29th JUL 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဆေးဝါးကုသမှုကို အချိန်နှင့်တပြေးညီ မရရှိခဲ့သဖြင့် သရက်အကျဥ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား ကိုညီညီ ကျဆုံး

📌 ၂။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မူတြော်ခရိုင် ဒေသခံပြည်သူများ၏ နေအိမ်များ ရေနစ်မြုပ် ပျက်စီး

📌 ၃။ စစ်ကောင်စီ စစ်ကြောင်း ကြောင်းရဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရကာ နေအိမ် ၇၂ လုံး ပျက်စီးခဲ့

📌 ၄။ သိန္နီမှာ အရပ်သားတွေကို ဦးတည်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် မိသားစု ဦးသေဆုံး၊ ကလေးမိခင်ခြေပြတ်

📌 ၅။ ဘုတလင်မြို့နယ်တွင် ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စွန်ရဲ Revolution Force အဖွဲ့မှ မီးလောင်ဗုံး ထုတ်လုပ်အောင်မြင်

🚩 ၂။ လားရှိုးအခြေစိုက် ခလရ(၆၈)တပ်ရင်းအား အပြီးသတ် သိမ်းပိုက်

🚩 ၃။ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းအား Fix Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၄။ ညောင်ကိုင်းပျူရွာကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဗုံးသီး ၃၄ လုံး ကြဲချတိုက်ခိုက်

🚩 ၅။ ဘိုးမင်းကြီးကင်း လမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fix Wing Drone များဖြင့် ဗုံးချတိုက်ခိုက်

🚩 ၆။ ဆင်ဖြူရှင် တံတားမှ ဝမ်ပေါင် ကုမ္ပဏီစက်ရုံ ပစ္စည်းများနှင့် လက်နက်၊ ရိက္ခာများ တင်ဆောင်လာသော စစ်သင်္ဘော စီး မုံရွာမြို့ကို ရောက်ရှိ

🚩 ၇။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၁၉)()နှစ်ပြည့်အခမ်းအနား ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဆေးဝါးကုသမှုကို အချိန်နှင့်တပြေးညီ မရရှိခဲ့သဖြင့် သရက်အကျဥ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား ကိုညီညီ ကျဆုံး


ဇူလိုင်လ ၂၈ရက်။ 

RadioNUG

ဇူလိုင်လ ၂၇ရက်နေ့ မနက်ခင်းအစောပိုင်းအချိန်၌ ၂၀၂၂ခုနှစ်  နိုဝင်ဘာလ ၁၆ရက်နေ့က အကြမ်းဖက်ပုဒ်မ ၅၂ (က)/၅၁()တို့ဖြင့် ထောင်ဒဏ်(၁၁)နှစ်ဖြင့် မတရားအပြစ်ပေးခြင်း ခံထားရသည့် အသက်(၃၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် သရက်ထောင်တွင်း၌ သွေးတိုးရောဂါဝေဒနာကို ခံစားခဲ့ရ၍ ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။


ဇူလိုင်လ(၂၆)ရက် ညခင်းအချိန်တွင် ကိုညီညီ သွေးတိုးရောဂါခံစားရ၍ အရေးပေါ်ဆေးဝါးကုသပေးရန် ထောင်တာဝန်ခံများထံ နိုင်ငံရေးအကျဉ်းသားများမှ အကူအညီတောင်းခံခဲ့ကြသော်လည်း တစ်နာရီကျော် အကြာမှသာ အကျဉ်းဦးစီးဝန်ထမ်းများမှ အကျဉ်းသားဆေးမှူးတစ်ဦးကို လာရောက်ပို့ဆောင်၍ ကြည့်ရှု့စစ်ဆေးခိုင်းရာ သွေးပေါင်ချိန်မှာ အပေါ်သွေး(၂၄၀) အောက်သွေး(၁၄၀)အထိ ရှိခဲ့ကြောင်း သိရပါတယ်။


ထိုကဲ့သို့ သွေးပေါင်ချိန် အရမ်းတက်လာချိန်တွင် ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရမည် ဖြစ်သော်လည်း ညအချိန် ဖြစ်သည်ကို အကြောင်းပြပြီး အဆင့်ဆင့် သတင်းပေးပို့နေရသည်ဟုဆိုကာ အပြင်သို့ လာရောက်ခေါ်ထုတ်ချိန် အချိန်တစ်နာရီခွဲကျော် ကြာမြင့်ခဲ့ပြီး နောက်ကျသည့်အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုညီညီ ကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိသရက်ထောင်တွင် ထောင်ဆရာဝန် ငြိမ်းချမ်းကျော် တာဝန်ထမ်းဆောင်နေလျက်ရှိပြီး ကိုညီညီ နေထိုင်ရသည့်အဆောင်ကို အဆောင်မှူးနိုင်လင်း အုပ်ချုပ်၍ ထောင်ပိုင် ညွန့်ဘိုဝင်းမှ ဦးဆောင်ကွပ်ကဲလျက်ရှိကြောင်း သိရှိထားရသည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုညီညီ၏ ထောင်တွင်း အချိန်နှင့်တပြေးညီ ဆေးဝါးကုသစောင့်ရှောက်ခွင့်မရ၍ ကျဆုံးခဲ့ရမှုအပေါ် ပြည်သူ့အစိုးရ တက်ရောက်လာချိန်တွင် သေချာပေါက် တာဝန်ခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)အနေဖြင့် အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မူတြော်ခရိုင် ဒေသခံပြည်သူများ၏ နေအိမ်များ ရေနစ်မြုပ် ပျက်စီး


ဇူလိုင်လ ၂၈ရက်။ 

RadioNUG

ဇူလိုင်လ (၂၃)ရက်နေ့မှစ၍ ယနေ့အထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာအုပ်စု(၁၂)စုအတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များ၊ စပါးနှင့် အခြားသီးနှံစိုက်ပျိုးပင်များ ရေနစ်မြုပ် ပျက်စီး ဆုံးရှူံးမှုများရှိသည့်အပြင် ခရီးသွားလာရေးအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်မှာ ဖော်ပြထားပါတယ်။


ဒီနှစ် ရေကြီးတာက အရင်နှစ်ထက် ရေပိုကြီးပြိး မထင်မှတ်ထားသည့်အတွက် ကြိုတင်ပြင်ဆင်မှု မလုပ်ထားလို့ ရေနစ်မြုပ်ပျက်စီးဆုံးရှူံးကုန်တယ်လို့ သိရပါတယ်။


ဒီနှစ် ရေကြီးတာက ၂၀၁၈ ခုနှစ်တုန်းကလောက် ရှိတယ်။ ကြားနှစ်တွေက မိုးရွာနည်းတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဘာတစ်ခုမှ ကြိုတင်ပြင်ဆင်မှု မလုပ်ထားဘူး။ ဒါပေမဲ့ ဒီနှစ်ရေကြီးတာက ၁၉၉၉ခုနှစ်တုန်းကလောက် မရှိဘူး။ဟုအခြား ရေဘေးသင့်ပြည်သူအချို့က ဆိုထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီ စစ်ကြောင်း ကြောင်းရဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရကာ နေအိမ် ၇၂ လုံး ပျက်စီးခဲ့


ဇူလိုင်လ ၂၈ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာနဲ့ သပြေသာ ရွာတို့တွင် စစ်ကောင်စီ စစ်ကြောင်း ခု ရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရကာ နေအိမ် ၇၂ လုံး ပျက်စီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၂၀ က သရက်ခေါင်းရွာကို ၆၀၀၆(တကရ)တပ်မှ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူ ၁၂၀ ခန့်မှ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ ၄၅ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးခဲ့ကာ ၄၂ နှစ်အရွယ် သမီးဖြစ်သူမှာ အရေးပေါ် ဆေးကုသမှုခဲ့ယူနေရတယ်လို့ သိရပါတယ်။


အလားတူ မနက် ၁၁ နာရီခွဲခန့်မှာ ဇီးကုန်းသကြားစက်မှ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူ ၆၀ ခန့်ဟာ သပြေသာ ရွာကို ၆၀ မမ ဖြင့် ပစ်ခတ်ခဲ့ တာကြောင့် အသက် ၆၂ နှစ်အရွယ် အမျိုးသား ဦး ထိမှန် သေဆုံးခဲ့ပြီး အသက် ၅၇ နှစ်နှင့် ၅၉ နှစ်အရွယ် အမျိုးသား ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ဇူလိုင် ၂၅ ရက်နေ့က သရက်ခေါင်းရွာမှာ တညအိပ် တပ်စွဲခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နောက်တနေ့ မနက် နာရီ ၄၅ မိနစ်တွင် ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်းဝင်ရောက် မွှေနှောက်ခိုးယူခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၇၂ လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။


၎င်းစစ်ကြောင်းဟာ သရက်ခေါင်းကနေ ယောရှာရွာ၊ ထိုမှတဆင့် ရှမ်းတပ်ရွာကို ဝင်ရောက်ခဲ့ကာတည အိပ်တပ်စွဲခဲ့ပြီး ဇူလိုင် ၂၇ ရက် မနက်၈ နာရီခွဲခန့်မှာ ရှမ်းတပ်ရွာမှ ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ မင်းတုန်း တောရကျောင်းဘက်ကို ပြန်လည်ရောက်ရှိနေတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၄။ သိန္နီမှာ အရပ်သားတွေကို ဦးတည်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် မိသားစု ဦးသေဆုံး၊ ကလေးမိခင်ခြေပြတ်


ဇူလိုင်လ ၂၈ရက်။ 

RadioNUG

ဇူလိုင်လ ၂၈ရက် မနက် နာရီကျော်တွင် ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်ကွက်- က မူဆယ်နဲ့ ကွမ်းလုံလမ်းခွဲကို ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချခဲ့တာကြောင့် ရွှေသိန္နီကားဂိတ် အိမ်ကို ဗုံးကျသဖြင့် မိသားစု ယောက်ထဲက ကလေးငယ် ဦးအပါအဝင် ဦးသေဆုံးပြီး ကလေးမိခင်ဖြစ်သူ ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသသတင်း အရင်းအမြစ်တွေဆီက သိရပါတယ်။


ဗုံးဒဏ်ကြောင့် အချို့အိမ်တွေအတွင်း ရေကန်ကဲ့သို့ တွင်းတွေ ဖြစ်ပေါ်ခဲ့သလို အိမ်တွေ ပြိုကျပျက်စီးခဲ့ရပြီး ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ဇူလိုင်လ ၂၅ရက်ကလည်း မြေပဲကုန်းရပ်ကွက်က အရပ်သားအိမ်တွေကို လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်လို့ အိမ်အတော်များများ ပျက်စီးခဲ့ရပြီး စစ်ကောင်စီဟာ ပြည်သူတွေ ညအိပ်ချိန်မှာ စစ်ဘက်ပစ်မှတ် မဟုတ်တဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားပြီး ဗုံးကြဲစက်သေနတ်တွေနဲ့ ပစ်နေခြင်း ဖြစ်ပါတယ်။


========================


📌📌 ၅။ ဘုတလင်မြို့နယ်တွင် ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


ဇူလိုင်လ ၂၈ရက်။ 

RadioNUG

ဇူလိုင်လ ၂၈ ရက်နေ့တွင် ဘုတလင်မြို့နယ်မှာ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဋ္ဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနှင့် သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။


၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို အင်အားအလုံးအရင်းနှင့် အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ပြီး ဗကသရဲဘော်သုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စွန်ရဲ Revolution Force အဖွဲ့မှ မီးလောင်ဗုံး ထုတ်လုပ်အောင်မြင်


ဇူလိုင်လ ၂၈ရက်။ 

RadioNUG

စွန်ရဲ Revolution Force အဖွဲ့မှ မီးလောင်ဗုံး ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း ဇူလိုင်လ ၂၈ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


မီးလောင်ဗုံး ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်မှာ ပျူစောထီးရွာတွေသိမ်းတဲ့ နေရာများတွင် အသုံးပြုရန်နှင့် စစ်ကောင်စီစခန်းငယ်များ၊ ဂိတ်များ သိမ်းဆည်းရာတွင် မီးရှို့ဖျက်ဆီးရန်အတွက် ထုတ်လုပ်လိုက်ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


မီးလောင်ဗုံး လောင်ချိန်ဟာ ၁၀မိနစ်ခန့် လှိုက်လောင်ခြင်းဖြစ်ပီး လောင်အားပြင်းသော မီးလောင်ဗုံးဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ လားရှိုးအခြေစိုက် ခလရ(၆၈)တပ်ရင်းအား အပြီးသတ် သိမ်းပိုက်


ဇူလိုင်လ ၂၈ ရက်။ 

Radio NUG

ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ၊ လားရှိုးမြို့မှ အမှတ် (၆၈)ခြေလျင်တပ်ရင်း ခလရ(၆၈)ကို MNDAA နှင့် မဟာမိတ်တပ်ပေါင်းစုက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ BPLA ကထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၇ ရက်နေ့ ညနေ နာရီ ၅၈ မိနစ်မှာ အဆိုပါ ခလရ (၆၈) တပ်ရင်းအား မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA), ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)နှင့် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA)တို့ပါဝင်တဲ့ မဟာမိတ် တပ်ပေါင်းစုက အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။


အဆိုပါ ခြေလျင်တပ်ရင်းအတွင်းက စခန်းအားလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံးယာဉ် ၁၀ စီးအပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဇူလိုင်လ ၂၇ ရက်နေ့ မနက် နာရီ ၅၀ မိနစ်မှာ လားရှိုးမြို့ ဆင်တောင်ထိပ်ရှိ စစ်ကောင်စီရဲ့ အသံလွှင့်ကုန်းမြင့်စခန်းကိုလည်း MNDAAက သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ အမှတ် (၆၀၀၅) တင့်ကားတပ်ရင်းအား Fix Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်


ဇူလိုင်လ ၂၈ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတောရွာရှိ အမှတ်(၆၀၀၅)တပ်ရင်းကို Fix Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Phoenix sagaing အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။


ဇူလိုင်လ ၂၆ ရက်နေ့က အဆိုပါ တင့်ကားတပ်ရင်းကို Fix Wing Drone များဖြင့် ဗုံးသီး လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများနဲ့ တပ်ရင်းထဲက အဆောက်အဦးများ ထိခိုက်မှု ရှိခဲ့ပြီး စစ်ကောင်စီ ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Phoenix Sagaing, Young Wolf (LPDF), Unicorn Guerrilla Force, Royal Falcon Guerrilla Force, ကြောင်လက်သည်း (ဝက်လက်)နှင့် နယ်မြေခံ တော်လှန်ရေး အင်အားစုများက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ညောင်ကိုင်းပျူရွာကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဗုံးသီး ၃၄ လုံး ကြဲချတိုက်ခိုက်


ဇူလိုင်လ ၂၈ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ရွာမှ ညောင်ကိုင်း ပျူရွာကို ရိက္ခာပို့ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဗုံးသီး ၃၄ လုံးထိ ကြဲချတိုက်ခိုက် ခဲ့တယ်လို့ DUGF (Dragon Urban Guerrilla)က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၇ ရက်နေ့က ညောင်ကိုင်းပျူရွာကိုပို့ရန် ရိက္ခာများ တင်ဆောင်လာတဲ့ ကား၊ ထွေလာဂျီများ နဲ့ စစ်ကောင်စီတပ် အင်အား ၆၀ ခန့်ကို တနောင်းကိုင်း ရွာထိပ်က တံတားအရောက်မှာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ ဘက်က ထိိခုက်သေဆုံးမှု များနိုင်ပြီး လက်နက်ကြီး ချက် ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နှမသစ် ကျေးရွာမှ စစ်ရှောင် အသက် ၅၀ အရွယ် အမျိုးသား ဦးနဲ့ နှစ်အရွယ် ကလေးငယ် ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


ယခုတိုက်ခိုက်မှုကို DUGF (Dragon Urban Guerrilla), Fire Dragon (Khin U), SNAKE EYES - PDF နဲ့ ရွှေဘိုခရိုင် တပ်ရင်း()တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၅။ ဘိုးမင်းကြီးကင်း လမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fix Wing Drone များဖြင့် ဗုံးချတိုက်ခိုက်


ဇူလိုင်လ ၂၈ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်း လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Fix Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PEACOCK DRONE TEAM - MYAUNG က သတင်း ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၇ ရက် ညနေ နာရီက ကြံတိုင်းအောင် စစ်ဆင်ရေး Mission (5)အနေဖြင့် ဘိုးမင်းကြီးကင်း လမ်းခွဲမှာ တပ်စွဲထားတဲ့ အင်အား(၃၅)ဦးခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို Fix Wing Drone စီးဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦး နေရာမှာ သေဆုံးခဲ့ရပြီး စစ်ကြောင်းမှူးဖြစ်သူ လက်မောင်းဒဏ်ရာ ရရှိခဲ့ကာ စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ကြံတိုင်းအောင် စစ်ဆင်ရေးတွင် ပါဝင်တဲ့ PEACOCK DRONE TEAM - MYAUNG, STANDARD REVOLUTION FORCE SRF - MMU, မိုင်းမင်းသားတို့နှင့်အတူ နယ်မြေခံ PDF အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဆင်ဖြူရှင် တံတားမှ ဝမ်ပေါင် ကုမ္ပဏီစက်ရုံ ပစ္စည်းများနှင့် လက်နက်၊ ရိက္ခာများ တင်ဆောင်လာသော စစ်သင်္ဘော စီး မုံရွာမြို့ကို ရောက်ရှိ


ဇူလိုင်လ ၂၈ရက်။ 

RadioNUG


ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဆင်ဖြူရှင်တံတားမှ ဝမ်ပေါင် ကုမ္ပဏီစက်ရုံ ပစ္စည်းများနှင့် လက်နက်၊ ရိက္ခာများ တင်ဆောင်လာသော စစ်သင်္ဘော စီး မုံရွာမြို့ကို ရောက်ရှိလာကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ သတင်းဖော်ပြထားပါတယ်။


အကြမ်းဖက် စစ်တပ်မှ ဖလပ် စီး နှင့် စစ်ရေယာဉ် စီး သည် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၁၉)()နှစ်ပြည့်အခမ်းအနား ကျင်းပ


ဇူလိုင်လ ၂၈ရက်။ 

RadioNUG

ဇူလိုင်လ(၂၇)ရက်နေ့တွင် ကျရောက်ခဲ့သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၁၉) သုံးနှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း KNDF/B-19မှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းနားတွင် ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် တပ်ဦးအလံအားအလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသော ရဲဘော်များအား ဂုဏ်ပြုခြင်းတို့အား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


တပ်ရင်းမူးမှ အဖွင့်အမှာစကား ပြောကြားပြီး ဧည့်သည်တော်များမှ အားပေးစကားပြောကြားခဲ့ပြီး ဒုရင်းမူးမှ ကျေးဇူးတင်စကား ပြောကြားကာ အစီအစဥ်ကို ရုပ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


KNDF တပ်ရင်းအမှတ်(၁၉)တွင်()နှစ်တာကာလ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်း (၁၂)ဦးနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသော ရဲဘော်()အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment