၂၀၂၄ ဇူလိုင်လ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM-NUG) နှင့် မန္တလေးဒေသတော်လှန်ရေးအင်အားစုများ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နှင့်ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်တို့တက်ရောက်
📌 ၂။ "သမိုင်းမှာ အမြဲတာဝန်ကျေကြတဲ့ လူငယ်မျိုးဆက်များကို ဦးညွတ်အလေးပြုတယ်"လို့ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား
📌 ၃။ "နွေဦးတော်လှန်ရေးမှ နွေဦးစည်းလုံးညီညွတ်မှုဆီသို့" ခေါင်းစဥ်ဖြင့် မြန်မာ့ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ အလုပ်သမားရေး တာဝန်ခံတက်ရောက်
📌 ၄။ နိုင်ငံရေးသိပ္ပံ နဲ့ မနုဿဗေဒပညာရှင် ပါမောက္ခ ဂျိမ်းစကော့ကွယ်လွန်ခြင်းအတွက် “လွမ်းသူ့ပန်းခွေပို့ပေးမယ့်အစား ဗမာပြည်တော်လှန်ရေးကိုသာ ငွေကြေးတချို့လှူဒါန်းဖို့သားဖြစ်သူတိုက်တွန်း
📌 ၅။ မြောင်မြို့နယ် တွင်းရှိသံဃာတော်များဦးဆောင်၍အကြမ်းဖက် စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်
📌 ၆။ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ပြည်ထဲရေး ဦးဆောင်မှုဖြင့် ဖလမ်း-ရိဒ် ကားလမ်းပေါ်ရှိ လမ်းပိုင်းအချို့ကို ပြုပြင်ပေး
📌 ၇။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် (၁၃၆)ရွာမြောက်သော ကျေးရွာ ပအဖ များနှင့် (၁၃၇)ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းဆောင်ရွက်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် နှစ်ဖက်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား
🚩 ၂။ မုံရွာ-ပုသိမ်လမ်းမပေါ်တွင် ပတ်ကင်းထွက်လာသောစကစတပ်ဖွဲ့အား တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်၍စကစငါးဦးသေဆုံးပြီးလက်နက်သုံးလက်သိမ်းဆည်းရမိ
🚩 ၃။ မီတ္ထီလာ မြို့မှ့ မန္တလေးဘက်သို့ စစ်ကူလာသော စစ်အင်အား (၅၀) ခန့်ပါ စစ်ကား နှစ်စီးအား မိုင်းဆွဲ တိုက်ခိုက်
🚩 ၄။ ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များမှ (Operation CB) မတူပီမြို့သိမ်းတိုက်တွင် စစ်ကောင်စီ နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထားပြီး ကလေးငယ် ၃၀ ဦးကိုလည်း ချင်းညီနောင် ဖက်မှ ကျွေးမွေး ပြုစုထား
🚩 ၅။ စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူမြို့နယ် တောချောင်းဦး စကစ အကြမ်းဖက် ရဲစခန်းအားဗုံးသီး၁၄လုံးကြဲချတိုက်ခိုက်
🚩 ၆။ အထူးစစ်ဆင်ရေးတပ်ဖွဲ့SOF (၃) နှစ်တာကာလအတွင်း ရန်သူသေဆုံး (၂၄၉) ဦးရှိခဲ့ပြီး စစ်သုံ့ပန်း (၁၅၀) ကျော်ဖမ်းဆီးထိမ်းသိမ်းရမိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM-NUG) နှင့် မန္တလေးဒေသတော်လှန်ရေးအင်အားစုများ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နှင့်ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်တို့တက်ရောက်
ဇူလိုင်၂၂ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အကြားလူသားချင်းစာနာထောက်ထားရေး အကူအညီ ထိရောက်စွာ ပေးနိုင်ရေးဆိုင်ရာ တွေ့ဆုံမှုအစည်းအဝေးကိုဇူလိုင်လ ၂၁ ရက် က Zoom Platform မှတစ်ဆင့် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးသို့ MoHADM မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းအပါအဝင် တာဝန်ခံဆရာ၊ ဆရာများ၊ မန်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) အပါအဝင် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မန်းတိုင်းတွင်း ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများ အစရှိသဖြင့် ကဏ္ဍပေါင်းစုံမှ တော်လှန်ရေး ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက် ဦးရေ (၃၂) ဦး ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးမှုအတွင်းမန္တလေးဒေသတွင်း စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများ နှင့် လိုအပ်ချက်များ၊ဒေသတွင်း လူသားစာနာအကူအညီထောက်ပံ့မှု ရရှိနေမှုအခြေအနေများ နှင့် လိုအပ်ချက်များ၊မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် ဖြေရှင်းသင့်သည့် နည်းလမ်းများ၊ ဝန်ကြီးဌာနနှင့် မြေပြင်သပိတ်အင်အားစုများ၊ ရဲဘော်များကြား ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ကြမယ့် လုပ်ငန်းစဉ်များ စသည့် ကိစ္စရပ်တွေကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ "သမိုင်းမှာ အမြဲတာဝန်ကျေကြတဲ့ လူငယ်မျိုးဆက်များကို ဦးညွတ်အလေးပြုတယ်"လို့ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား
ဇူလိုင်၂၂ရက်
"သမိုင်းမှာ အမြဲတာဝန်ကျေကြတဲ့ လူငယ်မျိုးဆက်များ ကိုဦးညွတ်အလေးပြုတယ်"လို့ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးက ဇူလိူင်လအတွင်းမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားလိုက်ပါတယ်။
"ရှေတန်းတနေရာက တပ်အုပ်ချုပ်ရေး အရာရှိရဲ့ စားပွဲလေးပါ ။သမိုင်းမှာ အမြဲတာဝန်ကျေကြတဲ့ လူငယ်မျိုးဆက်များ အားဦးညွတ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ ရှေ့တန်းစစ်မြေပြင်သို့ကူညီပံပိုးမှုများလည်းလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၃။ "နွေဦးတော်လှန်ရေးမှ နွေဦးစည်းလုံးညီညွတ်မှုဆီသို့" ခေါင်းစဥ်ဖြင့် မြန်မာ့ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ အလုပ်သမားရေး တာဝန်ခံတက်ရောက်
ဇူလိုင်၂၂ရက်
ကိုရီးယားနိုင်ငံ ဖာဂျူမြို့တွင် "နွေဦးတော်လှန်ရေးမှ နွေဦးစည်းလုံးညီညွတ်မှုဆီသို့" ခေါင်းစဥ်ဖြင့် မြန်မာ့ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ အလုပ်သမားရေး တာဝန်ခံတက်ရောက်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကိုရီးယားနိုင်ငံ ဖာဂျူမြို့ အူဂျောင်းရပ်ကွက်ရှိ စာကြည့်တိုက်တွင် Paju Myanmar Peace "နွေဦးတော်လှန်ရေးမှ နွေဦးစည်းလုံးညီညွတ်မှုဆီသို့" ခေါင်းစဥ်ဖြင့် မြန်မာ့ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများ ရှင်းလင်းဟောပြောပွဲကို ကျင်းပခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားသို့အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ အလုပ်သမားရေး တာဝန်ခံ ဒေါ်မေမိုးသူ တက်ရောက်၍ ကဗျာရွတ်ဆို ဟောပြောခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသူ ကိုရီးယားနိုင်ငံသားများ၏ သိလိုသည့် မေးခွန်းများကို ဖြေကြားပေးခဲ့တယ်လို့သတင်းရရှိပါတယ်။
ဖာဂျူမြို့ အခြေစိုက် နိုင်ငံခြားသားကူညီရေးစင်တာသည် မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံလျက် ထိုင်းမြန်မာနယ်စပ်တွင် စစ်ဘေးရှောင် လူငယ်များအတွက် အခမဲ့ ကိုရီးယားဘာသာစကား သင်တန်းကို စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။
========================
📌📌 ၄။ နိုင်ငံရေးသိပ္ပံ နဲ့ မနုဿဗေဒပညာရှင် ပါမောက္ခ ဂျိမ်းစကော့ကွယ်လွန်ခြင်းအတွက် “လွမ်းသူ့ပန်းခွေပို့ပေးမယ့်အစား ဗမာပြည်တော်လှန်ရေးကိုသာ ငွေကြေးတချို့လှူဒါန်းဖို့သားဖြစ်သူတိုက်တွန်း
ဇူလိုင်၂၂ရက်
နိုင်ငံရေးသိပ္ပံ နဲ့ မနုဿဗေဒပညာရှင် ပါမောက္ခ ဂျိမ်းစကော့ကွယ်လွန်ခြင်းအတွက် “လွမ်းသူ့ပန်းခွေပို့ပေးမယ့်အစား ဗမာပြည်တော်လှန်ရေးကိုသာ ငွေကြေးတချို့လှူဒါန်းဖို့သားဖြစ်သူAaron Scott ကတိုက်တွန်းလိုက်ပါတယ်။
ဇူလိုင်လအတွင်းဖခင်ဖြစ်သူကွယ်လွန်မှုအတွက်ဆိုရှယ်မီဒီယာမှာ သားဖြစ်သူAaron Scott ကဆိုထားပါတယ်။
“လွမ်းသူ့ပန်းခွေတွေ ပေးပို့ချင်လာတဲ့အခါကျေးဇူးပြုပြီး ဗမာပြည်တော်လှန်ရေးကိုသာ ငွေကြေးတချို့လှူဒါန်းလိုက်ပါ”လို့ရေးသားထားပါတယ်။
နိုင်ငံရေးသိပ္ပံ နဲ့ မနုဿဗေဒပညာရှင် ပါမောက္ခ ဂျိမ်းစကော့ (James Scott) ဟာ ဇူလိုင်လ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့ပြီးကွယ်လွန်ချိန်မှာအသက်၈၇နှစ်ရှိပြီဖြစ်ပါတယ်။
၄င်းဟာ မြန်မာပြည်ကို မကြာခဏလာရောက်ခဲ့သူဖြစ်ပြီး Weapons of the Weak (အဖိနှိပ်ခံတွေရဲ့ ကိုယ်ပိုင်လက်နက်များ)၊ The Art of Not Being Governed (စိုးမိုးအုပ်ချုပ်ခံဘဝက အနုပညာမြောက်ရုန်းထွက်ခြင်း)၊ Domination and the Arts of Resistance (ကြီးစိုးခြယ်လှယ်မှုနဲ့ တန်ပြန်တော်လှန်ခြင်းအနုပညာ)၊ Moral Economy of the Peasant (တောင်သူလယ်သမားတွေရဲ့ သမစိတ္တစီးပွားရေး) စတဲ့ စာအုပ်တွေကိုလည်းရေးသားခဲ့သူဖြစ်ပါတယ်။
========================
📌📌 ၅။ မြောင်မြို့နယ် တွင်းရှိသံဃာတော်များဦးဆောင်၍အကြမ်းဖက် စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်
ဇူလိုင်၂၂
မြောင်မြို့နယ် တွင်းရှိသံဃာတော်များဦးဆောင်၍အကြမ်းဖက် စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်ခဲ့ကြကြောင်းကို ဇူလိုင်၂၁ရက်မှာမြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ငအသိပေးဆိုပါတယ်။
ဇူလိုင်၂၁ရက်တွင် မြောင်မြို့နယ် တွင်းရှိသံဃာတော်များဦးဆောင်၍အကြမ်းဖက် စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန. ဒဏ္ဍကံသပိတ် မှောက်ပွဲအား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဝန်းရံကူညီ ပါဝင်ခဲ့တယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက်စကစအား ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ခြင်းအား စစ်ကိုင်းတိုင်းရှိမြို့နယ်များမှ သံဃာတော်များကစတင်ခဲ့ပြီးလက်ရှိအချိန်အထိသံဃာတော်များပူးပေါင်းပါဝင်လျက်ရှိပါတယ်။
========================
📌📌 ၆။ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ပြည်ထဲရေး ဦးဆောင်မှုဖြင့် ဖလမ်း-ရိဒ် ကားလမ်းပေါ်ရှိ လမ်းပိုင်းအချို့ကို ပြုပြင်ပေး
ဇူလိုင်၂၂ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဖလမ်း-ရိဒ် ကားလမ်းပျက်စီးခြင်းကြောင့် မိုးရာသီတွင် သွားလာမှုအခက်အခဲနှင့် ရင်ဆိုင်နေရသည့်အတွက် CNO ပြည်ထဲရေး ဦးဆောင်မှုဖြင့် ဖလမ်း-ရိဒ်ကားလမ်းပေါ်ရှိ လမ်းပိုင်းအချို့ကို ပြုပြင်ဆောင်ရွက်လျက်ရှိတယ်လို့ ဇူလိုင်လအတွင်းဖော်ပြပါတယ်။
ထိုသို့ လမ်းပြုပြင်မှုဆောင်ရွက်ရာတွင် ဒေသခံပြည်သူများမှ မိမိတို့ နေထိုင်ရာအနီးနားလမ်းပိုင်းကို လုပ်အားဖြင့်ကူညီပေးနေတယ်လို့သိရပါတယ်။
ပြုပြင်ရန် ကျန်ရှိနေသည့် လမ်းပိုင်းအချို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၇။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် (၁၃၆)ရွာမြောက်သော ကျေးရွာ ပအဖ များနှင့် (၁၃၇)ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းဆောင်ရွက်
ဇူလိုင်၂၂ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှအမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာ လဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်း စိမ်ကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားရန်အတွက်၊ကျေးရွာများတွင် ပြည်သူ့အုပ်ချုပ်ရေး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်လျက်ရှိရာ၊ ခင်ဦးမြို့နယ်၌ (၁၃၆)ရွာမြောက်သော ရပ်ကျေး ပအဖများနှင့်၊ (၁၃၇) ရွာမြောက်သော ရပ်ကျေး ပကဖများ ဖွဲ့စည်းနိုင်ခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားသို့ မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ တာဝန်ခံ၊ ပကဖ ဒုတာဝန်ခံ၊ တရားရေးဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦး၊ လူသားစာနာ တာဝန်ခံ၊ အခွန်တော် အရာရှိ၊ ဘဏ္ဍာရေးတွဲဘက် တာဝန်ခံ၊ သတင်းပြန် ကြားရေး တာဝန်ခံ၊ သယံဇာတ တာဝန်ခံ၊ စိုက် ပျိုးရေး တာဝန်ခံ၊ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ် တာဝန်ခံ၊ မြို့နယ် ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်/ ရဲမေများ စသည်တို့ အသီးသီး တက်ရောက်ခဲ့ကြပါတယ်။
ထိုဖွဲ့စည်းမှု အခမ်းအနားကို ဇူလိုင်၂၁ရက်နေ့ နေ့လည် (၁၁း၃၀)နာရီအချိန်တွင် စတင်၍၊ တက်ရောက်လာသူ ပြည်သူလူထု၏ အများဆန္ဒနှင့်အညီ အဆိုပြု၊ ထောက်ခံ၊ အတည်ပြုခါ၊ ရပ်ကျေး ပအဖ (၇)ဦးကို အသီးသီး ရွေးချယ်ခဲ့ကြတယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် နှစ်ဖက်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား
ဇူလိုင်၂၂ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင် နှစ်ဖက်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ ဇူလိုင်၂၂ရက်မှာ ဒေသခံသတင်းအရင်းအမြစ်များကဆိုထားပါတယ်။
ယနေ့ရေကန်တောင် ဆုတောင်းပြည့်အောက်ဘက် ၅၂၂ နဲ့ ၄၁ တစ်ကြော ပစ်နေကြပါတယ်။ ကြမ်းပါတယ်။တခြားနေရာတွေ ငြိမ်နေပါတယ်"လို့ဒေသခံတဦးကဆိုထားပါတယ်။
ဇူလိုင်၂၂ရက်ပစ်ခတ်မှုကြောင့်လားရှိုးမြို့အတွင်းစစ်ရှောင်သူများလည်းရှိခဲ့ပါတယ်။
ဇူလိုင်၂၁ရက်နေ့ကလည်းလားရှိုးမြို့ရပ်ကွက်(၅) ၅၀၇ ကုန်း၊ရပ်ကွက်(၄) ရေကန်တောင်နဲ့ သစ်တောရုံးအပေါ်ဘက်၊ ရပ်ကွက်(၁) နားမခေါ်၊ ရွှေတောင်ကြား၊ ချယ်ရီမြိုင်၊ နယ်မြေ(၈)ဘက် တွေမှာ ပစ်ခတ်မှုတို့ရှိခဲ့ပါတယ်။
========================
🚩🚩 ၂။ မုံရွာ-ပုသိမ်လမ်းမပေါ်တွင် ပတ်ကင်းထွက်လာသောစကစတပ်ဖွဲ့အား တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်၍စကစငါးဦးသေဆုံးပြီးလက်နက်သုံးလက်သိမ်းဆည်းရမိ
ဇူလိုင်၂၂ရက်
မုံရွာ-ပုသိမ်လမ်းမပေါ်ပတ်ကင်းထွက်လာသောစကစတပ်ဖွဲ့အား တော်လှန်ရေးအင်အားစုများကြားဖြတ်တိုက်ခိုက်၍စကစငါးဦးသေဆုံးပြီးလက်နက်သုံးလက်သိမ်းဆည်းရမိခဲ့တယ်လို့
ဇူလိုင်၂၂ရက်မှာ စစ်ရေးသတင်းကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်ကအတည်ပြုဆိုပါတယ်။
"သူတို့ပတ်ကင်းထွက်လာတာ၆ဦးပါတယ်။၆ဦးမှာ၅ဦးသေပြီး၁ဦးပြင်းထန်ဒဏ်ရာရပါတယ်။ကျနော်တို့ဘက်ကCDRFကရဲဘော်တဦးကအပြန်အလှန်ပစ်ရင်းကျသွားတယ်"လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်ကရဲဘော်တဦးကradio NUGကိုဖြေကြားပါတယ်။
ဇူလိုင်၂၂ရက်မနက် ၆နာရီ၃၀အချိန်မုံရွာ ပုသိမ်လမ်းမပေါ်အင်အား၁၅၀ဖြင့်တပ်ဖွဲ့ထားသောစကစစစ်ကြောင်းထဲကနေ ပတ်ကင်းလှည့်ထွက်လာရာအုံတုံပင်ကျေးရွာနှင့်ကျေးစာကျကျေးရွာကြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ရန်သူ့လက်နက်ချေမှုန်းရေးရိုင်ဖယ်သုံးလက်ကိုသိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆင်ရေးတွင် ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်၃၀ADPRA တပ်ခွဲ၂ BLACK Shadow PDF၊မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ချင်းတွင်းဂဋ္ဌုန်ရာဇာတပ်ဖွဲ့၊CDRFနှင့် Black eagleတို့ပူးပေါင်းပါဝင်ခဲ့ပါတယ်။
========================
🚩🚩 ၃။ မီတ္ထီလာ မြို့မှ့ မန္တလေးဘက်သို့ စစ်ကူလာသော စစ်အင်အား (၅၀) ခန့်ပါ စစ်ကား နှစ်စီးအား မိုင်းဆွဲ တိုက်ခိုက်
ဇူလိုင်၂၂ရက်
မီတ္ထီလာ မြို့မှ့ မန္တလေးဘက်သို့ စစ်ကူလာသော စစ်အင်အား (၅၀) ခန့်ပါ စစ်ကားနှစ်စီးအား မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင် ၂၂ရက်မှာ စစ်ရေးသတင်းကိုနွားထိုးကြီးNPDF မြင်းခြံခရိုင်တပ်ရင်း (၄)က အတည်ပြုဖော်ပြပါတယ်။
ဇူလိုင်၂၁ရက်မွန်းလွဲပိုင်းရန်ကုန်-မန်းလေး အမြန်လမ်းမကြီးပေါ် မီတ္ထီလာ မြို့မှ့ မန္တလေးဘက်သို့ စစ်ကူလာသော စစ်အင့်အား (၅၀) ခန့်ပါ စစ်ကား နှစ်စီးအား မိုင်းဆွဲ တိုက်ခိုက် ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စကစငါးဦးနေရာတင်သေဆုံးကာအများအပြား ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
========================
🚩🚩 ၄။ ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များမှ (Operation CB) မတူပီမြို့သိမ်းတိုက်တွင် စစ်ကောင်စီ နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထားပြီး ကလေးငယ် ၃၀ ဦးကိုလည်း ချင်းညီနောင် ဖက်မှ ကျွေးမွေး ပြုစုထား
ဇူလိုင်၂၂ရက်
ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များမှ (Operation CB) မတူပီမြို့သိမ်းတိုက်တွင် စစ်ကောင်စီ နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ကယ်ဆယ်ထိန်းသိမ်းထားသည့်အပြင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ဦးကိုလည်း ချင်းညီနောင် ဖက်မှ ကျွေးမွေး ပြုစုထားလျက်ရှိတယ်လို့ ဇူလိုင်လအတွင်းCDFမတူပီတပ်မဟာ၁ကတရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။
ထို့အပြင် တောထဲသို့ ထွက်ပြေးစဉ် လမ်းခရီးတွင် ခရီးလမ်း ကြမ်းတမ်းမှု၊ မိုးဒဏ် လေဒဏ်၊ အစာငတ်ဒဏ် ခံစားခဲ့ကြရပြီး မိသားစုဝင်အားလုံး ဆုံးရှုံးခဲ့ရသော ကလေးငယ်များပါ ပါဝင်ကာအများစုသည် ခြေလက် သဲဝဲစား မှုကို ချင်းညီနောင် နှင့် မဟာမိတ် တပ်ဆေးရဲဘော်/ရဲမေ များက ဆေးဝါးကုသမှု ပေးအပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၅။ စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူမြို့နယ် တောချောင်းဦး စကစ အကြမ်းဖက် ရဲစခန်းအားဗုံးသီး၁၄လုံးကြဲချတိုက်ခိုက်
ဇူလိုင်၂၂ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူမြို့နယ် တောချောင်းဦး စကစ အကြမ်းဖက် ရဲစခန်းအား ဇူလိုင်၂၀ရက် ညနေ အချိန် ဗုံးသီး 2kg(၁၄)လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၈) တပ်ရင်းနှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အတည်ပြုဖေါ်ပြပါတယ်။
၎င်းစစ်ဆင်ရေးကို - မုံရွာခရိုင်အမှတ်(၈)တပ်ရင်း နှင့်-Black Eagle Defence Force-MMU-TGYR-Youth Gueerrilla Counter Revolution-(ငါန်းဇွန်) -မြင်းမူမြို့နယ် ပ.က.ဖ ရေနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။
========================
🚩🚩 ၆။ အထူးစစ်ဆင်ရေးတပ်ဖွဲ့SOF (၃) နှစ်တာကာလအတွင်း ရန်သူသေဆုံး (၂၄၉) ဦးရှိခဲ့ပြီး စစ်သုံ့ပန်း (၁၅၀) ကျော်ဖမ်းဆီးထိမ်းသိမ်းရမိခဲ့
ဇူလိုင်၂၂ရက်
ဇူလိုင်၂၁ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော P29999 / အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFကအခုလို ဖော်ပြထားပါတယ်။
၂၀၂၁ခု နှစ်ဇူလိုင်၂၁ ရက်နေ့တွင် SOF တပ်ဖွဲ့စတင်တည်ထောင်ခဲ့ပြီး၂၀၂၁စက်တင်ဘာ၂၁ရက် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင် ၊ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးများကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင် မြို့တွင်းစစ်ဆင်ရေး (၆၂) ကြိမ်ဆောင်ရွက်ခဲ့ပြီး ရန်သူစစ်ကောင်စီတပ်သား (၁၀၁) ဦးအထိ ချေမှုန်းနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
ထို့အပြင်ကျေးလက်စစ်ဆင်ရေးအနေဖြင့် KNLA၊ ဒရုန်းတပ်များ နှင့်ပူးပေါင်း၍ တိုက်ပွဲပေါင်း (၇၄) ကြိမ်ဆင်နွှဲခဲ့ပြီး ရန်သူ့တပ်ရင်းအထိုင်စခန်း (၉) ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
(၃) နှစ်တာတိုက်ပွဲများအတွင်း ရန်သူသေဆုံး (၂၄၉) ဦး၊ စစ်သုံ့ပန်း (၁၅၀) ကျော်ဖမ်းဆီးထိမ်းသိမ်းရမိခဲ့ပြီး လက်နက်မျိုးစုံ (၃၀၀) ကျော်သိမ်းဆည်းနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် ကျေးလက်စစ်ဆင်ရေးတိုက်ပွဲများအား KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ပူးပေါင်း၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သါရီစစ်ဒေသများတွင် တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရန်ကုန်ကိုဦးတည်လျှက် မြို့သိမ်းတိုက်ပွဲများ အောင်မြင်တဲ့အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment