6th JUN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အလုပ်သမားထုကြီး၏ မပြီးဆုံးခဲ့သော တော်လှန်ရေးခရီးလမ်းကို အခြားသောတော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ဇွန် ရက် စိတ်ဓာတ်ကို ကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်

📌 ၂။ Special Advisory Council for Myanmar delegation အဖွဲ့  NUG Washington D.C ရုံးသို့ လာရောက်၍ နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး

📌 ၃။ ဗဟိုဘဏ်ဟာ အာဏာရှင် ခိုင်းတာ လုပ်ရတဲ့ ပြာတာ အဖွဲ့အစည်းဖြစ်တော့မယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီးသတိပေး

📌 ၄။ အကြမ်းဖက်စစ်တပ်ရဲ့  လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး ထိခိုက်ခဲ့ရတဲ့ ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုရအောင် ဆောင်ကျဉ်းသွားမယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနဆို

📌 ၅။ ချောင်းဦးမြို့နယ််အတွင်းရှိ ပြည်သူများနှင့် မုံရွာ-မန္တလေးလမ်း ခရီးသွားပြည်သူများ စကစစစ်ကြောင်းကို သတိထားဆင်ခြင်နိုင်ရန် ချောင်းဦး PDF အရေးပေါ်သတိပေး

📌 ၆။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ ငါးထောင်းကျော်ရှိလာ

📌 ၇။ The Key ပရော့ဂျက် လေးရက်အတွင်း  မဲလက်မှတ်စောင်ရေ တထောင်ကျော်နှင့် အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ရှာဖွေထားနိုင်


၂၀၂၄ ခုနှစ် ဇွန်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျိုက်ထိုနဲ့သထုံမှာ စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် လူနေအိမ် (၁၀)လုံးနှင့် သာသနာ့အဆောက်အဦ()လုံး ထိခိုက်ပျက်စီး

🚩 ၂။ ချောင်းဦးမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်သား () ဦး ပြင်းထန်ဒဏ်ရာရ

🚩 ၃။ မုံရွေးတိုးဂိတ်အနီး ခရီးသွားသူတွေကို စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုတွင် () ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အလုပ်သမားထုကြီး၏ မပြီးဆုံးခဲ့သော တော်လှန်ရေးခရီးလမ်းကို အခြားသောတော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ဇွန် ရက် စိတ်ဓာတ်ကို ကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်


နှစ် (၅၀) ပြည့် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဇွန်လ ရက်မှာ ပေးပို့လိုက်ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တော်လှန်ရေးကောင်စီသည် (၁၉၇၃) ခုနှစ်၊ ဒီဇင်ဘာလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ၎င်းတို့စိတ်ကြိုက် တစ်ဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဋ္ဌာန်းလိုက်သောကြောင့် (၁၉၇၄) ခုနှစ်၊ ဇွန်လ () ရက်နေ့တွင် အလုပ်သမားထုတစ်ရပ်လုံးက ပြတ်ပြတ်သားသားဆန့်ကျင် သပိတ်မှောက်ခဲ့ကြသည်မှာ ယနေ့အချိန်တွင် နှစ်ပေါင်း (၅၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

(၁၉၇၄) ခုနှစ်၊ ဇွန်လ () ရက် အလုပ်သမားလှုပ်ရှားမှုတိုက်ပွဲသည် အကြမ်းဖက်စစ်အုပ်စု၏ လက်နက်အားကိုးဖြင့် ချေမှုန်းခံခဲ့ရသည့်နည်းတူ ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်သည့် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များအား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ အကျဉ်းချခြင်း၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းတို့ကို ဆောင်ရွက်နေသည့်ကြားမှပင် မြန်မာအလုပ်သမားထုတစ်ရပ်လုံး၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်များမှာ ယနေ့အချိန်အထိ ရှင်သန်တည်ရှိနေဆဲပင် ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့နွေဦးတော်လှန်ရေးသည် အလုပ်သမားလှုပ်ရှားမှုတိုက်ပွဲတွင် ကျဆုံးခဲ့ကြသော အလုပ်သမားထု၏ မပြီးဆုံးခဲ့သော စစ်အာဏာရှင်စနစ်ပပျောက်ရေးနှင့် အလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝရရှိရေး လုပ်ငန်းစဉ်များကို ယူဆောင်ပေးနိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ပါတယ်လို့ ဖော်ပြပါတယ်။

မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အလုပ်သမားထုကြီး၏ မပြီးဆုံးခဲ့သော တော်လှန်ရေးခရီးလမ်းကို အခြားသောတော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ဇွန် () ရက် စိတ်ဓာတ်ကို ကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အလုပ်သမားအခွင့်အရေးများ အပြည့်အဝပေးစွမ်းနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် နွေဦးတော်လှန်ရေးကြီးတွင် စွမ်းစွမ်းတမံ ပါဝင်တိုက်ပွဲဝင်နေကြပါသော အလုပ်သမားထုများ၊ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများအားလုံးအား လေးစားဂုဏ်ပြုခြင်းဖြင့် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ Special Advisory Council for Myanmar delegation အဖွဲ့  NUG Washington D.C ရုံးသို့ လာရောက်၍ နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး


Special Advisory Council for Myanmar delegation အဖွဲ့ဟာ Washington D.C မြို့သို့ ရောက်ရှိစဥ် အမေရိကန်နိုင်ငံရှိ NUG Washington D.C ရုံးသို့ လာရောက်၍ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဝါရှင်တန်ဒီစီမြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကဇွန်လ () ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Ms. Yanghee Lee နှင့် Mr. Chris Sidoti ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် လက်ရှိ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ၊ မကြာသေးခင်က ထုတ်ပြန်ခဲ့သော SAC-M Briefing paper  Effective Control in Myanmar 2024 အကြောင်းနှင့် ပြည်တွင်း လက်ရှိ ပေါ်ပြောင်းလဲမှု အခြေအနေများအကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ဗဟိုဘဏ်ဟာ အာဏာရှင် ခိုင်းတာ လုပ်ရတဲ့ ပြာတာ အဖွဲ့အစည်းဖြစ်တော့မယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီးသတိပေး


ဗဟိုဘဏ်ဟာ အာဏာရှင် ခိုင်းတာ လုပ်ရတဲ့ ပြာတာ အဖွဲ့အစည်းဖြစ်တော့မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဇွန်လ () ရက်မှာ  ဆိုရှယ်မီဒီယာကတဆင့် ဆိုထားပါတယ်။

"လိုလာသမျှကို ဝါဇီက ရိုက်ပေးမယ်ဆိုတဲ့ စနစ်နဲ့ ကာကွယ်ထားတာလား။ ဗဟိုဘဏ်တွေမှာ တကယ့်ပညာရှင်တွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့ အဖွဲ့အစည်း ဖြစ်ဖို့လိုတယ်။ မဟုတ်ရင် အာဏာရှင် ခိုင်းတာ လုပ်ရတဲ့ ပြာတာ အဖွဲ့အစည်းပဲ။ ဂုဏ်သိက္ခာလည်း မရှိသလို အကုသိုလ်တွေ ထုတ်လုပ်နေတဲ့၊ အာဏာရှင်တွေ ငွေကြေးဖောင်းပွစေတဲ့ မူဝါဒ နဲ့ အေးဓားမြတိုက်တာကို ပါဝင်ကူညီပေးနေတဲ့ ပြည်ဖျက် ကြံရာပါ ဝန်ထမ်းတစုပဲ ဖြစ်လာမှာ။ ရှင်းကြတဲ့အခါ အထက်အမိန့်လို့ ချေပလို့ မရပါ" လို့ ဆိုလိုက်တာပါ။

လက်ရှိမှာ စကစသြဇာခံ ဗဟိုဘဏ်က ပြည်သူများ ပုဂ္ဂလိကတွင် အပ်နှံငွေများကို ပြန်မထုတ်ရန်နှင့် စိုးရိမ်စရာမလိုကြောင်း ကြေညာထားပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်တပ်ရဲ့  လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး ထိခိုက်ခဲ့ရတဲ့ ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုရအောင် ဆောင်ကျဉ်းသွားမယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနဆို


အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးထိခိုက်ခဲ့ရတဲ့ အရပ်သားပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တရားမျှတမှုရအောင် ဆောင်ကျဉ်းသွားမှာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေ ကြံရာပါတွေကို တရားဥပဒေအရ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက မြို့ကုန်းဆေးရုံနဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်။ ခင်ရှည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတို့ကြောင့် ကလေးငယ်တဦး သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အရပ်သားပြည်သူ (၁၇) ဦးဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဇွန်လ () ရက်နေ့၊ မွန်းတည့် (၁၂) နာရီကျော်အချိန်က ရွှေကူမြို့နယ်က မြို့ကုန်းဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံနဲ့ ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့ပြီး အသက် () နှစ်ကျော်အရွယ် လူနာစောင့်ကလေးငယ်တဦး သေဆုံးခဲ့တဲ့အပြင် ကျန်းမာရေးဝန်ထမ်းများ၊ လူနာစောင့်များနဲ့ အရပ်သားပြည်သူ စုစုပေါင်း (၁၇) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေအနက် ပြင်းထန်ဒဏ်ရတဲ့ () ဦးထဲမှာ အသက် () နှစ်အရွယ် ကလေးငယ်တဦး ပါဝင်တယ်လို့လည်း NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

ထို့အတူ ဇွန်လ () ရက်နေ့ နံနက် (၁၀း၄၀) အချိန်ခန့်မှာလည်း ပေါက်မြို့နယ်ထဲက ခင်ရှည်ကျေးရွာဆေးခန်းကို စစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဆေးခန်းထိခိုက်ပျက်စီးမှုများခဲ့ပြီး ကျောင်းသားကလေး တဦး ဒဏ်ရာရခဲ့ပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်က ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေဟာ ဂျီနီဗာ ကွန်ဗန်းရှင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ NUG အစိုးရက ထောက်ပြထားပါတယ်။

ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းများ၊ ဒေသနေပြည်သူများနဲ့အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုံ့ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်နေသူတွေ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့လုပ်ရပ်များကို ရပ်တန်းကရပ်ကြဖို့လည်း NUG အစိုးရက အလေးအနက် တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတို့ဘက်ကနေ စာနာရပ်တည်ပေးဖို့ အထူးလိုအပ်နေတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့် သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနဲ့ လက်တွဲပြီး ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းတဲ့အထိ တိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့ လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိသစ္စာပြုထားပါတယ်။


========================


📌📌 ၅။ ချောင်းဦးမြို့နယ််အတွင်းရှိ ပြည်သူများနှင့် မုံရွာ-မန္တလေးလမ်း ခရီးသွားပြည်သူများ စကစစစ်ကြောင်းကို သတိထားဆင်ခြင်နိုင်ရန် ချောင်းဦး PDF အရေးပေါ်သတိပေး


ချောင်းဦးမြို့နယ််အတွင်းရှိ ပြည်သူများနှင့် မုံရွာ-မန္တလေးလမ်း ခရီးသွားပြည်သူများအနေနဲ့ စကစစစ်ကြောင်းကို သတိထားဆင်ခြင်နိုင်ရန် ဇွန်လ () ရက်မှာ ချောင်းဦး PDF က အရေးပေါ်သတိပေးကြေညာလိုက်ပါတယ်။

"ချောင်းဦးမြို့နယ််အတွင်းရှိ မိဘပြည်သူများနှင့် မုံရွာ-မန္တလေးလမ်း ခရီးသွားပြည်သူများ သတိထားဆင်ခြင်နိုင်ရန် အသိပေးအပ်ပါတယ်။ ချောင်းဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် ချောင်းဦးမြို့ပေါ်တွင် စစ်အင်အားပြင်ဆင်ထားသည်ဟု သတင်းရရှိထားပြီး ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းအများစုတွင် ဓါးစာခံပြည်သူများ ခေါ်လေ့ရှိပါတယ်။ ယခုစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်းများကဲ့သို့ ပြည်သူများကို ဖမ်းဆီးဓါးစာခံ ခေါ်မည်ဟု သတင်းရရှိထားပါတယ်" လို့ ဆိုပါတယ်။

သို့ဖြစ်၍ ချောင်းဦးမြို့ပေါ်နှင့် မြို့နယ်အတွင်း စစ်ကောင်စီ စိုးမိုးနယ်မြေအချို့ကို အသွားအလာ ဆင်ခြင်ကြရန်နှင့် ဓါးစာခံပြည်သူများ ပါလာလျှင် PDFများအနေဖြင့် ထိန်းချုပ်ရန် အခက်အခဲရှိ၍ အသွားအလာ ဆင်ခြင်ခြင်းဖြင့် ပါဝင်ကူညီကြရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ ငါးထောင်းကျော်ရှိလာ


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (,၂၃၃) ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။

(၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ () ရက် အထိ အကြမ်းဖက် စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (,၂၃၃) ဦး ရှိသွားပြီဖြစ်တယ်လို့ AAPP က ဖော်ပြပါတယ်။

အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (,၈၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ ဆိုပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆,၈၂၄) ဦးရှိပြီး ထိုအထဲမှ (၂၀,၅၆၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (,၁၅၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၇။ The Key ပရော့ဂျက် လေးရက်အတွင်း  မဲလက်မှတ်စောင်ရေ တထောင်ကျော်နှင့် အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ရှာဖွေထားနိုင်


The Key ပရော့ဂျက် လေးရက်အတွင်း မဲလက်မှတ် စောင်ရေတထောင်ကျော်နှင့် အမေရိကန်ဒေါ်လာတစ်သိန်းကျော် ရှာဖွေထားနိုင်တယ်လို့ ပရော့ဂျက်ကိုယ်စားပြုပုဂ္ဂိုလ် မပန်ဆယ်လိုက ဇွန်လ () ရက်မှာ ဆိုရှယ်မီဒီယာမှ အသိပေးဆိုထားပါတယ်။

"Day 4 အထိ ရောင်းချထားတဲ့ လက်မှတ်အရေအတွက် (,၁၀၂) စောင်ပါရှင်။ အခုလို အချိန်ကာလမျိုးမှာ () ရက်နဲ့ အမေရိကန်ဒေါ်လာတစ်သိန်းကျော် ရှာဖွေထားနိုင်တယ်ဆိုတာ နည်းလှတဲ့ပမာဏ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပါဝင်ပေးကြတဲ့ တော်လှန်ပြည်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်" လို့ ဆိုထားပါတယ်။

ရှမ်းပြည်နယ်က ဒေါ်လာနှစ်မီလီယံ တန်ဖိုးရှိ ဟိုတယ်တစ်လုံးကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ () ရက်နေ့က စတင်ပြီးမမများနဲ့ပွဲကမယ်က ဦးဆောင်ခဲ့ပါတယ်။

ပရောဂျက်ကို The Key လို့ အမည်ပေးထားပြီး ဇွန်လ တစ်လလုံး မဲစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ကာ လက်မှတ်တစ်စောင်ကို  အမေရိကန် ဒေါ်လာ ၁၀၀ နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကျိုက်ထိုနဲ့သထုံမှာ စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် လူနေအိမ် (၁၀)လုံးနှင့် သာသနာ့အဆောက်အဦ()လုံး ထိခိုက်ပျက်စီး


မွန်ပြည်နယ်ထဲက ကျိုက်ထိုနဲ့ သထုံမှာ အကြမ်းဖက်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေထိမှန်ပြီး ဘာသာရေး အဆောက်အအုံနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ 

သိမ်ဇရပ်မြို့မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမတ - ၃၁၀ တပ်ရင်းနဲ့ ခမရ -၂၀၇ တပ်ရင်းက ဇွန်လ () ရက်နေ့၊ မနက် နာရီခွဲခန့်မှာ စခန်းအတွင်းကနေ လက်နက်ကြီး အလုံး (၃၀) ကျော် ပစ်ခတ်ခဲ့ရာ စစ်ကွင်းရွာက အမျိုးသားတဦးရဲ့ အိမ်ကို လက်နက်ကြီးကျည် () လုံး ထိမှန်ခဲ့တာကြောင့် လုံးဝပျက်စီးသွားကာ အခြားအိမ်တလုံးလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇွန်လ () ရက်နေ့ မနက် (၁၁) နာရီခန့်မှာလည်း ဒီတပ်တွေက ပစ်တဲ့ လက်နက်ကြီးကျည်တလုံးဟာ ခရွဲကျေးနယ် မုက္ခမော့ ကျေးရွာက မယ်တော်ကြီးကုန်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန် () လွယ်ထားတဲ့ အမျိုးသမီးတဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

အခုလို အကြမ်းဖက်စစ်တပ် စစ်စခန်းတွေက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးနယ်က သုံးခွရွာ၊ မုက္ခမော့ရွာနဲ့ စစ်ကွင်းရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ထို့အတူ သထုံမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လေကြောင်းအသုံးပြုပြီး အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် (၁၀) လုံးနဲ့ သာသနာ့အဆောက်အအုံ () လုံး ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ပြောပါတယ်။

ဇွန်လ () ရက်နေ့၊ မွန်းလွဲ (၁၂) နာရီကျော်အချိန်မှာလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု () ကြိမ်အတွင်း ဗုံး (၁၂) လုံးခန့်ကြဲချပြီး လက်နက်ကြီးတွေနဲ့ ပြည်သူလူထု ကြောက်လန့်အောင် ခြိမ်းခြောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေ (၇း၁၅) နာရီခန့်မှာ စစ်ကောင်စီလက်အောက်ခံ အမတ - ၃၁၄ တပ်ရင်းက လက်နက်ကြီးကျည် () လုံး ပစ်ခတ်ရာ ရွှေရောင်ပြရွာထိပ်မှာ ကျရောက်ပေါက်ကွဲပြီး အိမ် (၁ဝ) လုံး ပျက်စီးခဲ့သလို ဇွန်လ () ရက်နေ့ (၈း၁၀) အချိန်မှာလည်း စစ်ကောင်စီရဲ့ ခမရ - တပ်ရင်းက လက်နက်ကြီး () လုံးပစ်ခတ်ရာ ချောင်းစောက်ကျေးနယ်၊ ရေဝေရွာထဲကို လက်နက်ကြီးကျည် တလုံး ကျရောက်ပေါက်ကွဲပြီး ရေဝေရွာ ဘုန်းကြီးကျောင်းက အဆောက်အအုံ () လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟို ထုတ်ပြန်ချက်အရ သိရပါတယ်။


========================


🚩🚩 ၂။ ချောင်းဦးမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်သား () ဦး ပြင်းထန်ဒဏ်ရာရ


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ချောင်းဦးမြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား () ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ Sagaing District Drone Force – SDDF က ပြောပါတယ်။

ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ဇွန်လ () ရက်နေ့မှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက Sharr Htoo Waw နည်းပညာ Fixed Wings ဒရုန်းတွေသုံးပြီး Air Bomb () လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သားနဲ့ ရဲ စုစုပေါင်း () ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အခုလိုတိုက်ခိုက်ခံလိုက်ရတဲ့ အကြမ်းဖက်စစ်သားတွေက လက်နက်ကြီးနဲ့ () ကြိမ် ပစ်ခတ်ခဲ့ရာမှာ တောတွင်းတနေရာကို ကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျွဲ () ကောင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို Sagaing District Drone Force – SDDF MSPDF မြင်းခြံခရိုင် တပ်ရင်း ၈၊ CHU ဒရုန်းလက်ရုံးတပ်၊ Meikhtila Special Force နဲ့ Urban Hunter Force - UHF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မုံရွေးတိုးဂိတ်အနီး ခရီးသွားသူတွေကို စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုတွင် () ဦးသေဆုံး


စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်မှာရှိတဲ့ မုံရွေးတိုးဂိတ်အနီးမှာ တပ်ဖြန့်နေရာယူပြီး လမ်းသွားလမ်းလာပြည်သူတွေကို တားဆီး စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား () ဦး သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် - ၁၁ တပ်ရင်း၊ တပ်ခွဲ - People's Defence Force - South Monywa ထံက သိရပါတယ်။

ချောင်းဦးမြို့နယ် မြပုလဲစခဂိတ်ကထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဇွန်လ () ရက်နေ့ မနက် (၉း၀၀) အချိန်ခန့်က မုံရွေးတိုးဂိတ်အနီးမှာ တပ်ဖြန့်နေရာယူပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးနေချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ခရီးသားပြည်သူတွေကို စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်သားတွေထဲက စစ်သား () ဦး မိုင်းကွင်းပေါ်ရောက်နေချိန်မှာ ပဒေသာမိုင်း () လုံးနဲ့ ဖောက်ခွဲခဲ့တာကြောင့် စစ်သား () ဦးစလုံး သေဆုံးသွားတာလို့ People's Defence Force - South Monywa က အသိပေးပါတယ်။

မိုင်းဆွဲခံလိုက်ရတာကြောင့် ကျန်တဲ့စစ်သားတွေဟာ လမ်းဘေးဝဲယာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေလုပ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် - ၁၁ တပ်ရင်း၊ တပ်ခွဲ - People's Defence Force - South Monywa မုံရွာခရိုင် တပ်ရင်း - ၁၁၊ တပ်ခွဲ - ၃၊ တပ်စု - ၂၊ Youth Vigor Revolution Force မုံရွာခရိုင် တပ်ရင်း -၂၄၊ တပ်ခွဲ - ၂၊ ကနောင်မင်းသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မိဘပြည်သူများအနေနဲ့ လမ်းပေါ်မှာ စစ်သားတွေရှိနေရင် စစ်သားတွေနဲ့ အနီးကပ်မနေဘဲ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့၊ မဖြစ်မနေ သွားလာနေကြရတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာကြဖို့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို လေးစားလိုက်နာကြဖို့ တော်လှန်ရေးရဲဘော်တွေက မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment