10th JUL 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NLD ပါတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါဝေဒနာကြောင့် မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေရ

📌 ၂။ ပြည်သူ့အစိုးရအနေနဲလစဥ်စစ်ရှောင်ပြည်သူသုံးသိန်းကျော်ကိုထောက်ပံ့နေပြီးအရေးပေါ်အလိုအပ်ဆုံးနေရာများကိုအတတ်နိူင်ဆုံးထောက်ပံ့နေတယ်လို့ဆို

📌 ၃။ အကြမ်းဖက်စစ်တပ်ဟာပြည်သူကိုကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ ကာကွယ်ဆေးနဲ့ကုသမှုမရရှိအောင်လုပ်ဆောင်သတ်ဖြတ်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ ရန်ကုန်မြစ်ထဲမှာ သမ္ဗာန်တစင်းမှောက်ပြီး လူ ဦး ပျောက်ဆုံးနေ 

📌 ၅။ သာယာဝတီခရိုင်မှာ လယ်တဧက ကျပ် ၃ဝဝဝ ပေးမှ စိုက်ပျိုးစရိတ်ထုတ်ချေးမယ်ဆိုပြီး လယ်စိုက်ဘဏ်က တောင်သူများ ကို အကြပ်ကိုင်

📌 ၆။ ၂၀၂၄ ခုနှစ်၊ ပထမ()လအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များကျုးလွန်ထားသောစစ်ရာဇဝတ်မှုမှတ်တမ်းများထုတ်ပြန်ရာ စစ်ကိုင်း၊ရခိုင်၊ရှမ်း၊ပဲခူးတိုင်းတို့တွင်အများဆုံးကျူးလွန်ခဲ့ကြ

📌 ၇။ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Utica မြို့ ရဲစခန်းမှရဲသား တဦးသတ်ဖြတ်လိုက်တဲ့ကရင်တိုင်းရင်းသား မောင်ညမွှေးအတွက်ဖယောင်းတိုင်ထွန်းညှိဆုတောင်းပွဲ ကျင်းပမည်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နောင်ချို ဒုံးတပ်ရင်း-၆၀၆ ကို TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

🚩 ၂။ မုံရွာ-ချောင်းဦးလမ်းပိုင်းနဲ့ ချောင်းဦး- မြင်းမူ လမ်းပိုင်းမှာ ကြေးနီသယ်ကားတွေကို တိုက်ခိုက်မှု တွဲကားတစီး ပျက်စီး

🚩 ၃။ လားရှိုးမြို့ ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတချို့သေဆုံး 

🚩 ၄။ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေမှာ စစ်ဘေးရှောင် သောင်းချီရှိနေပြီး ဆေးဝါးနဲ့ရိက္ခာများ အရေးပေါ်လိုအပ်နေ

🚩 ၅။ အကြမ်းဖက်စကစတပ်အင်အား၈၀ခန့်တောင်သာတောင်ကြီးပေါ်တွင် လက်နက်ကြီးတပ်ဆင်၍နေရာယူထားသောကြောင့်ပြည်သူများသတိပြုရန်လိုအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NLD ပါတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါဝေဒနာကြောင့် မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေရ


ဇူလိုင်၁၀ရက်


NLD ပါတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါဝေဒနာကြောင့် မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့သတင်းရရှိပါတယ်။


ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုထောင်တွင်းဆေးရုံကနေ မန္တလေး ဆေးရုံကြီးဆီ၂၀၂၄ ခုနှစ်ဇွန်လအတွင်းပို့ဆောင်ခဲ့တာလို့သိရပါတယ်။


ဒေါက်တာဇော်မြင့်မောင်ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မအများအပြားနဲ့ထောင်ဒဏ် ၂၉ နှစ် ချထားတာဖြစ်ပါတယ်။


NLD ပါတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာစစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးထောင်ချခံထားရပြီး ရောဂါဝေဒနါများပိုမိုဖြစ်ပွားလာခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်သူ့အစိုးရအနေနဲလစဥ်စစ်ရှောင်ပြည်သူသုံးသိန်းကျော်ကိုထောက်ပံ့နေပြီးအရေးပေါ်အလိုအပ်ဆုံးနေရာများကိုအတတ်နိူင်ဆုံးထောက်ပံ့နေတယ်လို့ဆို


ဇူလိုင်၁၀ရက်


ပြည်သူ့အစိုးရအနေနဲလစဥ်စစ်ရှောင်ပြည်သူသုံးသိန်းကျော်ကိုထောက်ပံ့နေပြီးအရေးပေါ်အလိုအပ်ဆုံးနေရာများကိုအတတ်နိူင်ဆုံးထောက်ပံ့နေတယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


ဇူလိုင်၁၀ရက်ပြည်သူ့အစိုးရ၏ လူသားစာနာအရေးကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုနှင့် မျှော်လင့်ချက်များ" လူသားချင်းစာနာထောက်ထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


"ကျနော်တို့ပြည်သူ့အစိုးရအနေနဲလစဥ်စစ်ရှောင်ပြည်သူသုံးသိန်းကျော်ကိုထောက်ပံ့နေရတာဖြစ်ပါတယ်။တနိူင်ငံလုံးအတိုင်းအတာအနေနဲ့ သုံးသန်းကျော်ဖြစ်နေတော့ ကျနော်တို့အနေနဲ့အလိုအပ်ဆုံးပြည်သူတွေကို ထောက်ပံ့နေတာဖြစ်တယ်။ဒီလိုထောက်ပံ့တာကလည်း ရောက်ရှိမှုကအလိုအပ်ဆုံးပြည်သူရဲ့ဆယ့်ငါးရာခိုင်နှုန်းပဲရှိတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီ့အတွက်ကိုလည်းကျနော်တို့အလွန်စိတ်မကောင်းဖြစ်ရတယ်။ဒါပေမယ့်အရေးပေါ်လိုအပ်လာရင်တော့အလိုအပ်ဆုံးနေရာတွေကိုမရောက်ရောက်အောင်ထောက်ပံ့နေတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်တစ်နိူင်ငံလုံးစစ်ရှောင်သုံးသန်းကျော်ရှိရာတွင်ရေရှည်စစ်ရှောင်များလည်းပါဝင်ပြီးဒေသအလိုက်လူဦးရေများပြားလာကြောင်း၊စစ်ရှောင်များထံအကူအညီများအရောက်ပေးပို့ရာတွင်အခက်အခဲများစွာလည်းရှိနေတယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်ဟာပြည်သူကိုကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ ကာကွယ်ဆေးနဲ့ကုသမှုမရရှိအောင်လုပ်ဆောင်သတ်ဖြတ်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား


ဇူလိုင်၁၀ရက်


အကြမ်းဖက်စစ်တပ်ဟာပြည်သူကိုကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ ကာကွယ်ဆေးနဲ့ကုသမှုမရရှိအောင်လုပ်ဆောင်သတ်ဖြတ်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။


ဇူလိုင်၁၀ရက်ပြည်သူ့အစိုးရ၏ လူသားစာနာအရေးကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုနှင့် မျှော်လင့်ချက်များ" လူသားချင်းစာနာထောက်ထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းသတင်းစာရှင်းလင်းပွဲမှာပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"အကြမ်းဖက်စစ်တပ်ဟာပြည်သူကိုရန်သူလိုသဘောထားပြီး ပြည်သူကိုသတ်ဖြတ်နေတာဖြစ်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နေနေသာသာကျန်းမာရေးစောင့်ရှောက်မှုပေးရမယ့်ဆေးတွေ၊ကာကွယ်ဆေးတွေ၊ပစ္စည်းတွေကိုသုံးပြီး ပြည်သူတွေကိုမရအောင်၊မကျန်းမာအောင်၊သေအောင်လုပ်နေတာဖြစ်ပါတယ်။မြန်မာနိူင်ငံမှာကော်လော်ရာ အောက်ဘရိတ်ဖြစ်ရတယ်ဆိုတာဒါကြောင့်ပဲ ဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေးမရအောင်ပြည်သူမထိုးရအောင်၊ကလေးတွေကာကွယ်ဆေးမထိုးရအောင်၊မြွေဆိပ်ဖြေဆေးတွေ မြွေကိုက်ခံရသူဆီမရောက်အောင်၊ငှက်ဖျားဖြစ်တဲ့သူငှက်ဖျားဆေးမသောက်ရအောင် လက်နက်သဖွယ်အသုံးချပြီးကျန်းမာရေးစောင့်ရှောက်မှုကို လက်နက်လိုအသုံးချပြီးပြည်သူကိုသေစေနေတာ၊သတ်နေတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စကစကြောင့်ကိုဗစ်တတိယလှိုင်းတွင်ပြည်သူအများစုသေဆုံးခဲ့ရကာ လက်ရှိအချိန်အထိစကစကြောင့်ကလေးငယ်နဲ့မိခင်များသေဆုံးနေရတယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ ရန်ကုန်မြစ်ထဲမှာ သမ္ဗာန်တစင်းမှောက်ပြီး လူ ဦး ပျောက်ဆုံးနေ 


ရန်ကုန်မြစ်လို့ခေါ်တဲ့ လှိုင်မြစ်အတွင်းမှာ သမ္ဗာန်တစင်းတိမ်းမှောက်ပြီး သမ္ဗာန်ပေါ်လိုက်ပါသူ ၁၇ ဦးအနက် ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကျန် ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ မီးသတ်ဦးစီးဌာနက ဒီနေ့ ဇူလိုင်လ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် နာရီဝန်းကျင်အချိန်မှာ ကြည့်မြင်တိုင်တဖက်ကမ်းကနေ ဗားကရာဆိပ်ကမ်းကိုထွက်လာတဲ့ သမ္ဗာန်တစင်း တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ ကြည့်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက် ဗားကရားဆိပ်ကမ်းကနေ ရေမိုင်၅ ဖာလုံခန့် အကွာမှာဖြစ်တာလို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရေယာဉ်ပေါ်မှာ ကျောင်းသားတွေအပါအဝင် လူ ၁၇ ဦးအနက် ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ မီးသတ်ဌာနက ဒီနေ့မနက် ၁ဝ နာရီကျော်အချိန်မှာ အသိပေးထားပါတယ်။

ပျောက်ဆုံးနေသူ ဦးထဲမှာ ကျောင်းသား ဦးပါဝင်နေတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်တဲ့ ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းကလည်း ဒေသတွင်းသတင်းဌာနတွေကို ပြောထားပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အနောက်ပိုင်းခရိုင် မီးသတ်စခန်းအပါအဝင် ကျောက်တံတား၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ် စတဲ့ မြို့နယ်မီးသတ်စခန်းတွေက အရေးပေါ်လူနာတင်ယာဥ်တွေနဲ့ မီးသတ်ရေယာဥ်တွေနဲ့ လူမှုကူညီရေးအသင်း တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။


========================


📌📌 ၅။ သာယာဝတီခရိုင်မှာ လယ်တဧက ကျပ် ၃ဝဝဝ ပေးမှ စိုက်ပျိုးစရိတ်ထုတ်ချေးမယ်ဆိုပြီး လယ်စိုက်ဘဏ်က တောင်သူများ ကို အကြပ်ကိုင်


ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီခရိုင်မှာရှိတဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က အာမခံ‌ကြေးအဖြစ် လယ်တဧက ကျပ် ၃ဝဝဝ ပေးမှသာ စိုက်ပျိုးစရိတ်ထုတ်ချေးမယ်ဆိုပြီး အကြပ်ကိုင်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

သာယာဝတီခရိုင်ထဲက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ဇီးကုန်းနဲ့ နတ်တလင်းမြို့နယ် တို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဒေသခံတောင်သူတွေကို အကြပ်ကိုင်နေတာလို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဇွန်လကစပြီး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမယ့် တောင်သူတွေဆီကနေ အာမခံကြေးအဖြစ် လယ်တဧက ကျပ် ၃ဝဝဝ ကောက်ခံနေတာဖြစ်ပြီး အာမခံကြေးမဆောင်ရင် မိုးစပါးချေးငွေ ထုတ်မပေးနိုင်ဘူးလို့ ပြောဆိုနေတာရှိတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

ဒါဟာ စိုက်ဘဏ်နဲ့ မြန်မာ့အာမခံလုပ်ငန်းတို့ပေါင်းပြီး တောင်သူတွေကို ခေါင်းပုံဖြတ်နေတာလို့ လယ်သမားအရေး တက်ကြွ သူတွေက မှတ်ချက်ပြုပါတယ်။ 

အခုလို အာမခံကြေးကောက်ခံထားပေမယ့် တောင်သူတွေရဲ့လယ်မြေတွေ သဘာဝဘေးကြောင့် မပျက်စီးခဲ့ရင်လည်း အာမခံငွေ ပြန်ထုတ်ပေးမှာ မဟုတ်ဘူးလို့ စိုက်ဘဏ် တာဝန်ရှိသူတွေက ပြောဆိုထားတယ်လို့လည်း သိရပါတယ်။  

ဒီ အာမခံကြေးဆိုတာဟာ စိုက်ပျိုးစရိတ်ချေးယူတဲ့ တောင်သူတွေရဲ့ စပါးခင်းတွေ မိုးရွာသွန်းမှုများတာကြောင့် ရေကြီး နစ်မြုပ်ပျက်စီးသွားမယ်ဆိုရင် ချေးယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့အခါ မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးအဖြစ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ကို ပေးအပ်ဖို့သာဖြစ်တယ်လို့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ကြေညာထားပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စိုက်ပျိုးရေးသုံး သွင်းအားစုတွေရဲံစျေးနှုန်း အဆမတန်မြင့်တက်လာပေမယ့် စစ်ကောင်စီဟာ အရင်အစိုးရလက်ထက်ကအတိုင်း လယ်တဧကကို ကျပ်တသိန်းခွဲသာ ထုတ်ချေးပေးတဲ့အတွက် တောင်သူတွေ ထိခိုက်နစ်နေပြီး အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ၂၀၂၄ ခုနှစ်၊ ပထမ()လအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များကျုးလွန်ထားသောစစ်ရာဇဝတ်မှုမှတ်တမ်းများထုတ်ပြန်ရာ စစ်ကိုင်း၊ရခိုင်၊ရှမ်း၊ပဲခူးတိုင်းတို့တွင်အများဆုံးကျူးလွန်ခဲ့ကြ


ဇူလိုင်၁၀ရက်


၂၀၂၄ ခုနှစ်၊ ပထမ()လအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များကျုးလွန်ထားသောစစ်ရာဇဝတ်မှုမှတ်တမ်းများထုတ်ပြန်ရာ စစ်ကိုင်း၊ရခိုင်၊ရှမ်း၊ပဲခူးတိုင်းတို့တွင်အများဆုံးကျူးလွန်ခဲ့ကြတယ်လို့ ဇူလိုင်လအတွင်း Spring Revolution Database (SRD)က တရားဝင်အသိပေးဖော်ပြပါတယ်။


၂၀၂၄ ခုနှစ်၊ ပထမ()လအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များကျုးလွန်ထားသောစစ်ရာဇဝတ်မှုမှတ်တမ်းများ (ဇန်နဝါရီလ () ရက်နေ့ မှ ဇွန်လ (၃၀) ရက်နေ့အထိလို့ဖော်ပြပါတယ်။


အဆိုပါကျူးလွန်များထဲတွင် အမျိုးသမီးများအပေါ် မုဒိမ်းကျင့် သတ်ဖြတ်မှုလည်းပါဝင်ခဲ့ပါတယ်။


Spring Revolution Database (SRD)က အစီရင်ခံထုတ်ပြန်ချက်အရ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အထိ လအတွင်း စစ်ကောင်စီက အမျိုးသမီး ဦးအထိကျူးလွန်ခဲ့ကြောင်းသိရပါတယ်။


========================


📌📌 ၇။ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Utica မြို့ ရဲစခန်းမှရဲသား တဦးသတ်ဖြတ်လိုက်တဲ့ကရင်တိုင်းရင်းသား မောင်ညမွှေးအတွက်ဖယောင်းတိုင်ထွန်းညှိဆုတောင်းပွဲ ကျင်းပမည်


ဇူလိုင်၁၀ရက်


အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Utica မြို့ ရဲစခန်းမှရဲသား တဦးကသတ်ဖြတ်လိုက်တဲ့ ကရင်တိုင်းရင်းသား မောင်ညမွှေးအတွက် ဖယောင်းတိုင်ထွန်းညှိဆုတောင်းပွဲ ကျင်းပမယ်လို့သိရပါတယ်။


၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက် သောကြာနေ့ ၁၀ နာရီခန့်တွင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Utica မြို့ ရဲစခန်းမှရဲသား တဦးကအသက် ၁၃ နှစ်အရွယ် ကရင်တိုင်းရင်းသားမောင်ညမွှေးအား အကြမ်းဖက်သတ်ဖြတ်ခဲ့တာလို့သိရပါတယ်။


မောင်ညမွှေးအသတ်ခံရပြီးနောက်၊ သူ၏မိသားစု ဆွေမျိုးမိတ်ဆွေများ၊Utica ကရင် Community.Utica မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများ နှင့် အိမ်နီးချင်းအမေရိကန်မိတ်ဆွေ အသိုင်းအဝိုင်းတို့က အပြစ်မဲ့  သေဆုံးမှုအတွက် တရားမျှတမှုရရှိရေးနှင့်တာဝန်ခံမှုတာဝန်ယူမှုရှိစေရေးတို့ကို Utica မြို့အတွင်းငြိမ်းချမ်းစွာ ချီတက်တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အလားတူ၂၀၂၄ ဇူလိုင် ၁၂ ရက် သောကြာနေ့ နာရီမှ နာရီအထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် (ABFSU) Myanmar Student Union နှင့် မြန်မာကွန်မြူနတီမိသားစုတို့၏ဗုဒ္ဓဘာသာ ဆုတောင်းပွဲကိုကျင်းပမယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ နောင်ချို ဒုံးတပ်ရင်း-၆၀၆ ကို TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဒုံးတပ်ရင်း-၆၀၆ ကို တအာင်းတပ်မတော်- TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တအာင်းတပ်မတော်- TNLA ၊မန္တလေး PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့ မှာရှိတဲ့ စစ်ကောင်စီစခန်းတွေ ကို ဇွန်လ ၂၅ ရက်ကစပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခြေမြန်တပ်ရင်း -၁၁၅ အပါအဝင် မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို သိမ်းပိုက်ထားပြီးနောက် ဒုံးတပ်ရင်း -၆၀၆ ကို ဆက်လက်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

စစ်ရေးသတင်းအခြေအနေတွေကို နေ့စဉ်ဖော်ပြပေးနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း နောင်ချို ဒုံးတပ်ရင်း ဒတရ- ၆၀၆ ကို ယမန်နေ့ သန်းခေါင်ယံအချိန်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေ ရရှိသွားပြီဖြစ်ပါတယ်လို့ ဒီနေ့ ဇူလိုင် ၁၀ ရက် မနက် ပိုင်းမှာ အတည်ပြုထားပါတယ်။

ဒုံးတပ်ရင်း-၆၀၆ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နောင်ချိုမြို့မှာကျန်ရှိနေသေးတဲ့ အမြောက်တပ်ဘက်ကို ဆုတ်ခွာကာ သွားရောက်ပူးပေါင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

ဒုံးတပ်ရင်း-၆၀၆ နဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီလို့ စစ်လော်ဘီတယ်လီဂရန်ချန်နယ်တွေမှာ စစ်တပ်ထောက်ခံသူ တွေ ရေးသားဖော်ပြထားကြပေမယ့် TNLA ဘက်က ဒီနေ့ မွန်းတည့် ၁၂ နာရီအချိန်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။


========================


🚩🚩 ၂။ မုံရွာ-ချောင်းဦးလမ်းပိုင်းနဲ့ ချောင်းဦး- မြင်းမူ လမ်းပိုင်းမှာ ကြေးနီသယ်ကားတွေကို တိုက်ခိုက်မှု တွဲကားတစီး ပျက်စီး


စစ်ကိုင်းတိုင်ထဲက မုံရွာ - ချောင်းဦးလမ်းပိုင်းနဲ့ ချောင်းဦး- မြင်းမူ လမ်းပိုင်းမှာ အာကမ်းဖက်စစ်သားတွေပါတဲ့ ကြေးနီသယ်ကားတွေကို တိုက်ခိုက်ခဲ့ရာမှာ တွဲကားတစီး ပျက်စီးသွားတယ်လို့ People's Defence Force - South Monywa တပ်ဖွဲ့ထံကနေ သိရပါတယ်။

 

မုံရွာဘက်ကနေ စစ်ကိုင်းမြို့ဘက်ထွက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြေးနီတင်တွဲကား ၂၅ စီးပါ ယာဉ်တန်းက စီး မြောက်ကားကို မုံရွာတိုးဂိတ်အနီးမှာ ဇူလိုင်လ ရက်နေ့ မနက် နာရီကျော်အချိန်က ပဒေသာမိုင်း လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တွဲကားရဲ့ ခေါင်းခန်းကို ထိမှန်ခဲ့ပြီး ပျက်စီးသွားတာကြောင့် ယာဉ်တန်းရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်စစ် သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။


မိုင်းထိတဲ့နေရာမှာ မှန်ကွဲစတွေနဲ့ သွေးကွက်တွေတွေ့ရပြီး စစ်တပ်ဘက်က မြေကြီးတွေနဲ့ ဖို့ထားခဲ့တဲ့အတွက်  သေဆုံး ထိခိုက်မှုတွေရှိနိုင်ပေမယ့် အတိအကျ စုံစမ်းလို့မရခဲ့ဘူးလို့ People's Defence Force - South Monywa က အသိပေး ထားပါတယ်။

 

တွဲကားတစီးမိုင်းထိသွားတဲ့အတွက် မိုင်းထိသွားတဲ့ကားအပါအဝင် နောက်ကားတွေကြောင့် မုံရွာ - ချောင်းဦးလမ်းပိုင်းဟာ နာရီဝက်ခန့် လမ်းပိတ်သွားတယ်လို့လည်း သိရပါတယ်။


ထို့အတူ မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်မှာလည်း စစ်ကိုင်းဘက်ကနေ မုံရွာဘက်ထွက်လာတဲ့ ကြေးနီတင်တွဲကား စီး အနက် စီးမြောက်ကားကို ချောင်းဦးမြို့နယ်ထဲက ချောင်းဦး -မြင်းမူလမ်းပိုင်း မုံရွေးကျေးရွာနဲ့ခင်မွန်ကျေးရွာကြားမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာလည်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း သိရပါ တယ်။


အခုလို ပစ်ခတ်တိုက်ခိုက်နေချိန်မှာ ခရီးသွားပြည်သူတွေပါတဲ့ကားတွေဟာ အခြားတွဲကားတွေကြားမှာရှိနေတဲ့အတွက် ဆက်လက်တိုက်ခိုက်တာတွေမလုပ်ဘဲ မစ်ရှင်ဖျက်သိမ်းပြီး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ People's Defence Force - South Monywa က ထုတ်ပြန်ထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီဘက်က ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ နင်းမိုင်းတွေထောင်ထားတဲ့အတွက် မိဘပြည်သူများအနေ နဲ့ ဂရုစိုက်သွားလာကြဖို့ သတိပေးထားသလို အကြမ်းဖက်စစ်ကောင်စီတွဲကားတွေနဲ့အတူ အနီးကပ်လိုက်ပါခြင်းမပြုဘဲ ဝေးဝေးကနေ မောင်းနှင်ပေးခြင်းဖြင့် ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ 


ဒီတိုက်ခိုက်မှုတွေကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း -People's Defence Force - South Monywa Youth Vigor Revolution Force Black Hunter People's Task Force နွေဦးလူငယ် People's Defence Force တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force Pentagram နဲ့ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ လားရှိုးမြို့ ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတချို့သေဆုံး 


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ် မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားပြည်သူ သေဆုံးမှု တွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု တရက်တာငြိမ်သက်ခဲ့ရာကနေ ဒီနေ့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး ရပ်ကွက်- နယ်မြေ - အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ကြောင့် အရပ်သားပြည်သူတချို့ သေဆုံးခဲ့တာလို့ ဒေသခံတွေကလည်း ပြောပါတယ်။

ဒီနေ့ မနက် နာရီခန့်အချိန်မှာ ရပ်ကွက်- နယ်မြေ - အတွင်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတဦးအပါအဝင် ဦးသေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

လားရှိုးမြို့မှာရှိတဲ့ တိုင်းစစ်ဌာနချုပ်ထဲကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေသလို မြောက်ပိုင်းမဟာမိတ်တပ်တွေ ဘက်ကလည်း ပစ်ခတ်မှုတွေရှိနေတာကြောင့် အခုကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ဟာ ဘယ်သူ့ဘက်ကဆိုတာ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်သံတွေ နေရာတိုင်းမှာ ကြားနေရပြီး လက်နက်ငယ်သံတွေလည်း ကြားနေရ တဲ့အတွက် ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့လည်း သိရပါတယ်။

လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို ကိုးကန့်တပ်- MNDAA က ဇူလိုင်လ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိခဲ့ရာမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးရတာလို့ တအာင်းတပ်မတော်-TNLA က သတင်းထုတ်ပြန်ထားသလိုစစ်ကောင်စီဘက်ကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လားရှိုးတိုက်ပွဲအတွင်း အရပ်သား ၁၈ ဦးသေဆုံးသွားတယ်လို့ တုံ့ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေမှာ စစ်ဘေးရှောင် သောင်းချီရှိနေပြီး ဆေးဝါးနဲ့ရိက္ခာများ အရေးပေါ်လိုအပ်နေ


မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ သောင်းချီရှိနေပြီး စစ်ဘေးရှောင်စခန်းအချို့မှာ ဆေးဝါးနဲ့ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ ဇွန်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်လာတာကြောင့် ကျေးရွာအများအပြား က သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ရှောင်စခန်းအချို့မှာ ဆန်ရိက္ခာ အရေးပေါ်လိုအပ်နေတာလို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

စစ်ရှောင်နေရတဲ့ကျေးရွာတွေက ဒေသခံတွေ သောင်းကြီးပိုင်းအထိရှိနေပြီး ထောင်ဂဏန်းအထိရှိနေတဲ့ စစ်ရှောင်စခန်း တွေမှာ ဆန်၂အိတ်သာရှိတော့တယ်လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ မတ္တရာအခြေစိုက် ရောင်နီနွေဦးအဖွဲ့ဝင်တဦးက People’s Spring ကို ပြောထားပါတယ်။

အခုလို စစ်ရှောင်တွေတိုးလာနေပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တာဝန်ခွဲဝေယူထားတယ်လို့လည်း မတ္တရာပကဖ ရဲဘော်တဦးကလည်း ပြောပါတယ်။

ထို့အတူ စဥ့်ကူးနဲ့သပိတ်ကျင်းမြို့နယ်တို့မှာလည်း ဒေသခံစစ်ရှောင်တွေအပြင် မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့က စစ်ရှောင်တွေ လည်းရှိနေတဲ့အတွက် အရေအတွက် ထောင်ချီရှိနေတယ်လို့ သိရပါတယ်။

ဒီစစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) က လည်း အသိပေးထားပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တာကြောင့် စစ်ရှောင်အရေအတွက်ကောက်ယူဖို့ ခက်ခဲတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီက ဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ အဆက်အသွယ်ပြတ်တောက်နေတာ၊ Mobile Banking အသုံးပြုလို့ မရတာကြောင့် ငွေသားထုတ်ယူဖို့ ခက်ခဲတာ၊ လမ်းပိုင်းတွေပိတ်ဆို့နေတဲ့အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ကုန်ပစ္စည်းတွေ စျေးမြင့်တက်တာ အစရှိတဲ့ အခက်အခဲတွေနဲ့လည်း ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။


========================


🚩🚩 ၅။ အကြမ်းဖက်စကစတပ်အင်အား၈၀ခန့်တောင်သာတောင်ကြီးပေါ်တွင် လက်နက်ကြီးတပ်ဆင်၍နေရာယူထားသောကြောင့်ပြည်သူများသတိပြုရန်လိုအပ်


ဇူလိုင်၁၀ရက်


အကြမ်းဖက်စကစတပ်အင်အား၈၀ခန့်တောင်သာတောင်ကြီးပေါ်တွင် လက်နက်ကြီးတပ်ဆင်၍နေရာယူထားသောကြောင့်ပြည်သူများသတိပြုရန်လိုအပ်တယ်လို့ ဇူလိုင်၁၀ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကအသိပေးဖော်ပြပါတယ်။


တောင်သာနယ်အလှုပ်စစ်ကြောင်းများ ဇူလိုင် ၃ရက်နေ့ကတည်းက တောင်နီတာ၊ ဗိဿနိုး တောင်များမှာစကစတပ်များ တပ်စွဲထားပြီး ယမန်နေ့ ညနေပိုင်းမှာ ပြန်လည်ဆုတ်ခွာကာ တောင်သာတောင်ကြီးပေါ်သို့ ပြောင်းရွှေ့နေရာယူထားပါတယ်လို့ဖော်ပြပါတယ်။


တောင်သာတောင်ကြီးပေါ်တွင် လက်နက်ကြီးများတပ်ဆင်ထားပြီး စုစုပေါင်းအင်အား ၈၀ ခန့် ရှိကာပြည်သူများသတိထားသွားလာကြဖို့လိုအပ်တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment