5th JUN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ သြစတြေးလျခရီးစဥ်တွင် မစ္စတာ Sean Turnellနှင့်လွှတ်တော်အမတ် Janelle Saffinကိုကနဦးတွေ့ဆုံ

📌 ၂။ Professor Sean Turnell အမေရိကန်သို့ ဒုတိယအကြိမ် လာရောက်ချိန် ပြည်သူများနှင့်တွေ့ဆုံခြင်း အပြင် ဒေါ်အောင်ဆန်းစုကြည်၏  ၇၉ နှစ်မြောက် မွေးနေ့အတွက် ဆုတောင်းမေတ္တာပို့အခမ်းအနားကျင်းပမည်

📌 ၃။ ကျောင်းများအားလုံး စစ်ဘေးဒဏ်မှ ကင်းလွတ်ပါစေကြောင်း ဗိုလ်ချုပ်ဂွမ်မော် ဆုတောင်းစကားဆို

📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဖွဲ့စည်းခြင်း နှစ်ပြည့်မြောက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ nugmyanmar.org website အား အမြင်သစ် ပုံစံသစ်ဖြင့် features အသစ်များထည့်ကာ ပြုပြင်ထား

📌 ၅။ ကိုရီးယားနိူင်ငံဆူဝန်းမြို့၊ Gyeonggi-do ခရိုင်ကောင်စီ၏ နိုင်ငံခြားသားများနှင့် အလုပ်သမားများဆိုင်ရာ မူဝါဒများ မြှင့်တင်ရန် ဆွေးနွေးခြင်း အခမ်းအနားသို့ NUGအလုပ်သမားရေးကိုယ်စားလှယ်တက်ရောက်

📌 ၆။ နိူင်ငံရေးအကျဥ်းသားတစ်ဦးလျှင်ငွေ(၅၀,၀၀၀)ကျပ်နှုန်းဖြင့် လူဦးရေ (၂၅)ဦးအား ဇွန်လ၏ပထမအသုတ် အနေဖြင့် ပို့ဆောင်ပေးခဲ့

📌 အခုနောက်ဆုံးအနေနဲ့ ကိုမြင့်သူသတင်းပေးပို့လာတဲ့ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးရန်ပြင်ဆင်ပြီးနောက် ရွှေရည်ညွှန်းဈေး ပြန်တိုး


၂၀၂၄ ခုနှစ် ဇွန်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထားဝယ်မြို့က မူလတန်းကျောင်းမှာ ဗုံးပေါက်ကွဲပြီး ကလေးတဦးသေဆုံးကာ ၂ဝ ကျော်ဒဏ်ရာရ

🚩 ၂။ မိုးမိတ်နဲ့ နောင်ချိုမှာ စစ်ကောင်စီတပ်က အရပ်သားတွေဦးတည်ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်နေတယ်လို့ TNLA ပြော

🚩 ၃။ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ်- ရှိကျေးရွာတစ်ရွာကို စစ်ကောင်စီ မှလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာရခဲ့

🚩 ၄။ မုံရွာ တဆရ /၃၀၀ မှ ဒုတပ်ကြပ် ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီးနောက် ပစ်ခတ်ရှင်းလင်း

🚩 ၅။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အနေဖြင့် ဧပြီလနှင့် မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားဦးရေ (၉၅၉)ဦး မွေးထုတ်ပေးနိုင်

🚩 ၆။ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသည့် စကစ ၅ဦးအား စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်

🚩 ၇။ စစ်တွေ ဗျိုင်းဖြူရွာဖြစ်စဉ်မှာ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၈ဝ ဝန်းကျင်ထိရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ သြစတြေးလျခရီးစဥ်တွင် မစ္စတာ Sean Turnellနှင့်လွှတ်တော်အမတ် Janelle Saffinကိုကနဦးတွေ့ဆုံ


ဇွန်လ၅ရက်


ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ သြစတြေးလျခရီးစဥ်တွင် မစ္စတာ Sean Turnellနှင့်လွှတ်တော်အမတ် Janelle Saffinကိုကနဦးတွေ့ဆုံခဲ့ပါတယ်။


ဇွန်လ၅ရက်မှာ နိူင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကအသိပေးဆိုထားပါတယ်။


"ရောက်ရောက်ခြင်း ဩစီ က မြန်မာနိုင်ငံ ရဲ့ မိတ်ဆွေများစွာထဲ က Sean Turnellရှောင်နဲ့ Janelle ကို Janelle ရဲ့ လွှတ်တော်ရုံး မှာ တွေ့ ဆုံဖြစ်ခဲ့ကြတယ်။ စာအုပ်က လက်မှတ်ထိုးထား ပေးတာကြာပြီ လူချင်းက စကစ အာဏာမသိမ်းခင်က နောက်ဆုံး တွေ့ ခဲ့ကြတာပဲ ။ဩစီ ရောက်တာနဲ့ တွေ့ ဖြစ်ဆုံဖြစ် ရှေးဟောင်းနှောင်းဖြစ် ပြောကြ၊ လက်ရှိအခြေအနေတွေ ပြောကြနဲ့ - Prof: Sean အစစ အရာရာ မြန်မာပြည်အတွက် ဆောင်ရွက်ကူညီ ပေးခဲ့ (ပေးနေ) တဲ့ အတွက် ကျေးဇူးတင်ရပါတယ်။ စာအုပ်အတွက်လည်းကျေးဇူးတင်တယ်။ Janelle Saffin လည်း ကျေးဇူးတင်ရပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။


သြစတြေးလျနိုင်ငံ ခရီးစဉ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဇွန်လအတွင်း သြစတြေးလျနိူင်ငံသို့ရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌 ၂။ Professor Sean Turnell အမေရိကန်သို့ ဒုတိယအကြိမ် လာရောက်ချိန် ပြည်သူများနှင့်တွေ့ဆုံခြင်း အပြင် ဒေါ်အောင်ဆန်းစုကြည်၏  ၇၉ နှစ်မြောက် မွေးနေ့အတွက် ဆုတောင်းမေတ္တာပို့အခမ်းအနားကျင်းပမည်


ဇွန်လ၅ရက်



Professor Sean Turnell အမေရိကန်သို့ ဒုတိယအကြိမ် လာရောက်ချိန် ပြည်သူများနှင့်တွေ့ဆုံခြင်း အပြင် ဒေါ်အောင်ဆန်းစုကြည်၏  ၇၉ နှစ်မြောက် မွေးနေ့အတွက် ဆုတောင်းမေတ္တာပို့အခမ်းအနားကျင်းပမည်လို့ သိရှိရပါတယ်။


အခမ်းအနားအစီအစဥ်ကို ဇွန်လ၉ရက် အမေရိကန်နိူင်ငံ potomacမှာကျင်းပသွားမှာလို့သိရပါတယ်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်၊နိူင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦး၊စီမံ၊ဘဏ္ဍာဒုဝန်ကြီး ဦးမင်းဇေယျာဦး၊သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်သွားမှာဖြစ်ပါတယ်။


Professor Sean Turnellနှင့်တွေ့ဆုံပွဲတွင် မြန်မာအစားအစာများလည်း ပြင်ဆင်‌ရောင်းချသွားမှာဖြစ်ပြီး မြန်မာပြည်အတွက် ထောက်ပို့နိူင်မှာလည်းဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၃။ ကျောင်းများအားလုံး စစ်ဘေးဒဏ်မှ ကင်းလွတ်ပါစေကြောင်း ဗိုလ်ချုပ်ဂွမ်မော် ဆုတောင်းစကားဆို


ကချင်လွတ်လပ်ရေးတပ်ဖွဲ့- KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ကျောင်းများအားလုံး အားလုံး စစ်ဘေးဒဏ်ကနေ ကင်းလွတ်ပါစေလို့ ဒီနေ့ ဇွန်လ ရက်နေ့မနက်ပိုင်းမှာ ဆုတောင်းစကား ပြောကြားကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံအနှံမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေဖွင့်လှစ်လိုက်တာနဲ့ပတ်သက်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က အခုလို ဆုတောင်းစကားပြောလိုက်တာဖြစ်ပါတယ်။

နေရာတိုင်းမှာ ကျောင်းဖွင့်ဖို့ ပြင်ဆင်နေတာ၊ ကျောင်းသားတွေ လက်ခံနေကြတာဟာ ဝမ်းသာစရာပါလို့ ဆိုပါတယ်။

နေရာအသီးသီးက ကျောင်းသားများ မိမိစိတ်တိုင်းကျ ကြိုက်နှစ်သက်ရာ ကျောင်း ရွေးချယ်ခွင့်ရှိကြပါစေ ဆိုပြီးလည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

၁၉၆၇ ခုနှစ်မှာ KIO ကျောင်းတွေ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး KIO ပညာရေးဌာနကို ၁၉၇၈ ခုနှစ်မှာ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။  

KIO ပညာရေးဌာနအနေနဲ့ အခြေခံပညာရေးသာမက အဆင်မြင့်ပညာရေးကိုပါ တိုးချဲ့ဖွဲ့လှစ်ဖို့ လိုအပ်လာခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းအားလုံး ၂၁၅ ကျောင်းအထိ ရှိလာခဲ့ပြီး ဆရာ၊ဆရာမ ၂၆၇၆ ဦးနဲ့ ပညာရေးဝန်ထမ်း ၄၁၅ ဦး ရှိခဲ့တယ်လို့ ဗိုလ်ချုပ်ဂွမ်မော် က မှတ်တမ်းနဲ့တကွ ဖော်ပြပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျောင်း ၂၃၃ ကျောင်း တိုးချဲ့ဖွင့်လှစ်မှာဖြစ်တဲ့အတွက် စုစုပေါင်း ကျောင်းအရေအတွက် ၄၄၈ ဦးထိ ရှိလာတော့မှာလို့ ဗိုလ်ချုပ်ဂွမ်မော် က ရှင်းပြထားပါတယ်။ 

အဆင်မြင့်ပညာရေးကျောင်းများအနေနဲ့ ဆရာအတတ်သင်ကောလိပ် - မိုင်ဂျာယန်၊ မိုင်ဂျာယန်ကောလိပ်၊ အုပ်ချုပ်ရေး အရာရှိသင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာကျောင်း၊ သူနာပြုသင်တန်းကျောင်း၊ ဗိုလ်သင်တန်းကျောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါအပြင် KIO အုပ်ချုပ်မှုဒေသအတွင်းမှာ ပုဂ္ဂလိကကျောင်းတွေဖွင့်ခွင့်ကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၁ ရက်မှာ တရားဝင် ထုတ်ပြန်ခဲ့ပြီး ပုဂ္ဂလိကကျောင်းတွေဖွင့်ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် - KSCU Federal Law Academy Institude of Liberal Arts and Science - မိုင်ဂျာယန် တို့ဟာ KIO ပညာရေးဌာက ဖွင့်လှစ်ထားတဲ့ကျောင်းတွေ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဂွမ်မော် က အသိပေးထား ပါတယ်။ 

လက်ရှိမှာ basic Education Common Currilum Framework ရေးဆွဲထားပြီး KG Grade 12 အထိကို -- စနစ်နဲ့ သင်ကြားပေးမှာဖြစ်တဲ့အပြင် မိခင်ဘာသာစကား၊ စာပေနဲ့ အစပြုသင်ကြားပေးမယ့်စနစ် ထည့်သွင်းပြဌာန်းထားတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဖွဲ့စည်းခြင်း နှစ်ပြည့်မြောက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ nugmyanmar.org website အား အမြင်သစ် ပုံစံသစ်ဖြင့် features အသစ်များထည့်ကာ ပြုပြင်ထား


ဇွန်လ ရက်


ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဖွဲ့စည်းခြင်း နှစ်ပြည့်မြောက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ nugmyanmar.org website အား အမြင်သစ် ပုံစံသစ်ဖြင့် features အသစ်များထည့်ကာ ပြုပြင်ထားတယ်လို့သတင်းရရှိပါတယ်။


 ဇွန်လ ရက်နေ့သည် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဖွဲ့စည်းခြင်း နှစ်ပြည့်မြောက်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။


  နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ nugmyanmar.org website အား အမြင်သစ် ပုံစံသစ်ဖြင့် features အသစ်များထည့်ကာ ပြုပြင်ထားတယ်လို့ဖော်ပြပါတယ်။


 nugmyanmar.org မှ တဆင့် ဝန်ကြီးဌာနများ၏ websites များကိုသွားရန် မူလ website ပုံစံမပြောင်းစေရန် Ministry Menu တွင်ထည့်သွင်းထားကြောင်းဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကသတင်းရရှိပါတယ်။


========================


📌📌 ၅။ ကိုရီးယားနိူင်ငံဆူဝန်းမြို့၊ Gyeonggi-do ခရိုင်ကောင်စီ၏ နိုင်ငံခြားသားများနှင့် အလုပ်သမားများဆိုင်ရာ မူဝါဒများ မြှင့်တင်ရန် ဆွေးနွေးခြင်း အခမ်းအနားသို့ NUGအလုပ်သမားရေးကိုယ်စားလှယ်တက်ရောက်


ဇွန်လ၅


ဇွန်လ၃ရက်နေ့မှာ ကျင်းပခဲ့တဲ့ကိုရီးယားနိူင်ငံဆူဝန်းမြို့၊ Gyeonggi-do ခရိုင်ကောင်စီ၏ နိုင်ငံခြားသားများနှင့် အလုပ်သမားများဆိုင်ရာ မူဝါဒများ မြှင့်တင်ရန် ဆွေးနွေးခြင်း အခမ်းအနားသို့ NUGအလုပ်သမားရေးကိုယ်စားလှယ်တက်ရောက်ခဲ့ပါတယ်။


အခမ်းအနားသို့ပြည်နယ်လွှတ်တော်၏ စီးပွားရေးနှင့် အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင် ၊အထူးကျင့်ဝတ်ကော်မတီအဖွဲ့ဝင်၊ Gyeonggi မြောက်ပိုင်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ရေး အထူးကော်မတီအဖွဲ့ဝင်၊Mr. Lee Yong Wookနှင့် တွေ့ဆုံ၍ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး၊ မြန်မာနိုင်ငံသား ဗီစာမဲ့နေထိုင်သူများအား ဖမ်းမိပါက မိခင်နိုင်ငံသို့ ပြန်မပို့ရန်နှင့် ပြန်လည် လွတ်မြောက်လာပါက အလုပ်လုပ်ခွင့် ရရှိရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။


ထို့အပြင် Gyeonggi ခရိုင်နဲ့ ခရိုင်ကောင်စီတို့က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် မူဝါဒတွေကို ထည့်သွင်းစဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၆။ နိူင်ငံရေးအကျဥ်းသားတစ်ဦးလျှင်ငွေ(၅၀,၀၀၀)ကျပ်နှုန်းဖြင့် လူဦးရေ (၂၅)ဦးအား ဇွန်လ၏ပထမအသုတ် အနေဖြင့် ပို့ဆောင်ပေးခဲ့


ဇွန်လ၅ရက်


နိူင်ငံရေးအကျဥ်းသားတစ်ဦးလျှင်ငွေ(၅၀၀၀၀)ကျပ်နှုန်းဖြင့် လူဦးရေ (၂၅)ဦးအား ဇွန်လ၏ပထမအသုတ် အနေဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ ဇွန်လ၅ရက်နေ့မှာ မြန်မာနိူင်ငံလုံးဆိုင်ရာ နိူင်ငံရေးအကျဥ်းသားများကွန်ရက်ကအသိပေးပါတယ်။


"ငွေငါးထောင်လှူ ထောင်ဝင်စာကူ "ကဏ္ဍမှ ရရှိသည့် လစဉ်နိုင်ကျဥ်းဟောင်း မန်ဘာဝင်များမှ ထောက်ပံ့ကူညီငွေများ၊PPNM Page(ပေ့) Messenger (Chat box) တွင် လာရောက်ထောက်ပံ့သည့် အလှူငွေများ၊အမည်မဖော်လိုသူအလှူရှင်များမှ  ကူညီမှုငွေများ စုပေါင်း၍ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ၊အသက်မပြည့်သေးသည့် လူငယ်နိုင်ကျဉ်းများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ( LGBTQ+) နိုင်ကျဉ်းများအား တစ်ဦးလျှင်ငွေ(၅၀,၀၀၀)ကျပ်နှုန်းဖြင့် လူဦးရေ (၂၅)ဦးအား ဇွန်လ၏ပထမအသုတ် အနေဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။


လစဉ်မြန်မာငွေ ငါးထောင်နဲ့ ပြည်သူဆယ်ဦး လှူလိုက်တိုင်း နိုင်ကျဉ်းတစ်ဦးထံကို ငွေငါးသောင်း (၅၀၀၀၀) ထောက်ပံ့နိုင်မှာဖြစ်လို့ နိုင်ကျဉ်းဟောင်းများနှင့် မိဘပြည်သူများကို နိုင်ကျဉ်းတွေအတွက် တက်နိုင်သမျှထောက်ပံ့ကူညီလို့ရကြောင်း PPNM အဖွဲ့သူ ၊အဖွဲ့သားများမှ သတင်းစကားပါးဆိုထားပါတယ်။


ထောက်ပံ့ငွေတစ်ခုစီတိုင်းကို အကျဉ်းထောင်တွင်းရှိ နိုင်ကျဉ်းများဆီသို့တိုက်ရိုက်ပေးပို့လျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 အခုနောက်ဆုံးအနေနဲ့ ကိုမြင့်သူသတင်းပေးပို့လာတဲ့ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးရန်ပြင်ဆင်ပြီးနောက် ရွှေရည်ညွှန်းဈေး ပြန်တိုး


ကိုမြင့်သူ (Radio NUG) ဇွန် ၅၊ ၂၀၂၄


ရွှေလုပ်ငန်းရှင်အသင်းက ဒီနေ့မနက်ရွှေဈေးအဖွင့်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် လေးဆယ့်ရှစ်သိန်းခုနှစ်သောင်းတစ်ထောင်ဈေးနဲ့စတင်ဖွင့်လှစ်လိုက်ပါတယ်။ ယခင်ထုတ်ပြန်ခဲ့ တဲ့ ဇွန်လ ရက်နေ့ဈေးထက် ကျပ်ခုနှစ်သိန်းကျော် တိုးမြှင့်သတ်မှတ်လိုက်တာပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် ရွှေဈေးကစားတယ်ဆိုပြီး ဖမ်းဆီးရန်သတ်မှတ်ပြီးတဲ့နောက် ရွှေဆိုင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေကိုလည်း ဒီကနေ့ထုတ်ပြန်ထားတဲ့ဈေးနှုန်း အတိုင်း ရောင်းအဝယ်ပြုလုပ်ကြဖို့ ထုတ်ပြန်ချက်မှာ ခြိမ်းခြောက်ရေးသားလာပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့က ရွှေလုပ်ငန်းရှင် ၂၁ဦးကို ရွှေဈေးနှုန်းမတည်ငြိမ်အောင်ဆောင် ရွက်မှုနဲ့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲ့ဒီ ၂၁ဦးရဲ့ ဖော်ထုတ်ချက်အရ ဝိန့်စိန်၊ အောင်သမာဓိနဲ့ ခရမ်းသုံးခွရွှေဆိုင်စတဲ့ ရွှေလုပ်ငန်းလုပ်ကိုင်သူ ၁၀ဦးကို ဖမ်းဆီးဖို့ အကြမ်းဖက်စစ် တပ်ကထုတ်ပြန်လာပါတယ်။ အဲ့ဒီနောက်မှာတော့ ပြင်ပရွှေပေါက်ဈေး တစ်ကျပ်သားကို ကျပ်သိန်းခြောက်ဆယ်နီးပါးရှိလာပေမယ့် ရွှေတစ်ကျပ်သားရည်ညွှန်းဈေးက ကျပ်သိန်း လေးဆယ်မပြည့်ပဲ သုံးဆယ့်ကိုးသိန်းကိုးသောင်းကျော်သာ သတ်မှတ်ထားတာဖြစ်ပါ တယ်။ ပြည်ပရွှေပေါက်ဈေးက ရည်ညွှန်းဈေးဘယ်လိုပင်ထုတ်ထုတ် ဈေးနှစ်ဆအထိဖြစ် လာချိန်မှာ ရွှေဆိုင်နဲ့ရွှေနဲ့ဆက်စပ်လုပ်ငန်းလုပ်ကိုင်လာသူတွေကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီဖို့စီစဥ်လာပေမယ့် ထွက်ပြေးလွတ်မြောက်နေကြတာဖြစ်ပါတယ်။ အခုတခါ ရွှေရည်ညွှန်းဈေးကို ပုံမှန်ထုတ်ပြန်နေကျထက် ကျပ်ခုနှစ်သိန်း ကျော်တိုးမြှင့် သတ် မှတ်လာတာဖြစ်ပေမယ့် ပြင်ပပေါက်ဈေးနဲ့ကတော့ ကျပ်လေးသိန်းကျော်ဆက်လက် ကွာ ဟနေတာပဲ ဖြစ်ပါတယ်။


 ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးဖို့ ထုတ်ပြန်ပြီးတဲ့နောက် နိုင်ငံခြားငွေလဲရောင်းဝယ် လုပ် ကိုင်သူ ၁၄ဦးကိုလည်း အကြမ်းဖက်စစ်တပ်က ဖမ်းဆီး ခဲ့ပါတယ်။ ၁၁ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဒါ့ အပြင် ပြည်ပကုန်ပစ္စည်းတင်သွင်းသူ တွေကိုလည်း ဖမ်းဆီးဖို့ပြင် ဆင်နေ ပါတယ်။ အကြမ်းဖက်စစ် တပ်ရဲ့ ဝန်ဆောင်မှုဝန်ကြီး ဌာနတွေက စံချိန်၊ စံညွှန်းနဲ့ လုပ်ထုံး လုပ်နည်းတွေကို ပုံမှန်ထိန်းကျောင်းတာ၊ သိက္ခာရှိရှိ ဆောင်ရွက်တာမရှိပဲ လာဘ်ပေး လာဘ်ယူတွေနဲ့ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။  ဒီလို ဆောင်ရွက်နေတာတွေက ပြည်တွင်းရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေအပြင် လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးဝါးတွေ အဆမတန်ဈေး တွေမြင့်တက်လာတဲ့အခါမှသာ  ဖမ်းဆီး ထောင် ချတာတွေပြုလုပ်တာကြောင့် ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုဈေးကွက်တွေ အပြင် စားသုံးသူအတွက်ပါ ဝန်ထုတ် ဝန်ပိုး ဖြစ်လာစေတာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ထားဝယ်မြို့က မူလတန်းကျောင်းမှာ ဗုံးပေါက်ကွဲပြီး ကလေးတဦးသေဆုံးကာ ၂ဝ ကျော်ဒဏ်ရာရ


တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်မှာရှိတဲ့ အခြေခံပညာ မူလတန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးသေဆုံးကာ ၂၆ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ ရက်နေ့ နေ့ခင်းပိုင်း ထမင်းစားချိန်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၂၆ ဦး ဒဏ်ရာရသွား တယ်လို့ တနင်္သာရီတိုင်းပညာရေးမှူးရုံးကလည်း အတည်ပြုထားပါတယ်။

ဒဏ်ရာရသူတွေထဲက ကျောင်းသား ကျောင်းသူ ၁၇ ဦးဟာ စစ်တပ်ဆေးရုံမှာ ဆေးကုသနေပြီး ဦးက ထားဝယ်ဆေးရုံမှာ ကုသနေတယ်လို့ တနင်္သာရီတိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ဆိုပါတယ်။ 

ကျောင်းသားအချို့ဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်လို့ယူဆရတဲ့အရာကို ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်တာ လို့ ဒေသခံတွေကပြောနေပေမယ့် တနင်္သာရီတိုင်းပညာရေးမှူးရုံးဘက်ကတော့ ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းကို စုံစမ်းနေ ဆဲလို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ စာသင်ကျောင်းဟာ စစ်တပ်ဂိတ်နဲ့ မနီးမဝေးမှာရှိတာကြောင့် စစ်ကျန် လက်နက်ပစ္စည်းဖြစ်နိုင်တယ်လို့ ရပ်ကွက်ဒေသခံတွေကလည်း ပြောဆိုနေတာရှိပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်တဲ့ စာသင်ကျောင်းနဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ဟာ အနည်းငယ်သာကွာဝေးပြီး ဒီစစ်ဆေးရေးဂိတ် အနီးမှာ စစ်တပ်ဆေးရုံရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မိုးမိတ်နဲ့ နောင်ချိုမှာ စစ်ကောင်စီတပ်က အရပ်သားတွေဦးတည်ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်နေတယ်လို့ TNLA ပြော


တအာင်းတပ်မတော် TNLA တပ်မဟာ စစ်ဒေသထဲက မိုးမိတ်မြို့နယ်နဲ့ တပ်မဟာ- စစ်ဒေသ နောင်ချိုမြို့နယ်ထဲက အရပ်သားပြည်သူများရှိရာနေရာကို အာကမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ TNLAက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဇွန် ၃ရက်နေ့က နောင်ချိုမြို့နယ် ကန်တော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက ဆီးဖြူပင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်ခဲ့ပြီး ညနေပိုင်းမှာ မိုးမိတ်မြို့နယ် မန်ဖွယ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ၄ကြိမ်ပစ်ခတ်ခဲ့တာကြောင့် TNLA က အခုလို ပြောဆိုလိုက်တာပါ။

နှစ်ဖက် ထိတွေ့တိုက်ပွဲတွေမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာလို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောပါတယ်။

ဇွန်လ ၂ရက်ကလည်း နောင်ချိုမြိုနယ် ကန်ကော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က TNLA တပ်စခန်းရှိရာနေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

မိုးမိတ်ဗျူဟာကုန်းမှာရှိတဲ့ ခလရ-၂၂၃ နဲ့ ၂၄၈ တပ်စခန်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ မေလ ၂၉ ရက်ကနေ ဇွန်လ ရက်နေ့အထိ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဆက်တိုပ်လုပ်နေတဲ့အပြင် လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ်နဲ့ မိုးမိတ်မြို့တို့မှာ စစ်ကောင်စီဘက်က စစ်လက်နက်ပစ္စည်းနဲ့ စစ်အင်အား ဖြည့်တင်းကာ စစ်ရေးပြင်ဆင်နေတာတွေရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်စဲထားခဲ့ရာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေကို စာရင်းပြုစုပြီး စောင့်ကြည့်နေတယ်လို့ TNLA ဘက်က အသိပေးထားပါတယ်။ 

စစ်ကောင်စီဘက်က စစ်လက်နက်ပစ္စည်းနဲ့စစ်အင်အားဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုတွေလုပ်နေသလို ပလောင်ပြည်နယ် လွတ်‌မြောက်ရေးတပ်ဦး PSLF/TNLA ဘက်ကလည်း အခြေခံစစ်သင်တန်းအပတ်စဥ် -၆၅ က သင်တန်းသူ၊ သင်တန်းသား တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ထုတ်ဖော်ပြသခဲ့တာရှိပါတယ်။


========================


🚩🚩 ၃။ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ်- ရှိကျေးရွာတစ်ရွာကို စစ်ကောင်စီ မှလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာရခဲ့


ဇွန်လ၅


ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ်- ရှိကျေးရွာတစ်ရွာကို စစ်ကောင်စီ မှလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို

ဇွန်လ၅ရက်မှာ CDF-Mindatကတရားဝင်အသိပေးဖော်ပြပါတယ်။


ယမန်နေ့ (၁၂) နာရီအချိန်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ်- ရှိကျေးရွာတစ်ရွာကို စစ်ကောင်စီ မှလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ဦးသေဆုံးပြီး ဦးထိခိုက်ဒဏ်ရာရခဲ့ကာ လူနေအိမ် လုံး ထိခိုက်သွားကြောင်း ကနဦး သိရှိရတယ်လို့ဆိုပါတယ်။


အကြမ်းဖက်စကစဟာအရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်နေပြီးစစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ကကျေးရွာတရွာတွင် (ဇွန်လ ၃ရက်)နံနက် ၈နာရီခွဲအချိန်ကလည်း မင်္ဂလာဆောင်တခုကို စကစကလေကြောင်းတိုက်ခိုက်ခဲ့ရာကလေးငယ်များအပါအဝင်လူအများအပြားသေဆုံးခဲ့ရပါတယ်။


========================


🚩🚩 ၄။ မုံရွာ တဆရ /၃၀၀ မှ ဒုတပ်ကြပ် ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီးနောက် ပစ်ခတ်ရှင်းလင်း


ဇွန် Radio NUG

    

ဇွန်လ ၃ရက် နေ့လယ် (၁၁)နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း မြင်းမူမြို့ (စွန်ရဲ Revolution Force) အဖွဲ့မှရဲဘော်များနှင့် (Z (UG) မြို့ပြပြောက်ကျားတပ်ဖွဲ့) မှရဲဘော်များပူးပေါင်းပြီး (ဒုတပ်ကြပ် ညီလွင်အောင်)အား နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


စစ်ဆေးမေးမြန်းပြီးနောက် စွန်ရဲ Revolution Force အဖွဲ့မှ ရဲဘော် ဦးကို သတင်းပေးဖမ်းဆီးစေခဲ့မှုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို စွန်ရဲ Revolution Force အဖွဲ့နှင့် Z (UG) မြို့ပြပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အနေဖြင့် ဧပြီလနှင့် မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားဦးရေ (၉၅၉)ဦး မွေးထုတ်ပေးနိုင်


ဇွန်လ၅


တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အနေဖြင့် ဧပြီလနှင့် မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားဦးရေ (၉၅၉)ဦး မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဇွန်လ၅ရက်မှာ တောင်ပိုင်းစစ်ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားသစ်များ မွေးထုတ်မှုအခြေအနေအား ပြည်သူလူထုသို့ တင်ပြခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်မှုထမ်းစေရေး ဥပဒေသစ်ထုတ်ပြန်၍ ပြည်သူအချင်းချင်းတိုက်ခိုက်ရန် မတရားစေခိုင်းခြင်းကြောင့် လူငယ်အများစုသည် နီးစပ်ရာ လွတ်မြောက်နယ်မြေများထဲသို့ သွားရောက်ခိုလှုံကာ လက်နက်ကိုင်လမ်းစဉ်အား ရွေးချယ်ခဲ့ကြသူများ ရှိလာခဲ့တယ်လို့ဖော်ပြပါတယ်။


တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အနေဖြင့် ဝင်ရောက်ခိုလှုံလာသူများအား စိစစ်လက်ခံပြီး အခြေခံစစ်ပညာသင်တန်းများနှင့် သက်ဆိုင်ရာဌာနအလိုက် ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးခဲ့ရာ ပြီးခဲ့သည့်ဧပြီလနှင့် မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားဦးရေ (၉၅၉)ဦး မွေးထုတ်ပေးနိုင်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မူလချမှတ်ထားသည့်လမ်းစဉ်အတိုင်း ပြည်သူလူထုလိုလားသည့် ပြည့်သူ့အာဏာပြည်သူ့လက်ထဲ ပြန်ရောက်သည်အထိ စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်သွားမည်ဟု ထပ်လောင်း ကတိသစ္စာပြုအပ်တယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၆။ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသည့် စကစ ၅ဦးအား စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်


ဇွန် Radio NUG


ဇွန်လ ၄ရက် နံနက် ၁၀နာရီခန့်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသည့် စကစ ၅ဦးအား ရဲစခန်းအဝင် လမ်းကြပ်ရှိ ပဒေသာ TNT အပြင်းစားမိုင်း ၃လုံးတွဲ ထောင်ထားသည့် နေရာသို့အရောက်၌  စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစ ၃ဦး နေရာတွင် သေဆုံးကာ ၂ဦး ပြင်းထန်ဒဏ်ရာရရှိပြီး စခန်းအတွင်းရှိ အခြား စကစများမှ စက်လက်နှင့် လက်နက်ကြီးများဖြင့် စခန်းအပြင်သို့ ရမ်းသမ်းပစ်ခတ်မှု မိနစ်၂၀ ခန့် ပြုလုပ်ခဲ့သော်လည်း ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


ဆက်လက်၍လည်း မြို့ပြစစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီး၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများ၊ ရုံးများအနီး နေထိုင်သွားလာခြင်းများ မပြုလုပ်ကြခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်  မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ စစ်တွေ ဗျိုင်းဖြူရွာဖြစ်စဉ်မှာ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၈ဝ ဝန်းကျင်ထိရှိလာ


ရခိုင်ပြည် စစ်တွေမြို့နယ်ထဲမှာရှိတဲ့ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်မှာ မတရားဖမ်းဆီးသတ်ဖြတ်ခံရသူအရေအတွက်ဟာ ၈ဝ ဝန်းကျင်အထိ ရှိလာပြီလို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်တွေနဲ့ ရခိုင်ပြည်လွတ်မြာက်ရေးပါတီ ALP က တပ်ဖွဲ့ဝင်အချို့ဟာ မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူကျေးရွာကိုဝင်ရောက်လာပြီး ကျေးရွာဒေသခံတွေကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့ AA က ပြောလိုက်တာဖြစ်ပါတယ်။ 

ဖမ်းဆီးထားသူတွေထဲက အမျိုးသမီးအချို့နဲ့ ကလေးငယ်တွေကို ဇွန်လ ရက်နေ့မှာ စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့ပေမယ့် ဇွန်လ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်မှာ မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ ၇၆ ဦးအထိ ရှိလာခဲ့ပြီလို့ အသိပေးထားပါတယ်။

ဗျိုင်းဖြူရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲသတင်းတွေကို ဆက်လက်စုံစမ်းနေပြီး ကျူးလွန်ခဲ့သူတွေအားလုံးကို လက်တုန့်ပြန်သွားမှာဖြစ်တယ်လို့ AA က သတိပေးကြေညာထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဗျိုင်းဖြူရွာသားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သလို လက်နက်ကိုင်ပဋိပက္ခ ကာလတလျှေက် ရခိုင်ပြည်က အပြစ်မဲ့အရပ်သားပြည်သူတွေကို ရေကြောင်း၊ လေကြောင်းတို့ကနေ ပစ်ခတ်တာ၊ ကြည်းတပ်အင်အားနဲ့ လူမဆန်စွာ ပြုမူရက်စက်သတ်ဖြတ်နေတာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ရုံသာမက စစ်ရာဇဝတ်မှုကိုပါ ပြောင်ပြောင် တင်းတင်း ထပ်မံကျူးလွန်နေတာပဲဖြစ်တယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး- AASYC က လည်း ဇွန်လ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး AASYC အနေနဲ့ ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပမှာရှိတဲ့ အင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ကျူးလွန်ခံရတဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်တွေ တတ်စွမ်းသမျှ ပံ့ပိုးပေးသွားမယ်လို့ AASYC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment