26th JUL 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ဖိလစ်ပိုင် အထက်လွှတ်တော် အောက်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအား ထိထိရောက်ရောက် အားပေးထောက်ခံ ရပ်တည်ရန် တိုက်တွန်း ပြောဆို

📌 ၂။ ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်တစုကိုပြောကြားချက် ယခုအချိန်အကျယ်ချုပ်လိုနေရတဲ့အာဏာရှင်ဟောင်းတွေ သဘောပေါက်နားလည်မလားလို့NUGကိုယ်စားလှယ်မေးခွန်းထုတ်

📌 ၃။ စစ်တပ်က မိုးဗြဲရေကာတာ ဖွင့်ချလိုက်တာကြောင့် လွိုင်ကော်နဲ့ ဘီလူးချောင်းဘေးကဒေသခံတွေ ရွှေ့ပြောင်းကြဖို့ IEC သတိပေး

📌 ၄။ ရန်ကုန်မှာပြန်ဆုံမယ် အင်္ကျီရောင်းရတဲ့ငွေကြေးများနှင့်ကရင်နီမှာ ဆေးခန်းတခုဆောက်နေပြီးအညာဒေသက စစ်ရှောင်တွေအတွက် သိန်း တရာတန် ကျောင်းဆောင်ပါဆောက်ပေးခဲ့


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ငူ -လိပ်သိုလမ်းက စစ်စခန်းနဲ့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး 

🚩 ၂။ သံတွဲ-ဂွမြို့ကြားက တံတား စင်းကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

🚩 ၃။ ရေစကြိုနယ် ဆင်ချောင်းနဲ့ဂွေးချိုရွာက ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် တိုက်ခိုက်

🚩 ၄။ ကရင်ပြည်နယ်တွင်စကစရဲ့အောင်ဇေယျစစ်ကြောင်းကိုတိုက်ခိုက်နေတဲ့ ကော်ပရာစစ်ကြောင်းတပ်ခွဲ၄ကရဲဘော်များအတွက်ဆေးဝါး၊ရိက္ခာနဲ့အမိုးအကာများအရေးပေါ်လိုအပ်

🚩 ၅။ ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်ရင်းနဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ဦးသေဆုံး  

🚩 ၆။ တောင်သာမြို့နယ်တွင်ဆည်ကုန်းရွာ ထိပ်မှ မိုးနှောင်းခင်း (တောင်ကြားလမ်း) လမ်းကို ဘက်ဟိုးဖြင့်စကစအုပ်စုများကမြောင်းတူးကာ ဖြတ်တောက်လိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ဖိလစ်ပိုင် အထက်လွှတ်တော် အောက်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအား ထိထိရောက်ရောက် အားပေးထောက်ခံ ရပ်တည်ရန် တိုက်တွန်း ပြောဆို


ဇူလိုင်၂၆


ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ဖိလစ်ပိုင် အထက်လွှတ်တော် အောက်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအား ထိထိရောက်ရောက် အားပေးထောက်ခံ ရပ်တည်ရန် တိုက်တွန်း ပြောဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းနှင့် မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်နေသည့် Burma Solidarity Philippines အဖွဲ့ဝင်များသည် ဇူလိုင်လ (၂၅) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။


မြန်မာနိုင်ငံအရေးကို တက်ကြွစွာ ဆောင်ရွက်နေသည့် ဖိလစ်ပိုင် Senator Ms. Risa Hontiveros နှင့် Rep.France L.Castro Rep.Raoul Danniel Abellar Manuelတို့နှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြေပြင်တွင် တိုးတက်ဖြစ်ပေါ်လာနေသည့် တော်လှန်ရေး အောင်မြင်မှုများကိုတင်ပြခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအား ထိထိရောက်ရောက် အားပေးထောက်ခံ ရပ်တည်ရန် တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ 


၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများကို ယခုနှစ်ကတည်းက စတင်လုပ်ဆောင်ရန်နှင့် လွှတ်တော်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် တက်ရောက်လာသူများက ဆွေးနွေး တင်ပြခဲ့ကြပါတယ်။


ဖိလစ်ပိုင် အထက်လွှတ်တော် နှင့် အောက်လွှတ်တော်အမတ်များကလည်း မြန်မာပြည်သူများ၏ ဖယ်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲအပေါ် သွေးစည်းညီညွတ်စွာ ရပ်တည်နေလျက် ရှိကြောင်း ပြောကြားခဲ့ပြီး ဆက်လက်လုပ်ဆောင်နိုင်မည့်လုပ်ငန်းများအား တက်ရောက်လာသူများနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားရန် တိုင်ပင်ဆွေးနွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်တစုကိုပြောကြားချက် ယခုအချိန်အကျယ်ချုပ်လိုနေရတဲ့အာဏာရှင်ဟောင်းတွေ သဘောပေါက်နားလည်မလားလို့NUGကိုယ်စားလှယ်မေးခွန်းထုတ်


ဇူလိုင်၂၆ရက်


ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်တစုကိုပြောကြားချက် ယခုအချိန်အကျယ်ချုပ်လိုနေရတဲ့အာဏာရှင်ဟောင်းတွေ သဘောပေါက်နားလည်မလားလို့  NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဇူလိုင်၂၆ရက်မှာ ဆိုရှယ်မီဒီယာကနေမေးခွန်းထုတ်ဆိုလိုက်ပါတယ်။


"ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်တစုကို "ဒီမိုကရေစီစနစ်ဆိုတာ ရှင်တို့ကိုလည်း အကာအကွယ်ပေးမယ့် စနစ်" လို့ ပြောခဲ့ဘူးတယ်။ အခု အကျယ်ချုပ်လို နေရသူ အာဏာရှင်ဟောင်းတွေ သဘောပေါက်သွားနိုင်ပြီလို့ သင် ထင်မြင်မိပါသလား"လို့ဆိုထားပါတယ်။


ယခင်စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးငြိမ်းသန်းရွှေအပါအဝင်စစ်ဗိုလ်ချုပ်ဟောင်းနေအိမ်များကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတပ်လုံခြုံရေးများချထားကာနေ့ညမပြတ်စောင့်ကြည့်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ စစ်တပ်က မိုးဗြဲရေကာတာ ဖွင့်ချလိုက်တာကြောင့် လွိုင်ကော်နဲ့ ဘီလူးချောင်းဘေးကဒေသခံတွေ ရွှေ့ပြောင်းကြဖို့ IEC သတိပေး


ကရင်နီပြည် မိုးဗြဲမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ - ၄၂၂ တပ်ရင်းက မိုးဗြဲရေကာတာကို အဆင်အခြင် မဲ့ ဖွင့်ချလိုကတာကြောင့် လွိုင်ကော်နဲ့ ဘီလူးချောင်းဘေးကဒေသခံတွေ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဗြဲမြို့မှာအခြေစိုက် ခမရ - ၄၂၂ တပ်ရင်းက မနေ့ ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းကတည်းကတည်းက မိုးဗြဲရေကာတာ တံခါး ကို အဆင်အခြင်မဲ့ ဖွင့်ချလိုက်တာကြောင့်  ၂၄ နာရီအတွင်း ဘီလူးချောင်းရေ ပေအထိ မြင့်တက်သွားခဲ့တယ်လို့  ဆိုပါတယ်။ 

စစ်တပ်ရဲ့ အဆင်အခြင့်မဲလုပ်ရပ်ကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီ၊ ဖောင်းတောကနဲ့ ဘုရားဖြူကျေးရွာတို့မှာ ရေကြီးမှုတွေဖြစ်ပေါ် နေတယ်လို့လည်း သိရပါတယ်။

ဒါဟာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ ဒေသခံတောင်သူလယ်သမားများနဲ့ ပြည်သူများ ဒုက္ခရောက်စေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာလို့ IEC က သုံးသပ်ထားပါတယ်။ 

မိုးဗြဲရေကာတာဖွင့်ချလိုက်တဲ့အကျိုးဆက်ကြောင့် ဘီလူးချောင်းဘေးဝဲယာတလျှောက်မှာရှိတဲ့ စပါးခင်းအများစု ခန့်မှန်း ဧက ၁၀၀၀ ခန့် ရေနှစ်မြုပ်နိုင်ပြီး ပျက်စီးဆုံးရှုံးမယ့်အရေးနဲ့ကြုံတွေ့နိုင်သလို လွိုင်ကော်မြို့နဲ့အနီးတဝိုက်က လူနေ ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာလည်း ရေကြီးမှုတွေဖြစ်လာနိုင်တယ်လို့ IEC က ခန့်မှန်းထားပါတယ်။

နွေရာသီမှာ ရေမလွတ်ဘဲ လှောင်ထားတဲ့ မိုးဗြဲဆည်ရေကို အခုလို မိုးကာလမှာလွှတ်ချလိုက်တာကြောင့် ဘီလူးချောင်း ဘေးမှာနေကြတဲ့ စစ်ရှောင်တွေ အထူးသတိပြုနေကြဖို့ ဒေသတွင်းအဖွဲ့အစည်းတွေကလည်း တိုက်တွန်းထားပါတယ်။ 

မိုးဗြဲဆည်ရေ လွှတ်ချလိုက်တာကြောင့် ရက်အတွင်း ချောင်းရေထပ်မံမြင့်တက်လာနိုင်တဲ့အတွက် လွိုင်ကော်မြို့နဲ့ အနီး တဝိုက်အပြင် ဘီလူးချောင်းဘေးဝဲယာတလျောက် အနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အထူးသတိပြုနေထိုင်ကြဖို့၊ လိုအပ်ရင် ဘေးလွတ်ရာကို အမြန်ဆုံး ရွေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြဖို့ IEC က သတိပေးထားပါတယ်။

အရေးပေါ်အကူအညီလိုအပ်နေသူတွေအနေနဲ့ ပြည်ထဲရေးဌာန - အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲနဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန Signal ဖုန်းနံပါတ် +66 951 901 790 +66 955 751 317 တို့ ကို ဆက်သွယ်နိုင်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ရန်ကုန်မှာပြန်ဆုံမယ် အင်္ကျီရောင်းရတဲ့ငွေကြေးများနှင့်ကရင်နီမှာ ဆေးခန်းတခုဆောက်နေပြီးအညာဒေသက စစ်ရှောင်တွေအတွက် သိန်း တရာတန် ကျောင်းဆောင်ပါဆောက်ပေးခဲ့


ဇူလိုင်၂၆


ရန်ကုန်မှာပြန်ဆုံမယ် အင်္ကျီရောင်းရတဲ့ငွေကြေးများနှင့်ကရင်နီမှာ ဆေးခန်းတခုဆောက်နေပြီးအညာဒေသက စစ်ရှောင်တွေအတွက် သိန်း တရာတန် ကျောင်းဆောင်ပါဆောက်ပေးခဲ့တယ်လို့ဇူလိုင်၂၆ရက်မှာ Clean yangonကတရားဝင်အသိပေးဖော်ပြပါတယ်။


"ကရင်နီမှာ ဆေးခန်းတခုဆောက်နေတယ်။ ကျသင့်တန်ဖိုးက သိန်း (၁၂၀) ကျော်၊ ရန်ကုန်အတွက်သိန်း (၅၀) အညာဒေသက စစ်ရှောင်တွေအတွက် သိန်း (၁၀၀) တန် ကျောင်းဆောင်၊ အခုဆက်ပြီး ဆေးရုံတရုံအတွက် ဆေးသိုလှောင်ရုံတခု ထပ်ဆောက်ပေးနေပါတယ်"လို့ဆိုပါတယ်။


ဒါတွေဟာ ပြန်ဆုံခြင်းမျှော်လင့်ချက်များအတွက် ရန်ကုန်မှာပြန်ဆုံမယ် အင်္ကျီရောင်းရတဲ့ငွေကြေးကို အသုံးပြုတာဖြစ်တယ်လို့လည်းဖော်ပြပါတယ်။


ရန်ကုန်မှာပြန်ဆုံမယ် အင်္ကျီရောင်းချခြင်းမှာ ပါဝင်ကူညီသူအားလုံးကို ကျေးဇူးအထူးတင်ရှိတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တောင်ငူ -လိပ်သိုလမ်းက စစ်စခန်းနဲ့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး 


ကရင်ပြည်နယ် သံတောင်မြို့နယ်ထဲက တောင်ငူ -လိပ်သိုလမ်းပိုင်းမှာရှိတဲ့ ကျောက်လုံးကြီးစခန်းနဲ့စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၇ ဦးသေဆုံးသွားတယ်လို့ People Defense Force Thandaung က ဒီနေ့ ဇူလိုင် ၂၆ မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်အချိန်က တောင်ငူ-လိပ်သိုလမ်းပိုင်းမှာရှိတဲ့ ကျောက်လုံးကြီးစခန်းကို စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတဦးနဲ့ တပ်သား ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ထို့အတူ ဇူလိုင်လ ၁၇ ရက် မွန်းလွဲ နာရီကျော်အချိန်မှာလည်း ကျောက်လုံးကြီးစခန်းက အကြမ်းဖက်စစ်သားတွေကို စနိုက်ဘာနဲ့ ထပ်မံပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ဦးသေဆုံးပြီး ဦးဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် ဇူလိုင်လ ၂၂ ရက်နေ့မှာလည်း လိပ်သိုမြို့ကနေ တောင်ငူဘက်ကိုထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တောင်ငူ -လိပ်သိုလမ်းပိုင်းတနေရာမှာမိုင်းဆွဲပြီး ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ဦး သေဆုံးပြီး အရာရှိအပါအဝင် ၃၀ ကျော် ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သံတောင်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆၀၄ တပ်က စစ်သား ဦး လက်နက်နဲ့တကွ ထွက်ပြေး သွားချိန်မှာ People Defense Force Thandaung နဲ့ MLB စစ်ကြောင်းက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ MA1 သေနတ် တလက်၊ MA ကျည် ၆၀၀ တောင့် MA ကျည်‌ဘောက် ခု၊ MA5 သေနတ် တလက်၊ 9mm ကျည် ၁၀‌‌ တောင့်နဲ့ MA5 magazine ၂ခု လက်ပစ်ဗုံး လုံး သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီစစ်ဆင်ရေးတွေကို People Defense Force Thandaung - တောင်ငူခရိုင်၊ တပ်မဟာ - တပ်ရင်း လက်အောက်ခံ MLB စစ်ကြောင်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ သံတွဲ-ဂွမြို့ကြားက တံတား စင်းကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး


ရခိုင်ပြည်ထဲက သံတွဲနဲ့ဂွမြို့ကိုဆက်သွယ်ထားတဲ့ တံတား စင်းထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး သွား တယ်လို့ ဒေသတွင်း သတင်းတွင်း ရင်းမြစ်တွေကပြောပါတယ်။

ဂွမြို့နယ်ထဲကို ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေ အလွယ်တကူ မဝင်နိုင်အောင်ဆိုပြီး  အကြမ်းဖက်စစ်ကောင်စီက သံတွဲ-ဂွ ကြားက တံတားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းခွဲဖျက်ဆီးနေတာလို့ ဆိုပါတယ်။ 

ချင်းကွင်း၊ သရက်ပင်ကွင်း၊ ဆင်ဒင်ကလေးမှာရှိတဲ့ တံတားတွေကို စစ်တပ်က မိုင်းခွဲဖျက်ဆီးလိုက်တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Western News က ဖော်ပြပါတယ်။  

အကြမ်းဖက်စစ်တပ်က တံတားတွေကို မိုင်းခွဲဖျက်ဆီးပြီးနောက် ဂွမြို့တွင်းမှာလည်း အင်အားတိုးချဲတာတွေလုပ်ဆောင်ကာ ခံစစ်အတွက်ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။  

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ သံတွဲမြို့ကို လက်လွှတ်ဆုံးရှုံးရပြီဖြစ်တာကြောင့် ဂွမြို့နယ်ကို နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုတွေဆက်တိုက်လုပ်လာတာကြောင့် ဒေသခံပြည်သူတွေ မြို့ကိုစွန့်ခွာ စစ်ရှောင်နေကြပြီလို့လည်း သိရပါတယ်။ 

ရခိုင့်တပ်တော် AA ကလည်း ရခိုင်ပြည်မှာရှိတဲ့ မြို့နယ်တိုင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မယ်လို့ အသိပေး ထားပြီးဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ ပြောင်းနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ကို ခုခံကာကွယ်ရန်ဆိုတဲ့ခေါင်းစဉ်နဲ့ ရခိုင်ပြည်မှာ ရှိတဲ့ မြို့နယ်တိုင်းလိုလိုက မြို့အဝင်တံတားတွေနဲ့ လမ်းမကြီးတွေကို မိုင်းခွဲဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတာလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာလည်း သံတွဲနဲ့ဂွကြားက သဗြုချိုင်ကမ်းခြေမှာရှိတဲ့ မောင်ရွှေလေးရေတပ်စခန်းကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရေစကြိုနယ် ဆင်ချောင်းနဲ့ဂွေးချိုရွာက ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် တိုက်ခိုက်


မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်ချောင်းရွာနဲ့ ဂွေးချိုရွာက ပျူစောထီးစခန်းတွေကို ရော့က‌တ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force – UG တပ်ဖွဲ့က ပြောပါတယ်။ 

မနေ့ ဇူလိုင်လ ၂၅ ရက်နေ့က အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲရာ ဆင်ချောင်းရွာနဲ့ ဂွေးချို ကျေးရွာက စစ်စခန်းတွေကို ရော့ကတ်လက်နက်ကြီး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျသိနိုင်ဖို့ ဆက်လက်စုံစမ်း နေတယ်လို့ အသိပေးထားပါတယ်။

စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ Young Force – UG တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Cobra One (Pakokku) Taty (Pakokku) Thurain -TR နှင့် Young Force – UG တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကရင်ပြည်နယ်တွင်စကစရဲ့အောင်ဇေယျစစ်ကြောင်းကိုတိုက်ခိုက်နေတဲ့ ကော်ပရာစစ်ကြောင်းတပ်ခွဲ၄ကရဲဘော်များအတွက်ဆေးဝါး၊ရိက္ခာနဲ့အမိုးအကာများအရေးပေါ်လိုအပ်


ဇူလိုင်၂၆ရက်


ကရင်ပြည်နယ်တွင်စကစရဲ့အောင်ဇေယျစစ်ကြောင်းကိုတိုက်ခိုက်နေတဲ့ ကော်ပရာစစ်ကြောင်းတပ်ခွဲ၄ကရဲဘော်များအတွက်ဆေးဝါး၊ရိက္ခာနဲ့အမိုးအကာများအရေးပေါ်လိုအပ်နေတယ်လို့ ဇူလိုင်လ ၂၆ရက်မှာ ကော်ပရာစစ်ကြောင်းတပ်ခွဲ၄က အသိပေးဆိုပါတယ်။


"ဒီမိုးနဲ့အောင်ဇေယျစစ်ကြောင်းကိုအပျက်ခြေမှုန်းနေတဲ့ ရော်ဘဲတွေအတွက် အဝတ်ထည်များ မိုးကာများ ဖိနပ် ခြင်ဆေးခွေများအရေးပေါ်လိုအပ်နေပါတယ်။ မိုးကတော့မိုးတွင်း မိုးရွာတာမဆန်းပါဘူး။ဒါပေမယ့်လည်းဒီလိုအဆက်မပြတ်ရွာနေတဲ့မိုးတွင်းကြားထဲမှာတဲကမလုံ အဝတ်စားတွေကစို၊ မိုးကာက လူစုံမရှိ၊ ခြင်ကပေါ၊ ရိက္ခာတွေကခက်ခဲ၊ မပြီးသေးတဲ့ တော်လှန်ရေးမှာ အမြန်ပြီးဆုံးအောင် အခက်ခဲမျိုး  စုံနဲ့တိုက်ထုတ်နေပါတယ်"လို့ဆိုပါတယ်။


လိုအပ်ချက်လေးတွေကူညီထောက်ပံ့ဖို့ပြည်သူများကိုကော်ပရာတပ်ခွဲ၄ကဆိုထားပါတယ်။


========================


🚩🚩 ၅။ ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်ရင်းနဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ဦးသေဆုံး  


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့မှာရှိတဲ့ ခမရ ၁၂ တပ်ရင်းနဲ့ ခြေလျင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ဦး သေဆုံးသွားတယ်လို့ နယ်စည်းမခြား ရွှေဘိုသား - LPDF တပ်ဖွဲ့ထံကနေ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခမရ ၁၂ တပ်ရင်းအတွင်းမှာရှိတဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်ချထားတဲ့ နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်မှာ Fixed Wings Drone တွေသုံးပြီး ဗုံးသီး ၁၀ လုံးကြဲချခဲ့ရာမှာ အကြမ်းဖက်စစ်သား ဦး သေဆုံးပြီး ဒဏ်ရာသူတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ဗုံးကြဲတိုက်ခိုက်နေချိန်မှာ အကြမ်းဖက်စစ်သားတွေက လက်နက်ကြီးတွေနဲ့ အချက် ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ် လို့ အသိပေးထားပါတယ်။

ဇူလိုင်လ ၂၃ ရက် မနက် ၁၁ နာရီခန့်မှာလည်း ရွှေဘို -ကျောက်မြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်သားတွေကို ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ ခုပေါင်းပြီး ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ဦး ထပ်မံ သေဆုံးသွားတယ်လို့ သိရပါတယ်။

အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ၂ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်သား ဦး သေဆုံး ကာ ဦး ဒဏ်ရာရသွားတယ်လိုလည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုများကို နယ်စီးမခြားရွှေဘိုသား- LPDF Drone တပ်ဖွဲ့ ရွှေဘို တာနောယက္ခ Drone တပ်ဖွဲ့၊ Black Wolf -Drone တပ်ဖွဲ့ နဲ့ ခင်ဦးမြို့နယ် နဂါးညီနောင် Drone တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ နယ်စည်မခြားရွှေဘိုသား ဒရုန်းတပ်ဖွဲ့ကပြုလုပ်နေတဲ့ ဒရုန်းကမ်ပိန်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဒီအဖွဲ့ က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၆။ တောင်သာမြို့နယ်တွင်ဆည်ကုန်းရွာ ထိပ်မှ မိုးနှောင်းခင်း (တောင်ကြားလမ်း) လမ်းကို ဘက်ဟိုးဖြင့်စကစအုပ်စုများကမြောင်းတူးကာ ဖြတ်တောက်လိုက်


တောင်သာမြို့နယ်တွင်ဆည်ကုန်းရွာ ထိပ်မှ မိုးနှောင်းခင်း (တောင်ကြားလမ်း) လမ်းကို ဘက်ဟိုးဖြင့်စကစအုပ်စုများကမြောင်းတူးကာ ဖြတ်တောက်လိုက်ကြောင်းကို ဇူလိုင်လ ၂၆ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာကအသိပေးဆိုပါတယ်။


"အကြမ်းဖက်စစ်ကောင်စီရဲ့ အယုတ်ညံ့ဆုံးလုပ်ရက်များကို မိမိတို့တောင်သာမြို့နယ်အတွင် လုပ်လာပြီဖြစ်တယ်။ဇူလိုင်လ ၁၅, ၁၆, ၁၇ ရက်နေ့များတွင် ဇရပ်ကြီးကျေးရွာအတွင်း ပြည်သူ့နေ့အိမ် ၃၀ ခန့်ဖျက်ဆီးမီးရှို့ခဲ့သလို၊ယနေ့နံနက် ၇နာရီခန့်မြင်းခြံမှ ဘက်ဟိုးတစ်စီးဖြင့် စကစများလိုက်ပါထွက်လာကာ တောင်သာမှ စူပါကာစတန် တစ်စီးဖြင့် စကစများ ဆည်ကုန်းရွာအနီး ပူးပေါင်းတွေ့ဆုံကြပြီး ဆည်ကုန်းရွာ ထိပ်မှ မိုးနှောင်းခင်း (တောင်ကြားလမ်း) လမ်းကို ဘက်ဟိုးဖြင့်မြောင်းတူးကာ ဖြတ်တောက်လိုက်ပြီလို့ဖော်ပြပါတယ်။


၎င်းဘက်ဟိုးကားဖြင့်ပင် တောင်သာမြို့ထဲသို့ ဝင်ရောက်လာပြီး စကစအချို့ထွေအုပ်ရုံးအတွင်း တစ်ဝက်ခန့်ရောက်ရှိနေတယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment