3rd JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သြစတြေးလျနိူင်ငံသို့ အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိ

📌 ၂။ "စစ်အာဏာရှင်လက်အောက်မှာ ဘယ်သူမှ မလုံခြုံနိုင်ဘူး"လို့လူ့အခွင့်ရေးဝန်ကြီးပြောကြား

📌 ၃။ ငွေကြေးဖောင်းပွမှုဟာ အကြမ်းဖက်စကစရဲ့ကျပ်ငွေအများအပြားရိုက်ထုတ်မှုကြောင့်ဖြစ်တယ်လို့ဆို

📌 ၄။ မြန်မာ့အရေးလှုပ်ရှားမှုများကို အီတလီနိုင်ငံမြောက်ပိုင်း Auronzo di Cadore မြို့တွင် အောင်မြင်စွာကျင်းပခဲ့

📌 ၅။ NUGကာကွယ်ရေးဝန်ကြီးပြောကြားချက်ကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကြောက်လန့်တကြီး ပြင်ဆင်မှုများလုပ်ဆောင်နေတယ်လို့ဆို

📌 ၆။ တောင်ကိုရီးယားနိုင်ငံမြို့ အင်ချွန်း ဆောဂူတွင် ကျင်းပသည့် "ရွှေဘိုဝက်လက် Gun တလက်" ရန်ပုံငွေ ဖူဆယ် ဘောလုံးပြိုင်ပွဲသို့  ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတက်ရောက်

📌 ၇။ အမေရိကန်ပြည်ထောင်စု ဆန်ဖန်ဗေးဧရိယာမှာကျင်းပတဲ့ အကြိမ် ၃၀ မြောက် နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကျော်ရရှိ


၂၀၂၄ ခုနှစ် ဇွန်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာတွင် ကြေးနီလမ်းကြောင်းအတွက်လုံခြုံရေးယူသောစကစတပ်ဖွဲ့ဝင်များကိုပစ်ခတ်တိုက်ခိုက်ရာ ၆ဦးသေဆုံး

🚩 ၂။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ. ကမ္မလမ်းပိုင်းရှိညောင်ပင်လှ စကစဂိတ်စခန်းအတွင်းတွင် စကစတပ်များဘန်ကာများဆောက်လုပ်နေချိန် ဝေဟင်ကဗုံးသီးဆယ်လုံးကြဲချ

🚩 ၃။ ပေါင်းတည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စကစတပ်များတိုက်ခိုက်ခံရ၍သုံးဦးသေဆုံး

🚩 ၄။ ဟိုင်ဂင် သဘောတူညီချက်ပြန်လည် ကျိုးပေါက်ပါက စစ်တပ်အနေနဲ့ စစ်ရေးဖိအား ပိုမိုကြီးမားသွားမှာဖြစ်တယ်လို့ဆို

🚩 ၅။ အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဖမ်းဆီး၊ သတ်ဖြတ်မှု လက်တုံ့ပြန်သွားမယ်လို့ULAကြေညာ

🚩 ၆။ CNO/CNDF ထံ လက်နက်နှင့်အတူ အလင်း၀င်လာသည့် ရဲတပ်သားနှစ်ဦးကို ဆုကြေးသိန်း ၇၀ ပေးအပ်ချီးမြှင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သြစတြေးလျနိူင်ငံသို့ အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိ


ဇွန်လ၃ရက်


ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သြစတြေးလျနိူင်ငံသို့ အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေတယ်လို့ ဇွန်လ၂ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရသြစတြေးလျ (NUG)ကိုယ်စားလှယ်ရုံးကအသိပေးဖော်ပြပါတယ်။


သြစတြေးလျနိုင်ငံ ခရီးစဉ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အား NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေမှ ဆစ်ဒနီမြို့ နိုင်ငံတကာလေဆိပ်၌  ဦးဆောင်၍ ကြိုဆိုခဲ့တယ်လို့ဖော်ပြပါတယ်။


ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဟာ သြစတြေးလျနိူင်ငံရောက်မြန်မာလူထုနှင့်ဆက်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ "စစ်အာဏာရှင်လက်အောက်မှာ ဘယ်သူမှ မလုံခြုံနိုင်ဘူး"လို့လူ့အခွင့်ရေးဝန်ကြီးပြောကြား


ဇွန်လ၃ရက်


"စစ်အာဏာရှင်လက်အောက်မှာ ဘယ်သူမှ မလုံခြုံနိုင်ဘူး"လို့လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဇွန်လ၃ရက်မှာ စကစကလုပ်ငန်းရှင်များဖမ်းဝရမ်းထုတ်ဖမ်းခိုင်းမှုနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားထာပါတယ်။


"ကိုယ်တယောက်ထည်း၊ ကိုယ့်မိသားစုတခုတည်း လုံခြုံအဆင်ပြေနေရင် လုံလောက်ပြီလို့ထင်နေသူတွေအတွက် သင်ခန်းစာတခုပေါ့။မ လည်း ရသေး၊ ပြေးလည်းပြေးရသေး၊စစ်အာဏာရှင်လက်အောက်မှာ ဘယ်သူမှ မလုံခြုံနိုင်ဘူး" လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စကစဟာ ရွှေလုပ်ငန်းရှင်များအပါအဝင်ပွဲစား၂၁ဦးကို ရွှေစျေးတက်အောင်ပြုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးဖို့ကြေညာခဲ့ပါတယ်။


========================


📌📌 ၃။ ငွေကြေးဖောင်းပွမှုဟာ အကြမ်းဖက်စကစရဲ့ကျပ်ငွေအများအပြားရိုက်ထုတ်မှုကြောင့်ဖြစ်တယ်လို့ဆို


ဇွန်လ၃ရက်


ငွေကြေးဖောင်းပွမှုဟာ အကြမ်းဖက်စကစရဲ့ကျပ်ငွေအများအပြားရိုက်ထုတ်မှုကြောင့်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဇွန်လ၃ရက်နေ့မှာ သုံးသပ်ဆိုထားပါတယ်။


"အကန့်အသတ်မဲ့ ကျပ်ငွေရိုက်ထုတ်ပြီး လေယာဉ်ဗုံးလိုက်ကြဲနေမှတော့ ငွေကြေးမဖေါင်းပွပဲနေမလား။ရွှေဆိုင်ပိုင်ရှင်ဖမ်း၊ VPN ထိန်းချုပ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စကစဟာ နှစ်သောင်းတန်ငွေစက္ကူများရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နိူင်ငံခြားငွေကိုလည်းကန့်သတ်ထိန်းချုပ်ထားခဲ့ကာ ပြည်ပသွင်းကုန်ပို့ကုန် လုပ်ငန်းရှင်များကို အကြပ်ရိုက်စေခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာ့အရေးလှုပ်ရှားမှုများကို အီတလီနိုင်ငံမြောက်ပိုင်း Auronzo di Cadore မြို့တွင် အောင်မြင်စွာကျင်းပခဲ့


ဇွန်လ၃ရက်


ဇွန်လ ရက်နေ့၊ ရက်နေ့များတွင် မြန်မာ့အရေးလှုပ်ရှားမှုများကို အီတလီနိုင်ငံမြောက်ပိုင်း Auronzo di Cadore မြို့တွင် အောင်မြင်စွာကျင်းပနိူင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇွန်လ ရက်နေ့ မနက်ပိုင်း မြို့အထက်တန်းကျောင်း  ကျောင်းသူကျောင်းများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ သမိုင်း၊ စစ်အာဏာရှင်အဆက်ဆက်၏ ဆိုးဝါးရက်စက်မှုများနှင့် ပြည်သူများကို အကြောက်တရားသွင်း အုပ်ချုပ်ခြင်း၊၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းခြင်းနှင့် နွေဦးတော်လှန်ရေးလူငယ်များ၏ အခန်းကဏ္ဍတို့ကို slide ပုံများ၊ ဗွီဒီယိုမှတ်တမ်းများဖြင့် ပြသ ဆွေးနွေးခဲ့ကြပါတယ်။


ဆက်လက်ပြီး ဇွန်လ ရက်နေ့ ညနေပိုင်း မြို့တော်ကောင်စီ ခန်းမတွင် မြန်မာပြည်အတွက်အတူတကွ၊ လွတ်လပ်ရေးလမ်းခရီး ခေါင်းစဥ်ဖြင့် မြန်မာပြည်အကြောင်း ဆွေးနွေးဟောပြာပွဲသို့ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းမှ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှုများ၊ မြန်မာပြည်အခြေအနေများကို ဗွီဒီယိုမိန့်ခွန်းပေးပို့ခဲ့ပြီး အခမ်းအနားသို့ Italy - Myanmar Friendship Association Giuseppe Malpeli ဂုဏ်ထူးဆောင် ဥက္ကဌ၊ Alcide Cervi Institue ဥက္ကဌ Albertina Soliani မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကာ လူထုခေါင်းဆောင်၏ ဒီမိုကရေစီတန်ဖိုးစံချိန်နှင့် ကြိုးပမ်းအားထုတ်မှုများ၊ ခေတ်အဆက်ဆက် စစ်မိစ္ဆာများ၏ ယုတ်ညံ့ရက်စက်မှုများ၊ နွေဦးတော်လှန်ရေး ပြည်သူလူထုအခန်းကဏ္ဍနှင့် ကမ္ဘာက အတုယူရမည့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။


 ဇွန်လ ရက်နေ့ မနက်ပိုင်းတွင် Parrocchia di Santa Giustina ဘုရားကျောင်းကြီး၌ မြန်မာ့နိုင်ငံနှင့် ကမ္ဘာတဝှမ်းငြိမ်းချမ်းရေးအတွက် အထူးဘုရားရှိခိုးဆုတောင်းခြင်းနှင့် မြို့တွင်းစီတန်းလှည့်လည်ဆုတောင်းခြင်းကို ပြုလုပ်ခဲ့ရာ ဒေသခံများ၊ ရပ်နီးရပ်ဝေးမှ တက်ရောက်လာသူများ လူဦးရေ ရာချီတက်ရောက်ပါဝင်ခဲ့ကြပါတယ်


========================


📌📌 ၅။ NUGကာကွယ်ရေးဝန်ကြီးပြောကြားချက်ကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကြောက်လန့်တကြီး ပြင်ဆင်မှုများလုပ်ဆောင်နေတယ်လို့ဆို


ဇွန်လ၃


NUGကာကွယ်ရေးဝန်ကြီးပြောကြားချက်ကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကြောက်လန့်တကြီး ပြင်ဆင်မှုများလုပ်ဆောင်နေတယ်လို့ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောပါတယ်။


ဇွန်လအတွင်း နွေဦးမှန်ကူကွက်များအစီအစဥ်အပိုင်း၂၁မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောပါတယ်။


"ဆရာဦးရည်မွန်ပြောလိုက်တဲ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုဘက်မှာနှစ်မျိုးတွေ့ရတယ်။တမျိုးကတော့ ပြည်သူတွေကိုစိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်နေပြန်ပြီဆိုပြီးတော့ လှောင်နေတာ။တကယ်တမ်းအဲဒီလိုလှောင်နေတဲ့လူထဲ သူတို့စိတ်ထဲဘယ်လောက်ကြောက်နေပြီလဲတွေးမိတယ်။တချို့ကြတော့တကယ်ကိုကြောက်ပြီးပြင်ဆင်နေတာတွေ့ရတယ်။အဲဒီထဲမှာ အဆိုးဆုံးကတော့မင်းအောင်လှိုင်ကိုယ်တိုင်ပေါ့။မင်းအောင်လှိုင်ကိုယ်တိုင်ကဦးရည်မွန်ပြောပြီးတဲ့နောက်မှာပဲ တိုင်းစစ်ဌာနချုပ်၈ခုှုာ တန်းပြည့်စစ်မှုထမ်းတွေသူဖြစ်တယ်ဆိုတာကိုကြေညာတယ်။တိုင်းစစ်ဌာနချုပ်ကတနိူင်ငံလုံးမှာ၁၄ခု ရှိတယ်။၁၄ခု မှာ၈ခုကြေညာတယ်ဆိုကတည်းကသူကတဝက်ကျော်နေပြီ"လို့ဆိုပါတယ်။


မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော NCO အကြပ်သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်မှပေးပို့သော သဝဏ်လွှာတွင်" မကြာခင်ကာလမှာထုအင်အားတည်ဆောက်ပြီး မြေပြန့်ဒေသမဟာဗျူဟာထိုးစစ်စတင်တော့မှာဖြစ်တယ်"လို့အသိပေးဆိုထားပါတယ်။


========================


📌📌 ၆။ တောင်ကိုရီးယားနိုင်ငံမြို့ အင်ချွန်း ဆောဂူတွင် ကျင်းပသည့် "ရွှေဘိုဝက်လက် Gun တလက်" ရန်ပုံငွေ ဖူဆယ် ဘောလုံးပြိုင်ပွဲသို့  ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတက်ရောက်


ဇွန်လ၃ရက်


ဇွန်လ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အင်ချွန်း ဆောဂူတွင် ကျင်းပသည့် "ရွှေဘိုဝက်လက် Gun တလက်" ရန်ပုံငွေ ဖူဆယ် ဘောလုံးပြိုင်ပွဲသို့  ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတက်ရောက်ခဲ့တယ်လို့ ဇွန်လအတွင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ်ကအသိပေးဖော်ပြပါတယ်။


ကိုရီးယားနိူင်ငံရောက်မြန်မာအင်အားစုများဟာ နွေဦးတော်လှန်ရေးတွင် အစဉ်တစိုက်ပါဝင် တော်လှန်လျှက်ရှိသလို နွေဦးတော်လှန်ရေးသို့ရန်ပုံငွေအများဆုံးပါဝင်ထောက်ပို့လျက်ရှိနေပါတယ်။


========================


📌📌 ၇။ အမေရိကန်ပြည်ထောင်စု ဆန်ဖန်ဗေးဧရိယာမှာကျင်းပတဲ့ အကြိမ် ၃၀ မြောက် နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကျော်ရရှိ


ဇွန်လ၃


အမေရိကန်ပြည်ထောင်စု ဆန်ဖန်ဗေးဧရိယာမှာကျင်းပတဲ့ အကြိမ် ၃၀ မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကျော်ရရှိပါတယ်။


ဇွန်လ၃ရက် နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကသတင်းထုတ်ပြန်ကြေညာပါတယ်။


"အကြိမ် ၃၀ မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှယနေ့ရောင်းရငွေအလှူငွေလက်ခံရရှိမှု စုစုပေါင်း အမေရိကန်ဒေါ်လာ၁၅၀၂၆ဒေယ်လာရရှိတယ်"လို့ဆိုပါတယ်။


ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ငွေသားအလှုရှင်များ၊ဝယ်သူအားပေးသော မိတ်ဆွေများဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ရှိကြောင်း နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကအသိပေးဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာတွင် ကြေးနီလမ်းကြောင်းအတွက်လုံခြုံရေးယူသောစကစတပ်ဖွဲ့ဝင်များကိုပစ်ခတ်တိုက်ခိုက်ရာ ၆ဦးသေဆုံး


ဇွန်လ၃ရက်


စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာတွင် ကြေးနီလမ်းကြောင်းအတွက်လုံခြုံရေးယူသောစကစတပ်ဖွဲ့ဝင်များကိုပစ်ခတ်တိုက်ခိုက်ရာ ၆ဦးသေဆုံးခဲ့ပါတယ်။


ဇွန်လ၃ရက်မှာ စစ်ရေးသတင်းကို Generation Z Power - GZP ( Mandalay)ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး)ကအတည်ပြုဖော်ပြပါတယ်။


ဇွန်လ၁ရက်နေ့မနက်ပိုင်း စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာတွင် ကြေးနီလမ်းကြောင်းအတွက်လုံခြုံရေးယူသောစကစတပ်ဖွဲ့ဝင်များကိုGeneration Z Power - GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြ‌ပြောက်ကျားတပ်ဖွဲ့နဲ့မဟာမိတ်တပ်များကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင်၆ဦးနေရာတင်သေဆုံးကာ ၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၂။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ. ကမ္မလမ်းပိုင်းရှိညောင်ပင်လှ စကစဂိတ်စခန်းအတွင်းတွင် စကစတပ်များဘန်ကာများဆောက်လုပ်နေချိန် ဝေဟင်ကဗုံးသီးဆယ်လုံးကြဲချ


ဇွန်လ၃


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ. ကမ္မလမ်းပိုင်းရှိညောင်ပင်လှ စကစဂိတ်စခန်းအတွင်းတွင် စကစတပ်များဘန်ကာများဆောက်လုပ်နေချိန် ဝေဟင်ကဗုံးသီးဆယ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဇွန်လအတွင်းစစ်ရေးသတင်းကို မြိုင်ပကဖကအတည်ပြုဆိုပါတယ်။


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ. ကမ္မလမ်းပိုင်းရှိညောင်ပင်လှ စကစဂိတ်စခန်းအတွင်းတွင်စကစနဲ့ပျူများဘန်ကာများဆောက်လုပ်နေချိန်မြိုင် ပကဖနှင့်black cobra force(ကမ္မတပ်ပေါင်းစု)

တို့ပူးပေါင်း၍တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


စုစုပေါင်းမနက်၈နာရီမှ၁၁နာရီအထိ ဒရုန်းနဲ့ဗုံးသီး၁၀လုံးကြဲချရာစကစနှစ်ဦးထိခိုက်ပြီးတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ ပေါင်းတည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စကစတပ်များတိုက်ခိုက်ခံရ၍သုံးဦးသေဆုံး


ဇွန်လ၃


ပေါင်းတည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စကစတပ်များတိုက်ခိုက်ခံရ၍သုံးဦးသေဆုံးခဲ့ကြောင်းကို ဇွန်လ၃ရက်စစ်ရေးသတင်းကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF၃၆၀၁တပ်ရင်း)ကအတည်ပြုဖော်ပြပါတယ်။


ဇွန်လ၁ရက်နေ့မွန်းလွဲပိုင်းအချိန်ပဲခူးတိုင်း ပြည်ခရိုင် မကျီးစမ်းရွာမှ သိမ်ကုန်းကျေးရွာသို့စစ်ကြောင်းထိုးလာသော အင်အား၄၀ပါစကစစစ်ကြောင်းအား ကာကွယ်ရေးတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက်မိုင်းကွင်းထဲဝင်လာတဲ့စကစတပ်များကို နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


စကစဘက်ကသုံးဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရကာ တော်လှန်ရေးတပ်ဖွဲ့များဘေးကင်းစွာဆုတ်ခွာနိူင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ ဟိုင်ဂင် သဘောတူညီချက်ပြန်လည် ကျိုးပေါက်ပါက စစ်တပ်အနေနဲ့ စစ်ရေးဖိအား ပိုမိုကြီးမားသွားမှာဖြစ်တယ်လို့ဆို


ဇွန်လ၃


ဟိုင်ဂင် သဘောတူညီချက်ပြန်လည် ကျိုးပေါက်ပါက စစ်တပ်အနေနဲ့ စစ်ရေးဖိအား ပိုမိုကြီးမားသွားမှာဖြစ်တယ်လို့ ဇွန်လအတွင်းစစ်ရေးသုံးသပ်ချက်ကို PDFInsightကအသိပေးဖော်ပြပါတယ်။


"တကယ်လို့ ဟိုင်ဂင် သဘောတူညီချက် ကျိုးပေါက်ပြီး ရှမ်းမြောက် ဒေသ မှာ တိုက်ပွဲကြီးတွေ ပြန်လည် စတင်လာရင် လက်ရှိ ကချင် ဒေသ၊ ချင်းဒေသ၊ ရခိုင် ဒေသ၊ ကရင် ဒေသ၊ ကရင်နီ ဒေသမှာ စစ်ရေး အရှုံးကြီးတွေ ရင်ဆိုင်နေရတဲ့ စစ်တပ်အနေနဲ့ စစ်ရေးဖိအား ပိုမိုကြီးမားသွားမှာဖြစ်ပါတယ်။ အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြေပြန့်ထိုးစစ် နဲ့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေ ပူးပေါင်း ပေါ်ထွက်လာရင် စစ်တပ်အနေနဲ့ စစ်ရေးကြီးမားတဲ့ အကြပ်အတည်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်ဒေသမှာ ညီနောင် မဟာမိတ် () ဖွဲ့ နဲ့ အကြမ်းဖက် စစ်တပ်ကြား တရုတ်နိုင်ငံ ကြားဝင်ပေးမှု နဲ့ ဟိုင်ဂင်ယာယီ အပစ်ရပ်ရေး သဘောတူညီချက်ကို ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ရရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဖမ်းဆီး၊ သတ်ဖြတ်မှု လက်တုံ့ပြန်သွားမယ်လို့ULAကြေညာ


ဇွန်လ၃


အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဖမ်းဆီး၊ သတ်ဖြတ်မှု လက်တုံ့ပြန်သွားမယ်လို့ ဇွန်လ () ရက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တရားဝင်အသိပေးဖော်ပြပါတယ်။


အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းခဲ့ကြပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုများကို လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန်ခဲ့သော ဖက်ဆစ် စစ်ကောင်စီအား ကန့်ကွက်ရှုတ်ချကြောင်း နှင့် သတိပေးထုတ်ပြန်လိုက်တယ်လို့ဖော်ပြပါတယ်။


မေလ၂၉ရက်စကစတပ်များနှင့်၄င်း၏လက်အောက်ခံအဖွဲ့အစည်းတပ်များသည် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဝန်းရံပိတ်ဆို့ကာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။


ထို့နောက် အင်အား၁၇၀ ကျော်ပါစကစစစ်ကြောင်းက အပြစ်မဲ့အရပ်သား၅၀ကေျာ်ကိုသတ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါလုပ်ရပ်သည် အာရက္ခ ပြည်သူတစ်ရပ်လုံးမည်သို့မျှမေ့ပျောက်နိူင်မည်မဟုတ်ဘဲ ဖက်ဆစ်ကောင်စီ၏ရက်စက်ယုတ်မာသောလုပ်ရပ်အဖြစ်ကျန်ရှိနေမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၆။ CNO/CNDF ထံ လက်နက်နှင့်အတူ အလင်း၀င်လာသည့် ရဲတပ်သားနှစ်ဦးကို ဆုကြေးသိန်း ၇၀ ပေးအပ်ချီးမြှင့်


ဇွန်လ၃


CNO/CNDF ထံ လက်နက်နှင့်အတူ အလင်း၀င်လာသည့် ရဲတပ်သားနှစ်ဦးကို ဆုကြေးသိန်း၇၀ပေးအပ်ချီးမြှင့်ခဲ့ကြောင်းကို ဇွန်လ၃ရက်မှာ CNO/CNDFကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။


၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က CNO/CNDF ထံ လက်နက်နှင့်အတူ အလင်း၀င်လာသည့် ရဲတပ်သား ဟိန်းထက်စံ ကို ဆုကြေးငွေ သိန်း (၆၀) ရဲတပ်သား ဟွာခန့်စိန် ကို ဆုကြေးငွေ (၁၀) သိန်းချီးမြှင့်ခဲ့တယ်လို့ဖော်ပြပါတယ်။


ချင်းပြည်နယ်မှာ စစ်ရှုံးအထိနာနေတဲ့စကစတပ်ဖွဲ့ဝင်များဟာ တော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ လက်နက်နှင့်အတူအလင်းဝင်ခိုလှုံလျက်ရှိနေပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment