7th JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ်ကို ထူထောင်နိုင်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၃။ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၂၅၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ် အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကြေညာ

📌 ၄။ ကရင်နီပြည်မှာ၂၀၂၄ခု နှစ်အကုန်ရဲဝန်ထမ်းအင်အားပေါင်း၁၀၀၀ပြည့်မီဖို့ လျာထား

📌 ၅။ တအောင်းဒေသတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အင်စတီကျူ့ (T.A.I) အပတ်စဉ်()ဖွင့်လှစ်

📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး ()ဦးနှင့် ယောကျ်ားလေး(၁၉)ဦး စုစုပေါင်း (၂၄)ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရေးအခြေစိုက် ခလရ(၁၀၆)တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိ

🚩၂။ သံတွဲလေဆိပ်အနီး တိုက်ပွဲဖြစ်နေပြီး ငပလီမြို့ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲ

🚩၃။ ရွာငံမြို့နယ်တွင် နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးမန်းကျော် ပစ်ခတ်ခံရပြီး သေဆုံး 

🚩၄။ တပ်ရင်းမှူး အပြောင်းအရွှေ့လုပ်ရန် ထွက်လာသည့် အိမ်စီးကားအား မိုင်းဆွဲတိုက်ခိုက်၊ ဦး သေဆုံး

🚩၅။ ဆီဆိုင်မြို့မှာ စစ်တပ်ကထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတဲ့ အရပ်သားတဦး ခြေထောက်ပြတ်ထွက်

🚩၆။ နောင်ချိုနဲ့ မိုးမိတ်မြို့မှာရှိတဲ့ စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဥ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ်ကို ထူထောင်နိုင်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇွန်လ ၆ရက်။

ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ်ကို ထူထောင်နိုင်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ဇွန်လ()ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၄)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားပါတယ်။


"ကျွန်တော်တို့ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိကရေစီ တိုင်းပြည်သစ်ကို ထူထောင်နိုင်ဖို့အတွက် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရမှာဖြစ်ပါကြောင်း။ ဒီလိုဖြေလျှော့တဲ့အခါမှာ မြေပြင်ရဲ့အားကောင်းတဲ့ ယန္တရားစနစ်တွေနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေက ခိုင်မာနေဖို့၊ ထိုက်သင့်တဲ့ အတွေ့အကြုံတွေရနေဖို့က အင်မတန် အရေးကြီး လှပါကြောင်း။ အုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေကို တစ်ဌာနချင်းစီဖြေရှင်းနိုင်တာကို တစ်ဌာနချင်းစီဖြေရှင်းရမှာ ဖြစ်ပြီး တစ်ဌာနတည်းအားနဲ့မရရင် ဝန်ကြီးဌာနများရဲ့စုပေါင်းအားနဲ့ ညီညီညွတ်ညွတ် ဝိုင်းဝန်း ဖြေရှင်းမှသာ ပြေလည်မှာဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်များမှ (၁၉/၂၀၂၄)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဇွန်လ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၃/၂၀၂၄)ကို ဇွန်လ ရက်နေ့က ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၂၅၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ် အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကြေညာ


ဇွန်လ ၆ရက်။

မင်းကင်းမြို့နယ်၊ မတောကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ပေါင်(၂၅၀)ဗုံးများ အသုံးပြုကာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကြေညာပါတယ်။


ဇွန်လ၆ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ ဇွန်လ()ရက်နေ့၊ နံနက်()နာရီခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မတောရွာသို့ မကွေးဘက်မှ တက်လာသည့်အကြမ်းဖက်စစ်အုပ်စု၏ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့ပြီး 


ထိုသို့တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း (၃၃) ဦးသေဆုံးပြီး ဒဏ်ရာရသူပေါင်း (၆၄)ဦးရှိခဲ့သည့်အပြင် သေနတ်ဖြင့်ပစ်ခတ်ခံရသောကြောင့် ()ဦး ထပ်မံသေဆုံးခဲ့ရပြီး စုစုပေါင်း သေဆုံးသူ (၃၄)ဦး ရှိခဲ့တယ်လို့ဖော်ပြပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့အသိပေးဆိုပါတယ်။


========================


📌📌 ၄။ ကရင်နီပြည်မှာ၂၀၂၄ခု နှစ်အကုန်ရဲဝန်ထမ်းအင်အားပေါင်း၁၀၀၀ပြည့်မီဖို့ လျာထား


ဇွန်လ၆ရက်။

ကရင်နီပြည်မှာ ၂၀၂၄ခု နှစ်အကုန် ရဲဝန်ထမ်းအင်အားပေါင်း ၁၀၀၀ပြည့်မီဖို့ လျာထားတယ်လို့သတင်းရရှိပါတယ်။


ဇွန်လ၆ရက် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ကောင်ရေး ကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်က ပြည်သူသို့အစီရင်ခံရာမှာပြောပါတယ်။


"ကရင်နီပြည်တစ်ဝှမ်းမှာ ရဲစခန်း၁၅ခုနဲ့ရဲကင်း၁၀ခုတို့ကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဝန်ထမ်းအင်အားပေါင်း၅၈၅ဦးကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့ပါတယ်။


၂၀၂၄ခု နှစ်အကုန်မှာရဲဝန်ထမ်းအင်အားပေါင်း၁၀၀၀ပြည့်မီဖို့ လျာထားပါတယ်"လို့ဆိုပါတယ်။


ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီကို ၂၀၂၃ ခုနှစ် ဇွန်လ၆ရက်နေ့တွင်စတင်ခဲ့ပါတယ်။


========================


📌📌 ၅။ တအောင်းဒေသတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အင်စတီကျူ့ (T.A.I) အပတ်စဉ်()ဖွင့်လှစ်


ဇွန်လ ၆ရက်။

Radio NUG 

PSLF/TNLA တပ်မဟာ()စစ်ဒေသ၊ နမ္မတူမြို့နယ်တွင် တအောင်း စိုက်ပျိုးမွေးမြူရေး အင်စတီကျူ့ Ta'ang Agricultural Institute (TAI) အပတ်စဉ် ()ကို ဇွန်လ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။


ကျောင်းဖွင့်ပွဲ အခမ်းအနားကို PSLF/TNLA ဒု ဥက္ကဋ္ဌ() ဒဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ်၊ အုပ်ချုပ်ရေးဌာနမှူး တားဂူးဇာရ်၊ တွဲဖက်အတွင်းရေးမှူး () ဗိုလ်မှူးကြီး တားပါင်လ၊ သက်ဆိုင်ရာဌာန အရာရှိ၊ အရာခံများနဲ့ ကျောင်းသား/သူများ တိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အခမ်းအနားမှာ PSLF/TNLA ဒုတိယ ဥက္ကဋ္ဌ တားဇိုက်ဇာရ်မှ စိုက်ပျိုးရေးကို နည်းပညာနှင့် စနစ်တကျ အသုံးပြုပြီး အထွက်နှုန်း ပိုမိုကောင်းမွန်အောင်၊ သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေအောင်၊ ဒေသထွက် ထုတ်ကုန်များကို မြေပြန့်ဒေသထိ တင်သွင်းနိုင်အောင် ကြိုးစားဆောင်ရွက်ကြဖို့ အမှာစကား ပြောကြားခဲ့ပါတယ်။


အပတ်စဉ်()သင်တန်းတွင် ကျောင်းသူ ၂၈ ဦး၊ ကျောင်းသား ၁၅ ဦး၊ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပြီး သင်ကြားမှုကာလ နှစ်နဲ့ ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။


ကျောင်းတွင် စိုက်ပျိုးရေး ဘာသာရပ် ()ခုနှင့် အခြားပညာရပ်ဆိုင်ရာ ()ခု သင်ကြားသွားမှာဖြစ်ပြီး ကျောင်းပြီးဆုံးပါက ဒီပလိုမာဘွဲ့ကို ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။


အဆိုပါ သင်တန်းကျောင်းကို တအောင်းပြည် စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန်၊ စိုက်ပျိုးရေး ကျွမ်းကျင် ပညာရှင်များ ပေါ်ထွန်းလာစေရန်နှင့် G-12 အောင်မြင်ထားတဲ့ ကျောင်းသား/သူများ ပညာဆက်လက် သင်ယူနိုင်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး ()ဦးနှင့် ယောကျ်ားလေး(၁၉)ဦး စုစုပေါင်း (၂၄)ဦး သေဆုံးခဲ့


ဇွန်လ ၆ရက်။

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၅နှစ် အရွယ် ယောကျ်ားလေးတစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး ()ဦးနှင့် ယောကျ်ားလေး (၁၉)ဦး စုစုပေါင်း (၂၄)ဦး သေဆုံးခဲ့ရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မေလ ရက်နေ့မှ ဇွန်လ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး ()ဦးနှင့် ယောကျ်ားလေး (၁၉)ဦး စုစုပေါင်း (၂၄)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၂၄)ဦးအနက် ()ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှာ()ဦးစီဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပါတယ်။


ဇွန်လ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာရှိ ချောင်းဝရပ်ကွက်နှင့် အနောက်စုရပ်ကွက်အတွင်းသို့ Y-12 လေယာဉ်ဖြင့် ဗုံးခြောက်လုံး ကြဲချခဲ့ရာ ပျားလည်ချောင်းကျေးရွာမှ စစ်ဘေးရှောင်လာသော မခိုင်မိုးအေးနှင့် ယိုးတရုပ်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မောင်ကျော်လွင် () ဒေါင်းဒေါင်းတို့မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရေးအခြေစိုက် ခလရ(၁၀၆)တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိ


ဇွန်လ ရက်။

Radio NUG 

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခလရ(၁၀၆)တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) အဖွဲ့ထံက သိရပါတယ်။


ဇွန်လ ရက်နေ့ ညနေ နာရီခန့် မှာ ခလရ (၁၀၆) တပ်ရင်းမှ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးသန်းနိုင်စိုးကို ကိုယ်ပိုင်ကားနဲ့ တဦးတည်း ဈေးဝယ်ထွက်လာချိန်မှာ မော့ကနင်ရွာအနီးတွင် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။


ဗိုလ်မှူး သန်းနိုင်စိုးကို ဖမ်းဆီးရာမှာ ပြန်လည်ခုခံမှု မပြုလုပ်ခဲ့ဘဲ ၎င်းထံမှ MA 5 ပစ္စတိုတလက်၊ MA 3တလက်နဲ့ ဆက်စပ်ပစ္စည်း တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာတော့ ၎င်းကို လုံခြုံတဲ့တနေရာမှာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကာ အရေးယူမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ YGF အဖွဲ့ခေါင်းဆောင် ဗိုလ်ကျန်ရစ်က ပြောပါတယ်။


၎င်းစစ်ကောင်စီ အရာရှိတစ်ဦး ဖမ်းဆီးခံရပြီးနောက် အဲ့ဒီနေ့ညပိုင်းမှာ ရေးမြို့နယ် အခြေစိုက်တပ်ရင်းတွေက လက်နက်ကြီး ပစ်ခတ်တာတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မော့ကနင်ကျေးရွာက နေအိမ်တလုံးအပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ယောက် အပါအဝင် မိသားစုဝင် ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။


========================


🚩🚩၂။ သံတွဲလေဆိပ်အနီး တိုက်ပွဲဖြစ်နေပြီး ငပလီမြို့ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲ


ဇွန်လ ရက်။

Radio NUG 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သံတွဲလေဆိပ်နှင့် ကပ်ရပ်က ခမရ (၅၆၆) တပ်ရင်းအနီးတွင် တိုက်ပွဲဖြစ်နေပြီး ငပလီမြို့ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


ဇွန်လ ရက် နေ့လည် နာရီခန့်က သံတွဲမြို့နယ် ငပလီမြို့ထဲကို လက်နက်ကြီးကျည် လုံး ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ငပလီမြို့ထဲက K2 စားသောက်ဆိုင်အနီးနဲ့ မဇင်ရပ်ကွက်၊ လေဆိပ်အနီး၊ ရဲကင်းစခန်းတို့မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လေဆိပ်အနီးက ရဲကင်းစခန်းမှာ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။


ငပလီမြို့နဲ့ တစ်မိုင်ခန့်အကွာက သံတွဲလေဆိပ်နှင့် ကပ်လျက် တည်ရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၅၆၆) တပ်ရင်းအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဇွန်လ ရက် နေ့လည်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့ပြီး ငပလီ မြို့ထဲကို တိုက်ပွဲကူးစက်လာမှာကို ဒေသခံများက စိုးရိမ်နေကြပါတယ်။


အဆိုပါ တိုက်ပွဲများကြားတွင် ဂေါ့ရွာသားတချို့ ပိတ်မိနေပြီး ငပလီမြို့ထဲက ပြည်သူအချို့ကိုလည်း ဘေးလွတ်ရာကို ထွက်ခွာခွင့်မပေးဘဲ စစ်ကောင်စီက ဂိတ်များချကာ တင်းကြပ်ထားတယ်လို့ သိရပါတယ်။


လက်ရှိမှာတော့ စစ်ကောင်စီက သံတွဲလေဆိပ်ကို အပိုင်တပ်စွဲထားပြီး ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ရခိုင့်တပ်တော် (AA)ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။


========================


🚩🚩၃။ ရွာငံမြို့နယ်တွင် နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးမန်းကျော် ပစ်ခတ်ခံရပြီး သေဆုံး 


ဇွန်လ ၆ရက် 

Radio NUG

ဇွန်လ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော နွားဘန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး မန်းကျော်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရွာငံမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရပါတယ်။


အုပ်ချူပ်ရေးမှူး မန်းကျော်သည်  ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်ကောင်စီအတွက် သတင်းပေးလုပ်ဆောင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ရွာငံမြို့နယ်တွင် PDF စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင်  နွားဘန်းကြီး ကျေးရွာ အုပ်ချူပ်ရေးမှူး မန်းကျော်က စစ်တပ်ထံသို့ သတင်းပေးခဲ့ကြောင်း၊ အဆိုပါ စီးနင်းမှုကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရပါတယ်။


အုပ်ချုပ်ရေးမှူး မန်းကျော်သည် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်တပ်အတွက် တပ်သားသစ်အဖြစ် စုဆောင်းရာတွင် ပါဝင်ခဲ့ကြောင်း၊ PDF တပ်များက အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ စစ်တပ်နှင့်အမြဲအဆက်အသွယ် လုပ်နေခဲ့ကြောင်း သိရှိရသည်။ 


နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး မန်းကျော်ကို ရွာငံမြို့မှ P3.1003တပ်ရင်း တပ်ခွဲ()နှင့် ရွာငံမြို့နယ် ဖကပ တပ်ခွ() တပ်ခွဲ ()တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


========================


🚩🚩၄။ တပ်ရင်းမှူး အပြောင်းအရွှေ့လုပ်ရန် ထွက်လာသည့် အိမ်စီးကားအား မိုင်းဆွဲတိုက်ခိုက်၊ ဦး သေဆုံး


ဇွန်လ ၆ရက်။

Radio NUG

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မတ္တရာဆည်တော်ကားလမ်း၌ အင်ကြင်းမြိုင်စစ်တပ်မှ ဗိုလ်ကြီးနိုင်လင်းနှင့် တပ်ရင်းမှူးတစ်ဦး အနီရောင်ဝမ်းဆက်နှင့်အမျိုးသမီး၊ နောက်လိုက်ကိုယ်ရံတော်နှစ်ဦး စုစုပေါင်း ငါးဦးလိုက်ပါလာသော RANGER ဖိုးဝှီး အဖြူရောင်ကားအား နံနက် 8:27တွင်တစ်ကြိမ် 8:30တွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မိုးကြိုးစစ်ကြောင်း တိုက်နယ်()ပကဖမှ သတင်းထုတ်ပြန်ပါတယ်။


မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးနိုင်လင်းမှာ ညာဘက်ချိုင်းအောက် ပြင်းထန်ဒဏ်ရာရကာ လက်တစ်ချောင်းလုံး စုတ်ပြတ်သွားခဲ့ပြီး ညာဘက်တစ်ခြမ်းလုံး သွေးချင်းချင်းနီနေကြောင်း၊ တပ်ရင်းမှူးမှာ ခြေထောက်တစ်ချောင်း ပွင့်ထွက်၍ ပြင်းထန်စွာဒဏ်ရာရကာ ကိုယ်ရံတော်တစ်ယောက်မှာ နောက်စေ့မှ မျက်လုံးသို့ မိုင်းစစိုက်ဝင်ခဲ့ပြီး ကိုယ်ရံတော် နောက်တစ်ယောက်မှာ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


၄င်းတပ်ရင်းမှူးအပြောင်းအရွေ့အတွက် ကိုးပြွန်မှ အင်အား100ဝန်းကျင်စစ်ကြောင်းတစ်ကြောင်း စလေရွာမှ အင်အား 30ရှိစစ်ကြောင်းတစ်ကြောင်း အသင့်စောင့်ဆိုင်းပြီး အထူးစစ်ဆင်ရေးအနေနှင့် ပြောင်းရွှေ့ကြခြင်းဟု တပ်တွင်းသတင်းမှ ကြိုတင်သိထားရလို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


မိုးကြိုးစစ်ကြောင်းရဲဘော်များအား ၄င်းတို့အနီးမကပ်နိုင်ရန် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပါတယ်။


ကားလမ်းတလျှောက် ကင်းပုန်းချထားသော ရဲဘော်များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကားကိုထားခဲ့ကာ ကိုးပြွန်အနီး အသင့်စောင့်ဆိုင်းနေသော စစ်ကြောင်းဆီသို့ အသည်းအသန် ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။


စောင့်ဆိုင်းနေသော စစ်ကြောင်းဆီအရောက်တွင် ကိုယ်ရံတော်တစ်ယောက်မှာ သေဆုံးသွားခဲ့ပြီး နိုင်လင်းမှာ လက်မောင်းရိုးပြုတ်ထွက်ပြီး အရိုးငေါငေါထွက်ခဲ့ကြောင်း တပ်တွင်းသတင်းမှ သိရပါတယ်။


4 wheelကားအား သိမ်းယူခဲ့ပြီး ရှာဖွေစစ်ဆေးခဲ့ရာ သွေးကွက်များ ကျည်ထိဒဏ်ရာများ ကားအမိုး ပျက်စီးထားခြင်းများနှင့်အတူ 5.56 ×41 ကျည် 42တောင့် ဓါးတစ်ချောင်း ကျည်ဘောက်တစ်ခု လက်ထိပ်တစ်ခု သနပ်ခါးတုံး၆တုံး နို့ဆီဗူး ၄ဗူး ငရံ့ခြောက်များနှင့် ငွေကျပ် ၄၂၀၀၀အား ထပ်မံတွေ့ရှိခဲ့ရာ မိုးကြိုးစစ်ကြောင်းမှ သိမ်းယူခဲ့ပြီး မိုးကြိုးစစ်ကြောင်းရဲဘော်များ ထိခိုက်မှုတစုံတရာမရှိ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။


ဒဏ်ရာအပြင်းအထန်ရခဲ့သော ဗိုလ်ကြီးနိုင်လင်းမှာ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများအား၊ တော်လှန်ရေးသမားမိသားစုဝင်များအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း ငွေညှစ်ခြင်း ဖမ်းဆီးနှိပ်စက်ခြင်းအပြင် ၄င်းမူးလာပါက အပြစ်မဲ့ပြည်သူများအား အကြောင်းရင်းမရှိ ပစ်သတ်တတ်သူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၅။ ဆီဆိုင်မြို့မှာ စစ်တပ်ကထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတဲ့ အရပ်သားတဦး ခြေထောက်ပြတ်ထွက်


ဇွန်လ ၆ရက်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်မှာ စစ်တပ်ကထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အရပ်သားတဦး ခြေထောက်တဖက် ပြတ်ထွက်သွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြောပါတယ်။


ဇွန်လ ရက်နေ့ မနက် ၈နာရီကျော်ခန့်အချိန်မှာ အသက် ၇၁ နှစ်အရွယ်ရှိ ဒေါ်စိုးစိုးလတ်ဟာ နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးလုပ်နေစဥ်မှာ စစ်တပ်ကထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။ အခုလို မိုင်းနင်းမိတာကြောင့် ဒေါ်စိုးစိုးလတ်ရဲ့ ညာဘက် ဒူးအထက်ပိုင်းကနေ ပြတ်ထွက်သွားခဲ့တာလို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဆီဆိုင်မြို့ပေါ်တင်မက မြို့ပတ်ဝန်းကျင်နဲ့ ၎င်းတို့ အဓမ္မသိမ်းဆည်းထားတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ နင်းမိုင်းတွေ ထောင်ထားတဲ့တွက် သတိပြုနေထိုင်သွားလာကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA က တိုက်တွန်းပါတယ်။


စစ်ကောင်စီတပ်တွေနဲ့ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်တွေက ပအိုဝ်းဒေသမှာရှိတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို ဖျက်ဆီးနေတဲ့အပြင် စစ်ရှောင်နေတဲ့ အရပ်သားပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေကိုခိုးယူနေတာကြောင့် 


PNLO/PNLA နဲ့ စစ်အုပ်စုတို့ကြား မေလအတွင်းမှာ တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ၄၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ နောင်ချိုနဲ့ မိုးမိတ်မြို့မှာရှိတဲ့ စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဥ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ


ဇွန်လ ၆ရက်။

နောင်ချိုနဲ့ မိုးမိတ်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေး ပြောဆိုလိုက်ပါတယ်။

တအာင်းပြည် တပ်မဟာ- စစ်ဒေသ နောင်ချိုမြို့နယ်နဲ့ တပ်မဟာ- စစ်ဒေသ မိုးမိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူရှိရာကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်နေတာလို့ ဆိုပါတယ်။

ဇွန်လ ရက်နေ့ မနက် အချိန်ခန့်အချိန်မှာ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်က ပန်ဗွေကျေးရွာကနေ သုံးဆယ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ကြိမ် ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူပိုင်အိမ်တလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇွန်လ ရက်နေ့မှာလည်း နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်က အုမ္မတီးလမ်းခွဲကနေ အရပ်သားပြည်သူရှိရာ သုံးဆယ်ကျေးရွာကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ အသိပေးပါတယ်။

ထို့အပြင် အဲဒီနေ့ ညနေ နာရီခန့်အချိန်မှာလည်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ အရပ်သားပြည်သူတွေရှိရာ မန်ဖွယ်ကျေးရွာကို လက်နက်ကြီးနဲ့ ကြိမ် ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်နေတာကြောင့် ကျေးရွာနေ ဒေသခံ ပြည်သူတွေ ကြောက်လန့်နေကြပြီး အချို့သောဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

တအာင်းတပ်မတော် TNLA ရှိရာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဇွန်လ ရက်နေ့ကနေ ဇွန်လ ရက်နေ့ ညနေပိုင်းအထိ လက်နက်ကြီးနဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်က အခုလို ရှမ်းမြောက်ဒေသက TNLA ထိန်းချုပ်ထားတဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို လာရှိုးအခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်ကိုအခြေပြုကာ စစ်အင်အားတွေ အကြီးအကျယ် ဖြည့်တင်းနေတာကြောင့် 

ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ဟာ မကြာခင်မှာ ကျိုးပေါက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာနေသူတွေက ခန့်မှန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment