26th JUN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တိုင်ကြားခံရသူ(အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်)အား တာဝန်မှယာယီရပ်ဆိုင်းထားပြီး ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်

📌 ၂။ Congressional Burma Caucus နဲ့အတူ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အမေရိကန်အစိုးရရဲ့ပေါ်လစီနဲ့ပတ်သက်ပြီး အကြံပြုတင်ပြမယ်"လို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအသိပေးဆို

📌 ၃။ စစ်အုပ်စုဟာ အသိဉာဏ် နုံနဲ့တဲ့သူတွေဖြစ်ပြီး ၄င်းတို့ကြီးစိုးနေသမျှ တိုင်းပြည်ပိုဆိုးလာမှာပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား

📌 ၄။ စစ်ကောင်စီနှင့် စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်များမှ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ ဂိုဒေါင်များနှင့် လူနေအိမ်တချို့အား မီးရှို့ဖျက်ဆီး၊ WFP ဂိုထောင် ဖောက်ထွင်းလုယက် မီးရှို့ခံခဲ့ရတဲ့အပေါ် WFPမှ ပြင်းထန်စွာ ရှုတ်ချ

📌 ၅။ စစ်တွေမြို့မှာ ငတ်ပြတ်မှုကြောင့် ရပ်ကွက်များတွင် လှည့်လည်ကာ တောင်းရမ်းစားသောက်သူများပြားလာ

📌 ၆။ ပုလဲမြို့နယ်အတွင်း စကစမှ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ကြရသော ပြည်သူများနှင့် ရဲဘော်များအတွက် ထောက်ပံငွေပေးအပ်

📌 ၇။ Apple ဖုန်းများပါ SDB mobile appကို စတင် ဒေါင်းလုတ် ရယူနိုင်


၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရှမ်းမြောက်၊ ရခိုင်နဲ့ မြေပြန့် ထိုးစစ်()ခုပေါင်းသွားပါက စစ်တပ်အနေနဲ့ အင်အားချိနဲ့မှု၊ ချေမှုန်းခံရမှု ပိုမိုများပြားလာမှာဖြစ်တယ်လို့ဆို

🚩 ၂။ နောင်ချို၊ ကျောက်မဲက စစ်ကောင်စီ တပ်စခန်းတွေနဲ့ မတ္တရာ လေကြောင်းရန် တပ်တို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်

🚩 ၃။ မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွား

🚩 ၄။ ပခုက္ကူ၊ ရှင်မကန် ပျူရွာအခြေစိုက် ပျူစောထီး စစ်စခန်းကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ရာ ရှင်မကန် ပျူစောထီး ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်များက ရန်သူ့သေနတ် ၆လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိ

🚩 ၅။ မြိုင်၊ ကိုင်းတောမ ရေစက်စောင့် စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

🚩 ၆။ မြင်းခြံခရိုင်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ ၁၂ ကြိမ်အထက် ဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိကာ ၄၀ နှင့်အထက် သေဆုံးခဲ့

🚩 ၇။ ဘောလုံးကစားရာကနေ ပြန်လာတဲ့ လူငယ် ဦး မိုင်းနင်းမိလို့  ဦး ပွဲချင်းပြီးသေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုင်ကြားခံရသူ(အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်)အား တာဝန်မှယာယီရပ်ဆိုင်းထားပြီး ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်


ဇွန်လ ၂၅ ရက်။

တိုင်ကြားခံရသူ (အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်)အား တာဝန်မှယာယီရပ်ဆိုင်းထားပြီး ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံကိုယ်စားလှယ်အပေါ် တိုင်ကြားချက်နှင့်ပတ်သက်၍ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာမူဝါဒ (PSHEA)အကော်အထည်ဖေါ်ရေးကော်မတီက ဇွန်လ၂၅ရက်သတင်းထုတ်ပြန်ဖော်ပြပါတယ်။


ထုတ်ပြန်ချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဇွန်လ၂၄ရက်တွင် ဖွဲ့စည်းပြီးဖြစ်ကာ စုံစမ်းစစ်ဆေးရေးအစီအစဥ်အား ဆက်လက် အကောင်အထည်ဖော်ဆောင်နေတယ်လို့ဖော်ပြပါတယ်။ဌာနတွင်း ကြားနာစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလအတွင်း တိုင်ကြားခံရသူ (အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်)အား တာဝန်မှယာယီရပ်ဆိုင်းထားပြီး ဖြစ်တယ်လို့ ဇွန်လ၂၅ရက်မှာဖော်ပြပါတယ်။

 

ယခုအခါ အဆိုပါဌာနတွင်း စစ်ဆေးကြားနာမှုအစီရင်ခံစာနှင့် ဆက်စပ်စာရွက်စာတမ်းများကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကြောင်းနှင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြာင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၂။ Congressional Burma Caucus နဲ့အတူ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အမေရိကန်အစိုးရရဲ့ပေါ်လစီနဲ့ပတ်သက်ပြီး အကြံပြုတင်ပြမယ်"လို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအသိပေးဆို


ဇွန်လ၂၅ရက်။

Congressional Burma Caucus နဲ့အတူ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် အမေရိကန်အစိုးရရဲ့ပေါ်လစီနဲ့ ပတ်သက်ပြီး အကြံပြုတင်ပြမယ်"လို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအသိပေးဆိုပါတယ်။


ဇွန်လ၂၅ရက်မှာ ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။


"မြန်မာ့အရေးကို တစိုက်မတ်မတ်လုပ်ဆောင်ဖို့ ဖွဲ့စည်းထားတဲ့ အမေရိကန်ကွန်ကရက် ပါတီစုံအမတ်တွေပါဝင်သော Congressional Burma Caucus နဲ့အတူ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် အမှန်တကယ်ထိရောက်အကျိုးရှိစေမယ့် အမေရိကန်အစိုးရရဲ့ပေါ်လစီနဲ့ပတ်သက်ပြီး အကြံပြုတင်ပြပါ့မယ်"လို့ဝန်ကြီးကဆိုပါတယ်။


အဆိုပါ Congressional Burma Caucusကို ဇွန်လ၂၇ရက် မွန်းလွဲပိုင်းမှာကြားနာသွားမှာဖြစ်ပါတယ်။


လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းဟာ အမေရိကန်ပြည်ထောင်စုကို အလုပ်သဘောခရီးစဥ်အဖြစ်ဇွန်လအတွင်းရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်အုပ်စုဟာ အသိဉာဏ် နုံနဲ့တဲ့သူတွေဖြစ်ပြီး ၄င်းတို့ကြီးစိုးနေသမျှ တိုင်းပြည်ပိုဆိုးလာမှာပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား


ဇွန်လ၂၅ရက်။

စစ်အုပ်စုဟာ အသိဉာဏ် နုံနဲ့တဲ့သူတွေဖြစ်ပြီး ၄င်းတို့ကြီးစိုးနေသမျှ တိုင်းပြည်ပိုဆိုးလာမှာပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြားလိုက်ပါတယ်။


ဇွန်လ၂၅ရက် ဆိုရှယ်မီဒီယာမှာ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကပြောပါတယ်။


"အသိဉာဏ် နုံနဲ့တဲ့သူတွေ ကြီးစိုးနေသမျှ တနေ့တခြား ပိုဆိုးလာမှာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကသာ လွန်ခဲ့တဲ့ နှစ်က ဘဝမျိုးမျှော်လင့်ချက်မျိုး ပြန်ယူလို့ရနိုင်မှာ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


စစ်တပ်ကအာဏာ မသိမ်းမီ လျှပ်စစ် မီဂါဝတ် ၄၀၀၀ နီးပါး ရှိခဲ့ပြီး၊ အာဏာသိမ်းကာလ နောက်ပိုင်းမှာ ၂၄၀၀ မီဂါဝတ်အထိ ကျဆင်းသွားကာ ရာခိုင်နှုန်းအားဖြင့် အနှုတ် ၄၀ ရာခိုင်နှုန်းဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီနှင့် စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်များမှ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ ဂိုဒေါင်များနှင့် လူနေအိမ်တချို့အား မီးရှို့ဖျက်ဆီး၊ WFP ဂိုထောင် ဖောက်ထွင်းလုယက် မီးရှို့ခံခဲ့ရတဲ့အပေါ် WFPမှ ပြင်းထန်စွာ ရှုတ်ချ


ဇွန်လ ၂၅။ 

Radio NUG

ဇွန်လ(၂၁)ရက်နေ့၊ ညနေ()နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် အကြမ်းဖက်သင်တန်း ပေးထားသော လက်နက်ကိုင်မူဆလင်များ ပူးပေါင်းပြီး မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် လူနေအိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့သည့် ရုပ်သံအား အာရက္ခတပ်တော် AAမှ သတင်းထုတ်ပြန်ပါတယ်။


မီးရှို့ဖျက်ဆီးပြီး ၎င်းဂိုဒေါင်များမှ ဘိလပ်မြေဟု ယူဆရသော အထုပ်များကို ယူကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေကြကြောင်း ထုတ်ပြန်ထားပါတယ်။


ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ သိုလှောင်ရုံ ဖောက်ထွင်းလုယက် မီးရှို့ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ပဋိပက္ခမှာ ပါဝင် ပတ်သက်သူအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ WFP က သတင်းထုတ်ပြန်ပါတယ်။


မောင်တောမြို့ရှိ WFPရဲ့ စားနပ်ရိက္ခာသိုလှောင်ရုံဟာ ပြီးတဲ့ စနေနေ့ ဇွန်၂၂ ရက်က ဖောက်ထွင်းလုယက် မီးရှို့ဖျက်ဆီးခံရတာဖြစ်ကာ လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာ ဖူလုံစေမယ့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာ စုစုပေါင်း ,၁၇၅ မက်ထရစ်တန် သိုလှောင်ထားတာဖြစ်ပြီး အဆိုပါ သိုလှောင်ရုံကို WFP ဝန်ထမ်းတွေအနေနဲ့ မေလနှောင်းပိုင်းကစပြီး သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။


ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ တောင်းဆိုလိုက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းနဲ့ အဆောက်အဦတွေကို လေးစား ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး အကူအညီအရေးတကြီး လိုအပ်နေတဲ့သူတွေဆီကို အရေးပေါ် ကယ်ဆယ်ရေးအကူအညီတွေကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားလာပေးအပ်နိုင်ဖို့ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။


ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ဟာ မြန်မာနိုင်ငံအနှံ့ရှိ ပဋိပက္ခဒဏ်ခံစားနေရသူတွေကို အရေးပေါ် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာတွေကို ကူညီထောက်ပံ့နေတာဖြစ်ပြီး လူဦးရေ သန်းနီးပါးကို ကူညီထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


========================


📌📌 ၅။ စစ်တွေမြို့မှာ ငတ်ပြတ်မှုကြောင့် ရပ်ကွက်များတွင် လှည့်လည်ကာ တောင်းရမ်းစားသောက်သူများပြားလာ


ဇွန်လ ၂၅ရက်။

Radio NUG

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် စကစ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၄ ပြည်ဝင်ကို ဆန်အိတ်ပေါင်း ၃၉၈၉၈ အိတ်၊ ရခိုင်ပြည်နယ် အစိုးရက မှာယူထားသည့် လောင်စာတောင့်များနှင့် ကယ်ဆယ်ရေး ပစ္စည်းများ အပါအဝင် စုစုပေါင်း ၂၀၃၈ ဒသမ ၄၄ တန်ကို ဇွန် ၁၇ ရက်နေ့က စစ်တွေသို့ ပို့ဆောင်ပေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သော်လည်း လက်တွေ့တွင် ပြည်သူများ အထောက်အပံ့မရ၍ ငတ်ပြတ်သူများလာပြီး ရပ်ကွက်များတွင် လှည့်လည် တောင်းရမ်းစားသောက်သူများလာကြောင်း နိရဉ္စရာသတင်းဌာနက ဖော်ပြလာပါတယ်။


မည်သည့်ရွာက လာမှန်းမသိဘဲ ဆန်တစ်ဘူး၊ ဘူးတစ်ဝက်ခန့် တောင်းခံကြပြီး အချို့မှာ ကလေးတွေပါလာတယ်လို့ သိရပါတယ်။


စစ်တွေမြို့က နိုင်ငံရေးသမားတစ်ဦးကတော့ စစ်ကောင်စီက မြန်မာပြည်သူတွေကို ဝါဒဖြန့်လိမ်လည်တဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ဆိုထားပါတယ်။


စစ်တွေမြို့ပေါ်မှ ပြည်သူအများစုမှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ စစ်တွေမြို့ကို စွန့်ခွာသွားခဲ့ကြပြီး မြို့မစျေးကြီးမှ စျေးဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ ရပ်ကွက်စျေးဆိုင်များ၊ ပုဂ္ဂလိကရုံးများလည်း ပိတ်ထားကြကာ စီးပွားရေးယန္တရားတစ်ခုလုံး ပျက်စီးနေကြောင်း ဖော်ပြထားပါတယ်။


ဒေသခံတချို့မှာ စားဝတ်နေရေး အကျပ်အတည်းများကြောင့် လူမနေသည့်နေအိမ်များ ဖြိုကာ ထင်းဆစ်ပြီး ရောင်းစားခြင်းများ၊ သစ်ပင်ခုတ်ရောင်းခြင်းများနှင့် ခိုးယူစားသောက် မိသားစုကို ကျွေးမွေးကြတယ်လို့ သိရပါတယ်။


ပြည်သူများကို စစ်တွေမြို့မှ တစ်ခြားမြို့နယ်များသို့ စစ်ရှောင်ခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။


========================


📌📌 ၆။ ပုလဲမြို့နယ်အတွင်း စကစမှ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ကြရသော ပြည်သူများနှင့် ရဲဘော်များအတွက် ထောက်ပံငွေပေးအပ်


ဇွန်လ ၂၅ရက်။ 

Radio NUG

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာ တာဝန်ခံမှ ပုလဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ မတရားဖမ်းဆီး သတ်ဖြတ်ခံခဲ့ကြရသော သေဆုံးပြည်သူ၊ ဒဏ်ရာရပြည်သူများနှင့် တိုက်ပွဲများကြောင့် ကျဆုံး၊ ဒဏ်ရာရ ရဲဘော်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့သော ကျဆုံး၊ ဒဏ်ရာရ ၄၀ဦးစာ ထောက်ပံ့ငွေများကို ကျန်ရစ်သူမိသားစုများ၊ ကာယကံရှင်မိသားစုများအား တွေ့ဆုံပြီး အားပေးစကားများ ပြောကြားကာ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ Apple ဖုန်းများပါ SDB mobile appကို စတင် ဒေါင်းလုတ် ရယူနိုင်


ဇွန်လ၂၅ရက်။

Apple ဖုန်းများပါ SDB mobile appကို စတင် ဒေါင်းလုတ် ရယူနိုင်တယ်လို့ဆိုပါတယ်။


ဇွန်လ၂၅ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်ကအသိပေးဖော်ပြပါတယ်။


"နွေဦးဘဏ်အနေနဲ့ မြန်မာနိုင်ငံအနှံ့ တကျော့ပြန် လှိုင်းတွေနဲ့အတူ ပြည်သူ့ဘက်တော်သားတွေအတွက် မျှော်ရည်ရာ ပန်းတိုင်တွေနဲ့ အရေးတကြီး လိုအပ်တဲ့နေရာတွေကို ရန်ပုံငွေ ရှာဖွေ ဖြည့်တင်းရေး၊ ဝေမျှဖြန့်ချိရေး ကဏ္ဍတွေမှာ အစဥ်တစိုက် အားဖြည့် ပါဝင်လျက်ရှိနေပါတယ်။ အခုအခါ SDB mobile app တောင့်တနေတဲ့ ပန်းသီးပိုင်ရှင်တို့လည်း AppStore မှာ “Spring Development Bank” စတင် ဒေါင်းလုတ် ရယူနိုင်ပါပြီ"လို့ဖော်ပြပါတယ်။


iOS 13 နှင့်အထက် device များမှာ အသုံးပြုနိုင်ပြီမို့ ကြယ် ရီဗျူးလေးတွေပေးဖို့လည်း နှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရှမ်းမြောက်၊ ရခိုင်နဲ့ မြေပြန့် ထိုးစစ်()ခုပေါင်းသွားပါက စစ်တပ်အနေနဲ့ အင်အားချိနဲ့မှု၊ ချေမှုန်းခံရမှု ပိုမိုများပြားလာမှာဖြစ်တယ်လို့ဆို


ဇွန်လ၂၅ရက်။

ရှမ်းမြောက်၊ ရခိုင်နဲ့ မြေပြန့် ထိုးစစ်()ခု ပေါင်းသွားပါက စစ်တပ်အနေနဲ့ အင်အားချိနဲ့မှု၊ ချေမှုန်းခံရမှု ပိုမိုများပြားလာမှာ ဖြစ်တယ်လို့ဆိုပါတယ်။


ဇွန်လ၂၅ရက်မှာ စစ်ရေးသုံးသပ်ချက်ကို PDFInsightကဖော်ပြပါတယ်။


"ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ စဉ့်ကူး ဒေသတွေမှာ အကြမ်းဖက် စစ်တပ်နဲ့ ညီနောင် မဟာမိတ်အဖွဲ့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာပြီး ရှမ်းမြောက် ဒုတိယလှိုင်း တိုက်ခိုက်မှုများ ပေါ်ထွက်လာပြီလို့ ပြောနိုင်ပါတယ်။ ရှမ်းမြောက်၊ ရခိုင်နဲ့ မြေပြန့် ထိုးစစ်()ခု ပေါင်းသွားမယ်ဆိုရင် စစ်တပ်အနေနဲ့ လေကြောင်း ပစ်ကူ၊ စစ်ကူ ပေးဖို့၊ တန်ပြန်ဖို့ အလွန်အမင်း ကန့်သတ်ခံရမှာ ဖြစ်ပြီး အင်အားချိနဲ့မှု၊ ချေမှုန်းခံရမှု ပိုမိုများပြားလာမှာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


လက်ရှိ တိုက်ပွဲတွေဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးမြို့ အောက်ဘက် ကျောက်မဲနားမှာ ဖြစ်နေသလို လားရှိုးမြို့အနီးမှာလည်း ကိုးကန့်တပ်နဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။


========================


🚩🚩 ၂။ နောင်ချို၊ ကျောက်မဲက စစ်ကောင်စီ တပ်စခန်းတွေနဲ့ မတ္တရာ လေကြောင်းရန် တပ်တို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်


ဇွန်လ ၂၅ ရက်။ 

Radio NUG

နောင်ချိုနဲ့ ကျောက်မဲမြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းတချို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရွှေဖီမြေ သတင်းဌာနမှာ ဖော်ပြပါတယ်။


ဇွန်လ ၂၅ ရက် မနက်အစောပိုင်းမှာ နောင်ချိုနဲ့ ကျောက်မဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တချို့က စတင်တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းမှာ နောင်ချို ရဲစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ မိုးဇလရုံးနဲ့ မီးသတ်ရုံးတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


အလားတူ ကျောက်မဲမြို့ အနီးက စစ်ကောင်စီ တပ်စွဲထားတဲ့ ငြိမ်းချမ်းရေးကုန်းကိုလည်း ညနေ နာရီ မိနစ် ၂၀ မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ပွဲတွေအတွင်း တအောင်းတပ်မတော် (TNLA)နဲ့အတူ မန္တလေး PDF ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA)နဲ့ မိုးကုတ်ဗျူဟာ တို့လည်း ပါဝင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း တပ်စခန်းတွေ လက်မလွတ်ရဖို့ လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။


ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့ အရှေ့ပိုင်းက အမှတ်(၁၀၁၄)လေကြောင်းရန် ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ဇွန်လ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ အဆိုပါ လေကြောင်းရန် ကာကွယ်ရေးတပ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်း တချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ရွှေဖီမြေက ဖော်ပြပါတယ်။


မတ္တရာမြို့ဟာ မန္တလေးနဲ့ မိုင် ၂၀ ခန့်သာကွာဝေးပြီး မိုးကုတ်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေဘက် သွားရာ လမ်းမကြီးပေါ်မှာရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွား


ဇွန်လ ၂၅ရက်။ 

Radio NUG

ဇွန်လ ၂၅ ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ်မှာ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော်KIA ပူးပေါင်းတပ်တွေက ကြားဖြတ်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ Kachin News Groupမှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ မေလကတည်းကနေKIA ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီဘက်ကနေ စစ်ရေးလှုပ်ရှားလာလို့မရအောင် ဗန်းမော်မြို့နဲ့ မံစီကြားမှာရှိတဲ့ မိုင်ကုန်းနေရာမှာ ဖြတ်တောက်ထားတာ တစ်လ ဝန်းကျင်လောက် ကြာမြင့်လာပြီဖြစ်တာကြောင့် စစ်ရိက္ခာပြတ်လပ်လာပြီး ဇွန်လ ၂၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရိက္ခာလာယူတဲ့ မိုးမောက်မြို့တွင်းတပ် ခမရ ၄၃၇ တပ်ရင်းက စစ်ကောင်စီတပ်သား ၁၀ ဦးက အရပ်ဝတ်များနဲ့ သေနတ်ကိုင်ဆောင်ကာ မိုးမောက် မန်ဘုံရပ်ကွက်ဘက်ထွက်လာခဲ့ရာKIA တပ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။


ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ဗန်းမော်ဘက်ကနေ ကောင်ဂျာယန်နဲ့ မံစီဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တာလာတကြောင့် ဇွန်လ ၂၅ မနက်ပိုင်း နာရီလောက်ကနေ နေ့လယ်ပိုင်း နာရီဝန်းကျင်အထိ ကောင့်ဂျာယန်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။


ကောင့်ဂျာယန်မှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်ကနေလည်း လေကြောင်းနဲ့ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။


ပြီးခဲ့တဲ့ ၁၀ ရက်ကျော်အတွင်းမှာလည်း စစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက တင့်ကား စီးနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ မံစီ၊ မိုးမောက်ဘက်ကို တက်လာခဲ့ရာမှာ ကောင့်ဂျာယန်ကျေးရွာမရောက်မှီ လမ်းခုလပ်တစ်နေရာမှာKIAတပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် တင့်ကားတစ်စီး ထိခိုက်ပျက်စီးသွားတာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူ၊ ရှင်မကန် ပျူရွာအခြေစိုက် ပျူစောထီး စစ်စခန်းကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ရာ ရှင်မကန် ပျူစောထီး ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်များက ရန်သူ့သေနတ် ၆လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိ


ဇွန်လ၂၅ရက်။

ပခုက္ကူ၊ ရှင်မကန် ပျူရွာအခြေစိုက် ပျူစောထီး စစ်စခန်းကို အဓိကဦးတည်တိုက်ခိုက်ခဲ့ရာ ရှင်မကန် ပျူစောထီး ၁၀ ဦး ဝန်းကျင်သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်များက ရန်သူ့သေနတ် ၆လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့ပါတယ်။


မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအုပ်စု ရှင်မကန်ပျူစောထီးရွာကိုလက်နက်ကိုင်တော်လှန်ရေးတပ်များ ပူးပေါင်းပြီး ဇွန်လ ၂၅ ရက်နေ့ နံနက် ၅နာရီ မိနစ်၂၀ အချိန်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ 

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA)ကအတည်ပြုဆိုထားပါတယ်။

 

ရှင်မကန် ပျူရွာအခြေစိုက် ပျူစောထီး စစ်စခန်းကို အဓိကဦးတည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှင်မကန် ပျူစောထီး ၁၀ ဦး ဝန်းကျင်သေဆုံးခဲ့ကာ ရန်သူကိုမိနစ်၅၀ကြာ တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။

 

ထိုတိုက်ပွဲတွင် ရန်သူထံမှ ကာဘိုင်အမျိုးအစား သေနတ် လက် ဘီအေ(63)အမျိုးအစား သေနတ် လက် လက်လုပ်သေနတ် လက် ကာဘိုင်သေနတ်ပြောင်း ပြောင်း လက်ပစ်ဗုံး လုံး လမ်းလျှောက်စကားပြောစက် လုံး ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့်၊ ရန်သူ့ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရရှိခဲ့ပြီး ရန်သူ့သုံ့ပန်း ဦး အား ဖမ်းဆီး ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။

 

ထိုသို့ ရန်သူ့အထိုင် ပျူရွာစစ်စခန်းကို ရွံ့ရွံ့ချွံချွံ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာမှာ မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုမှာ ပါဝင်တဲ့ ဧရာဒေါင်းတပ်ဖွဲ့က ရဲဘော် ဟီးရိုးလည်း အသက်ပေးကာ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရပါတယ်။

 

အဆိုပါ ဝင်ရောက်တိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF) ABSDF အမှတ် စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDFKing Fighter (SGF) BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်) PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့) Pauk ပကဖ Drone Team7 star (မြိုင် ပကဖ) ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။


========================


🚩🚩 ၅။ မြိုင်၊ ကိုင်းတောမ ရေစက်စောင့် စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်


ဇွန်လ ၂၅ ရက်။ 

Radio NUG

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရေစက်စောင့် စစ်ကောင်စီ ကင်းတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး စစ်သား ဦး ထိခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၄ ရက်၊ ညနေ နာရီခွဲခန့် အဆိုပါ ကိုင်းတောမ ရေစက်စောင့် ကင်းစခန်းမှ စစ်သားများ ခြင်းခတ်နေတဲ့အချိန်မှာ ဒရုန်းဖြင့် ဗုံးသီး လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရင်း ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာတစ်ဦး သေဆုံးခဲ့တယ်လို့ သိရှိရကြောင်း ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပူးပေါင်းမဟာမိတ်များဖြစ်ကြတဲ့ မြိုင် .က. တပ်ရင်း () ဘာမထီ ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း () တပ်ရင်း () MUGDF ဇော်မိုင် BRAF နဲ့ ဝံပုလွေ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မြင်းခြံခရိုင်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ ၁၂ ကြိမ်အထက် ဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိကာ ၄၀ နှင့်အထက် သေဆုံးခဲ့


ဇွန်လ ၂၅ ရက်။

Radio NUG

ဇွန်လ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ မြင်းခြံခရိုင်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲ ၁၂ ကြိမ်အထက် ဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ်()တပ်ရင်း (Natogyi People Defence Force)က သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူ အဆင့်ရှိသူ ဦး အပါအဝင် စစ်သုံ့ပန်း ဦး ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်မှူးအဆင့်ရှိသူ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ ဦးအထက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ၎င်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ထံမှ RPG 7 လက်၊ ငါးကြင်းမြှီး စက်လက် လက်၊ ၄၅ စိန်ပြောင်း လက်၊ MA 1 လက်၊ MA 2 လက်၊ MA 3 လက်၊ G 3 လက်၊ Uzi လက်၊ MA 5 ပစ်စတို လက်၊ ကျည်မျိုးစုံ ,၀၀၀ ကျော်နဲ့ အခြားသော ခဲယမ်းပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ပွဲများကို မြင်းခြံခရိုင် အမှတ်() တပ်ရင်းနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး MDY-PDF မြင်းခြံမြို့နယ် .က. နွားထိုးကြီးမြို့နယ် .က. တံတားဦးမြို့နယ် .က. မြင်းခြံခရိုင် Drone တပ်ဖွဲ့ နဲ့အတူ အခြားသော မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ ဘောလုံးကစားရာကနေ ပြန်လာတဲ့ လူငယ် ဦး မိုင်းနင်းမိလို့  ဦး ပွဲချင်းပြီးသေ


ဇွန်လ ၂၅။ 

Radio NUG

ဇွန်လ ၂၄ ရက်နေ့ ညနေ နာရီခန့်တွင် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေရွာနေ လူငယ် ဦး ဘောလုံးကစားပြီးအပြန် ဘုရားကုန်းရွာမြောက်ဘက် တံတားပေါ်မှာ မြေမြုပ်မိုင်းနင်းမိပြီးနောက် ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေသတင်းမှာ ဖော်ပြထားပါတယ်။


ဇွန်လ ၂၄ရက် မနက်ပိုင်းက ရှမ်း ဖွဲ့  လွယ်တင်ရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး တစ်ဖွဲ့က တံတားတောင်ဘက်ကို ဆုတ်သွားတယ်လို့ သိရပါတယ်။


သေဆုံးသူ ဦးဟာ အသက် ၁၇ နှစ်အရွယ်နဲ့ အသက် ၁၉ နှစ်အရွယ်တို့ ဖြစ်ပြီး ထိခိုက်သူ ဦးလုံးက ပအိုဝ်းတိုင်းရင်းသားတွေလို့ သိရပါတယ်။


ဒဏ်ရာရတဲ့ ယောက်လုံးက အသက်အန္တရာယ်တော့ မစိုးရိမ်ရပေမယ့် ဒဏ်ရာကပြင်းထန်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment