6th JUN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စိုးမိုးထိန်းချုပ်နယ်မြေများတွင်လည်း သယံဇာတကဏ္ဍကို ကောင်းမွန်စွာ စီမံပြီး တော်လှန်ရေးအတွက် အကျိုးရှိစေရန် အလွန်အရေးကြီးတယ်လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး H.E. the Hon Penny Wongတို့ ကင်ဘာရာမြို့တွင် တွေ့ဆုံ၍မြန်မာပြည်သူများအတွက် ဩစတြေးနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးမည့် လမ်းကြောင်းများကို ဆွေးနွေးရှာဖွေခဲ့ကြ

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေးနှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေးခဲ့ 

📌 ၄။ Federal Net အင်တာနက်ကို  Federal Net အဖွဲ့သားတွေရဲ့ စွမ်းဆောင်ချက်နဲ့ အချို့မြို့နယ် တိုက်နယ်တွေမှာ စတင်အသုံးပြုလို့ရအောင် ဆောင်ကျည်းပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆို

📌 ၅။ Smart Government Project အစီအစဉ်အရ Go.NUG စနစ်အား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှမိတ်ဆက်

📌 ၆။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာကို စကစကလေကြောင်းတိုက်ခိုက်မှု အပြစ်ပေးအရေးယူနိုင်အောင် ဆောင်ရွက်မယ်လို့လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆို

📌 ၇။ ပြည်သူချစ်တဲ့ သူရဦးတင်ဦးရဲ့ စျာပနအခမ်းနားကို ကျင်းပခဲ့


၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်တပ်လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ လူစုလူဝေးနဲ့ ရိုးရာပွဲလမ်းသဘင်တွေမလုပ်ဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

🚩 ၂။ မေလ တစ်လအတွင်း တိုက်ပွဲသတင်းအနှစ်ချုပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှု အခြေအနေများ KNU ထုတ်ပြန်

🚩 ၃။ ပခုက္ကူတွင် စစ်ကောင်စီစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် ၁၀ ဦး သေဆုံး

🚩 ၄။ ကနီမြို့အတွင်းရှိ စကစများကမြို့၏ အရှေ့ဘက်တွင်ရှိသော မင်းကုန်းရွာနှင့် ရှမ်းမြောင်းရွာဘက်သို့ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်၍ ကာကွယ်ရေးတပ်များကတန်ပြန်ပစ်ခတ်

🚩 ၅။ ဒီပဲယင်းမြိုပေါ်က စစ်ကောင်စီ တပ်စွဲထားရာနေရာများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စိုးမိုးထိန်းချုပ်နယ်မြေများတွင်လည်း သယံဇာတကဏ္ဍကို ကောင်းမွန်စွာ စီမံပြီး တော်လှန်ရေးအတွက် အကျိုးရှိစေရန် အလွန်အရေးကြီးတယ်လို့ ဝန်ကြီးချုပ်ပြောကြား


ဇွန်လ ၅ရက်။

စိုးမိုးထိန်းချုပ်နယ်မြေများတွင်လည်း သယံဇာတကဏ္ဍကို ကောင်းမွန်စွာ စီမံပြီး တော်လှန်ရေးအတွက် အကျိုးရှိစေရန် အလွန်အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ()ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


"လက်ရှိ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေး အောင်မြင်ရန်အတွက် သဘာဝသယံဇာတကဏ္ဍမှ စစ်ကောင်စီထံသို့ ဝင်ငွေစီးဆင်းမှုကို တားဆီးရန် အရေးကြီးသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိ စိုးမိုးထိန်းချုပ်နယ်မြေများတွင်လည်း သယံဇာတကဏ္ဍကို ကောင်းမွန်စွာ စီမံပြီး တော်လှန်ရေးအတွက် အကျိုးရှိစေရန် အလွန်အရေးကြီးပါကြောင်း၊ သဘာဝသယံဇာတကဏ္ဍသည်အကျင့်ပျက်လာဘ်စားခြင်းများကို ဖြစ်ပေါ်စေတတ်ခြင်းကိုလည်း အထူးသတိပြုရမည်ဖြစ်ပြီး အစိုးရတစ်ရပ်အနေဖြင့် ကြားကာလနှင့် ကိုက်ညီပြီး ပွင့်လင်းမြင်သာမှုရှိသည့် မူဝါဒများကို ချမှတ်ကာ သေချာစွာလိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းမှာကြားကြရမှာ ဖြစ်ပါကြောင်း၊ ယခုလို ကြားကာလအချိန်မှာ သယံဇာတကို စီမံခန့်ခွဲရာမှာ အစိုးရက ချမှတ်ထားတဲ့ မူဘောင်ထဲကနေ ကြိုးစားဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါကြောင်း၊ တော်လှန်ရေး ဆင်နွှဲနေချိန် ဖြစ်တာကြောင့် သည်ကဏ္ဍကို စီမံခန့်ခွဲရာမှာ မလွယ်ကူမှန်းသိရှိပြီး မြေပြင်မှာလက်တွေ့ ဆောင်ရွက်နေသူတွေအနေဖြင့် အထူးသတိထား ဆောင်ရွက်ဖို့ အရေးကြီးပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်၍ (/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက် ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါတယ်။


သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြရာ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး H.E. the Hon Penny Wongတို့ ကင်ဘာရာမြို့တွင် တွေ့ဆုံ၍မြန်မာပြည်သူများအတွက် ဩစတြေးနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးမည့် လမ်းကြောင်းများကို ဆွေးနွေးရှာဖွေခဲ့ကြ


ဇွန်လ ၅ရက်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး H.E. the Hon Penny Wong တို့ ကင်ဘာရာမြို့တွင် တွေ့ဆုံ၍မြန်မာပြည်သူများအတွက် ဩစတြေးနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးမည့် လမ်းကြောင်းများကို ဆွေးနွေးရှာဖွေခဲ့ကြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး H.E.the Hon Penny Wong နှင့် ၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့က ကင်ဘာရာမြို့တွင် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အဓိကဆွေးနွေးနွေးခဲ့ကြပြီး၊ မြန်မာပြည်သူများအတွက် ဩစတြေးနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးမည့် လမ်းကြောင်းများကို ဆွေးနွေးရှာဖွေခဲ့ကြတယ်လို့သိရပါတယ်။ 


ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စရပ်များတွင် စိန်ခေါ်မှုများကို မီးမောင်းထိုးပြကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင် မြှင့်တင်နိုင်ရန်တို့အတွက်နိုင်ငံတကာအကူအညီများအား အရေးတကြီး လိုအပ်လျက်ရှိကြောင်းကို အလေးထားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေးနှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေးခဲ့ 


ဇွန်လ ၅ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေးနှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၅ရက်မှာ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနတို့ ပူးပေါင်း၍ တပ်ရင်း ၅၁၀၁ မှရဲဘော်များ၊ အခြေခံစစ်ပညာသင်တန်းတက်ရောက်နေသော တပ်သားအသစ်များကို လူ့အခွင့်အရေး (Human Rights) အခြေခံနှင့် စစ်သည်တော်ကျင့်ဝတ်(Military Code of Conduct) သင်တန်းကို ပေးအပ်ခဲ့တယ်လို့ဖော်ပြပါတယ်။


သင်တန်းကို ရက်ကြာ Hybrid ပုံစံဖြင့် မြေပြင်နှင့် အွန်လိုင်း ပေါင်းစပ်သင်ကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ International Humanitarian Laws/Geneva Convention နှင့် သက်ဆိုင်သည်များကို အခြေခံသဘောတရားများ သင်ကြားပို့ချပေးခဲ့ပါတယ်။


========================


📌📌 ၄။ Federal Net အင်တာနက်ကို  Federal Net အဖွဲ့သားတွေရဲ့ စွမ်းဆောင်ချက်နဲ့ အချို့မြို့နယ် တိုက်နယ်တွေမှာ စတင်အသုံးပြုလို့ရအောင် ဆောင်ကျည်းပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆို


ဇွန်လ ၅ရက်။


Federal Net အင်တာနက်ကို  Federal Net အဖွဲ့သားတွေရဲ့ စွမ်းဆောင်ချက်နဲ့ အချို့မြို့နယ် တိုက်နယ်တွေမှာ စတင်အသုံးပြုလို့ရအောင် ဆောင်ကျည်းပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆိုပါတယ်။


ဇွန်လ၅ရက် ဆိုရှယ်မီဒီယာမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။


"MOCIT ဆိုတဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနဖွဲ့စည်းခဲ့တာဒီနေ့ နှစ်ပြည့်ပါပြီ။ ဒီလောက်ထိကြာမယ်လို့ မမျှော်မှန်းခဲ့ပေမယ့် ဒီနေ့ဒီအချိန်ကတော့ ရောက်လာခဲ့ပြီ။ နှစ်အတွင်း တော်လှန်ရေးအောင်ဖို့ကို တိုက်ရိုက်အကျိုးပြုတဲ့ကဏ္ဍတွေကို ဦးစားပေးခဲ့သလို အထောက်အပံ့ဖြစ်စေတဲ့ကဏ္ဍတွေကိုလည်း မချန်ခဲ့ပဲ နိုင်သမျှတာဝန်ယူ တာဝန်ခံကြိုးစားခဲ့ကြတဲ့ ကျွန်တော်တို့ ဌာနတွင်းရော 

ဌာနပြင်ပကတော်လှန်ရေးညီအကိုမောင်နှမများအားလုံးကို ကျေးဇူးတင်ကြောင်းပြောပါရစေ။ ဒီကဏ္ဍတွေထဲကမှ အချို့ကိုထုတ်ပြရမယ်ဆိုရင်တော့ Federal Net အင်တာနက်ကို တော်လှန်ရေးအင်အားစုတွေတင်မက လူထုပါသုံးနိုင်ရင် ပိုအကျိုးရှိမှာဖြစ်လို့ Federal Net အဖွဲ့သားတွေရဲ့ စွမ်းဆောင်ချက်နဲ့ အချို့မြို့နယ် တိုက်နယ်တွေမှာ စတင်အသုံးပြုလိုရအောင်  ဆောင်ကျည်းပေးနိုင်ခဲ့ပြီဖြစ်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင် Federal Netကို ဆက်လက်ပြီးတော့ တိုးချဲ့ဆောင်ရွက်နေတယ်လို့လည်းဝန်ကြီးကဆိုပါတယ်။


ထို့အတူပြန်ကြားရေးကဏ္ဍနဲ့အတူ Radio NUG ဟာလည်း တိုင်းရင်းသားဘာသာစကားနဲ့ ထုတ်လွှင့်မှုတွေ ထည့်သွင်းနိုင်ခဲ့သလို Podcast နဲ့ Online LiveRadio ကို ထုတ်လွှင့်နိုင်ခဲ့ပြီး Short Wave နဲ့ ထုတ်လွှင့်ချက်တွေကို ဝေးလံခေါင်သီတဲ့ဒေသက အဘိုးအဘွားတွေဟာ ရေဒီယိုနဲ့ ဖမ်းယူနားထောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ Smart Government Project အစီအစဉ်အရ Go.NUG စနစ်အား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှမိတ်ဆက်


ဇွန် ရက်

Smart Government Project အစီအစဉ်အရ Go.NUG စနစ်အား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှမိတ်ဆက်လိုက်ပါတယ်။


ဇွန်လ၅ရက်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှအသိပေးကြေညာပါတယ်။


ပြီးခဲ့သည့်နှစ်များအတွင်း NUGမှ အချက်အလက်ကောက်ယူသော Formများ ပေးပို့ခြင်းနှင့် သတင်းလင့်ခ်များပေးပို့ခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြရပါတယ်။ မူရင်းလင့်ခ်များသည် လွန်စွာရှည်လျားသည့်အတွက် Social Media များတွင် ပြန်လည်ကူးယူ ဖြန့်ဝေရန် ခက်ခဲပါတယ်။ ထို့အတွက်ကြောင့် အလွယ်တကူရရှိသည့် လင့်အတိုပြုလုပ်ပေးသော အခမဲ့ပလက်ဖောင်းများ အခပေးပလက်ဖောင်းများကို အသုံးပြုပြီး လင့်ခ်အတိုများကို ဖြန့်ဝေခဲ့ကြရတယ်လို့ဖော်ပြပါတယ်။


မူရင်းလင့်ခ်မှလွဲ၍ အခြားလင့်ခ်အတိုများသည် အမျိုးမျိုးသော ပလက်ဖောင်းများမှ မတူညီသော လင့်ခ်အမည်များရှိနေခြင်းကြောင့် NUG မှ ပြုလုပ်ထားကြောင်း အတည်ပြုရန် ခက်ခဲပြီးအလွယ်ရရှိသော လင့်ခ်အတိုကောက်များကို အသုံးပြုခြင်းဖြင့် မသမာသူများက NUG တရားဝင်လင့်ခ်ကဲ့သို့ အယောင်ဆောင်၍ အချက်အလက်များကို လိမ်လည်ရယူနိုင်တယ်လို့ဆိုပါတယ်။


အထူးသဖြင့် Google Form များသည် Gmail အသုံးပြုသည့် မည်သူမဆို အသုံးပြုနိုင်သည့်အတွက် မသမာမှုတစ်ခု ပြုလုပ်ရန် လွန်စွာ လွယ်ကူသည့်အတွက်ထိုအခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cyber Security Department မှ SmartGov Team သည် Go.NUG စနစ်ကို အကောင်အထည်ဖော်ခဲ့တယ်လို့ဆိုပါတယ်။


အစိုးရမှပေးပို့သည့် လင့်ခ်များ (URL များ)သည် go.nugmyanmar.org မှစတင်ရမည်ဖြစ်ပြီး လိမ်လည်သူများသည် အဆိုပါလင့်ခ်များကို ပုံတူပွား၍ မရနိုင်ရန် NUG ဝန်ကြီးဌာနများမှလွဲ၍ အခြားမည်သူမှ go.nugmyanmar.org မှ လင့်ခ်များ ထုတ်၍မရနိုင်ရန် ပြုလုပ်ထားကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အစိုးရဝန်ကြီးဌာနများမှ ပေးပို့သည့် လင့်ခ်များအားလုံးသည် go.nugmyanmar.org မှသာ စတင်ရမည်ဖြစ်ပြီး Go.NUG မှတဆင့် မသွားသော လင့်ခ်အတိုများသည် ရာနှုန်းပြည့် လုံခြုံစိတ်ချရသော လင့်ခ်များ မဟုတ်သောကြောင့် လင့်ခ်များကိုဖွင့်မကြည့်သင့်ကြောင်း အသိပေးအပ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာကို စကစကလေကြောင်းတိုက်ခိုက်မှု အပြစ်ပေးအရေးယူနိုင်အောင် ဆောင်ရွက်မယ်လို့လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆို


ဇွန်လ ၅ရက်။


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာကို စကစကလေကြောင်းတိုက်ခိုက်မှု အပြစ်ပေးအရေးယူနိုင်အောင် ဆောင်ရွက်မယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကဆိုပါတယ်။


ဇွန်လအတွင်းဆိုရှယ်မီဒီယာမှာလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကပြောပါတယ်။


"ဇွန်လ ရက်နေ့မှာ စကစလေကြောင်းကနေ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာက အရပ်သားပြည်သူ ၂၈ ဦးကျော် သေဆုံးကာ အများအပြား ဒဏ်ရရှိကြောင်းသိရှိရပြီး များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သေဆုံးသူများရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်။ ဒဏ်ရသူများလည်း ဆေးဝါကုသမှုခံယူနိုင်ကာ အမြန်ဆုံးပြန်လည်ကျန်းမာလာဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်တို့ မှတ်တမ်းမှတ်ရာများသေချာ ကောက်ခံယူလျက်ရှိပြီး ဒီလိုလူမဆန် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုအတွက် အကြမ်းဖက်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားပါမယ်"လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာတွင် (ဇွန်လ ၃ရက်)နံနက် ၈နာရီခွဲအချိန်မင်္ဂလာဆောင်တခုကို စကစကလေကြောင်းတိုက်ခိုက်ခဲ့ရာ လူအများအပြားသေဆုံးခဲ့ပြီးကလေးငယ်များလည်းပါဝင်ခဲ့ပါတယ်။


========================


📌📌 ၇။ ပြည်သူချစ်တဲ့ သူရဦးတင်ဦးရဲ့ စျာပနအခမ်းနားကို ကျင်းပခဲ့


ဇွန်လ ၅ရက်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ ဥက္ကဋ္နဲ့ နာယက တာဝန်ယူခဲ့သူဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်သူ သူရဦးတင်ဦးရဲ့ စျာပနအခမ်းနားကို ဇွန်လ ၅ရက်နေ့မှာ ရန်ကုန်မြို့ကရေဝေးသုသန်မှာကျင်းပခဲ့ပြီး ဂူသွင်းသဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ပုသိမ်မြို့ဇာတိ ၁၉၂၇ခုနှစ်ဖွား သူရဦးတင်ဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၈နှစ်ရှိပြီဖြစ်ပါတယ်။ သူရဦးတင်ဦးရဲ့စျာပနအခမ်းနားကို သူ့ကိုချစ်ခင်ကြတဲ့ အများပြည်သူတွေ၊ NLD  ပါတီဝင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ နိုင်ငံခြားသံတမာန်အချို့အပါအဝင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းတိုင်းမှုးတို့လည်းတက်ရောက်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၁၉၈၈ ပြည်သူ့အရေးခင်းပေါ်ပေါက်ချိန်မှာ ဆန္ဒပြခဲ့ကြတဲ့ လုပ်သားပြည်သူ၊ ကျောင်းသူကျောင်းသားတွေကို စာနာစိတ်အပြည့်နဲ့ထောက်ခံတယ်လို့ သူရဦးတင်ဦးက ကြေငြာချက်ထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၈၉ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်သူ သူ့ကိုတပ်မတော်ပြိုကွဲအောင်ကြံစည်မှုနဲ့ အကြမ်းဖက်စစ်တပ်က စစ်ခုံရုံးတင်တဲ့အခါမှာ တပ်မတော်ထက် ပြည်သူကိုပိုချစ်တယ်လို့ ပြောဆိုခဲ့ပြီး ထောင်သွင်းအကျဥ်းကျခံခဲ့ပါတယ်။ 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ပြည်သူချစ်တဲ့ ဗိုလ်ချုပ်ကြီးလို့ နာမည်တပ်ခံခဲ့ရတဲ့ သူရဦးတင်ဦးဟာ သူချစ်တဲ့မြန်မာပြည်သူတွေနဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ မြန်မာ့လူမှုဘဝကို စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်နဲ့ မကြေးမုံတို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်တပ်လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ လူစုလူဝေးနဲ့ ရိုးရာပွဲလမ်းသဘင်တွေမလုပ်ဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး


ဇွန်လ ၅ရက်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့ လူစုလူဝေးနဲ့ ရိုးရာပွဲလမ်းသဘင်တွေမလုပ်ဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေးချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် က ကျေးရွာတရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးကာ ဦး ဒဏ်ရရခဲ့တာကြောင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ဇွန်လ ရက်နေ့ ၁၂ နာရီခန့်မှာ မင်းတပ်မြို့နယ် တိုက်နယ် အမှတ်- ရှိ ကျေးရွာတရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတဦးသေဆုံးကာ ဦး ထိခိုက်ဒဏ်ရာရပြီး အိမ် လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ CDF -Mindat သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းဌာနကလည်း အသိပေးထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် လူစုလူဝေးမပြုလုပ်ဖို့နဲ့ ဗုံးခိုကျင်းတွေ တည်ဆောက်ထားကြဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့နယ်ထဲက စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးရုံဆေးခန်းများအပါအဝင် အပြစ်မဲ့ပြည်သူလူထုနေအိမ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုပြီးပြုလုပ်လာတယ်လို့ သိရပါတယ်။

ဒါကြောင့် မင်းတပ်မြို့နယ်အတွင်းက ပြည်သူလူထုအနေနဲ့ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ ဆေးခန်းများနဲ့ ကျေးရွာခန်းမဆောင်တွေမှာ လူစုလူဝေးပြုလုပ်တာ၊ ကျေးရွာအတွင်း ရိုးရာပွဲလမ်းသဘင်တွေကျင်းပတာတွေ လုံးဝ (လုံးဝ) မပြုလုပ်ကြရန်ဖို့နဲ့ ကတုတ်ကျင်းတွေနဲ့ ဗုံးခိုကျင်းတွေကို ခိုင်ခိုင်ခန့်ခန့် ဆောက်လုပ်ထားကြဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ မေလ တစ်လအတွင်း တိုက်ပွဲသတင်းအနှစ်ချုပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှု အခြေအနေများ KNU ထုတ်ပြန်


ဇွန်လ ၅ရက်။

Radio NUG

ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် () တပ်မဟာဌာနချုပ် တာဝန်ရှိသူများက အများပြည်သူ သိရှိစေရန်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် () တပ်မဟာလက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီများအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စကစ၏ လူ့အခွင့်အရေးချိုးဖေါက်မှုသတင်းအနှစ်ချုပ်အား ထုတ်ပြန်ကြေညာထားပါတယ်။


မေလ()ရက်နေ့မှ(၃၁)ရက်နေ့အထိ တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် () တပ်မဟာလက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းတပ်ဖွဲ့ဝင်နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း(၁၀၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမှာ (၆၀)ဝန်းကျင်ရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် ပူးပေါင်းတပ်ဘက်က အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲမှုကြောင့် အပြစ်မဲ့ပြည်သူ()ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


မေလအတွင်း မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း()ခုဖြစ်သည့် ကျောက်ညှပ်-ဝါလူ (ခမရ-၄၃၄) တာဘူကျိုး (ခမရ-၄၃၄) ပန်ဟိုက်-ကဟီးကျိုး (ခမရ- ၄၃၄) လယ်တိုး (ခလရ-၁၉)နှင့် နတ်တောင်-မောဖိုးကျိုး (ခမရ-၃၄၁) အခြေချစခန်းများ အပြီးအပိုင် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။


ပြန်လည်ရုပ်သိမ်းခဲ့သော စခန်းများမှ တပ်အင်အားများသည် ခေါပုတ်စခန်းတွင် ပြည်လည် ပူးပေါင်းအားဖြည့်တင်းနေတယ်လို့ သိရပါတယ်။


မေလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) အလေးချိန်ရှိ ဗုံးကြီး (၁၂)လုံးကြဲချခဲ့ပြီး အဆင့်မြင့် Drone ဖြင့် ဗုံးကြီး ဗုံးငယ် စုစုပေါင်း အလုံး(၁၀၀၀)လုံး ဝန်းကျင်ကြဲချခဲ့သည့်အတွက် လူနေအိမ်(၁၆)လုံး၊ စပါးကျည် ()လုံးထိမှန်ပျက်စီးခဲ့ပြီး စိုက်ပျိုးရေးခြံမှ သီးနှံပင်များ ပျက်စီးခဲ့သည့်အပြင် အိမ်မွေးတိရစ္ဆာန်များလည်း ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူတွင် စစ်ကောင်စီစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် ၁၀ ဦး သေဆုံး


ဇွန်လ၅ ရက်။

Radio NUG

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာက စစ်ကောင်စီ စခန်းတွေနဲ့ တပ်မ ၁၀၁ စစ်ကြောင်းတို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ Young Force UG အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့က အနောက်ဘုန်းကန် ရွာရှိ စစ်ကောင်စီရဲ့ အခြေပြု စခန်းနေရာတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားနဲ့ ပျူစောထီးတွေ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ဇွန်လ ရက်နေ့မှာလည်း ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ ကား ၁၃ စီးနှင့် အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ပခုက္ကူ - ကမ္မ လမ်းပိုင်း တနေရာတွင် ဒရုန်းများဖြင့် ဗုံးသီး ၅၀ ခန့်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်းမှ စစ်ကြောင်းမှူး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ထိခိုက်မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီ စစ်ကြောင်းဟာ အထိနာသွားပြီး ရှေ့ဆက်မတိုးနိုင်တာကြောင့် အနီးနားက ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေး ဦး သေဆုံးခဲ့ကာ ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးများကို ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ()မှ Thurain TR Pakokku Young Force UG Pakokku Underground Force Taty PKU PDF ပခုက္ကူ-ကမ္မ-မြိုင် မဟာမိတ် တပ်ဖွဲ့ တွေနဲ့ Cobra One Pakokku တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကနီမြို့အတွင်းရှိ စကစများကမြို့၏ အရှေ့ဘက်တွင်ရှိသော မင်းကုန်းရွာနှင့် ရှမ်းမြောင်းရွာဘက်သို့ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်၍ ကာကွယ်ရေးတပ်များကတန်ပြန်ပစ်ခတ်


ဇွန်လ ၅ရက်။

စစ်ကိုင်းတိုင်း၊ ကနီမြို့အတွင်းရှိ စကစများကမြို့၏ အရှေ့ဘက်တွင်ရှိသော မင်းကုန်းရွာနှင့် ရှမ်းမြောင်းရွာဘက်သို့ လက်နက်ကြီးများနှင့်ရမ်းသမ်းပစ်ခတ်၍ ကာကွယ်ရေးတပ်များကတန်ပြန်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။


ဇွန်လ၅ရက်မှာ စစ်ရေးသတင်းကို KLGPDFကအတည်ပြုပါတယ်။


ဇွန်လ ရက်နေ့မနက် မနက်ကိုးနာရီခန့်အချိန်တွင် ကနီမြို့အတွင်းရှိ စခများမှမြို့၏ အရှေ့ဘက်တွင်ရှိသော မင်းကုန်းရွာနှင့် ရှမ်းမြောင်းရွာဘက်သို့ ဦးတည်၍ (၆၀)မမ - ၉လုံး၊ (၈၁) မမ - ၁လုံး၊ (၄၀) မမ - ၅လုံးအပြင် အခြားလက်နက်ငယ်များနှင့်ပါ အကြောင်းအရင်းမရှိ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ဖော်ပြပါတယ်။


လက်နက်ကြီးဖြင့် ရမ်းပစ်၍ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း မဖြစ်စေရန်အတွက် KLG PDF - ကျောက်လုံးကြီး (ဗျူဟာ -၄၅)မှ လက်လုပ် (၆၀)မမ-၁၅ လုံး၊ ဒရုံးဗုံးသီး - ၆လုံးတို့နှင့် တန်ပြန် ခုခံတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


အဆိုပါ ခုခံတိုက်ခိုက်မှုအတွင်းတွင် ၆၀ မမ ပြောင်းတလုံးကွဲ၍ ရဲဘော်တဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထိခိုက်မှုကို စုံစမ်းဆဲဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ ဒီပဲယင်းမြိုပေါ်က စစ်ကောင်စီ တပ်စွဲထားရာနေရာများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်


ဇွန်လ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားတဲ့ ရဲစခန်းနဲ့ စာရင်းစစ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်၊ အမှတ် (၁၄)တပ်ရင်း (ရေဦး PDF)မှ သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့၊ မနက် ၁၁ နာရီအချိန်မှာ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ ရဲစခန်းနဲ့ စာရင်းစစ်ရုံးတို့ကို ရေဦး PDF က Fixed Wing Drone များဖြင့် ဗုံးသီး ()လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဒရုန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများက လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် PDF ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၁၄) တပ်ရင်း (ရေဦး PDF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment