27th JUN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက်အောင်ပွဲက နီးလာပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို

📌 ၂။ အကြမ်းဖက်စစ်တပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို လုံးဝလေးစားလိုက်နာခြင်းမရှိ

📌 ၃။ စစ်ကောင်စီဟာ ကာလ ပါးမှာ ဘယ်သောအခါမှ ယုံလို့ရတဲ့သူတွေ မဟုတ်ဘူးလို့ ဦးမင်းကိုနိူင်ဆို

📌 ၄။ နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ အကျဉ်းထောင်များအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ စုစုပေါင်း(၁၉)ဦး ရှိပြီး (၁၃)ဦးမှာ လုံလောက်သော ဆေးကုသခွင့် မရရှိသဖြင့် အများဆုံး သေဆုံးခဲ့ရ

📌 ၅။ လွယ်ဂျယ်မြို့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒပြပွဲ ပြုလုပ်


၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တပ်ဟာ လူတစ်စုကိုအကာအကွယ်ပေးရတဲ့ ကြေးစားတပ်သာဖြစ်တယ်လို့ဆို

🚩 ၂။ (၄၈)ကြိမ်မြောက် ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားကို PRA Magway နောက်တန်း ဌာနချုပ်တွင် ကျင်းပခဲ့

🚩 ၃။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()မှ စစ်ကောင်စီ တပ်စခန်း (၂၄)ခု၊ စစ်သုံ့ပန်း(၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

🚩 ၄။ ကျောက်တံခါးတွင် စစ်ကောင်စီ ကင်းစခန်းများအား KNLA/PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်

🚩 ၅။ စစ်ကိုင်း ရဲလေ့ကျင့်ရေးကျောင်းထဲ ဗုံး ၂၉လုံး ကြဲ

🚩 ၆။ ဆီဆိုင်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးတောင်းခြင်းများ ပြုလုပ်နေ

🚩 ၇။ ဆိုင်းတောင်မှာလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး တစ်ဦးသေဆုံး

🚩 ၈။ ကျောက်မဲမှာ လက်နက်ကြီးကြောင့် လင်မယား ဦး ပွဲချင်းပြီး သေဆုံးပြီး ကလေး ဦးအပါအဝင် မိသားစုဝင် ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက်အောင်ပွဲက နီးလာပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို


ဇွန်လ၂၆ရက်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် နီးလာပြီလို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက ဆိုထားပါတယ်။


ဇွန်လ၂၆ရက် ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာကဆိုထားပါတယ်။


"အမေရဲ့အသံကို ကြားရတယ် ငြိမ်းချမ်းရေးအတွက် အမေရဲ့ကတိကဝတ်တွေ၊ လွတ်လပ်မှုအတွက် အမေရဲ့သန္နိဋ္ဌာန်နဲ့ အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် အမေရဲ့မျှော်လင့်ချက်တွေရဲ့ အောင်ပွဲက နီးလာပြီ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့စစ်ရေးအရလည်း ပူးပေါင်းလျက်ရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို လုံးဝလေးစားလိုက်နာခြင်းမရှိ


ဇွန်လ ၂၆ရက်။

အကြမ်းဖက်စစ်တပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို လုံးဝလေးစား လိုက်နာခြင်းမရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၏ လူသားချင်းစာနာ ထောက်ထားမှုရေးရာအပိုင်း (ECOSOC Humanitarian Affairs Segment)ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ (၂၇)ရက်နေ့အထိ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပရာ သံအမတ်ကြီးကပြောပါတယ်။


"လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အားကောင်းအောင် ဆောင်ရွက်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေသများကို လေးစားလိုက်နာခြင်း-အကြမ်းဖက်စစ်တပ်သည် ထောက်ပံ့ကူညီမှုများကို လက်နက်သဖွယ်အသုံးချခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းနှင့် အကူအညီပေးရေးလုပ်သားများကို ပစ်မှတ်ထား အကြမ်းဖက်ခြင်းတို့ကို ပြုလုပ်နေသောကြောင့် ၎င်းတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို လုံးဝလေးစား လိုက်နာခြင်းမရှိသည်မှာ ထင်ရှားပါကြောင်း၊ လူသားချင်းစာနာမှုကို ပထမဦးစားပေးသည့်အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသည်  စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေများကို နှောင့်နှေးခြင်းမရှိ လေးစား လိုက်နာစေရန်  ထိရောက်သောအရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


အရေးအကြီးဆုံးအချက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ဆက်နွယ်သော ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် ပြည်သူများ၊ အထူးသဖြင့် ထိခိုက်နစ်နာသူများ ပါဝင်သင့်ကြောင်း သံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီဟာ ကာလ ပါးမှာ ဘယ်သောအခါမှ ယုံလို့ရတဲ့သူတွေ မဟုတ်ဘူးလို့ ဦးမင်းကိုနိူင်ဆို


ဇွန်လ ၂၆ရက်။

စစ်ကောင်စီဟာ ကာလ ပါးမှာ ဘယ်သောအခါမှ ယုံလို့ရတဲ့သူတွေ မဟုတ်ဘူးလို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်ကဆိုပါတယ်။


ဇွန်လအတွင်းမေးမြန်းခန်းတခုမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကထည့်သွင်းဆိုခဲ့ပါတယ်။


"တကယ်တော့ ခေတ်အဆက်ဆက်မှာ အာဏာသိမ်းတဲ့ စစ်တပ်ဟာ အမြဲကောက်ကျစ်စဥ်းလဲခဲ့တယ်၊ လိမ်ညာခဲ့တယ်၊ မိမိအပြစ်ကို သူတပါးကိုပုံချခဲ့တယ်ဆိုတာ၊ ခေတ်အဆက်ဆက် မှီလိုက်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို မေးကြည့်ပါ၊ ကမ္ဘာကြီးကတော့ သိဖို့လိုတယ်ဗျ၊ ဒီစစ်ကောင်စီဟာ ကာလ ပါး အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ် ဘယ်သောအခါမှ ယုံလို့ရတဲ့သူတွေ မဟုတ်ဘူးဆိုတာရယ်၊ သူတို့ဘာတွေ ဆက်ပြီး ကျူးလွန်ဦးမှာလည်း ဆိုတာရယ် ကောင်းစွာ သိဖို့ လိုပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအကြမ်းဖက်စစ်တပ်ဟာ နယ်မြို့များမှာ အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးစနစ်တို့ ဖြတ်တောက်ထားပြီး ၄င်းတို့တပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်ကျူးလွန်မှုများကို တော်လှန်ရေးအင်အားစုများထံ လွှဲချဖော်ပြလေ့ရှိပါတယ်။


========================


📌📌 ၄။ နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ အကျဉ်းထောင်များအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ စုစုပေါင်း(၁၉)ဦး ရှိပြီး (၁၃)ဦးမှာ လုံလောက်သော ဆေးကုသခွင့် မရရှိသဖြင့် အများဆုံး သေဆုံးခဲ့ရ


ဇွန်လ ၂၆ရက်။

နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ အကျဉ်းထောင်များအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ စုစုပေါင်း (၁၉)ဦး ရှိပြီး (၁၃) ဦးမှာ လုံလောက်သော ဆေးကုသခွင့် မရရှိသဖြင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံရစဉ် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၁၉) ဦး ရှိပြီး၊ ထိုအထဲမှ (၁၃) ဦးမှာ လုံလောက်သော ဆေးကုသခွင့် မရရှိသဖြင့် အများဆုံး သေဆုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ မေလအတွင်းက အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသော ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၆ ရပ်ကွက်၏ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမြင့်မောင်()ကိုနီသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပြီးနောက် အင်းစိန်အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရစဉ် အဆုတ်ကင်ဆာ ရောဂါဝေဒနာခံစားရပြီး ဆေးကုသခွင့် အပြည့်အဝ မရရှိခဲ့သောကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် သေဆုံးခဲ့ရပါတယ်။


မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၉၁၅) ဦးရှိပြီး ထိုအထဲမှ (၂၀၆၃၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၂၃၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၅။ လွယ်ဂျယ်မြို့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒပြပွဲ ပြုလုပ်


ဇွန်လ ၂၆ရက်။ 

Radio NUG

ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွယ်ဂျယ်မြို့တွင် မူးယစ်ဆေးဝါးကင်းစင်တဲ့ မြို့တစ်မြို့ ဖြစ်လာဖို့ရန်အတွက် ဆန္ဒပြထုတ်ဖော်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


လွယ်ဂျယ်ဒေသခံပြည်သူတွေက ကချင်၊ ရှမ်း၊ တရုတ် ဘာသာစကားတွေနဲ့မူးယစ်ဆေးဝါးကင်းစင်တဲ့ မြို့တစ်မြို့ဖြစ်အောင် ကြိုးပမ်းကြဖို့၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို ဆန့်ကျင်ကြဖို့နဲ့ မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံးအတွက် ဘုံရန်သူဖြစ်တယ်လို့ စတဲ့ ဆောင်းပုဒ်တွေကို ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။


KIO အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်မှာ လွယ်ဂျယ်မြို့ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ဖမ်းဆီး အရေးယူတာတွေကို လုပ်ဆောင်နေပြီးတော့ မူးယစ်ဆေးဝါးကင်းစင်ဖို့ ကြပ်မတ်ဆောင်ရွက်နေပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တပ်ဟာ လူတစ်စုကိုအကာအကွယ်ပေးရတဲ့ ကြေးစားတပ်သာဖြစ်တယ်လို့ဆို


ဇွန်လ ၂၆ရက်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်ဟာ လူတစ်စုကိုအကာအကွယ်ပေးရတဲ့ ကြေးစားတပ်သာဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ ရဲဘော်ထွန်းကျော်ကပြောပါတယ်။


ဇွန်လ(၂၆)ရက် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး အဖွဲ့အစည်း(၄၆)နှစ်ပြည့် ဥက္ကဋ္ဌ ရဲဘော်ထွန်းကျော် မိန့်ခွန်းမှာ ထည့်သွင်းဆိုပါတယ်။


"ကျနော်တို့တပ်မတော်၊ တပ်ဖွဲ့ဟာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီးကာကွယ်ပေးတဲ့ ပြည်သူ့အကျိုးဆောင်တပ်မတော်၊ တပ်ဖွဲ့ဖြစ်ဖို့လိုပါတယ်။ အဲဒီရည်မှန်းချက်၊ အဲဒီအတွေးအခေါ် အဲဒီနိုင်ငံရေးလုပ်ငန်းစဥ်ဟာ ပြည်သူ့အကျိုးဆောင်မယ့် တပ်တိုင်းအတွက် အသက်ဝိညာဥ်သဖွယ်ပါပဲ။ ရန်သူ့တပ်ကတော့ လူမျိုးပေါင်းစုံပြည်သူများကို အကြမ်းဖက်ဖိနှိပ်အနိူင်ကျင့်ပြီး စစ်အုပ်စု လူတစ်စုကိုအကာအကွယ်ပေးရတဲ့ကြေးစားတပ်သဖွယ်သာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ကရင်နီပြည်တစ်နေရာမှာ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - က... (KNPLF) တပ်တည်ထောင်ခြင်း (၄၆)နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့မှာကျင်းပခဲ့ပါတယ်။


========================


🚩🚩 ၂။ (၄၈)ကြိမ်မြောက် ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားကို PRA Magway နောက်တန်း ဌာနချုပ်တွင် ကျင်းပခဲ့


ဇွန်လ၂၆ရက်။

(၄၈) ကြိမ်မြောက် ဆလိုင်းတင်မောင်ဦးနေ့ အခမ်းအနားကို PRA Magway နောက်တန်းဌာနချုပ်တွင် ကျင်းပခဲ့ပါတယ်။


ဇွန်လ၂၆ရက်မှာ PRA Magwayကအသိပေးဖော်ပြပါတယ်။


"မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး" "မင်းတို့ ငါ့ကိုသတ်လို့ရပေမယ့် ငါ့ခံယူချက်နဲ့ စိတ်ဓာတ်ကိုတော့ဘယ်တော့မှ သတ်လို့မရဘူး" ဆိုတဲ့ ကျောင်းသားလူထု လှုပ်ရှားမှုကြီးကို မျိုးစေ့ချပေးခဲ့တဲ့ ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်၊ ခံယူချက်၊ ကြွေးကြော်သံတွေကို ကိုင်ဆွဲကာ ကျွန်တော်တို့ရဲဘော်တွေ လူထုတော်လှန်ရေးကြီးကို ဆက်လက်တော်လှန်တိုက်ပွဲဝင်နေကြပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင် စစ်အာဏာရှင်စနစ်သာမက စစ်သုံးစစ် အမြစ်ဖြတ်ရေးကို အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း PRA မကွေးကအသိပေးဖော်ပြပါတယ်။


========================


🚩🚩 ၃။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()မှ စစ်ကောင်စီ တပ်စခန်း (၂၄)ခု၊ စစ်သုံ့ပန်း(၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဇွန်လ ၂၆ရက်။ 

Radio NUG

တအာင်းပြည် တပ်မဟာ ()စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့် မြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း() တိုက်ပွဲဖော်ဆောင်ရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ စစ်ကောင်စီတပ်စခန်း (၂၄)ခု တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်း (၁၇)ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


()ရက်တာ တိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နောင်ချိုမြို့နယ်ရှိ ရမခ(၁၁၅) ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။


မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကိုလည်း အသီးသီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 ()လက်၊ ၆၀ မမ ()လက်၊ စက်လတ် ()လက်၊ ကား ()စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိထားပြီး ရန်သူ့အလောင်း (၂၀)နှင့် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား (၁၇)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ (၂၆)ရက် ညနေ ()နာရီအထိ ဆက်သွယ်ရယူထားသည့် မြေပြင်သတင်းအရ ညနေပိုင်း ()နာရီတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအား စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံး()လုံးကြဲခဲ့သည့်အပြင် (:၂၇)အချိန်နှင့် ()နာရီတွင်တစ်ကြိမ် Jet fighter တစ်စင်းဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ကျောက်တံခါးတွင် စစ်ကောင်စီ ကင်းစခန်းများအား KNLA/PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်


ဇွန်လ ၂၆ ရက်။ 

Radio NUG

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၊ ဈေးပိုင်းရပ်ကွက် လမ်းရှိ စစ်ကောင်စီဂိတ် ကင်းစခန်းနှင့် လမ်းထိပ်ရှိ စစ်ကောင်စီ တပ်စွဲထားရာ ရွှေဘုန်းတိုး ဂိတ်စခန်းတို့ကို ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပဲခူးခရိုင် တပ်ရင်း ၃၇၀၂ တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။


ဇွန်လ ၂၅ ရက်နေ့ မနက် နာရီ ၃၅ မိနစ်ခန့်က အဆိုပါ စစ်ကောင်စီ စခန်းများကို ပူးပေါင်းတပ်ဖွဲ့က အချိန်ကိုက် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၆) ဦးခန့် သေဆုံးခဲ့ပြီး PDF တပ်ရင်း (၃၇၀၂) မှ ရဲဘော် () ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် နာရီ ၂၀ မိနစ်ခန့်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူနဲ့ ခန့်မှန်းအင်အား (၁၀၀) ခန့်ပါတဲ့ ကားငါးစီး စစ်ကူရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

၎င်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ (၂၄၆) တပ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်း ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နေအိမ်တချို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ စစ်ကိုင်း ရဲလေ့ကျင့်ရေးကျောင်းထဲ ဗုံး ၂၉လုံး ကြဲ


ဇွန်လ ၂၆ရက်။ 

Radio NUG

ဇွန်လ ၂၅ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ ကံတလူဘုရားအနီးရှိ အမှတ် ရဲလေ့ကျင့်ရေးကျောင်းကို ဒရုန်းဖြင့် ဗုံးသီး ၂၉လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း People's Knight Defense Force Myinmu မှ သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ပျက်စီးမှုရှိပြီး ရဲလေ့ကျင့်ရေးကျောင်းထဲသို့ လူနာတင်ယာဉ် စီး ဝင်ရောက်သွားကာ ထိခိုက်မှု အရေအတွက်ကို မသိရှိရသေးကြောင်း သိရပါတယ်။


ရဲများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို People's knight Defense Force Myinmu (PKDF - MMU)  Phoenix SGG စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ်ခုနှစ်တပ်ရင်း တပ်ခွဲလေး၊ စစ်ကိုင်းခရိုင် အမှတ်နှစ်တပ်ရင်း တပ်ခွဲနှစ်၊ MMU PDF၊တောတွင်းတွတ်ပီ၊ SDP.camp-camp2နှင့် စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေးတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ဆီဆိုင်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးတောင်းခြင်းများ ပြုလုပ်နေ


ဇွန်လ ၂၆ ရက်။ 

Radio NUG

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ အရှေ့ဘက်က ထီဆုံ ကျေးရွာဘက်ကို စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ PNO (ပအိုဝ်း ပြည်သူ့စစ်) အဖွဲ့က စစ်ကြောင်းထိုးလာတာကြောင့် ထိတွေတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် PNO အဖွဲ့က ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးတောင်းခြင်းများ ပြုလုပ်နေတယ်လို့ PNLA က ထုတ်ပြန်ပါတယ်။


ဇွန်လ ၂၄ ရက်နေ့ ညနေ နာရီမှ နာရီခန့်ထိ ထီဆုံကျေးရွာ မြောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် အချို့ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူလူထု နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။


ထို့အပြင် လွယ်မောတောင်ဒေသရှိ ပအိုဝ်းကျေးရွာများကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က တစ်အိမ် သုံးသောင်း ငွေကြေးကောက်ခံခဲ့သလို ဇွန်လ ၂၁ ရက်မှာ အဆိုပါ ဒေသရှိ ပြည်သူများကို အစည်းအဝေးခေါ်ပြီး ရွာပြင်ထွက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့က ဇွန်လ ၂၀ ရက်နေ့မှာ ဆီဆိုင်မြို့နယ် လွယ်ထွဲကျေးရွာကို ပုံမှန်ဈေးလာရောင်းနေတဲ့ ညောင်ရွှေမြို့နယ်၊ ကျားတွန်ကျေးရွာမှ လူငယ် ဦးကို ဖမ်းဆီးခဲ့ရာ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။


အဆိုပါ ဖမ်းဆီးခံခဲ့ရတဲ့ ကျားတွန်ကျေးရွာမှ တောင်ရိုးလူမျိုး မိုးထက်နှင့် ကျော်လွင်ဦးဆိုသည့် လူငယ် ဦးကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် အဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ဆိုင်းတောင်မှာလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး တစ်ဦးသေဆုံး


ဇွန်လ ၂၆ရက်။ 

Radio NUG

ဇွန်လ၂၆ရက်နေ့ မနက်၉နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေ ပစ်တဲ့လက်နက်ကြီးကျည် တစ်လုံးဟာ ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ရာ ဘုန်းကြီးကျောင်းအနီးတဝိုက်က လက်ဖက်ရည်ဆိုင်နဲ့ ရွှေပန်းတိမ်ထဲက အရပ်သား၃ဦး ကျည်ထိမှန်ခဲ့ပြီးတစ်ဦးသေဆုံးရှိခဲ့တယ်လို့သိရပါတယ်။


လက်ဖက်ရည်ဆိုင်မှစားပွဲထိုး ကောင်လေး ၁ဦးလက်တစ်ဖက် ကျိုးသွားပြီး ဆိုင်မှာ လာထိုင်နေတဲ့ တစ်ဦး ပွဲချင်းပြီးသေဆုံးကာ ရွှေဆိုင်က ပန်းတိမ်ဆရာတစ်ဦး ထိမှန်သွားတယ်လို့ သိရပါတယ်။


အလားတူရှမ်းကုန်းရပ်ကွက်နေ အိမ်တစ်အိမ်မှာလည်း တစ်လုံးကျမှန် ပေါက်ကွဲခဲ့တာကြောင့် ကရင်ကောင်လေးတစ်ဦးပြင်းထန်ဒဏ်ရာ ရရှိထားတယ်လို့သိရပြီး ရှမ်းကုန်းဘက် လမ်းပိတ်ထားတာကြောင့် ဆေးကုသဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။


ဒီနေ့မနက် စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီးဟာ ဆိုင်းတောင်ကျေးရွာအနီးတဝိုက်ပတ်ပတ်လည်မှာသုံး၊ လေးနေရာလောက်မှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက်စုစုပေါင်းအရပ်သားပြည်သူ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာစားပွဲထိုးနဲ့ ရွှေပန်တိမ်ဆိုင်ကတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့တွက် ဆေးကုသခံယူနေပြီး ရှမ်းကုန်းဘက်က အမျိုးသားကတော့ ဆေးကုသခွင့်မရသေးဘူးလို့သိရပါတယ်။


========================


🚩🚩 ၈။ ကျောက်မဲမှာ လက်နက်ကြီးကြောင့် လင်မယား ဦး ပွဲချင်းပြီး သေဆုံးပြီး ကလေး ဦးအပါအဝင် မိသားစုဝင် ဦး ဒဏ်ရာရ


ဇွန်လ ၂၆ရက်။ 

Radio NUG

ဇွန်လ ၂၆ ရက် မနက် ၁၁ နာရီဝန်းကျင်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ရန်ကင်းရပ်ကွက်မှာ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလို့ အိမ်ထဲမှာ ရှိနေတဲ့ လင်မယား ဦး ပွဲချင်းပြီး သေဆုံးပြီး ကလေး ဦးအပါအဝင် နောက်ထပ်အမျိုးသမီး ဦးလည်း ဒဏ်ရာရခဲ့တယ်လို့  သိရပါတယ်။


ကျောက်မဲပြည်သူ့ဆေးရုံတွင် လာရောက်ကုသတဲ့ လူနာများနေပြီး ကုသပေးမယ့် ဆရာဝန် အလုံအလောက်မရှိတာကြောင့် ဒဏ်ရာရတဲ့ ကလေး ဦးနဲ့ အမျိုးသမီး ဦးကို နာရေးလူမှုကူညီရေးအသင်းတွေက ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ၂၅ ရက်ကလည်း တောင်နောက်ကျေးရွာက နတ်စဥ်ရှေ့မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးလုံး သေဆုံးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment