19th JUL 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အခွန်အကောက်တွေကို တော်လှန်ရေးအတွက်  ထိထိမိမိဖြည့်ဆည်းနိုင်ကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)နှင့် ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေး

📌 ၃။ မြန်မာပြည်သူများသည် စကားလုံးဖြင့်ပင် မဖော်ပြနိုင်သည့် ဆိုးရွားသည့်အခြေအနေများကို ကြုံတွေ့နေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်း ပြောကြား

📌 ၄။ ချင်းတော်လှန်ရေး အစုအဖွဲ့များအကြား လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခများအပေါ် ချင်းလူထု၏ အမြင်သဘောထားများ ကောက်ခံ

📌 ၅။ စစ်ကောင်စီ၏ ယာယီသမ္မတမြင့်ဆွေ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ရောဂါကြောင့် ပုံမှန် စားသွားလာလှုပ်ရှားမှု မရှိတော့

📌 ၆။ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE)ဆီကနေ စစ်အုပ်စုဟာ ဒေါ်လာသန်း (၈၀)မှ ဒေါ်လာသန်း (၁၀၀)ကြား လစဉ်ရရှိနေပြီးနိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ လိုအပ်

📌 ၇။ ဇွန်လအတွင်း ရန်ပုံငွေအများဆုံး စုဆောင်းပေးတဲ့အဖွဲ့ (၂၀)စာရင်းကို PRFဖော်ပြ

📌 ၈။ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီကို အရှိန်မြှင့် တိုက်ခိုက်ရန် တော်လှန်ရေး တပ်ဖွဲ့ ဖွဲ့ ပူးပေါင်း

🚩 ၂။ မိုးကုတ်အရှေ့ပိုင်းတွင် စစ်စခန်း ၅ခု နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိ

🚩 ၃။ မတ္တရာမြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းပိုက် ရရှိ

🚩 ၄။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာတဲ့ ဖောကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြားခဲ့

🚩 ၅။ မင်းလှမြို့နယ် ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မြို့သစ်မြို့နယ် သီးကုန်းရွာ အုပ်ချုပ်ရေးမှူး သားအဖတို့ ပစ်ခတ်ရှင်းလင်းခံရ

🚩 ၆။ တဖက်သက် အပစ်ရပ်ထားတဲ့ ရက်တာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရ

🚩 ၇။ သီပေါမြို့နယ်အတွင်း ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများကို SSPP/SSA မှ စားနပ်ရိက္ခာနှင့် ငွေကြေး ကူညီထောက်ပံ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အခွန်အကောက်တွေကို တော်လှန်ရေးအတွက်  ထိထိမိမိဖြည့်ဆည်းနိုင်ကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇူလိုင်လ ၁၈ရက်။

အခွန်အကောက်တွေကို တော်လှန်ရေးအတွက် ထိထိမိမိဖြည့်ဆည်းနိုင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


ဇူလိုင်၁၈ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၄)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။


"စစ်ကိုင်း၊ မန္တလေး၊ မကွေးက ဒေသအချို့မှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် လူနေအိမ်တွေ၊ စိုက်ခင်းတွေ ရေမြှပ်ပျက်စီးခဲ့ကြရပါကြောင်း။ အရေးပေါ် လူသားစာနာကူညီထောက်ပံ့မှုတွေလည်း အချိန်နဲ့ တပြေးညီ ပေးအပ်နိုင်ဖို့လိုအပ်မှာ ဖြစ်ပါကြောင်း။ ကောက်ခံနေကြတဲ့ အခွန်အကောက်တွေကိုလည်း တော်လှန်ရေးအတွက် အဓိက လိုအပ်ချက်တွေကို ထိထိမိမိဖြည့်ဆည်းနိုင်ကြဖို့ ဝိုင်းဝန်ကြိုးပမ်းကြရမှာ ဖြစ်ပါကြောင်း။ မြို့နယ်တာဝန်ရှိသူတွေလည်း ဒါကို ကောင်းစွာနားလည်နိုင်ဖို့ လိုအပ်တဲ့အတွက် ကော်မတီဝင်တွေ၊ အတွင်းရေးမှူးအဖွဲ့တွေအနေနဲ့ ကောင်းစွာ လမ်းညွှန်မှုတွေပြုပေးဖို့ တိုက်တွန်းလိုပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ(၂၅/၂၀၂၄)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)နှင့် ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေး


ဇူလိုင်လ ၁၈ရက်။

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)နှင့် ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


ဇူလိုင်၁၈ရက်မှာ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။


ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)နှင့် ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)တို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုကို၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ(၁၈)ရက်နေ့ မွန်းလွဲ ၂နာရီတွင် ကျင်းပခဲ့တယ်လို့ဖော်ပြပါတယ်။


တွေ့ဆုံပွဲသို့ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီး နိုင်ကောင်းရွက်စတဲ့ အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မြန်မာပြည်သူများသည် စကားလုံးဖြင့်ပင် မဖော်ပြနိုင်သည့် ဆိုးရွားသည့်အခြေအနေများကို ကြုံတွေ့နေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်း ပြောကြား


ဇူလိုင်လ ၁၈ရက်။

မြန်မာပြည်သူများသည် စကားလုံးဖြင့်ပင် မဖော်ပြနိုင်သည့် ဆိုးရွားသည့်အခြေအနေများကို ကြုံတွေ့နေရကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ၂၀၂၄ ခုနှစ် အဆင့်မြင့်အရာကြီးများအဆင့် နိုင်ငံရေးရာဖိုရမ်၊ ဝန်ကြီးအဆင့် အထွေထွမူဝါဒရေးရာဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


"မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရေးတွင် များစွာခက်ခဲနေပါသေးကြောင်း၊ ယခုအခါ စစ်တပ်မှ မတရားအာဏာသိမ်းယူမှု ()နှစ်အတွင်း ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ကြေကွဲစရာအခြေအနေတွင် ရောက်ရှိနေကြောင်း၊ မြန်မာပြည်သူများသည် စကားလုံးဖြင့်ပင် မဖော်ပြနိုင်သည့် ဆိုးရွားသည့်အခြေအနေများကို ကြုံတွေ့နေရကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


လုပ်အားခကျဆင်းခြင်း၊ ဝင်ငွေကျဆင်းခြင်း၊ စားသောက်ကုန်ဈေးနှုန်း မြင့်တက်ခြင်း ကြောင့် ငွေကြေးဖောင်းပွခြင်းနှင့် မြန်မာငွေဈေးတန်ဖိုး ကျဆင်းခြင်းတို့သည် ထိခိုက်လွယ်သူများအတွက် ပိုမိုဒုက္ခဖြစ်စေကြောင်း၊ လူပေါင်း (၁၃.)သန်းခန့်သည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်ရနိုင်သည်ဟု ခန့်မှန်းထားပြီး၊ ကလေးသူငယ် (၅၀၀,၀၀၀)ခန့်မှာ ၂၀၂၄ ခုနှစ်တွင် အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရနိုင်သည့် ခန့်မှန်းတွက်ချက်ထားကြောင်း သံအမတ်ကြီးကထပ်လောင်းဆိုပါတယ်။


နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၄ ခုနှစ် အဆင့်မြင့်အရာရှိကြီးများအဆင့် နိုင်ငံရေးရာ ဖိုရမ် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။


========================


📌📌 ၄။ ချင်းတော်လှန်ရေး အစုအဖွဲ့များအကြား လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခများအပေါ် ချင်းလူထု၏ အမြင်သဘောထားများ ကောက်ခံ


ဇူလိုင်လ ၁၈ရက်။

RadioNUG

ချင်းတော်လှန်ရေး အစုအဖွဲ့များအကြား လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခများအပေါ် ချင်းလူထု၏ အမြင်သဘောထားများ Chin Civic Movement (CCM)မှ survey ကောက်ခံနေပါတယ်။


ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တက်ကြွစွာ တော်လှန်နေကြသည်မှာ ()နှစ်ပြည့် မြောက်လာခဲ့ပြီ ဖြစ်ပြီး ယင်းကာလအတွင်း စစ်ကောင်စီကင်းစင်သည့် ဒေသများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။


တချိန်တည်းတွင် ချင်းတော်လှန်ရေး အင်အားစုများအကြား ပဋိပက္ခများ ဖြစ်ပေါ်ကာ အချင်းချင်း ပစ်ခတ်တိုက်ခိုက်ရသည့် အနေအထားသို့ ရောက်ရှိနေသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပြီး ပဋိပက္ခများသည် စစ်အာဏာရှင်တော်လှန်ရေးဆိုသည့် ပန်းတိုင်ကို နှောင့်နှေး/တားဆီးစေနိုင်သည့်အပြင် ချင်းလူမျိုးအချင်းချင်းအကြား သဟဇာတဖြစ်ရေး၊ ချင်းအမျိုးသား လက္ခဏာ (Chin Nation Building) တည်ဆောက်ရေး နှင့် အနာဂတ်ချင်းပြည်တည်ဆောက်ရေးကိုပါ ထိခိုက်နိုင်စေသည် အထိဦးတည်နေတာကြောင့် ချင်းလူထု၏ အမြင်ကို သိရှိနိုင်ရန် ဤစစ်တမ်း ပြုလုပ်ရခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


စစ်တမ်းမှထွက်ပေါ်လာသည့် ချင်းလူထု၏ အမြင်ကိုလည်း အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးမည့်အပြင်၊  ရပ်ရွာ၊ဒေသအခြေပြု ညှိနှိုင်းဆောင်ရွက်ရာတွင် အထောက်အကူပြုစေနိုင်သည့် အခြေခံစစ်တမ်းအဖြစ် ရည်ရွယ်၍ Chin Civic Movement (CCM)မှ သဘောထား ကောက်ယူရခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ထို့ကြောင့် ချင်းညီအစ်ကိုမောင်နှမများ အနေဖြင့် အောက်ပါ Link ရှိ Survey form ကို အချိန် ()မိနစ်ခန့်ပေးပြီး ဖြေဆိုပေးကြပါရန်အတွက် Chin Civic Movement မှ ဖိတ်ခေါ်လိုပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီ၏ ယာယီသမ္မတမြင့်ဆွေ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ရောဂါကြောင့် ပုံမှန် စားသွားလာလှုပ်ရှားမှု မရှိတော့


ဇူလိုင်လ ၁၈ရက်။ 

RadioNUG

အကြမ်းဖက် စစ်ကောင်စီက တင်မြှောက်ထားသော ယာယီသမ္မတ မြင့်ဆွေသည် အာရုံကြောရောဂါခံစားနေရပြီး ပုံမှန်အတိုင်းစားသွားလာလှုပ်ရှားမှု မရှိဘဲဖြစ်နေကြောင်း စစ်ကောင်စီက ယနေ့ညပိုင်း သတင်းထုတ်ပြန်ထားပါတယ်။


၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ယာယီသမ္မတ မြင့်ဆွေသည် လှုပ်ရှားရာတွင် တုံ့ဆိုးနှေးကွေးခြင်း၊ အစားအသောက်နည်းပါးခြင်းတို့ကို စတင်ခံစားရသည့်အတွက် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ရောဂါဝေဒနာ ခံစားနေရသဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၂၀၂၄ ခုနှစ်ဧပြီလ ၁၉ ရက်နေ့အထိ စင်ကာပူနိုင်ငံ၊ မောက်အဲလစ်ဇဘတ်ဆေးရုံတွင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ စစ်ဆေး ဆေးကုသမှုခံယူခြင်း၊ ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့အထိ ရန်ကုန်စစ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းကာလတွင် ယာယီသမ္မတ မြင့်ဆွေ၏ ဝဲနှင့်ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော တိမ်များ ခွဲစိတ်ခဲ့ရပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း၊ သို့ရာတွင် အာရုံကြောရောဂါမှာမူ ပြန်လည်ကောင်းမွန်း တိုးတက်လာခြင်းမရှိကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။


ယာယီသမ္မတ မြင့်ဆွေကို စစ်ဆေးရာတွင် ပုံမှန်စားသွားလာ လှုပ်ရှား မှုမရှိတော့ဘဲ ကျန်းမာရေးမှာလည်း တိုးတက် ကောင်းမွန်လာခြင်း မရှိသေးတာကြောင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး ဦးဆောင်သော ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ဖွဲ့စည်းပြီး ကျန်းမာရေး စောင့်ရှောက်ပေးထားရကြောင်း၊ လက်ရှိတွင် နေအိမ်တွင် ဆေးခွင့်ယူ၍ ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၁၈ရက် ညပိုင်းတွင်ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE)ဆီကနေ စစ်အုပ်စုဟာ ဒေါ်လာသန်း (၈၀)မှ ဒေါ်လာသန်း (၁၀၀)ကြား လစဉ်ရရှိနေပြီးနိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ လိုအပ်


ဇူလိုင်လ ၁၈ရက်။

မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)ဆီကနေ စစ်အုပ်စုဟာ ဒေါ်လာသန်း(၈၀)မှ ဒေါ်လာသန်း(၁၀၀)ကြား လစဉ်ရရှိနေပြီးနိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ လိုအပ်တယ်လို့ဆိုပါတယ်။


ဇူလိုင်၁၈ရက်မှာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းအဖွဲ့ကဖော်ပြပါတယ်။


"အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ ထင်ရာစိုင်း ရမ်းကားနေမှုတွေ ပြုလုပ် အကြမ်းဖက်နိုင်ဖို့အတွက် MOGE ဆီကနေ စစ်အုပ်စုဟာ ဒေါ်လာသန်း(၈၀)မှ ဒေါ်လာသန်း(၁၀၀)ကြား လစဉ်ရရှိနေပါတယ်။နယ်မြေတွေ တစတစ ဆုံးရှုံးမှုကြီးမားလာတဲ့ အကြမ်းဖက် စစ်အုပ်စုအတွက် အခုဆို လက်နက်၊ လေယာဉ်ဆီ ဝယ်ယူနေတဲ့ ဒေါ်လာငွေကြေး လည်ပတ်တာကိုပါ ထိခိုက်မှုတွေ ရှိလာတဲ့အထိ အရေးနိမ့်နေပြီး ဆက်လက်အကြမ်းဖက် ရမ်းကား လူသတ်ဖို့အတွက် လိုအပ်တဲ့ ငွေပမာဏကိုလဲ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းဆီက  ဒေါ်လာရရှိ လည်ပတ်နေပါတယ်"လို့ဖော်ပြပါတယ်။


ဒီလို အကြမ်းဖက်စစ်အုပ်စုအတွက် ပြစ်မှုကျူးလွန်နိုင်ဖို့ ထောက်ပံ့အားပေးနေတဲ့ MOGE ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ လိုအပ်နေတယ်လို့ဆိုပါတယ်။


ဒါ့အပြင် ပြီးခဲ့သည့် ခြောက်လအတွင်း အရပ်ဘက်ပြည်သူများကို ပစ်မှတ်ထားပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်မှု ငါးဆ တိုးမြင့်လာခဲ့တယ်လို့ အစီရင်ခံစာများကဖော်ပြပါတယ်။


"MOGE လုပ်ငန်းဟာ အကြမ်းဖက် စစ်အုပ်စုအတွက် အသက်ရှူချောင်စေတဲ့ လုပ်ငန်းတစ်ခုအဖြစ် လည်ပတ်နေပြီး နိုင်ငံတကာက MOGE ကို အပြည့်အဝ အရေးယူပိတ်ဆို့ဖို့ လိုအပ်နေဆဲပါ။ ဒါကြောင့် အဖက်ဖက်က ရှုံးနိမ့်နေတဲ့ အကြမ်းဖက်အုပ်စုကို ဆက်လက် မရှင်သန်နိုင်အောင် လူထုလှုပ်ရှားမှုတွေမှာ ဆက်လက် တိုက်ပွဲဝင်ကြရအောင်ပါ"လို့သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းအဖွဲ့ကဆိုပါတယ်။


========================


📌📌 ၇။ ဇွန်လအတွင်း ရန်ပုံငွေအများဆုံး စုဆောင်းပေးတဲ့အဖွဲ့ (၂၀)စာရင်းကို PRFဖော်ပြ


ဇူလိုင်လ ၁၈ရက်။

ဇွန်လအတွင်း ရန်ပုံငွေအများဆုံး စုဆောင်းပေးတဲ့အဖွဲ့ (၂၀)စာရင်းကို PRFကဖော်ပြလိုက်ပါတယ်။


ဇူလိုင်၁၈ရက်မှာ People Revolution Supply Familyကအသိပေးဖော်ပြပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။ ၂၀၂၄ ခုနစ် ဇွန်လအတွင်း အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့(၂၀)ကို ဖော်ပြလိုက်ပါတယ်"လို့ဖော်ပြပါတယ်။


အဆိုပါအဖွဲ့၂၀စါရင်းတွင် We are One CSC နွေဦးရောင်ခြည်အဖွဲ့၊ We Pledge CDMOFP FRစတဲ့အဖွဲ့များပါဝင်ပါတယ်။


"ပြီးခဲ့တဲ့ ဇွန်လမှာရတဲ့ထောက်ပို့ငွေ ဒေါ်လာ(၇၃၅,၇၀၁)က မြေပြင်အယောက် ၃သောင်း ၇ထောင်လောက်ပဲ ထောက်ပံ့နိုင်ခဲ့ပါတယ်။ နောက်တန်းထောက်ပို့က ရှေ့တန်းမြေပြင်ရဲ့ တဝက်သာသာပဲရှိလို့ နောက်တန်းထောက်ပို့တွေ အများကြီးလိုနေပါသေးတယ်။ ဒေါ်လာ ၂ဝ ဆိုတာ ဒီမိုကရေစီအတွက် ဈေးအလွန်ပေါပါတယ်၊ များများပါမှ ပေါပေါနဲ့ရမယ်နော်။ WPC ရဲ့ PRF အဖွဲ့ဝင်များ ဇွဲမလျှော့ပဲထောက်ပို့လာခဲ့ကြလို့ နံပတ် ()ကိုရောက်သွားပါပြီ။ ရောက်တဲ့နေရာက ပြန်မကျသွားအောင်၊ ထောက်ပံနေသူများနဲ့ ကူညီကောက်ခံပေးသော FR များ အားလုံးဆက်ကြိုးစားသွားကြပါစို့ လို့တိုက်တွန်းရင်း ဂုဏ်ယူစွာ ဦးညွတ်လိုက်ပါတယ်"လို့ We Pledge CDMကအသိပေးဆိုထားပါတယ်။


========================


📌📌 ၈။ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှု ပြုလုပ်


ဇူလိုင်လ ၁၈ရက်။ 

RadioNUG

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူထုသပိတ်ကို တော်လှန်သော ကလေးမြို့ဒေသခံပြည်သူလူထုတရပ်လုံးနှင့် ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ၊ စစ်အာဏာရှင်စနစ်ကို "ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ကာ "တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့ မြှင့်တင်ကာ၊ ကျရာကဏ္ဍ အသီးသီးမှပါဝင် တိုက်ပွဲဝင်နိုင်ရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီကို အရှိန်မြှင့် တိုက်ခိုက်ရန် တော်လှန်ရေး တပ်ဖွဲ့ ဖွဲ့ ပူးပေါင်း


ဇူလိုင်လ ၁၈ရက်။ 

RadioNUG

ဇူလိုင် ၁၈ ရက်နေ့တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီကို အရှိန်မြှင့် တိုက်ခိုက်ရန် တော်လှန်ရေး တပ်ဖွဲ့ ဖွဲ့ ပူးပေါင်း၍ 8+ အညာမြေစစ်ဆင်ရေးမဟာမိတ်အင်အားစုများ ဖွဲ့စည်းလိုက်ကြောင်း Myaing Villages People’s Revolution Force – M.V.P RF မှ သတင်းထုတ်ပြန်ပါတယ်။


မြိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲအစည်းများဖြစ်ကြသော အလင်းတန်းပျောက်ကြားတပ်ဖွဲ့ - မြိုင်၊ Scopion People Defence Force ဇာမဏီပြောက်ကျား တပ်ဖွဲ့၊ UAV Fighter Phoenix People Defence Force အောင်ကျော်ဌေး ပြောက်ကျားတပ်ဖွဲ့၊ မဟူရာအလင်းတန်းတပ်ဖွဲ့နှင့် Myaing Villages People’s Revolution Force – M.V.P RFတို့ သဘောတူလက်မှတ်ရေးထိုးကာ ပူးပေါင်းလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

အဖွဲ့ အစည်းထဲမှာ Drone စစ်ဆင်ရေး၊ ချေမှုန်းရေးတွေ ပါပြီး နောက်ပိုင်းစစ်ဆင်ရေးတွေကို အရှိန်မြင့်မြင့်နဲ့ အဆက်မပြတ်လုပ်သွားဖို့အတွက် ဖြစ်ကြောင်း သိရပါတယ်။


အညာမြေစစ်ဆင်ရေး မဟာမိတ်အင်အားစုများအနေဖြင့် အချက် ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်ချေမှုန်းရာတွင် တော်လှန်ရေးရဲဘော် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း စည်းလုံးညီညွတ်စွာဖြင့် အကောင်းဆုံး လုပ်ဆောင်နိုင်ရန်၊ စစ်ဆင်ရေးအရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် စစ်အာဏာရှင်ကို အလျင်အမြန် တိုက်ခိုက်ချေမှုန်းသွားရန် ရည်ရွယ်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ မိုးကုတ်အရှေ့ပိုင်းတွင် စစ်စခန်း ၅ခု နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိ


ဇူလိုင်လ ၁၈ရက်။ 

RadioNUG

တအာင်းပြည် တပ်မဟာ()နယ်မြေ၊ မိုးကုတ်မြို့နယ်(အရှေ့ပိုင်း) စစ်ကောင်စီတပ် လပခ/ခလရ (၇၁၊ ၈၈)တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ရေကန်တောင်နှင့် ပန်းမထိပ်ရွာအနီးတဝိုက်နှင့် ဇူလိုင်လ ၁၈ရက် နံနက် (၁ဝး၁၅)နာရီချိန်တွင်လည်း လေးမျက်နာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်၊ ပတ္တမြားစေတီအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA + မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


မိုးကုတ်အရှေ့ပိုင်းတွင် ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ညောင်သုံးပင်စခန်း၊ ဖောင်တော်ဦး အနီးရှိစခန်း နှင့် လက်နက်ခဲယမ်းအချို့တို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။


အလားတူ တပ်မဟာ()နယ်မြေ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်ဖွဲ့ဝင်များမှ တပ်ပြင်ပသို့ ထိုးစစ်ဆင်လာသောကြောင့် တပ်စခန်းအနီးတဝိုက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (:၀၂)နာရီချိန်တွင်လည်း ကျောက်မဲ တိုးဂိတ်၊ အေးရှာဝေါးအနီးတဝိုက်တွင် စစ်ကူဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တပ်မဟာ()နယ်မြေ ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ရွာသို့ ဒရုန်းဖြင့် ဗုံး (၁၈)လုံး၊  Jet Fihgter ဖြင့် ()ကြိမ် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြိး ကျောက်မဲမြို့နယ် ကျွဲကုန်းရွာအနီးတဝိုက်တွင် Y12 ဖြင့် ဗုံး (၄၈)လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ မိုးမိတ်မြို့နယ် စစ်ကောင်စီ ဗျူဟာကုန်းမှနေ၍ တောင်ကိုင်းရွာသို့ ဒရုန်းဖြင့် ဗုံး()လုံး လာရောက်ကြဲချခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မတ္တရာမြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းပိုက် ရရှိ


ဇူလိုင်လ ၁၈ ရက်။

Radio NUG

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။


မတ္တရာမြို့နယ်ထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို MDY-PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းနဲ့ နယ်မြေခံ ပကဖများက လမ်းမှ ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကစင့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားကြကာ MA-11 သေနတ် တစ်လက်၊ G-3 သေနတ် တစ်လက်၊ BA - 100  ၆၀ မမ ကွန်မန်ဒို စိန်ပြောင်းတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာတဲ့ ဖောကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြားခဲ့


ဇူလိုင်လ ၁၈ ရက်။ 

Radio NUG

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့၊ ပုသိမ် -မုံရွာ ကားလမ်ပေါ်က ကျောက်တိုင် ကျေးရွာနဲ့ ပန်းပင်ကုန်း ကျေးရွာကြား လမ်းပိုင်းတနေရာမှာ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ဖောကား တစ်စီးကို စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မင်းတုန်း ပကဖက သတင်းထုတ်ပြန် ထားပါတယ်။


ဇူလိုင် ၁၇ ရက် ညနေ နာရီ မိနစ် ၂၀ မှာ စစ်ကောင်စီ တပ်အင်အား ၄၀ နီးပါး လိုက်ပါလာတဲ့ အဖြူရောင် ဖောကား စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းနဲ့ ယာဉ်ပေါ်ပါလာသူ အယောက် ၂၀ ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါဖောကားမှာ မင်းတုန်းဆေးရုံကို မောင်းပြေးသွားခဲ့ပြီး ဆေးရုံကိုပိတ်ဆို့ကာ တမြို့လုံးကို သတင်းအမှောင် ချထားပြီး မသေမရှင် ဒဏ်ရာဗရပွဖြစ်နေသူများကို တညလုံး အရေးပေါ် ဆေးကုသမှု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာပြင်းထန် ရခဲ့တယ်လို့ အတွင်းသတင်း ပေးပို့ချက်အရ သိရကြောင်း မင်းတုန်းမြို့နယ် ပကဖက ပြောပါတယ်။


ယခုစစ်ဆင်ရေးကို မင်းတုန်းမြို့နယ် .က. မင်းလှမြို့နယ် .က. မကွေးမြို့နယ် .က. United States Of Burma Army - USBA West River Army -WRA Key Of Revolution Guerrilla Force စတဲ့ မဟာမိတ် အင်အားစုများ ကူညီအားဖြည့် ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။


ထို့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က အထက်မင်းလှမြို့နယ် ဘန့်ပြင်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ မင်းလှမြို့နယ် ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မြို့သစ်မြို့နယ် သီးကုန်းရွာ အုပ်ချုပ်ရေးမှူး သားအဖတို့ ပစ်ခတ်ရှင်းလင်းခံရ


ဇူလိုင်လ ၁၈ရက်။ 

RadioNUG

ဇူလိုင်လ ၁၈ရက် နံနက် ၉နာရီ ၁၀မိနစ်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ချောင်းနားကျေးရွာတွင်နေထိုင်သည့် ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး 'အောင်မြင့်ဦး'အား ဇရစ်ချောင်းရွာ ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်၌ ဆိုင်ကယ်စီးလာစဥ်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ သေနတ်ဖြင့် ၁၁ချက် ပစ်ခတ်ရှင်းလင်းပြီး လက်ပစ်ဗုံး ၁လုံး၊ ကျည်၂၆တောင့်၊ ငွေကျပ်(၈၀၀၀၀)နှင့် အခြား သက်သေခံကတ်ပြားများအား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အုပ်ချုပ်ရေးမှူး အောင်မြင့်ဦးသည် လူငယ်များအား စစ်မှုထမ်းရန် ခြိမ်းခြောက် လူစုကာငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီထံ မမှန်သတင်းပေး၍ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီထံ တော်လှန်ရေးရဲဘော်ဖွဲ့များ၏ သတင်းများအား ထောက်လှမ်းပေးပို့ခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်း ဖြစ်တယ်လိုဖော်ပြထားပါတယ်။


အလားတူ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ နာရီခန့်တွင် မကွေးတိုင်း၊ မြို့သစ်မြို့နယ် အတွင်းရှိ သီးကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဆိုသူနှင့် ၎င်း၏ သားဖြစ်သူတို့ကို နေအိမ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ သေနတ်ကျည် ချက်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။


အုပ်ချုပ်ရေးမှူး ထွန်းထွန်းနှင့် သားဖြစ်သူတို့သည် မြို့သစ် တစ်ကြော၌ အကြမ်းဖက် စစ်ကောင်စီ အလိုကျ စစ်မှုထမ်း တပ်သားသစ်များ အတင်းအဓမ္မ ကောက်ခံခြင်း၊ ကျေးရွာမှ ပြည်ပရောက် ပြည်သူများထံမှ တစ်လ သိန်းကောက်ခံခြင်း၊ အိမ် အိမ်ဆောက်လုပ်လျှင် အိမ်ပုံစံအပေါ် မူတည်၍ အခွန်ကောက်ခံခြင်း၊ တော်လှန်ရေးအစကတည်းက ပြည်သူများကို ဒုက္ခပေး ဖိနှပ်ခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ တဖက်သက် အပစ်ရပ်ထားတဲ့ ရက်တာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရ


ဇူလိုင် ၁၈ ရက်။ 

Radio NUG

တဖက်သက် အပစ်ရပ်ရန် ညွန်ကြားခဲ့တဲ့ ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်နေ့ ၁၂ နာရီအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ PSLF/ TNLA က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၁၈ ရက်နေ့မှာ မိုးကုတ် အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦး ဘုရား၊ ဟက်ဖလားရပ်နဲ့ မြို့မရပ်ကွက်တို့တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် သီလရှင် ပါး အပါအဝင် အရပ်သား ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ဇူလိုင်လ ၁၇ ရက်ကလည်း ကျောက်မဲမြို့ ခိုမုန်းသစ်စက် ဝင်းထဲ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ဒေသခံ ဦး သေဆုံးခဲ့ပြီး မိုးကုတ် ညောင်လေးပင် ရပ်မှာလည်း အမျိုးသား ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။


အလားတူ ဇူလိုင် ၁၆ ရက်တွင် စစ်ကောင်စီရဲ့ အတွဲလိုက်ဒုံး ပစ်ခတ်မှုကြောင့် မိုးကုတ် အနောက်ပိုင်း၊ ကျပ်ပြင်အုပ်စု၊ ပန်းချယ်ရီ ရပ်ကွက်နေ အရပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


၎င်းအပြင် ဇူလိုင် ၁၅ ရက်ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီမှ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ဦး သေဆုံးသွားခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ၂၄ ရက်အတွင်း စစ်ကောင်စီက အရပ်သားများရှိရာကို ဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား စုစုပေါင်း ၉၄ ဦး သေဆုံးပြီး ၁၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


========================


🚩🚩 ၇။ သီပေါမြို့နယ်အတွင်း ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများကို SSPP/SSA မှ စားနပ်ရိက္ခာနှင့် ငွေကြေး ကူညီထောက်ပံ့


ဇူလိုင်လ ၁၈ရက်။ 

RadioNUG

ဇူလိုင်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း စစ်ကာင်စီနှင့် ညီနောင် မဟာမိတ်ဖြစ်သည့် TNLA MNDDA တို့ကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် သီပေါမြို့နယ်အတွင်းရှိ နမ့်လန်မြို့နှင့် မိုင်းခေးကျေးရွာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးရောက်ရှိလာကြသည့် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း (၉၄၄)ဦးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊  ရှမ်းပြည်တပ်မတော် SSPP/SSA မှ ငွေကျပ် ၁၀၅ သိန်း အပါအဝင် စားနပ်ရိက္ခာများကိုကူညီ ထောက်ပံ့ပေးခဲ့ကြောင်း SSPP Infoက သတင်းထုတ်ပြန်ထားပါတယ်။


ဆန် (၁၀၅)အိတ်၊ မြေပဲဆီ (၁၁)ပုံးနဲ့ ကြက်ဥ(၁၁)ကပ်အပြင် စစ်ဘေးရှောင်တွေအတွက် ငွေကျပ်(၁၀၅)သိန်းကိုလည်း စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီတွေကို ပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment