16th JUL 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြို့တွေသိမ်းပြီးရင် ထိန်းနိုင်ဖို့လိုတယ် ဆိုတာကို မမေ့မလျော့ကြဖို့ယာယီသမ္မတပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြဖို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းတိုက်တွန်း

📌 ၃။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတခုက တည်ထောင်ထားတဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ စာသင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ် အသိပေးဆို

📌 ၄။ နိုင်ငံရေးအကျဉ်းသားများအပါအဝင်အခြားအကျဉ်းသားများအား မတရားဖိနှိပ်ညှင်းပန်းမှုများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေ

📌 ၅။ နွေဦးတက္ကသိုလ်ကItaly က တက္ကသိုလ်တစ်ခု နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ် သဘောတူစာချွန်လွှာရေးထိုးနိုင်ခဲ့

📌 ၆။ မြန်မာ့စီးပွါးရေးဘဏ်နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း တို့ကို နိုင်ငံတကာမှ ပူးပေါင်း၍ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် မြန်မာပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၄၀ မှ တိုက်တွန်းတောင်းဆို

📌 ၇။ စင်ကာပူနိူင်ငံ Golden Mile TowerရှိCarnival Theatre ရုံကြီးတွင် "နေသာတဲ့နေ့"ရုပ်ရှင်ကို ပြသမည်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၃နှင့် ထီးဘောဂေါ်စစ်ဘေးရှောင်ကလေးများအတွက် လူ့အခွင့်ရေးဝန်ကြီးမွေးနေ့အထိမ်းအမှတ်အဖြစ်ဝန်းရံသူများကဆက်လက်လှူဒါန်း

🚩 ၂။ ဘင်္ဂလားဒေ့ရှ် ကိုထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင်တွေရဲ့လှေနှစ်စီး နတ်မြစ်ထဲမှာမျောပါနေပြီးဘင်္ဂလားဒေ့ရှ်ကို ကမ်းကပ်ခွင့် မရ

🚩 ၃။ အကြမ်းဖက်စစ်တပ်က နယ်မြို့များတွင်ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြို့တွေသိမ်းပြီးရင် ထိန်းနိုင်ဖို့လိုတယ် ဆိုတာကို မမေ့မလျော့ကြဖို့ယာယီသမ္မတပြောကြား


ဇူလိုင်၁၆ရက်


ဇူလိုင်၁၆ရက်‌မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  မြို့တွေသိမ်းပြီးရင် ထိန်းနိုင်ဖို့လိုတယ် ဆိုတာကို မမေ့မလျော့ကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက  ပြောကြားလိုက်ပါတယ်။


"နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန်ရေးဟာ အစကနဦး အချိန်မှာတော့မုဆိုး စိုင်သင် - သဘာမျိုးနဲ့ တဖြည်းဖြည်းချင်း လေ့လာသင်ယူကြရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကမ်းကြိုဆိုမှုနဲ့ ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေး အခြေအနေကို အတိုင်းအထက်အလွန် မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။  ဒါဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်း ရောင်ခြည်ဖြစ်လာတယ်လို့ ပြောနိုင် ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင် အစိုးရအဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံဒေသတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြဖို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းတိုက်တွန်း


ဇူလိုင်၁၆ရက်


နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြဖို့ မန္တလေး လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းက ဇူလိုင်၁၆ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်  တိုက်တွန်းပြောဆိုထားပါတယ်။


"လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်တိုက်ပွဲကိုလည်း အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြပါစို့ခင်ဗျား။ပြည်သူအပေါင်း မျှော်ရည်တဲ့ အဆုံးသတ်ပန်းတိုင်ကို ပြည်သူအားလုံး ပါဝင်တဲ့ လူထုတိုက်ပွဲ၊ လူထု အထွေထွေ အုံကြွမှုကြီးနဲ့သာလျှင် စောလျင်စွာ ရောက်ရှိ၊ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဇူလိုင် (၁၉) အာဇာနည်နေ့မှာ ပြည်သူလူထု ဂုဏ်ပြုအပ်တဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြုကာ ယခင့် ယခင် နှစ်များမှာ အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြတဲ့အတိုင်း  မနက် (၁၀ နာရီ ၃၇ မိနစ်) အချိန်မှာ ကား၊ ဆိုင်ကယ်ပေါ် ရောက်နေကြသူတွေက ဟွန်းတီးကြဖို့နဲ့ အိမ်ထဲ ဆိုင်ထဲ ရောက်နေသူတွေက မတ်တပ်ရပ်၊ သတိဆွဲ အလေးပြုကြဖို့ကိုလည်းနှိုးဆော်ထားပါတယ်။


ထို့အပြင်အခြေအနေပေးတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့ဆီကို ချီတက်ပြီး ဂါရဝ ပြုကြဖို့ကိုဆိုထားပါတယ်။


========================


📌📌 ၃။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတခုက တည်ထောင်ထားတဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ စာသင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ် အသိပေးဆို


ဇူလိုင်၁၆ရက်


တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတခုက တည်ထောင်ထားတဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ စာသင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကဇူလိုင်၁၅ရက်မှာ ဆိုရှယ်မီဒီယာကနေ အသိပေးဆိုထားပါတယ်။


"အခု တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတခုက တည်ထောင်ထားတဲ့ နိုင်ငံရေးသိပ္ပံကျောင်းမှာ စာသင်ပေးဖို့ ပြင်ဆင်နေသလို NUG ပြည်ထဲရေးရဲ့ အုပ်ချုပ်ရေးမှူးများကိုလည်း စာသင်ပေးနေပါတယ်။ ကျရာနေရာက အုတ်ချပ် သဲတပွင့်ပေါ့"လို့ဆိုပါတယ်။


သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေဟာ သြစတြေးလျနိူင်ငံတွင်လည်း မြန်မာအရေးများကို ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ နိုင်ငံရေးအကျဉ်းသားများအပါအဝင်အခြားအကျဉ်းသားများအား မတရားဖိနှိပ်ညှင်းပန်းမှုများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေ


ဇူလိုင်၁၆ရက်


သာယာဝတီ၊မြစ်ကြီးနား၊လွိုင်ကော်နှင့် မန္တလေးအကျဥ်းထောင်အပါအဝင်ကျိုက်မရောအကျဥ်းထောင်တို့တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင်အခြားအကျဉ်းသားများအား မတရားဖိနှိပ်ညှင်းပန်းမှုများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့

ဇူလိုင်လ(၁၅) ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့က ထုတ်ပြန်ပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ () ရက်နေ့မှစ၍  နိုင်ငံတော်အာဏာကိုဥပ‌ဒေမဲ့စွာ စစ်ကောင်စီက မတရား သိမ်းယူထားသည့် နှစ်ခွဲ အချိန်ကာလအတွင်း စစ်ကောင်စီလက်အောက်ရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား/သူ (၁၀၉၂၄) ဦး ဖမ်းဆီးချုပ်နှောင်ထားပြီး ထိုနိုင်ငံရေးအကျဉ်းသား/သူများထဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် နိုင်ငံရေးအကျဉ်းသား/သူ (၁၅၃၉) ဦး ရှိနေတယ်လို့ဖော်ပြပါတယ်။


လတ်တလောအခြေအနေတွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များအတွင်း၌  ပုဒ်မအမျိုးမျိုး တပ်ကာ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဥ်းသားများအပါအဝင် အခြားအကျဥ်းသား၊အကျဥ်းသူများအပေါ် ထောင်အာဏာပိုင်များက မတရားညှဥ်းပန်းနှိပ်စက်မှုများပြုလုပ်‌နေကြခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများက သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံ တရားမျှတမှုရရှိရေးအတွက် တင်ပြတောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း မှန်ကန်စွာအရေးယူ‌ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် တင်ပြသူများကို ကျူးလွန်သူများကပင် အငြိုးအတေးထားကာ ပြင်းထန်စွာ ဝိုင်းဝန်းရိုက်နှက်ခြင်း၊ တိုက်ပိတ်ဒေါက်ခတ် အရေးယူခြင်း၊ ထောင်ပြောင်းရွေ့ခြင်းများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


ထောင်ပြောင်းဟုဆိုကာ ထောင်ပြင်ပထုတ်၍အသတ်ခံရသူ ၃၀ ဦး၊ ထောင်တွင်းရိုက်နှက်ခံရမှု ကြောင့် သေဆုံးသူ ၁၇ ဦး၊ထောင်မှထုတ်၍ စစ်ကြောရေးဟုဆိုကာစစ်ကြောရေးပြုလုပ်စဉ် အသတ်ခံရသူ ဦး၊ ဆေးကုသမှုမလုံလောက်ခြင်းကြောင့် သေဆုံးသူ ၂၅ ဦး ရှိကာထိုထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၁ ဦး အပါအဝင်ဖြစ်တယ်လို့သိရပါတယ်။


ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀() ပုဒ်မ ၅၁() ပုဒ်မ ၅၄၊ ပုဒ်မ ၁၇() အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ် (၉၆) နှစ် အမိန့်ချမှတ်ခြင်းခံထားရသည့် အသက် (၂၄) နှစ် အရွယ် LGBTQ+စိတ်တိမ်းညွတ်သူ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို()ရဲရဲ ကို အခြားရာဇဝတ်မှုဖြင့် သေဒဏ်အမိန့်ကျ ခံထားရသည့် ပြူးကြီးဆိုသူက မုဒိန်းကျင့်မှုဖြစ်ပွားရာငြင်းဆန်သည့် ရဲရင့်ကို()ရဲရဲ အား အဆိုပါသေဒဏ်ကျ အကျဉ်းသားက ကျောက်စရစ်ခဲ (ပစ္စည်းအမာ) ဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့သည့်အတွက် ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံတွင် ဦးခေါင်းဒဏ်ရာအား ချုပ်ခံရပါတယ်။


၂၀၂၄ ခုနှစ် ဧပြီလ (၁၈) ရက်နေ့ နှစ်ဆန်းနှစ်ရက်နေ့ ညနေ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်၏ အဆောင် () နှင့် အဆောင် () မှ အခြားရာဇဝတ်အကျဉ်းသားများ နှင့် နိုင်ငံရေးအကျဉ်းသားများသည် စစ်ကောင်စီပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပေါ် ညီမျှမှုမရှိသဖြင့် တောင်းဆိုဆန္ဒပြခဲ့ကြရာ ဆန္ဒပြမှုကို ရပ်တန့်တားဆီးရန်အတွက် ဗဟိုကင်းမှသေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ အုတ်ရိုးမျှော်စင် အမှတ် () နှင့် () တို့မှလည်း သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါတယ်။


ထို့အတူကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော်အကျဉ်းထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ (၁၁၀) ကျော် အပါအဝင် အကျဉ်းသားစုစုပေါင်း (၄၀၀) ကျော် သည် ထောင်ဝင်စာပါဆယ် ပေးပို့မရဖြစ်နေသည်မှာ () လကျော်ပြီဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ နွေဦးတက္ကသိုလ်ကItaly က တက္ကသိုလ်တစ်ခု နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ် သဘောတူစာချွန်လွှာရေးထိုးနိုင်ခဲ့


ဇူလိုင်၁၆ရက်


နွေဦးတက္ကသိုလ်ကItaly က တက္ကသိုလ်တစ်ခု နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ် သဘောတူစာချွန်လွှာရေးထိုးနိုင်ခဲ့ကြောင်းကို ဇူလိုင်လအတွင်းမှာ နွေဦးတက္ကသိုလ်ကအသိပေးဆိုပါတယ်။


"Italy က တက္ကသိုလ်တစ်ခု နှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ် သဘောတူစာချွန်လွှာရေးထိုးနိုင်ခဲ့ပါပြီ။ ကျောင်းသား၊ကျောင်းသူများ နှင့် မိဘပြည်သူများခင်ဗျာနွေဦးတက္ကသိုလ်သည် Italy မှ တက္ကသိုလ်တစ်ခု နှင့် MOU ထိုးလိုက်ပြီး ကျောင်းသား၊ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော ပညာရေး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် ကြိုးစားပေးလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


Italy က တက္ကသိုလ်အမည်နှင့် နောက်ဆက်တွဲကြေညာချက်များကို ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ မြန်မာ့စီးပွါးရေးဘဏ်နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း တို့ကို နိုင်ငံတကာမှ ပူးပေါင်း၍ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် မြန်မာပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၄၀ မှ တိုက်တွန်းတောင်းဆို


ဇူလိုင်၁၆ရက်


ဇူလိုင်၁၅ရက်မှာ မြန်မာ့စီးပွါးရေးဘဏ်နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း တို့ကို နိုင်ငံတကာမှ ပူးပေါင်း၍ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် မြန်မာပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၄၀ မှ တိုက်တွန်းတောင်းဆိုကြောင်း ပူးတွဲထုတ်ပြန်ချက် ကိုထုတ်ပြန်ခဲ့ပါတယ်။


ထုတ်ပြန်ချက်အရအကြမ်းဖက်စစ်အုပ်စုဟာအာဏာသိမ်းရန်ကြိုးပမ်းချိန်မှစတင်၍ အရပ်သားပြည်သူငါးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး၄င်းတို့စစ်အုပ်စုရဲ့လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် ပြည်သူသုံးသန်းကျော်နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ နိူင်ငံပိုင်ဘဏ်များ၊ရေနံ့နှင့်သဘာဝဓာတ်ငွေ့မှဝင်ငွေများကိုအသုံးပြု၍စစ်လက်နက်နှင့်လေယာဥ်ဆီများဝယ်ယူခြင်းရရှိသည့်အပြင်နိူင်ငံတကာဘဏ္ဍာရေးစနစ်ကိုပါအသုံးပြုခွင့်ရရှိနေတယ်လို့ထောက်ပြထားပါတယ်။


စစ်အုပ်စုကိုနိူင်ငံတကာမှအရေးယူပိတ်ဆို့မှုများရှိသော်လည်းယိုပေါက်များကိုအသုံးပြုကာဆက်လက်လုပ်ဆောင်နေသည့်အတွက်နိူင်ငံတကာနှင့်ထိုင်းနိူင်ငံတို့ဟာ စစ်အုပ်စုအပေါ် ဖြတ်တောက်အရေးယူပိတ်ဆို့ပေးရန်တောင်းဆိုထားပါတယ်။


========================


📌📌 ၇။ စင်ကာပူနိူင်ငံ Golden Mile TowerရှိCarnival Theatre ရုံကြီးတွင် "နေသာတဲ့နေ့"ရုပ်ရှင်ကို ပြသမည်


ဇူလိုင်၁၆ရက်


စင်ကာပူနိူင်ငံ Golden Mile TowerရှိCarnival Theatre ရုံကြီးတွင် နေသာတဲ့နေ့ရုပ်ရှင်ကို ပြသမယ်လို့သိရပါတယ်။


နေသာတဲ့နေ့ကို အမေရိကန်ပြည်ထောင်စုတွင် စင်တင်ပြဇာတ်အဖြစ် တင်ဆက်ခဲ့ပြီး ယခု ရုပ်ရှင်အဖြစ်အသွင်ပြောင်းထားသော တော်လှန်ရေးနောက်ခံ တေးဂီတရုပ်ရှင်ကားကြီးဖြစ်တယ်လို့သိရပါတယ်။


ဇူလိုင်(၂၇)ရက် စနေနေ့တွင် ညနေ () နာရီနှင့် ()နာရီ၊ (၂၈) ရက် တနင်္ဂနွေနေ့တွင် မွန်းတည့် (၁၂) နာရီနှင့် ညနေ ()နာရီစုစုပေါင်း ၄ပွဲကိုပြသ သွားမှာဖြစ်ပါတယ်။


ဒါရိုက်တာ  Mehn Thet Win, သရုပ်ဆောင် - အကယ်ဒမီ မေဝင်းမောင် ဇယံဓ သွန်းသံစဉ် ငြိမ်းချမ်းမောင် ငုဝါခိုင် နှင့် အနုပညာရှင်များစွာပါဝင်ထားပြီးဝင်ငွေအားလုံးကို လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၃နှင့် ထီးဘောဂေါ်စစ်ဘေးရှောင်ကလေးများအတွက် လူ့အခွင့်ရေးဝန်ကြီးမွေးနေ့အထိမ်းအမှတ်အဖြစ်ဝန်းရံသူများကဆက်လက်လှူဒါန်း


ဇူလိုင်၁၆ရက်


ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၃နှင့် ထီးဘောဂေါ်စစ်ဘေးရှောင်ကလေးများအတွက် လူ့အခွင့်ရေးဝန်ကြီးမွေးနေ့အထိမ်းအမှတ်အဖြစ် ဝန်းရံသူများက ဆက်လက်လှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇူလိုင်၁၆ရက်မှာ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


"တော်လှန်ရေးတာဝန်ကို အတူတူ ထမ်းဆောင်ရင်း မိသားစုလိုဖြစ်လာကြတဲ့ Documentation and Research Team ဝန်ထမ်းများရဲ့အလှူ"လို့ဝန်ကြီးကအသိပေးဆိုပါတယ်။


ဇူလိုင်လ (၁၇) ရက်နေ့မှာလူ့အခွင့်ရေးဝန်ကြီး၏ (၅၈)  နှစ်မြောက် မွေးနေ့ကျရောက်မည်ဖြစ်ပြီး မွေးနေ့လက်ဆောင် အနေနဲ့ မိမိကူညီချင်တဲ့ဒေသက ပြည်သူတွေ၊ အရာရာကို စွန့်လွှတ်တိုက်ပွဲဝင်နေကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူငွေများ တိုက်ရိုက်လှူဒါန်းပေးခြင်းဖြင့် မွေးနေ့အလှူကိုပါဝင်နိူင်တယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကဆိုထားပါတယ်။


========================


🚩🚩 ၂။ ဘင်္ဂလားဒေ့ရှ် ကိုထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင်တွေရဲ့လှေနှစ်စီး နတ်မြစ်ထဲမှာမျောပါနေပြီးဘင်္ဂလားဒေ့ရှ်ကို ကမ်းကပ်ခွင့် မရ


ဘင်္ဂလားဒေ့ရှ် ကိုထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင်တွေရဲ့လှေနှစ်စီး နတ်မြစ်ထဲမှာမျောပါနေပြီးဘင်္ဂလားဒေ့ရှ်ကို ကမ်းကပ်ခွင့် မရဘူးလို့သတင်းရရှိပါတယ်။


ဘင်္ဂလားဒေ့ရှ် သတင်းဌာန DBC 24/7ကဖော်ပြချက်အရ နတ်မြစ်ထဲမှာ စကစတပ်ဖွဲ့ဝင်တွေဟာ၆၀ ကျော်လောက်ရှိပြီး လှေဟာ ကမ်းကပ်ခွင့်မရဘူးလို့ဖော်ပြပါတယ်။


မြန်မာ နယ်ခြားစောင့်တပ် (BGP)အာရက္ခ တပ်တော် (AA)နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ထွက်ပြေးသွားကြတာဖြစ်တယ်လို့သိရပါတယ်။


၄င်းစက်လှေများပေါ်တွင်လက်နက်များလည်းပါဝင်ကာကမ်းကပ်ရန်စောင့်ဆိုင်းနေကြပြီးသစ်သားလှေ နှစ်စီးဟာ ဇူလိုင်လ ၁၄ ရက်နေ့ထိ နတ်မြစ်ထဲမှာပဲ ရှိနေတယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်တပ်က နယ်မြို့များတွင်ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရ


ဇူလိုင်၁၆ရက်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အခြေခံလူ့အခွင့်အရေးများကို အစဉ်တစိုက် ချိုးဖောက်လာခဲ့သည့် အကြမ်းဖက်စစ်အုပ်စုက အရပ်သားများ နေထိုင်ရာ ဒေသများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကြရတယ်လို့ဖော်ပြပါတယ်။


 ဇူလိုင်လ ရက်နေ့တွင် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ခင်ဗလူကျေးရွာကို စစ်အုပ်စု၏တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၈၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။


စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသော စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းများနှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အဦများကို ဦးတည်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အဆိုပါလက်နက်ကြီးကျည်သည် ကျေးရွာရှိ စာသင်ကျောင်းအနီး၌ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စာသင်ကြားနေသော ကျောင်းသား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ထို့ပြင် ရှမ်းပြည်နယ်၊ သိန္နီမြို့ရှိ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးတို့ကို စစ်အုပ်စုက ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါအဆောက်အဦ နှစ်ခုစလုံးမှာ အလုံးစုံ ပျက်စီးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment