23rd JUL 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ရဲ့စိတ်ဓာတ်နဲ့ရှင်သန်ခြင်းကို စစ်အုပ်စုကသတ်လို့မရဘူးလို့ဆို

📌 ၂။ ရက်စက်တတ်ပြီး လူမဆန်တဲ့ စစ်အာဏာရှင်ကိုမြန်မာ့မြေပေါ်မှာ ဘယ်တော့မှ မရှိစေဖို့  ကြိုးစားကြရန်ချက်နိူင်ငံNUGကိုယ်စားလှယ်တိုက်တွန်းပြောကြား

📌 ၃။ အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရအထိမ်းအမှတ်နေရာတွင် ကျောက်တုံးပေါင်း ,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်

📌 ၄။ ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်()ကိုမျိုးနှင့်ကိုအောင်သူရဇော်()ကိုဂတုံး တို့()ဦးအား အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သည့်နှစ်ပတ်လည်နေ့ ရန်ကုန်မြိုတနေရာမှာ ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး စာတန်းကို ချိတ်ဆွဲ

📌 ၅။ မင်းအောင်လှိုင်က လိုအပ်မယ်ဆိုရင် လူသေကိုလည်း ဖော်မလင်ထိုးပြီး အသုံးချမှာဖြစ်တယ်လို့ဆို

📌 ၆။ မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်မှုများတွင်မလေးရှားနိုင်ငံ၏ ဒု၀န်ကြီးဟောင်းနှင့်မလေးနိုင်ငံသားများ ပါဝင်ပတ်သက်နေမှုအား မလေးရှားနိုင်ငံ စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း JusticeForMyanmarထုတ်ဖော်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်

🚩 ၂။ ရှမ်းမြောက်တိုက်ပွဲ တစ်လနီးပါးအတွင်း အရပ်သား ၁၀၀ကျော် သေဆုံး၊ ၁၃၀ကျော်ဒဏ်ရာရ

🚩 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၁၄) ဦး ရှိခဲ့ပြီဖြစ်ပြီးအမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ရဲ့စိတ်ဓာတ်နဲ့ရှင်သန်ခြင်းကို စစ်အုပ်စုကသတ်လို့မရဘူးလို့ဆို


ဇူလိုင်၂၃ရက်


ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ရဲ့စိတ်ဓာတ်နဲ့ရှင်သန်ခြင်းကို စစ်အုပ်စုကသတ်လို့မရဘူးလို့ နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဇူလိုင်၂၃ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် ရေးသားထားပါတယ်။


"ရုပ်/ခန္ဓာ ကိုသာ သတ်လို့ရမယ်။အကိုတို့ရဲ့ ရှင်သန်ခြင်း ကို သတ်လို့မရဘူး။စိတ်ဓါတ်ကိုသတ်လို့မရဘူး။ အကိုတို့ မြင်ချင်တွေ့ချင်တဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းရဲ့ အိပ်မက် တွေကိုသတ်လို့မရဘူး။ ရှင်ကျန်နေသူတွေရဲ့ တာ ဝန်က -အဲ့ဒီအိပ်မက်တွေ အပြိုင်းအရိုင်း အသက်ဝင် လာဖို့ (ဉာဏ်ပညာ ရယ် ချစ်ခြင်းတရား ရယ် မဆုတ်မနစ်သော လုံ့လ ရယ်နဲ့) ကြိုးစားအားထုတ်ကြဖို့ပါ။ ဒီတာဝန်ကို ကျေပါပြီ လို့ ပြောနိုင်တဲ့တနေ့တော့ အမြန်ရောက် ချင်ပါပြီ"လို့ဝန်ကြီးကဆိုထားပါတယ်။


ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို၂၀၂၂ခုနှစ်ဇူလိုင်လအတွင်းအကျဥ်းထောင်ထဲမှာစစ်အုပ်စုကတိတ်တဆိတ်သတ်ဖြတ်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ရက်စက်တတ်ပြီး လူမဆန်တဲ့ စစ်အာဏာရှင်ကိုမြန်မာ့မြေပေါ်မှာ ဘယ်တော့မှ မရှိစေဖို့  ကြိုးစားကြရန်ချက်နိူင်ငံNUGကိုယ်စားလှယ်တိုက်တွန်းပြောကြား


ဇူလိုင်၂၃ရက်


ရက်စက်တတ်ပြီး လူမဆန်တဲ့ စစ်အာဏာရှင်ကိုမြန်မာ့မြေပေါ်မှာ ဘယ်တော့မှ မရှိစေဖို့  ကြိုးစားကြရန်ချက်နိူင်ငံNUGကိုယ်စားလှယ်ဦးလင်းသန့်က ဇူလိုင်လ၂၃ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့ပါတယ်။ 


" နှစ် ပြည့်ခဲ့လေပြီ။ ဘယ်လိုမှ မယုံနိုင်လောက်အောင် ဖြစ်နေဆဲ၊ စိတ်ထဲမှာ သူငယ်ချင်းတို့ ရှင်သန်နေဆဲ၊ ပြောစရာ စကားလုံးတွေ ရှာနေပေမယ့် ရှားနေဆဲပါ။ မမေ့နိုင်တဲ့ လွန်ခဲ့တဲ့ နှစ်က ဒီနေ့လို့ ပြောလာတဲ့ နေ့။ ပေးဆပ်ခဲ့ရတာ အပိုမပါတဲ့ အသက်တွေလေ။ ဒီလို ရက်စက်တတ်ပြီး လူမဆန်တဲ့ စစ်အာဏာရှင်ဟာ မြန်မာ့မြေပေါ်မှာ ဘယ်တော့မှ မရှိစေဖို့ မတရားမှုတိုင်းကို မလိုလား မကြိုက်ကြသူတွေအနေနဲ့ ရေကုန်ရေခမ်း ကြိုးစားကြဖို့သာ။ ဂျင်မီရေ... မောင်ကျော်ရေ.. ကောင်းရာဘုံဘ၀မှာ အေးချမ်းကြပါစေ"လို့ဆိုထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ နိူင်ငံရေးအကျဥ်းသားများကိုစစ်ကြောရေးတွင်သတ်ဖြတ်ခြင်း၊ထောင်တွင်းညှင်းပန်းနှိပ်စက်ကာသတ်ဖြတ်ခြင်းတို့ကိုပါဆက်တိုက်ကျူးလွန်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရအထိမ်းအမှတ်နေရာတွင် ကျောက်တုံးပေါင်း ,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်


ဇူလိုင်၂၃ရက်


အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရအထိမ်းအမှတ်နေရာတွင် ကျောက်တုံးပေါင်း ,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင်လ၂၃ရက်မှာ အမေရိကန်သံရုံးရန်ကုန်မှ သတင်းထုတ်ပြန်ပါတယ်။


စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို ကွပ်မျက်မှု နှစ် နှစ်ပြည့်မြောက်ခြင်းကို အမေရိကန်သံရုံးက အမှတ်အသားပြုပါတယ်။အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရအထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်တယ်လို့ဖော်ပြပါတယ်။


၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှစတင်ပြီး တဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောက ရောက်ရတယ်လို့အမေရိကန်သံရုံးကဖော်ပြပါတယ်။


========================


📌📌 ၄။ ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်()ကိုမျိုးနှင့်ကိုအောင်သူရဇော်()ကိုဂတုံး တို့()ဦးအား အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သည့်နှစ်ပတ်လည်နေ့ ရန်ကုန်မြိုတနေရာမှာ ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး စာတန်းကို ချိတ်ဆွဲ


ဇူလိုင်၂၃ရက်


ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်()ကိုမျိုးနှင့်ကိုအောင်သူရဇော်()ကိုဂတုံး တို့()ဦးအားအကြမ်းဖက်စစ်တပ်ကသတ်ဖြတ်သည့်နှစ်ပတ်လည်နေ့ရန်ကုန်မြို့တနေရာမှာကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး စာတန်းကို ချိတ်ဆွဲခဲ့ကြောင်းကို ဇူလိုင်၂၃ရက်မှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike) ကအသိပေးဖော်ပြပါတယ်။


ဒီကနေ့သည် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသည့် ကိုဖြိုးဇေယျာသော်()ကိုမောင်ကျော်၊ကိုဂျင်မီ()ကိုကျော်မင်းယု၊ကိုလှမျိုးအောင်()ကိုမျိုးနှင့်ကိုအောင်သူရဇော်()ကိုဂတုံး တို့()ဦးအား အကြမ်းဖက်စစ်တပ်မှ ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့သည်မှာ နှစ်နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်/ကျဉ်းများကို မကြာခဏ ထောင်ပြင်ထုတ်ပြီး အကြမ်းဖက်သတ်ဖြတ်လျက်ရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်၏လုပ်ရပ်များကို ပြည်သူများ၏စိတ်ထဲရင်ထဲ၌ ကမ္ဘာတည်သရွေ့ ဥဒါန်းကြေမည်မဟုတ်ပါလို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များသည် လူအခွင့်အရေး နှင့် လူသားတို့၏ရပိုင်ခွင့်များကို လုံးဝဆန့်ကျင်ပြီး အကြမ်းဖက်နေခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ မင်းအောင်လှိုင်က လိုအပ်မယ်ဆိုရင် လူသေကိုလည်း ဖော်မလင်ထိုးပြီး အသုံးချမှာဖြစ်တယ်လို့ဆို


ဇူလိုင်၂၃ရက်


မင်းအောင်လှိုင် က လိုအပ်မယ်ဆိုရင် လူသေကိုလည်း ဖော်မလင်ထိုးပြီး အသုံးချမှာဖြစ်တယ်လို့ဒုဝန်ကြီးဦးမော်ထွန်းအောင်က ဇူလိုင်၂၃ရက်မှာ ဆိုလိုက်ပါတယ်။


"မင်းအောင်လှိုင် က လိုအပ်မယ်ဆိုရင် လူသေကိုလည်း ဖော်မလင်ထိုးပြီး အသုံးချမှာပဲ၊ကိုယ်လုပ်စရာရှိတာသာ လုပ်ကြပါ"လို့ဆိုပါတယ်။


ဇူလိုင်၂၂ရက်မှာ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က၄င်းကိုယ်တိုင်ပင်ယာယီသမ္မတအဖြစ်ပြန်လည်ခန့်အပ်ကြောင်းကြေညာခဲ့ပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်မှုများတွင်မလေးရှားနိုင်ငံ၏ ဒု၀န်ကြီးဟောင်းနှင့်မလေးနိုင်ငံသားများ ပါဝင်ပတ်သက်နေမှုအား မလေးရှားနိုင်ငံ စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း JusticeForMyanmar ထုတ်ဖော်


ဇူလိုင်၂၃ရက်


မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်မှုများတွင်မလေးရှားနိုင်ငံ၏ ဒု၀န်ကြီးဟောင်းနှင့်မလေးနိုင်ငံသားများ ပါဝင်ပတ်သက်နေမှုအား မလေးရှားနိုင်ငံ စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း JusticeForMyanmarက ဇူလိုင်လအတွင်းမှာအသိပေးဖော်ပြပါတယ်။


မလေးရှားနိုင်ငံ၏ ဒု၀န်ကြီးဟောင်း Mashitah Ibrahim သူမ၏ခင်ပွန်းဖြစ်သူ Abdul Shakor bin Abu Bakar နှင့် 14K ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်း Wan Kuok-koi (သွားကျိုးဟုလည်း လူသိများသူ) တို့သည် မြန်မာနိုင်ငံရှိ ဆိုက်ဘာငွေလိမ်ခြံဝန်းကြီးတစ်ခုဖြစ်သည့် Dongmei Park လုပ်ငန်းတွင် စီပွားမိတ်ဖက်များ ဖြစ်ကြပါတယ်။၎င်းတို့၏ ရာဇဝတ်မှုဆိုင်ရာ ဆက်နွှယ်ပတ်သက်မှုများအတွက် စုံစမ်းစစ်ဆေးမှုကို ခံရမည့်အစား၊  ၎င်းတို့သည် မလေးရှားထိပ်ပိုင်းနိုင်ငံရေးသမားများ၊ ရဲအရာရှိများနှင့် ဆက်လက် ဆက်သွယ် ဝင်ဆံ့ နေနိုင်ဆဲပင် ဖြစ်တယ်လို့ဖော်ပြပါတယ်။


Dongmei Park ကို Mashitah Ibrahim Abdul Shakor နှင့် အခြားမလေးရှားစီးပွားရေးသမားများနှင့် အတူ Wan Kuok-koi က တည်ထောင်ခဲ့ခြင်း ဖြစ်ကာAbdul Shakor က ဒါရိုက်တာအဖြစ် ပါဝင်သည့် ဟောင်ကောင်မှတ်ပုံတင်ကုမ္ပဏီ Dongmei Group သည် မလေးရှားနိုင်ငံတွင် လုပ်ငန်းလည်ပတ်လုပ် ကိုင်နေပြီး၊ မြန်မာနိုင်ငံရှိ ဆိုက်ဘာငွေလိမ်ခြံလုပ်ငန်းကြီးအတွက် မလေးရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ထံမှ ဘဏ္ဍာငွေများ ရှာဖွေပေးခဲ့တယ်လို့ဖော်ပြပါတယ်။


 ယင်းကုမ္ပဏီအား အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပါတယ်။


မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Deduktif အစီရင်ခံစာတွင် Mashitah Ibrahim နှင့် Abdul Shakor တို့ မိသားစုနှင့် မြန်မာသူဌေးကြီးများအကြား ခရစ်တိုငွေကြေးပေးချေမှုဆက်နွှယ်မှုများကို ဖော်ထုတ်ခဲ့ပြီး Mashitah Ibrahim နှင့် Abudl Shakor တို့၏ သားဖြစ်သူ Muhammad Wafi သည် ခရစ်တိုငွေကြေးလုပ်ငန်း Meta X DAO မိတ်ဆက်ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်


ဇူလိုင်လ ၂၃ ရက်


ရခိုင်ပြည် သံတွဲမြို့ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်နှင့် အသစ်တိုးချထားသည့် စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရတယ်လို့ Western Newsမှာ ဖေါ်ပြထားပါတယ်။


ငပလီမြို့နှင့် သံတွဲမြို့ပေါ်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက် စိုးမိုးထားနိုင်သော်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေတပ်နှင့်ပူးပေါင်းကာ AA အား ပြန်လည်ခုခံနေသည်။


သံတွဲ စစ်ရေးသိသူတစ်ဦးက " ဒီရက်ပိုင်း မောင်ရွှေလေးရေတပ်အနီးမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ စစ်ကောင်စီဟာ ရေတပ်က အင်အားဖြည့်တင်းနေသလို လေယာဉ်နဲ့လည်း လာရောက် ပစ်ကူပေးနေတယ်။ ရေတပ်ရှိတဲ့ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာမှာ တိုက်ပွဲ ဖြစ်နေကြတာပါ။ " ဟု ပြောသည်။ 


စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကို ဧရာဝတီကမ်းလွန်ရှိ စစ်သင်္ဘောများ၊ ဂွမြို့အနီးရှိ စစ်သင်္ဘောများမှ အင်အားဖြည့်တင်းပေးနေပြီး မောင်ရွှေလေးရေတပ်မှ တစ်ဆင့် ဂျိတ္တောနှင့် ဇွန်က စစ်စခန်းကို အင်အား ရာနှင့်ချီ ဖြည့်တင်းပေးနေခြင်းဖြစ်သည်။ 


နောက်ထပ် သံတွဲဒေသခံတစ်ဦးက " မောင်ရွှေလေးရေတပ်နဲ့ တစ်ဖက်တစ်ကမ်း ဂျိတ္တောနဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ ဇလွန်ရွာမှာ စစ်စခန်းအသစ်တွေ တိုးချထားတယ်။ အင်အား ၄၀၀ နဲ့အထက်ကို ရှိမယ်ထင်တယ်။ ရေတပ်အနီးက , မိုင်အကွာလောက်မှာ ကွင်းဝိုင်း၊ မောင်ရွှေလေး၊ သဗြုချိုင်၊ သရက်ပင်ကွင်း စတဲ့ ရွာတွေမှာလည်း စစ်ကောင်စီက တပ်ဖြန့်ထားတယ်။ ဒီနေရာတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်။ " ဟု ပြောသည်။ 


အာရက္ခတပ်တော် AA အနေဖြင့် သံတွဲဒေသအား အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်တစ်ခုသာ ကျန်ရှိပြီး စစ်ကောင်စီကလည်း သံတွဲမြို့ ပြန်လည်ရရှိရေး ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံနေသည်။ 


တစ်ဖက်မှာလည်း AA ထိန်းချုပ်ထားသော ငပလီမြို့နှင့် သံတွဲမြို့ပေါ်တို့ကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသလို အရပ်သားများ စစ်ရှောင်ရာ ကျေးရွာများကိုလည်း ရည်ရွယ်ချက်ချက် ရေတပ်က လက်နက်ကြီးပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်နေသည်။ 


ယင်းအပြင် အာရက္ခတပ်တော် AA သည် သံတွဲ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်နှင့် စစ်စခန်းငယ်များကို ထိုးစစ်ဆင်တိုက်ခိုက်မှု တစ်ပြိုင်နက်တည်းမှာ သံတွဲ-ဂွ ကြားရှိ ကျိန္တလီမြို့အနီးက ပုဇွန်ဖြေနှင့် ကျောက်ကြီးတို့တွင် ထိတွေ့တိုက်ပွဲများ ယမန်နေ့က ဖြစ်ပွားခဲ့သည်။ 


========================


🚩🚩 ၂။ ရှမ်းမြောက်တိုက်ပွဲ တစ်လနီးပါးအတွင်း အရပ်သား ၁၀၀ကျော် သေဆုံး၊ ၁၃၀ကျော်ဒဏ်ရာရ


ဇူလိုင်လ ၂၃ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း အရပ်သားသေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ဇွန်လ ၂၅ရက်မှ ဇူလိုင် ၂၃ရက်အထိ အရပ်သား ၁၁၀ ကျော်သေဆုံးကာ ၁၃၀ ကျော်ဒဏ်ရာရရှိခဲ့‌ကြောင်းကို People’s Spring မီဒီယာမှာဖေါ်ပြထားပါတယ်။


ဇွန်လ ၂၅ရက်က ၁၀၂၇ စစ်ဆင်ရေးအပိုင်း()ကို ပြန်လည်ဆင်နွှဲခဲ့သည့် တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ခဲ့သည့် ယမန်နေ့ ဇူလိုင် ၂၂ရက်အထိ အရပ်သားထိခိုက်သေဆုံး စာရင်းများအရ တိုက်ပွဲ ၂၈ရက်အတွင်း အရပ်သား ၁၀၉ဦးသေဆုံးကာ ၁၃၆ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။


အရပ်သား သေဆုံးထိခိုက်မှုများသည် စစ်ကောင်စီက အရပ်သားများကို ဦးတည်ပြီး  လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု TNLAက ဖော်ပြသည်။ 


ဒေသခံနှင့် စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ ကိုးကန့်တပ်မတော်(MNDAA)က ပစ်ခတ်၍ အရပ်သား ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ရပြီး MNDAAက စစ်ကောင်စီတပ်ကို တိုက်ခိုက်စဉ် လက်နက်ကြီးကျည်ကျ၍ အရပ်သားအချို့ သေဆုံးခဲ့ရသည်ဟု ဆိုသည်။


စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကိုးကန့်တပ်ထိန်းချုပ်ရာ လောက်ကိုင်မြို့ကိုလည်း လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ 


ယမန်နေ့ညသန်းခေါင်တွင် လောက်ကိုင်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲ၍ အရပ်သား ပြည်သူ ၂ဦး ထပ်မံသေဆုံးကာ ၃ဦးဒဏ်ရာရခဲ့သည်ဟု ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။


အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည့် ဒေသများမှာ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်များဖြစ်သည်။ 


သိန္နီနှင့် လောက်ကိုင်မြို့များကိုလည်း စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။


TNLA ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း စစ်ကောင်စီ၏ လက်ချက်ကြောင့်အရပ်သား ထိခိုက်မှု အခြေအနေကို ဖော်ပြသည်။


ဇူလိုင် ၁၉ရက်တွင် ကျောက်မဲမြို့ အင်ကြင်းတောင်အထက်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ငါးဦးထိမှန် သေဆုံးသွားခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် ()လုံး ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။


ဇူလိုင် ၂၀ရက် ညနေပိုင်းကလည်း ကျောက်မဲမြို့ ဒေသခံ လေးဦးသည် ဆိုင်ကယ် ()စီးဖြင့်မောင်းနှင်လာစဥ် ဂိတ်စောင့်စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာတွင် လေးဦးလုံး သေဆုံးခဲ့ရပြီး ရုပ်အလောင်းများကိုလည်း အခင်းဖြစ်ရာ၌ စုပုံစွန့်ပစ်ထားသည်ဟုဆိုသည်။


ဇူလိုင် ၂၁ရက် ကျောက်မဲမြို့ရှိ နမ့်တုံရပ်နှင့် ရပ်ကွက်()တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးလက်နက်ကြီးစထိမှန်သေဆုံးပြီးသွားခဲ့သည်ဟု ဖော်ပြသည်။


ယမန်နေ့ (ဇူလိုင် ၂၂ ရက်)တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ဟု ထုတ်ပြန်သည်။


နောင်ချိုမြို့ ရွှေပြည်ညွန့်လမ်းအနီးတွင်လည်း   စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး နှစ်ဦးဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီးရှောက်ခြုံကျေးရွာနှင့် ကံကြီးကျေးရွာတို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား သုံးဦးသေဆုံးပြီး နေအိမ် ()လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLAက ထုတ်ပြန်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။


========================


🚩🚩 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၁၄) ဦး ရှိခဲ့ပြီဖြစ်ပြီးအမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထား


ဇူလိုင်လ ၂၃ရက်


နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၁၄) ဦး ရှိခဲ့ပြီဖြစ်ပြီးအမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့သိရပါတယ်။


မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၁၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


 အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဆိုပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၀၈၉) ဦးရှိပြီး ထိုအထဲမှ (၂၀၇၈၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၅၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment