19th JUL 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇူလိုင်လ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာနိူင်ငံရဲ့အတိတ်နိူင်ငံရေးသမိုင်းမှာ မင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့သမိုင်းဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရတယ်လို့ယာယီသမ္မတဒူဝါလရှီးလပြောကြား

📌 ၂။ ဦးစောရဲ့လက်သစ်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကိုအပြစ်ပေးအရေးယူစေဖို့ကြိုးစားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တို့ပူးပေါင်း၍(၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

📌 ၄။ စကစ အကြမ်းဖက်အာဏာသိမ်းပြီးတဲ့နောက် () နှစ်တာကာလအတွင်း အာဇာနည်နေ့အခမ်းအနားကို ပန်းခြင်းပို့ဂါရဝပြုတဲ့ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ရဘူးလို့ NUGနိူင်ငံခြားရေးဝန်ကြီးပြောကြား

📌 ၅။ တရားမျှတမှုကို ထိုင်စောင့်နေလို့မရဘဲတရားမျှတမှုအတွက် တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့လူ့အခွင့်ရေးဝန်ကြီးဆို

📌 ၆။ ၁၉၄၇ ခုနှစ်ကကဲ့သို့ပင် ယနေ့တွင်လည်း အရပ်သားပြည်သူများအားသတ်ဖြတ်ခြင်းသည်  လက်ခံနိုင်ဖွယ်ရာမရှိကြောင်းUKသံရုံးမြန်မာကထုတ်ပြန်

📌 ၇။ စစ်ကောင်စီအတွက် အခွန်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရှာပေးနေတဲ့ အမှတ် သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သန္နီမြို့မစျေးကို စစ်ကောင်စီ တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့်အရပ်သား  ၁၀ ဦးထက်မနည်းသေဆုံး 

🚩 ၂။ မန္တလေးဆိပ်ကမ်းမှာ မတ္တရာဘက်ကလာတဲ့သူတွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

🚩 ၃။ စဉ့်ကူးနယ် ထုံးကြီးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ပျူစောထီးခေါင်းဆောင်ကို ဖမ်းမိပြီး ပျူစောထီး အများအပြား အလံဖြူထောင် လက်နက်ချ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိူင်ငံရဲ့အတိတ်နိူင်ငံရေးသမိုင်းမှာ မင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့သမိုင်းဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရတယ်လို့ယာယီသမ္မတဒူဝါလရှီးလပြောကြား


ဇူလိုင်၁၉ရက်


ဇူလိုင်၁၉ရက်"ရဲရင့်စိတ်နဲ့ ဆက်ချီတက် အာဇာနည်မျိုးဆက်" ခေါင်းစဉ်နဲ့  ကျင်းပသော (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ယာယီသမ္မတဒူဝါလရှီးလက အခုလို ပြောကြားခဲ့ပါတယ်။


"ကျနော်တို့နိူင်ငံရဲ့အတိတ်နိူင်ငံရေးသမိုင်းမှာမင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်တွေကိုကြုံခဲ့ရတာတွေ့ရမှာဖြစ်ပါတယ်။၁၉၄၇ ခုနှစ် ဇူလိုင်၁၉ရက်နေ့မနက်ခင်းအချိန်က ရန်ကုန်မြို့အတွင်းဝန်ရုံးအစည်းအဝေးခန်းမမှာ ကြုံတွေ့ခဲ့ရတဲ့ဝမ်းနည်းဖွယ်သမိုင်းဖြစ်ရပ်ဟာ ကျနော်တိူ့နိူင်ငံရဲ့နိူင်ငံရေးအမူအကျင့်ကိုမီးမောင်းထိုးပြနေတယ်လို့ယူဆပါတယ်"လို့ယာယီသမ္မတကဆိုပါတယ်။


ဒါ့အပြင့် အာဇာနည်ခေါင်းဆောင်ကြီး၉ဦးအားလုပ်ကြံသတ်ဖြတ်သည့်သမိုင်းဖြစ်ရပ်ဆိုးကိုသင်ခန်းစာယူဖို့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့နိူင်ငံရေးအမူအကျင့်နှင့်ဆုံးဖြတ်ချက်များကို သင်ယူလေ့လာဖို့ကိုလည်းယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ ဦးစောရဲ့လက်သစ်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကိုအပြစ်ပေးအရေးယူစေဖို့ကြိုးစားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇူလိုင်၁၉ရက်


ဦးစောရဲ့လက်သစ်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကိုအပြစ်ပေးအရေးယူစေဖို့ကြိုးစားမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဇူလိုင်၁၉ရက်"ရဲရင့်စိတ်နဲ့ ဆက်ချီတက် အာဇာနည်မျိုးဆက်" ခေါင်းစဉ်နဲ့  ကျင်းပသော (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။


"ကျနော့်အဖိုးအပါအဝင်အာဇာနည်ခေါင်းဆောင်တွေကိုလုပ်ကြံခဲ့တဲ့ဦးစောနဲ့ကြံရာပါတွေဟာ တရားဥပဒေရှေ့မှောက်မှာအပြစ်ပေးအရေးယူခံခဲ့ရပါတယ်။ဒီလိုပဲယနေ့အချိန်ခါမှာလည်း ဦးစောရဲ့လက်သစ်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေဟာ အာဇာနည်လက်သစ်ရဲဘော်ပေါင်းများစွာနဲ့အပြစ်မဲ့ပြည်သူများကိုနေ့စဥ်သတ်ဖြတ်နေပါတယ်။ဒီ၇၇နှစ်မြောက်အာဇာနည်နေ့မှာတော့ တိုင်းပြည်ရဲ့ရန်သူဖြစ်တဲ့မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို တရားဥပဒေရှေ့မှောက်မှာ ကောင်းစွာအပြစ်ဒဏ်ခံရစေဖို့ ပြည်သူလူထုတရပ်လုံးနဲ့အတူ ဆထက်တပိုးကြိုးစားသွားမယ်လို့ထပ်မံသံန္ဒိဌာန်ပြုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တိုင်းပြည်ရဲ့တော်လှန်ရေးအတွင်းပြည်သူလူထုရင်ထဲ အာဇာနည်စိတ်ဓာတ်တွေပိုလို့ကိန်းအောင်းနေကြတယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တို့ပူးပေါင်း၍(၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


ဇူလိုင်၁၉ရက်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တို့ပူးပေါင်း၍(၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ပါတယ်။


ဇူလိုင်၁၉ရက်"ရဲရင့်စိတ်နဲ့ ဆက်ချီတက် အာဇာနည်မျိုးဆက်" ခေါင်းစဉ်နဲ့  ကျင်းပသော (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ယာယီသမ္မတဒူဝါလရှီးလနှင့်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့အပါအဝင် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများ၊သံတမာန်အဖွဲ့များ၊အာဇာနည်ခေါင်းဆောင်ကြီးများ၏မိသားစုဝင်များ တက်ရောက်ခဲ့ကြပါတယ်။


အခမ်းအနားတွင် ယာယီသမ္မတနှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အရန်ဗဟိုအလုပ်အမှုဆောင် အသီးသီးတို့မှ အမှာစကားများပြောကြားခဲ့ကြပါတယ်။


ထို့နောက်အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုဝင်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့်ဗိုလ်ချုပ်အောင်ဆန်း၏‌မြေးလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းက အမှာစကား ပြောကြားခဲ့ပါတယ်။


အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးချိန်တွင်ငြိမ်သက်အလေးပြုခဲ့ကြပါတယ်။


========================


📌📌 ၄။ စကစ အကြမ်းဖက်အာဏာသိမ်းပြီးတဲ့နောက် () နှစ်တာကာလအတွင်း အာဇာနည်နေ့အခမ်းအနားကို ပန်းခြင်းပို့ဂါရဝပြုတဲ့ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ရဘူးလို့ NUGနိူင်ငံခြားရေးဝန်ကြီးပြောကြား


ဇူလိုင်၁၉ရက်


စကစ အကြမ်းဖက်အာဏာသိမ်းပြီးတဲ့ နောက် () နှစ်တာကာလအတွင်း အာဇာနည်နေ့အခမ်းအနားကို ပန်းခြင်းပို့ဂါရဝပြုတဲ့ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ရဘူးလို့ NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဇူလိုင်၁၉ရက်မှာ ပြောကြားလိုက်ပါတယ်။


"ဟိုးအရင်နှစ်များ ဆီက - အာဇာနည်နေ့ အခမ်းအနားတွေ - နိုင်ငံရေး အခြေအနေ အနိမ့်အမြင့် တွေ ကြားမှာ နှစ်ရှည် ဖမ်းဆီးထိမ်းသိမ်းခံ ရတဲ့ ကာလတွေ မှာတောင် - ဒီလိုနေ့မျိုး တော့ ပြည်သူလူထုဟာ သူတို့ချစ်တဲ့ လူထုခေါင်းဆောင်ကို  တစ်နှစ်မှာ တစ်ခါလောက် စက္ကန့်ပိုင်းမြင်ရဖို့ စောင့်ကြည့် ခဲ့ကြရဖူးတယ်။ 

အခု စကစ အကြမ်းဖက်အာဏာသိမ်းပြီးတဲ့ နောက် () နှစ် ရှိပြီ အခုလိုကာလမှာ ပန်းခြင်း ပို့ ဂါရဝ ပြုတဲ့ အန်တီ့ကို မမြင်ရ မတွေ့ရတာ။ ဒီနေ့ မှာ ပိုလွမ်းတာပဲ"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ နိူင်ငံတော်အာဏာသိမ်းရန်ကြိုးပမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကိုပုဒ်မမျိုးစုံတပ်ကာဖမ်းဆီးအကျဥ်းချထားခဲ့ကြပါတယ်။


========================


📌📌 ၅။ တရားမျှတမှုကို ထိုင်စောင့်နေလို့မရဘဲတရားမျှတမှုအတွက် တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့လူ့အခွင့်ရေးဝန်ကြီးဆို


ဇူလိုင်၁၉ရက်


တရားမျှတမှုကို ထိုင်စောင့်နေလို့မရဘဲတရားမျှတမှုအတွက် တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းက အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့ အထိမ်းအမှတ်တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။


"Freedom is not free လွတ်မြောက်မှုက အလကားမရဘူး၊ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်ရတယ်။ အဲ့ဒီလိုပဲ တရားမျှတမှုကို ထိုင်စောင့်နေလို့မရဘူး။တရားမျှတမှုအတွက် တိုက်ပွဲဝင်ရတယ်။  ဒီလိုတိုက်ပွဲဝင်ရာမှာ ကိုယ်လုပ်နိုင်တဲ့အနေအထား စိတ်ဓါတ်ကို ဘယ်တော့မှမလျော့ပဲ တိုက်ပွဲဝင်ပါ။ တရားမျှတမှုကို ယုံကြည်ရင် တရားမျှတမှုက ကိုယ့်လက်ထဲကို ရောက်လာမှာဖြစ်ပါတယ်။လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၀၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ ၁၉၄၇ ခုနှစ်ကကဲ့သို့ပင် ယနေ့တွင်လည်း အရပ်သားပြည်သူများအားသတ်ဖြတ်ခြင်းသည်  လက်ခံနိုင်ဖွယ်ရာမရှိကြောင်းUKသံရုံးမြန်မာကထုတ်ပြန်


ဇူလိုင်၁၉ရက်


ဇူလိုင်၁၉ရက်မှာ UKသံရုံးမြန်မာက အခုလိုတရားဝင်ထုတ်ပြန်ထားပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ဦးတို့အား လုပ်ကြံသတ်ဖြတ်ခဲ့သော ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ကို မြန်မာပြည်သူပြည်သားများနှင့် ဗြိတိသျှသံရုံးရန်ကုန်က အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် အမှတ်ရနေပါတယ်လို့ဖော်ပြပါတယ်။


ထို့အတူပင် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သောအနာဂတ်ရရှိရေးအတွက် အသက်စတေးခဲ့ကြသူအားလုံးကို ကျွန်ုပ်တို့လေးစားအမှတ်ရနေပါတယ်လို့ဆိုပါတယ်။


၁၉၄၇ ခုနှစ်က ကဲ့သို့ပင် ယနေ့တွင်လည်း အရပ်သားပြည်သူများအားသတ်ဖြတ်ခြင်းသည် တရားမျှတမှုမဖြစ်နိုင်သကဲ့သို့ လက်ခံနိုင်ဖွယ်ရာလည်းမရှိဘူးလို့ဆိုပါတယ်။


ယူကေနိုင်ငံသည် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီနှင့်လွတ်လပ်မှု ရရှိရန်ဆန္ဒကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီအတွက် အခွန်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရှာပေးနေတဲ့ အမှတ် သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို


အကြမ်းဖက်စစ်ကောင်စီအတွက် အခွန်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရှာပေးနေတဲ့ အမှတ် သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး နိုင်မျိုးဟန်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အငြိမ်းစား ဒုဗိုလ်မှူးကြီး နိုင်မျိုးဟန်ကို အမှတ်- သတ္တုတွင်းလုပ်ငန်း ME2 ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်တာနဲ့ပတ်သက်လို့ Justice For Myanmar က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်တဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး နိုင်မျိုးဟန်ဟာ အရင်က ME2 ရဲ့ ထုတ်လုပ်ရေးဌာနမှာ အထွေထွေမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သူလို့ ဆိုပါတယ်။ 

အငြိမ်းစား ဒုဗိုလ်မှူးကြီးနိုင်မျိုးဟန်အနေနဲ့ စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနိုင်ဖို့ ဘဏ္ဍာရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုတွေကို အသုံးချနေတယ် လို့လည်း အသိပေးထားပါတယ်။ 

ဒါ့ကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ နိုင်မျိုးဟန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီး တာဝန်ခံစေရမမယ်လို့ Justice For Myanmar က ပြောပါတယ်။

ME2 ဟာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်က အရေးပါတဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်ပြီး စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

 ME2 အနေနဲ့ သံဖြူ-အဖြိုက်နက်၊ ရူဘီဒီယမ်၊ တန်တလမ်-နီအိုဘီယမ်၊ လီသီယမ်၊ တိုက်တေနီယမ်၊ ဟက်ဖ်နီယမ်၊ ဗန်နေဒီယမ်၊ အင်ဒီယမ်၊ ဘစ်မတ်၊ ရွှေ၊ မိုလစ်ဘ်ဒင်နမ်၊ ရွှေဖြူ၊ မြေရှားသတ္တုဒြပ်စင်များ၊ ရေဒီယိုသတ္တိကြွသတ္တုများနဲ့ အကြီးစားသတ္တုများအပါအဝင် တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုထုတ်လုပ်မှုတွေအတွက် အဓိကတာဝန်ယူလုပ်ကိုင်ရတဲ့ အတွက် မြန်မာ့တွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ME2 ဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့ ကုမ္ပဏီတွေနဲ့ ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်များ ချုပ်ဆို ခြင်းဖြင့် အကျိုးအမြတ်များ ခွဲဝေရရှိနေရာ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာဆိုရင် ME2 ရဲ့ ရှယ်ယာတွေကို စစ်အုပ်စု က တရားမဝင်ရယူထိန်းချုပ်ထားခဲ့ပြီး အကြမ်းဖက်စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းရာမှာ အသုံးပြုနေတာကြောင့် ME2 ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ သန္နီမြို့မစျေးကို စစ်ကောင်စီ တိုက်လေယာဉ်က ပေါင် ၅၀၀ ဗုံးကြဲချတာကြောင့်အရပ်သား  ၁၀ ဦးထက်မနည်းသေဆုံး 


ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီမြို့က မြို့မစျေးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ နာရီခန့်အချိန်မှာ သိန္နီမြို့မဈေးကို ဦးတည်ပြီး စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့တာကြောင့် စျေးဆိုင်ခန်းတွေနဲ့လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

အများပြည်သူသွားလာနေတဲ့ ညနေပိုင်းအချိန်ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေများခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်း အသိပေးပါတယ်။ 

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာဟာ အရပ်သားပြည်သူများသွားလာလှုပ်ရှားနေတဲ့နေရာဖြစ်ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာဖြစ်တဲ့အတွက် ဒါဟာ စစ်တပ်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာပဲ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ မန္တလေးဆိပ်ကမ်းမှာ မတ္တရာဘက်ကလာတဲ့သူတွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ


မန္တလေးမြို့သို့ ရေကြောင်းကနေဝင်လာတဲ့ မတ္တရာမြို့နယ်က ဒေသခံတွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂လမ်းနဲ့၂၆ လမ်းကြား ဧရာဝတီမြစ်ကမ်းနားလမ်းမှာရှိတဲ့ မရမ်းခြံဆိပ်ကမ်းမှာ စစ်ကောင်စီတပ်က စက်လှေနဲ့ မော်တော်တွေကို စစ်ဆေးနေရာ မနေ့ ဇူလိုင် ၁၈ ရက် က မတ္တရာမြို့နယ် ဒေါင်းကျွန်း ကျေးရွာကလာတဲ့ ရေယာဥ်တစီးပေါ်က ၁၉ နှစ်အရွယ် အမျိုးသမီးတဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ 

အဲဒီအမျိုးရဲ့ဖုန်းကို စစ်ဆေးရာပြီးတဲ့နောက် PDF တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်က စက်လှေတွေကို ညောင်ကွဲဆိပ်ကမ်းမှာ ကမ်းကပ်ခွင့်မပေးတော့ဘဲ ကမ်းနားမှာရှိတဲ့ သစ်ပင်တွေမှာ ကြိုးနဲ့ချည်ခိုင်းကာ မှတ်ပုံတင်တွေစစ်ဆေးပြီး ရပ်ကွက်ထောက်ခံစာ၊ အိမ်ထောင်စုဇယားများပါ တောင်းခံနေတဲ့အပြင် မော်တော်တွေမှာ ရွာအမည်နဲ့ စစ်အုပ်စုက သက်မှတ်ပေးထားတဲ့နံပါတ်တွေကို ဆေးသုတ်ခိုင်းထားကာ ဆေးမသုတ်ထား ပါက ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုများရှိနေတယ်လို့ Voice Of Mandalay အဖွဲ့က အသိပေးထားပါတယ်။

မတ္တရာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနဲ့ ပူးပေါင်းတပ်တွေကိ စစ်ကောင်စီ၏ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာမှာ လက်ရှိအချိန်ထိ စစ်စခန်း ၂၈ ခု သိမ်းပိုက်ရရှိထားသလို စစ်ဆင်ရေးကာလအတွင်း လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။ 

လက်ရှိမှာလည်း မတ္တရာမြို့နယ်တယိုက်မှာ တိုက်ပွဲတွေနေ့စဉ်နီးပါးဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ကျေးရွာဒေသခံတွေ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။


========================


🚩🚩 ၃။ စဉ့်ကူးနယ် ထုံးကြီးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ပျူစောထီးခေါင်းဆောင်ကို ဖမ်းမိပြီး ပျူစောထီး အများအပြား အလံဖြူထောင် လက်နက်ချ


မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးရွာမှာရှိတဲ့ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ရာမှာ ပျူစောထီး ခေါင်းဆောင် ကျော်စိုးကို အရှင်ဖမ်းမိခဲ့ပြီး ပျူစောထီးအများအပြား အလံဖြူထောင်လက်နက်ချခဲ့တယ်လို့ စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံကနေ သိရပါတယ်။

စဉ့်ကူးမြို့နယ် ထုံးကြီးရွာမှာရှိတဲ့ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၁၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ထုံးကြီးရွာဥက္ကဋ္ဌ ပျူစောထီး ခေါင်းဆောင် ကျော်စိုး ထွက်ပြေးချိန်မှာ အရှင်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

ပျူစောထီး ခေါင်းဆောင် ကျော်စိုးကို ဖမ်းဆီးရမိချိန်မှာ ကျန်တဲ့ ပျူစောထီး ၄၉ ဦးက မြို့နယ် ပကဖ အဖွဲ့ထံ ချိတ်ဆက်ပြီး အလံဖြူထောင် လက်နက်ချခဲ့တာလို့ အသိပေးထားပါတယ်။

ပျူစောထီးခေါင်းဆောင်ကိုဖမ်းမိပြီး ကျနတဲ့ပျူစောထီးတွေ လက်နက်ချခဲ့ပေမယ့် အကြမ်းဖက် စစ်တပ်စခန်းမှာရှိတဲ့ စစ်ဗိုလ် ထက်လွင်အောင်နဲ့ စစ်သား ဦးကတော့ ထုံးကြီးရွာကနေ ရွာသာယာရွာဘက်ကို ထွက်ပြေး လွတ်မြောက်သွား တယ်လို့လည်း သိရပါတယ် 

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သေနတ်တချက် ဖောက်စရာမလိုဘဲ ထုံးကြီးစခန်းကို သိမ်းပိုက်ရရှိခဲ့တာလို့ စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေတဲ့အတွက် စဉ့်ကူးမြို့ဟာ တမြို့လုံးနီးပါး ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

စဥ့်ကူးမြို့သူမြို့သားတွေအနေနဲ့ မြို့ထဲကိုဝင်လို့ရပြီဆိုတိုင်း ဝင်ရောက်နေထိုင်တာတွေမလုပ်ဖို့၊ စစ်ကောင်စီဘက်က မြို့ကိုပြန်ရလိုတဲ့စိတ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးလုပ်လာနိုင်တဲ့အတွက် အချိန်ကာလတခုအထိစောင့်ရင်း ရောက်တဲ့အရပ်မှာ လေကြောင်းအန္တရာယ်ကိုဂရုစိုက်နေထိုင်ကြဖို့ ဒေသခံအချင်းချင်း လူမှုကွန်ယက်ကနေ မျှဝေပြောဆို နေတာတွေလည်းရှိနေပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment