13th JUL 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာမှ မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှု NUG ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်သူ့ရဲအဖွဲ့က စုံစမ်းအရေးယူဖော်ထုတ်မည်ဟု ထုတ်ပြန်

📌 ၂။ စင်ကာပူ ရှိ မြန်မာသံရုံးက မြန်မာအချို့၏ ပတ်စပို့သက်တမ်းများကိုဖျက်သိမ်းမှုများ ဆက်လက်ကျုးလွန်နေ

📌 ၃။ သံတွဲအကျဉ်းထောင်က ဝန်ထမ်း ၇ဝ ကျော်ထွက်ပြေးသွာတာကြောင့် ထောင်ပိုင်အပါအဝင် ဦးသာကျန်

📌 ၄။ မွန်ပြည်နယ်မှာ စစ်တပ်ကသတ်ဖြတ်တာကြောင့် လတာအတွင်း အရပ်သားပြည်သူ ၇၂ ဦးသေဆုံး 

📌 ၅။ နယ်သာလန်နိုင်ငံ ဟိတ်ဂ်မြို့က ICJ ရုံး၊ ICC ရုံးနဲ့ EU ရုံးအနီးမှာရန်ကုန်မှာ ပြန်ဆုံမယ်စာတမ်းပါအင်္ကျီများဝတ်ဆင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် 


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၀ ရှိလာ 

🚩 ၂။ မတ္တရာနယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ဦး သေဆုံး

🚩၃။ ရေးမြို့နယ်အပိုင်ထဲက ပြည်ထောင်စုလမ်းမပေါ်တက်လာတဲ့ စစ်ကြောင်းကို ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး

🚩 ၄။ ဂုတ်တွင်းစခန်းကို TNLA က ထပ်မံသိမ်းပိုက်ရမှာ စစ်တပ်ဘက်က သေဆုံးသများပြီး လက်နက်ခဲယမ်းများ ထပ်မံရရှိ 

🚩 ၅။ လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရမှတ်ခံရပြီး အလယ်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်တပ်ကနေ အပြီးအပိုင်ထုတ်ပယ် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာမှ မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှု NUG ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်သူ့ရဲအဖွဲ့က စုံစမ်းအရေးယူဖော်ထုတ်မည်ဟု ထုတ်ပြန်


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာမှ မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှု နှင့်ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်ရေးအတွက်  NUG ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်သူ့ရဲအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ၁၃  )ရက်‌ နေ့ရက်စွဲပါ သတင်းထုတ်ပြန်ချက် (/၂၀၂၄)ကိုထုတ်ပြန်၍  စုံစမ်းအရေးယူဖော်ထုတ်မည်ဟု ထုတ်ပြန်လိုက်ပါသည်။ထုတ်ပြန်ချက်တွင်-

 ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ () ရက်နေ့ (၉း၃၀) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော မောင်မြင့်မြတ်ဦး (အသက် ၁၇ နှစ်) (အဘ- ဦးကျော်မင်းစိုး) သည် စိုင်နိုင်ကြီးကျေးရွာ၊ သင်္ချိုင်းအနီးတွင် လည်ပင်းပြတ်ရှဒါဏ်ရာ၊ ဝဲနဖူး ပြတ်ရှဒါဏ်ရာ၊ ညာဘက်ဂျိုစောင်းပြတ်ရှဒါဏ်ရာ၊ ညာဘက် လက်မောင်းထိုးသွင်းပေါက်ထွက် ဒါဏ်ရာများဖြင့်သေဆုံးနေကြောင်းတွေ့ရှိခဲ့သဖြင့် ဖခင် ဖြစ်သူမှ ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ စခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ပါသည်။

၂။ ထိုသို့တိုင်တန်းချက်အပေါ် ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ()၁၂/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး၊ တရားလိုစစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်းများကို ပြည်သူ့ရဲတပ်ဖွဲ့ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါသည်။ 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် မောင်မြင့်မြတ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံ အမြန်ဆုံးပေါ်ပေါက်ပြီး၊ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများ အနေဖြင့်လည်း တရားခံ အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးခြင်း အပါအဝင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ပါရှိပါသည်။


========================


📌📌 ၂။ စင်ကာပူ ရှိ မြန်မာသံရုံးက မြန်မာအချို့၏ ပတ်စပို့သက်တမ်းများကိုဖျက်သိမ်းမှုများ ဆက်လက်ကျုးလွန်နေ


Radio NUG ဇူလိုင် ၁၃


စင်္ကာပူနိုင်ငံရှိ စစ်ကောင်စီခြေကုပ်ယူထားတဲ့ မြန်မာသံ့ရုံးက မြန်မာအချို့၏ ပတ်စပို့သက်တမ်းများကို တဘက်သတ် ဖျက်သိမ်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကြားသိရပါတယ်။

အခု ၂၀၂၄ ခုနှစ်အတွင်းမှာတော့ စင်ကာပူရှိ မြန်မာသံရုံးက မြန်မာပတ်စ်ပို့အများအပြား၏ သက်တမ်းများကို တဘက်သပ် ရုတ်သိမ်းထားကြောင်း စင်ကာပူ၏ လူဝင်မှုကြည့်ကြပ်ရေးကို စာပို့ထားတယ်လို့ မြန်မာအရေးတက်ကြွသူအဖွဲ့တခုက ရေဒီယိုNUG ကို ပြောကြားလိုက်ပါတယ်။ 

၂၀၂၃ နှစ်ကုန်ပိုင်းတုန်းကလည်း ၎င်းတို့၏ မြန်မာနိုင်ငံကူးလက်မှတ်များကို မြန်မာစစ်ကောင်စီက ဖျက်သိမ်းထားကြောင်း စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ မြန်မာပတ်စ်ပို့ကိုင်ဆောင်သူ ဦး အနည်းဆုံးကို စင်ကာပူအစိုးရက လေဆိပ်တွင် သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ 

တချို့ကတော့ လေဆိပ်က အထွက်မှာ စလုံးအရာရှိက သတိပေးလိုက်တယ်။ ပတ်စပို့သက်တမ်း ကုန်နေတယ်၊ ဖျက်သိမ်းခံထားရတယ်၊ ပြန်ဝင်လို့ မရနိုင်ဘူး၊ မြန်မာပြည်ပြန်ပြီး ဖြေရှင်းပြီးမှ ပြန်လာလို့ရမယ်လို့ သတိပေးခံရတာ ရှိတယ်။ အချို့ စလုံးအင်မီဂရေးရှင်းက အထွက်တုံးထုပေးပြီး ဘာမှ မပြောပြဘူး။ မြန်မာလေဆိပ်မှာ ပတ်စပို့အသိမ်းခံရတယ်။ အချို့ဆိုရင် စစ်ကောင်စီက လာဖမ်းတယ် ပြောတယ်။

ဟု မြန်မာ့အရေးလှုပ်ကြားသူ တဦးက ပြောပြပါတယ်။

မြန်မာပတ်စပို့များကို သက်တမ်းဖျက်သိမ်းတာ မြန်မာစစ်ကောင်စီက ကျုးလွန်နေတဲ့အပြင် မြန်မာစစ်ကောင်စီနဲ့ မြန်မာစစ်ကောင်စီလက်အောက်ခံ သံအရာရှိများက အင်တာပိုလ် ဟု ခေါ်သည့် နိုင်ငံတကာပုလိပ်အဖွဲ့ကိုပါ မြန်မာတို့၏ အမည်၊ ပတ်စပို့နံပတ်များစာရင်းပေးပြီး အမည်ပျက်စာရင်းသွင်းထားတာလို့ မြန်မာအချို့က မှတ်ချက်ပေးပါတယ်။ ဒါကိုတော့ သီးခြားအတည်ပြုချက် ယူလို့ မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း အဆိုပါမိသားစုဝင်များကို သတင်းမထုတ်ရန် ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနွေဦးတော်လှန်ရေး၏ ထောက်ပို့ကဏ္ဍအပြင် ကာယ၊ ဉာဏလုပ်အားများစွာ ကူညီပံ့ပိုးနေတဲ့ စင်ကာပူရောက် မြန်မာတွေကို မြန်မာစစ်တပ်က တိုက်ခိုက်နေတာ ဖြစ်တယ်။ မြန်မာသံရုံးဝန်ထမ်းတွေက မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေအကြောင်း သတင်းပေးတာ၊ ထောက်လှမ်းတာ၊ ပတ်စပို့ဖျက်သိမ်းတာတွေ ကျုးလွန်နေတာတွေ ရပ်တန်းက ရပ်သင့်တယ်။  မြန်မာပြည်တွင်းက မြန်မာသံရုံးဝန်ထမ်းတွေ၏ မိသားစုတွေရဲ့ လုံခြုံရေးကိုလည်း သူတို့စဉ်းစားရမယ့် အချိန်ရောက်လာပြီ။. သူတို့တွေဟာ စစ်ကောင်စီလက်ပါးစေ အုပ်ကြီးတွေလို ဒလန်တွေကို သဘောထားရမယ်" လို့ စင်ကာပူက ထောက်ပို့တဦးက ၎င်းသဘာထားကို ပြောလိုက်ပါတယ်။


========================


📌📌 ၃။ သံတွဲအကျဉ်းထောင်က ဝန်ထမ်း ၇ဝ ကျော်ထွက်ပြေးသွာတာကြောင့် ထောင်ပိုင်အပါအဝင် ဦးသာကျန်


ရခိုင်ပြည် သံတွဲအကျဉ်းထောင်မှာ ထောင်ဝန်ထမ်း ၈၀ ဦးခန့်ရှိတဲ့အနက် ၇၀ ကျော် ထွက်ပြေးသွားတာကြောင့် ထောင်ပိုင်နဲ့ တပွင့်အဆင့်ရှိတဲ့ ထောင်အရာရှိ မျိုးမင်းထွန်း အပါအဝင် ဦးသာ ကျန်ရှိတော့တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေ က ပြောပါတယ်။ 

သံတွဲထောင်ကို စစ်ကောင်စီက စစ်ရေးအတွက်အသုံးပြုနေတဲ့အတွက် အကျဉ်းထောင်ဝန်ထမ်းတွေ တိုက်ပွဲအတွင်း ကြားညပ်မှာကို စိုးရိမ်ပြီး ထွက်ပြေးကြတာလို့ လွတ်မြောက်လာတဲ့ အကျဉ်းဝန်ထမ်းတဦးက Western News ကို ပြောထားပါတယ်။ 

သံတွဲမြို့နယ်အခြေစိုက် တပ်ရင်း ၂ခုနဲ့ စစ်စခန်းငယ်တွေကို ရခိုင်တပ်တော် AA က သိမ်းပိုက်ပြီးတဲ့နောက် ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံတွဲအကျဉ်းထောင်မှာ တပ်စွဲပြီး ခံစစ်ပြင်ဆင်နေတာကြောင့် ထောင်ဝန်ထမ်းတွေ ထွက်ပြေးသွားတာဖြစ်ပါတယ်။

သံတွဲအကျဉ်းထောင်ဝန်ထမ်းတွေဟာ အရပ်ဝတ်တွေနဲ့ ထွက်ပြေးသူတွေရှိသလို ယူနီဖောင်းဝတ်နဲ့ ထွက်ပြေးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

သံတွဲအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ ဦးအပါအဝင် အကျဉ်းသား ၅၀၀ ဦးခန့်ရှိပြီး ရခိုင်အပါအဝင် မြန်မာနိုင်ငံ အနှံ့က နိုင်ငံရေးလှုပ်ရှားသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။ 

သံတွဲထောင်မှာရှိနေတဲ့ အကျဉ်းသားတွေဟာ ထမင်းပုံမှန်မစားရတာနဲ့ စစ်တပ်ကတပ်စွဲထားတဲ့အတွက် ကျန်းမာရေး စောင့်ရှောင်မှု မရတော့တာ စတာတွေကြောင့် ဝမ်းရောဂါခံစားနေရသူတွေနဲ့ နေမကောင်းဖြစ်တဲ့ အကျဉ်းသူတွေရှိနေ တယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ထောင်ဝန်ထမ်းတွေက ပြောပါတယ်။   

ငပလီမှာရှိတဲ့ ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်း အပါအဝင် သံတွဲမြို့အနီးက စစ်စခန်းငယ်တွေကို ရခိုင့်တပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ သံတွဲမြို့ထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေစုပေါင်းပြီး သံတွဲအကျဉ်းထောင်မှာ နောက်ဆုံး ခံစစ်အဖြစ် ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။


========================


📌📌 ၄။ မွန်ပြည်နယ်မှာ စစ်တပ်ကသတ်ဖြတ်တာကြောင့် လတာအတွင်း အရပ်သားပြည်သူ ၇၂ ဦးသေဆုံး 


မွန်ပြည်နယ်မှာ အခုနှစ် ပထမ လတာကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၂ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၃၈ ဦးနဲ့ ဖမ်းဆီးခံရသူ ၇၆ ဦးရှိတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်က ထုတ်ဝေတဲ့ လဂွန်းအိမ်စာစဉ်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့သတ် ဖြတ်မှုကြောင့် မွန်ပြည်နယ်အတွင်း အမျိုးသမီး  ၁၉ ဦး၊အမျိုးသား ၅၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရ အမျိုးသမီး ၅၄ ဦး၊အမျိုးသား ၈၄ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၅၇ ဦး ရှိတယ်လို့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေဟာ မွန်ပြည်နယ် ၁၀ မြို့နယ်ထဲက စစ်ရေးပြင်းထန်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ကျိုက်မရောနဲ့ရေးမြို့နယ်အတွင်းက အရပ်သားပြည်သူတွေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေထဲက ၁၅ ရာခိုင်နှုန်းကျော်ဟာ ကလေးသူငယ်တွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ထို့အပြင် မွန်ပြည်နယ်အတွင်းမှာ အခုနှစ် ပထမ လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုအဖွဲ့ တွေကြား ထိတွေ့တိုက်ပွဲပေါင်း ၁၁၃ ကြိမ်ဖြစ်ခဲ့ရာမှာ ကျိုက်မရောမြို့နယ်မှာ ၂၇ ကြိမ်၊ကျိုက်ထိုနဲ့ရေးမြို့နယ်မှာ ၂၅ ကြိမ်စီ၊ ဘီးလင်းမြို့နယ်မှာ ၁၃ ကြိမ်၊သံဖြူဇရပ်မြို့နယ်မှာ ကြိမ်၊သထုံမြို့နယ်မှာ ကြိမ်နဲ့မုဒုံမြို့နယ်မှာ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ပထမ လမှာ စစ်ကောင်စီတပ်ဖွဲ့က မွန်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀  ကျော်လုပ်ခဲ့ပြီး ကျိုက်မရောမြို့နယ်မှာ ၁၉ ကြိမ်နဲ့ အများဆုံးဖြစ်ကာ ရေးမြို့နယ်မှာ  ကြိမ်ရှိတယ်လို့ ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။  

စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူပိုင် နေအိမ် ၅၉၁ လုံးနဲ့ ဘာသာရေးအဆောက် အအုံ ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း လဂွန်းအိမ်စာစဉ်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေး၊သံတမန်ရေး၊နိုင်ငံ့စီးပွားရေး အဘက်ဘက်က ကျရှုံးနေချိန်မှာ မွန်ပြည်နယ်အတွင်းက အပြစ်မဲ့ အရပ်သားတွေကို တိုက်ခိုက်တာ၊ ပြည်သူပစ္စည်းတွေကိုဖျက်စီးတာ၊ ခိုးယူလုယက်တာတွေ စတဲ့အကြမ်းဖက်လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၅။ နယ်သာလန်နိုင်ငံ ဟိတ်ဂ်မြို့က ICJ ရုံး၊ ICC ရုံးနဲ့ EU ရုံးအနီးမှာရန်ကုန်မှာ ပြန်ဆုံမယ်စာတမ်းပါအင်္ကျီများဝတ်ဆင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်


နယ်သာလန်နိုင်ငံ ဟိတ်ဂ်မြို့မှာရှိတဲ့ ကမ္ဘာ့ခုံရုံး-ICJ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး-ICC နဲ့ ဥရောပသမဂ္ဂ-EU ရုံး အနီးမှာရန်ကုန်မှာ ပြန်ဆုံမယ်စာတမ်းပါ အင်္ကျီတွေဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်

ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ရေဘဝဲ -ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်းက"ရန်ကုန်မှာပြန် ဆုံမယ်" စာတန်းပါအင်္ကျီ တွေ ဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကမ္ဘာ့ခုံရုံးအနေနဲ့ အထူးအလေးအနက်ထား အရေးယူဖို့၊ လွတ်မြောက်ဒေသနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေး အကျဥ်း သားများ၊ မြေပေါ်မြေအောက်တော်လှန်ရေး အင်အားစုများနဲ့ မိဘပြည်သူများအားလုံး ရန်ကုန်မှာပြန်ဆုံနိုင်စေဖို့၊   ရေဘဝဲအဖွဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူနိုင်ဖို့ရည်ရွယ်ပြီး "ရန်ကုန်မှာပြန် ဆုံမယ်" လှုပ်ရှားမှုကို ရန်ကုန်ကနေ နယ်သာလန်မှာရှိတဲ့ ကမ္ဘာ့ခုံရုံးကို ဆောင်ယူခဲ့တာဖြစ်တယ်လို့။ 

ရေဘဝဲအဖွဲ့ရဲ့ "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ခြေရင်းမှာ စတင်ခဲ့ပြီး မြို့လယ်မှာရှိတဲ့ အထင်ကရနေရာတွေမှာ လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုတွေပြုလုပ်ခဲ့တာကြောင့် ရေဘဝဲရဲဘော် အမျိုးသားတဦးနဲ့ အမျိုးသမီး ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၀ ရှိလာ 


အာဏာသိမ်းစစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေတဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ တိုင်းရင်းလက်နက်ကိုင်းအဖွဲ့ တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF တွေက မြို့ပေါင်း ၇ဝ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။  

တအာင်းတပ်မတော်-TNLA မန္တလေး -PDF DPLA နဲ့ပူးပေါင်းတပ်တွေက နောင်ချိုမြို့ မှာ နောက်ဆုံးကျန်နေတဲ့ အမြောက်တပ် ၆၀၆ (အမတ ၆၀၆) ကို ဇူလိုင် ၁၀ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၀ ရှိလာခဲ့တာဖြစ်ပါတယ်။ 

နောင်ချိုမြို့ဟာ စစ်တက္ကသိုလ်တွေရှိရာ စစ်တပ်မြို့လို့ခေါ်တဲ့ ပြင်ဦးလွင်နဲ့ မိုင် ၃၀ ကျော်သာကွာဝေးပြီး ကားနဲ့သွားမယ်ဆို ရင် နာရီကျော်ခရီး အကွာအဝေးမှာရှိနေတာကြောင့် စစ်ကောင်စီဟာ နောင်ချိုနဲ့ ပြင်ဦးလွင်ကြားကျေးရွာတွေကို လေကြောင်းကနေတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ အဆက်မပြတ်လုပ်နေရပြီး ခံစစ်အတွက် ပြင်ဆင် နေရပြီလို့ စစ်ရေးလေ့လာစောင့်ကြည်သူတွေက ဆိုပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေအကြောင်းဖော်ပြနေတဲ့ People's Spring အနေနဲ့ ယခင် အင်ဖိုဂရပ်တွေမှာ ဖော်ပြမထားတဲ့ မြို့တွေကိုပါ အခု ထည့်သွင်းဖော်ပြလာတာတွေ့ရပါတယ်။ 

မဖော်ပြရသေးတဲ့ မြို့ မြို့ကို ထပ်မံဖြည့်စွက်ဖော်ပြရာမှာ ကချင်ပြည်နယ်က ဒေါ့ဖုန်းယန်မြို့၊ ရခိုင်ပြည်နယ်က မအီမြို့ စနဲမြို့ ကမ်းထောင့်ကြီးမြို့ တောင်ပြိုလက်ဝဲမြို့ နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မော်ထိုက်မြို့တို့ ပါဝင်လာခဲ့ပါတယ်။

ဒေါ့ဖုန်းယန်မြို့က စစ်ကောင်စီတပ်စခန်းဟာ KIA ရဲ့ မတ်လ ရက်မှာစတင်ခဲ့တဲ့ ထိုးစစ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် KIA ကသိမ်းပိုက်ထိန်းချုပ်ခဲ့တာလို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ထဲက တောင်ပြိုလက်ဝဲမြို့ တောင်ကုတ်မြို့ နယ်ထဲက မအီမြို့၊ မြေပုံမြို့နယ်ထဲက ကမ်းထောင့်ကြီးမြို့   ကျောက်ဖြူမြို့နယ်ထဲက စနဲမြို့ စတာတွေကို ရခိုင့်တပ်တော် AA က အခုနှစ်ဆန်းပိုင်းမှာကတည်းက သိမ်းပိုက်ထိန်းချုပ် ထားနိုင်ခဲ့တာဖြစ်သလို ကိုးကန့်တပ်- MNDAA ကလည်း ကုန်းကြမ်းမြို့နယ်ထဲက မော်ထိုက်မြို့ ကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းရဲ့  နိုဝင်ဘာလကုန်ပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့တာလို့ People's Spring က အသိပေးထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီမြို့ငယ်တွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် သတင်းထုတ်ပြန်တာမျိုးမလုပ်တဲ့အတွက် ဒေသခံတွေကလွဲပြီး အများပြည်သူ မသိကြတာဖြစ်ပါတယ်။  

ထို့အတူ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် မထုတ်ပြန်သေးတဲ့အတွက် People's Spring ရဲ့ အခု အင်ဖိုဂရပ်မှာ မပါဝင်သေးတဲ့ မြို့တွေ ဒေသတွေ ကျန်ရှိနိုင်ပါသေးတယ်။ 

နွေဦးတော်လှန်ရေးမှာ ပထမဆုံးမြို့သိမ်းတိုက်ပွဲကို ကရင်နီတပ်ပေါင်းစုက  ၂၀၂၃ ခုနှစ် ဇွန် ၂၄ ရက်မှာ စတင်ဆင်နွှဲခဲ့တာ ဖြစ်ပြီး မယ်စဲ့မြို့ နဲ့ မယ်စဲ့မြို့နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် မယ်စဲ့မြို့ကို သိမ်းပိုက်နိုင်ခဲ့တာကစပြီး ရေတွက်မယ်ဆိုရင် ၁၃ လနီးပါး တနှစ်ကျော်အတွင်းမှာပဲ တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၀ ကို သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။


တော်လှန်ရေးတပ်တွေဟာ လတ်တလောမှာလည်း သံတွဲမြို့ ၊မောင်တောမြို့ လားရှိုးမြို့ ၊မိုးကုတ်မြို့ ၊ကျောက်မဲမြို့ ၊မိုးမိတ်မြို့ ဖားပွန်မြို့ စတဲ့ ဒေသတွေကို သိမ်းပိုက်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့မြို့တွေ ထပ်တိုးလာဖို့ရှိလာဦးမှာပဲဖြစ်ပါတယ်။


========================


🚩🚩 ၂။ မတ္တရာနယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ဦး သေဆုံး


မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၆ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ ညသန်းခေါင်း ၁၂နာရီခွဲခန့်မှာ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ သန်းကုန်းရွာနဲ့ ကျွန်း‌ပင်ကျေးရွာ အနီးကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစင်းက လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်း‌ပင်ရွာက ဒေသခံပြည်သူ ၃ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ထို့အတူ မနေ့ နာရီ မိနစ် ၄၀ခန့်မှာလည်း တောင်တံငါရွာအနီးမှာရှိတဲ့ အုတ်စက်ပေါ် ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ဦး၊ အမျိုးသမီးတဦး စတဲ့ မိသားစုဝင် ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မတ္တရာမြို့နယ် ဇီးဖြူပင်ဘောင်ကြီးမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ဇူလိုင် ရက်နဲ့ ၉ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ပိုင်းက ရုံပင်ရွာနဲ့ အုတ်ဖိုကျေးရွာသစ်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးတဦးအပါအဝင် ၂ဦးသေဆုံးခဲ့ပြီး၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စဥ့်ကူးနဲ့ မတ္တရာအပါအဝင် မန္တလေးတိုင်းထဲက မြို့နယ်အချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနဲ့ ပူးပေါင်းတပ် တွေက ရှမ်း-မန်းစစ်ဆင်ရေး ဖော်ဆောင်နေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေရာမှာ စစ်တပ်က  ပြည်သူလူထုနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေသခံအရပ်သားတွေ သေဆုံးနေရတာပဲ ဖြစ်ပါတယ်။


========================


🚩🚩၃။ ရေးမြို့နယ်အပိုင်ထဲက ပြည်ထောင်စုလမ်းမပေါ်တက်လာတဲ့ စစ်ကြောင်းကို ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး


မွန်ပြည်နယ် ရေးမြို့နယ် အမှတ် ပြည်ထောင်စုလမ်းမကြီးပေါ် တက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြိမ်  တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၁ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်အချိန်က ရေးမြို့နယ် အမှတ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကွမ်ကျိုင့်ရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး စစ်သားတဦးသေဆုံးကာ ဦး ပြင်းထန်ဒဏ်ရာရသွား တယ်လို့ ဆိုပါတယ်။ 

ထို့အတူ ဇူလိုင်လ ရက်နေ့ ညနေ နာရီခွဲကျော်အချိန်မှာလည်း ဒီအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာခဲ့ပြီး စစ်သား ဦးသေဆုံးပြီးကာ ဦး ပြင်း ထန်ဒဏ်ရာရသွား တယ်လို့ အသိပေးပါတယ်။ 

သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားတွေကိုင်တဲ့ သေနတ်တွေကောက်ယူဖို့ကြိုးစားခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မကောက်နိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။

ရေးမြို့နယ် မော့ကနင်ရွာအခြေစိုက် ခလရ ၁၀၆ နဲ့ ဝယ်ဖယ်ရွာအခြေစိုက် အမတ ၃၁၇ တို့ပူးပေါင်းပြီး အမတ ၃၁၇ မှာ လူစုကာ ကား စီးနဲ့ ရွာသစ်ရွာကို ပို့ဆောင်ခဲ့ပြီး ကွမ်ကြိုက်ရွာနဲ့ အမှတ် ပြည်ထောင်စုလမ်းမကြီးဘက်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်တယ်လို့သိရပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကို KNLA နဲ့ PDF ပူးပေါင်းထားတဲ့ တောင်ညိုစစ်ကြောင်း၊ မွန် AD ပူးပေါင်းတပ်ဖွဲ့နဲ့အတူ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် /၂၀၂၄ က သင်တန်းဆင်းရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဂုတ်တွင်းစခန်းကို TNLA က ထပ်မံသိမ်းပိုက်ရမှာ စစ်တပ်ဘက်က သေဆုံးသများပြီး လက်နက်ခဲယမ်းများ ထပ်မံရရှိ 


ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက အကြမ်းဖက်စစ်ကောင်စီရဲ့ ဂုတ်တွင်းစခန်းကို ထပ်မံတိုက်ခိုက် သိမ်းပိုက် ခဲ့ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများစွာရှိခဲ့ပြီး လက်နက် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါ တယ်။

နောင်ချိုမြို့နယ်မှာရှိတဲ့ ၆၀၆ ဒုံးတပ်ရင်းကနေ ဂုတ်ထိပ်-ဂုတ်တွင်းစခန်းဘက် ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို တအာင်းတပ်မတော် TNLA နဲ့ DPLA ပူးပေါင်းတပ်ဖွဲ့ လိုက်လံတိုက်ခိုက်ခဲ့ရာကနေ ဇူလိုင်လ ၁၂ ရက်နေ့ မနက် နာရီခွဲခန့်မှာ ဂုတ်တွင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ဂုတ်တွင်းစခန်းကနေ အကြမ်းဖက် စစ်သားအလောင်းတွေနဲ့ သေနတ် ၁၅ လက်၊ RPG-7 လက်၊ ငါးကြင်မီးတလက်၊ ၆၀ မမ လက်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ဂုတ်ထိပ်-ဂုတ်တွင်းစခန်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကြိမ်၊ Mi35 နဲ့ ကြိမ် Y12 နဲ့  ဗုံးသီး ၆၄ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့သလို ကျောက်မဲမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ၅၀၁ တပ်စခန်းကလည်း ဂုတ်ထိပ်ကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် TNLA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့က ဂုတ်တွင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။  

အလားတူ နောင်ချိုမြိုနယ် နောင်အောရွာ အနီးတဝိုက်မှာလည်း တအာင်းတပ်မတော် TNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

TNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်က အုမ္မတီးရွာနဲ့ သဲခေါ်ရွာတို့ကိုလည်း အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းရှိတယ်လို့ သိရပါတယ်။

ထို့ပြင် တပ်မဟာ- စစ်ဒေသ မိုးမိတ်မြို့အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ-၂၁ ခလရ-၂၂၃ နဲ့ TNLA PLA MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး မိုးကုတ်နဲ့ မိုးမိတ်ကြားမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့  မိုင် တပ်စခန်းကနေ ၆၀ မမ တလက်၊ လက်နက် လက်၊ RPG-7 လက်နဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရမှတ်ခံရပြီး အလယ်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်တပ်ကနေ အပြီးအပိုင်ထုတ်ပယ် 


ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရဲ့ ဒေသကွပ်ကဲရေးမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်လိုက်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး မတ်လအတွင်းကပဲ ဗိုလ်ချုပ်ဇော်မင်း ကို ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း အပါအဝင် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့နဲ့အတူ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။  

ဖမ်းဆီးခံလိုက်ရတဲ့ ဗိုလ်ချုပ်ဇော်မင်း အပါအဝင် အခြားစစ်ဗိုလ်ချုပ်တွေကို မေလအတွင်းမှာပဲ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပြီး ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က တောင်းဆိုမှုကြောင့် အခုဇူလိုင်လဆန်း ပိုင်းမှာပဲ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ကြိုးမိန့် ထပ်မံချမှတ်လိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

စစ်ကောင်စီက ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ချမှတ်လိုက်တဲ့အတွက် လောက်ကိုင်ကိစ္စနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရတဲ့  ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့် ဦးထိ ရှိလာပြီလို့ စစ်ဘက်ရေးရာမှတ်တမ်းတွေအရ သိရပါတယ်။ 

ထို့အတူ မေလနှောင်းပိုင်းမှာ ရာထူးကဖယ်ရှားပြီး ဖမ်းဆီးခံခဲ့ရတဲ့ လက်ရုံးတပ် ညွှန်ကြားရေးမှူးတွေဖြစ်တဲ့ စစ်လက်နက် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့ကိုလည်း ထောင်ဒဏ် ချမှတ်ခဲ့ရာမှာ ဗိုလ်ချုပ်ဝင်းလွင်က ထောင်ဒဏ် ၁၀ နှစ်နဲ့ တောင်ငူထောင်၊ ဗိုလ်ချုပ်ဇော်လွင်ဦးက ထောင်ဒဏ် နှစ်နဲ့ မန္တလေး အိုးဘိုထောင်ကို ပို့လိုက်တယ်လို့လည်း သိရပါတယ်။ 

ထို့ပြင် ကချင်ပြည်နယ် ပူတာအိုဒေသက စစ်ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်က ထောင်ဒဏ် ၁၅ နှစ်နဲ့ မန္တလေး အိုးဘိုထောင်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန(စစ်ရုံး)က ဗိုလ်ချုပ် မင်းကိုကိုက ထောင်ဒဏ် ၁၀ နှစ်နဲ့ တောင်ငူထောင်၊ မြ၀တီ သင်္ဃန်းညီနောင် ဗျူဟာစခန်း ကျဆုံးမှုမှာ ချစ်ကြည်ရေးတံတား ကို ထွက်ပြေးခဲ့တဲ့ တပ်မ ၄၄ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် စိုးမင်းထက်က ထောင်ဒဏ် ၁၄ နှစ်နဲ့ တောင်ငူထောင်ကို ပို့လိုက်ပြီလို့ သိရပါတယ်။ 

ဝင်းနေမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်မှာ ကံသုံးဆင့်ဆရာတော်ကို နန်းတွင်းထဲခေါ်ပြီး စစ်ဆေးခဲ့တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကိုလည်း ခုံရုံးဖွဲ့စစ်ဆေးခဲ့ပြီး ဘခံစားခွင့်မှမပေးဘဲ စစ်တပ်ကနေ အပြီးအပိုင်ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment