17th JUL 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇူလိုင်လ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများLocal PDF အဖွဲ့များနှင့်စပ်လျဉ်းသည့်ဆွေးနွေးမှုများ တွေ့ဆုံကျင်းပ

📌 ၂။ "ထမင်းတနပ် (၁၅)ဘတ်" အဖွဲ့သို့  လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်း၏ (၅၈)နှစ်ပြည့်မွေးနေ့အတွက် ကနေဒါနိုင်ငံမှ အလှူရှင်တစ်ဦးမှ ကနေဒါ ဒေါ်လာ (၁၀၀)လှူဒါန်းပေးခဲ့

📌 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၀၁) ဦး ရှိခဲ့ပြီဖြစ်

📌 ၄။ NUGPay ရဲ့ USDT Feature အသစ်မှာ IOS ကော Android မှာပါရရှိပြီဖြစ်၍ Activateပြုလုပ်နိူင်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ အပတ်စဉ် (/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်များအားလက်နက်တပ်ဆင်

🚩 ၂။ ရွှေဘိုနယ် ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ၃။ စဉ့်ကူး/မတ္တရာဘက်များကိုစကစကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်

🚩 ၄။ မြိုင်ပကဖက တွင်းမပျူစောထီးစခန်းမှထွက်လာသော စကစစစ်ကြောင်းနှင့် တွင်းမရွာမြောက်ဖက် တနေရာ၌ ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

🚩 ၅။ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပိုင်းမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီး 

🚩 ၆။ လားရှိုးမှာရှိတဲ့ နန်းကျိုင်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်က ကလေးငယ်များကို စစ်ရေးအတွက် အသုံးပြုနေတာစိစစ်တွေ့ရှိရတယ်လို့ MNDAA ပြော

🚩 ၇။ တောင်သာနယ်မှာအထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထောက်ပို့ကားကို တိုက်ခိုက်ခဲ့ရာ ဒုအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းမိ

🚩 ၈။ လက်နက်နဲ့တကွအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို CNDF က ကျပ်သိန်း ၈၀ ပေးအပ်

🚩 ၉။ မဟာမြိုင် အောင်ချမ်းသာ တိုက်ပွဲကြောင့် ယာယီပိတ်ထားသော (ရေဦး-ကလေးဝ)လမ်းအား ယနေ့နံနက်မှစ၍ပြန်လည်ဖွင့်လှစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများLocal PDF အဖွဲ့များနှင့်စပ်လျဉ်းသည့်ဆွေးနွေးမှုများ တွေ့ဆုံကျင်းပ


ဇူလိုင်၁၇


ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် နွေဦးတော်လှန်ရေးကာလအတွင်း ဖွဲ့စည်းဆောင်ရွက်လာကြသော Local PDF အဖွဲ့များနှင့်စပ်လျဥ်း၍  တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇေလတ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပါတယ်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒေသတွင်းဖွဲ့စည်းထားသော Local Defence Force အဖွဲ့များနှင့်ပတ်သက်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒနှင့် လက်တွေ့လုပ်ဆောင်နေသည့် လုပ်ငန်းစဥ်များ၊ မြေပြင်အခြေအနေများအား ရှင်းလင်းပြောကြားရာ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်းကြကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။


========================


📌📌 ၂။ "ထမင်းတနပ် (၁၅)ဘတ်" အဖွဲ့သို့  လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်း၏ (၅၈)နှစ်ပြည့်မွေးနေ့အတွက် ကနေဒါနိုင်ငံမှ အလှူရှင်တစ်ဦးမှ ကနေဒါ ဒေါ်လာ (၁၀၀)လှူဒါန်းပေးခဲ့


ဇူလိုင်၁၇


ထိုင်းနိူင်ငံမဲဆောက်'ထမင်းတနပ် (၁၅)ဘတ်' အဖွဲ့သို့  လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်း၏ (၅၈)နှစ်ပြည့်မွေးနေ့အတွက် ကနေဒါနိုင်ငံမှ အလှူရှင်တစ်ဦးမှ ကနေဒါဒေါ်လာ (၁၀၀)လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။


နွေဦးတော်လှန်ရေးအတွင်း အနစ်နာခံပါဝင်ခဲ့ကြသော CDMs များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအတွက် ကျွန်တော်များ 'ထမင်းတနပ် (၁၅)ဘတ်' အဖွဲ့သို့ ဇူလိုင်၁၇ နေ့ တွင်ကျရောက်သော လူ့အခွင့်အရေးဝန်ကြီး ဆရာဦးအောင်မျိုးမင်း၏ (၅၈)နှစ်ပြည့်မွေးနေ့အတွက် ကနေဒါနိုင်ငံမှ အလှူရှင်တစ်ဦးမှ ကနေဒါဒေါ်လာ (၁၀၀)လှူဒါန်းပေးခဲ့ပါသည်။လှူဒါန်းကူညီပေးကြသော အလှူရှင်များ ကျန်းမာချမ်းသာကြပါစေကြောင်း 'ထမင်းတနပ် (၁၅)ဘတ်အဖွဲ့' မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ဖော်ပြပါတယ်။


အလားတူ လူ့အခွင့်ရေးဝန်ကြီးအားဝန်းရံသူများက စစ်ဘေးရှောင်နေထိုင်ရန်တဲတလုံးအပါအဝင် ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း၅၁၀၂သို့လည်းလှူဒါန်းမှုများရှိခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၀၁) ဦး ရှိခဲ့ပြီဖြစ်


ဇူလိုင်၁၇ရက်


စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၀၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ ဇူလိုင်၁၆ရက်မှာ  AAPPကဖော်ပြပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၀၁) ဦး ရှိခဲ့ပြီဖြစ်ကာ အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၀၇၉) ဦးရှိပြီး ထိုအထဲမှ (၂၀၇၇၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၄၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၄။ NUGPay ရဲ့ USDT Feature အသစ်မှာ IOS ကော Android မှာပါရရှိပြီဖြစ်၍ Activateပြုလုပ်နိူင်


ဇူလိုင်၁၇


ဇူလိုင်လအတွင်းမှာ NUG Payက Activateပြုလုပ်နိူင်မှုနှင့်ပတ်သက်ပြီး အခုလိုတရားဝင် အသိပေးကြေညာပါတယ်။


"အခုဆို NUGPay ရဲ့ USDT Feature အသစ်လည်း iOS ကော android မှာပါ ရပါပြီ။ Activate ကော လုပ်ပြီးကြပြီလား။USDT ကို အသုံးပြုလိုတယ်ဆိုရင် Activate လုပ်ပေးရမှာ ဖြစ်ပြီး ၃၀၀၀ ကျပ် ကျသင့်ပါမယ်။ဒီ DMMK ၃၀၀၀ ကျပ် ဟာ တစ်နှစ်စာ အသုံးပြုခ (Transaction Fees ကြိုတင်ကောက်ခံထားခြင်းဖြစ်ပါတယ်) နောက်ထပ် ပေးစရာမလိုတော့ဘူး"လို့ဆိုထားပါတယ်။


NUGPay ထဲက USDT ကို DMMK အဖြစ် ငွေပြန်ထုတ်မယ်ဆိုရင်NUGPay အင်တာနက်စာမျက်နှာရှိ LiveChat ကို ဆက်သွယ်ပြီး DMMK ပြန်လဲလှယ်လို့ ရနိူင်မှာဖြစ်သလို အေးဂျင့်ကို ဆက်သွယ်လို့လည်းရပြီးNUGPay ထဲက USDT ကို DMMK အဖြစ် ငွေပြန်ထုတ်ခြင်းအတွက် မည်သူ့ကိုမှ Withdrawal Fees/Service Fees ပေးရန် မလိုအပ်ဘူးလို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ အပတ်စဉ် (/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်များအားလက်နက်တပ်ဆင်


ဇူလိုင်၁၇ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ အပတ်စဉ် (/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်များအားလက်နက်တပ်ဆင်ခဲ့ကြောင်းကို 

ဇူလိုင်၁၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်အသိပေးဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ အပတ်စဉ် (/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်များလို့ဖော်ပြပါတယ်။


လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များကိုမွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်း၊လက်နက်တပ်ဆင်ခြင်းများတပြိုင်နက်လုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၂။ ရွှေဘိုနယ် ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ B.I.A (ဒီပဲယင်း) LDF အဖွဲ့က ပြောပါတယ်။ 

ညောင်ကိုင်းပျူစောထီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Fixed Wing Drone တွေနဲ့ Federal Wings တွေအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ပစ်မှတ်နေရာကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးမှုအခြေအနေ သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။

စစ်အုပ်စုဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူး လို့ သိရပါတယ်။

B.I.A (ဒီပဲယင်း) LDF အဖွဲ့ဟာ ဒီပဲယင်းမှာအခြေစိုက်ထားတဲ့ တော်လှန်ရေးအဖွဲ့ဖြစ်ပေမယ့် အနီးနားမြို့နယ်တွေဖြစ်တဲ့ ရွှေ ဘို ဝက်လက်တို့မှာရှိတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

ဒီတိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF ကြောင်ရိုင်း (ရွှေဘို) ပကဖ ကျားရိုင်း (ရွှေဘို) ပကဖ၊ မဟူရာရွှေဘိုသား LDF ShweBo Federal အဖွဲ့၊ ဒေါင်းမန် (ရွှေဘို) ပကဖ၊ ဇေယျသွေး LDF နဲ့ အခြား မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

B.I.A (ဒီပဲယင်း) LDF နဲ့ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့တို့ဟာ မဟာမိတ်အဖွဲ့တွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပါဝင် တိုက်ခိုက်နေတာဖြစ်တဲ့အတွက် Fixed Wings Drone တစင်းကို ကျပ် ၂၈ သိန်းခန့်၊ ဗုံးသီးတလုံးအတွက် ကျပ်၃ သောင်း ခန့် ကုန်ကျနေပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ မိဘပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၃။ စဉ့်ကူး/မတ္တရာဘက်များကိုစကစကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်


ဇူလိုင်၁၇ရက်


စဉ့်ကူး/မတ္တရာဘက်များကိုစကစကလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဇူလိုင်၁၇ရက်မှာ wetletinformationalnetworkကအသိပေးဖော်ပြပါတယ်။


စဉ့်ကူမြို့ အနီးတဝိုက်တွင် တံတားဦးတက် Y-12  ၄စီးဖြင့် ""ပထမ အကြိမ် (12:37PM) ၊ဒုတိယ အကြိမ်(3:47PM) တတိယအကြိမ် (8:35PM) Jul.17နေ့ မနက်ပိုင်းတွင် စတုတ္ထအကြိမ် (12:42AM)အချိန်များတွင် ဗုံသီးပေါင်း အလုံးရေ ၂၄၆ခန့်"" ကြဲချ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


နောက်ထပ် တံတားဦးတက် J-fighter ၄စီး ဖြင့် စဉ့်ကူးမြို့ အနီးတဝိုက်သို့ ပထမ အကြိမ် (2:48PM) ဒုတိယ အကြိမ် (3:06PM) ၊တတိယ အကြိမ်(11:37PM) စတုတ္ထအကြိမ် (11:45PM)အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ထို့အပြင် ပြင်ဦးလွင်တက် Mi-35 တစ်စီး ဖြင့် (5:53PM)အချိန်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သတင်းရရှိထားပြီးမတ္တရာမြို့နယ် အရှေ့ခြမ်းပေါ်သို့ တံတားဦးတက် J-fighter 2စီးဖြင့် ပထမ အကြိမ် (11:50AM) ၊ဒုတိယ အကြိမ် (11:54AM)အချိန်တို့တွင် လေကြောင်းတိုက်ခိုက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါတယ်။


========================


🚩🚩 ၄။ မြိုင်ပကဖက တွင်းမပျူစောထီးစခန်းမှထွက်လာသော စကစစစ်ကြောင်းနှင့် တွင်းမရွာမြောက်ဖက် တနေရာ၌ ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့


ဇူလိုင်၁၇ရက်


 ဇူလိုင်၁၇ရက်နေ့ မနက်ပိုင်း နာရီတွင်တကြိမ်နှင့် ၅နာရီတွင် တကြိမ် အပြန်အလှန်ပစ်ခက်မှု ဖြစ်ပွားခဲ့ကြပြီး စကစများ အကျအဆုံးအထိအခိုက်များစွာဖြင့် တွင်းမရွာတွင်းသို့ ပြန်ဝင်သွားတယ်လို့မြိုင်ပကဖကအတည်ပြုပါတယ်။


 ထိတွေ့မှုအပြီး စကစထံမှ RPG 7ဖူး - ဖူး ပို့ယမ်း ၁၀ တောင့် 60မမ - ဗူး ကာဘိုင်ကျည် အတောင့် - ၁၅၀၀ တောင့် တော်ပီဒိုယမ်းအချောင်း - ချောင်း ဆန် လုံး ဖုန်း - လုံး နှင့် ဆေးပစ္စည်းအစုံ သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ တပ်ဖွဲ့ဝင်များ အထိအခိုက်တစုံတရာမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ 


တိုက်ခိုက်မှုကို မြိုင်ပကဖ အမှတ်() တပ်ရင်း ပခုက္ကူခရိုင်အမှတ်() တပ်ရင်း တပ်ခွဲ () တပ်ခွဲ-(ဂဠုန်) PDF-Kamma( ကမ္မတပ်ပေါင်းစု နှင့် KMDF ( ကမ္မတပ်ပေါင်းစု) တို့က အတူတကွညီညီညွှတ်ညွှတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ 


========================


🚩🚩 ၅။ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပိုင်းမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီး 


သထုံမြို့နယ်ကို ဖြတ်သန်းသွားတဲ့ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပိုင်းက ကရင်လေးဆိပ်တံတား မိုင်းပေါက်ကွဲမှု ကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။  

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း သထုံ-ဘီးလင်းအကြားမှာရှိတဲ့ ကရင်လေးဆိပ်တံတားဟာ မနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ၁၀ နာရီခွဲခန့်အချိန်မှာ မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားတာလို့ ဆိုပါတယ်။

အခုလို တံတားပြိုကျပျက်စီးသွားတဲ့အတွက် လတ်တလောမှာ ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေအပါအဝင် ကားအစီး ရေ ၁ဝဝ ခန့်ကြောင့် လမ်းတွေပိတ်နေတယ်လို့လည်း သိရပါတယ်။

မိုင်းကွဲမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ကရင်လေးဆိပ်တံတားဟာ မကြာခဏ မိုင်းခွဲခံရလေ့ရှိတဲ့ ကျုံအိတ်တံတားအနီးမှာ ရှိတယ်လို့ သိရပါတယ်။

ကရင်လေးဆိပ်တံတားဖောက်ခွဲဖျက်ဆီးခံလိုက်ရတာနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ဒီနေ့ ဇူလိုင်လ ၁၇ ရက် မနက် ၁ဝ နာရီအထိ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။


========================


🚩🚩 ၆။ လားရှိုးမှာရှိတဲ့ နန်းကျိုင်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်က ကလေးငယ်များကို စစ်ရေးအတွက် အသုံးပြုနေတာစိစစ်တွေ့ရှိရတယ်လို့ MNDAA ပြော


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နန်းကျိုင်းစစ်စခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်က ကလေးငယ်တွေကို စစ်ရေးအတွက် အသုံးပြုနေတာကို စိစစ်တွေ့ရှိရတယ်လို့ MNDAA က ထုတ်ပြန်ပြောဆို လိုက်ပါတယ်။ 

ဇူလိုင် ၁၄ ရက်နေ့မှာ MNDAA က လားရှိုးမြို့နယ်မှာရှိတဲ့ နန်ကျိုင်းစခန်းကို သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။ 

ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကင်းထောက်ကလေးငယ် ဦး ပါဝင်နေတာကို တွေ့ရတယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်အချိန်ကလည်း လားရှိုးစစ်ပွဲဇုန်အတွင်း စစ်ကောင်စီလက်အောက်ခံ ဒုတိယတပ်ခွဲမှူးတဦးအပါအဝင် စစ်သုံ့ပန်း ၃၂ ဦး ဖမ်းဆီးရမိခဲ့ရာမှာ ဒဏ်ရာရစစ်သုံ့ပန်းတွေကို လူသားချင်းစာနာမှုဆိုင်ရာ ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ထို့အတူ သီပေါနဲ့မိုင်းရယ်မြို့နယ်အစပ်မှာရှိတဲ့ ဆင်ကျော့ကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ ခလရ-၂၃ တပ်စခန်းကို ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ တောင်သာနယ်မှာအထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထောက်ပို့ကားကို တိုက်ခိုက်ခဲ့ရာ ဒုအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းမိ


မန္တလေးတိုင်း တောင်သာမြို့နယ်ထဲက အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာတွေနဲ့ ထောက်ပို့ကားတစီးကို တိုက်ခိုက်ခဲ့ရာ ဒုအရာခံဗိုလ်တွေအပါအဝင် စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်း -MGN District-MDA3 က ထုတ်ပြန်ပါတယ်။

မြင်းခြံခရိုင် အမှတ် တပ်ရင်းနဲ့ ညောင်ဦးခရိုင်ရင်း တို့က တော်လှန်ရေးရဲဘော်တွေ ဇူလိုင်လ ရက်နေ့ ညနေ နာရီ ၄၅ မိနစ်အချိန်က တောင်သာမြို့နယ် ဇဂျမ်း-နတ်စောင့်ရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ကို  တိုက်ခိုက်ခဲ့နဲ့ပတ်သက်လို့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ဆိုပါတယ်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ထောက်ပို့ကားကို တောင်သာမြို့အထွက် မြေဖြူကုန်း-မိုးနှောင်းကင်းကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်မ ၉၉ လက်အောက်ခံတပ်ဖြစ်တဲ့ ခမရ ၁၅ တပ်ရင်း- မြင်းခြံက ဒုအရာခံဗိုလ်များ တပ်ကြပ်ကြီးများ ဒုတပ်ကြပ်များ အပါအဝင် စစ်သုံ့ပန်း ၁၁ ဦးနဲ့ စစ်သူနာပြုတဦး၊အရာရှိကတော် တဦး စုစုပေါင်း ၁၄ ဦးကို လက်နက်ခဲယမ်းများနဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်းက ပြောပါတယ်။

ထို့အတူ ဇူလိုင်လ ရက်နေ့ ညနေ နာရီ ၁၅ မိနစ်ခန့်အချိန်မှာလည်း တောင်သာ-မြင်းခြံ နယ်ခြားတိုးဂိတ် က စစ်သား ၂၅ ဦးနဲ့ ရဲ ၂၀ ခန့်ရှိတဲ့အထိုင်စခန်း၊ မြင်းခြံဘက်ကနေ စစ်ကူလာတဲ့ စစ်သားတွေနဲ့ တောင်သာမြို့ အဝင် မကျီးရိုး စစ်တပ် အထိုင်စခန်းတို့ကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာတော့ အကြမ်းဖက် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိ၊ မရှိ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို မြင်းခြံခရိုင် အမှတ် တပ်ရင်းများ၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ မလှိုင်မြို့နယ် ပကဖ စွန်ရဲပြောက်ကျားနဲ့ ဗိုလ်စားပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၈။ လက်နက်နဲ့တကွအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို CNDF က ကျပ်သိန်း ၈၀ ပေးအပ်


ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက် ခလရ- ၂၆၈ တပ်က ဒုတပ်ကြပ်တဦး လက်နက်နဲ့အကွ အလင်းဝင်လာတဲ့အတွက် ကျပ် သိန်း ၈ဝ ပေးအပ်ခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်-CNO/CNDF က သတင်းထုတ်ပြန်ထားပါတယ်။

ဖလမ်းမြို့ ခလရ-၂၆၈ တပ်ရင်းက ဒုတပ်ကြပ်မိုးဇက်ဟာ ဇူလိုင်လ ရက်နေ့ကတည်းက CNO/CNDF ထံ အလင်းဝင်လာ တာဖြစ်ပေမယ့် လုံခြုံရေးအခြေအနေအရ CNO/CNDF သတင်းပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ဇူလိုင်လ ၁၆ ရက်ညပိုင်းမှသာ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မိုးဇက်ဟာ MA-4 တလက်၊ ကျည်ဘောက် ခု၊ ကျည် ၁၂၀ တောင့်နဲ့ ၄၀ မမဗုံးသီး ၁၄ လုံး ယူဆောင်လာတဲ့အတွက် ဆုငွေအဖြစ် ကျပ်သိန်း ၈၀ ပေးအပ်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီးဖြစ်တယ်လို့ CNO/CNDF က အသိပေး ထားပါတယ်။

ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းမှာ အလင်းဝင်လိုသူတွေရှိနေပေမယ့် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ် ထားတဲ့အတွက် အလင်းမဝင်နိုင်တဲ့သူတွေရှိနေတယ်လို့ သိရပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်ရှိအချိန်မှာ မြို့အချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သလို ဆက်လက်ပြီး မြို့သိမ်းတိုက်ပွဲ တွေ ဖော်ဆောင်ဖို့ရှိနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်ရှိတုန်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံ တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အလင်းဝင်ကြဖို့ CNO/CNDF တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၉။ မဟာမြိုင် အောင်ချမ်းသာ တိုက်ပွဲကြောင့် ယာယီပိတ်ထားသော (ရေဦး-ကလေးဝ)လမ်းအား ယနေ့နံနက်မှစ၍ပြန်လည်ဖွင့်လှစ်


ဇူလိုင်၁၇ရက်


မဟာမြိုင် အောင်ချမ်သာ တိုက်ပွဲကြောင့် ယာယီပိတ်ထားသော (ရေဦး-ကလေးဝ)လမ်းအား ယနေ့နံနက်မှစ၍ ပြည်သူအများ အန္တရာယ်ကင်းစွာ သွားလာနိင်ပြီဖြစ်ကြောင်း ကလေးဝPDFကအသိပေးဖော်ပြပါတယ်။


အောင်ချမ်းသာ စကစ စခန်းတိုက်ပွဲမှ လေကြောင်းဖြင့်စကစစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပါတယ်။


အဆိုပါ စကစ စစ်ကြောင်းသည် အောင်ချမ်းသာကျေးရွာမှ စစ်ဘေးရှောင် အပြစ်မဲ့ ပြည်သူ ၇ဦး ကတိုးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ဦး ပေါင်း ၈ဦး အား အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment