16th JUL 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကို အလုပ်သမားဝန်ကြီးမှ ဦးဆောင်ကျင်းပ

📌 ၂။ မင်းအောင်လှိုင်နဲ့ နောက်လိုက်များ ဟာနိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တဲ့ သူများ ဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီးဆို

📌 ၃။ လုံခြုံရေး မြင့်မားပြီး လူသုံးများတဲ့ Signal App ကို စစ်ကောင်စီ ထပ်မံပိတ်ဆို့

📌 ၄။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီနှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီတို့ ပူးပေါင်းပြုလုပ်သည့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး (CIVIL & POLITICAL RIGHTS) သင်တန်း၊ (ဒုတိယအကြိမ်)အတွက် သင်တန်းသားခေါ်ယူ

📌 ၅။ အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့ ဘန်နာကို ကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရန်ကုန်မှာ လှုပ်ရှား

📌 ၆။ တောင်ကြီးမြို့ပေါ် အချို့အိမ်ရှင်များမှ အခန်းနှင့် အိမ်ငှားရမ်းခ အဆမတန် ပိုမိုတောင်းခံနေ

📌 ၇။ ပြည်သူ့အကျပ်အတည်းကို ဖြေရှင်းဖို့ နွေဦးဘဏ်မှာ မြန်မာကျပ် ကို ထိုင်းဘတ်၊ စင်္ကာပူငွေ USD အဖြစ် လဲလှယ်သိမ်းဆည်းလို့ရအောင် စီစဉ်ဆောင်ရွက်ပေးသွားမယ်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ဆက်လက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်  အရပ်သား () ဦး သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရ

🚩 ၂။ ပခုက္ကူ လေယာဉ်ကွင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၃။ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

🚩 ၄။ ဂဠုန်စစ်ကြောင်းမှ ဦးစီးပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် () သင်တန်းဆင်း

🚩 ၅။ ABSDF နှင့် အမျိုးသားညီညွတ်ရေး အစိုးရ  ကျန်းမာရေး ဝန်ကြီးဌာန တို့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရပ်ရွာ အခြေပြု အခြေခံဆေးပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

🚩 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း MA-2 လက်နက်သိမ်းယူနိုင်ခဲ့သည့် ရဲဘော် နိုင်မွန်ရော့အား မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ပေးခဲ့

🚩 ၇။ OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု မှ အပါတ်စဥ် - အခြေခံနှင့် တန်းမြင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကို အလုပ်သမားဝန်ကြီးမှ ဦးဆောင်ကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၇/၂၀၂၄)ကို ဇူလိုင် (၁၅) ရက်က ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

အစည်းအဝေးမှာကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့်  လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မင်းအောင်လှိုင်နဲ့ နောက်လိုက်များ ဟာနိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တဲ့ သူများ ဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီးဆို


မင်းအောင်လှိုင်နဲ့ နောက်လိုက်များ ဟာနိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တဲ့ သူများ ဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဇူလိုင် ၁၅ ရက်နေ့ ဆိုရှယ်မီဒီယာမှာ သုံးသပ်ပြောကြားလိုက်ပါတယ်။

"လက်ရှိ တော်လှန်ရေး လုပ်ကြတယ်ဆိုပေမယ့် ဥပဒေကြောင်းအရ မင်းအောင်လှိုင်နဲ့ သူ့အမိန့် နာခံ တဲ့ နောက်လိုက်များ ဟာ ပြည်တွင်းဥပဒေ အရကို ပဲ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တဲ့ သူများ ဖြစ်တယ် ဆိုတာကို မေ့ထားလို့ မရသလို၊ လက်ရှိ ပြည်သူများ နဲ့ တော်လှန်ရေး တပ်ဖွဲ့များရဲ့ အင်အားသုံးမှု ဟာ ဒီအကြောင်းအခြင်းအရာကြောင့် ဥပဒေအရ တရားဝင်မှုရှိတယ် ဆိုတာကို လည်း ငြိမ်းချမ်းရေးပွဲစား အဖွဲ့အစည်းများ နဲ့ နိုင်ငံရေးအရ ပွဲဖြစ်အောင် လုပ်စေချင်သူများကို ပြောပြဖို့လိုပါတယ်" လို့ ဆိုပါတယ်။

(၂၀၂၀) မှာ ဖြစ်တဲ့ အခြေအနေဟာ (၂၀၁၅) ရွေးကောက်ပွဲမှာ ဥပဒေနဲ့ အညီတက်လာတဲ့ အစိုးရ တရပ်ရဲ့ အာဏာ ကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ပြီး အာဏာသိမ်းရန်ကြိုးစားတဲ့ ရာဇဝတ်မှု သဘောပါတယ်လို့ ဒုဝန်ကြီးက ဆိုထားပါတယ်။


========================


📌📌 ၃။ လုံခြုံရေး မြင့်မားပြီး လူသုံးများတဲ့ Signal App ကို စစ်ကောင်စီ ထပ်မံပိတ်ဆို့


မြန်မာပြည်တွင်းမှာ လူသုံးများတဲ့ လူမှုကွန်ယက် Messaging App တစ်ခုဖြစ်တဲ့  Signal ကို ဇူလိုင်လ (၁၅) ရက်နေ့က စတင်ပြီး စစ်ကောင်စီက ပိတ်ပင်လိုက်တယ်လို့ ပြည်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄) ရက်နေ့ထိ  Signal App ကို VPN မလိုဘဲ အသုံးပြုလို့ ရနေရာမှ ယမန်နေ့ကစပြီး အသုံးပြုလို့ မရတော့ဘူးလို့ ပြည်သူတစ်ဦးက ပြောပါတယ်။

Signal ဟာ End to End - Encryption ပါဝင်ပြီး လုံခြုံရေးအဆင့် မြင့်မားကာ စာတိုမတ်ဆေ့၊ အသံ နဲ့ ဗီဒီယိုဖိုင် ပို့တာတွေအပြင် App ပေါ်မှတဆင့် ဖုန်းခေါ်ဆိုတာ၊ ဗီဒီယိုကော ပြောတာတွေအထိ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

အခုလို ပိတ်ဆို့ ထားပေမယ့် Signal မှာ VPN မပါဘဲ အသုံးပြုလို့ရတဲ့ ကိုယ်ပိုင် Proxy Setting ပါဝင် တာကြောင့် Signal ရဲ့ Privacy ထဲက Advanced ကိုဝင်ပြီး Censorship Circumvention ကိုဖွင့်ပေးထားကာ ဆက်လက်အသုံးပြုနိုင်တယ်လို့ Spring Revolution Security အဖွဲ့က အသိပေး ထားပါတယ်။

စစ်ကောင်စီက ယခုနှစ် မေလ နှောင်းပိုင်းမှာ မြန်မာပြည်တွင်း Virtual Private Network - VPN တွေ သုံးမရအောင် ပိတ်ဆို့ခဲ့ပြီးတဲ့နောက် လုံခြုံရေးမြင့်မားပြီး လူသုံးများတဲ့ Signal ကို ထပ်မံပိတ်ဆို့မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


📌📌 ၄။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီနှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီတို့ ပူးပေါင်းပြုလုပ်သည့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး (CIVIL & POLITICAL RIGHTS) သင်တန်း၊ (ဒုတိယအကြိမ်)အတွက် သင်တန်းသားခေါ်ယူ


မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီနှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီတို့ ပူးပေါင်းပြုလုပ်သည့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး (CIVIL & POLITICAL RIGHTS) သင်တန်း၊ (ဒုတိယအကြိမ်)ကို ယခုလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ မြန်မာစံတော်ချိန် နံနက် (၀၉:၀၀) နာရီ မှ (၁၂:၀၀) နာရီအထိ () ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းအတွက် သင်တန်းသားဦးရေ (၃၀) ခန့်ကို အွန်လိုင်းမှ လက်ခံ သင်ကြားပို့ချသွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားမှုရှိသည့် CDM နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  စာရင်းသွင်းလင့်မှတဆင့် စာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

သင်ကြားပို့ချပေးမည့် Topic များမှာ နိုင်ငံတကာသဘောတူစာချုပ်များအကြောင်း သိကောင်းစရာများ၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး (Civil & Political Rights Concept) နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအကြောင်း သိကောင်းစရာများ နိုင်ငံသားများ၏ အခွင့်အရေးနှင့် ဆက်စပ်သည့် ရာဇသတ်ကြီးဥပဒေအကြောင်းနှင့်နိုင်ငံမဲ့များ၏ အခွင့်အရေးအကြောင်းစသည်တို့ကို ဥပဒေပညာရှင်များမှ ဆွေးနွေးပို့ချပေးသွားမှာဖြစ်တယ်လို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၅။ အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့ ဘန်နာကို ကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရန်ကုန်မှာ လှုပ်ရှား


အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆီသို့ ဘန်နာကို ကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဇူလိုင်လ (၁၅) ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့  ဗကသများအဖွဲ့ချုပ်က အသိပေးဖော်ပြပါတယ်။

အဆိုပါလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Colition (NDOPSC) တို့ ပူးပေါင်းခဲ့ကြတာဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌 ၆။ တောင်ကြီးမြို့ပေါ် အချို့အိမ်ရှင်များမှ အခန်းနှင့် အိမ်ငှားရမ်းခ အဆမတန် ပိုမိုတောင်းခံနေ


ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ အချို့သော အိမ်ရှင်များသည် လားရှိုးမြို့မှ ထွက်ပြေးလာ‌သည့် စစ်ဘေးရှောင်များကို အခန်းခ၊ အိမ်ငှားရမ်းခ ဈေးနှုန်းများ အဆမတန် ပိုမိုတောင်းခံနေကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

() စာချုပ် မဟုတ်ရင် မငှားပေးသလို () () လဆိုရင်လည်း မငှားပေးဘဲ () သိန်းတန် အိမ်ငှားခတွေဟာ () သိန်း () သိန်းနီးပါးအထိ တက်သွားတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့နယ်အတွင်း ရောက်ရှိနေသော စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်း၊ စာသင်တိုက်နှင့် ဆွေမျိုးအိမ်တို့တွင် နေထိုင်နေကြရပြီး အများစုမှာ အိမ်ငှားနေထိုင်ရန် အခက်အခဲများ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

တောင်ကြီးမြို့အပြင် နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းကိုင်၊ မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ နမ့်စန်၊ အောင်ပန်း စသည့် ဘေးလွတ်ကင်းရာ မြို့များသို့ ရှမ်းပြည်မြောက်ပိုင်းမှ စစ်ဘေးရှောင်များ ခိုလှုံနေကြရတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၇။ ပြည်သူ့အကျပ်အတည်းကို ဖြေရှင်းဖို့ နွေဦးဘဏ်မှာ မြန်မာကျပ် ကို ထိုင်းဘတ်၊ စင်္ကာပူငွေ USD အဖြစ် လဲလှယ်သိမ်းဆည်းလို့ရအောင် စီစဉ်ဆောင်ရွက်ပေးသွားမယ်


ပြည်သူ့အကျပ်အတည်းကို ဖြေရှင်းဖို့ နွေဦးဘဏ်မှာ မြန်မာကျပ် ကို ထိုင်းဘတ်၊ စင်္ကာပူငွေ USD အဖြစ် လဲလှယ်သိမ်းဆည်းလို့ရအောင် စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ နွေဦးဖွံဖြိုးရေးဘဏ်က ဇူလိုင် (၁၅) ရက်မှာ တရားဝင် အသိပေးပါတယ်။

"အခုလို စကစရဲ့ တနေ့တမျိုး မရိုးအောင် အသုံးမကျဘဲ မတရား ချုပ်ချယ်ဖိနှိပ်မှုများကြောင့် မြန်မာငွေတန်ဖိုးများ ဒရောသောပါး ကျဆင်းလာခဲ့ပြီး ငွေထုတ် သုံးစွဲဖို့ပင် ပိုမို ခက်ခဲလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့အကျပ်အတည်းကို ဖြေရှင်းဖို့ နွေဦးဘဏ်မှာ မြန်မာကျပ် ကို ထိုင်းဘတ်၊ စင်္ကာပူငွေ USD အဖြစ် လဲလှယ်သိမ်းဆည်းလို့ရအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

မိမိ ပိုင်ဆိုင်မှုတန်ဖိုးတွေ မဆုံးရှုံးဖို့အတွက် ကြေညာထားတဲ့ SDB-RM များမှ တဆင့် ဇူလိုင်လ (၁၂) ရက် မှ (၁၈) ရက် အတွင်း အမြန်ဆုံးပဲ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးနွေဦးဘဏ်က ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ဆက်လက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်  အရပ်သား () ဦး သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရ


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး  PSLF/TNLA မှ ဇူလိုင်လ (၁၄) ရက်နေ့ (၁၂:၀၀) နာရီမှ (၁၈) ရက်နေ့ (၁၂:၀၀) နာရီအချိန်အထိ လေးရက်တာ တစ်ဖက်သတ် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား () ဦးသေဆုံးပြီး () ဦး ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၁၅) ရက်နေ့ ညနေ (:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့ စစ်ကောင်စီမှ လက်နက်ကြီး အလုံး (၃၀) ခန့် ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင်အထက်ကျေးရွာနေ အဖွားအို () ဦး ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

အလားတူ ကျောက်မဲမြို့ ရပ်ကွက် () တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက် ထိမှန်မှုကြောင့် အရပ်သား () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် နေ့လယ် () နာရီခန့်အချိန် သိန္နီမြို့လမ်းဆုံတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူ လေယာဉ်ကွင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်


ပခုက္ကူမြို့၊ လေယာဉ်ကွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို RC Plane များ၊ Rocket များဖြင့် ပစ်ခတ်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ () Young Force - UG အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၁၅) ရက်နေ့က အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို RC Plane များဖြင့် Rocket အလုံးရေ (၃၀) ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ အပြန်အလှန် ပစ်ခတ်မှု () နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၀) ‌ယောက်နီးပါး ဒဏ်ရာရခဲ့ကာ တပ်စွဲထားရာ နေအိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ကနဦး သိရကြောင်း Young Force - UG က ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် () တပ်ရင်း၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ () မှ Cobra One Tatt PKU Thurain TR Shwe Nyar Myae Young Force - UG နှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအတွင်း စစ်ကြောင်းထိုး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် () တပ်ရင်း နွားထိုးကြီး PDF က ထုတ်ပြန်ထား ပါတယ်။

ဇူလိုင်လ ၁၄ ရက် နေ့လည် နာရီ ဝန်းကျင်က ခြေဆေး ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၈၀ ဝန်းကျင်ကို ဒရုန်းဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

ဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရ သူများလည်း ရှိတယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း နွားထိုးကြီး PDF က ဖော်ပြပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် () တပ်ရင်း နွားထိုးကြီး PDF နဲ့  စွန်ရဲ ပြောက်ကျား တပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဂဠုန်စစ်ကြောင်းမှ ဦးစီးပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် () သင်တန်းဆင်း


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် () စစ်ဒေသ၊ စစ်ဒေသခွဲ () တပ်ရင်း (၉၉၀၈) ဂဠုန်စစ်ကြောင်း က ဦးစီးပြုလုပ်ပြီး မဟာမိတ်စစ်ကြောင်းမှ ရဲဘော်များ ပါဝင်တက်ရောက် ခဲ့တဲ့ အပတ်စဉ် () အခြေခံ စစ်ပညာသင်တန်း ပြီးစီးကြောင်း ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်အတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရာမှာ တော်လှန်ရေး ယုံကြည်ချက် နှင့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော ပြည်သူ့ကာကွယ်ရေး တပ်သားများ ပေါ်ထွက်လာရေး ရည်ရွယ်ပြီး ယခု သင်တန်းကို စီစဉ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

(၂၀၂၄) ခုနှစ် ဧပြီလ မှ စတင်ပြီး ဇူလိုင်လထိ () လတာ ပြုလုပ်ခဲ့တဲ့ အဆိုပါ စစ်သင်တန်းကို ပြီးဆုံးတဲ့ထိ တက်ရောက်ခဲ့ကြတဲ့ ရဲဘော်များရဲ့ တော်လှန်ရေး ယုံကြည်ချက်နဲ့ ဇွဲနဘဲ ကြီးမှုကို အထူးပင် ဝမ်းမြောက်ဂုဏ်ယူ ကြောင်း ဂဠုန်စစ်ကြောင်းက ဆိုပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲ အခန်းအနားကို တက်ရောက်ဂုဏ်ပြုခဲ့ကြတဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP - AD) ကလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး / တအောင်း တပ်မတော် ((PSLF/ TNLA) ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA) ကျားဖြူ စစ်ကြောင်း၊ Lion Battalion အထူးကွန်မန်ဒို စစ်ကြောင်းနဲ့ မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းများကိုလည်း အလေးနက်ထား ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ABSDF နှင့် အမျိုးသားညီညွတ်ရေး အစိုးရ  ကျန်းမာရေး ဝန်ကြီးဌာန တို့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရပ်ရွာ အခြေပြု အခြေခံဆေးပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


ဇူလိုင်၁၅ရက်


ABSDF နှင့် အမျိုးသားညီညွတ်ရေး အစိုးရ  ကျန်းမာရေး ဝန်ကြီးဌာန တို့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရပ်ရွာ အခြေပြု အခြေခံဆေးပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။


ဇူလိုင်၁၅ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် အမှတ် () စစ်ကြောင်းကအသိပေးဖော်ပြပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် အမှတ် () စစ်ကြောင်း နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကျန်းမာရေး ဝန်ကြီးဌာန (MOH) တို့မှ ဦးဆောင်၍ ဒေသခံ ပြည်သူလူထု အထောက်အပံ့ဖြင့် အမှတ် () စစ်ကြောင်း လှုပ်ရှားနယ်မြေ ရပ်ရွာဒေသများရှိ လူငယ်များကို အခြေခံဆေးပညာသင်တန်း  ဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ သင်တန်းတွင် နီးစပ်ရာ ရပ်ရွာများရှိ သတ်မှတ်ပညာ အရည်အချင်းနှင့် ကိုက်ညီသော မိန်းကလေး (၂၆) ယောက်နှင့် ယောက်ျားလေး (၁၁) ယောက်တို့ကို အခြေခံဆေးပညာ () လကြာ သင်ကြားပေးခဲ့ပြီး ဇူလိုင်လ (၁၀) ရက်နေ့တွင် အောင်မြင်စွာ သင်တန်းဆင်းပေးနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း MA-2 လက်နက်သိမ်းယူနိုင်ခဲ့သည့် ရဲဘော် နိုင်မွန်ရော့အား မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ပေးခဲ့


အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း MA-2 လက်နက်သိမ်းယူနိုင်ခဲ့သည့် ရဲဘော် နိုင်မွန်ရော့အား မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ပေးခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ဇူလိုင် (၁၅) ရက်မှာ အသိပေးဖော်ပြပါတယ်။

ဇွန်လ (၁၉) ရက်နေ့က တင်္နသာရီတိုင်း၊ ရေဖြူမြို့နယ်၊ မျောက်ချောကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း MA-2 လက်နက်သိမ်းယူနိုင်ခဲ့သည့် ရဲဘော် နိုင်မွန်ရော့(နာဲမနျရတျ) အား မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွင် ရန်သူစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သော်လည်း  အခြေအနေအမျိုးမျိုးများကြောင့် ရန်သူထံမှ လက်နက်တစ်လက်တည်းသာ သိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ရန်သူ့လက်နက် ကိုယ့်လက်နက်" ဆိုသည့်စကားအတိုင်း ရွံရွံချွန်န် တိုက်ခိုက်ပြီး သတ္တိရှိရှိလက်နက်တက်သိမ်းယူနိုင်ခဲ့သည့်အပေါ် ရဲဘော်များ စိတ်ဓါတ်ခွန်အားတက်ကြွရန်အတွက် ယခုကဲ့သို့ ချီးမြှင့်ဂုဏ်ပြုခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၇။ OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု မှ အပါတ်စဥ် - အခြေခံနှင့် တန်းမြင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု မှ အပါတ်စဥ် - အခြေခံနှင့် တန်းမြင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုမှ ဇူလိုင် (၁၅) ရက်မှာ အသိပေးဖော်ပြပါတယ်။

(၂၀၂၄) ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု မှ အပါတ်စဥ် - အခြေခံနှင့် တန်းမြင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ဖော်ပြထားပါတယ်။

အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုဟာ စစ်အာဏာရှင် စနစ်ပြုတ်ကျရေးခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုတရပ်လည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment