2nd JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ၂ရခိုင်အမျိုးသားပါတီ ANP လူငယ်ခေါင်းဆောင် ဂန္ဘာရီ ကို စစ်တပ်က အကြောင်းမဲ ဖမ်းဆီး

📌 ၂။ ဖလမ်းမြို့က ရဲ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ CNDF ထံ အလင်းဝင်

📌 ၃။ အကြမ်းဖက်စစ်ကောင်စီက  ပြည်ပရှိ မြန်မာဘုန်းတော်ကြီးတွေထံချဉ်းကပ်ပြီး ဘွဲ့တံဆိပ်တွေ ဆက်ကပ်၍ စည်းရုံးမှုတွေ လုပ်နေ ဟုဆို

📌 ၄။ သံတွဲမြို့ ကို စစ်တပ်က မီးဖြတ်ထားတာကြောင့် ဖုန်းတလုံးကို ကျပ် ၁၀၀၀ နီးပါးပေးပြီး အားသွင်းနေရ 


၂၀၂၄ ခုနှစ် မေလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရေဦးမှာ အိမ်အပြင်ထွက်ထိုင်နေတဲ့ အဘွားအို လက်နက်ကြီးကျည်ထိပြီး သေဆုံး

🚩 ၂။ မုံရွာ- ချောင်းဦး-မြင်းမူ လမ်းတလျောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာမှာ တလအတွင်း စစ်အုပ်စုဘက်က ၃၅ ဦး သေဆုံး

🚩 ၃။ ကလေးခရိုင်က တပ်ရင်း ရင်းကိုပေါင်းပြီး တပ်ရင်း ၁၆ အဖြစ်ဖွဲ့စည်း

🚩 ၄။ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေထဲက အမြောက် ၅၂ လက် တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထား

🚩 ၅။ သင်္ဃန်းညီနောင်ဗျူဟာ ရန်သူ့လက်ပြန်မရောက်ရေး အတိတ်ကဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲ ၂ခုကို သင်ခန်းစာယူဖို့ KNLA တပ်မှူးသတိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၂ရခိုင်အမျိုးသားပါတီ ANP လူငယ်ခေါင်းဆောင် ဂန္ဘာရီ ကို စစ်တပ်က အကြောင်းမဲ ဖမ်းဆီး


ရခိုင်အမျိုးသားပါတီ ANP လူငယ်ခေါင်းဆောင် ဂန္ဘာရီ ကို ရန်ကုန်မြို့ လှိုင်မြို့နယ်က ၎င်းရဲ့နေအိမ်ကနေ အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ANP လူငယ်ခေါင်းဆောင် ဂန္ဘာရီ နဲ့အတူ ရခိုင်လူငယ် ဦးကို အကြမ်းဖက်စစ်တပ်က မေလ ၃၁ ရက်နေ့ ညက ဖမ်းဆီး သွားတာဖြစ်ပြီး အဆက်အသွယ်ပြတ်နေတယ်လို့ ဂန္ဘာရီ နဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Western News က ဖော်ပြပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ဂန္ဘာရီ ရဲ့ အမည်ရင်းက ခင်ဝင်းမောင်ဖြစ်ပြီး ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ နှစ်ကစပြီး နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသားတဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

၎င်းဟာ အာဏာမသိမ်းမီအချိန် ပါတီများအသက်ဝင်ချိန်က ရခိုင်အမျိုးသားပါတီ ANP မှာ လူငယ်ရေးရာတွေကိုတက်တက် ကြွကြွ ပါဝင်လုပ်ကိုင်ခဲ့သူတဦးဖြစ်တဲ့အပြင် ANP Youth Wing ရဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဂန္ဘာရီ ဟာ နိုင်ငံရေးပါတီမှာ ထဲထဲဝင်ဝင်လှုပ်ရှားခဲ့ပြီး ရေဘေးကယ်ဆယ်ရေး၊ စစ်ရှောင်များအရေး၊ သဘာဝဘေး အန္တရာယ်အရေး စတဲ့ လူမှုရေးလုပ်ငန်းတွေမှာလည်း တက်ကြွစွာ ကူညီဆောင်ရွက် ခဲ့သူတဦးလို့ Western News က ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ဖလမ်းမြို့က ရဲ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ CNDF ထံ အလင်းဝင်


ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီလက်အောက်ခံ ရဲ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်-CNO/CNDF က ထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ဦးဆန်ထောင်းအပါအဝင် ရဲ ဦးဟာ မေလ ၃၁ ရက်က အလင်းဝင်လာခဲ့တာလို့ သိရပါတယ်။

အလင်း၀င်လာသူတွေထဲက ရဲတပ်သား ဟိန်းထက်စံက G3 သေနတ်တလက်၊ H. Gernades လက်ပစ်ဗုံး၄လုံးနဲ့ ကျည်များ၊ ရဲတပ်သား ဟွခန့်စိန်က လက်ပစ်ဗုံး ၂လုံးနဲ့ ကျည်များ ယူဆောင်လာတယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာ အလင်းဝင်လာတဲ့ရဲတွေကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားတယ်လို့လည်း CNO/CNDF သတင်းပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် CNO/CNDF ထံ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ရှိနေပြီလို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီက  ပြည်ပရှိ မြန်မာဘုန်းတော်ကြီးတွေထံချဉ်းကပ်ပြီး ဘွဲ့တံဆိပ်တွေ ဆက်ကပ်၍ စည်းရုံးမှုတွေ လုပ်နေ ဟုဆို


Radio NUG ဇွန် ၂၊ ၂၀၂၄


မြန်မာပြည်ပြင်ပမှာ သီတင်းသုံးနေကြတဲ့ မြန်မာဘုန်းတော်ကြီးတွေကို ဘွဲ့တံဆိပ်တွေ ဆက်ကပ်ပြီး ချဉ်းကပ်စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်ကို အမေရိကန်ပြည် ဆန်ဖရန်ဘေးဧရိယာ မြန်မာနွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားနေသူ အဖွဲ့အစည်းများက ရေဒီယို NUG ကို အသိပေးအကြောင်းလိုက်ပါတယ်။


ဂျပန်နိုင်ငံရောက် မြန်မာဘုန်းတော်ကြီး ၂ပါးကို စစ်ကောင်စီသိမ်းပိုက်ထားတဲ့ မြန်မာတိုကျိုသံရုံးကို ပင့်ဖိတ်ပြီး ဘွဲ့တံဆိပ်တွေ ဆက်ကပ်ခဲ့ကြောင်း သတင်းကို အမေရိကန်ပြည် လော့အိန်ဂျလိစ်ရှိ စစ်ကောင်စီခြေကုပ်ယူထားတဲ့ မြန်မာကောင်စစ်ဝန်ရုံးက ၎င်းတို့ ဖေ့စ်ဘွတ်ကနေ မေလ ၂၄ က ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းနောက် ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီး ကျောင်းက ဆရာတော် တွေကို ဘွဲ့တံဆိပ်လာရောက် ဆက်ကပ်မည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိရှိ မြန်မာစစ်ကောင်စီကိုယ်စားလှယ်က ဆရာတော်တွေကို အသိပေးလာတဲ့အကြောင်း မေလ ၃၁ ရက်နေ့မှာ သိရပါတယ်။

အဆိုပါ သတင်းကို ကြားသိသိချင်း ဆန်ဖရန်ဘေးဧရိယာအခြေစိုက် မြန်မာအရေးလှုပ်ရှားသူများက အရေးပေါ်အစည်းအဝေးခေါ်ဆိုပြီး ဆိုင်ရာဘုန်းတော်ကြီကျောင်းက ဆရာတော်များကို တိုက်ရိုက်ဆက်သွယ်ပြီး အကြမ်းဖက် စစ်ကောင်စီအပေါ် ထားရှိတဲ့ ဆရာတော်တွေ၏ သဘောထားတွေ မေးမြန်းစုံစမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဆရာတော်အချို့က အကြမ်းဖက်စစ်ကောင်စီ၏ ဘွဲ့တံဆိပ်ဆက်ကပ်မှုကို လက်ခံလိုခြင်းမရှိကြောင်း၊ စစ်ကောင်စီကိုယ်စားလှယ်တွေ လာရောက်ရန်မလိုကြောင်း အကြောင်းပြန်ခဲ့ကြတယ်လို့ သိရပါတယ်။ အချို့ဆရာတော်တွေကတော့ အဆိုပါ လာရောက်ချီးကပ်မည့်အစီအစဉ်အပေါ်  မတင်မကျသဘောထားမျိုးသာ ပေးကြတယ်လို့ ဆိုပါတယ်။  အကြမ်းဖက် စစ်ကောင်စီ၏ ပြည်သူလူထု၏ ဆန့်ကျင်တော်လှန်မှုကို ပြင်းထန်စွာ ခံနေရပြီး စစ်ရေး နိုင်ငံရေး ရှုံးနိမ့်နေချိန်မှာ ဘာသာရေး လူမျိုးရေးဘက်ပေါင်းစုံကနေ ပြည်သူလူထုကြားထဲမှာ အချင်းချင်း သွေးကွဲအောင် စည်းလုံးညီညွတ်မှု ပြိုကွဲအောင် ကြိုးစားလာနေတာ ဖြစ်တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တညီတညွတ်တည်း သုံးသပ်ကြပါတယ်။ စစ်ကောင်စီကိုယ်စားလှယ်တွေ လာပြီး ဘွဲ့လာကပ်ရင် မြန်မာကွန်မြူနီတီက ဘုန်းတော်ကြီးကျောင်းတွေမှာ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲတွေ လုပ်မယ်လို့ အရေးပေါ်အစည်းအဝေးမှာ မြန်မာအရေးဆော်ဩသူတွေက ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။


စစ်ကောင်စီကိုထောက်ခံတဲ့ သံဃာအဖြစ် နာမည်ကျော်ကြားတဲ့ ရန်ကုန်၊ သံလျင်က သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၂၀၂၃ ဇူလိုင်လက ဆန်ဖရန်စစ္စကိုဘေးဧရိယာကို လာရောက်စဉ်တုန်းကလည်း မြန်မာတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ "သစ္စာဖောက် အလိုမရှိ၊ သင်္ကန်းခြုံ စစ်မိစ္ဆာဘုန်းကြီး အလိုမရှိ" စတဲ့ ကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးဆန္ဒပြကြလို့ အဆိုပါ ဘုန်းကြီး နာမည်ပျက်ပြီး မြန်မာပြည်ကို အမြန်ပြန်သွားခဲ့ရပါတယ်။ 


========================


📌📌 ၄။ သံတွဲမြို့ ကို စစ်တပ်က မီးဖြတ်ထားတာကြောင့် ဖုန်းတလုံးကို ကျပ် ၁၀၀၀ နီးပါးပေးပြီး အားသွင်းနေရ 


အကြမ်းဖက်စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတဲ့ သံတွဲမြို့မှာ မီးမရတာကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုဘ၀ အခြေအနေ ဆိုးရွားနေပြီး ဖုန်းတလုံးကို ကျပ် ၁၀၀၀ နီးပါးပေးပြီး အားသွင်းနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တွေက ပြောပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် နယ်မြေတည်ငြိမ်မှုမရှိတော့တဲ့အတွက် အကြမ်းဖက်စစ်တပ်ဟာ သံတွဲမြို့ကိုပိတ်ဆို့ကာ ခုခံစစ်အတွက် ပြင်ဆင်နေပြီး လျှပ်စစ်မီးရရှိရေး စစ်ကောင်စီက လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ 

ဒေသတွင်းသတင်းရင်းမြစ်တခုဖြစ်တဲ့ Dwayarwad Community Base News Agency ကတော့ သံတွဲမြို့မှာ လျှပ်စစ်မီး မရတော့တာကြောင့် ဘဏ်လုပ်ငန်း၊ ဆေးရုံက ခွဲစိတ်မှုဆိုင်ရာလူနာတွေဟာ ဖုန်းလိုင်းဆက်သွယ်ရေးအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် သံတွဲမြို့မှာ ဖုန်းအားသွင်းခြင်း၊ ပါဝါဘန့်အားသွင်းခြင်း၊ အားသွင်းပြီးအသုံးပြုရတဲ့ ဓာတ်မီး၊ မီးသီးများကို အားသွင်းပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

တမြို့ နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဖုန်းအားသွင်းလိုသူများလာတဲ့အတွက် မီးစက်ရှိတဲ့အိမ်တွေမှာ ဖုန်း တလုံးကို ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိပေးပြီး အားသွင်းနေရသလို ပါဝါဘန့်တလုံး အားတစ်ခါသွင်းလျှင် ကျပ် ၁၀၀၀ ပေးရတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်း‌နွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရေဦးမှာ အိမ်အပြင်ထွက်ထိုင်နေတဲ့ အဘွားအို လက်နက်ကြီးကျည်ထိပြီး သေဆုံး


စစ်ကိုင်းတိုင်း ရေဦးမြို့နယ် နှောကုန်းကျေးရွာမှာ ရာသီဥတုပူပြင်းတာကြောင့် အိမ်ပြင်ထွက်ထိုင်နေတဲ့ အဘွားအိုတဦး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မေလ ၃၁ ရက် နာရီကျော်အချိန်မှာ မြို့အနောက် ဘက် မိုင်ခန့်အကွာမှာရှိတဲ့ နှောကုန်းရွာကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာမှာ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ ဒေါ်ကြည်စိန်ဆိုသူရဲ့ ဦးခေါင်းကို လက်တက်ကြီးစထိမှန်ပြီး သေဆုံးခဲ့တာလို့ ရေဦးနယ်အခြေပြု People's Defense Comrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။

ရေဦးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ နှောကုန်းရွာအပါအဝင် အခြားကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ အကြာင်းမဲ့ ပစ်ခတ်မှုတွေ မကြာခဏပြုလုပ်လာတယ်လို့လည်း သိရပါတယ်။

ဧပြီတတိယပတ်အတွင်းကလည်း နှောကုန်းရွာမှာ ဆွမ်းလောင်းပွဲပြုလုပ်နေချိန် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ရှိပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလတလျှောက် နှောကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ အကြိမ် ၄၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။


========================


🚩🚩 ၂။ မုံရွာ- ချောင်းဦး-မြင်းမူ လမ်းတလျောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာမှာ တလအတွင်း စစ်အုပ်စုဘက်က ၃၅ ဦး သေဆုံး


စစ်ကိုင်းတိုင်းထဲက မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်းတလျောက်သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပါအဝင် ပျူစောထီးတွေကို တော်လှန်ရေးအင်းအားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ တလအတွင်း စစ်အုပ်စုဘက်က ၃၅ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်-၁၁ တပ်ရင်း- People's Defence Force - South Monywa က ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ မုံရွာခရိုင် အမှတ်-၁၁ တပ်ရင်း People's Defence Force - South Monywa က မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မေလ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့ထိ တလတာကာလအတွင်း မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၃ ကြိမ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမစ်ရှင်တွေထဲမှာ စစ်အုပ်စုဘက်က ၃၅ ဦးသေဆုံးသွားတယ်ဆိုတာကို လက်ရှိအချိန်မှာ အတည်ပြုထားနိုင်တယ်လို့ မုံရွာခရိုင် အမှတ်-၁၁ တပ်ရင်းက အသိပေးထားပါတယ်။

လက်ရှိမှာ မုံရွာခရိုင် အမှတ် -၁၁ တပ်ရင်း People's Defence Force - South Monywa အနေနဲ့ မစ်ရှင်တွေ ဆက်လက် ဖော်ဆောင်နိုင်ဖို့ ရန်ပုံငွေအခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ခဲယမ်းနဲ့ကျည်တွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့ မိဘပြည်သူများအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၃။ ကလေးခရိုင်က တပ်ရင်း ရင်းကိုပေါင်းပြီး တပ်ရင်း ၁၆ အဖြစ်ဖွဲ့စည်း

 

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာရှိတဲ့ ကလေးခရိုင် တပ်ရင်း ရင်းကို စုပေါင်းပြီး ကလေးခရိုင် တပ်ရင်း ၁၆ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ ဇွန်လ ရက်နေ့မှာ ကလေးခရိုင် တပ်ရင်း ၁၆ က ထုတ်ပြန်ပါတယ်။


ကလေးခရိုင် တပ်ရင်း ၂၊ ကလေးခရိုင် တပ်ရင်း ၅နဲ့ ကလေးခရိုင် တပ်ရင်း တို့ကို စုပေါင်းပြီး ကလေးခရိုင် တပ်ရင်း ၁၆ အဖြစ် ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရေးအတွက် ကလေးခရိုင်အတွင်းမှာ  တော်လှန်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ ရည်ရွယ်ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။


အခုလိုမဖွဲ့စည်းခင်က ဒီတပ်ရင်း ရင်းဟာ PDF စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲတဲ့ တပ်ရင်းတခုစီအဖြစ်ရှိနေခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွေမှာ ကလေးတောင်ပိုင်း ပူးပေါင်းစစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


ကလေးခရိုင် အမှတ် ၁၆ တပ်ရင်းအနေနဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ပြီး အနာဂတ်တိုင်းပြည် အေးချမ်းသာယာရေးအတွက် စစ်မှန်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင် နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။ 


ကလေးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာကတည်းက ခရိုင်တပ်ရင်းတွေနဲ့ Local တပ်ရင်းတွေ စုပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ တွေ ဆင်နွှဲနေခဲ့တာမှာ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းနဲ့ ကျေးရွာစခန်း ၁၀ ခုဝန်းကျင်ကို သိမ်းဆည်းထားနိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေထဲက အမြောက် ၅၂ လက် တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထား


မြန်မာနိုင်ငံအနှံ့က အရပ်သားပြည်သူတွေကို ပတ်ခတ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီး အမြောက် ၅၂ လက်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ PDF အဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

 စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေ၊ စစ်ဥပဒေတွေ၊ ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး အရပ်သား ပြည်သူတွေ ကို အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေရာမှာ အဲဒီလိုပစ်ခတ်နေတဲ့ အမြောက်တွေထဲက အမြောက် ၅၂ လက်ကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တာလို့ စစ်ရေးအခြေအနေတွေကို သုံးသပ်ဖော်ပြနေတဲ့ PDF Insight က အသိပေးလိုက်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်းကနေ ၂၀၂၄ ခုနှစ် မေလအတွင်းမှာ အမြောက်မျိုးစုံ ၅၂ လက် သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီအမြောက်တွေအားလုံးနီးပါးကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာလို့လည်း ရှင်းပြထားပါတယ်။

ရှမ်းပြည်နယ်က ၃၃ လက်၊ ကချင်ပြည်နယ်က လက်၊ ရခိုင်ပြည်နယ်က လက်၊ ကရင်ပြည်နယ်က လက်၊ ချင်း ပြည်နယ်က လက်နဲ့ မွန်ပြည်နယ်က တလက် သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး အဓိကအားဖြင့် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ၃၃ လက်နဲ့ အများဆုံးသိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။

အခုလို ရန်သူ့အမြောက်စခန်းတွေ၊ ဟောင်ဝစ်ဇာအမြောက်ကြီးတွေ၊ တောင်ပေါ်ပစ်အမြောက်တွေကို သိမ်းယူနိုင်လိုက်တဲ့ အတွက် တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုး ထိန်းချုပ်နိုင်မှု ကျယ်ပြန့် ခိုင်မာလာသလို အပစ်မဲ့အရပ်သား ပြည်သူတွေ အပေါ် အကြမ်းဖက်စစ်တပ်က တိုက်ခိုက်နေမှုတွေကို အထိုက်အလျောက် ဟန့်တားနိုင်ခဲ့တယ်လို့လည်း အသိပေးပါတယ်။ 

ဒီလို အမြောက်တွေ ဆုံးရှုံးမှုများတာကြောင့် အမြောက်တပ်ဖွဲ့က ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သက်အောင် ရာထူးကနေ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ လက်နက်ကြီးတွေအပါအဝင် လက်နက်ပေါင်းစုံနဲ့ တိုက်ခိုက်ခွင့်ရနေပေမယ့် ဒါဟာ တိုက်ပွဲရဲ့ အဆုံးအဖြတ်မဟုတ်ဘဲ နိုင်ငံရေးခံယူချက်နဲ့ စွန့်လွှတ်တိုက်ခိုက်မှုကသာ အဓိကဖြစ်တယ်ဆိုတာကို အမြောက်ကြီးတွေ သိမ်းယူရရှိမှုက ပြသနေတာလည်းဖြစ်တယ်လို့ PDF Insight မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်ယန္တရားတွေ၊ အမြောက်တွေ၊ လေယာဉ်တွေ တပ်ဆင်ထားပေမယ့် အင်အားခိုင်မာ တောင့်တင်းမှု မရှိဘူးဆိုတာကို ပြသနေတာဖြစ်ပြီး အမြောက်ကြီးတွေ၊ ခံတပ်တွေ၊ စစ်လေယာဉ်တွေ ဘယ်လောက်သုံးသုံး နောက်ဆုံးမှာ တော်လှန်ရေးတပ်တွေရဲ့ချေမှုန်းခံရမှာဆိုတာကိုလဲ ပြသနေတယ်လို့လည်း အသိပေးထားပါတယ်။


========================


🚩🚩 ၅။ သင်္ဃန်းညီနောင်ဗျူဟာ ရန်သူ့လက်ပြန်မရောက်ရေး အတိတ်ကဖြစ်ခဲ့တဲ့ နယ်စပ်တိုက်ပွဲ ၂ခုကို သင်ခန်းစာယူဖို့ KNLA တပ်မှူးသတိပေး


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူ ထားတဲ့ မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ဗျူဟာ စစ်ကောင်စီထံ ပြန်မရောက်ရေး ၁၉၈၈ ကာလ နယ်စပ်တိုက်ပွဲ ခုကို သင်ခန်းစာယူဖို့ KNLA ပထမတန်း စစ်ဦးစီးမှူး ဗိုလ်မှူးချုပ်စောတာမလာသောက တိုက်တွန်းပြောကြားလိုက်ပါတယ်။

အာရှလမ်းမကြီးမှာ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ် လာတာကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ ရန်ပုံငွေရှာဖွေရေး Campaign - တောနော် အစီအစဉ်မှာ KNLA က ပထမတန်း စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသောက အခုလို ပြောဆိုလိုက်တာပါ။ 

KNLA ဦးဆောင်မှုနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရဲဘော် ရဲဘက် ခေါင်းဆောင်တွေကနေ အောက်ခြေ ရဲဘော်အထိ မျက်နှာချင်းဆိုင်တိုက်ခိုက်တာ၊ စစ်နည်းပရိရာယ်အတိုင်း ကဏ္ဍအလိုက် ကြိုးပမ်းအားထုတ်တာတွေကြောင့် ရန်သူ စစ်ဗျူဟာ အခြေချ (စဗခ -သင်္ဃန်းညီနောင်) ကို သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခဲ့ရာမှာ ကရင့်တော်လှန်ရေးသမိုင်းတလျောက် ၁၂၂ မမ အမြောက် လက် သိမ်းပိုက်ရရှိတဲ့အထိ အောင်မြင် ခဲ့တာဟာ ကရင်လူမျိုးတို့အတွက် ဂုဏ်ယူစရာဖြစ်တယ်လို့ KNLA တပ်မှူးက ပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးတင်မက ဂုဏ်သိက္ခာအရပါ ထိခိုက်ခဲ့ရတယ်လို့ ဗိုလ်မှူးချုပ် စောတာမလာသောက ပြောပါတယ်။

စစ်ကောင်စီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အာရှလမ်းပေါ်က မဟာဗျူဟာမြောက်တပ်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက် စစ်ကောင်စီဘက်က ဒုတိယအမြင့်ဆုံးခေါင်းဆောင် မော်လမြိုင်ထိဆင်းပြီး လာရောက်ကွပ်ကဲခဲ့ရတဲ့အပြင် တပ်အင်အား စက်ယန္တရား၊ တိုက်လေယာဉ်၊ စစ်သင်္ဘော စတာတွေ နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးအစီအမံချမှတ်ပြီး ၎င်းတို့ရည်မှန်းချက်ကို တည့်မတ်စွာဆောင်ရွက်နေတယ်လို့လည်း KNLA တပ်မှူးက အသိပေးထားပါတယ်။

ဒါကြောင့် KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ သင်္ဃန်းညီနောင်ဗျူဟာ ရန်သူ့လက် ပြန်မရောက်ရေး တော်လှန်ရေးသမိုင်းမှာဖြစ်ခဲ့တဲ့ ဘုရားသုံးဆူတိုက်ပွဲနဲ့ မယ်သဝေါနယ်စပ် တိုက်ပွဲတို့အပေါ် သင်ခန်းစာယူကြဖို့ KNLA တပ်မှူးက အကြံပြုထားပါတယ်။

၁၉၈၈ ခုနှစ်ကဖြစ်ခဲ့တဲ့ ဘုရားသုံးဆူတိုက်ပွဲဟာ စစ်အာဏာရှင်နဲ့တိုက်ရတဲ့ စစ်ပွဲမဟုတ်ဘဲ မဟာမိတ်တွေကြား နယ်မြေ လုရာကနေ တင်းမာမှုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခအဆင့်ထိ ရောက်ရှိသွားရာက နောက်ဆုံးမှာ ဘုရားသုံးဆူဒေသဟာ ရန်သူ့ စစ်အာဏာရှင်လက်ထဲ ရောက်ရှိသွားတယ်လို့ အတိတ်ကဖြစ်တဲ့ တိုက်ပွဲအကြောင်းကို ၎င်းက ရှင်းပြပါတယ်။ 

ထို့အတူ မယ်သဝေါတိုက်ပွဲဟာလည်း ၁၉၈၈ မှာဖြစ်ခဲ့ပြီး ရန်သူဘက်က တန်ပြန်ထိုးစစ်ဆင်ရာမှာ ဒေသမှာရှိတဲ့ စစ်တိုင်း က ကွပ်ကဲတဲ့ စစ်ဆင်ရေးမဟုတ်ဘဲ စစ်ရုံးချုပ်က ဗိုလ်ချုပ်မောင်လှက နိုင်ငံတော်အဆင့်ကွပ်ကဲပြီး လက်နက်ကြီးတွေ အမြောက်အများ ပို့ဆောင်ကာ ပစ်ခတ်ချေမှုန်းခဲ့တာကြောင့် KNLA တပ်ဖွဲ့တွေဟာ အချိန်တိုအတွင်းမှာပဲ စခန်းကို လက်လွှတ်ဆုံးရှုံးလိုက်ရတယ်လို့ ဆက်ပြီး ရှင်းပြပါတယ်။

ဒါကြောင့် ရန်သူ့ဘက်က ဖန်တီးနေတဲ့ သတင်းတွေအပေါ် စီးမျောမနေဖို့နဲ့ ရန်သူတွေမတိုးပွားလာစေဖို့ သတိချပ်ရမှာ ဖြစ်သလို စစ်အာဏာရှင် အမြန်ကျဆုံးရေး မိမိတို့ကလည်း မဟာဗျူဟာနဲ့ နည်းဗျူဟာရှိဖို့လိုတယ်လို့ ဗိုလ်မှူးချုပ် စောတာမလာသောက သတိပေးထားပါတယ်။ 

စစ်ကောင်စီဘက်က သင်္ဃန်းညီနောင်ပြန်ရရေး ထိုးစစ်ဆင်ရာမှာ စစ်လော်ဘီတွေက တော်လှန်ရေးဘက်တော်သားအဖြစ် သရုပ်ဆောင်ပြီး လုပ်ကြံဖန်တီးကာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

စစ်လော်ဘီတွေတွေရဲ့ သတင်းတွေအပေါ် စီးမျောပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံတဲ့အင်အားစုတွေ  စိတ်ပျက် လက်ပျက်ဖြစ်နေချိန်မှာ ရန်သူဘက်က ၎င်းတို့မဟာဗျူဟာကို အကောင်အထည်ဖော်နေတယ်လို့လည်း ဗိုလ်မှူးချုပ် စောတာမလာသောက သတိပေးထားပါတယ်။

ရန်သူဘက်က စစ်သားတွေ စိတ်ဓာတ်ရေးရာကျဆင်းနေပေမယ့် လက်နက်နဲ့အရင်းအမြစ်တွေ ရှိနေတာကြောင့် ရေရှည် စစ်ပွဲ ဆင်နွှဲကာ မိမိတို့ဘက်က ကျည်နဲ့ခဲယမ်းအင်အားနည်းချိန်မှ တိုက်ခိုက်ချေမှုန်းဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုတာ ယုံမှားသံသယမရှိဘူးလို့ KNLA တပ်မှူးက ဆက်လက်ပြောဆိုထားပါတယ်။

ဒါကြောင့် ရန်သူဘက်ကကျင့်သုံးနေတဲ့ မဟာဗျူဟာကို တည့်တည့်မတ်မတ်ရှုမြင်ကာ ၎င်းတို့ရဲ့ထိုးစစ်ကို ရိုက်ချိုးနိုင်ဖို့ မိမိတို့အနေနဲ့ ကျရာအခန်းကဏ္ဍကနေလက်တွဲပြီး စုပေါင်းပါဝင်ကြဖို့ ဗိုလ်မှူးချုပ် စောတာမလာသောက တိုက်တွန်းထားပါ တယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment