4th JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်တပ်က ရွှေလုပ်ငန်းရှင်နဲ့ ဒေါ်လာလုပ်ငန်းရှင်များကို ဖမ်းဆီးမှုအနာနဲ့ဆေးမတည့်ဘဲ တခြားစီဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၃။ တအာင်းပညာရေးအကယ်ဒမီ (TEA) ကျောင်း အပတ်စဉ် () ဖွင့်လှစ်

📌 ၄။ မင်းကင်းမြို့နယ် မင်္ဂလာဆောင်ပွဲကို လေကြောင်းတိုက်ခိုက်မှု ကလေး ၃ဦးအပါအဝင် ပြည်သူ(၃၀)ကျော် သေဆုံး

📌 ၅။ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် အာရက္ခတပ်တော်ကြား စစ်ရေးပြင်းထန်မှုတွင် စစ်အုပ်စုမှ သာလွန်အင်အားသုံးသဖြင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ကြရ

📌 ၆။ စစ်ကိုင်းတိုင်းတနေရာမှာ “The Way” စာသင်ဆောင်ဖွင့်ပွဲ ကျင်းပရာ သရုပ်ဆောင်ချစ်သုဝေအွန်လိုင်းမှတက်ရောက်


၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း အမှတ် () စစ်ဒေသ၊ စစ်ဒေသခွဲ () တောင်ညိုစစ်ကြောင်း၏ /၂၀၂၄ အပတ်စဉ်()အခြေခံစစ်ပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

🚩 ၂။ မြိုင်ပကဖက စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ်(/၂၀၂၄) သင်တန်းဆင်းရဲဘော်များအား လက်နက်တပ်ဆင်

🚩 ၃။ ရေဦးတွင် စစ်ကောင်စီ တပ်စွဲထားရာ တိုင်းရင်းဆေးရုံ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

🚩 ၄။ မင်္ဂလာဒုံရဲစခန်းဝန်းရှိ အိမ်ထောင်သည်လိုင်းခန်းအား ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့

🚩 ၅။ မင်းလှမြို့နယ် ဇာမဏီတံတားနှင့် သဗြုချောင်းတံတားအနီးမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား၊ စစ်တပ်ဘက်မှ ၇ဦး သေဆုံး PDF ရဲဘော် ဦး ကျဆုံး

🚩 ၆။ အုတ်ဖိုတွင် စစ်ကောင်စီ သတင်းပေး အငြိမ်းစား တပ်ကြပ်ကြီး တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

🚩 ၇။ ခင်ဦးတွင် ဆိုင်ကယ်စီးလာတဲ့ တပ်ရင်းမှူးနဲ့ တပ်သား ဦး ပစ်ခတ်ခံရပြီး ဦးလုံးသေဆုံး

🚩 ၈။ လေကြောင်းဗုံးကြဲမှုကြောင့် တာလောကြီးတံတားပျက်စီးပြီး လူနှစ်ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်က ရွှေလုပ်ငန်းရှင်နဲ့ ဒေါ်လာလုပ်ငန်းရှင်များကို ဖမ်းဆီးမှုအနာနဲ့ဆေးမတည့်ဘဲ တခြားစီဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား


ဇွန်လ ၃ရက်။

အကြမ်းဖက်စစ်တပ်က ရွှေလုပ်ငန်းရှင်နဲ့ ဒေါ်လာလုပ်ငန်းရှင်များကို ဖမ်းဆီးမှုအနာနဲ့ဆေးမတည့်ဘဲ တခြားစီဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။


ဇွန်လ၃ရက်မှာ ကျင်းပတဲ့ "တိုင်းပြည်စီးပွားရေးပျက်ကပ်မှသည် စစ်အာဏာရှင်စနစ် ကျဆုံးခန်းဆီသို့" သတင်းစာရှင်းလင်းပွဲတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။


"သူတို့ကအခုတပွဲတိုးပေါ့။ ရွှေစျေးတက်တဲ့အချိန်မှာ ရွှေလုပ်ငန်းရှင်တွေဖမ်းမယ်။ ဒေါ်လာလုပ်ငန်းရှင်တွေ ဖမ်းတယ်ဆိုတာအနာနဲ့ဆေးနဲလည်းမတည့်ပါဘူး။ တခြားစီပဲဖြစ်နေတယ်ဆိုတာ ပြည်သူကလည်းသိတယ်။ သို့သော်ထပ်လောင်းပြီး မြင်သာအောင် ချပြရှင်းလင်းတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေအောက်ကနေပြီးတော့ ပိုက်ဆံလိုလိုက် ဂျပန်စက္ကူရိုက်ထုတ်လိုက်နဲ့ ပြည်သူပဲခံရပြီးသူတို့ကတော့ လွတ်ကင်းသာယာနေတယ်လို့ တချို့တွေးနိုင်ပေမယ့် တကယ်တမ်းသူတို့လည်းမသာယာနေပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်တပ်က ငွေစက္ကူများကို အများအပြားရိုက်နှိပ်ရန် ရွေးချယ်မှုကြောင့် ၄င်းတို့စစ်ဗိုလ်ချုပ်ဟောင်းနှင့် တပ်အသိုင်းအဝိုင်းမှ ဒေါ်လာနှင့်အိမ်ခြံမြေ အများအပြားကိုဝယ်ယူခဲ့ပြီး အများစုမှာထိုင်းနိုင်ငံက အိမ်ခြံမြေများကိုဝယ်ယူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ရက်မှ ၂၀၂၄ ဖေဖော်ဝါရီလကုန်အထိ ငွေစက္ကူအသစ်ရိုက်ထုတ်မှု ကျပ်ဘီလီယံ ၂၅,၀၀၀ ရှိခဲ့ပြီး မတ်နှင့်ဧပြီလတွင်လည်း ငွေစက္ကူအလုံးအရင်းနှင့် ရိုက်ထုတ်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဇွန်လ၃ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၁/၂၀၂၄)ကို ဇွန်လ၃ရက်ကကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက်ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ တအာင်းပညာရေးအကယ်ဒမီ (TEA) ကျောင်း အပတ်စဉ် () ဖွင့်လှစ်


ဇွန်လ ၃ရက်။ 

Radio NUG

ဇွန်လ()ရက်မှာ တအာင်းပညာရေးအကယ်ဒမီ အပတ်စဉ်()ကို တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် ဖွင့်ပွဲကျင်းပပြုလုပ်ပြီး ကျောင်းသား/သူ (၁၃၉)ဦး တက်ရောက်ကြကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


ကျောင်းတွင် ဘာသာရပ် (၁၃)ခု သင်ကြားပို့ချမည်ဖြစ်ပြီး အချိန်ကာလ()နှစ်ကြာမြင့်မည်ဖြစ်ပြီး တအာင်းပြည်ပညာရေးကောင်စီ (TLEC) ဦးစီးဖွင့်လှစ်သော အခြေခံစာသင်ကျောင်းမှ အဆင့်မြှင့်ပညာရေးကျောင်းစသည့် ကျောင်းများတွင် တာဝန်ထမ်းဆောင်ရမှာလို့ ဖော်ပြထားပါတယ်။


နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မူဆယ်စသည့် မြို့နယ်က လူငယ်များ လာရောက်တက်ရောက်ကြတယ်လို့ သိရပါတယ်။


တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသားသူနှင့် G-12 ဖြေဆိုအောင်မြင်ပြီးသူများ တက်ရောက်နိုင်ကြောင်း ဖော်ပြထားပါတယ်။


ဖွင့်ပွဲအခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဋ္ဌ - ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မင်းကင်းမြို့နယ် မင်္ဂလာဆောင်ပွဲကို လေကြောင်းတိုက်ခိုက်မှု ကလေး ၃ဦးအပါအဝင် ပြည်သူ(၃၀)ကျော် သေဆုံး


ဇွန်လ ၃ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာ မင်္ဂလာဆောင်ပွဲကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ဦးအပါအဝင် ပြည်သူ(၃၀)ကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ()ရက် မနက်()နာရီ၀န်းကျင်က မင်းကင်းမြို့နယ် မတောကျေးရွာမှာ တော်လှန်ရေးတွင် ပါဝင်နေသူနှစ်ဦး မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းကင်မြို့နယ် မတောကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ()လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လုံးကကျေးရွာထဲတည့်တည့် ထမင်းကျွေးမဏ္ဍပ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးလုပ်နေစဉ် ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်နေသဖြင့် ရှောင်တိမ်းလုပ်ကိုင်နေရကြောင်း သိရပါတယ်။


လက်ရှိတွင် မင်းကင်းမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များ ထပ်မံလာနေသဖြင့် ရုပ်အလောင်းများအား မကောက်နိုင်သေးဘဲ တိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရပါတယ်။


========================


📌📌 ၅။ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် အာရက္ခတပ်တော်ကြား စစ်ရေးပြင်းထန်မှုတွင် စစ်အုပ်စုမှ သာလွန်အင်အားသုံးသဖြင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ကြရ


ဇွန်လ၃ရက်။

ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် အာရက္ခတပ်တော်ကြား စစ်ရေးပြင်းထန်မှုတွင် စစ်အုပ်စုမှ သာလွန်အင်အားသုံးသဖြင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ကြရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် အာရက္ခတပ်တော်ကြား စစ်ရေးပြင်းထန်မှုသည် တောင်ဘက်ပိုင်းရှိ သံတွဲ မြို့နယ်အထိ စစ်မီးကူးစက်လာပြီး တိုက်ပွဲများကြား စစ်အုပ်စုမှ သာလွန်အင်အားသုံးသဖြင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ကြသည့်အပြင် မြို့တော်စစ်တွေ၌လည်း စစ်အုပ်စုက အရပ်သားများကို အစုံလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


ထို့အပြင်စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ၌ စစ်အုပ်စုနှင့် ပူးပေါင်းတပ်ဖွဲ့များက ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့အနက် ၅၀ ဦးကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၂၁၇)ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်းတနေရာမှာ “The Way” စာသင်ဆောင်ဖွင့်ပွဲ ကျင်းပရာ သရုပ်ဆောင်ချစ်သုဝေအွန်လိုင်းမှတက်ရောက်


ဇွန်လ၃ရက်။


စစ်ကိုင်းတိုင်းတနေရာမှာ “The Way” စာသင်ဆောင်ဖွင့်ပွဲ ကျင်းပရာ သရုပ်ဆောင်ချစ်သုဝေအွန်လိုင်းမှ တက်ရောက်ခဲ့ပါတယ်။


ဇွန်လ၃ရက်နေ့မှာ တော်လှန်ရေးအင်အားစုအချို့ထံကသိရပါတယ်။


အညာက “The Way” စာသင်ဆောင်ဖွင့်ပွဲကို မချစ်သုဝေမှ အားပေးစကားပြောပြီး ဖွင့်လှစ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။


စာသင်ဆောင်တွေအတွက် ပြင်ဆင်ဆောက်လုပ်ဖို့ ၃၆သိန်း၃သောင်းကျပ်တိတိကို “The Way” ရုပ်ရှင်မိသားစုမှ ထောက်ပို့ပါဝင်ပေးခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း အမှတ် () စစ်ဒေသ၊ စစ်ဒေသခွဲ () တောင်ညိုစစ်ကြောင်း၏ /၂၀၂၄ အပတ်စဉ်()အခြေခံစစ်ပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ


ဇွန်လ ၃ရက်။


အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းအမှတ်()စစ်ဒေသ၊ စစ်ဒေသခွဲ () တောင်ညိုစစ်ကြောင်း၏ /၂၀၂၄ အပတ်စဉ် ()အခြေခံစစ်ပညာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။


အပတ်စဉ် ()အခြေခံစစ်ပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့၌ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့သိရပါတယ်။


သင်တန်းဆင်း အခမ်းအနားအား ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ တပ်ရင်း ၂၇ မှ ဒုရင်းမှူး၊ တောင်ပိုင်းစစ်ဒေသ တာဝန်ခံများ အပါအဝင် သင်တန်းပြုလုပ်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးခဲ့ကြသော ထောက်ပို့ပြည်သူများမှ တက်ရောက်ချီးမြှင့်ပေးခဲ့ကြပါတယ်။


ထိုသို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသော တာဝန်ရှိလူကြီးမင်းများ၊ ထောက်ပို့ပြည်သူများအား တောင်ညိုစစ်ကြောင်းမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၂။ မြိုင်ပကဖက စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ်(/၂၀၂၄) သင်တန်းဆင်းရဲဘော်များအား လက်နက်တပ်ဆင်


ဇွန်လ၃ရက်။ 


မြိုင်ပကဖက စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ်(/၂၀၂၄) သင်တန်းဆင်းရဲဘော်များအား လက်နက်တပ်ဆင်ခဲ့ပါတယ်။


ဇွန်လ၃ရက်မှာ မြိုင်ပကဖက တရားဝင်အသိပေးဖော်ပြပါတယ်။


မြိုင်ပကဖမှ စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ်(/၂၀၂၄) သင်တန်းဆင်းရဲဘော်များအား လက်နက်တပ်ဆင်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ် မေလ (၂၉)ရက်နေ့တွင် ဒေသတွင်းတနေရာ၌ ကျင်းပခဲ့တယ်လို့ဖော်ပြပါတယ်။


အခမ်းအနား၌ မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ) တာဝန်ခံ ဗိုလ်လက်ယာနှင့် တာဝန်ရှိသူအသီးအသီးမှ ရဲဘော်များအား အမှာစကားပြောကြားခဲ့ပါတယ်။ 


ထိုသို့ပြောကြားရာတွင် ဗိုလ်လက်ယာမှ" လက်နက်ကိုင်တော်လှန်ရေးသည် တဖြည်းဖြည်းနှင့် ပြင်းထန်လာကြောင်း ရန်သူသည် ရန်သူပီသစွာ ပိုမိုရက်စက်ယုတ်မာလာကြောင်း မိမိတို့အနေဖြင့် ယခင်ကထက်ပိုပြီး စုစည်းညီညွှတ်အားကောင်းဘို့ လိုလာကြောင်း၊ စစ်ပုံကျသော အမိန့်နာခံသော တပ်တခုကသာ အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းနိုင်မည်ဖြစ်ကြောင်း၊တပ်ကောင်းဘို့လိုကြောင်း တပ်ကောင်းဘို့အတွက် ရဲဘော်တဦးချင်း၏ စိတ်ထားတွေကောင်းနေဘို့လိုကြောင်း တပ်ကောင်းချင်ရင် ရင်ထဲကအကျင့်စရိုတ်တွေ ကောင်းနေဘို့လိုကြောင်း ခုလိုမိမိတို့ စုစည်းလေ့ကျင့်နေချိန်တွင် ရှေ့မှာအသက်ပေးပြီး တော်လှန်နေတဲ့ ရဲဘော်တိုင်းကို လေးစားကျေးဇူးတင်ဘို့လိုကြောင်း PDF ပကဖ Local ခွဲကြားနေလို့ အလုပ်ဖြစ်မည်မဟုတ်ကြောင်း ရပ်စွဲရွာစွဲနယ်စွဲတွေ ကင်းနိုင်သမျှ ကင်းအောင်နေဘို့လိုကြောင်း"ပြောကြားခဲ့ပါတယ်။


========================


🚩🚩 ၃။ ရေဦးတွင် စစ်ကောင်စီ တပ်စွဲထားရာ တိုင်းရင်းဆေးရုံ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ


ဇွန်လ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားရာ တိုင်းရင်းဆေးရုံကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း - ၁၄ (YEU PDF)က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီ တပ်သားများ တပ်စွဲထားတဲ့ ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံက စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိခဲ့ပြီး အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်တယ်လို့  ရွှေဘိုခရိုင်တပ်ရင်း-၁၄ (YEU PDF)က ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှလည်း ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း (ရေဦး PDF)က Fixed Wing Drone များနဲ့ အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မင်္ဂလာဒုံရဲစခန်းဝန်းရှိ အိမ်ထောင်သည်လိုင်းခန်းအား ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့


ဇွန်လ ၃ရက်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံရဲစခန်းဝန်းရှိ အိမ်ထောင်သည်လိုင်းခန်းအား ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


မင်္ဂလာဒုံမြို့နယ်တွင် ဇွန်လ၂ ရက်နေ့ည နာရီ ၅၄ မိနစ်အချိန်အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မင်္ဂလာဒုံရဲစခန်းဝန်းရှိ အိမ်ထောင်သည်လိုင်းခန်းအား ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army (YUPA)ကအတည်ပြုထားပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံများ ထိခိုက်သေဆုံးမှုကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။


ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများကိုလည်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ မင်းလှမြို့နယ် ဇာမဏီတံတားနှင့် သဗြုချောင်းတံတားအနီးမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား၊ စစ်တပ်ဘက်မှ ၇ဦး သေဆုံး PDF ရဲဘော် ဦး ကျဆုံး


ဇွန်လ ၃ရက်။

Radio NUG

ဇွန်လ ရက်နေ့ မွန်းတည့် (၁၂) နာရီ ၂၀မိနစ်ခန့်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ဇာမဏီတံတားအနီးရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၏ ယာယီစခန်းသို့ ဇာမဏီချောင်းထဲမှ စစ်ကြောင်းထိုးတက်လာသည့် စကစများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ အပြန်အလှန် ပစ်ခတ်မှုအတွင်း PDFရဲဘော် ၂ဦး ကျဆုံးခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅က သတင်းထုတ်ပြန်ပါတယ်။


အဆိုပါထိတွေ့တိုက်ပွဲအတွင်း စကစဘက်မှ လက်နက်ကြီးများအပြင် ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ ကျည်နှင့် ခဲယမ်း မလုံလောက်မှုကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရကာ စခန်းရှိ ဆိုင်ကယ် ၃၀စီး၊ ရိက္ခာသယ် ကား၂စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


ဇွန်လ ၂ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်တွင် မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း သဗြုချောင်းတံတားအနီး၌ စစ်ကြောင်းထိုးလာသည့် စကစများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ ဗျူဟာစစ်ကြောင်းနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် တပ်ရင်း တပ်ခွဲ၃ မှ ရဲဘော်များ ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁နာရီခန့် ကြာမြင့်ခဲ့ပြီး စကစဘက်မှ ၇ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။


နောက်ထပ်လည်း စကစများနှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေနဲ့ ရိုးမအတွင်းသွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်နိုင်ရန် တပ်ဖွဲ့အား ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ အုတ်ဖိုတွင် စစ်ကောင်စီ သတင်းပေး အငြိမ်းစား တပ်ကြပ်ကြီး တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ


ဇွန်လ ရက်။

Radio NUG

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီသတင်းပေး အငြိမ်းစား တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ () မြေအောက်ပြောက်ကျား တပ်ဖွဲ့ - အုတ်ဖိုက ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်၊ နေ့လည် ၁၂ နာရီ မိနစ် ၃၀ ခန့်မှာ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်း ကျေးရွာအုပ်စု၊ ဆယ်ရွာ၊ ရွာရှောင်ကုန်းမှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေး အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး()စောခူထူးကို နေအိမ်မှာပဲ ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာပါ။


ထိုသို့ ပစ်ခတ်ခဲ့တာကြောင့် အငြိမ်းစား တပ်ကြပ်ကြီးမှာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး လက်ကိုင်ဖုန်း လုံးနဲ့ စစ်သုံးဦးထုတ် တစ်လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


စောကေထူးဟာ စစ်ကောင်စီ အလိုကျ ပြည်သူများကို ချိန်းခြောက်ပြီး စစ်မှုထမ်းရန် လူစုပေးခြင်း၊ ငွေကြေးကောက်ခံခြင်း၊ တော်လှန်ရေး ရဲဘော်များရဲ့ သတင်းကို ထောက်လှမ်းပေးပို့ခြင်းတို့အပြင် စစ်ကောင်စီအားကိုးဖြင့် ပြည်သူများကို အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေတာကြောင့် ယခုလို အရေးယူခြင်း ဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၇။ ခင်ဦးတွင် ဆိုင်ကယ်စီးလာတဲ့ တပ်ရင်းမှူးနဲ့ တပ်သား ဦး ပစ်ခတ်ခံရပြီး ဦးလုံးသေဆုံး


ဇွန်လ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်သားတစ်ဦး ပစ်ခတ်ခံရကာ နှစ်ဦးစလုံး သေဆုံးခဲ့ပြီး သေနတ် လက်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။


ဇွန်လ ရက် မနက် နာရီခန့်မှာ ခင်ဦးမြို့ ဆေးရုံကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဦးနဲ့ တပ်သား ဦးဟာ ဆိုင်ကယ် စီးဖြင့် မြို့မဈေးဘက်ကို ထွက်လာချိန်မှာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ခင်ဦးမြို့ပေါ် UG ရဲဘော်များ၊ ပကဖ ရဲဘော်များ, LDF ရဲဘော်များက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သား ဦးထံမှ MA-1 သေနတ် လက်၊ ဆိုင်ကယ် စီးနဲ့ ဖုန်း လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။


ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နေရာအနီးက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ လေကြောင်းဗုံးကြဲမှုကြောင့် တာလောကြီးတံတားပျက်စီးပြီး လူနှစ်ဦးသေဆုံး


ဇွန်လ ၃ရက်။ 

Radio NUG

ဇွန်လ ၂ရက်နေ့ ညနေ နာရီခန့်တွင် ဝိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာနှင့် ဘော်ဆာဒီကျေးရွာကြားရှိ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တံတားတစ်စင်းပျက်စီးခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


တံတားက ကားသွားလို့မရတော့ဘဲ လူလမ်းလျှောက်သွားစာ တစ်ခုလောက်ပဲကျန်တယ်လို့ သိရပါတယ်။


လေကြောင်းမှ ဗုံးကြဲချချိန်ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက် ထိမှန်သေဆုံးသွားပါတယ်။


သေဆုံးခဲ့သူနှစ်ဦးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။


ပြီးခဲ့တဲ့ မေလကလည်း ဝိုင်းမော်မြို့နယ်၊ ကဇူးယန်ကျေးရွာအနီးရှိ ဒဘတ်ချောင်းကူးတံတားကို ရွှေညောင်ပင်ကျေးရွာအခြေစိုက် .. ၃၂၁ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနှစ်စီးဖြင့် လာရောက်ဗုံးခွဲ ဖျက်ဆီးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment