20th JUL 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇူလိုင်လ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်း ၁၈ဦးကို အသက်စွန့်အာဇာနည် ဆုတံဆိပ် ချီးမြှင့်

📌 ၂။ ဒုက္ခသည်များကို တတိယနိုင်ငံသို့ နေရာချထားရေးအစီအရ ဘမ့်ဒုံယမ်းစခန်းမှ ပထမအသုတ်ထွက်ခွာ

📌 ၃။ တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များတွင် ဝမ်းရောဂါ ပိုမိုဖြစ်ပွားနေ


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စဉ့်ကူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဟာ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူနိုင်သောမြို့အဖြစ် သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပြီလို့ မန္တလေး-PDF ပြော 

🚩 ၂။ ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ် စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသား ၆ဝ ကျော်ကို ကယ်ထုတ်

🚩 ၃။ သံတွဲနဲ့ ငပလီ ပြန်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်

🚩 ၄။ သိန္နီမြို့ လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၈ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရသွားတယ်လို့ MNDAA ပြော

🚩 ၅။ ဆိပ်ဖြူမှာ လေယာဉ်ဆီတင်ကားနဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး 

🚩 ၆။ လားရှိုးက စစ်ရှောင်လာသူတွေထဲမှာ မိဘမဲ့ကျောင်းမှ ကလေးငယ်များပါဝင်လာတယ်လို့ MNDAA ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်း ၁၈ဦးကို အသက်စွန့်အာဇာနည် ဆုတံဆိပ် ချီးမြှင့်


Radio NUG


ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ချိန်မှ နွေဦးတော်လှန်ရေး နှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနဲ့ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကြတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က တပ်ဖွဲ့ဝင် ၁၈ ဦးကို အသက်စွန့်အာဇာနည်ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ SOF က ထုတ်ပြန်ထားပါတယ်။

ကျဆုံးခဲ့သော SOFအာဇာနည်သူရဲကောင်းများအား ထာဝရအမှတ်ရလေးစားလျှက် ၇၇ နှစ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့်အတူ အထူးပဲ ဦးညွှတ်အလေးပြုလိုက်ပါသည် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကရဲဘော်တွေ တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်း ၁၈ ဦး ရှိတဲ့ အနက် ဦးက ရန်ကုန်မြို့ပြစစ်ဆင်ရေးတွေမှာ ကျဆုံးခဲ့တာဖြစ်ပြီး ကျန် ၁၄ ဦးက ကျေးလက်စစ်ဆင်ရေး စခန်းသိမ်း တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန် ကလည်း ဦးညွှတ်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

အသက်စွန့်အာဇာနည်ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်ရာမှာ မိသားစုဝင်တွေရဲ့ သဘောဆန္ဒအရ ဂုဏ်ပြုဓာတ်ပုံအချို့ကို ထုတ်ပြန် မှာမဟုတ်ဘဲ သိမ်းဆည်းမှတ်တမ်းတင်ထားမယ်လို့ သိရပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဟာ လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်ဖွဲ့များအပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းပြီး ကရင်ဒေသ အထူးသဖြင့် KNU တပ်မဟာ- နယ်မြေအတွင်း စစ်ကောင်စီတပ် များကို တိုက်ခိုက်နေပြီး အောင်ပွဲများလည်းရရှိထားပါတယ်။


========================


📌📌 ၂။ ဒုက္ခသည်များကို တတိယနိုင်ငံသို့ နေရာချထားရေးအစီအရ ဘမ့်ဒုံယမ်းစခန်းမှ ပထမအသုတ်ထွက်ခွာ


Radio NUG


ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲ၌ နှစ်ပေါင်းများစွာနေထိုင်သည့် ဒုက္ခသည်များကို တတိယနိုင်ငံသို့  ပြောင်းရွှေ့ နေရာချထားရေး အစီစဉ်အရ  ပထမအသုတ်အနေဖြင့် ဘမ့်ဒုံယမ်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့ စတင်ထွက်ခွာခွင့် ရရှိသွားပြီးဖြစ်‌ကြောင်း ဇူလိုင် ၁၉ရက်နေ့မှာ ကေအိုင်စီ( KIC)သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။


ယခု ၂၀၂၄ ခုနှစ်အတွက် အဆိုပါအစီအစဉ်အရ ဘမ့်ဒုံယမ်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်၂၅ ဦး အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ကရင်ဒုက္ခသည်များကော်မတီ (KRC)အတွင်းရေးမှူး စောပွယ်စေးက ယခုလိုပြောသည်။


ဒုက္ခသည်စခန်းများ ကော်မတီတွေ တွေ့ဆုံတဲ့အစည်းအဝေးမှာ ဘန့်ဒုံယမ်း စခန်းတာဝန်ရှိသူတွေက တင်ပြ တယ်။ သူတို့စခန်းကတော့၂၅ ဦး ပါသွားတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ထွက်ခွာသွားပြီး အိမ်ထောင်စု ဘယ်နှစ်စု ပါလဲတော့ သေချာ ဆက်သွယ်မမေးရသေးဘူးဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။


အဆိုပါ အမေရိကန်အစိုးရခေါ်ယူသည့် တတိယနိုင်ငံ ပြန်လည်နေရာချထားရေးအစီစဉ်အတွက် ဒုက္ခသည်စခန်း အချို့တွင် နာမည်စာရင်းတင်သွင်းခြင်းနှင့် လူတွေ့စစ်ဆေးမှုများ လုပ်ဆောင်ပြီးသော်လည်း အချို့ဒုက္ခသည်စခန်း များတွင် ပြန်မစသေးကြောင်း သိရသည်။


ဒါကတော့ အခုတက်တဲ့အမေရိကန်အစိုးရရဲ့ ခေါ်ယူတဲ့ အစီစဉ်ဖြစ်တယ်။ ခေါ်ယူတဲ့အဖွဲ့က ဒုက္ခသည်စခန်းတိုင်းမှာ ချထားတာမဟုတ်ဘူး။ တစ်ဖွဲ့ထဲက စခန်းတစ်ခုပြီးတစ်ခု သွားလုပ်ပေးရတာဖြစ်တယ်။ ဘမ့်ဒုံယမ်းပြီး ရင် ထမ့်မဟင်၊ အုန်းဖြန် နိုဖိုး၊ မယ်လ အဆင့်ဆင့်လာမယ်။ သူတို့ကတော့ ခေါ်ဖို့အဆင့်ဆင့် ဆုံးဖြတ်ပြီးသွားပြီး ဆိုတော့ ကျန့်ကြာမှုနည်းနည်းရှိမယ်။ သေချာပြန်စိစစ်ရတာဆိုတော့ စောင့်ရမှာပေါ့နော်ဟု စောပွယ်စေးက ဖြည့်ဆွက် ပြောသည်။ 


လက်ရှိဒုက္ခသည်များကို ခေါ်ယူမည့် အစီစဉ်တွင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသာ ခေါ်ယူခြင်း ဖြစ်ပြီး အခြားနိုင်ငံများက ခေါ်ယူပေးရန် UNHCR ထံမှတစ်ဆင့် တင်ပြပြောဆိုထားသည်ဟု ကရင်ဒုက္ခသည်များ ကော်မတီထံမှ သိရသည်။ 


ထိုင်း-မြန်မာဒုက္ခသည်စခန်းအတွင်း နေထိုင်သူများကို တတိယနိုင်ငံသို့ အစုအဖွဲ့လိုက် ပြောင်းရွှေ့ နေရာချထား ရေး အစီအစဉ်ကို ၁၀ စုနှစ်တစ်စုကြာ ရပ်နားထားရာမှ အမေရိကန်အစိုးရက ပြန်ခေါ်ရန် စီစဉ်နေသည့်အတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဒုက္ခသည်စခန်း ခုအား ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ MOI နှင့် UNHCR စာရင်းထဲရှိ ထားသူများကို လူတွေ့စစ်ဆေးမှု ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်သည်။


========================


📌📌 ၃။ တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များတွင် ဝမ်းရောဂါ ပိုမိုဖြစ်ပွားနေ


Radio NUG


တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများတွင် ယခုလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ပိုမို ဖြစ်ပွားလာကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူများကပြောကြားခဲ့တယ်လို့ ဇူလိုင်လ (၁၇) ရက်တွင်ကေအိုင်စီသတင်းဌာန၌ ဖေါ်ပြထားပါတယ်။


စစ်ဘေးရှောင်အများစုနေထိုင်သည့် နေရာများတွင် သောက်သုံးရေ သန့်ရှင်းစွာ မရရှိမှုများအပြင် အစားအ သောက်များနှင့် လူနေထိုင်မှုစနစ် ပတ်ဝန်းကျင်မသန့်ရှင်းမှုများကြောင့် ယခင်နှစ်တွင် ဝမ်းရောဂါ ပိုမိုဖြစ်ပွား လာခြင်းဖြစ်ကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေး အဖွဲ့မှတာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။


စာရင်းအတိအကျ ပြုစုနိုင်ဖို့အတွက်တော့ လုပ်ဆောင်‌နေတုန်းဘဲ။ ဘာလို့လဲဆိုတော့ အမြဲတမ်းစစ်ဘေးရှောင် နဲ့ ယာယီစစ်ဘေးရှောင်တွေနဲ့က အတူတူနေထိုင်နေကြတာဖြစ်တဲ့အတွက်ကြောင့်ပေါ့။ ကာလဝမ်းရောဂါ အဆင့်ထိတော့မရောက်သေးဘူး အများစုကတော့။ ယာယီစစ်ဘေးရှောင်တွေမှာ ပိုပြီးအဖြစ်များတာတွေ့ရ တယ်။ ပိုပြီးအဖြစ်များတာကတော့ သက်ကြီးရွယ်အိုတွေထက် အသက်နှစ်ဆယ်ဝန်းကျင်နဲ့ အထက်တွေမှာ ပိုပြီး အဖြစ်များတာကိုတွေ့ရတယ်။ဟု ကေအိုင်စီ သို့ပြောသည်။


တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများအနေဖြင့် ဘေးလွှတ်ရာ တောတောင်များတွင် နေထိုင်နေရသလို စစ်ကောင်စီမှ ရိက္ခာသယ်ဆောင်ရာလမ်းကြောင်းအများစုကို တားမြစ်ထားသောကြောင့် သန့်ရှင်းသည့် သောက် သုံးရေမရရှိခြင်း၊ စခန်းအတွင်း ယင်လုံအိမ်သာလုံလောက်စွာမရှိခြင်းအပြင် ဆေးဝါးလုံလောက်စွာမရရှိခြင်း တို့ကြောင့် ယခုလို နောက်ဆက်တွဲဖြစ်လာရခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။


ခန့်မှန်းသလောက်ဆိုရင် ရာနဲ့ချီပြီးတော့ ရှိလာပြီး။ တောထဲမှာဆိုတော့ မိုးတွင်းကစိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်လာစေတော့ နေရာထိုင်ခင်းမသန့်ရှင်းတာက ပိုဆိုးတဲ့အနေအထားမှာဖြစ်တယ်။ ပုံမှန်ဝမ်း ရောဂါကို ကုဖို့ အတွက်တောင် ဆေးအလုံအလောက်မရှိတဲ့ပြဿနာ ဖြစ်နေတယ်။ဟု ၎င်းက ဖြည့်စွက်ပြောသည်။


တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ရှောင်ပြည်သူ (၆၀,၀၀၀) နီးပါးအထိရှိလာပြီး အမြဲတမ်းစစ်ရှောင်ပြည်သူ (၂၀,၀၀၀) ကျော် နှင့်ယာယီစစ် ဘေးရှောင် (၄၀,၀၀၀)အထိရှိနေကြောင်း ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi အစီရင်ခံစာ အရ သိရသည်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စဉ့်ကူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဟာ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူနိုင်သောမြို့အဖြစ် သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပြီလို့ မန္တလေး-PDF ပြော 


Radio NUG


စဉ့်ကူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဟာ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူနိုင်သောမြို့အဖြစ် သမိုင်းမှတ်တမ်း တင်နိုင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး-PDF က ဇူလိုင်လ ၂ဝ ရက်မှာ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး အနေနဲ့ စဉ်ကူးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးနဲ့ စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ကတည်းက အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စဉ့်ကူးမြို့နယ်ဟာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကင်းစင်တဲ့ မြို့နယ်တခုဖြစ်လာပြီလို့လည်း အသိပေးထားပါတယ်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတွေမှာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်ရမိခဲ့တာကို မန္တလေး-PDF က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စဉ့်ကူးစစ်ဆင်ရေးတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ဘက်ကလည်း ထိုက်သင့်သောပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့ရတဲ့ ရဲဘော်တွေကို ဦးညွှတ်အလေးပြု မှတ်တမ်းတင်အပ်ပါကြောင်းလည်း ဖော်ပြထားပါတယ်။

ထို့အတူ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့တာကြောင့် မြို့နေဧရိယာများ၊ အရပ်သား ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး စစ်ဦးစီးအဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ် စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသား ၆ဝ ကျော်ကို ကယ်ထုတ်


ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့က မြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားစုစုပေါင်း ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက် မနက်အစောပိုင်းမှာ စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသားတွေ ကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဟားခါးမြို့ ၀မ္မသူးမောင်အားကစားကွင်းအနီးမှာရှိတဲ့ မြို့မရဲစခန်းကို မနက် နာရီခွဲခန့်မှာ ချင်းတော်လှန်ရေး ပူးပေါင်း တပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရဲ ဦးသေဆုံးသွားပြီး ကျန်တဲ့ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် အချုပ်ခန်းအတွင်းက အမျိုးသား ၄၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တာလို့ CDF Hakha တပ်မဟာ ရဲ့ တာဝန်ရှိသူတဦးက အတည်ပြုထားပါတယ်။  

ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ ရဲတပ်ဖွဲ့ကို စစ်ကူပေးတာမရှိခဲ့ဘူးလို့လည်းသိရပါတယ်။ 

 လက်ရှိအချိန်မှာ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သက်ဆိုင်ရာစခန်းတွေကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။


========================


🚩🚩 ၃။ သံတွဲနဲ့ ငပလီ ပြန်ရရေး စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်


ရခိုင်တပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်က သံတွဲမြို့နဲ့ ငပလီမြို့ ပြန်လည်ရရှိရေး စစ်ကောင်စီဘက်က အင်အား ရာချီ ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ သံတွဲမြစ်ကြောင်းပေါ်မှာရှိတဲ့ မောင်ရွှေလေးရေတပ်ကနေ ဇလွန်ရွာနဲ့ ဂျိတ္တောရပ်ကွက်ကို အင်အား ၄၀၀ ထက်မနည်း ထပ်မံဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

ဇလွန်ရွာနဲ့ ဂျိတ္တောရပ်ကွက်တို့ဟာ မောင်ရွှေလေးရေတပ်အနီးမှာရှိနေပြီး စစ်ကောင်စီတပ်စခန်းငယ်တွေလည်းရှိတယ်လို့ သိရပါတယ်။ 

သံတွဲနဲ့ငပလီကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း အဲဒီတပ်စခန်းငယ်တွေမှာ လာရောက်ပူးပေါင်း တာ ရှိတယ်လို့ ဒေသတွင်းစစ်ရေးအခြေနေကိုလေ့လာနေသူတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ပတ်ကျော်ခန့်က ဇလွန်ကျေးရွာမှာ တပ်စခန်းအသစ်ထိုင်ပြီး မောင်ရွှေလေးရေတပ်ကတဆင့် အင်အား ၂၀၀ ထက်မနည်း ထပ်ဖြည့်ထားသလို ဂျိတ္တောရပ်ကွက်မှာလည်း အင်အား ၂၀၀ ကျော် ထပ်ဖြည့်ထားတယ်လို့ Western news ကလည်း ဖော်ပြထားပါတယ်။ 

မောင်ရွှေလေးရေတပ်ဟာ ကျောက်ဖြူမှာလို ရေတပ်စခန်းရှိပြီး ကျောက်ဖြူရေတပ်ဌာနချုပ်ကနေ စစ်သင်္ဘောတွေ၊ ရေငုတ်သင်္ဘောတွေနဲ့ မောင်ရွှေလေးရေတပ်ကို အင်အားဖြည့်တင်းထားတာကြောင့် မောင်ရွှေလေးရေတပ်ကို သိမ်းပိုက် နိုင်မှသာ ရခိုင့်တပ်တော်အနေနဲ့ သံတွဲမြို့နယ်ကို အပြည့်အဝထိန်းချုပ်နိုင်မှာဖြစ်လို့ ဒေသတွင်းစစ်ရေးအခြေနေကို လေ့လာနေသူတွေက သုံးသပ်ထားပါတယ်။

ရခိုင့်တပ်တော် AA ဟာ ငပလီမြိုမှာရှိတဲ့ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့ကို အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက် လက်ရှိမှာ သံတွဲမြို့နဲ့ ငပလီမြို့ကို ထိန်းချုပ်ထားနိုင်ပေမယ့် ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မောင်ရွှေလေးရေတပ်မှာ အင်အားဖြည့်ပြီး နောက်ဆုံးအချိန်ထိ ခုခံကာကွယ်နေကြတဲ့အတွက် AA အနေနဲ့ သံတွဲမြိုနယ် တခုလုံးကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

သံတွဲမြိုနယ်မှာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံထားတဲ့ ငပလီကမ်းခြေအပါအဝင် ကြယ်ငါးပွင့်အဆင့်ဟိုတယ် ရာနဲ့ချီရှိနေသလို လူဦးရေ သန်းခန့်ကို လျှပ်စစ်ဓာတ်အားပေးနိုင်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ၃၈၆ ကီလိုဝပ် ထုတ်လုပ်နိုင်မယ့် သူဌေး ရေအားလျှပ်စစ်စီမံကိန်းလည်းရှိနေတာကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သံတွဲမြို့နဲ့ ငပလီမြို့ ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ သိန္နီမြို့ လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၈ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရသွားတယ်လို့ MNDAA ပြော


အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်စစ်တပ်က သိန္နီမြို့က လူနေရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရသွားတယ်လို့ ကိုးကန့်တပ်မတော်-MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄နာရီခွဲခန့်အချိန်မှာ စစ်ကောင်စီက သိန္နီမြို့က လမ်းတွေနဲ့ အိမ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ နဲ့ ပတ်သက်လို့ အခုလို ထုတ်ပြန်လိုက်တာပါ။

ဒဏ်ရာရသူတွေထဲက ဦးဟာ ဒဏ်ရာပြင်းထန်ပြီး ဦးကတော့ ထိခိုက်မှုအနည်းငယ်သာရှိခဲ့ပေမယ့် လေကြောင်း တိုက်ခိုက်မှုအပြီးမှာပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပြီး ဒဏ်ရာရသူတွေကို မဟာမိတ်တပ်တွေရဲ့ နောက်တန်း ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက် မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ ဇူလိုင်လ ၁၉ ရက်နေ့ ညသန်းခေါင်အချိန်က လားရှိုးမြို့အပြင်ဘက် ၁၃ မိုင်နေရာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး ပွဲချင်းပြီးသေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့လည်း အသိ ပေးထားပါတယ်။

ထို့ပြင် ဇူလိုင် ၁၉ ရက် မနက်၄ နာရီခန့်အချိန်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ်တွေဟာ သိန္နီခရိုင်အတွင်းမှာရှိတဲ့ ကြယ်ဝှ ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုအချို့ ရှိခဲ့ပေမယ့် အရပ်သားထိခိုက်သေဆုံးမှုတော့မရှိဘူးလို့ သိရပါတယ်။

လားရှိုးမြို့ကို MNDAA နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီဘက်ကလည်း MNDAA ထိန်းချုပ်ထားတဲ့ သိန္နီနဲ့လောက်ကိုင်မြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၅။ ဆိပ်ဖြူမှာ လေယာဉ်ဆီတင်ကားနဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံး 


မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော- ဆိတ်ဖြူလမ်းပိုင်းက လေကြောင်းရန်ကာကွယ်ရေးတပ်အနီးမှာ စစ်တပ် လေယာဉ်ဆီ တင်ကားကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ် တပ်ရင်း တပ်ခွဲ   တာဝန်ရှိသူတဦး က ပြောပါတယ်။

ဆိပ်ဖြူမြို့ကနေ ကပစ ၂၁ ကိုသွားမယ့် စစ်သား ဦးပါ လေယာဉ်ဆီတင်ကားကို ဆော-ဆိပ်ဖြူလမ်းပိုင်းက လေကြောင်းရန်ကာကွယ်ရေးတပ်အနီးမှာ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လေယာဉ်ဆီတင်ကား မီးလောင်ပျက်စီးသွားသလို စစ်သား ဦးသေပြီး ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်သားတွေကိုင်တဲ့လက်နက်တွေကောက်ယူဖို့ကြိုးစားပေမယ့် စစ်တပ်ဘက်က စစ်ကူတွေရောက်လာတာကြောင့် တော်လှန်ရေးရဲဘော်တွေ အန္တရယ်ကင်းအောင် ပြန်ဆုတ်ခဲ့ရတယ်လို့လည်း ရှင်းပြပါတယ်။ 

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ တိုက်ခိုက်ခံလိုက်ရတာကို မကျေနပ်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ဟာ ဇူလိုင်လ ၁၆ ရက်နေ့ မနက် နာရီခန့်အချိန်မှာ အခင်းဖြစ်နေရာအနီးမှာရှိတဲ့ ကျစ်ပြင်ကျေးရွာကိုရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ် လုံးကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ်နဲ့ ငွေသား ကျပ်သိန်း ၁၀၀ ကျော် ယူဆောင်သွားတယ်လို့လည်း အသိပေးထားပါတယ်။

အခုလို ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခိုးယူလာတဲ့ အကြမ်းဖက်စစ်သားတွေကို ရွာပြင်ကစောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုတွေ နာရီဝက်ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို NUG ကာကွယ်ရေး၀န်ကြီးဌာန (CAF)SPU-PDFပခုက္ကူခရိုင် အမှတ် တပ်ရင်း တပ်ခွဲ တပ်ခွဲ တို့ က တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ခွဲ မှ တပ်စုမှူးတဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမရဘူး လို့ ပခုက္ကူခရိုင် အမှတ် တပ်ရင်း တပ်ခွဲ က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ လားရှိုးက စစ်ရှောင်လာသူတွေထဲမှာ မိဘမဲ့ကျောင်းမှ ကလေးငယ်များပါဝင်လာတယ်လို့ MNDAA ပြော


လားရှိုးမြို့ကနေ စစ်ဘေးရှောင်လာသူတွေထဲမှာ လားရှိုး မိဘမဲ့ကျောင်းမှ ကလေးငယ်များပါဝင်လာတယ်လို့ MNDAA က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်ခဲ့တဲ့ စစ်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် လားရှိုးမြို့ကဒေသခံ ပြည်သူတွေ စစ်ဘေးရှောင်ဖို့ လားရှိုးမြို့က ထွက်ခွာလာတဲ့ ယာဉ်တန်းတွေထဲမှာ မိဘမဲ့ကျောင်းမှ ကလေးငယ်တွေပါဝင်လာ တာလို့ သိရပါတယ်။ 

အခုလို စစ်ရှောင်လာတဲ့သူတွေပါတဲ့ ကယ်ဆယ်ရေးယာဉ်တန်းဟာ လားရှိုးကနေ တန်းယန်းဘက်သွားတဲ့ လမ်းဆုံထိသာ ကားတွေသွားလို့ရတာရယ် မိဘမဲ့ကျောင်းရဲ့ သယ်ယူပို့ဆောင်ရေးအားနည်းချက်ကြောင့် ကလေးငယ်တွေဟာ ၁ဝ ကီလို မီတာကျော် လမ်းလျောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို ခက်ခက်ခဲခဲလာတဲ့ ကလေးငယ်တွေကို MNDAA ရဲ့ နိုင်ငံရေးဌာန ရှေ့လုပ်ငန်းစဉ်အဖွဲ့ကတွေ့ရှိခဲ့တာကြောင့် နိုင်ငံရေးဌာန စီးရုံးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးဆောင်တဲ့အဖွဲ့က ကလေးငယ်တွေ သွားလိုတဲ့နေရာ တွေကို ကူးညီပို့ဆောင်ပေးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် မိဘမဲ့ကလေးတွေရဲ့ ဘဝလုံခြုံရေးဆိုင်ရာပြသနာတွေကို မေးမြန်းပြီး အတက်နိုင်ဆုံး ဖြေရှင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ 

 MNDAA နိုင်ငံရေးဌာန စီးရုံးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးဆောင်တဲ့အဖွဲ့ဟာ သိန္နီ၊မိုင်းယော်နဲ့တန်လွင် ဒေသမှာ အထူးဒေသ- အုပ်ချုပ်ရေးကော်မတီက ထူထောင်ထားတဲ့ စစ်ဘေးရှောင်များနေထိုင်ရာနေရာတွေကို သွားရောက်ပြီး စစ်ဘေးရှောင်တွေနဲ့တွေဆုံကာ အားပေးစကားပြောကြားခဲ့တဲ့အပြင် ပြန်လည်နေရာချထားရေးနေရာတွေကို သွားရောက် လိုသူတွေကိုလည်း အသက်မွေဝမ်းကြောင်းဆိုင်ရာတွေ ပံပိုးကူညီပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment