27th JUN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးပျံလွန်တော်မူခဲ့ရခြင်းအတွက် ဝမ်းနည်းသဝဏ်လွှာယာယီသမ္မတ ဒူဝါလရှီးလပေးပို့

📌 ၂။ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်သည့်သံဃာတော်များ စစ်ကိုင်းတိုင်းတွင်များပြားလာ

📌 ၃။ မြန်မာငွေတွေ အလုံးအရင်းနဲ့ ရိုက်ထုတ်တဲ့ဒဏ်ကို စစ်အာဏာရှင်အားထောက်ခံသူများပါစစ်အာဏာရှင်စနစ်ဆိုးရဲ့ဒဏ်ကို.. ညီတူမျှတူ ခံနေကြရပြီပဲဖြစ်တယ်လို့ဝန်ကြီးဦးတင်ထွန်းနိူင်ဆို

📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့်အထဲမှ  အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထား

📌 ၆။ The Key ပရော့ဂျက်မှမြန်မာငွေကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်ဝန်းကျင် ရရှိထားပြီး ဖြစ်ကာဆက်လက်ဝန်းရံအားပေးကြရန်တိုက်တွန်း


၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မိုးကုတ် ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်တွေ၀ိုင်းထားပြီး ရဲစခန်းအနီးကအိမ်တွေ ရွှေ့ပြောင်းနိုင်ဖို့ အချိန်ပေးထား

🚩၂။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ညီနောင်မဟာမိတ် ဖွဲ့နဲ့အတူ ပါဝင်ဆင်နွှဲနေတယ်လို့ မန္တလေး PDF ပြော 

🚩၃။ နောင်ချိုနဲ့ကျောက်မဲမြို့နယ်တို့က လက်ကျန် စစ်စခန်းတွေကို TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်

🚩၄။ ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကလေးငယ်တဦးသေဆုံးကာ ဦးဒဏ်ရာရ

🚩၅။ ကျောက်မဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးပျံလွန်တော်မူခဲ့ရခြင်းအတွက် ဝမ်းနည်းသဝဏ်လွှာယာယီသမ္မတ ဒူဝါလရှီးလပေးပို့


ဇွန်လ ၂၇ ရက်နေ့


အကြမ်းဖက်စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးပျံလွန်တော်မူခဲ့ရခြင်းအတွက် ဝမ်းနည်းသဝဏ်လွှာယာယီသမ္မတ ဒူဝါလရှီးလကဇွန်လ၂၇ရက်ပေးပို့ခဲ့ပါတယ်။


နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း) ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရခြင်းအတွက် အထူးပင် စိတ်ထိခိုက် ဝမ်းနည်း ကြေကွဲရတယ်လို့ဖော်ပြပါတယ်။


ဆရာတော်ဘုရားကြီးသည် ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ အားထုတ် ကြိုးပမ်း ဆောင်ရွက်နေသည့် သာသနာ့အာဇာနည် ရဟန်းတပါး ဖြစ်သည့်အတွက် ပို၍ပင် ယူကျုံးမရ နှမြောတသဖြစ်မိတယ်လို့ယာယီသမ္မတကဆိုပါတယ်။


ဘုရားသားတော် မြတ်သံဃာများကိုပင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဝံ့သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာ ပြစ်တင် ရှုတ်ချတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် အကြမ်းဖက်စစ်တပ်သည် အဖြစ်မှန်ကို တမင်ဖုံးကွယ်၍ PDF အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ အပြစ်ပုံချခြင်း၊ လိမ်လည်လှည့်ဖျားကာ သတင်းထုတ်ပြန်၊ ပြောဆိုခြင်းကလည်း သံဃာထုနှင့် တိုင်းပြည်ကို ထပ်လောင်း စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ဤလိမ်ညာမှုအတွက် အကြမ်းဖက်စစ်တပ်၏ အဆင့်ဆင့်သော တာဝန်ရှိသူအားလုံးသည် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ဆိုပါတယ်။


မိမိတို့ တိုင်းပြည်တွင် အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်နေသရွေ့ ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများနှင့် ဆက်လက် ကြုံတွေ့နေကြရဦးမည်ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ပပျောက်ရေးအတွက် ဘာသာပေါင်းစုံ တိုင်းပြည်လူထုတရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ပါကြောင်း ခိုင်ကျည်စွာ သန္နိဋ္ဌာန်ပြုခြင်းနှင့်အတူ ဤဝမ်းနည်းသဝဏ်လွှာကို လျှောက်ထား၊ ပေးပို့အပ်ပါတယ်လို့ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်သည့်သံဃာတော်များ စစ်ကိုင်းတိုင်းတွင်များပြားလာ


ဇွန်လ၂၇ရက်


ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်သည့်သံဃာတော်များ စစ်ကိုင်းတိုင်းတွင်များပြားလာတယ်လို့သတင်းရရှိပါတယ်။


ဇွန်လအတွင်း ချောင်းဦး၊ဒီပဲယင်းမြို့နယ်မှသံဃာတော်များအပါအဝင် တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ သံဃာ တော်များကလည်းပူးပေါင်းပါဝင်လာပါတယ်။


ပတ္တနိက္ကုဇ္ဇန ကံဆောင်ရာတွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နာမည်ကိုပါထည့်သွင်းကံဆောင်ခဲ့ပြီး မင်းအောင်လှိုင်တို့စစ်အုပ်စုမှာ ကြောက်ရွံတုန်လှုပ်နေမှာဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် သံဃာ့သပိတ်ဦးဆောင်ဆရာတော် အရှင်ပညိဿရာလက်ာရကradio NUGကိုမိန့်ကြားထားပါတယ်။


ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကိုစကစတပ်များကပစ်ခတ်သတ်ဖြတ်ပြီးနောက်သံဃာထုက ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မြန်မာငွေတွေ အလုံးအရင်းနဲ့ ရိုက်ထုတ်တဲ့ဒဏ်ကို စစ်အာဏာရှင်အားထောက်ခံသူများပါစစ်အာဏာရှင်စနစ်ဆိုးရဲ့ဒဏ်ကို.. ညီတူမျှတူ ခံနေကြရပြီပဲဖြစ်တယ်လို့ဝန်ကြီးဦးတင်ထွန်းနိူင်ဆို


ဇွန်လ၂၇ရက်


မြန်မာငွေတွေ အလုံးအရင်းနဲ့ ရိုက်ထုတ်တဲ့ဒဏ်ကို စစ်အာဏာရှင်အားထောက်ခံသူများပါစစ်အာဏာရှင်စနစ်ဆိုးရဲ့ဒဏ်ကို.. ညီတူမျှတူ ခံနေကြရပြီပဲဖြစ်တယ်လို့ ဝန်ကြီးဦးတင်ထွန်းနိူင်က

ဇွန်လ၂၆ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"မြန်မာငွေတွေ အလုံးအရင်းနဲ့ ရိုက်ထုတ်တဲ့ဒဏ်ကို.. သူစိမ်းသူကျက်မရွေးအကုန် လှိမ့်ပိမ့် ခံနေရတဲ့အချိန်မှာ. အခုလို အခွန်အတုတ်တွေ တိုးမြှင့်ကောက်ခံလာတော့... တချိန်တုံးက..တဆိတ်ရှိ.. " အာဏာကောက်သိမ်းပစ်လိုက်ရ" လို့ Status Message တင်ခဲ့သူတွေလည်းလွတ်ကင်းစရာမရှိတော့ပါဘူး။အကုန်လုံး.. စစ်အာဏာရှင်စနစ်ဆိုးရဲ့ဒဏ်ကို.. ညီတူမျှတူ ခံနေကြရပြီပဲ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်အာဏာရှင်တွေသာ အဓိက တရားခံဖြစ်တာကြောင့်တော်လှန်ပြည်သူများအပါအဝင်.. မင်းအောင်လှိုင်လက်အောက်ခံတပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ Non CDMers ဝန်ထမ်းများပါမကျန် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် တုံပြန်ကြဖို့ ဝန်ကြီးဦးတင်ထွန်းနိူင်ကဆိုပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဇွန်လ၂၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၅/၂၀၂၄)ကို ဇွန်လ၂၆ရက်ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သု၀ဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်စောဖူးတို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကိုမေးမြန်းခဲ့ကာ ဝန်ကြီးဌာနများ၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့်အထဲမှ  အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထား


ဇွန်လ၂၇


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၃၃၈) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။


အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်သတ်ဖြတ်မှုများအပြင် ရုပ်အလောင်းဖျောက်ဖျက်မှုများကိုပါနယ်မြို့များမှာကျူးလွန်လျက်ရှိပါတယ်။


========================


📌📌 ၆။ The Key ပရော့ဂျက်မှမြန်မာငွေကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်ဝန်းကျင် ရရှိထားပြီး ဖြစ်ကာဆက်လက်ဝန်းရံအားပေးကြရန်တိုက်တွန်း


ဇွန်လ၂၇ရက်


The Key ပရော့ဂျက်မှမြန်မာငွေကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်ဝန်းကျင် ရရှိထားပြီး ဖြစ်ကာဆက်လက်ဝန်းရံအားပေးကြဖို့ ဇွန်လ၂၇ရက်မှာ မပန်ဆယ်လိုကဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်းဆိုထားပါတယ်။


"TheKey ရဲ့ ကြားဖြတ် Result လေးကို ကြေညာပေးချင်ပါတယ်။ ဒီနေ့ထိ လက်မှတ်အစောင်ရေ 4102 စောင်၊ မြန်မာငွေကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်ဝန်းကျင် ရရှိထားပြီ ဖြစ်ပါတယ်။ ဒီကာလမှာ ကြီးမားတဲ့ ရံပုံငွေပမာဏ ဖြစ်ပေမယ့် Project ရဲ့ လျာထားTarget နဲ့ ယှဉ်ရင် 59% လောက်လိုအပ်နေသေးတာမို့ ဆက်အားပေးကြရအောင်ပါ"လို့ဆိုပါတယ်။


ရှမ်းပြည်နယ်ကဒေါ်လာနှစ်မီလီယံတန်ဖိုးရှိ ဟိုတယ်တစ်လုံးကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ ရက်နေ့ကစတင်ပြီးမမများနဲ့ပွဲကမယ်က ဦးဆောင်ခဲ့ပါတယ်။


ပရောဂျက်ကို The Key လို့အမည်ပေးထားပြီး ဇွန်လတစ်လလုံး မဲစနစ်နဲ့ရောင်းချပေးသွားမှာဖြစ်ကာလက်မှတ်တစ်စောင်ကို  အမေရိကန် ဒေါ်လာ ၁၀၀နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။


The key ပရော့ဂျက်မှ မဲလက်မှတ်များဝယ်ယူ၍ ကံထူးသူအားရွေးချယ်ရာတွင်ပထမဆု - ဦး ၃၀% ၊ဒုတိယဆု - ဦး ၂၀% ၊တတိယဆု - ဦး ၁၀% ၊အထူးဆု - ဦး % ၊နှစ်သိမ့်ဆု - ဦး % စုစုပေါင်း TheKey ကံထူးရှင် (၁၃) ဦးတိတိ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မိုးကုတ် ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်တွေ၀ိုင်းထားပြီး ရဲစခန်းအနီးကအိမ်တွေ ရွှေ့ပြောင်းနိုင်ဖို့ အချိန်ပေးထား


ဇွန်လ ၂၇ ရက်။


မန္တလေးတိုင်း မိုးကုတ်မြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်တွေ၀ိုင်းထားပြီး ရဲစခန်းအနီးမှာ ရှိတဲ့ နေအိမ်တွေ ရွှေ့ပြောင်းနိုင်ဖို့ အချိန်ပေးထားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဒီနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းအထိ မိုးကုတ်ကျပ်ပြင်ရဲစခန်း ပတ်ပတ်လည်မှာ တော်လှန်ရေးတပ်တွေရှိနေပြီး ရဲစခန်း အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုနေတာတွေကြားနေရတယ်လို့ ဒေသခံပြည်သူ‌က ပြောပါတယ်။ 

ရဲစခန်းအနီးမှာရှိတဲ့အိမ်တွေ ရွှေ့ပြောင်းခိုင်းတာဟာ အရပ်သားပြည်သူတွေ ထိခိုက်မှာ စိုးရိမ်တဲ့အတွက်တော်လှန်ရေးတပ် တွေက အချိန်ပေးထားတဲ့သဘောဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေဟာ မွန်းတည့် ၁၂ နာရီမတိုင်ခင်အချိန်အထိ ရဲစခန်းဝင်းနားတဝိုက်မှာ နေရာယူထားပြီးဖြစ်တယ်လို့ လည်း သိရပါတယ်။

မိုးကုတ်မြို့နယ်ထဲမှာရှိတဲ့ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနဲ့  ဖြူရောင်ကုန်းတို့ ကို TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၂၆ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။


========================


🚩🚩၂။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ညီနောင်မဟာမိတ် ဖွဲ့နဲ့အတူ ပါဝင်ဆင်နွှဲနေတယ်လို့ မန္တလေး PDF ပြော 


ဇွန်လ ၂၇ ရက်နေ့


ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး အနေနဲ့ ညီနောင်မဟာမိတ်-၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ပါဝင်နေပြီး စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ဆင်နွှဲနေတယ်လို့ အသိပေးပြောဆိုလိုက်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး အနေနဲ့ ကျောက်မဲ မိုးကုတ် နောင်ချို နဲ့ မတ္တရာစစ်မျက်နှာတွေမှာ မဟာမိတ် တပ်တွေနဲ့လက်တွဲပြီး စစ်ဆင်ရေးဖော်ဆောင်နေတာနဲ့ပတ်သက်လို့ ဇွန် ၂၆ ရက် ညပိုင်းမှာ အသိပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် -TNLAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက နောင်ချိုမြို့နဲ့ ခမရ-၁၁၅ တို့ကို အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းတွေ ဖြစ်တဲ့ ခမရ-၁၁၄ နဲ့ အမှတ်-၆၀၆ အမြောက်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်ထဲမှာရှိတဲ့ ပန်းသလဲတောင်စခန်း ကျောက်ကြမ်းတောင်စခန်းနဲ့ ရေစိုတောင်စခန်းတွေကို သိမ်းပိုက် ရရှိထားပြီး အမှတ် - ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း မဟာမိတ်တွေနဲ့အတူ ထိုးစစ်ဆင် တိုက်ခိုက် နေရာမှာ စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ နောင်ချိုနဲ့ကျောက်မဲမြို့နယ်တို့က လက်ကျန် စစ်စခန်းတွေကို TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်


ဇွန်လ ၂၇ ရက်နေ့


ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုနဲ့ ကျောက်မဲမြို့က ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို TNLA ဦးဆောင် တဲ့ ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နောင်ချိုမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် စစ်စခန်း ခမရ ၁၁၄ တပ်ရင်းနဲ့အမှတ် ၆၀၆ ဒုံးတပ်ရင်းကို တော်လှန်ရေးတပ်များက ဇွန်လ ၂၇ ရက် မနက်ကစပြီး ဝင်ရောက်တိုက်နေသလို ကျောက်မဲမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ တို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ 

နောင်ချိုတမြို့လုံး မနေ့ ညနေပိုင်းတည်းက စကစက ရာနှုန်းပြည့် လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ စကစအနေနဲ့ လက်ကျန်တပ်ရင်းတွေ မကျစေဖို့ စစ်မှုထမ်းဟောင်းတွေ ပျူသူ့စစ်တွေနဲ့ ဒုံးတပ်ရင်းထဲမှာ ပတ်လည် ခံစစ်ပြင်နေပါတယ်။ ခမရ ၁၁၄ ဌာနချုပ်ထဲမှာတော့ ပူးပေါင်းခံစစ်ပါဘဲ လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။


နောင်ချိုမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၁၁၅ တပ်ရင်း နောင်ချိုမြို့နယ်ရဲစခန်း၊ ကံ့ကော် တပ်စခန်း၊ ခဲမွန် စစ်တပ်စခန်း၊ ကျောက်ကြမ်းတပ်စခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စတဲ့ စစ်တပ်စခန်း တွေကို ဇွန်လ ၂၅ ရက်နဲ့ ဇွန်လ ၂၆ ရက်နေ့တို့မှာ TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ဇွန် ၂၅ နဲ့ ၂၆ ရက်နေ့ တိုက်ပွဲတွေမှာ ကျောက်မဲမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်း ရေးကုန်း၊ အမှတ်  ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းတို့ကို TNLA ဦး ဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တာကြောင့် လက်ကျန်စခန်းတွေဖြစ်တဲ့ ခမရ ၅၀၁ နဲ့ ၅၀၂ ကို ထပ်မံသိမ်းပိုက်နိုင်မယ်ဆိုရင် ကျောက်မဲမြို့နယ်တခုလုံး စစ်တပ်ကင်းစင်နယ်မြေ ဖြစ်လာမယ်လို့ စစ်ရေးလေ့လာ စောင့်ကြည်သူတွေက ဆိုပါတယ်။


နောင်ချိုမြို့နယ်မှာ ဇွန်လ ၂၆ ရက် ညနေကစပြီး ဒီနေ့ ဇွန်လ ၂၇ မနက်ပိုင်းအထိ မိုးရွာသွန်းနေတာနဲ့ တိမ်ထူနေတာ စတဲ့ ရာသီဥတုဆိုးရွားမှုတွေကြောင့် အကြမ်းဖက်စစ်တပ်အနေနဲ့ လေကြောင်းပစ်ကူမပေးနိုင်တဲ့အခြေအနေရှိနေတယ်လို့ သိရပါ တယ်။   


TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီဟာ ပြင်ဦးလွင်နဲ့လားရှိးမြို့တို့မှာ စစ်အင်အား အလုံးအရင်းဖြည့်တင်းပြီး အရေးပေါ် နေရာတွေအဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။


========================


🚩🚩၄။ ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကလေးငယ်တဦးသေဆုံးကာ ဦးဒဏ်ရာရ


ဇွန်လ ၂၇ ရက်နေ့


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တဦး သေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ 

သိမ်ဇရပ်မြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၁ဝ အမြောက်တပ်က ဇွန်လ ၂၁ ရက် မွန်းလွဲ နာရီ ဝန်းကျင်မှာ ကျိုက်ထိုမြို့နယ်ထဲက KNU အုပ်ချုပ်မှုနယ်မြေထဲကို လက်နက်ကြီး အလုံးရေများစွာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အမှတ် ၃၁ဝ အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီးတွေထဲက လက်နက်ကြီးကျည်တလုံးဟာ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာ တောင်ကျောင်း ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းထိုင်ဆရာတော်နဲ့ ဦးဇင်းတပါး၊ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

တချိန်တည်းမှာပဲ ကျိုက်ထိုမြို့နယ် မုက္ခမော့ကျေးရွာ အောင်နဝင်းဘုန်းကြီးကျောင်းမုခ်ဝအနီး ကျရောက်ပေါက်ကွဲခဲ့တာ ကြောင့် အိမ်တခုလုံး ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၁၄ ရက်နေ့ကလည်း အမှတ် ၃၁ဝ အမြောက်တပ်က လက်နက်ကြီး လုံးပစ်ခတ်ခဲ့ရာ ဒေသအခေါ် ကျောက်ဟတ်ကွင်းရှိ ခြံတခုအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးသေဆုံးကာ အသက် တနှစ်ခွဲခန့်အရွယ်ရှိမိန်းကလေးတဦး ဒဏ်ရာရသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ယခုဇွန်လ ရက်နဲ့ ၁၂ ရက်နေ့တို့မှာလည်း အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အိမ် ၂လုံးပျက်စီးခဲ့လို ဇွန်လ ၁၄ ရက်နေ့မှာလည်း လက်နက်ကြီးကျည် ၁၅ လုံးခန့် ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာကြောင့် ကျိုက်ထိုမြို့နယ်ထဲက KNU အုပ်ချုပ်မှုနယ်မြေမှာ စစ်ဘေးရှောင်ဦးရေ တသောင်းကျော်ရှိနေပြီလို့ သိရပါတယ်။


========================


🚩🚩၅။ ကျောက်မဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ


ဇွန်လ ၂၇ ရက်နေ့


တအာင်းပြည် တပ်မဟာ၂ စစ်ဒေသ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောပါတယ်။

ဇွန် ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ၊ နာရီ၊ ညနေ တို့တွင် ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ ကျောက်မဲမြို့ ရပ်ကွက် ရပ်ကွက် နဲ့ ရှု့ခင်းသာနေရာတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ဦး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့က အရပ်သားပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း အသိပေးထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ အောင်မြေသာယာဘုန်တော်ကြီးကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။ 

လက်ရှိမှာ တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောက်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်တို့က ဒေသခံထောင်ကျော်စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment