7th JUN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

📌 ၂။ NUG အစိုးရနဲ့ အလှူရှင်တွေရဲ့ထောက်ပံ့မှုအပါအဝင် ကရင်နီပြည်မှာ အခွန်ကောက်ခံမှုကနေကျပ်သန်း ၈၀၀၀ ကျော် ရရှိတယ်လို့ ကရင်နီ IEC ဥက္ကဋ္ဌပြော 

📌 ၃။ စစ်ကိုင်းတိုင်းတခုတည်းမှာ လျှပ်စစ်နဲ့စွမ်းအင်ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုးကျပ်ဘီလီယံတရာ ကျော်သွားပြီဖြစ်တယ်လို့ ဆို

📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

📌 ၅။ မန္တလေးဗဟိုအကျဥ်းထောင်ရှိ အကျဥ်းသား ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိသောအဆောင်များတွင် လူဦးရေ ၁၀၀/၁၅၀ ခန့်ဖြင့် နိုင်ငံရေးအကျဉ်းသား၊အကျဥ်းသူ များကိုစုပြုံထားရှိနေ

📌 ၆။ နမ့်ခမ်းတွင် သက်တမ်းကုန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးများ အသုံးပြုခြင်းရှိမရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို PSLF/TNLA အုပ်ချုပ်ရေးဌာနနှင့် ဆရာ၀န်များစစ်ဆေးမှုပြုလုပ်

📌 ၇။ ချင်းတွင်းမြစ်ရေကို လတ်တလောသောက်သုံးခြင်း၊ ချိုးခြင်း၊ အဝတ်လျှော်ဖွတ်ခြင်းများ မပြုလုပ်ကြရန်အသိပေး


၂၀၂၄ ခုနှစ် ဇွန်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။အောင်ဇေယျစစ်ကြောင်း ရှေ့တန်းမှာတပ်ပျက်နေကြောင်း အလင်းဝင်ခိုလှုံလာတဲ့တပ်သားတဦးထုတ်ဖော်ပြောကြား

🚩 ၂။ ဘီးလင်း၊ တောင်စွန်း ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ

🚩 ၃။ KNDF က ဗျူဟာအသစ်တခု ထပ်မံဖွဲ့စည်း

🚩 ၄။ စစ်တွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုလုပ်ရပ် TNLAနဲ့ MNDAA က ကန့်ကွက်ရှုတ်ချလိုက်ပြီး  စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကိုအရေးယူဖို့ ကုလသမဂ္ဂနဲ့နိုင်ငံတကာကို တောင်းဆို

🚩 ၅။ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်တွေ ပြန်မလာရင် အိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီနဲ့ပြည်သူ့စစ်က ခြိမ်းခြောက်

🚩 ၆။ မတ္တရာမြို့နယ် အနောက်ခြမ်း အောက်တောင်ကိုင်းရွာ ရောက်ရှိနေသော စကစတပ်များပြည်သူပိုင် အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့

🚩 ၇။ FederalWingsမှ ပုံမှန်ထက်သုံးဆကြီးသောဒရုန်းများထုတ်လုပ်အောင်မြင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ


ဇွန်လ၇ရက်


ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် သြစတြေးလျနိုင်ငံ၊ South Australian Government Minister H.E. Zoe Bettison ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် the Honourable Tung Ngo MLC the honourable John Fulbrook တို့နှင့်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။

 

ဇွန်လ() ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည်  တောင်သြစတြေးလျပြည်နယ်လွှတ်တော်၌ တောင်သြစတြေးလျပြည်နယ်အစိုးရ ရိုးရာယဉ်ကျေးမှုရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး H.E Zoe Bettison  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် the Honourable Tung Ngo MLC နှင့် the Honourable John Fulbrook တို့အား ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ထူထောင်ရေးချမှတ်ထားသည့် အစီအမံများကို အသိပေး ဆွေးနွေးခဲ့ကြပါတယ်။


 ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် နိုင်ငံတကာက ပိုမိုနားလည်ကာ ထိရောက်သည့် ပံ့ပိုးကူညီမှုများရရှိရေးနှင့် မြန်မာနိုင်ငံပြည်သူများ၏ အရေးတကြီးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာများ အကောင်အထည်ဖော်နေမှုကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။ 


The Honourable Tung Ngo MLC နှင့် the honourable John Fulbrook တို့ကလည်း ၄င်းတို့သည် မြန်မာနိုင်ငံပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။


 တွေ့ဆုံမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့အား တောင်သြစတြေးလျပြည်နယ်အစိုးရ၊ ရိုးရာယဉ်ကျေးမှုရေးရာနှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး H.E. Zoe Bettison  တို့က နေ့လည်စာဖြင့် ပြည်နယ်လွှတ်တော် အဆောက်အဦတွင် တည်ခင်းဧည့်ခံခဲ့ပါတယ်။ 


========================


📌📌 ၂။ NUG အစိုးရနဲ့ အလှူရှင်တွေရဲ့ထောက်ပံ့မှုအပါအဝင် ကရင်နီပြည်မှာ အခွန်ကောက်ခံမှုကနေကျပ်သန်း ၈၀၀၀ ကျော် ရရှိတယ်လို့ ကရင်နီ IEC ဥက္ကဋ္ဌပြော 

  

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC အနေနဲ့ NUG အစိုးရနဲ့ အလှူရှင်တွေရဲ့ထောက်ပံ့မှုအပါအဝင် ကရင်နီ ပြည်မှာ အခွန်ကောက်ခံမှုကနေ ကျပ်သန်း ၈၀၀၀ ကျော် ရရှိခဲ့တယ်လို့ ကရင်နီ IEC ဥက္ကဋ္ဌ က ပြောကြားလိုက်ပါတယ်။ 


ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း တနှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။


၂၀၂၃ ခုနှစ် ဇွန်လကနေ ၂၀၂၄ ခုနှစ် မေလအတွင်း ရန်ပုံငွေ ကျပ်သန်း ၈၀၀၀ ကျော်ရရှိခဲ့ပြီး လိုအပ်တဲ့ကဏ္ဍတွေအတွက် ကျပ်သန်း ၆၀၀၀ ကျော် သုံးစွဲခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်က ဆိုပါတယ်။


အခွန်ကောက်ခံမှုကနေရရှိခဲ့တဲ့ ရန်ပုံငွေ၊ အမျိုးသားညီညွတ်ရေးအစိုးရက ထောက်ပံ့ပေးခဲ့တဲ့ရန်ပုံငွေ၊ နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတွေက ပံ့ပိုးပေးခဲ့တဲ့ရန်ပုံငွေ၊ တတိယနိုင်ငံတွေမှာ အခြေချနေထိုင်ကြတဲ့ ကရင်နီ လူမှုအသိုက်အဝန်းကနေပြီး ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ၊ တသီးပုဂ္ဂလ အလှူရှင်တွေက ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ စတာတွေကို ပေါင်းလိုက်ရင် ၂၀၂၃ ဇွန်လကနေ ၂၀၂၄ ခုနှစ် မေလအတွင်း စုစုပေါင်းရန်ပုံငွေရရှိမှုက ကျပ် ၈၃၁၀ သန်းဖြစ်ပြီး ကဏ္ဍအသီးသီးအတွက် ကျပ် ၆၁၈၇ သန်း  ခွဲဝေသုံးစွဲပြီးဖြစ်ပါတယ်လို့ ခူဦးရယ် က ရှင်းပြထားပါတယ်။


ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC အနေနဲ့ ကရင်နီပြည်နယ်မှာ တနှစ်တာအတွင်း အုပ်ချုပ်ရေးယန္တယားကို လက်တွေ့ကျင်သုံးလည်ပတ်နေပြီး ဌာန ခုနဲ့ ပြည်သူလူထု ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်နေပြီလို့လည်း အသိပေးထားပါတယ်။


ဒီအထဲက ဌာနတခုဖြစ်တဲ့ ကရင်နီပြည် ရဲဌာနခွဲ KSP မှာဆိုရင် ကရင်နီပြည်မှာ ရဲစခန်း ၁၅ ခု ရဲကင်း ၁၀ ခုနဲ့ ရဲဝန်ထမ်း ၅၀၀ ကျော် တာဝန်ထမ်းဆောင်နေပြီး ဒီနှစ်ကုန်မှာ ရဲအင်အား ၁၀၀၀ ပြည့်ဖို့ လျာထားတယ်လို့ သိရပါတယ်။


ကျန်းမာရေးကဏ္ဍအနေနဲ့ဆိုရင်လည်း ဆေးခန်းပေါင်း ၆၀ ကျော်နဲ့ ဆေးရုံတရုံဖွင့်လှစ်နိုင်ခဲ့ပြီး တနှစ်အတွင်း ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ စုစုပေါင်း သောင်းကျော်ကို ကုသပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အတူ ပညာရေးကဏ္ဍမှာလည်း ကရင်နီပြည် ယာယီတက္ကသိုလ်ကောင်စီနဲ့ပူးပေါင်းပြီး ဝိဇ္ဇာတက္ကသိုလ်ဖွင့်လှစ်နိုင်ခဲ့သလို သူနာပြုတက္ကသိုလ်ဖွင့်လှစ်မှုနဲ့ ဆေးကောလိပ်ဖွင့်လှစ်မှုတွေကို အသိအမှတ်ပြု အားပေးမြှင့်တင်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား လည်ပတ်နိုင်ဖို့ ပြည်သူလူထုက အဓိကအခန်းကဏ္ဍက ပါဝင်နေပြီး အားပေးကူညီခဲ့ကြသူတွေကို ကျေးဇူးတင်တဲ့အကြောင်းလည်း IEC တနှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ ဥက္ကဋ္ဌ ခူဦးရယ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်းတခုတည်းမှာ လျှပ်စစ်နဲ့စွမ်းအင်ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုးကျပ်ဘီလီယံတရာ ကျော်သွားပြီဖြစ်တယ်လို့ ဆို


ဇွန်လ၇ရက်


စစ်ကိုင်းတိုင်းတခုတည်းမှာ လျှပ်စစ်နဲ့စွမ်းအင်ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုးကျပ်ဘီလီယံတရာ ကျော်သွားပြီဖြစ်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က မျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တည်ထောင်ခြင်း () နှစ်ပြည့် ပြည်သူသို့ အစီရင်ခံရာမှာ ပြောကြားခဲ့ပါတယ်။


"သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊စကစရဲ့ ပြည်သူလူထုအပေါ်မှာပစ်မှတ်ထားတိုက်ခိုက်မှုကြောင့်ဖြစ်စေပြည်သူ့ဝန်ဆောင်မှုကဏ္ဍာတွေမှာပစ္စည်းဥစ္စာဆုံးရှုံးမှုတွေအများကြီးဖြစ်ပါတယ်။ကျနော်တို့မှတ်တမ်းတင်ထားတာအရဆိုရင်စစ်ကိုင်းတိုင်းတခုတည်းမှာပင် လျှပ်စစ်နဲ့စွမ်းအင်ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုးကျပ်ဘီလီယံတရာ ကျော်သွားပြီဖြစ်ပါတယ်။ဒီအရာတွေအတွက်လည်းအရေးပေါ်ပြင်ဆင်ရတဲ့အလုပ်ကိုလုပ်ပေးရတယ်ဆိုတာအသိပေးလိုပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စကစတပ်များဟာ အရပ်ငါးနဲ့စစ်ရေးပစ်မှတ်ကိုခွဲ ခြားခြင်းမရှိတေယ့ဘဲအညာဒေသတွင် ကျေးရွာများကိုမီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်


 ဇွန် Radio NUG


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၁၇/၂၀၂၄)ကို ယနေ့ ညနေ(၀၃:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများ‌အား အပြန်အလှန် ဆွေးနွေး‌ဖြေကြား‌ ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါအစည်းအဝေးသို့  တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား ညနေ (:၃၀) နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။


========================


📌📌 ၅။ မန္တလေးဗဟိုအကျဥ်းထောင်ရှိ အကျဥ်းသား ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိသောအဆောင်များတွင် လူဦးရေ ၁၀၀/၁၅၀ ခန့်ဖြင့် နိုင်ငံရေးအကျဉ်းသား၊အကျဥ်းသူ များကိုစုပြုံထားရှိနေ


ဇွန်လ၇ရက်


မန္တလေးဗဟိုအကျဥ်းထောင်ရှိ အကျဥ်းသား ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိသောအဆောင်များတွင် လူဦးရေ ၁၀၀/၁၅၀ ခန့်ဖြင့် နိုင်ငံရေးအကျဉ်းသား၊အကျဥ်းသူ များကိုစုပြုံထားရှိနေတယ်လို့ ဇွန်လ၇ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအသိပေးဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်၏ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများကြောင့် အိုးဘိုအကျဥ်းထောင်အတွင်း လူဦးရေမှာ များပြားလွန်းသဖြင့် ကျောတစ်ခင်းစာနေရာ၌ပင် ကြပ်တည်းစွာ အိပ်ရပြီး နေနေကြရပါတယ်။မန္တလေးဗဟိုအကျဥ်းထောင်ရှိ အကျဥ်းသား ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိသောအဆောင်များတွင် လူဦးရေ ၁၀၀/၁၅၀ ခန့်ဖြင့် စုပြုံကာ ထားနေပြီးထပ်ခိုးရှိသောအဆောင်ခန်းများတွင် ၂၀၀ ဦးခန့်အထိ စုပြုံထားကြောင်းသိရပါတယ်လို့ဖော်ပြပါတယ်။


ထို့ကြောင့် ညအိပ်ယာဝင်လျှင်လည်း တစ်ယောက်နှင့်တစ်ယောက် ထပ်လုနီးပါးအိပ်ရပြီး နွေရာသီအချိန်များတွင် အကျဥ်းသား/အကျဥ်းသူများ နေမရအောင် အပူဒဏ်ခံစားနေကြရကာယခုကာလသည် မိုးရာသီသို့ရောက်ရှိလာသည့်အတွက် အဝတ်အစားများ ခြောက်ဖို့ခဲရင်းခြင်း၊အဝတ်အထည်လုံလောက်စွာမရှိခြင်းများကြောင့် ယားနာ ပွေးဝဲများပေါက်လျှက်ရှိတယ်လို့ဆိုပါတယ်။


ထို့အပြင် နေရာကိစ္စနှင့်စပ်လျဥ်းပြီး နိုင်ငံရေးအကျဥ်းသူတစ်ဦးနှင့် အခြားအမှုအကျဥ်းသူတစ်ဦး စကားများကြပြီး အဆိုပါနိုင်ငံရေးအကျဥ်းသူကို ထောင်အာဏာပိုင်များက တိုက်ပိတ်ခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ယက်အနေဖြင့် စုံစမ်းသိရှိရတယ်လို့ဖော်ပြပါတယ်။


အဆိုပါ နေရာမလုံလောက်မှုကြောင့်အမျိုးသမီးဆောင်ရှိ ကိုယ်ဝန်သည်အကျဥ်းသူများနှင့် ကလေးများလည်း အပူနာများ၊ မိတ်ဖုများ စွဲကပ်ခံစားနေရကြရကြောင်းသိရပါတယ်။


========================


📌📌 ၆။ နမ့်ခမ်းတွင် သက်တမ်းကုန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးများ အသုံးပြုခြင်းရှိမရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို PSLF/TNLA အုပ်ချုပ်ရေးဌာနနှင့် ဆရာ၀န်များစစ်ဆေးမှုပြုလုပ်


ဇွန် Radio NUG


တအာင်းပြည်၊ တပ်မဟာ() စစ်ဒေသ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်း ခွင့်ပြုချက်မရှိသည့် ဆေးဝါးများ ရောင်းဝယ်မှု ရှိမရှိ PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းတို့ပူးပေါင်းပြီး စစ်ဆေးမှု ပြုလုပ်လျှက်ရှိကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


ဆေးဝါးသိုလှောင်မှုစနစ်နှင့် ဆေးရုံ၊ ဆေးခန်းအတွင်း ကျွမ်းကျင် အမှုထမ်းလုံလောက်မှုအခြေအနေနှင့် ခန့်အပ်သည့် ဆရာဝန်များအခြေအနေကို စစ်ဆေးသည့်အပြင် ဆေးပုလင်း၊ ဆေးထိုးအပ်များ စနစ်တကျစွန့်ပစ်မှုများကိုပါ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။


အများပြည်သူ ကျန်းမာရေးအတွက် ပိုမိုစိတ်ချယုံကြည်စေရန် အခုတစ်ကြိမ်မှာ အရေးယူမှုမပြုဘဲ သတိပေးသည့်အနေဖြင့်သာ စစ်ဆေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သတ်မှတ်ချက်မပြည့်သည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ စည်းကမ်းမလိုက်နာသည့် ဆေးရုံဆေးခန်းများအား လုပ်ကိုင်ခွင့်ရပ်ဆိုင်းထားမည်ဖြစ်ပြီး အရေးယူမှုများလည်း ပြုလုပ်သွားမည်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ချင်းတွင်းမြစ်ရေကို လတ်တလောသောက်သုံးခြင်း၊ ချိုးခြင်း၊ အဝတ်လျှော်ဖွတ်ခြင်းများ မပြုလုပ်ကြရန်အသိပေး


ဇွန်လ၇ရက်


ချင်းတွင်းမြစ်ရေကို လတ်တလောသောက်သုံးခြင်း၊ ချိုးခြင်း၊ အဝတ်လျှော်ဖွတ်ခြင်းများ မပြုလုပ်ကြရန်အသိပေးကြေညာထားပါတယ်။


ဇွန်လ၇ရက်ယင်းမာပင်ခရိုင်ပကဖကအသိပေးဖော်ပြပါတယ်။


ချင်းတွင်း မြစ်ရေသည် ကျန်းမာရေးထိခိုက်‌စေသောအဆိပ်အတောက်များ ပါဝင်နေကြောင်း သိရှိရပါတယ်။ သောက်သုံးမိသူများတွင် အဆိပ်သင့်ပြီးအကြိမ်များစွာ အော့အန်ခြင်း မှ အသက်သေစေနိုင်သည်အထိ ဘေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ချိုးရေအဖြစ် သုံးမိသူများတွင်လည်း အရေပြားတွင် အဖု အပိန့်များ ထွက်လာခါ အဆိပ်သင့်‌စေပါတယ်လို့ဖော်ပြပါတယ်။


သို့ဖြစ်၍ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ မိဘပြည်သူများ အနေဖြင့်ဇွန်လ၆ရက် မှ စ၍ နှစ်ပတ်အတွင်းချင်းတွင်းမြစ်ရေကို သောက်သုံးခြင်း၊ ချိုးခြင်း၊ အဝတ်လျှော်ဖွတ်ခြင်းများ မပြုလုပ်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ ကနီ မြို့နယ် ကျန်းမာရေးဌာန မှ တားမြစ် သတိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။အောင်ဇေယျစစ်ကြောင်း ရှေ့တန်းမှာတပ်ပျက်နေကြောင်း အလင်းဝင်ခိုလှုံလာတဲ့တပ်သားတဦးထုတ်ဖော်ပြောကြား


ဇွန်လ၇ရက်


ဇွန်လ၇ရက် PDFInsightကဖော်ပြချက်အရလောက်ကိုင်အပြန် အောင်ဇေယျစစ်ကြောင်းမှာ ပါဝင်ရင်း ခိုလှုံလာသူ တပ်သားနိူင်အေးက အခုလိုပြောကြားခဲ့ပါတယ်။


"တိုက်ပွဲမှာဆိုတပ်ဘက်မှာထိတယ်။လာပြီးမဆွဲတော့ဘူး။ဗျူဟာမှူးကလည်း လာပြီးတော့ကွပ်ကဲတာတခုမှမရှိဘူး။အဝေးကနေစက်နဲ့လှမ်းပြီးဆဲဆိုနေတာပဲ။အခုပြောင်းလာတဲ့ဗိုလ်ကြီးတွေကလည်းစစ်တိုက်တဲ့အတွေ့အကြုံမရှိဘူးပေါ့။အသံတွေကြားရင်သူတို့ကငြိမ်ပြီးဝပ်နေတယ်။ကျနော်တို့လက်အောက်ငယ်သားတွေကပစ်နေရတယ်။ပစ်နေရတော့လုံးဝမစည်းလုံးကြဘူး"လို့ဆိုပါတယ်။


လောက်ကိုင်လက်နက်ချမှုမှာ ပါဝင်ပြီး တဖန် အောင်ဇေယျစစ်ကြောင်းမှာ ရှေ့တန်းပြန်လည်ပို့လွှတ်ခံရတဲ့  နိုင်အေး (-၅၈၁၄၈၂) (ခမရ-၁၁၂) ဟာ လက်နက်နဲ့တကွ တော်လှန်ရေးတပ်တွေဆီ ခိုလှုံခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်အကြား ဆက်ဆံရေးကွာခြားပြီး အလင်းဝင်လာတဲ့သူ့ကို PDFရဲဘော်များကနွေးထွေးစွာလက်ဆွဲနှုတ်ဆက်ကြိုဆိုခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ ဘီးလင်း၊ တောင်စွန်း ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ



မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်း ကျေးရွာတွင် တောင်စွန်း ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး ပစ်သတ် ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ Rehmonnya FM က ဖော်ပြပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ၄၅ မိနစ်မှာ ဆိုင်ကယ် စီးနင်းလာတဲ့ ရဲ တပ်ကြပ်ကြီး တင်လှ ဆိုသူကို  ယွန်းဒလင်းကုန်း ကျေးရွာ လမ်းဆုံ အနီးမှာ သေနတ်သမား နှစ်ဦးက ပစ်သတ်သွားခဲ့ တာပါ။


သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် တပ်ကြပ်ကြီး တင်လှမှာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ၎င်းရဲ့ ရုပ်အလောင်းကို ညမိုးချုပ်တဲ့ အချိန်မှသာ စစ်ကောင်စီ တပ်ဖွဲ့က လာရောက် သယ်ဆောင် သွားတယ်လို့ သိရှိရပါတယ်။


အဆိုပါ ပစ်ခတ်မှုကို မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကို ယခု အချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။


ပြီးခဲ့တဲ့ ဧပြီလ ရက်နေ့ကလည်း တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ တစ်ဦးကို KRF အဖွဲ့က ပစ်ခတ်ရှင်းလင်း ခဲ့ပါသေးတယ်။


========================


🚩🚩 ၃။ KNDF က ဗျူဟာအသစ်တခု ထပ်မံဖွဲ့စည်း


ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာ ဗျူဟာအသစ်တခု ထပ်မံဖွဲ့စည်း လိုက်တယ်လို့ ဇွန်လ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

KNDF တပ်ရင်း ၂၂၊၂၃၊ ၂၄ တို့နဲ့ ဗျူဟာအမှတ် ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ရဲ့ စစ်ရေးဦးဆောင်မှု အမိန့်အောက်မှာရှိမယ်လို့ သိရပါတယ်။

အမှတ် ဗျူဟာဟာ ကရင်နီနဲ့ ရှမ်းပြည်နယ်ကြားမှာ ထပ်တိုးလိုက်တဲ့ ဗျူဟာအသစ်တခုဖြစ်ပြီး ပင်လောင်းဘက်ခြမ်းမှာ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေအဆိုအရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းတုန်းကလည်း တပ်ဖွဲ့ဝင်ရဲဘော်အင်အား ၅၀၀ ကျော်ရှိတဲ့ ဗျူဟာ အမှတ် ကို KNDF က တိုးချဲ့ ဖွဲ့စည်းခဲ့ပါသေးတယ်။

ဒါကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF မှာ တော်လှန်ရေးကာလ နှစ်အတွင်း တပ်ရင်းပေါင်း ၂၈ ရင်း နဲ့ ဗျူဟာ ခုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကာ တပ်ဖွဲ့ဝင်အင်အား တသောင်းအထက်ရှိတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူကလည်း ပြောထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ဟာ ပူးပေါင်းတပ်တွေနဲ့အတူ လွိုင်ကော်၊ ဒီးမော့ဆို ၊ဖရူဆို ၊ဘောလခဲ၊ ဖားဆောင်း၊ ရှားတော၊ ဖယ်ခုံနဲ့ မယ်စဲ့မြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီ စစ်စခန်း ၆၅ ခုကို သိမ်းထားနိုင်ခဲ့ပြီး လက်နက်ချ တပ်ဆုတ်သွားတဲ့စခန်း စုစုပေါင်း ၁၆ ခုအထိရှိတယ်လို့ KNDF က ထုတ်ပြန်ထားသည်။

လက်ရှိမှာလည်း စစ်ကောင်စီဘက်က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကနေတဆင့် ကရင်နီပြည်ဘက်ကို စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲတွေဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩 ၄။ စစ်တွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုလုပ်ရပ် TNLAနဲ့ MNDAA က ကန့်ကွက်ရှုတ်ချလိုက်ပြီး  စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကိုအရေးယူဖို့ ကုလသမဂ္ဂနဲ့နိုင်ငံတကာကို တောင်းဆို


ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့ အရပ်သားပြည်သူ ၇၆ ဦးကို စစ်ကောင်စီနဲ့လက်အောက်ခံတွေ သတ်ဖြတ်ခဲ့မှုကို TNLA နဲ့ MNDAA က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို အရေးယူပေးဖို့ ကုလသမဂ္ဂနဲ့နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တွေနဲ့ စစ်သင်တန်းဆင်း မွတ်စလင်တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၁၇၀ ကျော်ရှိတဲ့ စစ်ကြောင်းက စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာကို မေလ ၂၉ ရက်နေ့က ၀ိုင်းရံပိတ်ဆို့ပြီး ကျေးရွာပြည်သူလူထုကို ဖမ်းဆီးချုပ်နှောင်ကာ သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့ TNLA နဲ့ MNDAA က ကန့်ကွက်ရှုတ်ချ လိုက်တာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့အရပ်သားတွေကို စစ်အုပ်စုက နှိပ်စက်ညှဉ်းပန်းပြီး အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်းအပါအဝင် ဒေသခံ ပြည်သူ ၇၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်တာ ကျေးရွာပြည်သူလူထုရဲ့ ရွှေ၊ငွေပစ္စည်းတွေ ကို လုယက်တာ နေအိမ်တွေကို မီးရှို့တာ စတဲ့ စစ်ရာဇဝတ်မှုကြီးတွေကို လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အခုလို ကျူးလွန်တာမျိုးတွေ ရခိုင်ပြည်မှာတင်မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးမှာ နောက် ထပ်မလုပ်ဖို့နဲ့ အမြန်ဆုံးရပ်တန့်ဖို့ မြန်မာစစ်တပ်ကို မြောက်ပိုင်းညီနောင် မဟာမိတ် ဖွဲ့က သတိပေးထားပါတယ်။ 

ဒါကြောင့် မြန်မာပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက် မှုရန်ကနေ ကင်းဝေးစေဖို့ လေကြောင်းရန်နဲ့ စစ်ရေးသတိရှိကြဖို့ ညီနောင်မဟာမိတ် ဖွဲ့က သတိပေးတိုက်တွန်းလိုက်ပါ တယ်။ 

ဒါ့အပြင် စစ်ကောင်စီက စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေ လက်ရဲဇက်ရဲ မကျူးလွန်နိုင်အောင် တော်လှန်ရေးအင်အားစု များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချတာ ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေကို ရယူတင်ပြ တာတွေ လုပ်ဆောင်ပေးကြဖို့လည်း TNLA နဲ့ MNDAA က တောင်းဆိုထားပါတယ်။ 

စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမြန်ဆုံး အရေးယူ ပေးဖို့နဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ TNLA နဲ့ MNDAA က ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းလိုက်ပါတယ်။


========================


🚩🚩 ၅။ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်တွေ ပြန်မလာရင် အိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီနဲ့ပြည်သူ့စစ်က ခြိမ်းခြောက်


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုက စစ်ဘေးရှောင်တွေ နေရပ်ပြန်မလာရင် အိမ်တွေကို မီးရှို့ ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နောင်ကျောကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ဇွန်လ ရက်နေ့က အစည်းအဝေးပြုလုပ်ပြီး ဒေသခံကျေးရွာသားတွေကို အခုလိုခြိမ်းခြောက်ပြောဆိုခဲ့တာလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PNLA က ပြောပါတယ်။

ဒေသခံအများစုက တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြတဲ့အတွက် စစ်အုပ်စုကလုပ်တဲ့အစည်းအဝေးကို မတက် နိုင်ကြဘဲ ရွာစောင့်အဖြစ်ကျန်နေခဲ့ကြတဲ့ ပြည်သူလူထုကို ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ဘေးရှောင်နေတဲ့ နောင်ကျောကျေးရွာအုပ်စုက ရွားသူ ရွာသားတွေ ရွာထဲပြန်မလာရင် နေအိမ်ကိုမီးရှို့မှာဖြစ်ပြီး ကျေးရွာအတွင်းပြန်လာနေမယ်ဆိုရင် တအိမ်တယောက် စစ်မှုထမ်းရမယ့်အပြင် စစ်လှုပ်ရှားမှုစရိတ်အဖြစ် တအိမ်ကို ကျပ် သိန်း လစဉ်ထည့်ဝင်ရမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နောင်ကျောဘုန်းကြီး ကျောင်းမှာရှိတဲ့ သိမ်ကျောင်းဆောင် ပျက်စီးခဲ့ပြီးနောက် နောင်ကျောကျေးရွာဘုန်းတော်ကြီးမှာတပ်စွဲကာ ခံတပ်စခန်း အဖြစ် နေထိုင်လျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က အသိပေးထားပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေအဖွဲ့ဝင်တွေ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲနေတာကြောင့် သံဃာတော်တွေနဲ့ အရပ်သားပြည်သူတွေဟာ တောတောင်တွေထဲမှာ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က သဘက်ကျေးရွာအုပ်စုနဲ့ နောင်ကျောကျေးရွာအုပ်စု အတွင်းက အရပ်သားပြည်သူတွေကို မကြာခဏ ဖမ်းဆီးသတ်ဖြတ်တာ ပြန်ပေးဆွဲ ငွေညှစ်တာနဲ့ ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေကြောင့် ကျေးရွာဒေသခံပြည်သူ တသောင်းကျော် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA က ပြုစုထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၆။ မတ္တရာမြို့နယ် အနောက်ခြမ်း အောက်တောင်ကိုင်းရွာ ရောက်ရှိနေသော စကစတပ်များပြည်သူပိုင် အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့


ဇွန်လ၇ရက်


မတ္တရာမြို့နယ် အနောက်ခြမ်း အောက်တောင်ကိုင်းရွာ ရောက်ရှိနေသော စကစတပ်များပြည်သူပိုင် အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဇွန်လ၇ရက်မနက်ပိုင်းမှာ  wetletinformationalnetworkက စကစရဲ့လုပ်ရပ်များကိုအသိပေးဖော်ပြပါတယ်။


"ဇွန်လ၇ရက်မနက်၈နာရီ၃၅အချိန်မတ္တရာမြို့နယ် အနောက်ခြမ်း အောက်တောင်ကိုင်းရွာ ရောက်ရှိနေသော စကစများသည် ပြည်သူပိုင် အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


ထို့နောက်စကစတပ်များဟာ အနောက်ဘက်သို့ ထွက်သွားကြောင်းသတင်းရရှိထားပါတယ်။


စကစတပ်များဟာ လတ်တလောတွင်စစ်ကြောင်းထိုးမှုများကိုပိုမိုလုပ်ဆောင်လာပြီးလူထုအနေနဲ့၄င်းတို့စစ်ကြောင်းဝေးရာကိုကြိုတင်ရှောင်ရှားကြဖို့လိုအပ်မှာဖြစ်ပါတယ်။


========================


🚩🚩 ၇။ FederalWingsမှ ပုံမှန်ထက်သုံးဆကြီးသောဒရုန်းများထုတ်လုပ်အောင်မြင်


ဇွန်လ၇ရက်


FederalWingsမှ ပုံမှန်ထက်သုံးဆကြီးသောဒရုန်းများထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ဇွန်လ၇ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် FederalWingsမှတရားဝင်အသိပေးဆိုထားပါတယ်။


"ထုတ်လုပ်ရေးဆရာတွေ Scale ကြည့်မှားသွားလို့ ပုံမှန်ထက် () ဆလောက်ကြီးသွားတာဆိုပဲ"လို့ဆိုပါတယ်။


ပုံစံသစ်ထုတ်လုပ်လိုက်သောဒရုန်းများမှာငှက်ကြီးဝန်ပိုအလားသဏ္ဍန်နှင့်တူညီကာ ပန်ကာငါးလက်ပါဝင်ပါတယ်။


FederalWingsဒရုန်းတပ်ဖွဲ့ဟာ စကစစခန်းသိမ်းရာကရလာတဲ့ စကစကျည်ကာအင်္ကျီတွေကို ပြန်ပြီးအသုံးချကာHelmetများထုတ်လုပ်လျက်ရှိနေပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment