12th JUL 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "စကစ က လူမျိုးရေး၊ ဘာသာရေး ကိုအကြောင်းပြပြီး  လူတွေ စိတ်ကြွလာအောင် လုပ်ခဲ့တဲ့ နည်းဟောင်း ပြန်သုံးနေ"

📌 ၂။ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်က မြို့နယ်များရှိ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် (၂၀,၅၀၀,၀၀ဝိ/-) ကိုNUGကချိတ်ဆက် ထောက်ပံ့ခဲ့

📌 ၃။ Disaster Relief Fund အစီအစဉ်သို့ NUGPay အသုံးပြုသူ ပြည်သူများ၏ ထည့်ဝင်မှုများကို Kachin Political Interim Coordination Team (KPICT) ထံ ပေးပို့လှုဒါန်း

📌 ၄။ ပုဂ္ဂလိကဘဏ်များတွင် စပယ်ရှယ်ဘဏ်အကောင့်များကို တစ်ရက်လျှင် ကြိုက်သလောက် ထုတ်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ငွေကျပ်၅သိန်းသာ ထုတ်ပေးတော့


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မတ္တရာနယ်က မြောက်တံငါတပ်စခန်းကို မန္တလေး PDF သိမ်းပိုက်ခဲ့ရာ ၊လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိ

🚩 ၂။ သပိတ်ကျင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို KIAKPDF နဲ့ ABSDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ သိန္နီမြို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

🚩 ၄။ နတ်တလင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်ကို မိုင်းဆွဲတိုက်ခိုက် 

🚩 ၅။ အလင်းဝင်လာမယ့် စစ်သားတွေကို ရာထူးအဆင့်လိုက် ဆုငွေချီးမြှင့်ပြီး အသက်အာမခံချက်ပေးမယ်လို့ MNDAA ဖိတ်ခေါ် 

🚩 ၆။ ဘန်ကာတွေကိုဖြိုမဲ့ ဒရုန်းဗုံးသီး အကြီးစားတွေကိုထုတ်လုပ်နေတယ်လို့ ပုံတောင်TIGER PDFအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "စကစ က လူမျိုးရေး၊ ဘာသာရေး ကိုအကြောင်းပြပြီး  လူတွေ စိတ်ကြွလာအောင် လုပ်ခဲ့တဲ့ နည်းဟောင်း ပြန်သုံးနေ"


"စကစ က လူမျိုးရေး၊ ဘာသာရေး ကိုအကြောင်းပြပြီး  လူတွေ စိတ်ကြွလာအောင် လုပ်ခဲ့တဲ့ နည်းဟောင်း ပြန်သုံးနေတယ်လို့ဒုဝန်ကြီးဦးမော်ထွန်းအောင်က ဇူလိုင်၁၂ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"စကစ က လူမျိုးရေး၊ ဘာသာရေး ကိုအကြောင်းပြပြီး သူတို့ရဲ့ လက်ဝေခံ မီဒီယာတွေ မှာအရင်က ကြေးမုံ၊ မြန်မာ့အလင်း မှာ ရခိုင်အရေး အတွက် လူမျိုး ဘာသာ ကို ထည့်ရေးပြီး လူတွေ စိတ်ကြွလာအောင် လုပ်ခဲ့တဲ့ နည်းဟောင်း ပြန်သုံးနေပါတယ်။သတိထားကြဖို့ပါ"လို့ဆိုပါတယ်။


လက်ရှိကချင်ပြည်နယ်တွင်ရှမ်းနီနှင့်ကချင်တိုင်းရင်းသားများပဋိပက္ခဖြစ်ပွားအောင်စကစဟာဖန်တီးမှုများရှိနေပါတယ်။


========================


📌📌 ၂။ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်က မြို့နယ်များရှိ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် (၂၀,၅၀၀,၀၀ဝိ/-) ကိုNUGကချိတ်ဆက် ထောက်ပံ့ခဲ့


ဇူလိုင် ၁၂ရက်


ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်က မြို့နယ်များရှိ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် (၂၀,၅၀၀,၀၀ဝိ/-) ကိုNUGကချိတ်ဆက် ထောက်ပံ့ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနသည် ဇွန်လ (၃၀)ရက်နေ့မှ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဆော့လော်၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ချီဖွေနှင့် မချမ်းဘောမြို့နယ်များရှိ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် (၂၀,၅၀၀,၀၀ဝိ/-) ကိုချိတ်ဆက် ထောက်ပံ့ခဲ့တယ်လို့ဖော်ပြပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနအနေနှင့် ဧရာဝတီမြစ်ရေ မြင့်တတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဆားလင်းကြီး၊ ထီးချိုင့်၊ ကသာ၊ မင်းကင်း၊ မြောင်နှင့် စစ်ကိုင်းမြို့နယ်များရှိ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့များကို ပြည်သူမှပြည်သူသို့ လှူဒါန်းမှုများနှင့် မြို့နယ်လူသားစာနာ အခွန်ခွဲတမ်းမှ ရန်ပုံငွေများဖြင့် ဆက်လက်ထောက်ပံ့ ဆောင်ရွက်လျက်ရှိပြီး မြေပြင်ရှိလူသားစာနာအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ် ကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကျေး၊ တိုက်နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စစ်ဘေးရှောင်များကို ထောက်ပံ့ကယ်ဆယ် နေရာချထားရေးလုပ်ငန်းများကို ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။


ယခုကဲ့သို့ အရေးပေါ် စားနပ်ရိက္ခာများကို ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများရဲ့လက်ဝယ်အရောက် ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ မြို့နယ်အသီးသီးမှ လူသားစာနာ တာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများနဲ့ ရန်ပုံငွေအလှူရှင်များရဲ့ ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ခဲ့မှုများကို ဝန်ကြီးဌာနက အထူးပင် အလေးအနက်ထား ကျေးဇူးတင်ရှိကြောင်းနှင့် နေ့အလိုက် မိုးလေဝသခန့်မှန်းချက် အခြေအနေသတင်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ Disaster Relief Fund အစီအစဉ်သို့ NUGPay အသုံးပြုသူ ပြည်သူများ၏ ထည့်ဝင်မှုများကို Kachin Political Interim Coordination Team (KPICT) ထံ ပေးပို့လှုဒါန်း


ဇူလိုင်၁၂ရက်


Disaster Relief Fund အစီအစဉ်သို့ NUGPay အသုံးပြုသူ ပြည်သူများ၏ ထည့်ဝင်မှုများကို Kachin Political Interim Coordination Team (KPICT) ထံ ပေးပို့လှုဒါန်းခဲ့တယ်လို့ ဇူလိုင်၁၂ရက်မှာ NUG Payကအသိပေးဖော်ပြပါတယ်။


Disaster Relief Fund အစီအစဉ်သို့ NUGPay အသုံးပြုသူ ပြည်သူများ၏ ထည့်ဝင်မှုများကို Kachin Political Interim Coordination Team (KPICT) ထံ ပေးပို့လှုဒါန်းပြီး ဖြစ်တယ်လို့ဆိုပါတယ်။


ကချင်ရေဘေးသင့်ပြည်သူများအတွက် NUG Payမိသားစုကသိန်းနှစ်ရာ့နှစ်ဆယ်ကိုကူညီလှူဒါန်းခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ ပုဂ္ဂလိကဘဏ်များတွင် စပယ်ရှယ်ဘဏ်အကောင့်များကို တစ်ရက်လျှင် ကြိုက်သလောက် ထုတ်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ငွေကျပ်၅သိန်းသာ ထုတ်ပေးတော့


ဇူလိုင်၁၂ရက်


ပုဂ္ဂလိကဘဏ်များတွင် စပယ်ရှယ်ဘဏ်အကောင့်များကို တစ်ရက်လျှင် ကြိုက်သလောက် ထုတ်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ငွေကျပ် ၅သိန်းသာ ထုတ်ပေးတော့တယ်လို့သိရပါတယ်။


ဇူလိုင်လအတွင်း စစ်ကောင်စီက ပုဂ္ဂလိက ဘဏ် ခုကို အရေးယူမည်ဖြစ်ကြောင်းကြေညာချက်ထွက်ပေါ်ပြီးနောက်ပိုင်းဘဏ်များမှ မိမိအကောင့်များကို ငွေထုတ်ယူရာမှာ ကန့်သတ်မှုတို့ဖြစ်ပေါ်ခဲ့ပါတယ်။


"ကိုယ့်ပိုက်ဆံကိုယ်ထုတ်ဖို့တောင် နေ့စဥ်ကြိုးစားနေရတယ်။ဘဏ်အခြေအနေတွေကလည်းစည်းကမ်းကအမျိုးမျိုးထုတ်နေတယ်"လို့ဘဏ်အကောင့်ဖွင့်လှစ်ထားသူတဦးကဆိုပါတယ်။


စစ်ကောင်စီက အရေးယူမည်ဟု ကြေညာထားသော ဘဏ်များမှာ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ်တို့ပါဝင်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မတ္တရာနယ်က မြောက်တံငါတပ်စခန်းကို မန္တလေး PDF သိမ်းပိုက်ခဲ့ရာ ၊လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိ


မန္တလေးတိုင်း မတ္တရာနယ်က မြောက်တံငါဆိုတဲ့စစ်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး က ဒီနေ့ ဇူလိုင် ၁၂ မှာ ထုတ်ပြန်ကြေညာပါတယ်။ 

ဒါ့အပြင် Alpha ဘိလပ်မြေစက်ရုံမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းကုန်းတွေကို နယ်မြေရှင်းလင်းရာမှာလည်း လက်နက်ငယ် ၁၂ လက်ခန့်နဲ့ ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ မန္တလေး PDF က အသိပေးထားပါတယ်။ 

အလားတူ စဉ့်ကူးမြို့နယ် လက်ပန်လှရဲစခန်းကနေ ထွက်ပြေးသွားတဲ့ ရဲမေတဦးရဲ့ အိမ်ကနေလည်း ခြောက်လုံးပျူးသေနတ် တလက်နဲ့ ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။  

မန္တလေး PDF ပါဝင်တဲ့ ပူးပေါင်းတပ်ဟာ မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင် တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအများအပြားကို ဇွန်လနောက်ဆုံးပတ်ကပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၂၅ ရက်ကစပြီး ရှမ်း-မန်းစစ်ဆင်ရေးအဖြစ် စဥ့်ကူးနဲ့မတ္တရာမြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့ရာ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၃၇ ခုအထိ သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။


========================


🚩🚩 ၂။ သပိတ်ကျင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို KIAKPDF နဲ့ ABSDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF နဲ့ ABSDF ပါဝင်တဲ့ ပူးပေါင်းတပ်က ဇူလိုင် ၁၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သပိတ်ကျင်းနဲ့တကောင်းကြားမှာရှိတဲ့ တောင်လယ်စစ်ကောင်စီစခန်းကို ဇူလိုင်လ ၁၁ ရက် မနက် ၁၁ နာရီကျော်အချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ 

စခန်းသိမ်းတိုက်ပွဲကို KIA နဲ့အတူ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်-KPDF ကျောင်းသားတပ်မတော်လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးဟာ KIA အနေနဲ့ ကချင်ပြည်နယ်ပြင်ပမှာဆင်နွှဲတဲ့ စစ်ဆင်ရေးတခုဖြစ်ပြီး မန္တလေးတိုင်းအတွင်း အရှိန်အဟုန် နဲ့ ဆင်နွှဲမယ့် ထိုးစစ်အတွက် စတင်လိုက်တာဖြစ်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေနဲ့ စစ်ရေးသတင်းရင်းမြစ် တွေက သုံးသပ်နေကြပါတယ်။

ရှမ်းမြောက်မဟာမိတ်အဖွဲ့တွေ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း-၂၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖော်ဆောင်နေတဲ့ ရှမ်း-မန်းစစ်ဆင်ရေးတို့နဲ့အတူ ဟန်ချက်ညီဆင်နွှဲလိုက်တဲ့ စစ်ဆင်ရေးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

KIA ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလလယ်ကစပြီး ကချင်နဲ့ရှမ်းမြောက်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မယ့် စစ်ဆင်ရေးတွေ တဆင့်ပြီးတဆင့် ဖော်ဆောင်လာခဲ့ရာကနေ ၂၀၂၄ ခုနှစ် မတ်လ ရက်မှာတော့ ကချင်ပြည်နယ်အတွင်းက စစ်စခန်းအများအပြားကို တပြိုင်တည်း ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးတရပ်ဆင်နွှဲခဲ့တာရှိပါတယ်။ 

မတ်လ ရက်ကစတင်တဲ့ စစ်ဆင်ရေးမှာ အချိန်တိုအတွင်း စစ်ကောင်စီတပ်စခန်းတွေ အများအပြားသိမ်းပိုက်နိုင်ခဲ့သလို  မြစ်ကြီးနား - ဗန်းမော်၊ ဗန်းမော် - လွယ်ဂျယ် ဝိုင်းမော် -ကန်ပိုက်တည်လမ်း၊ ဖားကန့်လမ်း စတဲ့စစ်ရေးအရ အရေးပါတဲ့ လမ်းပိုင်းတွေကို KIA ဦးဆောင်တဲ့တပ်တွေက သိမ်းပိုက်စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ သိန္နီမြို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်


ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ညသန်းခေါင်ယံအချိန်မှာ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

ကိုးကန့်တပ်မတော်-MNDAA က ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတွေ ကလည်း ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း အဖြစ် လားရှိုးမြို့က စစ်ကောင်စီတပ်စခန်းတွေကို MNDAA က တိုက်ခိုက်ခဲ့တဲ့ ဇူလိုင် ရက် ကစပြီး သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာလို့ ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက် ညသန်းခေါင်းယံ ဇူခိုင်လ ၁၂ ရက်မနက် နာရီ ၁၅ မိနစ်ကနေ နာရီ မိနစ် ၄ဝ အတွင်း လေကြောင်း တိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့တာကြောင့် မြို့ပေါ်မှာရှိတဲ့ အထက်တန်းကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ရေးလှုပ်ရှားမှုမရှိဘဲ လေကြောင်းကနေတိုက်ခိုက်နေတာဟာ အကြမ်းဖက်စစ်တပ်နေနဲ့ မြို့ကိုဖျက်ဆီးနေတာလို့ မြို့ခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။  

ပစ်ခတ်ဖျက်ဆီးခံရတဲ့ အထက်တန်းကျောင်းအတွင်းမှာ လူနေထိုင်ခြင်းမရှိတာကြောင့် အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင် ရက်ကနေ ၁၁ ရက်နေ့အတွင်း သိန္နီမြို့ပေါ်က နေရာ ခုထက်မနည်း လေကြောင်းတိုက် ခိုက်မှုတွေလုပ်ခဲ့သလို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် လားရှိုး- သိန္နီပြည်ထောင်စုလမ်းပေါ် က လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၄။ နတ်တလင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်ကို မိုင်းဆွဲတိုက်ခိုက် 


ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ထဲက တောင်ညိုရဲစခန်းကနေ ကလင်းလှည့်ဖို့ထွက်လာတဲ့ ရဲနဲ့ ပျူစောထီး တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F ကထုတ်ပြန်ပါတယ်။


ဇူလိုင်လ ၁၀ ရက်နေ့ ၁၁ နာရီဝန်းကျင်အချိန်က နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုရဲစခန်းကနေ ဆိုင်ကယ် စီးနဲ့ ကင်းလှည့်ထွက်လာတဲ့ ရဲနဲ့ပျူစောထီးတွေကို အောင်ရတနာစာသင်ကျောင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


ဒီတိုက်ခိုက်မှုမှာ ရဲစခန်းမှူးနဲ့ ပျူစောထီးတဦးသေဆုံးပြီး ဦးဒဏ်ရာရသွားတယ်လို့ သတင်းကြားထားပေမယ့် ညအချိန် ဖြစ်တာရယ် စစ်ကောင်စီဘက်က သတင်းဖုံးတာတွေကြောင့် အတည်ပြုဖို့ခက်နေတယ်လို့ Phoenix D F က ပြောထားပါ တယ်။

 

 မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ ရဲနဲ့ပျူစောထီးတွေဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို ဆင်သေရွာက အမျိုးသမီးတဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။


အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးတွေနဲ့ စစ်တပ်ဒေါက်တိုင်တွေကို အလျဉ်းသင့်သလို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့ အတွက် မိဘပြည်သူများ ထိခိုက်မှုမရှိစေဖို့ စစ်သား၊ ရဲ၊ ပျူနဲ့ စစ်တပ်ထောက်တိုင်များအနီး သွားလာခြင်းမပြုလုပ်ကြဖို့  အဆိုပါ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ သာယာဝတီခရိုင် အမှတ် တပ်ရင်း-၃၈၀၁ တပ်ခွဲ PHOENIX D F အဖွဲ့က   မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၅။ အလင်းဝင်လာမယ့် စစ်သားတွေကို ရာထူးအဆင့်လိုက် ဆုငွေချီးမြှင့်ပြီး အသက်အာမခံချက်ပေးမယ်လို့ MNDAA ဖိတ်ခေါ်  


အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာမယ့် စစ်သား တွေကို ရာထူးအဆင့်အလိုက် ဆုငွေချီးမြှင့်ပေးမှာဖြစ်ပြီး အသက်အာမခံချက်ပေးမယ်လို့ ကိုးကန့်တပ်- MNDAA က ဖိတ်ခေါ် လိုက်ပါတယ်။  

တပ်နယ်အားလုံးက အလင်းဝင်သူတို့အား ချီးမြင့်မယ့်ပြဋ္ဌာန်းချက်တစောင်ကို MNDAA က ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ရာမှာ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။ 

မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်က လက်နက်ကိုင်တပ်ဖွဲ့ဝင်အများအပြား MNDAA ရှေ့တန်းတပ်ဖွဲ့တွေဆီမှာ လက်နက်ချခဲ့ကြတယ်လို့ MNDAA က အသိပေးပါတယ်။

အလင်းဝင်လာတဲ့သူတွေကို လူသားချင်းစာနာထောက်ထားတဲ့ ၎င်းတို့ရဲ့အသက်ကို အာမခံချက်ပေးခဲ့ပြီးဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင့်ခိုလှုံကြဖို့ MNDAA က တိုက်တွန်းထားပါတယ်။ 

အလင်းဝင်လာသူတွေကို အသက်အာမံချက်ပေးမယ့်အပြင် လူသားချင်းစာနာသော ဆက်ဆံရေးများပေးမှာဖြစ်ပြီး အခြား အဆင့်ရှိ စစ်သည်များကို ကျပ် ၁၀ သိန်း၊ လက်နက်နဲ့ဆိုပါက ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်ကို ကျပ်သိန်း ၂ဝ၊ လက်နက်နဲ့ဆိုပါက ၂၅ သိန်း၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်ရှိသူကို ကျပ်သိန်း ၃ဝ လက်နက်နဲ့ဆိုရင် ကျပ် ၃၅ သိန်း ချီးမြှင့် မယ်လို့ MNDAA က ထုတ်ပြန်ကြေညာထားပါတယ်။

ကိုးကန့်တပ် - MNDAA ဟာ လက်ရှိမှာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ဖို့ မဟာမိတ်တပ်တွေနဲ့နဲ့အတူ စစ်ဆင်ရေးဖော်ဆောင် နေချိန်မှာ မင်းအောင်လှိုင်ရဲ့စစ်သားတွေကို ဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။  

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းစတင်ခဲ့ချိန်တုန်းက ကိုးကန့်ဒေသတခုလုံးကို MNDAA က သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီ တပ်က အရာရှိနဲ့စစ်သည် ထောင်ချီပြီး MNDAA ထံ လက်နက်ချခဲ့ကြဘူးပါတယ်။


========================


🚩🚩 ၆။ ဘန်ကာတွေကိုဖြိုမဲ့ ဒရုန်းဗုံးသီး အကြီးစားတွေကိုထုတ်လုပ်နေတယ်လို့ ပုံတောင်TIGER PDFအသိပေး


ဇူလိုင်၁၂ရက်


ဘန်ကာတွေကိုဖြိုမဲ့ ဒရုန်းဗုံးသီး အကြီးစားတွေကိုထုတ်လုပ်နေတယ်လို့ ဇူလိုင်၁၂ရက်မှာ ပုံတောင်TIGER PDFကအသိပေးဖော်ပြပါတယ်။


"ဘန်ကာတွေကိုဖြိုမဲ့ ဒရုန်းဗုံးသီး အကြီးစားတွေကိုလဲ ထုတ်လုပ်နေပါတယ်။ထုတ်လုပ်ရေး ရှေ့ဆက်ပီး ထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းပစ္စည်းဖိုး၊ယမ်းဖိုးတွေကိုလဲ ကူပေးကြပါဦးဗျ"လို့ဆိုပါတယ်။


ပုံတောင်TIGER PDFဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက်ပါဝင်နေသောတော်လှန်ရေးအင်အားစုတရပ်လည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment