4th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် အသိပေးကြဖို့ယာယီသမ္မတတိုက်တွန်း

📌 ၂။ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊စစ်တွေမြို့နယ်၊ဗျိုင်းဖြူရွာရှိ အရပ်သားပြည်သူများ အား အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီး၍ ပြည်သူ(၅၁) ဦးအား သတ်ဖြတ်ခဲ့ပြီး ကျေးရွာ()ရွာအား မီးရှို့ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်ရေးဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်

📌 ၃။ VPNနဲ့ပတ်သက်၍ သတိလက်လွတ်မဖြစ်စေဖို့ ဝန်ကြီးဒေါက်တာတူးခေါင်သတိပေး

📌 ၄။ စစ်အာဏာရှင်ပြုတ်ကျသည်အထိ ရပ်တည်ချက် မှန်မှန်ကန်ကန်ဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေလို့ နှစ် ၆၀ ပြည့် ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့မှာ လူ့အခွင့်ရေးဒုဝန်ကြီးဆုမွန်ကောင်းတောင်း

📌 ၅။ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကို စဉ်ဆက်မပြတ် ကျုးလွန်လာတဲ့ စစ်ကောင်စီက ပြေးမလွတ်စေရဘူးလို့သတိပေးဆို


၂၀၂၄ ခုနှစ် ဇွန်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်းတပ်ခွဲ()လျှပ်စီးတပ်ခွဲမှထုပ်လုပ်ထားတဲ့၆၀မမစိန်ပြောင်းများကိုမဟာမိတ်များထံခွဲဝေပေးမယ်

🚩 ၂။ ဒေါနစစ်ကြောင်း(P29902)က ထိန်းသိမ်းစောင့်ရှောက်ထားသော စစ်သုံ့ပန်းများထားရှိရာ အချုပ်ထောင်သို့သွားရောက်၍ အချုပ်သားများ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးမှုပြုလုပ်

🚩 ၃။ ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာနှင့်ဂွေးချိုပျူရွာမှ ထွက်လာသော အင်အား၄၀ဦးခန့်စကစနဲ့ပျူများအား ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်၍တဦးသေဆုံး

🚩 ၄။ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း() အထူးကွန်မန်ဒိုတပ်ဖွဲ့- Monywa The Boys  ရဲ့ လက်စွမ်းပြမှုနဲ့ စကစ () ဦးသေဆုံးကာလက်နက်အချို့သိမ်းဆည်းရရှိ

🚩 ၅။ သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်း ခု တိုက်ခိုက်ခံရပြီး စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် အသိပေးကြဖို့ယာယီသမ္မတတိုက်တွန်း


ဇွန်လ၄ရက်


စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် အသိပေးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်း ပြောကြားလိုက်ပါတယ်။


"ဒီနေ့အစည်းအဝေးမှာ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံး တွန်းတွန်းတိုက်တိုက် ဆော်ဩဖို့ လိုနေတဲ့ကိစ္စတစ်ခုကို အလေးအနက်ထား ပြောချင်ပါတယ်။ အဲသည့်ကိစ္စကတော့ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် တွန်းတွန်းတိုက်တိုက် အသိပေးကြဖို့ကိစ္စပဲ ဖြစ်ပါတယ်။ အခုအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ ကိစ္စဟာ အင်မတန်မှ ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ပြည်သူနဲ့အတူ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို အကျယ်ပြန့်နိုင်ဆုံးအထိ မြှင့်တင်လုပ်ဆောင်နေပြီး ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း အထူးလိုအပ်နေတယ်လို့ယာယီသမ္မတကပြောပါတယ်။


========================


📌📌 ၂။ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊စစ်တွေမြို့နယ်၊ဗျိုင်းဖြူရွာရှိ အရပ်သားပြည်သူများ အား အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီး၍ ပြည်သူ(၅၁) ဦးအား သတ်ဖြတ်ခဲ့ပြီး ကျေးရွာ()ရွာအား မီးရှို့ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်ရေးဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်


ဇွန်လ၄ရက်


ရခိုင်ပြည်နယ် စစ်တွေခရိုင်၊စစ်တွေမြို့နယ်၊ဗျိုင်းဖြူရွာရှိ အရပ်သားပြည်သူများ အား အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီး၍ ပြည်သူ(၅၁) ဦးအား သတ်ဖြတ်ခဲ့ပြီး ကျေးရွာ()ရွာအား မီးရှို့ခဲ့သည့်ဖြစ်စဉ်ကို ဇွန်လ၄ ရက်မှာ လူ့အခွင့်ရေးဝန်ကြီးဌာနကအသေးစိတ်ထုတ်ပြန်လိုက်ပါတယ်။


၂၀၂၄ခုနှစ်၊ မေလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဘေးရှိ ဗျိုင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုမှ အလုံးအရင်းဖြင့် ဝင်ရောက်ကာ တရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ ဖမ်းဆီ:သတ်ဖြတ်မှုကြောင့် အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး()ဦး စုစုပေါင်းပြည်သူ (၅၁)ဦး သေဆုံးခဲ့ရပါတယ်။


ကျူးလွန်မှုများကို  တပ်မ၁၀၁နှင့်စစ်တွေ အခြေစိုက်ဒစကတပ်ဖွဲ့ဝင်များ၊အခြားတပ်ရင်းမှထုတ်နုတ်အင်အားနှင့်အခြားသောလက်နက်ကိုင်များပါဝင်တယ်လို့ဖော်ပြပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ 


========================


📌📌 ၃။ VPNနဲ့ပတ်သက်၍ သတိလက်လွတ်မဖြစ်စေဖို့ ဝန်ကြီးဒေါက်တာတူးခေါင်သတိပေး


ဇွန်လ၄


VPNနဲ့ပတ်သက်၍ သတိလက်လွတ်မဖြစ်စေဖို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဇွန်လ၄ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားထားပါတယ်။


"VPN သုံးတာ တရားမဝင်ဘူး ဆိုရင်တော့ ပြည်တွင်းအခြေစိုက်မီဒီယာ အားလုံး နဲ့ အွန်လိုင်းလုပ်ငန်း လည်ပတ်မှုအားလုံး Facebook ပေါ်တင်လို့မရတော့ဘူး ဆိုတဲ့သဘော တက်ရောက်ပါတယ်။ Facebook ပေါ်တင်ရင် VPN သုံးလို့ ဆိုပြီး ငွေညှစ်ခံရမယ်။ အဖမ်းခံရမယ်။

သာမန်ပြည်သူတွေအတွက်တော့ VPN ပိတ်လို့ မရပါဘူး၊ ဒါပေမယ့် သူတို့မကြည်တဲ့ လူတယောက်ယောက် facebook အကောင့်သုံးတဲ့သူ သိရင် ငွေညှစ်ခံရနိုင်တယ်။ အရင်ကတော့ တော်လှန်ရေး အားပေးတဲ့ သူတွေ

ပဲscreenshot ရိုက်ပြီး အရေးယူတာ။ အခုတော့ သာမန် ပုံတင် Status update လုပ်တာတောင် VPN အမှုနဲ့ ညှိနိုင်တယ်။ သတိလက်လွတ်မဖြစ်ပါစေနဲ့"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စကစဟာ Face Bookကိုကန့်သတ်ပိတ်ပင်ထားပြီး Face Bookမှတော်လှန်ရေးအကြောင်းအရာများကိုမထောက်ခံဖို့လည်း လူထုကို အကြပ်ကိုင်နှိုးဆော်မှုများရှိနေပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်ပြုတ်ကျသည်အထိ ရပ်တည်ချက် မှန်မှန်ကန်ကန်ဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေလို့ နှစ် ၆၀ ပြည့် ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့မှာ လူ့အခွင့်ရေးဒုဝန်ကြီးဆုမွန်ကောင်းတောင်း


ဇွန်လ၄ရက်


စစ်အာဏာရှင်ပြုတ်ကျသည်အထိ ရပ်တည်ချက် မှန်မှန်ကန်ကန်ဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေလို့ ဇွန်လ၄ရက်မှာကျရောက်တဲ့ နှစ် ၆၀ ပြည့် ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့မှာ လူ့အခွင့်ရေးဒုဝန်ကြီးခွန်ဗဟန်းထန်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


"ဂျွန်လ ရက်နေ့တွင် ကျရောက်သော နှစ် ၆၀ ပြည့် ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။၁၉၆၄ ဂျွန်လ ရက်နေ့တွင် စတင်ခဲ့သော ကယန်းအမျိုးသားထု လက်နက်ကိုင်တော်လှန်ရေးသည် ကယန်းတစ်မျိုးသားလုံးနှင့် အဖိနှိပ်ခံဘဝတူ ပြည်ထောင်စုဖွား သွေးချင်းညီအစ်ကိုများအားလုံးအတွက် စစ်အာဏာရှင်ဖိနှိပ်မှုကို တွန်းလှန်တော်လှန်ခဲ့သော နေ့ဖြစ်သည်ဆက်လက်ပြီး ကယန်းပြည်သူတစ်ရပ်လုံးနှင့် အဖိနှိပ်ခံဘဝတူမြန်မာပြည်သူတစ်ရပ်လုံးအတွက် ပြည်သူများဘက်မှ မားမားမတ်မတ်ရပ်တည်ပြီး စစ်အာဏာရှင်ပြုတ်ကျသည့်အထိ ရပ်တည်ချက် မှန်မှန်ကန်ကန်ဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေလို့ ဆန္ဒပြုရင်း နှစ် ၆၀ ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့အား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိနွေဦးတော်လှန်ရေးမှာလည်း စကစကို ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကတော်လှန်လျက်ရှိပါတယ်။


========================


📌📌 ၅။ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကို စဉ်ဆက်မပြတ် ကျုးလွန်လာတဲ့ စစ်ကောင်စီက ပြေးမလွတ်စေရဘူးလို့သတိပေးဆို


ဇွန်လ၄


ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကို စဉ်ဆက်မပြတ် ကျုးလွန်လာတဲ့ စစ်ကောင်စီက ပြေးမလွတ်စေရဘူးလို့ ဇွန်လ၄ရက်နေ့မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးကဆိုပါတယ်။


"ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ - IHL ကို သိသိသာသာ ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ကချင်ပြည်နယ် ရွှေကူ တိုက်နယ်ဆေးရုံကို စစ်စ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေးငယ် ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။အရပ်သားပြည်သူတွေအပေါ် ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကို စဉ်ဆက်မပြတ် ကျုးလွန်လာတဲ့ စစ်ကောင်စီက ပြေးမလွတ်စေရဘူး"လို့ဆိုပါတယ်။


အကြမ်းဖက်စကစဟာ လတ်တလောအရပ်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများပိုမိုလုပ်ဆောင်လျက်ရှိလာပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်းတပ်ခွဲ()လျှပ်စီးတပ်ခွဲမှထုပ်လုပ်ထားတဲ့၆၀မမစိန်ပြောင်းများကိုမဟာမိတ်များထံခွဲဝေပေးမယ်


ဇွန်လ၄


မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်းတပ်ခွဲ()လျှပ်စီးတပ်ခွဲမှထုပ်လုပ်ထားတဲ့၆၀မမစိန်ပြောင်းများကိုမဟာမိတ်များထံခွဲဝေပေးမယ်လို့ ဇွန်လ၄ရက်မှာ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်းတပ်ခွဲ()လျှပ်စီးတပ်ခွဲကအသိပေးဆိုပါတယ်။


"မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်းတပ်ခွဲ()လျှပ်စီးတပ်ခွဲမှထုပ်လုပ်ထားတဲ့၆၀မမစိန်ပြောင်းများကိုကျွန်တော်တို့လျှပ်စီးတပ်ခွဲမှမဟာမိတ်ဖြင့်သော မုံရွာခရိုင်အမှတ်(၁၅)တပ်ရင်း မုံရွာခရိုင်အမှတ်(၁၇)တပ်ရင်းများနှင့်၆၀မမစိန်ပြောင်းနှစ်ပြောင်းစီးချပေးသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာကာကွယ်ရေးတပ်များဟာ ၆၀မမများအပြင်ရိုင်ဖယ်နဲ့ပစ္စတိုများ၊ကျည်ကာအကျီနှင့်ဦးထုပ်များပါထုတ်လုပ်နိူင်ခဲ့ပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဒေါနစစ်ကြောင်း(P29902)က ထိန်းသိမ်းစောင့်ရှောက်ထားသော စစ်သုံ့ပန်းများထားရှိရာ အချုပ်ထောင်သို့သွားရောက်၍ အချုပ်သားများ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးမှုပြုလုပ်


ဇွန်လ၄


ဒေါနစစ်ကြောင်း(P29902)က ထိန်းသိမ်းစောင့်ရှောက်ထားသော စစ်သုံ့ပန်းများထားရှိရာ အချုပ်ထောင်သို့သွားရောက်၍ အချုပ်သားများ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းကို ဇွန်လ၄ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကအသိပေးဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၃၊ ဒေါနစစ်ကြောင်းဆေးတပ်ဖွဲ့သည် ဒေါနစစ်ကြောင်း(P29902)က ထိန်းသိမ်းစောင့်ရှောက်ထားသော စစ်သုံ့ပန်းများထားရှိရာ အချုပ်ထောင်သို့သွားရောက်၍ အချုပ်သားများ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးမှုပြုလုပ်ခြင်း၊ လိုအပ်သော ကုသမှုပေးခြင်းများဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စကစတပ်များဟာ တော်လှန်ရေးရဲဘော်အချို့ကိုဖမ်းဆီးရမိပါက ရက်စက်စွာသတ်ဖြတ်မှုတို့ကိုကျူးလွန်လုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၃။ ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာနှင့်ဂွေးချိုပျူရွာမှ ထွက်လာသော အင်အား၄၀ဦးခန့်စကစနဲ့ပျူများအား ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်၍တဦးသေဆုံး


 ဇွန်လ၄


ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာနှင့်ဂွေးချိုပျူရွာမှ ထွက်လာသော အင်အား၄၀ဦးခန့်စကစနဲ့ပျူများအား ကာကွယ်ရေးအဖွဲ့များတိုက်ခိုက်၍တဦးသေဆုံးခဲ့ကြောင်းကို ဇွန်လ၃ရက်မှာ ရေစကြိုပကဖကအတည်ပြုဆိုပါတယ်။


ဇွန်လ()ရက် ညနေ၄နာရီ၃၀မိနစ်အချိန်ခန့်တွင် ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာနှင့်ဂွေးချိုပျူရွာမှ ထွက်လာသော ခန့်မှန်းအင်အား၄၀ဦးခန့်အား ဂွက်ကြီးကျေးရွာနှင့်အလယ်သောင်ကျေးရွာကြားအရောက်တွင် ပြည့်သူ့ကာကွယ်ရေးရဲဘော်များမှအသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် ပျူ()ဦးမျက်မြင်သေဆုံးသွားကာ ရန်သူ့ထံမှ G3ကျည်ဘောက်၁ခု G3ကျည်၁၀တောင့်နှင် အီကွေမန့်တစ်ခုတို့သိမ်ဆည်းရမိခဲ့တယ်လို့အတည်ပြုပါတယ်။


========================


🚩🚩 ၄။ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း() အထူးကွန်မန်ဒိုတပ်ဖွဲ့- Monywa The Boys  ရဲ့ လက်စွမ်းပြမှုနဲ့ စကစ () ဦးသေဆုံးကာလက်နက်အချို့သိမ်းဆည်းရရှိ


ဇွန်လ၄ရက်


မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း() အထူးကွန်မန်ဒိုတပ်ဖွဲ့- Monywa The Boys  ရဲ့ လက်စွမ်းပြမှုနဲ့ စကစ () ဦးသေဆုံးကာလက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဇွန်လ၄ရက်မှာ Monywa The Boysကစစ်ရေးသတင်းကိုဖော်ပြအသိပေးပါတယ်။


"မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း() အထူးကွန်မန်ဒိုတပ်ဖွဲ့- Monywa The Boys  ရဲ့ လက်စွမ်းပြမှုနဲ့ စကစ () ကောင် သုတ်သင်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။


ထို့နောက် MA-11 () လက်၊၅.၅၆ ကျည် (၁၇) တောင့်၊ Carbine () လက်၊ Carbine ကျည် (၂၅) တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်း ခု တိုက်ခိုက်ခံရပြီး စစ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာရ


ဇွန်လ ရက်။


Radio NUG


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခုကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ဝေါမြို့နယ် ပကဖ ထံက သိရ ပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီခန့်က သိမ်ဇရပ်မြို့မြို့အထွက်မှ ခမရ (၂၀၇) တပ်နှင့် အမတ (၃၁၀) တပ် တို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ စိန်ပြောင်း၊ M-79 လောင်ချာ၊ ခွင်းဗုံး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ခမရ ၂၀၇ တပ်ရင်းအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံး ခဲ့ပြီး အရာရှိ တစ်ဦးအပါဝင် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရကြောင်း ဝေါပကဖက ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုကို KNLA ဦးဆောင်ပြီး ဝေါ(ပကဖ) သနပ်ပင်(ပကဖ) အင်းတကော်(ပကဖ)နဲ့ Project Home(ရန်ကုန်)အဖွဲ့တို့က ပူးပေါင်းတိုက် ခိုက်ခဲ့တာလို့ သိရပါတယ်။


စစ်ကောင်စီ တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲ့ အမတ (၃၁၀) တပ်ရင်းကနေ အခိုင်၊ စစ်ကွင်း၊ ဝါးဒက်ကွင်း၊ ခရွဲ၊ မုက္ခမော့ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဝါးဒက်ကွင်းနဲ့ မုက္ခမော့ ကျေးရွာက ဒေသခံအမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment