အကြမ်းဖက်စစ်တပ်လက်ထက်မှာ ဝင်ငွေနည်းပြည်သူများ အခြေအနေဆိုးဝါးမှု ရင်ဆိုင်နေရ



အကြမ်းဖက်စစ်တပ်လက်ထက်မှာ ဝင်ငွေနည်းပြည်သူများ အခြေအနေဆိုးဝါးမှု ရင်ဆိုင်နေရ
ကိုမြင့်သူ (Radio NUG) ဇွန် ၃၊ ၂၀၂၄

အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်မှုတွေ ၊ အုပ်ချုပ်ရေး စွမ်းဆောင်မှု ညံ့ဖျင်းမှုတွေကြောင့် ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းတာကို ထိန်းသိမ်းနိုင်တာမရှိတော့ပါဘူး။ အခြေခံစားကုန်နဲ့ လူသုံးကုန်ဈေးနှုန်းတွေ တရှိန်ထိုးမြင့် တက်လာပြီးတဲ့နောက် ဝင်ငွေနည်းပြည်သူတွေမှာ စားဝတ်နေရေးအကြပ်အတည်းနဲ့ ဆိုး ဆိုးရွားရွား ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။ ရန်ကုန်မြို၊ သင်ဃန်းကျွန်းမြိုနယ်မှ အ သက် ၆၅နှစ်အရွယ် အနှေး ယာဥ်လုပ်သားကြီးတစ်ဦးက မိသားစု စားဝတ်နေရေးအခက် အခဲတွေ ကိုအခုလိုပြောပါတယ်။

“ အခုက တိုရေရှားရေနဲ့ အဘတိုမဝရေစာစားရပြီးအလုပ်လုပ်နေရတယ်။ အဲ့ တော့ ငတ်နေတဲ့ဘဝ။ မထူးဘူးကွ၊ ထမင်းသာမငတ်တာ အဘတိုစားချင်တာ မစားရဘူး။ ငတ်နေတာ။ အဲ့တော့ ငတ်နေတဲ့ဘဝမှာ ရေရှည်မနေချင်ဘူး။ ငတ်နေတဲ့ဘဝမှာ မှန်တာ ပြောရရင်ရေရှည်မနေချင်ဘူး။ ဒါမယ့် အသက်က ဘုရားပေးထားတဲ့အတိုင်းပဲနေရမှာပဲ၊ အဲ့တော့ ဘုရားပေးထားတဲ့အတိုင်းနေနေရသရွှေ့တော့ ဒီဒုက္ခကြီးကို မိုးလင်းကြုံတယ်။ အိပ်တော့လည်း ကြုံတာပဲ။ သူများကက အဲ့ယားကွန်းနဲ့အိပ်နေရတဲ့အချိန်မှာ ကိုယ်တွေ က ယပ်တောင်ခတ်နေရတဲ့ဘဝတွေကွာ။ စိတ်ချမ်းသာစရာဘယ်နေရာမှာရှိလဲ ”

စစ်တပ်ကအာဏာမသိမ်းခင် ပြည်သူ့အစိုးရလက်ထက်မှာ ကျပ်ငွေတန်ဖိုးက တစ်ဒေါ်လာကို ကျပ် ၁၃၅၀ ကျပ်ရှိခဲ့ရာက အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာ ပြီးခဲ့တဲ့မေလ ၃၁ ရက်မှာတော့ တစ်ဒေါာလာကို ကျပ် ၄၆၀၀ အထိမြင့်တက်ခဲ့ပါတယ်။ အလားတူ ရွှေဈေး ကလည်း လေးဆကျော်အထိမြင့်တက်ခဲ့ပြီးရွှေဆိုင်တွေက အမြတ်ရတဲ့ ရွှေထည်က လွဲလို အခေါက်ရွှေ အတုံးအခဲ၊ အပိုင်းအစတွေကိုအရောင်းပိတ်ထားလိုက်ပါတယ်။ ကျပ်ငွေတန် ဖိုးကျဆင်းလာတာက အနိမ့်ဆုံးဆန်ကြမ်းတစ်ပြည်ကို ကျပ်၄၆၅၀ အထိဖြစ်လာစေပြီး ထမင်းတမယ်ကို ဆန်ကောင်းရွေးစားတတ်တဲ့ မြန်မာပြည်သူတွေဟာ ဖြစ်သလိုဟင်းတစ် ခွက်ကို ဟင်းခတ်မှုန့် ထည့်ဖိုတောင် အနိုင်နိုင်ဖြစ်လာတယ်လို ကမာရွတ်မြိုနယ်က အ ဝတ်လျှော်၊ မီးပူတိုက် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးကပြောပါတယ်။

“ ဆန်ဈေးတွေက တက်တာပေါ့။ ကျွန်မတိုကစားတာက ၇၈၀၀။ ဇီယာဆန်က ၅၆၀၀၊ ၅၈၀၀။ အကုန်ဈေးတက်တယ်။ အချိုမှုန့်လည်း အခု ၇၀၀တန်ကို ၁၂၀၀ တဲ့။ ဆို ‌‌တော့ဝယ်မလာတော့ဘူး ”

ကျပ်ငွေတန်ဖိုးကျဆင်းမှုက လက်ရှိမိုးစပါးရာသီအတွက် စပါးစိုက်ပျိုးမှုမှာလည်း သက်ရောက်မှုရှိလာအုန်းမှာဖြစ်ပါတယ်။ မြေဩဇာ၊ ဆေးဝါးနဲ့ လောင်စာဆီဈေးတွေမြင့် တက် နေသ ရွေ့ ပြည်တွင်းမှာစိုက်ပျိုးထုတ်လုပ်တဲ့ စပါးဈေးဆန်ဈေးတွေ အပါအဝင် အခြား လူ သုံးကုန်၊ စားကုန်နဲ့ ဆေးဝါးတွေကလည်း ဆက်လက်မြင့် တက်နေအုန်းမှာဖြစ်ပါတယ်။ ပြည်သူမလိုလားတဲ့စစ်ကောင်စီရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေက ဟန်ပြနဲ့ အချည်း တွေသာဖြစ်ပြီး တော်လှန်ရေးအောင်မြင်ဖိုကိုပဲ အများပြည်သူက မျှော်လင့်နေကြပါတယ်။

(ဓာတ်ပုံ - ဒူးရင်းသီးအခွံထဲမှ အသားရှာစားနေသော ခလေးများအား ရန်ကုန်မြိုလယ်တွင်တွေ့ရစဥ်)
Share:

No comments:

Post a Comment