစ်ပါတယ် လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဇွန်လ ၂၆ ရက် မနက် ၁ဝ နာရီခန့်မှာ ပြောပါတယ်။ 

တိုက်ပွဲအတွင်း အရပ်သားပြည်သူအချို့ ထိခိုက်မှုတွေရှိပြီး ကတ္တီပင်ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံ  တွေဆီက သိရပါတယ်။

နောင်ချိုမြို့ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းထားပြီဆိုပေမယ့် မြို့အစွန်မှာရှိနေဆဲ စစ်သားတွေက အဝေးကနေ လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနေပြီး ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါ တယ်။


========================


🚩🚩 ၂။ ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေပြီး TNLA ဘက်က တပ်မှူးများကိုယ်တိုင် ကွပ်ကဲ


ဇွန်လ ၂၆ရက်။


တအာင်းပြည် တပ်မဟာ- စစ်ဒေသ ကျောက်မဲမြို့မှာ ဒီနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က တိုက်ပွဲတွေဆက်ဖြစ်နေပြီး TNLA ဘက်က တပ်မှူးများကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်မဲမြို့မှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ်-၃၅၂ အမြောက်တပ်ရင်းနဲ့ စခန်းသာတို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း အသိပေးပါတယ်။

ဇွန်လ ၂၆ ရက် မနက်  နာရီ ၄၇ မိနစ်အချိန်မှာ ကျောက်မဲမြို့ စခန်းသာကုန်း၊  နာရီခွဲအချိန်မှာ အမြောက်ကုန်း တို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်မဲရဲစခန်းကို သိမ်းပြီးဖြစ်ပါတယ်။ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိထားပါတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဇွန်လ ၂၆ရက် မနက် ၁၀ နာရီခွဲခန့်မှာ အသိပေးပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့တစ်ခွင်မှာ TNLA တပ်မှူးတွေက 4 WD ကားတွေနဲ့ တိုက်ပွဲကို ကိုယ်တိုင်ကွပ်ကဲနေတယ်လို့လည်း သိရပါတယ်။  

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား ဇွန်လ ၂၅ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ မတ္တရာနယ် လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိတွေအပါအဝင် များစွာသေဆုံး 


ဇွန်လ ၂၆ရက်။


မန္တလေးတိုင်း မတ္တရာမြို့နယ် အင်ကြင်းမြိုင်ကျေးရွာမှာရှိတဲ့ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိတွေအပါအဝင် များစွာသေဆုံးသွားတယ်လို့   စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မနေ့ ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ မတ္တရာမြို့နယ်အရှေ့ဘက် ဆည်တော်ကြီးရေလှောင်တမံအနီးက အင်ကြင်းမြိုင် ကျေးရွာမှာရှိတဲ့ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက် ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။

လက်ရှိမှာ အဆိုပါ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ၎င်းတို့ရဲ့မိသားစုတွေ နဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ စစ်တပ်လက်အောက်ခံ သတင်းချန်နယ်တွေကလည်း ဖော်ပြထားတာရှိပါတယ်။ 

ဒီဖြစ်စဉ်မှာ အရာရှိ ၂ဦးသေဆုံးပြီး တပ်ရေးဗိုလ်ကြီးအပါအဝင် မှီခိုသူ မိသားစုတွေကို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပေမယ့် တပ်ရေးဗိုလ်ကြီးက ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ရှင်းလင်းခံလိုက်ရတယ်လို့ သိရပါတယ်။ 

ထူးခြားမှုအနေနဲ့ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ရင်းမှူး ပျောက်ဆုံးနေတာလို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

မနေ့ ဇွန်လ ၂၅ ရက် မနက် နာရီခန့်အချိန်ကစပြီး မတ္တရာအရှေ့ခြမ်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် မတ္တရာမြို့နယ်မှာရှိတဲ့ တော်လှန်ရေးတပ်တွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး တို့က အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ စစ်ကိုင်းခရိုင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကြားတစ်နေရာတွင် ပြည်သူလူထုထံ ဂိတ်ကြေးဆက်ကြေးကောက်နေသော စစ်ကောင်စီဂိတ်စခန်းအား  Fixed Wings Droneဖြင့် 1.5kg AIR BOMB ()လုံး ကြဲချတိုက်ခိုက်ခဲ့


ဇွန်လ၂၆ရက်


ဇွန်လ၊ ၂၄ ရက်နေ့ ညနေခင်း နာရီ၃၀မိနစ်အချိန်ခန့်မှ ၃နာရီ၃၀မိနစ်အချိန်ခန့် အထိ စစ်ကိုင်းခရိုင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကြားတစ်နေရာတွင် ပြည်သူလူထုထံ ဂိတ်ကြေးဆက်ကြေးကောက်နေသော စစ်ကောင်စီဂိတ်စခန်းအား ညီနောင်မဟာမိတ်များမှ "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneဖြင့် 1.5kg AIR BOMB ()လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


အလားတူဇွန်လ၊ ၂၄ ရက်နေ့ ညနေ ၃နာရီမိနစ်၃၀ကျော်အချိန်ခန့်တွင် မြင်းမူမြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်သားများ အခြေချနေထိုင်လျက်ရှိသော ကြားနေရာအား ညီနောင်မဟာမိတ်များမှ "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneဖြင့် 1.5kg AIR BOMB ()လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။


 တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ ()ဦး ပွဲချင်းပြီးသေဆုံးကာ ()ဦးထိခိုက်ဒဏ်ရာ အပြင်းထန် ရရှိသွားခဲ့ပါတယ်။


တိုက်ခိုက်မှုများတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော 

- Sagaing District Drone Force-SDDF

- စစ်ကိုင်းခရိုင် အမှတ်()တပ်ရင်း

- မြင်းခြံခရိုင် အမှတ်()တပ်ရင်း

- မြင်းမူ ပကဖ

- Urban Hunter Force - UHF

- လျှပ်တပြက် စွန်ညို

- Meikhtila Special defence Force 

- Black Eagle တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရေးမြို့ပေါ်ပထမဦးဆုံးမြို့မရဲစခန်း ဒုတပ်ကြပ်ရဲတဦးရေးဘီလူးတပ်ဖွဲ့ထံလာရောက်အလင်းဝင်၍ဆုကြေးငွေသိန်းသုံးဆယ်ချီးမြှင့်ပေးအပ်


ဇွန်လ၂၆ရက်


မွန်ပြည်နယ်ရေးမြို့ပေါ်. မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ်.အမည်.ရဲထက်ပိုင်သည်မိမိကိုင်ဆောင်သည့်.AK 47 . တလက်7.62.ကျည်60.ကျည်ဘောက်. ၂ခုစသည့်လက်နက်ခဲယမ်းနဲ့လာရောက်အလင်းဝင်တယ်လို့ဇွန်လ၂၆ရက် ရေးဘီလူးအဖွဲ့ကတရားဝင်အသိပေးဆိုထားပါတယ်။


အလင်းဝင်လာသောရဲဒုတပ်ကြပ်အားသိန်းသုံးဆယ်ကျပ်ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


========================


🚩🚩 ၆။ Woman Peace and Security Contraceptive & Health Environmental  အလုပ်ရုံဆွေးနွေးပွဲABSDF အမှတ် စစ်ကြောင်း မှ ကျင်းပ


ဇွန်လ၂၆ရက်


ABSDF အမှတ် စစ်ကြောင်း မှ ကျင်းပပြုလုပ်သည့် Woman Peace and Security  Contraceptive & Health Environmental  အလုပ်ရုံဆွေးနွေးပွဲကို ယောဒေသမှာ ဇွန်လ ၂၂ ရက်နေ့မှ ဇွန် ၂၄ ရက်နေ့အထိ  ကျင်းပခဲ့ပါတယ်။


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၃၂၅ အရ စစ်ပွဲကာလများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့်စော်ကားမှုများဆွေးနွေးခြင်းအပြင် ကျန်းမာရေးအရ သားဆက်ခြား ကိစ္စရပ်များ ဆွေးနွေးခြင်း နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အဓိက ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်တယ်လို့ဖော်ပြပါတယ်။အဆိုပါသင်တန်းကို ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ဒေသခံများနှင့် စစ်ရှောင်ပြည်သူများတက်ရောက်ခဲ့ကြခြင်း ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment