15th JUL 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇူလိုင်လ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမေရိကန်သမ္မတဟောင်း Trumpနှင့်ပြည်သူများအတွက် အနက်ရှိုင်းဆုံး နှလုံးသားနှင့် ဆုတောင်းပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ အသိပေး

📌 ၂။ ပတ္တမြားတဆင်စာကို စစ်ရှောင်ပြည်သူများအတွက် ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးပေးလှူမယ်လို့ပြောကြား

📌 ၃။ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းမွေးနေ့အမှတ်တရအဖြစ်ဝန်းရံသူများက မန္တလေးPDFအားသိန်းလေးဆယ်နှင့် ရန်ကုန်တိုင်းအတွင်းစစ်ဆင်ရေးများအတွက်ဘတ်နှစ်သောင်းလှူဒါန်း

📌 ၄။ ဇွန်လအတွင်းမှာ တရားလက်လွတ်သတ်ဖြတ်ခဲ့မှုပေါင်း၁၃၀မှုအပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှုပေါင်း ၅၃၇မှုကိုအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့

📌 ၅။ ကိုရီးယားနိူင်ငံ ဘူဆန်မြို့မှဆိုးလ်မြို့အထိလမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှု လမ်းတလျှောက် ပါဝင်ကူညီကြဖို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၆။ အမေရိကန်နိူင်ငံ ဆန်ဖရန်ဗေးဧရိယာမှာ ဒေါက်တာမီမီဝင်းဘတ်နှင့်လူထုတွေ့ဆုံပွဲကျင်းပမည်

📌 ၇။ အညာဒုံးပျံ ၁၀၀ Challenge မှာ ပါ၀င်အားဖြည့်ပေးကြတဲ့ပြည်သူတို့ကြောင့် မျှော်မှန်းထားတာထက် ပိုတဲ့ အောင်မြင်မှုရရှိတယ်လို့ဆို


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်သာမြို့နယ်ရှိ ကျွဲတလင်းကျေးရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူ ဦးသေဆုံးပြီး ၄ဦးအရှင်ဖမ်းမိ

🚩 ၂။ တန့်ဆည်-ကျွန်းလှနယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကျေးရွာကလူနေအိမ်များကိုဆက်တိုက်မီးရှို့ဖျက်ဆီး

🚩 ၃။ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းပျူရွာကို Fixed Wing Drone များဖြင့်ဗုံးကြဲတိုက်ခိုက်

🚩 ၄။ ရွှေဘိုမြို့နယ်အတွင်းရှိရဲစခန်း၊ပျူစခန်း သုံးခုမှ စကစနဲ့ ရဲ၊ ပျူများ စခန်းစွန့်ခွါထွက်ပြေး

🚩 ၅။ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ် အပတ်စဉ် ( ) သင်တန်းဆင်းပွဲကျင်းပ

🚩 ၆။ စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် ()ခုအတွင်း မေလနှင့် ဇူလိုင်လအတွင်း စကစရဲ့ လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း (၄၃) ကြိမ် ရှိခဲ့

🚩 ၇။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း၂မှာလက်နက်ချတဲ့စကစတပ်အင်အားဟာ  တပ်ရင်း () ရင်းစာ အင်အားဖြစ်တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်သမ္မတဟောင်း Trumpနှင့်ပြည်သူများအတွက် အနက်ရှိုင်းဆုံး နှလုံးသားနှင့် ဆုတောင်းပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ အသိပေး


ဇူလိုင်၁၅


အမေရိကန်သမ္မတဟောင်း Trumpနှင့်ပြည်သူများအတွက် အနက်ရှိုင်းဆုံး နှလုံးသားနှင့် ဆုတောင်းပေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက ဇူလိုင်လအတွင်းမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"အမေရိကန်သမ္မတဟောင်း Trump ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုသတင်းကြောင့် ကျွန်ုပ်တို့ အလွန်တုန်လှုပ်သွားခဲ့ရပါတယ်။ သမ္မတ Trump ချစ်မြတ်နိုးရသူများ၊ သေဆုံးသူများ၏ မိသားစုများ၊ နှင့် အမေရိကန်ပြည်ထောင်စု၏ ခေါင်းဆောင်များနှင့် ပြည်သူများအတွက် အနက်ရှိုင်းဆုံး နှလုံးသားနှင့် ဆုတောင်းပေးနေပါတယ်။  အမြန်ကျန်းမာပြီး မြန်မြန်ပြန်ကောင်းလာဖို့လည်း မျှော်လင့်ပြီး ဆုတောင်းပေးနေပါတယ်"လို့ဆိုပါတယ်။


မဲဆွယ်ဟောပြောပွဲတခုအတွင်း "အမေရိကန်သမ္မတဟောင်း Trump ကို လုပ်ကြံရန်သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာသာရရှိခဲ့ပြီး လုပ်ကြံသူသေနတ်သမားတဦးနှင့်မဲဆွယ်ပွဲတက်ရောက်သူ ပြည်သူတဦး သေဆုံးခဲ့ပါတယ်။


========================


📌📌 ၂။ ပတ္တမြားတဆင်စာကို စစ်ရှောင်ပြည်သူများအတွက် ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးပေးလှူမယ်လို့ပြောကြား


ဇူလိုင်၁၅ရက်


ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှပတ္တမြားတဆင်စာကို စစ်ရှောင်ပြည်သူများအတွက်  ပေးလှူမည့်အကြောင်းကို  ဇူလိုင်လအတွင်းတွေ့ဆုံမေးမြန်းခန်းတခုမှာ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်ကဆိုထားပါတယ်။


"အဓိကအမျိုးသမီးနဲ့ကလေးငယ်တွေစစ်ဘေးရှောင်တွေအတွက်ရန်ပုံငွေရှာနေတယ်။ရည်မှန်းချက်ကတော့ဘတ်တသန်းပေါ့။လောလောဆယ် ဘတ်ခုနစ်သိန်းရန်ပုံငွေရထားပြီးဖြစ်တယ်။ဒါ့အပြင် ယူကရိန်းကမိခင်ရဲ့တယောပေါ့။ဒါလည်းလေလံပစ်ပါမယ်။နောက်တခုကတော့ ရည်မှန်းချက်ပြည့်အောင် ကျမတို့ဝန်ကြီးရဲ့ပတ္တမြားတဆင်စာပေါ့။ဖြည့်ဆည်းထားပါတယ်"လို့ဆိုပါတယ်။


အဆိုပါ ယူကရိန်းအမျိုးသမီး၏တယောကို ပြည်ထောင်စုဝန်ကြီးမှ ခရီးစဥ်တခုတွင် စစ်ဘေးရှောင်များအတွက် လက်ခံရယူခဲ့ပြီး အဆိုပါလေလံပွဲကိုမကြာမီစတင်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၃။ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းမွေးနေ့အမှတ်တရအဖြစ်ဝန်းရံသူများက မန္တလေးPDFအားသိန်းလေးဆယ်နှင့် ရန်ကုန်တိုင်းအတွင်းစစ်ဆင်ရေးများအတွက်ဘတ်နှစ်သောင်းလှူဒါန်း


ဇူလိုင်၁၅ရက်


လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းမွေးနေ့အမှတ်တရအဖြစ်ဝန်းရံသူများက မန္တလေးPDFအားသိန်းလေးဆယ်နှင့် ရန်ကုန်တိုင်းအတွင်းစစ်ဆင်ရေးများအတွက်ဘတ်နှစ်သောင်းလှူဒါန်းခဲ့ကြောင်းကို ဇူလိုင်၁၅ရက်မှာ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဆိုထားပါတယ်။


အဆိုပါလှူဒါန်းသူများကိုလည်း ဝန်ကြီးက"ကျေးဇူးတင်ရှိတယ်"လို့ဆိုထားပါတယ်။


ဇူလိုင်လ (၁၇) ရက်နေ့မှာလူ့အခွင့်ရေးဝန်ကြီး၏ (၅၈)  နှစ်မြောက် မွေးနေ့ကျရောက်မည်ဖြစ်ပြီး မွေးနေ့လက်ဆောင် အနေနဲ့ မိမိကူညီချင်တဲ့ဒေသက ပြည်သူတွေ၊ အရာရာကို စွန့်လွှတ်တိုက်ပွဲဝင်နေကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူငွေများ တိုက်ရိုက်လှူဒါန်းပေးခြင်းဖြင့် မွေးနေ့အလှူကိုပါဝင်နိူင်တယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကဆိုထားပါတယ်။


========================


📌📌 ၄။ ဇွန်လအတွင်းမှာ တရားလက်လွတ်သတ်ဖြတ်ခဲ့မှုပေါင်း၁၃၀မှုအပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှုပေါင်း ၅၃၇မှုကိုအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့


ဇူလိုင်၁၅


ဇွန်လအတွင်းမှာ တရားလက်လွတ်သတ်ဖြတ်ခဲ့မှုပေါင်း၁၃၀မှုအပါအဝင်လူ့အခွင့်ရေးချိုးဖောက်မှုပေါင်း၅၃၇မှုကိုအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တယ်လို့ ဇူလိုင်လအတွင်းမှာ လူ့အခွင့်ရေးဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။


"ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ တရားလက်လွတ်သတ်ဖြတ်ခဲ့မှုပေါင်း၁၃၀မှု၊နေအိမ်နှင့်ကိုယ်ပိုင်ပစ္စည်းများကိုမီးရှို့ခဲ့တဲ့ဖျက်ဆီးမှုပေါင်း၁၀၀မှု၊အခြားလူ့အခွင့်ရေးချိုးဖောက်မှုပေါင်း၉၇မှုအပါအဝင်စုစုပေါင်း၅၃၇မှုကိုကျူးလွန်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှုများကိုရခိုင်ပြည်နယ်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်တို့တွင်ကျူးလွန်ခဲ့ကြပြီးအခြားတိုင်းနဲ့ပြည်နယ်တို့လည်းပါဝင်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ကိုရီးယားနိူင်ငံ ဘူဆန်မြို့မှဆိုးလ်မြို့အထိလမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှု လမ်းတလျှောက် ပါဝင်ကူညီကြဖို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်တိုက်တွန်း


ဇူလိုင်၁၅ရက်


ဇူလိုင်လအတွင်း မြန်မာဖက်ဆစ်စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးသပိတ်စစ်ကြောင်း(ဘူဆန်မြို့မှဆိုးလ်မြို့အထိ ခရီးရှည်ချီတက်နေတယ်လို့သတင်းရရှိပါတယ်။


"လမ်းတလျှောက် ပါဝင်ကူညီကြပါ။ဘက်စုံ ပါဝင် တိုက်ပွဲဝင်တာ ဖြစ်လို့ ဒီလို solidarity movement တွေက အရေးပါပါတယ်။အင်မတန် အင်အားကြီးခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု ကို အလဲထိုးရာမှာ ဒီလို လှုပ်ရှားမှု တွေက အရေးပါပါတယ်။ဘော်လတစ် နိုင်ငံ ငယ်လေး တွေ ဖြစ်တဲ့ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ အက်စတိုးနီးယား နိုင်ငံ မှာ လူသန်း ချီ လက်ချင်းချိတ် ခဲ့တဲ့ လူသားချိိန်းကြိုးလှုပ်ရှားမှု က အဲ့ဒီ နိုင်ငံရဲ့ လွတ်လပ်ရေး ပြုပြင်ပြောင်းလဲရေး အတွက် အရေးပါခဲ့ပါတယ်။နေရာတကာ မှာ ဒါမျိုး လှုပ်ရှားမှုလိုပါတယ်"လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က တိုက်တွန်းလိုက်ပါတယ်။


မြန်မာဖက်ဆစ်စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးသပိတ်စစ်ကြောင်းကို ဝဲဂွာန်မြို့မှတော်လှန်ရေးအင်အားစုများ၊ဂူမီမြို့မှတော်လှန်ရေးအင်အားစုများ၊ဒေဂူးမြို့မှတော်လှန်ရေးအင်အားစုများ နှင့် ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီအရေးလိုလားသောမြန်မာလူငယ်များအဖွဲ့(တောင်ကိုရီးယား)တို့နှင့်အတူပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


========================


📌📌 ၆။ အမေရိကန်နိူင်ငံ ဆန်ဖရန်ဗေးဧရိယာမှာ ဒေါက်တာမီမီဝင်းဘတ်နှင့်လူထုတွေ့ဆုံပွဲကျင်းပမည်


ဇူလိုင်၁၅


ဇူလိုင်၂၈ရက်၌ အမေရိကန်နိူင်ငံ ဆန်ဖရန်ဗေးဧရိယာမှာ ဒေါက်တာမီမီဝင်းဘတ်နှင့် လူထုတွေ့ဆုံပွဲကျင်းပမယ်လို့သိရပါတယ်။


တော်လှန်ရေးအရှိန်ပိုအားကောင်းလာအောင် ဝန်းဝိုင်းကြဖို့အတွက် ဆန်ဖရန်ပင်လယ်အော်ရပ်ဝန်းနှင့် ရပ်နီးရပ်ဝေးမိတ်ဆွေများကိုပါ ဖိတ်ခေါ်ထားပါတယ်။


ပါမောက္ခဒေါက်တာမီမီဝင်းဘတ်ဟာ နွေဦးတော်လှန်ရေးအတွက် ကူညီဝန်းရံနေသူတဦးဖြစ်ကာ ဟောပြောပို့ချမှုများလည်းဆက်တိုက်လုပ်ဆောင်ပါဝင်လျက်ရှိပါတယ်။


========================


📌📌 ၇။ အညာဒုံးပျံ ၁၀၀ Challenge မှာ ပါ၀င်အားဖြည့်ပေးကြတဲ့ပြည်သူတို့ကြောင့် မျှော်မှန်းထားတာထက် ပိုတဲ့ အောင်မြင်မှုရရှိတယ်လို့ဆို


ဇူလိုင်၁၅ရက်


အညာဒုံးပျံ ၁၀၀ Challenge မှာ ပါ၀င်အားဖြည့်ပေးကြတဲ့ပြည်သူတို့ကြောင့် မျှော်မှန်းထားတာထက် ပိုတဲ့ အောင်မြင်မှုရရှိတယ်လို့ ဇူလိုင်၁၅ရက်မှာ သပြေညိုပြောက်ကျားတပ်ဖွဲ့ကအသိပေးဆိုပါတယ်။


"အညာဒုံးပျံ ၁၀၀ Challenge မှာ ပါ၀င်အားဖြည့်ပေးကြတဲ့ ဒီမိုကရေစီလိုလားသူ ပြည်သူတို့ကြောင့် ကျွန်တော်တို့ရဲ့ Challenge လေးဟာ မျှော်မှန်းထားတာထက် ပိုတဲ့ အောင်မြင်မှုလေးရရှိခဲ့ပါတယ်။ ပါ၀င်အားဖြည့်ပေးတဲ့ အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်"လို့ဆိုပါတယ်။


ယုံကြည်စွာ လှုဒါန်းကြတဲ့ ပြည်သူတို့ကြောင့် အညာဒုံးပျံအချို့ကို အောင်မြင်စွာ ထုတ်လုပ်ပြီးစီးပြီးဖြစ်တယ်လို့ဆိုပါတယ်။


ဒုံးပျံ တစ်ခု၏ အထွေထွေ ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ (၂၅၀,၀၀၀) အဖြစ် သတ်မှတ်ထားပြီး စုစုပေါင်း အခုရေ (၁၀၀) အတွက် မြန်မာကျပ်ငွေ သိန်း (၂၅၀) အထိ ကုန်ကျစရိတ်ရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တောင်သာမြို့နယ်ရှိ ကျွဲတလင်းကျေးရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူ ဦးသေဆုံးပြီး ၄ဦးအရှင်ဖမ်းမိ


ဇူလိုင်၁၅ရက်


တောင်သာမြို့နယ်ရှိ ကျွဲတလင်းကျေးရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ပျူ ဦးသေဆုံးပြီး ၄ဦးအရှင်ဖမ်းမိခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇူလိုင် ၁၁ ရက် နံနက် ၅နာရီခန့်က တောင်သာမြို့နယ်ရှိ ကျွဲတလင်း ပျူစောထီးကျေးရွာကိုတိုက်ခိုက်ခဲ့တာလို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။


ဖြစ်စဥ်တွင် စခန်းသိမ်းနိုင်ခဲ့ပြီး ပျူစောထီး ၂ဦး သေဆုံးကာ ၄ဦး ဖမ်းဆီးရမိခဲ့ပါတယ်။


လက်နက်အနေနဲ့M1 ကာဘိုင် လက်၊ ကိုးလုံး သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်။


စစ်ဆင်ရေးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ တောင်သာပလဖ၊ နေပြည်တော်(၈၀၁) တပ်ရင်း ညောင်ဦးခရိုင်တပ်ရင်း () မိတ္ထီလာပကဖနဲ့ပူးပေါင်းတပ်များပါဝင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ တန့်ဆည်-ကျွန်းလှနယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကျေးရွာကလူနေအိမ်များကိုဆက်တိုက်မီးရှို့ဖျက်ဆီး


ဇူလိုင်၁၅ရက်


တန့်ဆည်-ကျွန်းလှနယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကျေးရွာကလူနေအိမ်များကိုဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို ဇူလိုင်လအတွင်းမှာ ဒေသခံသတင်းအရင်းအမြစ်များကဖော်ပြပါတယ်။


"တန့်ဆည်-ကျွန်းလှနယ်စပ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ စည်းသာကျေးရွာကို မီးရှို့ခဲ့တယ်"လို့ဖော်ပြပါတယ်။


ဇူလိုင် ၁၄ ရက်နေ့တွင်လည်း တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းပျူရွာကို Fixed Wing Drone များဖြင့်ဗုံးကြဲတိုက်ခိုက်


ဇူလိုင်၁၅ရက်


ရွှေဘိုမြို့နယ် ဇီးဖြူကုန်းပျူရွာကို Fixed Wing Drone များဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


စစ်ဆင်ရေးကိုဇူလိုင်၁၄ရက်မှာလုပ်ဆောင်ခဲ့တယ်လို့ BIAဒီပဲယင်းကအသိပေးဆိုပါတယ်။


" B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေနဲ့ ဇူလိုင်လ ၁၄ရက်နေ့ နေ့လည်က မဟာမိတ်ဖြစ်သော ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ မဟူရာရွှေဘိုသား LDF အဖွဲ့ ဒေါင်းမန် (ရွှေဘို) ပကဖအဖွဲ့ ဇေယျသွေး LDF အဖွဲ့နှင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ ပူးပေါင်းကာ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းပျူရွာကို Fixed Wing Drone များဖြင့်သွားရောက်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ဒရုန်းဗုံးသီးများစကစစခန်းတည့်တည့်ကျသဖြင့် စကစနဲ့ပျူများမှ ၆၀ဗုံးသီးများလက်နက်ငယ်များဖြင့် ကောင်တာပြန်လည်ပစ်ခဲ့ပါတယ်။


လတ်တလောမှာစကစနဲ့ပျူများထိခိုက်မှုအတည်ပြုစုံစမ်းဆဲဖြစ်ပါတယ်။


========================


🚩🚩 ၄။ ရွှေဘိုမြို့နယ်အတွင်းရှိရဲစခန်း၊ပျူစခန်း သုံးခုမှ စကစနဲ့ ရဲ၊ ပျူများ စခန်းစွန့်ခွါထွက်ပြေး


ဇူလိုင်၁၅ရက်


ရွှေဘိုမြို့နယ်အတွင်းရှိရဲစခန်း၊ပျူစခန်း သုံးခုမှ စကစနဲ့ ရဲ၊ ပျူများ စခန်းစွန့်ခွါထွက်ပြေးသွားခဲ့တယ်လို့ ဇူလိုင်၁၅ရက်မှာ dragon  urban Guerrilla က အသိပေးဆိုပါတယ်။


"ဇူလိုင်၁၄ရက် ရွှေဘိုမြို့နယ် မြင်းစီးပျူရွာ၊ဆင်အင်းရဲစခန်း၊ကူးတို့ဆိပ်ပျူရွာ တို့ရှိ စကစတပ်၊ရဲ၊ ပျူများ စခန်းစွန့်ခွါထွက်ပြေးသွားကြောင်း မိဘပြည်သူများအား ဝမ်းသာသတင်းသိရှိရန် တင်ပြအပ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာစကစတပ်များဟာ နယ်မြို့များမှာ စခန်းတွင်းမှမြိူ့တွင်းသို့လှည့်လည်ခြင်းမပြုတော့ဘဲတချို့မှာစခန်းမှစွန့်ခွာထွက်ပြေးလျက်ရှိကြပါတယ်။


========================


🚩🚩 ၅။ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ် အပတ်စဉ် ( ) သင်တန်းဆင်းပွဲကျင်းပ


ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ် အပတ်စဉ် ( ) သင်တန်းဆင်းပွဲကိုကျင်းပခဲ့တယ်လို့ ဇူလိုင်၁၅ရက်မှာ ယင်းမာပင်ခရိုင် ပကဖကအသိပေးဖော်ပြပါတယ်။


 အဆိုပါအခမ်းအနားသို့ ယင်းမာပင်ခရိုင်ပကဖ မှ တာဝန်ရှိသူများတက်ရောက်၍ ထူးချွန်ဆုရ သင်တန်းသားများကို ဂုဏ်ပြုဆုပေးခြင်း၊ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်စည်းကမ်းများကို ပို့ချပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် စစ်သည်တော်ကျင့်ဝတ် စစ်စည်းကမ်းများကို လိုက်နာခြင်းသည်လည်း ပြည်သူလူထုကို အလုပ်အကျွေးပြု ကာကွယ်စောင့်ရှောက်ရာရောက်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါတယ်။


ထို့နောက်ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ် အပတ်စဉ် ( ) သင်တန်းဆင်းပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၆။ စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် ()ခုအတွင်း မေလနှင့် ဇူလိုင်လအတွင်း စကစရဲ့ လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း (၄၃) ကြိမ် ရှိခဲ့


ပြည်သူ့ခုခံ တော်လှန်စစ်နဲ့ ပကဖ လှုပ်ရှားမှု အားကောင်းသော စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင် () ခု မှာ ၂၀၂၄ ခုနစ်၊ မေလ နဲ့ ဇူလိုင်လအတွင်း လေကြောင်း တိုက်ခိုက်ခံရမှု စုစုပေါင်း (၄၃) ကြိမ် ရှိခဲ့တယ်လို့ ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု စာရင်းကို ပကဖအသံကအသိပေးဖော်ပြပါတယ်။


တိုက်ခိုက်ရာမှာ Yak-130, JF-17, Y-12, Mi-35, Drone တို့ကို အသုံးပြုခဲ့ပြီးတိုက်ခိုက်ရာမှာ တော်လှန်ရေး အင်အားစုတွေ နဲ့ အရပ်သားတွေ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ် ရှိသလို ရန်သူ အချင်းချင်း မှားယွင်းပစ်ခတ်ခံရမှုတွေလဲ ရှိတယ်လို့ဆိုပါတယ်။


ရန်သူ အချင်းချင်း မှားယွင်း လေကြောင်းက တိုက်ခိုက်ခံရမှုကို ကြည့်ရင် အကြမ်းဖက် စစ်တပ်ဘက်မှာ  ဆက်သွယ်ရေး မှားယွင်းမှုတွေ ရှိနေတာ သိသာထင်ရှားတယ်လို့လည်းဆိုထားပါတယ်။


လေကြောင်းတိုက်ခိုက်မှုတွေထဲက တချို့ဖြစ်စဉ်တွေမှာ အစည်းအဝေး လုပ်တဲ့နေရာ၊ လူအများစု စုဝေးလေ့ရှိတဲ့ နေရာတွေ ပါဝင်နေပြီး မှတ်တမ်းမှာ ပါဝင်တဲ့ ခရိုင် () ခု ကို ကြည့်ရင် ကလေး ခရိုင် နဲ့ ကောလင်း ခရိုင် ကို ရန်သူက အဓိက ထားပြီး လေကြောင်းက တိုက်ခိုက်နေတာ တွေ့ရတဲ့ အတွက် ကလေး နဲ့ ကောလင်း ခရိုင်မှာ ရှိတဲ့ ပကဖ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ အရပ်သား ပြည်သူတွေ အနေနဲ့ လေကြောင်းရန်ကို အထူးသတိပြုသင့်တယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၇။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း၂မှာလက်နက်ချတဲ့စကစတပ်အင်အားဟာ  တပ်ရင်း () ရင်းစာ အင်အားဖြစ်တယ်လို့ဆို


ဇူလိုင်၁၅ရက်


၁၀၂၇ စစ်ဆင်ရေး အပိုင်း၂မှာလက်နက်ချတဲ့စကစတပ်အင်အားဟာ  တပ်ရင်း () ရင်းစာ အင်အားဖြစ်တယ်လို့ ဇူလိုင်လအတွင်းစစ်ရေးသုံးသပ်ချက်ကို PDFInsightကဖော်ပြပါတယ်။


ဇွန်လ (၂၅) ရက်နေ့မှာ စစ်ဆင်ရေး စတင်ခဲ့ပြီး (၂၆) ရက်နေ့မှာ ကျောက်မဲမြို့ အခြေစိုက်အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-) က စစ်သား (၁၇) ဦး လက်နက်ချခဲ့ပါတယ်။ စစ်ဆင်ရေး () ရက်တာ ကာလမှာ ဗိုလ်မှူး () ဦး၊ ဗိုလ်ကြီး () ဦး အပါအဝင် ရန်သူ့တပ်ဖွဲ့ဝင် (၅၃) ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ တအာင်းတပ်ကထုတ်ပြန်ပါတယ်။ မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်သုံ့ပန်း နဲ့ လက်နက်ချ (၆၄) ဦး ထိ ရှိပြီး လက်နက် (၁၂၅) လက် ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ဇူလိုင် () ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မတ္တရာမြို့နယ်တွင်း ဖြတ်တောက်ရေး တာဝန်ယူထားတဲ့ ပကဖ အဖွဲ့တွေက စစ်သုံ့ပန်း (၁၆) ဦး ရရှိထားပါတယ်။ စဉ့်ကူးနယ်မြေ စစ်ဆင်ရေးအတွင်း ဒုတိယဗိုလ်မှူးကြီး လှိုင်ထွန်းအောင် (OTC-19) အပါအဝင် (၁၅) ဦးကို အရှင်ဖမ်းမိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လားရှိုးမြို့နယ် နမ့်ပေါင် ဗျူဟာ စခန်းသိမ်းပိုက်စဉ် စစ်တပ် အင်အား (၃၀၀) ကျော် ကိုးကန့်တပ်ကို လက်နက်ချ အညံ့ခံတယ်လို့ သတင်းတွေ ပေါ်ထွက်လျက်ရှိပါတယ်လို့ဆိုပါတယ်။


၁၀၂၇အပိုင်း () မှာ အင်အားထောင်ချီတဲ့ အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံခဲ့သလို အပိုင်း () နဲ့ ရှမ်းမန်း စစ်ဆင်ရေး အတွင်းမှာလဲ ရာနဲ့ချီတဲ့ စစ်သားတွေ၊ ရဲတွေ လက်နက်ချ အလင်းဝင်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


အထက်ပါစာရင်းကိုကြည့်ရင် ရန်သူ့အင်အား ၄၆၅ ဦး  လက်နက်ချ အညံ့ခံတာ၊ စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံထားရတာတွေ့ရပြီး ဒီ အင်အားဟာ တပ်ရင်း () ရင်းစာ အင်အားဖြစ်ပြီး ရန်သူ့ထံက လက်နက်တပ်ရင်း () ရင်းစာ သိမ်းဆည်းရရှိမှုလဲ ဖြစ်တယ်လို့PDFInsightကဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment