10th JUL 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ CDM Success Committee (CSC)နှင့် ကြားကာလလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့(CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ)တို့ ထပ်မံတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်

📌 ၂။ ပြည်သူကို နှိပ်စက်သတ်ဖြတ်ဖို့လေယာဥ်ဆီကိုသာ စကစကဝယ်ယူခဲ့ပြီး လျှပ်စစ်မီးပေးရန် လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ကိုဝယ်ယူခြင်းမပြုခဲ့

📌 ၃။ပြည်သူ့အစိုးရ၏ လူသားစာနာအရေး ကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်ချက်နှင့် မျှော်လင့်ချက်များသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

📌 ၄။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အစီရင်ခံစာအပေါ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကြိုဆို

📌 ၅။ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အစည်းအဝေးတွင် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး အမြင်သဘောထားများဆွေးနွေး

📌 ၆။ ကော်သူးလေးနယ်မြေတွင် ကျင့်သုံးမည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်း ခုကို ခရိုင်နှင့် ဗဟိုအဆင့်တွင် တိုင်ပင်ဆွေးနွေး

📌 ၇။ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်(၂၀)ခုကို မြစ်ရေဝင်ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် ပေနီးပါးမြင့်တက်နေကာ နေအိမ်တချို့ပါ နစ်မြုပ်နေ

📌 ၈။ Immanuel Myanmar Church နဲ့ Chicago Myanmar Community တို့ပူးပေါင်းပြီးစီစဉ်တဲ့ ဈေးရောင်းပွဲနဲ့လူထုတွေ့ဆုံပွဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUG နိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်မိုးဦးတို့တက်ရောက်မယ်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ ဂုဏ်ပြုပွဲ၊ ရာထူးပေးအပ်ပွဲ အခမ်းအနားကျင်းပ

🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း)နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ တပ်ရင်းများ ပါဝင်တိုက်ခိုက်

🚩 ၃။၁၀၂၇စစ်ဆင်ရေး အပိုင်း () ၁၅ ရက်မြောက်နေ့တွင် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်က စစ်ကောင်စီ စခန်း ခုကို သိမ်းပိုက်ရရှိ

🚩 ၄။ ရေနံ့သာ တိုးဂိတ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းမှ စကစ အလောင်း()လောင်း၊ လက်နက်ခဲယမ်းများနှင့် ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးတဲ့ ဗိုလ်ကြီး()ဦးအပါ သုံ့ပန်း()ဦး၊ အလောင်း လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

🚩 ၅။ စစ်ကောင်စီ တပ်စွဲထားရာ မြိုင် မီးသတ်ရုံးကို အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့

🚩 ၆။ သတ်ကွင်းထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားများကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂၂ ဦးထိ မျက်မြင် သေဆုံး 

🚩 ၇။ ပေါက်မြို့နယ်က ပျူစောထီး ရွာများကို ဒရုန်း၊ ရော့ကတ်များဖြင့် အကြိမ်ရေ (၁၂၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက် 

🚩 ၈။ မိုးမိတ်မြို့နယ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေး()ဦး သေဆုံးပြီး()ဦး ထိခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ CDM Success Committee (CSC)နှင့် ကြားကာလလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့(CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ)တို့ ထပ်မံတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်


ဇူလိုင်လ ၉ရက်။

CDM Success Committee(CSC)နှင့် ကြားကာလလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့(CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ)တို့ ထပ်မံတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့ပါတယ်။


၂၀၂၄ ခုနှစ် ဇူလိုင်လ()ရက်နေ့တွင် CDM Success Committee (CSC) အတွင်းရေးမှူးအဖွဲ့အပါအဝင် ကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ကြားကာလ လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့(CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ)တို့  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးမှုအား ()နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီး CDM Success Committee (CSC)နှင့် ကြားကာလလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့(CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ)တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်တယ်လို့သိရပါတယ်။


တွေ့ဆုံဆွေးနွေးမှုအစီအစဥ်အရ CDM Success Committee (CSC) ဥက္ကဋ္ဌဖြစ်သူ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အတွင်းရေးမှုးဖြစ်သူ ဒေါက်တာဇော်ဝေစိုးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားမှူးအဖြစ် CDM Success Committee (CSC)မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာဥက္ကာမှ ဆောင်ရွက်ခဲ့ပါတယ်။


ကြားကာလလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ (CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ)မှ အဖွဲ့ပေါ်ပေါက်လာပုံ၊ ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံ စတင်ဖြစ်ပေါ်လာခဲ့ပုံနှင့် ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံမှ ရရှိလာသော ရလဒ်အနှစ်ချုပ်များကို ဆွေးနွေးတင်ပြခဲ့ပြီး NUG နှင့် သက်ဆိုင်သောညီလာခံရလဒ်များကို တင်ပြဆွေးနွေးခဲ့သည့်အပြင် CDM ရေးရာမူဝါဒ ကိစ္စရပ်များ၊ CDM ဥပဒေ အတည်ပြုနိုင်ရေးနှင့်ပတ်သက်၍ CRPH ကိုမေးမြန်းရာတွင် CRPH မှ ဥပဒေရေးဆွဲနိုင်ရန် ကြိုးစားနေမှုအခြေအနေကို ပြန်လည်ဆွေးနွေးခြင်းများ၊ CDM ရေးရာကိစ္စရပ်များ၊ CDM များလက်ရှိရင်ဆိုင်ကြုံတွေ့နေရသောအခြေအနေများ၊ အကြပ်အတည်းများနှင့် တော်လှန်ရေးအလွန်ကာလတွင် CDM များ၏ ရပ်တည်ချက်များအတွက် လုပ်ဆာင်ရန်လိုအပ်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်သူကို နှိပ်စက်သတ်ဖြတ်ဖို့လေယာဥ်ဆီကိုသာ စကစကဝယ်ယူခဲ့ပြီး လျှပ်စစ်မီးပေးရန် လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ကိုဝယ်ယူခြင်းမပြုခဲ့


ဇူလိုင်လ ၉ရက်။

ပြည်သူကို နှိပ်စက်သတ်ဖြတ်ဖို့လေယာဥ်ဆီကိုသာ စကစကဝယ်ယူခဲ့ပြီး လျှပ်စစ်မီးပေးရန် လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ကို ဝယ်ယူခြင်းမပြုခဲ့ဘူးလို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုဝန်ကြီးဦးမော်ထွန်းအောင်ကပြောပါတယ်။


ဇူလိုင်၉ရက် ဆိုရှယ်မီဒီယာမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဦးမော်ထွန်းအောင်ကပြောပါတယ်။


"ဝင်းနိမ္မိတာဆရာတော်ကို ကမ္ဘာ့အလည်၊ လူထုမျက်မှောက်မှာ လုပ်ကြံခဲ့ပြီး ဗြောင်လိမ်လည်လှည့်ဖျားမှုကို ကျူးလွန်ခဲ့တဲ့ စကစကို ခိုးထုပ်ခိုးထည်နဲ့ မိခဲ့တာ မကြာသေးပါဘူး။ ဒီလိုပဲ သူတို့ရဲ့ ညံ့ဖျင်းလှတဲ့ စီးပွားရေးအလွဲ စီမံခန့်ခွဲမှုကိုလည်း ဘဏ်ပိုင်ရှင်၊ ရွှေဆိုင်ပိုင်ရှင်၊ ဆီကုန်သည်၊ ဆန်ကုန်သည်နဲ့ လက်လီ စျေးဆိုင်ပိုင်ရှင်တွေကိုပါ ပုံချယုံမက လက်ညိုးထိုးချဖို့ ကြံစည်တဲ့ စကစကိုလည်း အထင်းသားတွေ့ပြီးသားပါပဲ။ လျှပ်စစ်ကဏ္ဍမှလည်း ထိုနည်းလည်းကောင်းပဲ၊ စစ်လက်နက် ဝယ်ဖို့၊ ပြည်သူကို နှိပ်စက်သတ်ဖြတ်ဖို့ ဂျက်လေယာဥ်ဆီဝယ်ဖို့ ဒေါ်လာကို သုံးပြီး လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ကို မဝယ်လို့ မီးပျက်ရတယ် ဆိုတာကိုလည်း အကြိမ်ကြိမ်ရှင်းလင်းပြီးပါပြီ။

အမျိုးသားညီညွှတ်ရေး အစိုးရအနေနဲ့ လျှပ်စစ်ကဏ္ဍမှာလည်း စကစဖျက်ဆီးလို့ ပျက်ဆီးခဲ့ရတဲ့ ပြည်သူပိုင်လျှပ်စစ်ပစ္စည်းနဲ့ ဖြန့်ချိရေး ဆိုင်ရာတွေကိုလည်း မှတ်တမ်းတင်နိုင်သလောက် တင်ထားပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်စကစတပ်များဟာ စစ်ကိုင်းတိုင်းအတွင်း လျှပ်စစ်ပစ္စည်းများကိုအများဆုံး ဖျက်ဆီးခဲ့ပြီး စကစရဲ့ အဖျက်လုပ်ရပ်တွေကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ ဒုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ပြည်သူ့အစိုးရ၏ လူသားစာနာအရေး ကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်ချက်နှင့် မျှော်လင့်ချက်များသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


ဇူလိုင်လ ၉ရက်။ 

Radio NUG

ဇူလိုင်လ ၁၀ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က မြန်မာပြည်သူများ လူသားချင်းစာနာမှုအကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများbရရှိရေးအတွက် စိန်ခေါ်မှုများနှင့် အခက်အခဲများကြားမှ ကြိုးပမ်းမှုများကို သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


သတင်းစာရှင်းလင်းပွဲကို PVTV Radio NUG DVB Red Peacock Mizzima People's Spring D Day Channel ခေတ်သစ် နွေဦးအသံ သံလွင်တိုမ်း နဲ့ ဒီလမ်း ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အစီရင်ခံစာအပေါ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကြိုဆို


ဇူလိုင်လ ၉ရက်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာ တွမ်အင်ဒရူး၏ လူ့အခွင့်အရေးကောင်စီတွင် တင်ပြခဲ့သည့် အပြန်အလှန်တုံ့ပြန် ဆွေးနွေး အစီရင်ခံချက်ကို 

အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုလိုက်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇူလိုင်လ၉ရက်မှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာ ပထမစာတမ်းတွင်တော်လှန်ရေးအတွင်းက တော်လှန်ရေး၊ ပေါ်ထွက်လာတဲ့ အုပ်ချုပ်ရေး ယန္တရားများ အတွင်းမှတဆင့် ဖိုဝါဒီကြီးစိုးမှုများကို တွန်းလှန်ခြင်း၊ တာဝန်ခံမှုကို တောင်းဆိုခြင်းနှင့် အနာဂတ် မျိုးဆက်များအတွက် တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အာမခံခြင်းများအတွက် မရှိမဖြစ် အရေးပါသည့် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို ဖော်ပြထားပြီး ဒုတိယစာတမ်းတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်ဘက် သုံးပစ္စည်းများ ဝယ်ယူမှုအတွက် ငွေပေးချေမှုများတွင် ပံ့ပိုးကူညီနေသည့် နိုင်ငံခြား ဘဏ် ၁၆ ဘဏ်ကို ဖော်ထုတ်ထားသည့်အတွက် စာတမ်းနှစ်ခုသည် မြန်မာပြည်သူပြည်သားများ၏ ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခံနိုင်မှု၊ အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ် ဆိုးရွားပြင်းထန်သည့် ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ ချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေမှုများစသည့် အစီရင်ခံစာပေါင်းများစွာအနက် ထင်ရှားသော စာတမ်းများအဖြစ် မှတ်တမ်းဝင်နေမည် ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

မြန်မာ့အရေး အရေးယူဆောင်ရွက်နိုင်စေရန် နိုင်ငံတကာကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့ရာတွင်ယခုအကျပ်အတည်းအား မည်သည့်ပုံစံဖြင့် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို ဖော်ဆောင်ရာတွင် ကြီးမားသည့် ခြားနားချက်ကို ဖန်တီးနိုင်မည့် အခွင့်အလမ်းများ နိုင်ငံတကာ အစိုးရများတွင် ရှိနေကြောင်းဖော်ပြခဲ့ပြီး နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများသာ ရရှိမည်ဆိုပါက မြန်မာ ပြည်သူများအနေဖြင့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့ဖြင့် ပြည့်စုံသော တိုင်းပြည်တစ်ခုကို အသစ်တဖန် ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။


မြန်မာပြည်သူများ အကျိုးကိုရှေးရှုကာ ၎င်း၏ လုပ်ပိုင်ဆောင်ရွက်ခွင့်အတွင်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိကို ကျေးဇူးတင်ရှိပါကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အစည်းအဝေးတွင် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး အမြင်သဘောထားများဆွေးနွေး


ဇူလိုင်လ ၉ရက်။


မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အစည်းအဝေးတွင် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး အမြင်သဘောထားများဆွေးနွေးခဲ့ကြပါတယ်။


မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြား  တွေ့ဆုံမှုအစည်းအဝေးကို(ဇူလိုင်လ ရက်)မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။


မန်းဒေသ ပုံမှန်မပျက် တွေ့ဆုံညှိနှိုင်းကြရာမှာ- မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region Hluttaw - CRMH) အပါအဝင် မန်းဒေသကိုယ်စားပြု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မန်းဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများ အစရှိသဖြင့် ကဏ္ဍပေါင်းစုံမှ တော်လှန်ရေး ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်(၃၁)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ 


အစည်းအဝေးတွင် မန္တလေးဒေသအတွက် လက်ရှိတော်လှန်ရေးကာလ (ဝါ)ကြားကာလ နိုင်ငံရေးစီအမံ (မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ကိစ္စရပ်များ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး တက်ရောက်လာသူများအကြား အမြင်သဘောထားများကို ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။


ဒါ့အပြင် မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမိုလွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာကာ ရှေ့ဆက်၍ တော်လှန်ရေးအလုပ်များကို အရှိန်ကောင်းသထက် ကောင်းအောင် ပူးပေါင်း၊ လက်တွဲ၊ ဖော်ဆောင်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၆။ ကော်သူးလေးနယ်မြေတွင် ကျင့်သုံးမည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်း ခုကို ခရိုင်နှင့် ဗဟိုအဆင့်တွင် တိုင်ပင်ဆွေးနွေး


ဇူလိုင်လ ၉ရက်။

RadioNUG

ကော်သူးလေးနယ်မြေအတွင်း စီးပွားရေးစီမံအုပ်ချုပ်မှု (economic governance) ပိုမိုကောင်းမွန်လာစေရေးနှင့် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်း ခုကို ဗဟိုအဆင့်ခေါင်းဆောင်များက ဇွန်လ ၂၄ ရက်မှ ၂၈ ရက်အထိ ရက်တာ တွေ့ဆုံ၍ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။


ကေအန်ယူဗဟို စီးပွားရေးကော်မတီမှ ကြီးမှူးကျင်းပသော ထိုဆွေးနွေးပွဲတွင် ကေအဲန်ယူ ဥက္ကဋ္ဌအပါအ၀င်၊ ဗဟိုအဆင့် ဌာနဆိုင်ရာခေါင်းဆောင်များ၊ ကော်မတီ၀င်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နောက်တစ်ဆင့်တွင် သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းနှင့် ပြင်ပစီးပွားရေး ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။


ကော်သူးလေးနယ်မြေအတွင်း ပြည်သူအများ၏ အကျိုးစီးပွားနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသော ဥပဒေနှင့်နည်းဥပဒေမူကြမ်းများမှာ 

() ကုမ္ပဏီများနှင့်စီးပွားရေးလုပ်ငန်းများဥပဒေ(မူကြမ်း)

() ကုမ္ပဏီများနှင့်စီးပွားရေးလုပ်ငန်းများနည်းဥပဒေ(မူကြမ်း)

() ရင်းနှီးမြှုပ်နှံမှုဥပဒေ(မူကြမ်း)

() ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ(မူကြမ်း)နှင့် 

() အစိုးရပိုင်စီးပွားရေးလုပ်ငန်းများဆိုင်ရာဥပဒေ(မူကြမ်း)တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


စီးပွားရေးဆိုင်ရာ ဥပဒေကျွမ်းကျင် ပညာရှင်များ၏ အကြံအဥာဏ်များနှင့်အတူ မြေပြင်အခြေအနေများနှင့် ချိန်ဆ၍ အချိန် နှစ်ကျော်ကြာယူ၍ ရေးဆွဲထားသည့် ပထမဥပဒေမူကြမ်းများကို ပြီးခဲ့သည့် လတွေမှာ ကော်သူးလေး ခရိုင် ခုလုံးသို့ သွားရောက်ကွင်းဆင်း ချပြခဲ့ပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ တပ်မဟာ၊ တပ်ရင်း ခေါင်းဆောင်များ၏ သဘောထား မှတ်ချက်များ၊ အကြံပြုချက်များကို ရယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်(၂၀)ခုကို မြစ်ရေဝင်ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် ပေနီးပါးမြင့်တက်နေကာ နေအိမ်တချို့ပါ နစ်မြုပ်နေ


ဇူလိုင်လ ၉ရက်။

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်(၂၀)ခုကို မြစ်ရေဝင်ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် ပေနီးပါးမြင့်တက်နေကာ နေအိမ်တချို့ပါ နစ်မြုပ်နေတယ်လို့သတင်းရရှိပါတယ်။


ဇူလိုင်လ၉ရက်မှာ ဒေသခံ သတင်းအရင်းအမြစ်များကအသိပေးဖော်ပြပါတယ်။


စစ်ကိုင်းမြို့ပေါ် ရပ်ကွက်(၂၀)ခုကို မြစ်ရေဝင်ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် ပေနီးပါးမြင့်တက်နေကာ နေအိမ်တချို့ပါ နစ်မြုပ်နေပြီဖြစ်တယ်လို့ဆိုပါတယ်။


အဆိုပါမြစ်ရေဟာ မြစ်ကြီးနား / ဗန်းမော်မြို့တို့ကနေ ဧရာဝတီမြစ်ကြောင်းလျှောက် စုန်ဆင်းလာတဲ့ ရေထုလည်းဖြစ်တယ်လို့သိရပါတယ်။


စစ်ကိုင်း / မန္တလေး ဧရာဝတီမြစ်ဘေး မြေနိမ့်ပိုင်းနေထိုင်ကြသည့် ပြည်သူများ အမြန်ဆုံးရွေ့ပြောင်း ပြင်ဆင်ထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


========================


📌📌 ၈။ Immanuel Myanmar Church နဲ့ Chicago Myanmar Community တို့ပူးပေါင်းပြီးစီစဉ်တဲ့ ဈေးရောင်းပွဲနဲ့လူထုတွေ့ဆုံပွဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUG နိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်မိုးဦးတို့တက်ရောက်မယ်


ဇူလိုင်လ ၉ရက်။

အမေရိကန်နိူင်ငံမှာ Immanuel Myanmar Church နဲ့ Chicago Myanmar Community တို့ပူးပေါင်းပြီး စီစဉ်တဲ့ ဈေးရောင်းပွဲနဲ့လူထုတွေ့ဆုံပွဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်NUG နိုင်ငံခြားရေး ဒုဝန်ကြီးဦးမိုးဇော်မိုးဦးတို့တက်ရောက်မယ်လို့သိရပါတယ်။


Chicagoမြို့ရှိ မြန်မာပြည်ဖွား သွေးချင်းတိုင်းရင်းသား ညီအကိုမောင်နှမများ တွေ့ဆုံပွဲနှင့် ရံပုံငွေစျေးရောင်းပွဲကို Chicago Myanmar Communityကအသိပေးဖော်ပြပါတယ်။


အဆိုပါအခမ်းအနားမှာBPLAရဲ့ အမှတ်တရပစ္စည်းလေးတွေဖြစ်တဲ့ Burplexတီရှပ်၊ Mugခွက်နဲ့ Tote Bagတို့ ဝယ်ယူအားပေးလို့ရတယ်လို့သိရပါတယ်။


Immanuel Myanmar Church နဲ့ Chicago Myanmar Community တို့ပူးပေါင်းပြီးစီစဉ်တဲ့ ဈေးရောင်းပွဲလေးကိုဇူလိုင်၁၃ရက်ကျင်းပမှာ ဖြစ်ပြီးIMCနဲ့ NUGပူးပေါင်းစျေးရောင်းပွဲမှ ရရှိသောအကျိုးအမြတ်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများမှာ အသုံးပြုနိုင်ရန်ခွဲဝေ လှူဒါန်းသွားမှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ ဂုဏ်ပြုပွဲ၊ ရာထူးပေးအပ်ပွဲ အခမ်းအနားကျင်းပ


ဇူလိုင်လ ၉ရက်။

RadioNUG

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(/၂၀၂၄)သင်တန်းဆင်းပွဲ၊ ရှေ့တန်းပြန်ရဲဘော်များ ဂုဏ်ပြုပွဲ၊ ရာထူးပေးအပ်ပွဲ အခမ်းအနားတို့ကို ဇူလိုင်လ()ရက်နေ့က တပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း YPDFက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါအခမ်းအနားကို တပ်ဖွဲ့ဗဟိုဦးဆောင်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဖက်အကြံပေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ သင်တန်းဆင်းရဲဘော်များ၊ တပ်ဖွဲ့ဝင်ရဲဘော်များ၊ အထူးဖိတ်ကြားထားသော ချင်းအမျိုးသားတပ်မတော်(CNA)မှ ဒုတိယဗိုလ်မှုးကြီးနှင့် ရဲဘော်များ၊ CDF KKG မှ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အခမ်းအနားကို သင်တန်းဆင်းရဲဘော်များ စစ်ရေးပြခြင်း၊ ကတိသစ္စာပြုခြင်း၊ ယောနကခန်းမတွင် CNA နဲ့အတူ တွန်းဇံမြို့သိမ်းကာ အောင်ပွဲရ ပြန်လာခဲ့သည့် ရှေ့တန်းပြန် ရဲဘော်များကို ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်း၊ ပျူစောထီးနှစ်ဦး ဖမ်းဆီးရမိသော တပ်ဖွဲ့ဝင်များကို ဆုချီးမြှင့်ခြင်း၊ ဗဟိုဦးဆောင်ကော်မတီဝင်များ တိုးမြှင့်ခန့်အပ်ခြင်း၊ ရာထူးတာဝန်များ ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း)နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ တပ်ရင်းများ ပါဝင်တိုက်ခိုက်


ဇူလိုင်လ ၉ရက်။ 

RadioNUG

၁၀၂၇ စစ်ဆင်ရေး(ဒုတိယပိုင်း)နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း၌ စုဖွဲ့ထားသော ဗျူဟာများ၊ တပ်ရင်းများ ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်လျက်ရှိသော ဗျုဟာနှင့် တပ်ရင်းများမှာ ဗျုဟာ(၅၂) ရွှေဘိုခရိုင် တပ်ရင်း ၇၊ ရွှေဘိုခရိုင် တပ်ရင်း ၁၀၊ ရွှေဘိုခရိုင် တပ်ရင်း ၁၆၊ ဗျူဟာ(၅၅) ရွှေဘိုခရိုင် တပ်ရင်း ၁၅၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈၊ ရွှေဘိုခရိုင် တပ်ရင်း ၂၃၊ ရွှေဘိုခရိုင် တပ်ရင်း ၂၆၊ ညောင်ဦးခရိုင် တပ်ရင်း တို့ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) မိုးကုတ်ဗျူဟာတပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄) အမှတ်(၅၁၃)တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖနှင့် သက်ဆိုင်ရာ ပကဖအဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်လျက်ရှိကာ စစ်ရေးအောင်ပွဲများ ရရှိနေကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။၁၀၂၇စစ်ဆင်ရေး အပိုင်း () ၁၅ ရက်မြောက်နေ့တွင် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်က စစ်ကောင်စီ စခန်း ခုကို သိမ်းပိုက်ရရှိ


ဇူလိုင်လ ရက်။ 

Radio NUG

၁၀၂၇စစ်ဆင်ရေး အပိုင်း()၁၅ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ ရက်တွင် မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်က စစ်ကောင်စီ တပ်စခန်း ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအောင်းတပ်မတော် TNLA က သတင်းထုတ်ပြန် ထားပါတယ်။

ဇူလိုင်လ ရက်နေ့မှာ မိုးမိတ် မြို့နယ်က စစ်ကောင်စီ စခန်းများ ဖြစ်ကြတဲ့ သရက်တောစခန်းနဲ့ မိုင်တိုင်()တပ်စခန်း၊ မိုးကုတ်မြို့နယ်က မိုင်တိုင်()တပ်စခန်းနဲ့ ယောမူးတပ်စခန်းတို့ကို TNLA က လက်နက်ခဲယမ်းများနဲ့အတူ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။


ထို့အပြင် နောင်ချိုမြို့နယ်၊ သဲခေါ်ရွာအနီးတွင် တအောင်း တပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘန့်ဘွေးအခြေစိုက် စစ်ကောင်စီတပ်က အတွဲလိုက်ဒုံး (၃၁)လုံးနဲ့ ဒရုန်းဖြင့် ကြိမ် သဲခေါ်ရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အလားတူ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒုံးတပ်(၆၀၆)စခန်း အနီးတဝိုက်ကို စစ်ကောင်စီက Jet Fighter ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ကျောက်မဲမြို့နယ်၊ တော့ဆန်ရွာကိုလည်း Jet Fighter နဲ့ ကြိမ်၊ လက်နက်ကြီးနဲ့ ကြိမ် အရပ်သားများကို ဦးတည်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ရေနံ့သာ တိုးဂိတ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းမှ စကစ အလောင်း()လောင်း၊ လက်နက်ခဲယမ်းများနှင့် ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးတဲ့ ဗိုလ်ကြီး()ဦးအပါ သုံ့ပန်း()ဦး၊ အလောင်း လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဇူလိုင်လ ၉ရက်။

RadioNUG

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သိမ်းပိုက်ရရှိထားတဲ့ မတ္တရာမြို့နယ် ရေနံ့သာတိုးဂိတ်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာရာ ၄င်းစစ်ကြောင်းအား အထိအခိုက်များစွာဖြင့် ဆုတ်ခွါသွားစေရန် ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း()လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်ပါတယ်။


အလားတူ စဉ့်ကူးမြို့နယ် ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းလျက်ရှိရာ ဗိုလ်ကြီး()ဦးအပါအဝင် သုံ့ပန်း()ဦးခန့် ထပ်မံဖမ်းဆီးရမိခဲ့သည့်အပြင် ရန်သူ့အလောင်း()လောင်းနှင့် လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် မတ္တရာမြို့နယ် အုတ်ဖို(ရွာသစ်)ကျေးရွာသို့ တိုက်ပွဲဖြစ်ပွါးဖြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကလေး()ဦး အသက်သေဆုံးခဲ့ရပြီး သန်းကုန်းကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကျေးရွာစာသင်ကျောင်းအပါအဝင် အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီ တပ်စွဲထားရာ မြိုင် မီးသတ်ရုံးကို အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့


ဇူလိုင် ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ် အင်အား ၂၅ ဦးခန့် တပ်စွဲထားတဲ့ မြိုင်မီးသတ်ရုံးအတွင်းကို လက်နက်ကြီး လက်နက်ငယ်များနဲ့ အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။


ဇူလိုင်လ ရက် မနက် ၁၀ နာရီ အချိန်မှာ မြိုင်မီးသတ်ရုံး အတွင်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဦးခန့် သေဆုံးပြီး ဦးခန့် အပြင်းအထန် ဒဏ်ရာရခဲ့ကာ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နေ့လည် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီဘက်ကို မြို့တွင်းမှ စစ်ကူများ ရောက်ရှိလာကာ ပြည်သူ့ကာကွယ်ရေး တပ်များဘက်မှ ခဲယမ်း နည်းပါးမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကာကွယ်ရေး ရဲဘော်တစ်ဦး လည်ပင်း ရှပ်ထိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မြိုင်မြို့အနောက်ဘက် တမိုင်ခွဲခန့် အကွာရှိ တောထဲမှာ နေထိုင်တဲ့ မင်းခန့်မောင် (၁၅)နှစ်နဲ့ ဒေါ်အေးတင် (၄၂)နှစ်တို့ သေဆုံးခဲ့ပြီး နောက်ထပ်ပြည်သူ ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ()တပ်ခွဲ () မြိုင်ပကဖ တပ်ရင်း() မြိုင်ပကဖ (IO)အဖွဲ့၊ Myaing U.A.V Fighter Joker ပြောက်ကျားတပ်ဖွဲ့၊ ဇော်မိုက် BRAF Drone Team တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ သတ်ကွင်းထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားများကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂၂ ဦးထိ မျက်မြင် သေဆုံး 


ဇူလိုင် ရက်။ 

Radio NUG


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ခြေလျင်လမ်း လျောက်လာတဲ့ စစ်ကောင်စီ တပ်သား၂၅ ဦးခန့် သတ်ကွင်းထဲကို ဝင်ရောက်လာတာကြောင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂၂ ဦးထိ သေဆုံးခဲ့တယ်လို့ BlackEagleDefenceForce က သတင်းထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက် မနက် နာရီ ၃၀ မိနစ်ခန့်က ၎င်းစစ်ကောင်စီ တပ်ဖွဲ့ သတ်ကွင်းထဲ အရောက်မှာ တဖက်ပွင့် ပြောင်း ၁၂ လုံးနဲ့ ဦးစွာ ပစ်ခတ်ခဲ့ပြီး ၄၀ မမ ဗုံးသီး လုံး ထပ်မံပစ်သွင်းခဲ့ကာ လက်နက်ငယ်များဖြင့် အနီးကပ် မနားတမ်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂၂ ဦး မျက်မြင်သေဆုံးခဲ့ပြီး ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကာ စစ်ကောင်စီဘက်မှ သံပြားကာကားများ စစ်ကူရောက်လာတာကြောင့် လက်နက်များကို ကောက်ယူနိုင်ခဲ့ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တချိန်ထဲမှာပဲ ဒို့မြန်မာကျော် ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့အား ဒရုန်းဖြင့် ဗုံးသီး လုံးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ဦး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ယခုစစ်ဆင်ရေးများကို မြင်းမူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပလဖ၊ Black Eagle Defence Force-MMU တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ပေါက်မြို့နယ်က ပျူစောထီး ရွာများကို ဒရုန်း၊ ရော့ကတ်များဖြင့် အကြိမ်ရေ (၁၂၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက် 


ဇူလိုင် ရက်။ 

Radio NUG

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲက ဇီးပြား ပျူရွာနဲ့ တရော်ကိုင်း ပျူရွာတို့ကို ဒရုန်း၊ ရော့ကတ်၊ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၁၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက် မနက် နာရီ အချိန်မှ စတင်ကာ ပစ်ခတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဘက်မှ ပျူ ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း ဇီးပြားပျူရွာက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။


ယခု တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ဦးလေးကြီး ရော့ကတ် တပ်ဖွဲ့၊ မိုးမိတ် ရော့ကတ် တပ်ဖွဲ့၊ နှင်းကွေး ရော့ကတ် တပ်ဖွဲ့၊ ဘာမထီပြောက်ကျား တပ်ဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ ဇော်မိုက် BRAF Drone Team ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်) မွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးများ အနေဖြင့် ဓမ္မနှင့် အဓမ္မကို ခွဲခြားသိပြီး ပြည်သူ့ဘက်ကို အမြန်ဆုံး ပူးပေါင်းသွားကြရန်နှင့် နေ့စဉ် ထိတ်လန့်၊ ထိခိုက်ဒဏ်ရာရကာ သေဆုံးတဲ့ထိ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။


========================


🚩🚩 ၈။ မိုးမိတ်မြို့နယ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေး()ဦး သေဆုံးပြီး()ဦး ထိခိုက်


ဇူလိုင်လ ၉ရက်။ 

RadioNUG

ဇူလိုင်လ ရက်နေ့ နံနက်အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် တအာင်းပြည် တပ်မဟာ()စစ်ဒေသ မိုးမိတ်မြို့နယ် ရွှေတောင်ဦးရွာနှင့် သရက်တောရွာသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ ရွှေတောင်ဦးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ်()ဦး ပွဲချင်းပြီးသေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် သရက်တောဘုန်းကြီးကျောင်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီး ()ပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း PSLF/TNLAက သတင်းထုတ်ပြန်ပါတယ်။


ဇူလိုင်လ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိုးကုတ်အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်နှင့် မြို့လယ်ရှိ နေအိမ်တစ်အိမ် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲ(၁၅)ရက်အတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား(၅၀)ဦးသေဆုံးပြီး (၇၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment