2nd JUN 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ ဇွα€”်α€œ ( ၂ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့α€”α€š် α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံα€›၊ α€œူ ၅ ဦးα€”ဲ့ α€”ေထိα€™် ၇ α€œုံးခန့် ထိခိုα€€်

 

မင်းတပ်α€™ြို့α€”α€š်α€™ှာ α€…α€…်α€€ောင်α€…ီα€œေတပ်α€€ α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှု ထပ်α€œုပ်α€œို့ α€œူ ၅ ဦး ထိခိုα€€် ဒဏ်α€›ာ (α€‘α€žေးα€…ား) ရပြီး ထဆောα€€်ထထုံ ၇ α€œုံးခန့် ပျα€€်α€…ီးပါα€α€š်။

 

α€™ေ ၃၀ α€Šα€”α€€်ပိုင်းα€™ှာ ဂျα€€်တိုα€€်α€œေα€šာဉ် ၂ စင်းα€”ဲ့ မင်းတပ်α€™ြို့ တိုα€€်α€”α€š် (၂) α€˜α€€်α€žို့ α€—ုံးα€€ျဲ တိုα€€်ခို၊α€€်ခဲ့တာပါ။

 

α€›ွာထဲα€€ျတာ ဒဏ်α€›ာα€‘α€žေးα€…ားရတဲ့α€œူ ၅ α€šောα€€်α€œောα€€်α€”ဲ့ ထိα€™် ၇ α€œုံးα€œောα€€် ထိα€žွားα€α€š်၊ ထရင်α€€ α€€ျα€–ူးတဲ့α€”ေα€›ာပါ။α€œို့ α€’ေα€žα€ံတဦးα€€ The Mindat Post α€€ို ပြောပါα€α€š်။

 

The Mindat Post α€€ ပြုα€…ုထားတဲ့ α€…ာရင်းထရ မင်းတပ်α€™ြို့α€”α€š်ထဲ α€™ေα€œ ၁၊ ၂၊ ၆၊ ၂၂ α€›α€€်α€”ေ့တွေα€™ှာ α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံα€›α€™ှု ၁၀ α€€ြိα€™်α€”ီးပါးα€›ှိခဲ့ပြီး ထရင်α€”ေ့တွေα€™ှာတော့ ထရပ်α€žားထိခိုα€€် ဆုံးα€›ှုံးα€™ှု α€™α€›ှိခဲ့ပါα€˜ူး။

 

မင်းတပ်α€™ြို့α€”α€š်ထဲ α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှု ထများဆုံးပြုα€œုပ်α€”ေတဲ့ α€œေတပ်ကတော့ α€™α€€ွေးα€œေတပ်α€”ဲ့ α€™α€”္α€α€œေးတိုင်း၊ တံတားဦးα€œေတပ်တို့ α€–ြα€…်ပါα€α€š်။

 

 

========================

 

πŸ“ŒπŸ“Œ ၂။ α€…α€…်α€€ောင်α€…ီ ခရိုင်α€›ုံးα€€ို CDF မတူပီ တပ်α€™α€Ÿာ ၂ α€€ α€žိα€™်းα€šူ ထိα€”်းချုပ်ထား

 

ချင်းပြα€Š်၊ မတူပီα€™ြို့ပေါ်α€›ှိ α€…α€…်α€€ောင်α€…ီတပ်α€…ွဲထားတဲ့ ခရိုင်α€›ုံးα€€ို CDF မတူပီ တပ်α€™α€Ÿာ ၂ ဝကောα€€်တပ်ရင်းα€€ α€žိα€™်းα€šူပြီး ထိα€”်းချုပ်α€œိုα€€်α€”ိုင်α€€ြောင်း α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

(α€™ေ ၃၀) α€™α€”α€€်ပိုင်းα€™ှာ ထပြီးα€žိα€™်းပိုα€€်α€”ိုင်တာα€–ြα€…်α€α€š်α€œို့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

ခရိုင်α€›ုံးα€™ှာ တပ်α€…ွဲထားတဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေα€Ÿာ α€–α€”ိုင်α€€ျေးα€›ွာα€˜α€€် ထွα€€်ပြေးခဲ့α€”ေတာα€€ြောင့် CDF မတူပီ၊ တပ်α€™α€Ÿာ ၂ α€€ α€œိုα€€်α€œံα€›ှင်းα€œ၊င်းα€”ေα€α€š်α€œို့α€œα€Š်း ထုတ်ပြα€”်ထားပါα€α€š်။

 

(α€™ေ ၃၀) α€™α€”α€€်ပိုင်းα€™ှာ α€–ြα€…်ပွားတဲ့ မတူပီα€™ြို့ တို၊α€€်ပွဲα€™ှာ α€…α€…်α€€ောင်α€…ီα€˜α€€် ထိခိုα€€်α€žေဆုံးα€™ှု ထတိထကျα€™α€žိရပေα€™α€š့် တော်α€œှα€”်α€›ေးတပ်α€–ွဲ့ဝင်တα€₯ီး α€™ြေα€™ြှုပ်α€™ို၊င်းနင်းα€™ိပြီး ဒဏ်α€›ာα€›α€›ှိထားα€α€š်α€œို့ ဆိုပါα€α€š်။

 

ချင်းပြα€Š် တောင်ပိုင်း၊ α€™ြောα€€်ပိုင်းα€›ှိ α€™ြို့တွေα€”ဲ့ ထိစပ်α€”ေတဲ့ မတူပီα€™ြို့α€™ှာ α€…α€…်α€€ောင်α€…ီ ခြေα€œျင်တပ်ရင်း ထမှတ် ၁၄၀၊ ခြေα€™ြα€”်တပ်ရင်း ထမှတ် ၃၀၄ α€”ဲ့ α€…α€…်α€—ျုα€Ÿာတခု ထခြေα€…ိုα€€်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ Daai (α€’ိုင်α€›်) α€’ေα€žα€”္တရကောင်α€…ီ α€‘α€α€Š်ပြုα€–ွဲ့α€…α€Š်း

 

မင်းတပ်၊ မတူပီ၊ α€€α€”်ပက်α€œα€€်၊ α€•α€œα€€်ဝ α€œေးα€™ြို့α€”α€š်α€›ှိ α€’ိုင်α€›်α€’ေα€ž ပြα€”်α€œα€Š်ပေါင်းα€…α€Š်းα€”ိုင်α€›ေး ပထမထကြိα€™်α€’ိုင်α€›်ပြα€Š်α€žူ့α€Šီα€œာခံα€™ှာ α€‘α€α€Š်ပြုခဲ့α€α€š်α€œို့ α€’ိုင်α€›်α€’ေα€žα€”္တရကောင်α€…ီ (Daai Regional Council) α€€ (α€™ေ ၂၉) ထုတ်ပြα€”်ပါα€α€š်။

 

α€™ေα€œ ၁၆, ၁၇ α€›α€€် α€”ှα€…်α€›α€€်တာပြုα€œုပ်တဲ့ α€‘α€…α€Š်းထဝေးα€™ှာ α€œေးα€™ြို့α€”α€š်α€™ှာα€›ှိα€”ေတဲ့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့တွေ α€…ုပေါင်းပြီး ချင်းα€œဲα€”်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€’ိုင်α€›်) ထဖြα€…် α€α€Š်ဆောα€€်α€žွားα€™α€š်α€œို့α€œα€Š်း ပြောပါα€α€š်။

 

α€…α€…်ထာဏာα€›ှင်α€€ျဆုံးα€›ေး၊ α€–α€€်α€’α€›α€š်α€’ီα€™ိုα€€α€›ေα€…ီα€›α€›ှိα€›ေးထတွα€€် α€›α€Š်α€™ှα€”်းချα€€်တူα€Šီတဲ့ တော်α€œှα€”်α€›ေးထင်ထားα€…ုတွေα€”ဲ့ တို၊α€€်ပွဲဝင်ပြီး ချင်းထမျိုးα€žားα€…α€Š်းα€œုံးα€Šီα€Šွတ်α€›ေး၊ ချင်းပြα€Š်α€α€Š်ထောင်α€›ေးα€™ှာ α€œα€€်တွဲပူးပေါင်းα€žွားα€™α€š်α€œို့ (Daai Regional Council) α€€ ထုတ်ပြα€”်ပါα€α€š်။

 

 

========================

 

πŸ“ŒπŸ“Œ ၄။ α€…α€…်α€€ောင်α€…ီα€€ မင်းတပ်α€™ြို့α€”α€š် α€’ေα€žα€ံတွေα€€ို α€–α€™်းဆီးα€”ေ၊ α€œα€α€€်ထတွင်း ၅ ဦးထက်α€™α€”α€Š်း α€–α€™်းဆီးခံα€”ေα€›

 

မင်းတပ်α€™ြို့α€”α€š်α€’ေα€žα€ံ ထရပ်α€žား ၅ ဦးထက်α€™α€”α€Š်းα€€ို α€…α€…်α€€ောင်α€…ီတပ်α€€ ထခုα€œα€‘ဲα€™ှာ α€–α€™်းဆီးထားα€α€š်α€œို့ HKL – Mindat α€€ α€žူ့α€œူα€™ှုα€€ွα€”်α€›α€€်α€™ှာ α€–ော်ပြပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€€ α€…ွပ်α€…ွဲα€–α€™်းဆီးထားတဲ့α€žူတွေထဲα€™ှာ ထမျိုးα€žα€™ီး α€žုံးဦးα€”ဲ့ ထမျိုးα€žား α€žုံးဦး ပါဝင်ပါα€α€š်။

 

α€™ေα€œ ၁၃ α€›α€€်α€€ မင်းတပ် ၂၇၄ တပ်ရင်းထနီး ၂၆ α€”ှα€…်ဝန်းα€€ျင် ထမျိုးα€žα€™ီးတဦး၊ α€™ေα€œ ၂၂ α€›α€€်α€”ေ့α€€ α€€ျောα€€်ထုα€™ြို့α€”α€š် မင်းα€€ြα€Š့်α€›ွာထနီးα€™ှာ မင်းတပ်α€™ြို့α€”α€š်၊ ခင်α€–ောင်α€›ွာα€žား ၂ α€₯ီး ဆိုင်α€€α€š်တွေα€”ဲ့ ထဖမ်းခံα€›α€žα€œို α€™ေα€œ ၂၇ α€›α€€်α€”ေ့α€€α€œα€Š်း မင်းတပ်α€™ြို့ ထရှေ့ပြင်ရပ်α€€ွα€€်α€™ှာ α€‘α€žα€€်α€€ြီးပိုင်း ထမျိုးα€žα€™ီး ၂ α€₯ီးα€€ို α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေα€€ α€–α€™်းဆီးခဲ့α€α€š်α€œို့ HKL – Mindat α€€ α€žူ့α€œူα€™ှုα€€ွα€”်α€›α€€်α€™ှာ α€–ော်ပြပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€€ α€žူတို့α€€ို α€˜ာα€€ြောင့် α€–α€™်းဆီးα€α€š်ဆိုတာα€™α€žိရပေα€™α€š့် α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€”ဲ့ ဆက်α€”ွα€š်α€α€š်ဆိုတဲ့ α€…ွပ်α€…ွဲချα€€်α€”ဲ့ α€–α€™်းဆီးတာα€–ြα€…်α€”ိုင်α€α€š်α€œို့ The Mindat Post α€€ α€”ားα€œα€Š်ထားပါα€α€š်။

 

α€–α€™်းဆီးခံα€›α€žူ ငါးဦးထဲα€€ ပြα€”်α€œွတ်α€œာα€žူα€™α€›ှိα€žေးα€žα€œို α€™ေα€œ ၂၂ α€›α€€်α€”ေ့ α€€ျောα€€်ထုα€™ြို့α€”α€š် မင်းα€€ြα€Š့်α€›ွာထနီး α€…α€…်α€€ောင်α€…ီα€–α€™်းဆီးတဲ့ မင်းတပ်α€™ြို့α€”α€š်၊ ခင်α€–ောင်α€›ွာα€žား ၂ α€₯ီး α€žေဆုံးα€€ြောင်း α€€ောα€œα€Ÿာα€œα€€ြားα€žိα€›α€α€š်α€œို့α€œα€Š်း HKL – Mindat α€€ α€–ော်ပြထားပါα€α€š်။

 

α€…α€…်α€€ောင်α€…ီα€€ α€…ွပ်α€…ွဲα€–α€™်းဆီးထားတဲ့ မင်းတပ်α€™ြို့α€”α€š် α€’ေα€žα€ံငါးဦးα€”ဲ့ပတ်α€žα€€်ပြီး The Mindat Post ထနေα€”ဲ့α€œα€Š်း ဆက်α€œα€€်α€…ုံα€…α€™်း တင်ပြပေးα€žွားပါα€™α€š်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment