8th JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးမှု ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်

📌 ၂။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံခရီးစဥ်တွင် University of Queensland, Brisbane Faculty ခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့နယ် ခုမှာ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်

📌 ၄။ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာမှ ထိရောက်စွာအရေးယူပေးရန် NUGပညာရေးဝန်ကြီးဌာန တောင်းဆို

📌 ၅။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင်NUGအား တရားဝင်အစိုးရအဖြစ် ILOက အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က တိုက်တွန်း

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် NUGPay ဖြင့် ပူးပေါင်း၍ တပ်ရင်းအလိုက် NUGPay Account များကို ဖွင့်လှစ်ပေးထား

📌 ၇။ ဇွန်လ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် (၁၂)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် () ဦးပါဝင်


၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမှတ်(၁၀၀၅)တပ်ရင်း၊ ရှမ်းတောင်(SSPDF)တပ်သားသစ်အပတ်စဥ် ()သင်တန်းဆင်းပွဲနှင့် ZFU/PDF Zoland အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၄) သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့

🚩 ၂။ မြေပြန့်နဲ့ တောင်တန်းဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီ ဆက်လက်လုပ်ဆောင်လာနိုင်ပါက စစ်တပ်အနေနဲ့ ကြီးမားတဲ့စစ်ရေး ဖိအားကြုံရမှာဖြစ်တယ်လို့ဆို

🚩 ၃။ ဘုတလင်မြို့မြောက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းနှင့် မဟာမိတ် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

🚩 ၄။ မြင်းခြံမြို့ကထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲခဲ့ရာ စစ်ကားတစီးပျက်စီး

🚩 ၅။ စစ်ကိုင်းမြို့နယ် ကြွယ်ပုံ ပျူရွာတွင် အခိုင်အမာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီနေရာများကို ရက်အတွင်း Drone များဖြင့် Bombများစွာ ကြဲချ

🚩 ၆။ တန့်ဆည်ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ရွာပေါင်း ၂၀ ကျော်ကဒေသခံတွေထွက်ပြေးနေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးမှု ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်


ဇွန်လ၇ရက်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးမှု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့တက်ရောက်ခဲ့ပါတယ်။


ဇွန်လ၇ရက်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကအသိပေးဖော်ပြပါတယ်။


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးမှုကို ၂၀၂၄ခုနှစ်၊ ဇွန်လ()ရက်နေ့ နေ့လည် (၁၁:၀၀)နာရီတွင် ကျင်းပခဲ့တယ်လို့ဖော်ပြပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများလည်း တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံခရီးစဥ်တွင် University of Queensland, Brisbane Faculty ခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ


ဇွန်လ ၇ရက်။

ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏ သြစတြေးလျနိုင်ငံခရီးစဥ်တွင်  University of Queensland, Brisbane Faculty ခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် Australia နိုင်ငံ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့၏ ဇွန်လ၇ရက် Brisbane မြို့ခရီးစဉ်တွင် CRPH/NUG Support Group (QLD) အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး၏ ပထမနေ့ခရီးစဉ်အတွင်း University of Queensland, Brisbane Faculty ခန်းမ၌ UQ Chancellor Mr Peter N Varghese, Asia-Pacific Centre for the Responsibility to Protect မှ

တာဝန်ရှိသူများ၊ Academics များ၊ Brisbane မြို့ရှိ ဖိတ်ကြားထားသော Consulates များ၊ Myanmar Community များမှတက်ရောက်လာသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်မှ Resistance and Resilience topic ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးခွန်းများအား ရှင်းလင်းဖြေကြားခဲ့ပါတယ်။


ဇွန်လ၈ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် Brisbane မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့နယ် ခုမှာ စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်


ဇွန် ၇ရက်။

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့နယ် ခုမှာ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ (People's Police) ()နှစ်ပြည့် နှစ်ပတ်လည်မှာ ထုတ်ပြန်ထားပါတယ်။


ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Protect & Serve ဆိုတဲ့အတိုင်း ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက် တပ်ဖွဲ့ဝင်တွေဟာ အစွမ်းကုန်ကြိုးစားလျက် ရှိနေကြောင်း ဖော်ပြထားပါတယ်။


တပ်ဖွဲ့ဝင်တွေဟာ မြို့နယ် ခုမှာ စတင်တာဝန်ထမ်းဆောင်နေပြီး နောက်ထပ်မြို့နယ်တွေ တိုးချဲ့ကာ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။


တော်လှန်ရေးအလွန်ကာလမှာလည်း Protect & Serve ဆိုတဲ့ဆောင်ပုဒ်ကိုပဲ ရင်ဝယ်ပိုက်ပြီး တရားသော ဥပဒေတွေရဲ့ စိုးမိုးမှုအောက်မှာ ပြည်သူတွေစိတ်အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ကြဖို့ကိုလည်း သန္နိဋ္ဌာန်ချထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ရဲတပ်ဖွဲ့လိုမျိုး အကျင့်ပျက်ခြစား မတရားနှိပ်စက်တဲ့ အဖွဲ့အစည်းမျိုး လုံးဝမဖြစ်စေရအောင် ကတိသစ္စာပြုပြီး ပြည်သူတွေအားကိုးယုံကြည်ရတဲ့ ပြည်သူ့ရဲတပ်ဖွဲ့စစ်စစ် ဖြစ်စေရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာမှ ထိရောက်စွာအရေးယူပေးရန် NUGပညာရေးဝန်ကြီးဌာန တောင်းဆို


ဇွန်လ ၇ရက်။ 

Radio NUG

စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာမှ ထိရောက်စွာအရေးယူပေးရန် NUGပညာရေးဝန်ကြီးဌာနက ဇွန်လ ၆ရက်နေ့က တောင်းဆိုထားပါတယ်။


မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ထိခိုက်ခံစားနေရသည့် ကလေးသူငယ်များအတွက် နိုင်ငံတကာအနေဖြင့် ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးသူငယ်များအတွက် လုံခြုံစွာ ပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။


ဇွန်လ()ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်း ကျောင်းဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်()ဦးသေဆုံးပြီး ပြည်သူ(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုထားပါတယ်။


ဇွန်လ()ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ()ဦးထက် မနည်းသေဆုံးပြီး ပြည်သူ(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်က စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများတွင် တပ်စွဲခြင်းတို့သည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


စာသင်ကျောင်းများကို စစ်ရေးအခြေစိုက်စခန်း အဖြစ်အသုံးပြုခြင်းနှင့် ပစ်မှတ်ထားတိုက်ခိုက် ဖောက်ခွဲနေခြင်းစသည့် အကြမ်းဖက် တရားမဲ့လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင်NUGအား တရားဝင်အစိုးရအဖြစ် ILOက အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က တိုက်တွန်း


ဇွန်လ ၇ရက်။

၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင်  NUGအား တရားဝင်အစိုးရအဖြစ် ILO က အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th Internation Labour Conference-ILC)တွင် ဖိလစ်ပိုင် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအား ILO Constitutions များနှင့်အညီ အရေးယူရန်နှင့် NUG အား တရားဝင်အစိုးရအဖြစ် ILO က အသိအမှတ်ပြုရန် ညီလာခံမှာတိုက်တွန်းသွားခဲ့ပါတယ်။ 


၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့တွင် ညီလာခံသို့ တက်ရောက်နေသည့် ဖိလစ်ပိုင် အလုပ်သမား ကိုယ်စားလှယ် Sister Nice က -“အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုသည် စည်းလုံးညီညွတ်မှု အခြေခံမူပေါ်တွင် တည်ရှိတယ်။ ဖိလစ်ပိုင်မှာဆိုရိုးစကားအတိုင်း "ခန္ဓာကိုယ်မှာ အနာတရတစုံတရာရှိခဲ့လိုရှိရင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရောဂါဝေဒနာပါပဲဆိုသလို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားဘဲ အလုပ်သမားများရဲ့ ဘုံအကျိုးစီးပွားအတွက် ဤကတိကဝတ်သည် နိုင်ငံတကာအလုပ်သမားများရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်စေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကို မောင်နှမများအတွက် ကျွန်ုပ်တို့အားလုံး စိုးရိမ်ပူပန်ရပြီး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရှိနေပါတယ်။လို့ ဆွေးနွေးပြောကြားသွားခဲ့ပါတယ်။


ဒါ့အပြင်ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်များရဲ့ အလုပ်သမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် အဆက်မပြတ် ရက်စက်ကြမ်းကြုတ်ဖိနှိပ်နေခြင်းကို လုံးဝလက်မခံနိုင်ဘူးလို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုအပ်တယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် NUGPay ဖြင့် ပူးပေါင်း၍ တပ်ရင်းအလိုက် NUGPay Account များကို ဖွင့်လှစ်ပေးထား


ဇွန်လ ၇ရက်။ 

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူလူထုများ လုံခြုံစိတ်ချစွာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများကို ထောက်ပံ့ပို့ဆောင်နိုင်ရန် NUGPay ဖြင့် ပူးပေါင်း၍ တပ်ရင်းအလိုက် NUGPay Account များကို ဖွင့်လှစ်ပေးထားပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ၏ တရားဝင် NUG Pay Wallet တွင် သက်ဆိုင်ရာ တပ်ရင်းအမှတ်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန (MOD Verified) .mod Extension ပါဝင်မည်လို့ သိရပါတယ်။


ဥပမာ - ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်ရိုက်ထောက်ပို့မည်ဆိုလျှင် finance.mod*nugpay.app ဖြစ်မည်ဖြစ်ပြီး တပ်ရင်းအမှတ် (P0 1234)ကို ထောက်ပို့မယ်ဆိုရင်တော့ p01234.mod*nugpay.app ကို ထောက်ပို့နိုင်မည် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ယခုလို MOD Verified ပြုလုပ်ထားသည့် .mod extension များသည် ပြည်သူ့ ကာကွယ်ရေးတပ်မတော်တပ်ရင်း (PDF)များကိုသာ ထုတ်ပေးထားခြင်း ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေးထားသည့် သက်ဆိုင်ရာ PDF တပ်ရင်းများ၏ တရားဝင် NUGPay Wallet ကိုသာ လုံခြုံဘေးကင်းစွာဖြင့် ထောက်ပို့ပြုလုပ်ပေးပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၇။ ဇွန်လ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် (၁၂)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် () ဦးပါဝင်


ဇွန်လ ၇ရက်။

ဇွန်လ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် (၁၂)ဦး သေဆုံးခဲ့ပြီးအသက် ၁၈ နှစ်အောက် ကလေးငယ်()ဦး ပါဝင်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်နေ့မှ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် () ဦး ပါဝင်တယ်လို့သိရပါတယ်။


ထို့ပြင် ၎င်း (၁၂) ဦးအနက် ရခိုင်ပြည်နယ်မှာ () ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် () ဦးမှာ စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


ထို့ပြင် တစ်ပတ်တာအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း () ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ ()ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အမှတ်(၁၀၀၅)တပ်ရင်း၊ ရှမ်းတောင်(SSPDF)တပ်သားသစ်အပတ်စဥ် ()သင်တန်းဆင်းပွဲနှင့် ZFU/PDF Zoland အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၄) သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့


ဇွန်လ ၇ရက်။ 

Radio NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရှမ်းတောင် အမှတ် (၁၀၀၅) တပ်ရင်း-SSPDF  အခြေခံစစ်ပညာသင်တန်း အပတ်စဥ် () သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၇ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ သင်တန်းဆင်းအစီအစဉ်အတွင်း တပ်ရင်းမှူး၊ တပ်ရေးအရာရှိတို့ မိန့်ခွန်းပြောကြားပြီး၊ သစ္စာရေသောက်ခြင်း၊ အလေးပြုခြင်းအခမ်းအနားများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ထို့အတူ ဇွန်လ ရက်နေ့က ZFU/PDF Zoland အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၄) သင်တန်းဆင်းပွဲအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း PDF Zolandက ဇွန်လ ၇ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အပတ်စဉ် (၁၄) မှာ သင်တန်းသား ကျား (၆၆)ဦး၊ (၁၅) ဦး စုစုပေါင်း (၈၁) ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သင်တန်းဆင်းပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အဖက်ဖက်ကပါဝင်ခဲ့ကြတဲ့ ပြည်သူတဦးချင်းစီကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PDF Zoland ဟာ ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ မေလကုန်ပိုင်းက တီးတိန်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ချင်းညီနောင်အဖွဲ့ဝင် အဖွဲ့အစည်းအချို့နဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။တီးတိန်မြို့ ထိုးစစ်မှာ စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘ်ကက မြို့ကိုမီးရှို့ခဲ့တဲ့အတွက် စစ်ရေးဖော်ဆောင်မှုကိုရပ်ဆိုင်းခဲ့ပြီး ပြောက်ကျားတိုက်ခိုက်မှုတွေသာ လုပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မြေပြန့်နဲ့ တောင်တန်းဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီ ဆက်လက်လုပ်ဆောင်လာနိုင်ပါက စစ်တပ်အနေနဲ့ ကြီးမားတဲ့စစ်ရေး ဖိအားကြုံရမှာဖြစ်တယ်လို့ဆို


ဇွန်လ၇ရက်။

မြေပြန့်နဲ့ တောင်တန်းဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီ ဆက်လက်လုပ်ဆောင်လာနိုင်ပါက စစ်တပ်အနေနဲ့ ကြီးမားတဲ့စစ်ရေး ဖိအားကြုံရမှာဖြစ်တယ်လို့ဆိုပါတယ်။


ဇွန်လ၇ရက် စစ်ရေးသုံးသပ်ချက်ကို PDFInsightကဖော်ပြပါတယ်။


ပြီးခဲ့တဲ့()ပတ်တာ စစ်ရေး အခြေအနေတွေကိုကြည့်ရင် မြေပြန့်ဒေသမှာ စစ်ရေးလှုပ်ရှားမှုများပြားလာတာ၊ တိုင်းရင်းသားဒေသတွေမှာ မြို့ကြီးတွေနား၊ မြို့ပေါ်ထိ ခုခံတိုက်ခိုက်မှု ရောက်ရှိလာတာ၊ အဖွဲ့အချင်းချင်းကြား ပေါင်းစည်းမှု တိုးပွားလာတာတွေ့ရပါတယ်။ မြေပြန့်နဲ့ တောင်တန်းဒေသမှာ ယခုလို စစ်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီ ဆက်လက်လုပ်ဆောင်လာနိုင်မယ်ဆိုရင် မိုးတွင်းကာလမှာ စစ်တပ်အနေနဲ့ ကြီးမားတဲ့ စစ်ရေးဖိအားကြုံရမှာဖြစ်သလို နယ်မြေတွေ ပိုမိုလက်လွှတ်ဆုံးရှုံးလာရမှာ ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


လတ်တလောတွန်းဇံမြို့ကို ချင်းအမျိုးသား တပ်မတော်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းသိမ်းယူနိုင်လိုက်ပြီး ရန်သူ (၄၀)နီးပါး ဖမ်းဆီးနိုင်ခဲ့ကာ လက်နက် (၁၀၀)ကျော် သိမ်းဆည်းရရှိခဲ့ပါတယ်။ 


တီးတိန်မြို့တွင်း တိုက်ပွဲမှာ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး၊ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကာ ရဲ()ဦးကို ချေမှုန်းနိုင်ခဲ့ပါတယ်။


တနင်္ဿာရီ ဒေသမှာလည်း အဖွဲ့ပေါင်း (၈၀)ကျော် ပေါင်းစည်းနိုင်ခဲ့ပြီး တနင်္သာရီတိုင်း လွတ်မြောက်နယ်မြေအဖြစ် ပေါ်ထွန်းလာစေရေး အလားအလာကောင်းနေတာကို တွေ့နေရတယ်လို့ဆိုပါတယ်။


ကချင်ပြည်နယ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုဟာ ပြည်နယ်မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့နားကို ရောက်ရှိလာသလို ဒုတိယပြည်နယ် မြို့တော်ဖြစ်တဲ့ ဗန်းမော် မြို့ကိုလည်း ကုန်းလမ်း၊ ရေလမ်းကနေ ပိတ်ဆို့နိုင်နေပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ဘုတလင်မြို့မြောက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းနှင့် မဟာမိတ် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား


ဇွန်လ ၇ရက်။

Radio NUG

ဇွန်လ ၆ရက်နေ့ နံနက်ပိုင်း ()နာရီခန့်မှာ ဘုတလင်မြို့မှ အင်အား(၄၀)နီးပါးရှိ အကြမ်းဖက် စကစစစ်ကြောင်းသည် ဘုတလင်မြို့မြောက်ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာလာရာ နံနက် ၅နာရီ မိနစ် ၃၀ခန့်တွင် ဘုန်းကြီးလမ်းခွဲသို့ရောက်ရှိပြီး အဆိုပါနေရာရှိ ဇရပ်နှင့် စျေးဆိုင်အား မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။


စကစစစ်ကြောင်းသည် ၄င်းနေရာအား မီးရှို့ဖျက်ဆီးပြီးနောက် ဘုတလင်မြို့ဘက်သို့ မြို့သစ်ချောင်း ဖောက်လမ်းမှ ကွေ့ပတ်ပြီး ပြန်လည်ထွက်ခွာလာရာ နံနက် ၇နာရီခွဲခန့်၌ နှောရင်းရွာ အနောက်ဘက်အရောက်တွင် Budalin Mobile Team-BMT Depeyin Local Mobile Team(DLMT) မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း BOB-Batallion Of Budalin ၊ဘုတလင်မြို့နယ် ပကဖနှင့် မဟာမိတ်PDFပူးပေါင်းတပ်တို့မှ ဆီးကြိုတိုက်ခိုက်ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီဘက်မှ ပစ်ခတ်သော 40mm ဗုံးသီး ထိမှန်ပြီး ဘုတလင်မြို့နယ် ပကဖမှ ရဲဘော်()ဦး ကျဆုံးကာ Budalin Mobile Team မှ ရဲဘော်()ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်)ရရှိခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီဘက်မှ ()ယောက် သေဆုံးပြီး (၁၀)ကောင်ခန့် ထိခိုက်ဒဏ်ရာရဟု သိရှိရပါတယ်။


ဘုတလင်မြို့ အထကကျောင်း၊ ထွေအုပ်ရုံးနှင့်ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂ရက် ၃ရက်ခြား တစ်ကြိမ် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို လူမဆန်စွာကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မြင်းခြံမြို့ကထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲခဲ့ရာ စစ်ကားတစီးပျက်စီး


ဇွန်လ ၇ရက်။

မန္တလေးတိုင်း မြင်းခြံမြို့ကထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီး ပျက်စီးသွားတယ်လို့ ရွှေဂျိုးဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - မြင်းခြံက အသိပေးထားပါတယ်။

မြင်းခြံမြို့ကနေ နဘူးအိုင်ကျေးရွာဘက်ကို ကား စီးနဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့တွေက ဇွန်လ ရက်နေ့ ညနေ နာရီ မိနစ် ၄၀ ခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီးထိမှန်ပျက်စီးကာ ကျန်နေခဲ့လို့ ဆိုပါတယ်။

မိုင်းမထိတဲ့ ကားတွေပေါ်က စစ်သားတွေက ပြန်လည်ပစ်ခတ်မှုတွေလုပ်ကာ မြို့သာမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားတယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြင်းခြံ နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံ မြင်းခြံခရိုင် တပ်ရင်း အမှတ် - တပ်ခွဲ Special Task Force-NZN နဲ့ Youths of Mandalay - Y.O.M စတဲ့မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ စစ်ကိုင်းမြို့နယ် ကြွယ်ပုံ ပျူရွာတွင် အခိုင်အမာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီနေရာများကို ရက်အတွင်း Drone များဖြင့် Bombများစွာ ကြဲချ


ဇွန်လ ၇ရက်။ 

Radio NUG

စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျူရွာတွင် အခိုင်အမာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများနှင့် ရွာခံပျူစောထီးများ နေထိုင်သော နေရာများကို ဇွန်လ ၄ရက်နှင့် ၅ရက်အတွင်း Drone များဖြင့် Bombများစွာ ကြဲချခဲ့ကြောင်း Phoenix Sagaingက သတင်းထုတ်ပြန်ပါတယ်။


စစ်သားများနှင့် ပျူများတပ်စွဲနေထိုင်သော အဆောက်အဦးများ ပွင့်ထွက်ပျက်စီးပြီး ထိခိုက်သေဆုံးမှုများအား စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။


Mission အတွင်း စကစဘက်မှ လက်နက်ငယ်များ (60MM) Commando စိန်ပြောင်းဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပြီး Phoenix -Sagaing အဖွဲ့မှ Fixed Wing Drone ()စီး ပျက်စီး ဆုံးရှုံးမှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Phoenix -Sagaing/Royal Falcon Guerrilla Force/Unicorn Guerrilla Force/ ကြောင်လက်သည်း(ဝက်လက်)/ GZP(MDY)/ စစ်ကိုင်းမြို့နယ် (ပကဖ)/ စစ်ကိုင်းခရိုင် အမှတ်()တပ်ရင်း/ အမှတ်()တပ်ရင်း/ အမှတ်()တပ်ရင်းနှင့်  နယ်မြေခံ( ပကဖ )များ ဒေသတွင်း တော်လှန်ရေးအဖွဲ့များ စုပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ တန့်ဆည်ဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ရွာပေါင်း ၂၀ ကျော်ကဒေသခံတွေထွက်ပြေးနေရ


ဇွန်လ ၇ရက်။ 

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ရွာပေါင်း ၂၀ ကျော်က သောင်းချီတဲ့ ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ကန့်ဘလူမြို့နယ်မှာရှိတဲ့ ဝါသဝ ပျူစောထီးစစ်ကြောင်းနဲ့ တန့်ဆည်မြို့နယ်ထဲမှာရှိတဲ့ အကြမ်းဖက်စစ်တပ်၊ ပျူစောထီးတွေပါတဲ့ စုစုပေါင်းအင်အား ၃၀၀ ကျော်ခန့်ဟာ မေလထဲကစပြီး တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က အသိပေးပါတယ်။ 


အဲဒီစစ်ကြောင်းဟာ လက်ရှိမှာလည်း တန့်ဆည်မြို့နယ် အနောက်ခြမ်းက ခနုဆည်၊ ဝရငယ်၊ ရွာသစ်၊ အင်တခါးစတဲ့ ကျေးရွာတွေဘက်ကို နယ်မြေချဲ့ပြီး အခိုင်အမာတပ်စွဲထားတာကြောင့် တန့်ဆည်-ကံထူးမကားလမ်းဘေးမှာရှိတဲ့ ရွာတွေက ဒေသခံပြည်သူတွေနဲ့ စစ်ကြောင်းတပ်စွဲထားတဲ့ရွာတွေအနီးမှာ နေထိုင်ကြတဲ့ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာလို့ သိရပါတယ်။


တန့်ဆည်-ကံထူးမကားလမ်းဘေးမှာ အထိုင်ချထားတဲ့အပြင် ကျေးရွာတွေတဝိုက်မှာလည်း ဘန်ကာတွေဆောက်တာ မြေကတုတ်ကျင်းတွေတူးတာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ကြောင်းဟာ ကာလရှည်တပ်စွဲနိုင်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

  

ဒါ့အပြင် ခနုဆည်၊ ဝရငယ်၊ ရွာသစ်ရွာတွေဘက်ကနေ လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ရွာတွေကိုပစ်ခတ်တာ၊ Drone တွေသုံးပြီး ဗုံးသီးချတိုက်ခိုက်တာတွေလုပ်နေတယ်လို့လည်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောပါတယ်။


လက်ရှိမှာ အဆိုပါ အကြမ်းဖက် ပူးပေါင်းစစ်ကြောင်းကြောင့် ရွှေကတော်၊ ကျွဲဆွဲ၊ တနယ်၊ သရက်ခွ၊ မှန်ကြိုင်၊ မှန်ရင်း၊ ပိန္နဲကုန်း၊ တောင်စွန်း၊ ကံပေါက်၊ ကိုးတောင်ဘို့၊ ရွာသစ်၊ ဝရငယ်၊ ခနုဆည်၊ သာယာကုန်း၊ အင်တံခါးနဲ့ ဝါးရုံကန်ရွာတို့ အပါအဝင် အနီးအနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment