11th JUL 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာပြည်သူတွေကို နိုင်ငံတကာကလူသားချင်းစာနာမှုအကူအညီများ ပေးသော်လည်း အကြမ်းဖက်စစ်ကောင်စီကြောင့် ခက်ခဲတဲ့ပြည်သူများဆီရောက်ရှိမှုမရှိဘူးလို့ဆို

📌 ၂။ စစ်ရှုံးဒေသများမှာ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်တော့

📌 ၃။ မွေးနေ့အထိမ်းအမှတ်အနေဖြင့် တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များထံကို အတူတူလှူဒါန်းစေလိုကြောင်း လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးတိုက်တွန်း

📌 ၄။ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး လူမဆန်ရက်စက်စွာအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး  ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန်ဆောင်ရွက်သွားမည်

📌 ၅။ "ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းအတွက် ယူနီဆက်ဖ်အနေနဲ့ ရေသန့်စင်ဆေးပြား . သန်း၊ တစ်ကိုယ်ရေသန့်စင်ရေး kit အခု၂၀၀၀ကို ဖြန့်ဖြူးပေးခဲ့တယ်လို့ဆို

📌 ၆။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ"ဘန်နာကိုကိုင်စွဲကာလူထုသပိတ် လှုပ်ရှား

📌 ၇။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့်(၃၀၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်(၆၉)ဦးပါဝင်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တိုင်းစစ်ဌာန(တနင်္သာရီ)အမှတ်(၃၄)ဗျူဟာနယ်မြေတွင် အခြေခံစစ်သင်တန်းဆင်းပွဲတစ်ရပ်ကို ကျင်းပခဲ့

🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()(၁၆)ရက်မြောက် နောင်ချိုမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း ဒုံးတပ် (၆၀၆)ကို သိမ်းပိုက်

🚩 ၃။ ရှမ်းမန်းစစ်ဆင်ရေးအတွင်း ရွှေဘိုတပ်ရင်း ခုမှ တော်လှန်ရေးရဲဘော် ၁၂ ဦးခန့် ကျဆုံး

🚩 ၄။ ဘုတလင်မြို့နယ် ကျေးရွာဆေးခန်းကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်မှု အသက် နှစ် ကလေး ဦး၊ မိခင်ဖြစ်သူ ဆရာမနှင့် PDFရဲဘော်အချို့အပါအဝင် ဦးခန့် သေဆုံး

🚩 ၅။ ရွှေဘို အနောက်ခြမ်း ဇီးဖြူကုန်း အထိုင်ချ (ပသစ) စခန်းကို ဒရုန်းဖြင့် ငါးကြိမ် ဗုံးသီးချ၊ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

🚩 ၆။ ရေးမြို့နယ်မှာ ပူးပေါင်းစစ်ကြောင်းထိုးမယ့် စကစစစ်ကြောင်းကို တိုက်ခိုက်၊ စကစ တပ်သား ဦးသေဆုံး

🚩 ၇။ ဗဟန်းမြို့နယ် လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ စကစ ယာယီကင်းတစ်ခုကို ဖောက်ခွဲတိုက်ခိုက်

🚩 ၈။ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှ ဘုရားကြေးဆင်းတုတော် ၁၅ ဆူနှင့် ငွေများ ကား ဆိုင်ကယ်များကို PNO ပြည်သူ့စစ် လုယက်ယူဆောင်

🚩 ၉။ အထက်မင်းလှမြို့နယ်အတွင်း လမ်းပိုင်းများ အသုံးပြုနေသော မိဘပြည်သူများ သိရှိလိုက်နာသွားရန် အသိပေးကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာပြည်သူတွေကို နိုင်ငံတကာကလူသားချင်းစာနာမှုအကူအညီများ ပေးသော်လည်း အကြမ်းဖက်စစ်ကောင်စီကြောင့် ခက်ခဲတဲ့ပြည်သူများဆီရောက်ရှိမှုမရှိဘူးလို့ဆို


ဇူလိုင်လ ၁၀ရက်။

မြန်မာပြည်သူတွေကို နိုင်ငံတကာကလူသားချင်းစာနာမှုအကူအညီများပေးသော်လည်း အကြမ်းဖက်စစ်ကောင်စီကြောင့် ခက်ခဲတဲ့ပြည်သူများဆီ ရောက်ရှိမှုမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


ဇူလိုင်လ ၁၀ရက် ပြည်သူ့အစိုးရ၏ လူသားစာနာအရေးကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုနှင့် မျှော်လင့်ချက်များ" လူသားချင်းစာနာထောက်ထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


"လက်ရှိရောမြန်မာပြည်သူတွေကို နိုင်ငံတကာကမကူညီဘူးလားလို့မေးစရာရှိပါတယ်။ ကူညီထောက်ပံ့တာတွေရှိပါတယ်။ ကူညီထောက်ပံ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီအထောက်အပံ့တွေဟာ တကယ်ခက်ခဲတဲ့ပြည်သူတွေဆီ ထိထိရောက်ရောက် ရောက်ဖို့ကခက်ခဲနေသေးတယ်ဆိုတာ အရှိတရားဖြစ်သလိုအားလုံးကလည်း အသိဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီအများစုဟာ ပုံမှန်ဆောင်ရွက်နေကျ လမ်းကြောင်းတွေကိုပဲ အသုံးပြုရဆဲဖြစ်နေတယ်ဆိုတာလည်း တွေ့ရပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဥ်သမရိုးကျဖြစ်တာကြောင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေစတဲ့အဖွဲ့ ဒါတွေဟာစစ်ကောင်စီကတဆင့် ချိတ်ဆက်ဆောင်ရွက်နေရတာရှိပါတယ်။ စစ်ကောင်စီက ကြီးကြပ်ဆောင်ရွက်မှုနဲ့ ရှိနေပါတယ်"လို့ဆိုပါတယ်။


စကစဟာပြည်သူများကို ရန်သူသဖွယ်သဘောထားပြီး လူသားချင်းစာနာမှုအကူအညီများ မရောက်ရှိအောင်လည်း ဟန့်တားနှောင့်ယှက်မှုတို့ ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


========================


📌📌 ၂။ စစ်ရှုံးဒေသများမှာ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်တော့


ဇူလိုင်လ ၁၀ရက်။

စစ်ရှုံးဒေသများမှာ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်တော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


ဇူလိုင်၁၀ရက် ပြည်သူ့အစိုးရ၏ လူသားစာနာအရေးကြိုးပမ်းမှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုနှင့် မျှော်လင့်ချက်များ" လူသားချင်းစာနာထောက်ထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"ကရင်နီပြည်နယ်မှာ စကစက ကျန်းမာရေးစောင့်ရှောက်မှုကရင်နီပြည်သူကိုပေးနိူင်တဲ့နေရာတနေရာမှမရှိပါဘူး။သူ့တပ်ထဲကတောင်အပြင်ထွက်ဖို့စဥ်းစားနေရတာဖြစ်ပါတယ်။အလားတူပဲ ချင်းမှာလည်းမရှိပါဘူး။ ရခိုင်မှာဆိုဝေလာဝေးပါ။ ကချင်၊ ကရင်၊ စစ်ကိုင်း၊ မကွေးဘယ်နေရာမှာမှ ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တတွေရဲ့ထိန်းချုပ်ဒေသတွေပိုမိုကျယ်ပြန့်လာသလို၊ စောင့်ရှောက်မှုတွေလည်းပိုပေးနေရတယ်ဆိုတာ နိုင်ငံတကာရော၊ ကမ္ဘာကိုရော၊ အိမ်နားနီးချင်းနိုင်ငံတွေကိုရော သိစေလိုပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနဟာသုံးနှစ်တာကာလအတွင်း ဆေးရုံ၇၇ရုံ၊ ဆေးခန်း၃၇၇ခု၊ ရွေ့လျားဆေးခန်း၂၅၀တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသမှုများပေးအပ်ခဲ့ပါတယ်။


ထိုသို့ကုသမှုပေးရာတွင် ပြင်ပလူနာ၁၁၅၈၃၇၇ဦး၊ အသေးစားအကြီးစား ခွဲစိတ်မှုပေါင်း၄၀၁၆၉ ဦး၊ လူနာလွှဲပြောင်းပို့ဆောင်ပေးမှု၄၁၄၀ဦးရှိခဲ့ပါတယ်။


========================


📌📌 ၃။ မွေးနေ့အထိမ်းအမှတ်အနေဖြင့် တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များထံကို အတူတူလှူဒါန်းစေလိုကြောင်း လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးတိုက်တွန်း


ဇူလိုင်လ ၁၀ရက်။

မွေးနေ့အထိမ်းအမှတ်အနေဖြင့် တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များထံကို အတူတူလှူဒါန်းစေလိုကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကတိုက်တွန်းပြောပါတယ်။


ဇူလိုင်၁၀ရက်ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။


"ဇူလိုင်လ(၁၇)ရက်နေ့မှာ (၅၈)နှစ်မြောက် မွေးနေ့ကျရောက်လာပြန်ပါပြီ။ နှစ်စဥ်နှစ်တိုင်း ပြုလုပ်ခဲ့သလို လိုအပ်နေတဲ့ နေရာတွေနဲ့ ပြည်သူတွေအတွက်လှူဒါန်းချင်ပါတယ်။ မွေးနေ့လက်ဆောင်အနေနဲ့ မိမိကူညီချင်တဲ့ဒေသက ပြည်သူတွေ၊ အရာရာကို စွန့်လွှတ်တိုက်ပွဲဝင်နေကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူငွေများ တိုက်ရိုက် လှူဒါန်းပေးခြင်းအားဖြင့် ကျွန်တော့်မွေးနေ့အလှူမှာ ပါဝင်နိုင်ကြပါတယ်။ ကျွန်တော့်ထံ ငွေကြေးပေးပို့စရာမလိုပဲနဲ့ မိမိလှူလိုတဲ့ နေရာဒေသများ၊ တပ်ရင်းတပ်ဖွဲ့များကို လှူဒါန်းစေလိုပါတယ်။ ကုသိုလ်ဝေမျှ ပီတိမတူခွဲယူကြရအောင်"လို့ဝန်ကြီးကဆိုပါတယ်။


ယခင်နှစ်များတွင် တော်လှန်ရေးတပ်ဖွဲ့များထံ မွေးနေ့အထိမ်းအမှတ်အနေဖြင့် NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးကလှူဒါန်းထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၄။ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး လူမဆန်ရက်စက်စွာအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး  ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန်ဆောင်ရွက်သွားမည်


ဇူလိုင်လ(၁၀)ရက်။

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး လူမဆန်ရက်စက်စွာအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးကဖော်ပြပါတယ်။


ဇူလိုင်၁၀ရက်မှာ ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း သဝဏ်လွှာကိုထုတ်ပြန်ပါတယ်။


၂၀၂၄ ခုနှစ်၊ ဇူလိုင်လ()ရက်နေ့၊ ()နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သော ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး (အသက် ၁၆ နှစ်)သည် ရွာပြင်သုဿန်မှ အင်တာနက်သုံးပြီး အိမ်အပြန်လမ်းတွင် လူမဆန်စွာ အသတ်ခံရကြောင်း သိရှိရတယ်လို့ပညာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် မောင်မြင့်မြတ်ဦး သေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီးမောင်မြင့်မြတ်ဦးအား လူမဆန်ရက်စက်စွာအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ပြီး ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


နွေဦးတော်လှန်ရေးတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပညာသင်ယူခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တို့အား ချိုးဖောက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံးအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ "ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းအတွက် ယူနီဆက်ဖ်အနေနဲ့ ရေသန့်စင်ဆေးပြား . သန်း၊ တစ်ကိုယ်ရေသန့်စင်ရေး kit အခု၂၀၀၀ကို ဖြန့်ဖြူးပေးခဲ့တယ်လို့ဆို


ဇူလိုင်လ ၁၀ရက်။


"ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းအတွက် ယူနီဆက်ဖ်အနေနဲ့ ရေသန့်စင်ဆေးပြား . သန်း၊ တစ်ကိုယ်ရေသန့်စင်ရေး kit အခု၂၀၀၀ကို ဖြန့်ဖြူးပေးခဲ့တယ်လို့ဆိုပါတယ်။


ဇူလိုင်၁၀ရက်ယူနီဆတ်မြန်မာက အသိပေးဖော်ပြပါတယ်။


"ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းအတွက် ယူနီဆက်ဖ်အနေနဲ့ အလျင်မြန်ဆုံး ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိပါတယ်။ ကလေးနဲ့ မိသားစုများ သန့်ရှင်းတဲ့ သောက်ရေ သုံးရေ သုံးစွဲနိုင်ရန်အတွက် ရေသန့်စင်ဆေးပြား . သန်း၊ တစ်ကိုယ်ရေသန့်စင်ရေး kit အခု ၂၀၀၀၊ ရေစစ် အခု ၅၀ ကို  ဖြန့်ဖြူးပေးပြီးဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင်ရောဂါဖြစ်ပွားမှုနှုန်းများတဲ့နေရာများမှာ နေထိုင်သူ ၂၅,၀၀၀ ကျော်အတွက်လည်း သန့်ရှင်းတဲ့ရေ၊ ဆပ်ပြာနဲ့ တခြားတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လိုအပ်တဲ့ပစ္စည်းများကို ပေးအပ်ထောက်ပံ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ"ဘန်နာကိုကိုင်စွဲကာလူထုသပိတ် လှုပ်ရှား


ဇူလိုင်လ ၁၀ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ"ဘန်နာကိုကိုင်စွဲကာ လူထုသပိတ်လှုပ်ရှားခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ" စာသားပါဘန်နာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။


စစ်အာဏာရှင် စနစ်နဲ့အတူ အာရှင်ဆန်တဲ့ အတွေးအခေါ်အယူအဆတွေအားလုံး အလုံးစုံချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ကြရမှာဖြစ်တဲ့အတွက် အာဏာရှင်ဆန်တဲ့ အပြုအမူတွေကို ပြတ်ပြတ်သားသား ဖီဆန်ကြဖို့ လိုအပ်တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကဆိုပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့်(၃၀၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်(၆၉)ဦးပါဝင်


ဇူလိုင်လ ၁၀ရက်။

နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့်(၃၀၈)ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်(၆၉)ဦး ပါဝင်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အမျိုးသမီး (၁၂၇) ဦးနှင့် အမျိုးသား (၁၈၁) ဦး စုစုပေါင်း (၃၀၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၆၉) ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၃၀၈)ဦးအနက် ရခိုင်ပြည်နယ်မှာ(၈၇)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး (၇၁)ဦးဖြင့် စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။ 


ထို့ပြင် ခြောက်လတာကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁၆၀)ဦးနှင့် အမျိုးသား(၁၅၉)ဦး စုစုပေါင်း (၃၁၉)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ(၅၅)ဦး ပါဝင်ပါတယ်။


အဆိုပါ (၃၁၉)ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ(၈၂)ဦးဖြင့် ရခိုင်ပြည်နယ်မှ ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၇၆)ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တိုင်းစစ်ဌာန(တနင်္သာရီ)အမှတ်(၃၄)ဗျူဟာနယ်မြေတွင် အခြေခံစစ်သင်တန်းဆင်းပွဲတစ်ရပ်ကို ကျင်းပခဲ့


ဇူလိုင်လ ၁၀ရက်။

တိုင်းစစ်ဌာန(တနင်္သာရီ)အမှတ်(၃၄)ဗျူဟာနယ်မြေတွင် အခြေခံစစ်သင်တန်းဆင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။


ဇူလိုင်၁၀ရက်တိုင်းစစ်ဌာန(တနင်္သာရီ)ကအသိပေးဖော်ပြပါတယ်။


အပတ်စဉ် (/၂၀၂၄)သင်တန်းဆင်းပွဲကို ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းစစ်ဌာနတာဝန်ရှိသူများ၊ ဗျူဟာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့အသိပေးဆိုပါတယ်။


သင်တန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ်()တပ်ရင်းနှင့် အမှတ်()တပ်ရင်းမှ ရဲဘော်များ၊ ထားဝယ်ခရိုင်အတွင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်များ တက်ရောက်ခဲ့ပြီး စုစုပေါင်း ၉၇ ဦး သင်တန်းပြီးဆုံးအောင်မြင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း()(၁၆)ရက်မြောက် နောင်ချိုမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း ဒုံးတပ် (၆၀၆)ကို သိမ်းပိုက်


ဇူလိုင်လ ၁၀ရက်။ 

RadioNUG

ဇူလိုင်လ ၁၀ရက် မွန်းလွဲ နာရီအချိန်တွင် နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီလက်ကျန်တပ်စခန်း ဒုံးတပ် (၆၀၆)ကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း PSLFTNLA က သတင်းထုတ်ပြန်ပါတယ်။


နောင်ချိုမြို့နယ် သဲခေါ်ရွာ အနီးတဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ ()စစ်ဒေသ၊ လားရှိုး၊ တန့်ယန်းမြို့နယ် နားဆောင်ရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ် မန်ကတ်စခန်းနှင့် မန်ပတ်စခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် တပ်မဟာ()စစ်ဒေသ မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရား အနီးတဝိုက်တွင် စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA, PLA, MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ()ကြိမ် ပစ်ချခဲ့ကာ Y12 ဖြင့် ဗုံး (၁၆)လုံး မိုးမိတ်မြို့အတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ Y12ဖြင့် ()ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ရှမ်းမန်းစစ်ဆင်ရေးအတွင်း ရွှေဘိုတပ်ရင်း ခုမှ တော်လှန်ရေးရဲဘော် ၁၂ ဦးခန့် ကျဆုံး


ဇူလိုင်လ ၁၀ရက်။

RadioNUG

ရှမ်းမန်းစစ်ဆင်ရေးမှာ ရွှေဘိုနယ်ကတော်လှန်ရေး ရဲဘော် ၁၂ ဦးခန့် ကျဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၈နှင့် ၂၆မှ ထုတ်ပြန်ထားတာတွေအရ သိရပါတယ်။


စစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေက ရွှေဘိုခရိုင် အမှတ် (၂၆)တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရာကျော် ရဲဘော် ကျားနက်()မောင်ကျော်၊ ရဲဘော် ကျော်လှိုင်မင်း၊ ရဲဘော်ဒိုကြီးတို့ဖြစ်ပြီး ရွှေဘိုခရိုင် အမှတ် (၁၈)တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ဖက်တီး()နန်းထက်အောင်၊ ရဲဘော်စစ်ကိုင်း၊ ရဲဘော်လက်ယား၊ ရဲဘော်တာနော၊ ရဲဘော်ပိပိ အပါအဝင် ရဲဘော် ဦးတို့ ဖြစ်ပြီး စုစုပေါင်း ရဲ ဘော် ၁၂ ဦးခန့် ကျဆုံးခဲ့တာပါ။


စစ်ဆင်ရေးတိုက်ပွဲတွေမှာ ဗျုဟာ(၅၂)လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၁၀၊ ရွှေဘို ခရိုင် တပ်ရင်း ၁၆ ဗျူဟာ (၅၅)လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ရွှေဘိုခရိုင် တပ်ရင်း ၁၈ ရွှေဘိုခရိုင် တပ်ရင်း ၂၃ ရွှေဘိုခရိုင် တပ်ရင်း ၂၆ ညောင်ဦးခရိုင် တပ်ရင်း တို့ ပါဝင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဘုတလင်မြို့နယ် ကျေးရွာဆေးခန်းကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်မှု အသက် နှစ် ကလေး ဦး၊ မိခင်ဖြစ်သူ ဆရာမနှင့် PDFရဲဘော်အချို့အပါအဝင် ဦးခန့် သေဆုံး


ဇူလိုင်လ ၁၀ရက်။ 

RadioNUG

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာ ဆေးခန်းကို အကြမ်းဖက်စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် နှစ် ကလေး ဦး၊  မိခင်ဖြစ်သူ ဆရာမနှင့် PDFရဲဘော်အချို့အပါအဝင် ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


လမ်းပိုင်း စစ်ဆေးရေးဂိတ်ကို ပထမ ဗုံးချခံရ ပြီး ဒဏ်ရာရသူများ ဆေးကုနေတဲ့အချိန် ထပ်ချခံရတာကြောင့် ဆရာမနှင့် သူ့ကလေး နှစ် အရွယ်၊ ရဲဘော် ဦးခန့် ကျသွားတယ် သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လမ်းပိုင်းစစ်ဆေးနေစဉ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


========================


🚩🚩 ၅။ ရွှေဘို အနောက်ခြမ်း ဇီးဖြူကုန်း အထိုင်ချ (ပသစ) စခန်းကို ဒရုန်းဖြင့် ငါးကြိမ် ဗုံးသီးချ၊ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား


ဇူလိုင်လ ၁၀ရက်။

RadioNUG

ဇူလိုင်လ ၉ရက်နေ့ ()နာရီကနေ()နာရီတွင်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇီးဖြူကုန်း အထိုင်ချ(ပသစ)စခန်းကို ဒရုန်းဖြင့် သုံးကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး (ပသစ) ဖက်ကလည်း လက်နက်ငယ်များနှင့် ပြန်ပစ်ကြောင်း shwebo Crocodile တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ဆက်လက်ပြီး ဇူလိုင် ၁၀ရက် နံနက်()နာရီ မိနစ် တစ်ကြိမ်၊ ()နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ထပ်မံ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ပျူများက ဒရုန်းပျံသန်းရာ လမ်းကြောင်းတိုင်း လိုက်ပစ်ခတ်ခဲ့ပြီး အသင့်စောင့်နေတဲ့ တလရ ရဲဘော်များက လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ရာ ပျူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။


ကျေးရွာနီးရှိ လယ်ယာ လုပ်ကိုင်နေတဲ့ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်နေသည်ကို သတင်းပေး ကူညီတောင်းခံလာပြီး ကျေးရွာတွင် ပျူများနှင့်အတူ မနေထိုင်လိုသည့် ရှောင်တိမ်းနေတဲ့ ပြည်သူများ၏ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း မကြာခဏ ပြုလုပ်နေသည်ကို ကြားသိရသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ mission ကို shwebo Crocodile တပ်ဖွဲ့ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်ပြီး (ပသစ) ကျေးရွာများပြားသည့်အတွက် စခန်းသိမ်း ဆင်နွှဲနိင်ရန် ပြည်တွင်း ပြည်ပ ထောက်ပို့များ ပါဝင်အားဖြည့်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၆။ ရေးမြို့နယ်မှာ ပူးပေါင်းစစ်ကြောင်းထိုးမယ့် စကစစစ်ကြောင်းကို တိုက်ခိုက်၊ စကစ တပ်သား ဦးသေဆုံး


ဇူလိုင်လ ၁၀ရက်။

ဇူလိုင် ၉ရက် ညနေ နာရီ ၃၆ မိနစ်တွင် ရေးမြို့နယ်၊ မော့ကနင်ရွာအခြေစိုက် ခလရ ၁၀၆နှင့် ဝယ်ဖယ်ရွာအခြေစိုက် အမတ ၃၁၇ ပူးပေါင်း ရန်သူစစ်ကြောင်းသည် အမတ ၃၁၇ တွင် လူစုကာ ကား စီးဖြင့် ရွာသစ်ရွာသို့ပို့ဆောင်ပြီး ကွမ်ကြိုက်ရွာနှင့် အမှတ်() ပြည်ထောင်စုလမ်းမကြီးအား စစ်ကြောင်းထိုးဝင်ရောက်နိုင်သည်ဟု သတင်းရရှိမှုကြောင့် အသင့်စောင့်ဆိုင်းနေစဥ် ခန့်မှန်း အင်အား ၁၀၀ ခန့် ဝင်ရောက်လာသဖြင့် ရင်ဆိုင်ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း ကစယ့်သူးတပ်ရင်း တောင်ညိုတပ်ခွဲ က သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း စကစဘက်မှ ()ယောက်သေဆုံးပြီး ()ယောက် အပြင်းအထန်ဒဏ်ရာရရှိကာ ရန်သူလက်နက် ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း လက်နက်ကြီးပစ်ကူကြောင့် မကောက်ယူနိုင်ဘဲ ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း(၂၇) KNLA+PDF (တောင်ညိုစစ်ကြောင်း၊ တပ်ခွဲ() MNSP(AD)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ဗဟန်းမြို့နယ် လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ စကစ ယာယီကင်းတစ်ခုကို ဖောက်ခွဲတိုက်ခိုက်


ဇူလိုင်လ ၁၀ရက်။ 

RadioNUG

ဇူလိုင် ၁၀ရက် နံနက် :၄၃ မိနစ် အချိန်ခန့်တွင် ဗဟန်းမြို့နယ် လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ စကစ ယာယီကင်းတစ်ခုကို ထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God's Hand Forces (GHF)က သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်က ရဲနှစ်ဦး အပြင်းအထန် ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုသည် " M 043 စစ်ဆင်ရေး " တစ်စိတ်တစ်ဒေသဖြစ်ပြီးတတိယမြောက် ဖော်ဆောင်မှုဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှ ဘုရားကြေးဆင်းတုတော် ၁၅ ဆူနှင့် ငွေများ ကား ဆိုင်ကယ်များကို PNO ပြည်သူ့စစ် လုယက်ယူဆောင်


ဇူလိုင်လ ၁၀ရက်။

RadioNUG

ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအတွင်းရှိ ပြည်သူနေအိမ် ၁၅၆ အိမ်ကို မွေနှောက်ဖျက်ဆီးကာ ဘုရားကြေးဆင်းတုတော်များ ငွေများ ကား ဆိုင်ကယ်များကို စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က လုယက်ယူဆောင်သွားခဲ့ကြောင်း PNLAက သတင်းထုတ်ပြန်ပါတယ်။


လုယက်ယူဆောင်သွားခဲ့သည့် ပစ္စည်းများမှာ ကား စီး ဆိုင်ကယ် ၂၈ စီး ကုန်စုံဆိုင် ဆိုင် ဖျက်ဆီးခံရ ဘုရားကြေးဆင်းတုတော် ၁၅ ဆူ မွှေနှောက်လုယက်ခံရသည့် အိမ် ၁၅၆ အိမ်၊ မီးရှို့ဖျက်ဆီးသွားသည့် အိမ် အိမ်၊ သတ်ဖြတ်ခံရသည့် ဒေသခံ ဦး ရိုက်နှက်ခံရသည့် ဒေသခံ ဦး၊ ဘုန်းကြီးကျောင်း အပစ်ခံရမှု ကြိမ် မီးမရှို့ဘဲ ဖျက်ဆီးသွားသည့် အိမ် အိမ် မီးရှို့ဖျက်ဆီးသွားသည့် ကား ၁စီး ဖုန်း ၁၄ လုံး ပါဝါဘဏ် ၂၆ လုံး ရွှေ ၁၀ ကျပ်သား၊  ငွေသား ၃၄၀ သိန်း တို့ဖြစ်တယ်လို့ သိရပါတယ်။


နားခိုက်ကျေးရွာသည် ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တည်ရှိပြီး အိမ်ခြေ ၃၅၀ ကျော်ရှိသည့် ရွာတစ်ရွာ ဖြစ်ပါတယ်။


========================


🚩🚩 ၉။ အထက်မင်းလှမြို့နယ်အတွင်း လမ်းပိုင်းများ အသုံးပြုနေသော မိဘပြည်သူများ သိရှိလိုက်နာသွားရန် အသိပေးကြေညာ


ဇူလိုင်လ ၁၀ရက်။

RadioNUG

အထက်မင်းလှမြို့နယ်အတွင်း လမ်းပိုင်းများဖြစ်သည့် ပုသိမ်-မုံရွာလမ်း၊ သရက်-မင်းလှလမ်း၊ မင်းလှ-မလွန် သက်ရာကောက်လမ်း၊မင်းလှ-မင်းဘူး-မကွေးလမ်း၊ မင်းလှ-စစ္စနို့ -ကန်တုတ်လမ်းတို့အား အသုံးပြုလျှက် သွားလာနေကြသည့် မိဘပြည်သူများအားလုံးအနေဖြင့်

၁။ အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်များနှင့် အနီးကပ် နေထိုင်သွားလာခြင်းကို ရှောင်ကျဉ်ရန်

၂။ ခရီးသွားလာပါက ကားမှန်များချပြီး မောင်းနှင်ရန်

၃။ လမ်းခရီးတွင် တိုက်ပွဲဖြစ်သံကြားပါက ဘေးကင်းရာတွင် ကားများ၊ ယာဉ်များ  ရပ်နားထားရန်

၄။ အကြမ်းစစ်ကောင်စီ၏ အထိုင်ချတပ်စွဲထားသော တပ်စခန်း၊ ရဲစခန်း၊ ရဲကင်းများ၊ လမ်းတံတား ဂိတ်များ၊ ရုံးများ၊ ယာယီအထိုင်ချသည့် အဆောက်အအအုံများနှင့် ထိစပ်နီးကပ်စွာ နေထိုင် သွားလာနေခြင်းများအား မပြုလုပ်ကြရန်နှင့် အမြန်ပြောင်းရွေ့နေထိုင်ကြရန်

၅။ ယခုထုတ်ပြန်ထားသည့် ဒေသန္တရဆိုင်ရာတားမြစ်ထုတ်ပြန်ချက်များအား လေးစားလိုက်နာ ပေးသွားရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အထက်မင်းလှမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။


ထုတ်ပြန်ချက်များအား မလိုက်နာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား တာဝန်ယူ ဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း အသိပေးထုတ်ပြန်ကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်နဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment