12th JUL 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်နဲ့ အကူအညီတွေ ချက်ချင်းပေးအပ်နိုင်ရေး ကဏ္ဍတွေကို ပိုပြီး ဦးစားပေးလုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု့နှင့် MFDMCမှထောက်ပို့ခဲ့သော ကျပ်သိန်းသုံးထောင်လေးရာ တန်ဖိုးရှိ လက်နက်များမြေပြင်ရှိ တော်လှန်ရေးအင်အားစုများထံရောက်ရှိ

📌 ၃။ ပုံညာတောင်တန်း စစ်ရှောင်စခန်းတွင် စာသင်ကျောင်းအသစ် ဖွင့်လှစ်

📌 ၄။ ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူနှင့် နေအိမ်ဖောက်ထွင်းသူ (၁၈၀)ဦးဖမ်းဆီးရမိ

📌 ၅။ လားရှိုးမြို့ထဲ ကျန်နေသူတွေ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီ လိုအပ်ရင် FYO ကို ဆက်သွယ်နိုင်

📌 ၆။ လားရှိုးမြို့ဆေးရုံကြီးတွင် ဆရာဝန်အချို့လည်း စစ်ရှောင်သွားသောကြောင့် ဆရာဝန်များ လုံလုံလောက်လောက် မရှိတော့

📌 ၇။ နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် သေဆုံးသူ(၁၄၇)ဦး ရှိခဲ့ပြီး ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ သေဆုံးမှုအများဆုံးဖြစ်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လားရှိုးမြို့အနီးတဝိုက် လှုပ်ရှားနေသော MNDAA တပ်သားများ လိုက်နာရမည့် တားမြစ်မိန့်များ၊ အကောင်အထည်ဖော်ရန် အချက်များနှင့် စည်းကမ်းမလိုက်နာတဲ့ MNDAA တပ်သားများကို တိုင်ကြားရန် ဖုန်းနံပါတ်များ MNDAA ထုတ်ပြန်

🚩 ၂။ တပ်အပြောင်းရွေ့ ပြုလုပ်ရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ဦးသေဆုံး

🚩 ၃။ ထီးလင်းမြို့ အတွင်းက စစ်ကောင်စီ တပ်စွဲထားရာ နေရာများကို Drone, Rocket, လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

🚩 ၄။ ပုသိမ်-မုံရွာ လမ်းမကြီးတစ်နေရာမှာ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်

🚩 ၅။ ပေါက်ခေါင်းမြို့နယ် ရွှေကူရွာ အုပ်ချုပ်ရေးမှူး ထပ်မံပစ်သတ်ခံရ

🚩 ၆။ ဝိုင်းမော်မှာ ရှမ်းနီတရားစီရင်ရေး စာသားပါ ကတ်ချိတ်ထားပြီး အမျိုးသား ဦး ထပ်မံ သတ်ခံရ

🚩 ၇။ ပင်လောင်းမှာ PNO ပြည်သူ့စစ်က ပြည်သူပိုင်ကားတွေကို ချောဆွဲပြီး ရှေ့တန်းပို့ခိုင်းနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်နဲ့ အကူအညီတွေ ချက်ချင်းပေးအပ်နိုင်ရေး ကဏ္ဍတွေကို ပိုပြီး ဦးစားပေးလုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇူလိုင်လ ၁၁ရက်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်နဲ့ အကူအညီတွေ ချက်ချင်းပေးအပ်နိုင်ရေး ကဏ္ဍတွေကို ပိုပြီး ဦးစားပေးလုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


ဇူလိုင်လ (၁၁) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄)တွင်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


"အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးကို ဘက်ပေါင်းစုံက တိုက်စစ်ဖွင့်ပြီး အရှိန်မြှင့် ဆောင်ရွက်နေကြချိန်မှာ အုပ်ချုပ်ရေး အဖွဲ့တွေအနေနဲ့ ထောက်ပို့ကဏ္ဍနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်နဲ့ အကူအညီတွေ ချက်ချင်းပေးအပ်နိုင်ရေးကဏ္ဍတွေကို ပိုပြီး ဦးစားပေးလုပ်ဆောင်ကြဖို့ အသင့် ရှိစေလိုပါကြောင်း။ ဒါ့အပြင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက်လည်း ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဆောင်ရွက်ပေးဖို့ကို ညွှန်ကြားလိုပါကြောင်း။ ကျွန်တော်တို့အနေနဲ့ ဒီရက်ပိုင်း ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေကလည်း ဖြစ်လာတာကြောင့် အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းအတွက် ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းလိုပါကြောင်း။ အချို့ဒေသများမှာ စိုက်ခင်းတွေပါ ရေဘေးသင့်ကုန်တာကြောင့် စိုက်ခင်းတွေ ပျက်စီးကြသလို သိုလှောင်ထားကြတဲ့ မျိုးစေ့တွေလည်း ပျက်စီးဆုံးရှုံးကုန်မှာဖြစ်ပါကြောင်း။ ဒါ့ကြောင့် ရေပြန်ကျတဲ့အခါမှာ မူလအတိုင်း ပြန်လည်စိုက်ပျိုးနိုင်ကြဖို့ လိုအပ်တဲ့ မျိုးစေ့ ထောက်ပံ့မှုတွေကိုလည်း လုပ်ဆောင်ပေးဖို့ စိုက်ပျိုးရေးဌာနဘက်ကလည်း စဥ်းစားထားဖို့လိုမှာ ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၄/၂၀၂၄)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု့နှင့် MFDMCမှထောက်ပို့ခဲ့သော ကျပ်သိန်းသုံးထောင်လေးရာ တန်ဖိုးရှိ လက်နက်များမြေပြင်ရှိ တော်လှန်ရေးအင်အားစုများထံရောက်ရှိ


ဇူလိုင်လ ၁၁ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု့နှင့် MFDMCမှထောက်ပို့ခဲ့သော ကျပ်သိန်းသုံးထောင်လေးရာ တန်ဖိုးရှိ လက်နက်များမြေပြင်ရှိတော်လှန်ရေးအင်အားစုများထံရောက်ရှိတယ်လို့သတင်းရရှိပါတယ်။


ဇူလိုင်၁၁ရက် MFDMCကတရားဝင်အသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု့နှင့် MFDMCမှ ထောက်ပို့ခဲ့သော ကျပ်သိန်းသုံးထောင်လေးရာ(၃၄၀,၀၀၀,၀၀၀)တန်ဖိုးရှိ ပစ္စည်းများ တာဝန်ထမ်းဆောင်ရန် မြေပြင်သို့ရောက်ရှိနေပါပြီ။ ပြည်ပမှာရောက်ရှိနေသော ထောက်ပို့တပ်သားများ၏ ထောက်ပို့ငွေများပါဝင်ပါတယ်လို့ ဖော်ပြပါတယ်။


MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့ပြီး ထိရောက်သော ထောက်ပံ့မှုများကိုဆက်လက် ဆောင်ရွက် ပို့ဆောင်နေလျှက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ပုံညာတောင်တန်း စစ်ရှောင်စခန်းတွင် စာသင်ကျောင်းအသစ် ဖွင့်လှစ်


ဇူလိုင်လ ၁၁ရက်။ 

RadioNUG


ထီးလင်းမြို့နယ် အနောက်ခြမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထူတောင်ပေးထားသော ပုံညာတောင်တန်း စစ်ရှောင်စခန်းတွင် ကျောင်းသားကလေးငယ်များအတွက် စာသင်ကျောင်း ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စာသင်ကျောင်းကို Save for Yaw မှ မတည်ငွေနှင့် အခြားအလှူရှင်များရဲ့ လှူဒါန်းငွေများဖြင့် ဆောက်လုပ်ခဲ့တဲ့ စာသင်ကျောင်းဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထီးလင်းမြို့နယ်အနောက်ခြမ်းမှ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကာ အလှူရှင် တစ်ဦးချင်းစီအား ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။


အဲ့ဒီစစ်ရှောင်စခန်းမှာ KG ကနေ Grade 9 အထိ ကျောင်းသားဦးရေ ၂၀ ဝန်းကျင်ရှိကာ ကျောင်းဆရာ ဦးတည်းကပဲ စာသင်ပေးနေတယ်လို့ သိရပါတယ်။


စာသင်ကျောင်းဆောင် မဆောက်ခင်က အပင်ရိပ်အောက်တွေမှာ ဖျာခင်းသင်ရသလို အတန်းအလိုက်ခွဲပြီး စစ်ရှောင်တဲတွေပေါ်မှာ စာသင်ခဲ့ရတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူနှင့် နေအိမ်ဖောက်ထွင်းသူ (၁၈၀)ဦးဖမ်းဆီးရမိ


ဇူလိုင်လ ၁၁ရက်။ 

RadioNUG

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း()အတွင်း ကျောက်မဲမြို့တွင် စစ်ကောင်စီသတင်းပေး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကားသူနှင့် နေအိမ်ဖောက်ထွင်းသူ တရားခံ (၁၈၀)ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသဖြစ်သည့် ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ ကျား(၁၄၆)ဦး၊ (၁၁)ဦးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ကျား () ဦးနှင့် ()ဦး စုစုပေါင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ (၁၅၉) ဦး ပါဝင်တယ်လို့ သိရပါတယ်။


၎င်းတို့သည် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်နှင့် သတင်းပေးရန် စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျခဲ့ဖူးသူများ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


PSLF/TNLA သည် ကျောက်မဲမြို့အနီးထိမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာမှုကြောင့် ထိုဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲနေသူများသည် စစ်ကောင်စီ ထိန်းချုပ်သည့် ကျောက်မဲမြို့တွင်းသို့ ထွက်ပြေးခိုအောင်းခဲ့ပါတယ်။


ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုကို အခွင့်ကောင်းယူကာ နေအိမ်များ ပိတ်ထားပြီး စစ်ဘေးရှောင်နေသည့် ပြည်သူလူထုများ၏ နေအိမ်များအား ဖောက်ထွင်းခြင်း၊ တန်ဖိုးရှိပစ္စည်းများ ခိုးယူနေသူ ()ဦးနှင့် စစ်ကောင်စီအမှတ်အသားပါ လက်နက်ငယ် ကိုင်ဆောင်သူ ()ဦး၊ မြို့အတွင်း မူးယစ်ရမ်းကားသူ ()ဦးတို့ကိုလည်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ လိုက်လံကင်းလှည့်နေချိန် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


အလားတူ တိုက်ပွဲအတွင်း PSLF/TNLA နှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်အား သတင်းပေးသူ (၁၆)ဦးတို့ကိုလည်း ဖမ်းဆီးရမိထားခဲ့ပြီး အဆိုပါ ၁၈၀ ဦးကို လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ လားရှိုးမြို့ထဲ ကျန်နေသူတွေ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီ လိုအပ်ရင် FYO ကို ဆက်သွယ်နိုင်


ဇူလိုင်လ ၁၁ရက်။ 

RadioNUG

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲမှာ ကျန်ခဲ့တဲ့ ဒေသခံတွေ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီ လိုအပ်လာရင် လားရှိုးမြို့မှာရှိတဲ့ လွတ်လပ်သော လူငယ်များအဖွဲ့ (FYO)ကို ဆက်သွယ် အကူအညီတောင်းနိုင်တယ်လို့ ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။


လားရှိုးမြို့ မန်ဆူဟိုတယ်အနောက်ဘက်ရှိ ဆောက်လက်စတိုက်မှာ စစ်ရှောင် ၈၀၀ ကျော်ကို နေစရာပေးထားပြီး ရပ်ကွက် ရှိ တိုက်စိမ်းမှာ စစ်ရှောင် ၁၀၀၀ ကျော် စုစုပေါင်း ၂၀၀၀ နီးပါးကို နေစရာအပြင် ဝိုင်းကူဝိုင်းစားအနေနဲ့ စားစရာပါ စီစဉ်လက်ခံထားပြီး နောက်ထပ်ရှောင်လာတဲ့ စစ်ရှောင်တွေကိုလည်း လက်ခံနေတယ်လို့ FYO အဖွဲ့ ဥက္ကဋ္ဌ ကိုစိုင်းလျန်းက ပြောထားပါတယ်။


ဒါ့အပြင် အိမ်မှာ စားစရာမရှိတော့ရင်လည်း FYO ကိုဆက်သွယ် အကူအညီတောင်းနိုင်ပြီး FYO က အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်နဲ့ ဆီ၊ ဆားတွေကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးတာတွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။


မန်ဆူဟိုတယ် အနောက်ဘက်က တိုက်နဲ့ တိုက်စိမ်းကို စစ်ရှောင်လာတဲ့ ဒေသခံတွေအနေနဲ့ စောင်နဲ့ အိပ်ယာခင်းတွေ ယူလာရမှာဖြစ်ပြီး လာဖို့ အခက်အခဲရှိရင် FYO က ကားနဲ့ အိမ်တိုင်ရာရောက် လာကြိုပေးတယ်လို့လည်း ဆိုပါတယ်။


အကူအညီ လိုအပ်နေသူတွေအနေနဲ့ FYO ရဲ့ Page messenger မှဖြစ်စေ FYO ရဲ့ ဥက္ကဋ္ဌ ကိုစိုင်းလျန်း ဖုန်း- 09 693 701 115 နဲ့ 09 263 239 412 တို့ကိုလည်း ဆက်သွယ် အကူအညီ တောင်းနိုင်ပါတယ်။


========================


📌📌 ၆။ လားရှိုးမြို့ဆေးရုံကြီးတွင် ဆရာဝန်အချို့လည်း စစ်ရှောင်သွားသောကြောင့် ဆရာဝန်များ လုံလုံလောက်လောက် မရှိတော့


ဇူလိုင်လ ၁၁ရက်။

လားရှိုးမြို့ဆေးရုံကြီးတွင် ဆရာဝန်အချို့လည်း စစ်ရှောင်သွားသောကြောင့် ဆရာဝန်များ လုံလုံလောက်လောက် မရှိတော့ဘူးလို့သိရပါတယ်။


လက်ရှိအချိန်အတွင်း အရေးပေါ်လူနာများမှလွဲ၍ ကျန်လူနာများအား စိုးရိမ်အခြေနေမဟုတ်ပါက လိုအပ်တဲ့ ဆေးကုသမှုများဆောင်ရွက်ပေးပြီး မိမိနေထိုင်ရာနေရာ၌သာ ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်ရန် ညွှန်ကြားတယ်လို့ သိရပါတယ်။


ဇူလိုင် ၁၁ ရက် နေ့လယ် နာရီကျော်ဝန်းကျင်လောက်က ရှမ်းမြောက် လားရှိုးမြို့ရပ်ကွက်()ရဲ့ ကရင်ဘုရားကျောင်းနောက်၊ မြောင်းမြလမ်းအောက် သာသနာ ၂၅၀၀ အစပ်နဲ့ တက္ကသိုလ်ရှေ့ စနိုးဝိုက်လမ်းကြားနေရာတွေမှာ လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ခရစ်ယာန် ဆရာတော်တစ်ပါး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် သေဆုံးသူ(၁၄၇)ဦး ရှိခဲ့ပြီး ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ သေဆုံးမှုအများဆုံးဖြစ်


ဇူလိုင်လ ၁၁ရက်။

နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် သေဆုံးသူ(၁၄၇)ဦး ရှိခဲ့ပြီး ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့မှာ သေဆုံးမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၅၃)ဦးနှင့် ယောကျ်ားလေး (၉၄)ဦး စုစုပေါင်း (၁၄၇)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်။


အဆိုပါ (၁၄၇)ဦးအနက် ရခိုင်ပြည်နယ်မှာ (၃၇)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၃၃)ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။


၎င်း(၁၄၇)ဦးတွင် သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၆၉)ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၅၄) ဦးဖြင့် ဒုတိယ အများဆုံးသေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လားရှိုးမြို့အနီးတဝိုက် လှုပ်ရှားနေသော MNDAA တပ်သားများ လိုက်နာရမည့် တားမြစ်မိန့်များ၊ အကောင်အထည်ဖော်ရန် အချက်များနှင့် စည်းကမ်းမလိုက်နာတဲ့ MNDAA တပ်သားများကို တိုင်ကြားရန် ဖုန်းနံပါတ်များ MNDAA ထုတ်ပြန်


ဇူလိုင်လ ၁၁ရက်။ 

RadioNUG

လားရှိုးမြို့ အနီးတဝိုက် (သို့) မြို့တွင်းသို့ ဝင်ရောက်လျက်ရှိသော MNDAA တပ်ဖွဲ့ဝင်များအတိအကျ လိုက်နာရမည့် တားမြစ်မိန့်များမှာ

() အနိုင်အကျင့် သတ်ဖြတ်ခြင်း မပြုရ။

() ပြည်သူလူထု၏ စည်းစိမ်ဥစ္စာ ထိပါးခြင်း မပြုရ။

() စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ယာဉ်များ သိမ်းဆည်းသုံးဆောင်ခြင်း မပြုရ။

() စစ်ဘေးရှောင်ဒုက္ခသည်များထံမှ ငွေသားကောက်ခံ တောင်းယူခြင်း မပြုရ။

() စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်း မပြုရ။

() ခွင့်ပြုမိန့်မရှိဘဲ ကုမ္မဏီအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်း မပြုရနှင့် သိမ်းဆည်းရ ပစ္စည်းဥစ္စာများအားလုံးကို ပြည်သူပိုင်ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ အပ်နိုင်ရမည်။

() လမ်းကြောင်းပိတ်ပြီး တပ်သားသစ်စုဆောင်းခြင်း အထူးသဖြင့် ကလေးလူငယ်များအား တပ်သားသစ်အဖြစ် စုဆောင်းခြင်း မပြုရ။

() လူမျိုးဘာသာ ခွဲခြားဆက်ဆံခြင်း မပြုရ။

() အထက်ပါ စည်းမျဉ်းစည်းကမ်းနှင့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက စစ်ဥပဒေအရ အရေးယူခြင်းခံရမည်။လို့ ဖော်ပြထားပါတယ်။


အလားတူ လူသားချင်းစာနာထောက်ထားမှု  စိတ်ဓါတ်ဖော်ဆောင်ရန်နှင့် ဘေးဒုက္ခ ကျရောက်နေသော ပြည်သူများကို လက်ကမ်းကူညီပေးရန် တိုက်တွန်းပြီး အတိအကျလိုက်နာဆောင်ရွက် အကောင်အထည်ဖော်ရန် အချက်များမှာ

() ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင်အဆောက်အအုံများအား ကာကွယ်စောင့်ရှောက် ပေးရမည်။

() သမိုင်းဝင် အမွေအနှစ်နှင့် စာရွက်စာတမ်းများအား ကောင်းမွန်စွာ ထိန်းသိမ်းပေးရမည်။

() စစ်ဘေးရှောင်ဒုက္ခသည်များ တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသော လမ်း ကြောင်း ဖွင့်ပေးရန်နှင့် ကူညီပေးရမည်။

() ဒေသခံ နယ်မြေအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး လုံခြုံစိတ်ချရသော ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးရန်နှင့် စီမံခန့်ခွဲ နေရာချထားပေးရမည်။

() စစ်သုံ့ပန့်များအား ကောင်းမွန်စွာ ဆက်ဆံရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား အထူးစောင့်ရှောက်ပေးရမည်။

() ဒဏ်ရာရနေသော (သို့) နာမကျန်းဖြစ်နေသော စစ်ပြေးဒုက္ခသည်များနှင့် စစ်သုံ့ပန့်များအား လူသားချင်းစာနာထောက်ထားပြီး ကောင်းမွန်စွာ ဆေးကုသမှုပေးရမည်။

() လက်ရှိ ဒေသခံရပ်ကွက်ဥက္ကဌနှင့် သူကြီးများအားလုံးမှတဆင့် ပြည်သူအားလုံးထံသို့ လေကြောင်းတိုက်ခိုက်ခြင်းမှ ကြုံတွေ့နိုင်မည့် ဘေးအန္တရာယ်များကို တိမ်းရှောင်နိုင်ရန်အ တွက် ပညာဗဟုသုတပေးခြင်းနှင့် ရပ်ကွက်လုံခြုံရေးနှင့် ပြည်သူပိုင် အိုးအိမ်စည်းစိမ်များ အား ကာကွယ်ပေးခြင်းကို အကောင်အထည်ဖော်ပေးရမည်။

() လားရှိုးမြို့တွင်းရှိ လက်ရှိ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် သူနာပြုဝန်ထမ်းများအားလုံး မိမိတာဝန်ကို လက်ရှိရာထူးနှင့် လစာအတိုင်း ဆက်လက်ထမ်းဆောင်ထားနိုင်ပါသည်။

() MNDAA တပ်ဖွဲ့ဝင်များအားလုံး တားမြစ်မိန့် လိုက်နာမှု ရှိမရှိ ပြည်သူလူထုများမှ စောင့်ကြည့်ပေးရန်နှင့် အောက်ပါဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ပါသည်။


တိုင်ကြားနိုင်ရန် ဖုန်နံပါတ်များမှာ ၀၉ ၆၇၈ ၂၄၃ ၆၂၆ (လီဦးစီးဌာနမှူး) ဝ၉ ၆၇၈ ၁၇၂ ၁၃၆ (ရန်ဦးစီးဌာနမှူး) ဝ၉ ၈၈၂ ၉၅၄ ၅၆၅ (ဟဲအရာရှိ)တို့ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ တပ်အပြောင်းရွေ့ ပြုလုပ်ရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ဦးသေဆုံး


ဇူလိုင်လ ၁၁ ရက်။ 

Radio NUG

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကနေ တပ်အပြောင်းရွေ့ ပြုလုပ်ရန် ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများ ချုံခိုတိုက်ခိုက်ခံရပြီး စစ်သား ဦး သေဆုံးခဲ့တယ်လို့ CDF - Asho က သတင်းထုတ်ပြန် ထားပါတယ်။


ဇူလိုင်လ ရက်နေ့ မနက် နာရီ ၁၅ မိနစ်ခန့်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲ မင်းဘူး - အမ်း လမ်းပေါ်က မှိန်းစိမ်းရွာ လမ်းခွဲအနီးမှာ ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho)နဲ့ ဧရာဝတီ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကြောင်း (APDF) တို့က ချုံခိုတိုက်ခိုက်ခဲ့တာပါ။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ထွက်ပြေးသွားခဲ့သူ အချို့လည်းရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်သားများထံမှ MA အမျိုးအစား သေနတ်()လက်၊ ဘီအေ - ၆၃(G-3) သေနတ် ()လက်ကို သိမ်းဆည်းရမိ ခဲ့တယ်လို့ CDF – Asho က ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ထီးလင်းမြို့ အတွင်းက စစ်ကောင်စီ တပ်စွဲထားရာ နေရာများကို Drone, Rocket, လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်


ဇူလိုင်လ ၁၁ ရက်။ 

Radio NUG


စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့ အတွင်းက စစ်ကောင်စီ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ဗျာဒိတ်ကုန်း၊ မီးသတ်ကုန်း၊ ရဲစခန်း၊ အောင်တော်မူ၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံး၊ စာသင်ကျောင်းစတဲ့ နေရာများကို Drone, Rocket, ၁၀၀ မမ, ၆၀ မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်၊ အမှတ် (၁၈) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ရက်နေ့မှာ ဂန့်ဂေါခရိုင် အမှတ် (၁၆, ၁၇, ၁၈) တပ်ရင်းများနဲ့ ထီးလင်း ပကဖတို့ ပူးပေါင်းပြီး Drone ဗုံးသီး ၂၃ လုံး၊ လက်လုပ် ၁၀၀ မမ ဗုံးသီး လုံး၊ လက်လုပ် ၆၀ မမ ဗုံးသီး ၂၀ လုံး၊ Rocket ၁၀ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။


ထို့အပြင် ထီးလင်းမြို့၊ ဗျာဒိတ်ကုန်း အနီးမှာ ဂန့်ဂေါခရိုင် PDF တပ်ရင်းမှ ကင်းထောက် တပ်စိတ်များနဲ့ စစ်ကောင်စီ တပ်ဖွဲ့များ မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။


အဆိုပါ တိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိခဲ့ဘူးလို့ သိရပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျရှုံးမှုကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပုသိမ်-မုံရွာ လမ်းမကြီးတစ်နေရာမှာ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်


ဇူလိုင်လ ၁၁ရက်။

RadioNUG


ဇူလိုင်လ ၁၁ရက်နေ့ မနက်ပိုင်းတွင် မြိုင်မြို့နယ် ကိုင်းတောမရေစက်၏ အနောက်ဘက် မီတာ ၇၀ အကွာရှိ ပုသိမ်-မုံရွာ လမ်းမကြီးတစ်နေရာမှာ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Young Force UGက သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်သား ()ဦး သေဆုံးပြီး()ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Pakokku People's Defense Force Earthquake People's Defence Force မဟာမိတ်တပ်ပေါင်းစု (MUGDF +James Bond +ဇာမဏီပြောက်ကျားတပ်ဖွဲ့) Justice Revolution Force ဝံပုလွေအဖွဲ့၊ Hunter PKU Thurain-TR Shwe Nyar Myae PDF Pakokku Ranger Young Force - UG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။--------


========================


🚩🚩 ၅။ ပေါက်ခေါင်းမြို့နယ် ရွှေကူရွာ အုပ်ချုပ်ရေးမှူး ထပ်မံပစ်သတ်ခံရ


ဇူလိုင်လ ၁၁ ရက်။ 

Radio NUG


ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြိုးပင်ဝိုင်းအုပ်စု၊ ရွှေကူရွာမှ ပစ်ခတ်ရှင်းလင်း ခံထားရတဲ့ အုပ်ချုပ်ရေးမှူး ပွါးသီးနေရာ အစားဝင်လာတဲ့ အုပ်ချုပ်ရေးမှူး ဝင်းနိုင်ကို ထပ်မံပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ PPDF တပ်ရင်း ၃၆၀၁ က သတင်းထုတ်ပြန် ထားပါတယ်။


အုပ်ချုပ်ရေးမှူး ဝင်းနိုင်ကို ဇူလိုင်လ ၁၁ ရက်နေ့ မနက် နာရီ ၄၀ ခန့်မှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် PPDF တပ်ရင်း ၃၆၀၁ တပ်ခွဲ()နဲ့ တပ်ခွဲ ()တို့က ရွေကူရွာ အနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဦးခေါင်း ထိမှန်ကာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


၎င်းအား စစ်မှုထမ်း ကိစ္စများကို ဆောင်ရွက်နေခြင်း၊ PDF နဲ့ ထောက်ပို့များအား စုံစမ်းကာ စစ်ကောင်စီထံ သတင်းပေးခြင်း၊ ဘယ်သူမှ အုပ်ချုပ်ရေးမှူး မလုပ်ရဲရင် ငါလုပ်တယ်လို့ ကြွေးကျော်ကာ အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်အဖြစ် စိတ်လိုလက်ရ လုပ်ကိုင်နေခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ဝိုင်းမော်မှာ ရှမ်းနီတရားစီရင်ရေး စာသားပါ ကတ်ချိတ်ထားပြီး အမျိုးသား ဦး ထပ်မံ သတ်ခံရ


ဇူလိုင်လ ၁၁ ရက်။

RadioNUG

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ Shan Ni Judiciary – SNJ (ရှမ်းနီတရားစီရင်ရေးအဖွဲ့) ဆိုတဲ့ စာသားပါ ကတ် ချိတ်ဆွဲထားပြီးအမျိုးသား ဦး အသတ်ခံရကြောင်း လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။


အသတ်ခံရသူ နှစ်ဦးဟာ အသက် (၃၀)ဝန်းကျင် လူလတ်ပိုင်းတွေဖြစ်ပြီး ရပ်ကွက် မှာ အလောင်းတစ်လောင်း၊ ရပ်ကွက် မှာ အလောင်းတစ်လောင်းတွေ့ကာ တစ်ယောက်က လည်ပင်းကို လှီးခံထားရပြီး နောက်တစ်ယောက်က ထိုးနှက်ကန်ကျောက်ထားတဲ့ ဒဏ်ရာတွေနဲ့ ဖြစ်တယ်လို့ သိရပါတယ်။


ဇွန်လ ၂၉ ရက်မှာလည်း မြစ်ကြီးနားမြို့မှာ တစ်ရက်ထဲ အသတ်ခံထားရတဲ့ အမျိုးသား အလောင်း နှစ်လောင်းတွေ့ရှိခဲ့ပြီး အဲတုန်းကလည်း Shan Ni Judiciary – SNJ (ရှမ်းနီတရားစီရင်ရေးအဖွဲ့)ဆိုတဲ့ စာသားပါ ကတ် ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ ပင်လောင်းမှာ PNO ပြည်သူ့စစ်က ပြည်သူပိုင်ကားတွေကို ချောဆွဲပြီး ရှေ့တန်းပို့ခိုင်းနေ


ဇူလိုင်လ ၁၁ ရက်။ 

Radio NUG

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်က ကျေးရွာတွေမှာ PNO အသွင်ပြောင်း ပအိုဝ်းပြည်သူ့စစ်က ပြည်သူပိုင်ကားတွေကို အဓမ္မချောဆွဲပြီး ရှေ့တန်း မောင်းပို့ခိုင်းနေတယ်လို့ ဒေသတွင်းက သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ရွှေဖီမြေ သတင်းဌာနက ဖော်ပြပါတယ်။


ဇူလိုင်လ ဒုတိယ အပတ်က စတင်ပြီး ပင်လောင်းမြို့နယ်ထဲက တောင်လေး၊ ဝိုင်းလီး၊ လိန်းညား၊ ပင်ခွန်ရွာ တို့က ပြည်သူတွေရဲ့ ကားတွေကို ချောဆွဲနေတာဖြစ်ပြီး ဆီဆိုင်မြို့နယ်နဲ့ ကရင်နီဒေသက စစ်ဖြစ်တဲ့နေရာတွေကို ပို့ခိုင်းနေတယ်လို့ သိရပါတယ်။


PNOဘက်က ကားတွေကိုသာ သီးသန့် ချောဆွဲနေကြတာဖြစ်ပေမယ့် ကားပိုင်ရှင်တွေက ကားအပိုင်သိမ်းသွားမှာကို စိုးရိမ်ရတာကြောင့် အသက်အန္တရာယ်ကြားက လူကိုယ်တိုင် လိုက်မောင်းပို့နေရတယ်လို့ ဆိုပါတယ်။


အခုလို ချောဆွဲခံနေရတာကြောင့် ကားပိုင်ရှင်တွေအနေနဲ့ ဘုန်းကြီးကျောင်းကို ပို့တာ၊ လျော့ဈေးနဲ့ အမြန်ရောင်းချတာ၊ ထွက်ပြေးတိမ်းရှောင်တာတွေ လုပ်နေရတယ်လို့ သိရပါတယ်။


ထို့အပြင် ပင်လောင်းနဲ့ ဆီဆိုင်က ကျေးရွာတချို့မှာ ဒေသခံတွေက ထမင်းထုပ်တွေ နေ့စဉ်ပို့ပေးနေရပြီး အသားမပါပါက လက်မခံတာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment