5th JUN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေ လက်တွေ့ကျကျ ဖြစ်စေဖို့အလေးအနက်ထားတိုက်တွန်းရန်ယာယီသမ္မတပြောကြား

📌 ၂။ ၂၀၂၄ မဟာဗျူဟာနှင့်အညီ စုစုစည်းစည်း အလုပ်လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်း

📌 ၃။ "တော်လှန်ရေးမှာ ပြန်လည်ထူထောင်ရေး၊ ပြန်လည်သန်စွမ်းရေးတွေဆိုတာ အရေးကြီးအခန်းကဏ္ဍမှာပါတယ်"လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြော

📌 ၄။ မြန်မာနိုင်ငံအတွင်း ပိုမိုများပြားလာသည့် ရက်စက်ကြမ်းကြုတ်မှုများအပေါ် စိတ်မကောင်းဖြစ်မိကြောင်း UKသံရုံးထုတ်ပြန်

📌 ၅။ မြန်မာစစ်တပ်ရဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားကျူးလွန်နေမှုအပေါ် အထူးအလေးထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMကထုတ်ပြန်

📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ(၂၈)ဦး သေဆုံးခဲ့ပြီးရခိုင်ပြည်နယ်မှာ(၁၀)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်


၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန်တိုင်းအတွင်း မေလစစ်ရေးဖော်ဆောင်မှုများ ၂၂ ကြိမ် ပြုလုပ်နိုင်ခဲ့ဟု Rangoon Scout Network ထုတ်ပြန်

🚩 ၂။ စစ်ကိုင်းမြို့နယ် ဆားတောင်နယ်မြေ ရဲစခန်းအား Droneဖြင့် ဗုံး လုံးချ တိုက်ခိုက်

🚩 ၃။ နွားထိုးကြီးမြို့နယ် နဘဲသာရွာမြောက်ထိပ်မှ မာန်လည်ရွာသို့ ချီတက်လာသော အင်အား ၄၀ ခန့်ရှိ စကစတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်

🚩 ၄။ သစ်ချိုကုန်း ပျူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ဦးသေဆုံး

🚩 ၅။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့က ဒေသခံ ပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

🚩 ၆။ မြိုင်မြို့နယ်မှာ လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲပစ်ခတ်မှုကြောင့် နှစ်ဝန်းကျင် ကလေးငယ်အပါအဝင် အမျိုးသမီး ၅ဦး သေဆုံး

🚩 ၇။ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားတစ်ဦး လက်နက်မပါ အလင်းဝင်ရောက်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေ လက်တွေ့ကျကျ ဖြစ်စေဖို့အလေးအနက်ထားတိုက်တွန်းရန်ယာယီသမ္မတပြောကြား


ဇွန်လ ၄ရက်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေလက်တွေ့ကျကျ ဖြစ်စေဖို့အလေးအနက်ထားတိုက်တွန်းရန် ယာယီသမ္မတဒူဝါလရှီးလက ဇွန်လ၄ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားပါတယ်။


"ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့အနေနဲ့လည်း ပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက်ဖြစ်အောင် ကူညီလုပ်ဆောင်နေမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဖြေရှင်းဆောင်ရွက်ရေး ကိစ္စရပ်တွေဟာ လက်ရှိတည်ဆဲအခြေအနေထက် 

ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့လည်း ကျွန်တော်တို့က အလေးအနက်ထားတိုက်တွန်းဖို့ လိုပါတယ်"လို့ဆိုပါတယ်။


ပြည်သူလူထုကို ကာကွယ်တဲ့နေရာမှာလည်း ပြည်သူ့ဘက်တော်သား အင်အားစုအားလုံးဟာမိမိကိုယ်ကို အားကိုးရေးမူကို ကိုင်စွဲရမှာ ဖြစ်သလို၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လူသားချင်းစာနာထောက်ထားမှု စိတ်အခံကို နှိုးကြွစေအောင် သိုင်းဝိုင်းထားဖို့လိုအပ်တယ်လို့ယာယီသမ္မတကပြောပါတယ်။


========================


📌📌 ၂။ ၂၀၂၄ မဟာဗျူဟာနှင့်အညီ စုစုစည်းစည်း အလုပ်လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်း


ဇွန်လ ၄ရက်။

၂၀၂၄ မဟာဗျူဟာနှင့်အညီ စုစုစည်းစည်း အလုပ်လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်းဆိုလိုက်ပါတယ်။


ဇွန်လ၄ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုအပ်သလို အားနည်းချက်တွေကိုလည်း အားသာချက်ဖြစ်လာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားဖို့လိုအပ်တာက ကဏ္ဍတစ်ခုတည်း အားကောင်းနေရုံနဲ့တော့ မဟာဗျူဟာကျကျ အောင်ပွဲဆင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သတိထားကြရမှာ ဖြစ်ပါတယ်။ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ကဏ္ဍပေါင်းစုံက ဟန်ချက်ညီညီ ချိတ်ဆက်မိနေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေးဆွဲအတည်ပြုခဲ့ကြတဲ့ ၂၀၂၄ မဟာဗျူဟာနှင့်အညီ စုစုစည်းစည်း အလုပ်လုပ်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နောက်ထပ်ကျင့်သုံးနိုင်ဖွယ်ရှိတဲ့ စကစရဲနည်းဗျူဟာတွေကို ကြိုတင်မှန်းဆပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ မနှောင့်နှေးစေပဲ စီစဥ်လုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ "တော်လှန်ရေးမှာ ပြန်လည်ထူထောင်ရေး၊ ပြန်လည်သန်စွမ်းရေးတွေဆိုတာ အရေးကြီးအခန်းကဏ္ဍမှာပါတယ်"လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြော


ဇွန်လ ၄ရက်။

"တော်လှန်ရေးမှာ ပြန်လည်ထူထောင်ရေး၊ ပြန်လည်သန်စွမ်းရေးတွေဆိုတာ အရေးကြီးအခန်းကဏ္ဍမှာပါတယ်"လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြောကြားလိုက်ပါတယ်။


ဇွန်လ၄ရက် ဆိုရှယ်မီဒီယာမှာ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကဆိုပါတယ်။


"တော်လှန်ရေးမှာ ပြန်လည်ထူထောင်ရေး၊ ပြန်လည်သန်စွမ်းရေးတွေဆိုတာ အရေးကြီး အခန်းကဏ္ဍမှာပါပါတယ်။ ကျွန်တော်တို့ တလမ်းထဲ အတူလျှောက်ကျရင်း၊ အချင်းချင်း ဖေးမမှုကို အခုကတည်းက အစပြုထားရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်နဲ့တိုက်ပွဲဝင်ရာမှာ တော်လှန်ရေးရဲဘော်များဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုတို့ရှိနေပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံအတွင်း ပိုမိုများပြားလာသည့် ရက်စက်ကြမ်းကြုတ်မှုများအပေါ် စိတ်မကောင်းဖြစ်မိကြောင်း UKသံရုံးထုတ်ပြန်


ဇွန်လ ၄ရက်။ 

Radio NUG

မြန်မာနိုင်ငံအတွင်း ပိုမိုများပြားလာသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် စပ်လျဉ်းသည့် သတင်းအစီရင်ခံစာများကို ကြားသိရသည့်အတွက် ယူကေအစိုးရအနေဖြင့် အလွန်အမင်း စိတ်မကောင်းဖြစ်မိပါကြောင်း UK သံရုံးက သတင်းထုတ်ပြန်ပါတယ်။


ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူမဆန်သည့်သတ်ဖြတ်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသော မိသားစုဝင်များအတွက် ကျွန်ုပ်တို့သတိရ ဆုတောင်းပေးနေပါကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် မြန်မာနိုင်ငံတစ်ဝန်း၌ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသည်ကို ကျွန်ုပ်တို့သိရှိရပါကြောင်း ဖော်ပြထားပါတယ်။


အရပ်သား ပြည်သူများအားလုံးကို အကာအကွယ်ပေးရမည်ဖြစ်ပြီး ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုအားလုံး အတွက်လည်း တာဝန်ခံမှုရှိရပါမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မြန်မာစစ်တပ်ရဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားကျူးလွန်နေမှုအပေါ် အထူးအလေးထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMကထုတ်ပြန်


ဇွန်လ ၄ရက်။

မြန်မာစစ်တပ်ရဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားကျူးလွန်နေမှုအပေါ် အထူးအလေးထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMကထုတ်ပြန်လိုက်ပါတယ်။


ဇွန်လ၄ရက် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMကအသိပေးဖော်ပြပါတယ်။


"မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဥ်းပန်းခြင်း၊ လိင်နဲ့ဂျင်ဒါအခြေပြုရာဇဝတ်မှုတွေ ကျူးလွန်ခြင်း၊ စစ်မှုထမ်းခိုင်းခြင်း၊ အခြားဆိုးရွားတဲ့အခြေအနေမှာ ခိုင်းစေခြင်းစတဲ့ ရာဇဝတ်မှုတွေမှာ ကလေးတွေကိုပစ်မှတ်ထားပြီး ကျူးလွန်နေပါတယ်။ တိုက်ခိုက်မှုများဖြစ်နေစဥ် ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အခါ ကလေးသူငယ်တွေအပေါ်သက်ရောက်မှုကစိုးရိမ်ဖွယ်ဖြစ်ပါတယ်။ ယန္တရားက ဒီရာဇဝတ်မှုတွေကို အထူးအလေးထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ဒီလိုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အချက်အလက်မျှဝေလိုပါက လျှို့ဝှက်လုံခြုံစွာဆက်သွယ်ပေးပါ"လို့ဆိုထားပါတယ်။


၂၀၂၄ ခုနှစ်၊ မေလ မှတ်တမ်းအရ အာဏာသိမ်းစစ်တပ်မှ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ပြည်သူ(,၁၀၀)ကျော်ရှိခဲ့ပြီး၄င်းတို့ထဲတွင်ကလေးငယ်များလည်းပါဝင်ပါတယ်။


လက်ရှိနိုင်ငံ့လူဦးရေစုစုပေါင်းအနက်()သန်းကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာသူများဖြစ်နေပြီး(၁၈.)သန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိကာ ယင်းတို့အနက်()သန်းမှာ ကလေးငယ်များဖြစ်ကြောင်းသိရပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ(၂၈)ဦး သေဆုံးခဲ့ပြီးရခိုင်ပြည်နယ်မှာ(၁၀)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်


ဇွန်လ ၄ရက်။

အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ(၂၈)ဦး သေဆုံးခဲ့ပြီးရခိုင်ပြည်နယ်မှာ (၁၀)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ  အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၁၆)ဦး စုစုပေါင်း (၂၈)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ (၂၈)ဦးအနက် ရခိုင်ပြည်နယ်မှာ (၁၀)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၁၉)ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


ထို့ပြင် စစ်အုပ်စုက ဖော်ပြပါကာလအတွင်း အဆိုပါကဏ္ဍမှ အမျိုးသမီး ()ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့ပြီး တနင်္သာရီတိုင်းမှာ()ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရန်ကုန်တိုင်းအတွင်း မေလစစ်ရေးဖော်ဆောင်မှုများ ၂၂ ကြိမ် ပြုလုပ်နိုင်ခဲ့ဟု Rangoon Scout Network ထုတ်ပြန်


ဇွန် ၄ရက်။

Radio NUG

ရန်ကုန်တိုင်းအတွင်း မေလစစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၂၂)ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၁၆) ကြိမ်၊ လုပ်ကြံမှု () ကြိမ်တို့ပါဝင်ခဲ့ကာ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု () ကြိမ်ထိ ရှိခဲ့ကြောင်း Rangoon Scout Networkက သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိအခိုက်များစေသည့် အောင်မင်္ဂလာအဝေးပြေးရှေ့ စစ်ကောင်စီတပ်စခန်း၊ မြောက်ဒဂုံ (၃၂) ရပ်ကွက်ရုံး၊ ဒဂုံဆိပ်ကမ်း လဝကရုံး၊ ပေါက်တောဝ ဘန်ကာ၊ ရွှေနံ့သာအုပ်ချုပ်ရေးရုံးနှင့် ရွှေပြည်သာ အာမီရမ်စက်ရုံရှေ့ ကင်းစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် အင်းစိန်ကြို့ကုန်း အနောက်ရပ်ကွက်ရုံးအတွင်းသို့ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ရဲဘော်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ စစ်ကိုင်းမြို့နယ် ဆားတောင်နယ်မြေ ရဲစခန်းအား Droneဖြင့် ဗုံး လုံးချ တိုက်ခိုက်


ဇွန်လ ၄ရက်။

Radio NUG


ဇွန်လ ၂ရက်နေ့ မနက် :၃၅ ခန့်တွင် စစ်ကိုင်းမြို့နယ် ဆားတောင်နယ်မြေ ရဲစခန်းအား Droneဖြင့် ဗုံး ()လုံးချ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ လူနေလိုင်းခန်း ခေါင်မိုးများ ပွင့်ထွက်ပျက်စီးပြီး ရဲနှင့်ပျူစောထီးများ ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်း ဖော်ပြထားပါတယ်။


စခန်းအတွင်းမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိသော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုကို Phoenix -Sagaing Royal Falcon Guerrilla Force Unicorn Guerrilla Force ကြောင်လက်သည်း (ဝက်လက်)နှင့် စစ်ကိုင်းခရိုင် အမှတ်()တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး Fix Wing Drone အသီးများကို ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်းမှ ထောက်ပံ့ကူညီပေးကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ နွားထိုးကြီးမြို့နယ် နဘဲသာရွာမြောက်ထိပ်မှ မာန်လည်ရွာသို့ ချီတက်လာသော အင်အား ၄၀ ခန့်ရှိ စကစတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်


ဇွန် ၄ရက်။ 

Radio NUG


ဇွန်လ ()ရက်နေ့ နံနက် ()နာရီ (၅၀)မိနစ်ဝန်းကျင်ခန့်တွင် နွားထိုးကြီးမြို့နယ် နဘဲသာရွာမြောက်ထိပ်မှ မာန်လည်ရွာသို့ ချီတက်လာသော အင်အား ၄၀ ခန့်ရှိ စကစတပ်ဖွဲ့များအား မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းပြီး မာန်လည်ရွာတောင်ဘက်တွင် စောင့်၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်()တပ်ရင်း - NRDFက သတင်းထုတ်ပြန်ပါတယ်။


စကစတပ်ဖွဲ့ဘက်မှလည်း လက်နက်ကြီး လက်နက်ငယ် အမြောက်အများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ ၃နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။


မဟာမိတ်တပ်ဖွဲ့ဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်များ ဒရုန်းဗုံးသီးများဖြင့် ကျဲချတိုက်ခိုက်မှုကြောင့် စကစဘက်မှ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိကာ နဘဲသာရွာ တောင်ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ မဟာမိတ်တပ်ဖွဲ့များမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်()တပ်ရင်း-NRDF နှင့်အတူ မြင်းခြံခရိုင် အမှတ် ၁၊ အမှတ် ၂၊ အမှတ် တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ၊ တောင်သာမြို့နယ် ပကဖ၊ မလှိုင်မြို့နယ် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ သစ်ချိုကုန်း ပျူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ဦးသေဆုံး


ဇွန်လ ရက်။

Radio NUG

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်း ပြည်သူ့စစ် (ပျူ) ရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ခေါင်းဆောင် ခင်မောင်ရီ ဦးဆောင်တဲ့ ပြည်သူ့စစ် အဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက် နာရီ အချိန်ကနေ ရက်နေ့ မနက် နာရီ အချိန်အထိ အဆိုပါ သစ်ချိုကုန်း(ပျူ)ရွာကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် Drop ဗုံးသီးချ တိုက်ခိုက်ခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ပျူစောထီးနှင့် စစ်သားများ တပ်စွဲထားတဲ့ အထိုင်ချနေရာများနဲ့ ဘန်ကာများကို အနီးကပ် စီးနင်းပစ်ခတ်ခဲ့ပြီး ပြည်သူ့စစ်(ပျူ) ဦး သေဆုံးခဲ့ကာ ကျန်စစ်ကောင်စီနဲ့ ပျူများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာကြောင့် ဘန်ကာများ အဆောက်အဦးများကို ဖျက်ဆီးရှင်းလင်း နိုင်ခဲ့တယ်လို့ သိရပါတယ်။


၎င်း တိုက်ပွဲအတွင်း ကာဘိုင် တစ်လက်၊ ကာဘိုင် ကျည်ဘောက် သုံးခု၊ လက်ပစ်ဗုံး တစ်ခု၊ ကာဘိုင် ကျည် ၁ဝ၂ တောင့်၊ ၁၂ ဗို့ လက်နဲ့ လက်လုပ် သေနတ် လက်တို့ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ၊ မြိုင် ပကဖ၊ BLY ပြောက်ကျားတပ်ဖွဲ့၊ SENTHANG REVOLUTION FORCE - S.R.F ပခုက္ကူခရိုင် တပ်ရင်း (၁၂) မကွေးခရိုင်တပ်ရင်း () ပေါက်တောင်ပိုင်း ကျီးကန်း (ပကဖ) ပေါက်မြောက်ပိုင်း တော်လှန်ရေးတပ်ဦး (NPRF) အဆိုတော်အဖွဲ့၊ PPDF ၊ကင်ဒို ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ Pauk Based On Revolution Force - PBRF ဗိုလ်တစ္ဆေအဖွဲ့၊ KMDF - ကမ္မတပ်ပေါင်းစု စကား ပြောက်ကျားတပ်ဖွဲ့ ဦးကြီးတပ်ဖွဲ့ ပေါက်ပကဖ Drone တပ်ဖွဲ့၊ BRAF Drone TEAM မိုးပျံ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့က ဒေသခံ ပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်


ဇွန်လ ရက်။

Radio NUG

အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်းတို့ရဲ့ လက်အောက်ခံ (PNO) ပြည်သူ့စစ် အဖွဲ့ဟာ ဆီဆိုင်မြို့နယ်၊ ကယန်းလေး ကျေးရွာမှ ဒေသခံ ပြည်သူတစ်ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ PNLA သတင်းစဉ်က ဖော်ပြထားပါတယ်။


ဇွန်လ ရက်နေ့ ညပိုင်းမှာ ကယန်းလေးကျေးရွာနေ အသက် (၅၀) အရွယ်ရှိ ဦးဂျော့လောင်() ဖြားစွူးကို စစ်ကောင်စီနဲ့ PNO အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ပန်တိုင်းကျေးရွာအနီးတွင် ညှင်းဆဲနှိပ်စက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ဦးဂျော့လောင်ကို ဖမ်းသွားပြီနောက် ပြန်လွတ်ပေးရန် ဒေသခံတချို့က လိုက်သွားခဲ့တဲ့ ဇွန်လ ရက်နေ့ (နောက်တနေ့)မနက်တွင် ပန်းတိုင်ကျေးရွာ အနီးမှာ ရိုက်နှက်သတ်ဖြတ်ခံထားရတဲ့ ဦးဂျော့လောင်ရဲ့ အလောင်းကိုသာ ဒေသခံများက တွေ့ခဲ့ရတာ ဖြစ်ပါတယ်။


ဦးဂျော့လောင်မှာ မည်သည့်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှုမရှိတဲ့ သာမာန်ပြည်သူ တစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် စစ်ကောင်စီနဲ့ ပြည်သူ့စစ်များက အခုလို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတာကို မသိရသေးဘူးလို့ PNLA သတင်းစဉ်က ဆိုပါတယ်။


စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်များဟာ မေလ မှ ယခု ဇွန်လ ရက်နေ့အထိ ပြည်သူလူထုကို ဖမ်းဆီး သတ်ဖြတ်ခြင်း ပြန်ပေးဆွဲ ငွေညှစ်ခြင်းများ ရိုက်နှက် နှိပ်စက်ခြင်းများ ကြိမ်တိုင် ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ မြိုင်မြို့နယ်မှာ လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲပစ်ခတ်မှုကြောင့် နှစ်ဝန်းကျင် ကလေးငယ်အပါအဝင် အမျိုးသမီး ၅ဦး သေဆုံး


ဇွန်လ ၄ရက်။

Radio NUG


မြိုင်မြို့နယ်မှာ လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲပစ်ခတ်မှုကြောင့် ၁၀နှစ်အောက် ကလေးငယ်အပါအဝင် အမျိုးသမီး ၅ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။


ဇွန်()ရက်၊ မနက် () နာရီခွဲဝန်းကျင်မှာ ကံမြင့်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို အကြောင်းမဲ့ ဗုံးကြဲ ပစ်ခတ်သတ်ဖြတ်တာလို့ ဆိုပါတယ်။


နှစ်ကြိမ် လာရောက်ဗုံးကြဲတာဖြစ်ပြီး ပထမ တစ်လုံးက ရွာအရှေ့ဘက်ကိုကျကာ နောက်တစ်လုံးက ဘုန်းကြီးကျောင်းနားက အိမ်ပေါ်ကျရောက်ခဲ့ပြီး မြေးအဘွား၂ ဦးအပါအဝင် ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကို ဇွန်လ၃ရက်က တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားမှုမှာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တာကြောင့် အခုလို ဗုံးကြဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတချို့က ထင်ကြေးပေးနေကြပါတယ်။


သေဆုံးသူတွေကို မြေမြုပ်သင်္ဂြိုဟ်ဖို့အတွက် ရွာအပြင်ထွက်ချိန် ကံတော်ရွာ၊ ဘုံကံရွာကနေလည်း စစ်အုပ်စုနဲ့ ပျူတွေက လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် အထိအခိုက် ရှိနိုင်သေးကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားတစ်ဦး လက်နက်မပါ အလင်းဝင်ရောက်လာ


ဇွန်လ ၄ရက်။

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားတစ်ဦး လက်နက်မပါ အလင်းဝင်ရောက်လာပါတယ်။


ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားတစ်ဦး လက်နက်မပါ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဇွန်လ၄ရက်မှာဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံသို့ မေလ၂၉ရက်နေ့က ချိတ်ဆက်ပြီး အလင်းဝင်လာသည့် ပုသိမ်မြို့၊အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ(စနခ-၄၄၄)မှ  တပ်သားအား မြို့နယ်ပကဖမှ ဂုဏ်ပြုဆုငွေနှင့် လုံခြုံသည့်နေရာရောက်အောင် ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။


ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးတိုက်တွန်းလိုတယ်လို့လည်း ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment