၂၀၂၄ ဇူလိုင်လ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးများတက်ရောက်
📌 ၂။ အိမ်ပြန်မယ့်လမ်းကို ဘယ်သူတွေက တားခွင့်ရှိလဲ ဘယ်သူတွေက ရပ်ခိုင်းခွင့်ရှိလဲလို့ဦးမင်းကိုနိူင်မေးခွန်းထုတ်
📌 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၆၀) ဦး ရှိခဲ့ပြီဖြစ်
📌 ၄။ သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ကို တက္ကဆက်ပြည်နယ် ၊ အော်စတင်မြို့က အဆင့်မြှင့် ရုပ်ရှင်ရုံကြီးမှာပြသမည်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ၁၀၂၇ စစ်ဆင်ရေး (ပ+ဒု) နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအားညီနောင်မဟာမိတ် (၃) ဖွဲ့မှ အလေးအနက် ကျေးဇူးတင်ကြောင်းထုတ်ပြန်
🚩 ၂။ ကျောက်ပန်းတောင်းမြို့မှ တောင်သာကျွဲတလင်းပျူစခန်းအသိမ်းခံရသည့်အတွက် စစ်ကူရန်လာသော အင်အား၅၀ကျော်ပါစကစတပ်အားမိုင်းဆွဲ၍ စကစဘက်ကငါးဦးသေဆုံး
🚩 ၃။ ရွှေဘိုမြို့နယ်အတွင်းသို့ ခင်ဦးပြည်သူများအား ဇူလိုင်၂၉ ရက်နေ့မှစ၍ ဝင်ခွင့် ပိတ်ပင်ထားကြောင်းသတင်းထွက်ပေါ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးများတက်ရောက်
ဇူလိုင်၃၀ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၉/၂၀၂၄)ကိုဇူလိုင်၂၉ရက်ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထို့နောက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အိမ်ပြန်မယ့်လမ်းကို ဘယ်သူတွေက တားခွင့်ရှိလဲ ဘယ်သူတွေက ရပ်ခိုင်းခွင့်ရှိလဲလို့ဦးမင်းကိုနိူင်မေးခွန်းထုတ်
ဇူလိုင်၃၀ရက်
အိမ်ပြန်မယ့်လမ်းကို ဘယ်သူတွေက တားခွင့်ရှိလဲ ဘယ်သူတွေက ရပ်ခိုင်းခွင့်ရှိလဲလို့ ဦးမင်းကိုနိူင်မေးခွန်းထုတ်လိုက်ပါတယ်။
ဇူလိုင်လအတွင်းကျင်းပတဲ့ ပြည်သူ့တော်လှန်ရေး ပွဲစားကြေးဖြတ်ခွင့်မရှိ စကားဝိုင်းမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိူင်ကပြောပါတယ်။
"စစ်ရေးရော၊ ဘဏ္ဍာရေးရော၊ နိုင်ငံရေးရော၊ စိတ်ဓါတ်စစ်ဆင်ရေးရော မျက်နှာစာလေးဘက်လုံးတိုက်နေတဲ့အချိန်မှာ မင်းတို့ စစ်ရေးကို ဟိုနေ့ကနေ ဟိုနေ့မှာတော့ အလုပ်ပိတ်ရက်ဖြစ်တယ် ဒီနေ့ကနေ ဒီရက်မှာတော့ အခါကြီးရက်ကြီးဖြစ်တယ်ဆိုပြီးတော့ နောက်ပြီးတော့ ကာယကံရှင်လဲ မဟုတ်ဘူး ကြည့်တော့ ဘေးကလူ အဲဒီ့လူတွေက လိုက်ပြီးတော့ တားဟေ့ ဆီးဟေ့ဆိုတော့ ကျွန်တော့်စိတ်ထဲမှာဗျာ ဘာလဲဆိိုတော့ ကျွန်တော်တို့က အိမ်ပြန်ဖို့ လုပ်နေကြတာလေဗျာ ... တရားမျှတမှုက အိမ်ကို ပြန်ရမှာလေဗျာ အဲဒီ့တော့ အိမ်ပြန်မယ့်လမ်းကို ဘယ်သူတွေက တားခွင့်ရှိလဲ ဘယ်သူတွေက ရပ်ခိုင်းခွင့်ရှိလဲ"လို့ဆိုပါတယ်။
လက်ရှိမှာအိမ်နီးချင်းအင်အားကြီးနိူင်ငံများဟာစစ်အုပ်စုနဲ့ဆက်ဆံရေးကိုတည်ုံဆောက်လျက်ရှိပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၆၀) ဦး ရှိခဲ့ပြီဖြစ်
ဇူလိုင်၃၀
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၆၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၆၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဆိုပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၁၁၅) ဦးရှိပြီး ထိုအထဲမှ (၂၀၈၀၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၆၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
========================
📌📌 ၄။ သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ကို တက္ကဆက်ပြည်နယ် ၊ အော်စတင်မြို့က အဆင့်မြှင့် ရုပ်ရှင်ရုံကြီးမှာပြသမည်
ဇူလိုင်၃၀ရက်
သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ကို အမေရိကန်နိူင်ငံတက္ကဆက်ပြည်နယ် ၊ အော်စတင်မြို့က အဆင့်မြှင့် ရုပ်ရှင်ရုံကြီးမှာပြသမယ်လို့သိရပါတယ်။
သြဂုတ်၂၄ရက်သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ကို တက္ကဆက်ပြည်နယ် ၊ အော်စတင်မြို့က အဆင့်မြှင့် ရုပ်ရှင်ရုံကြီးမှာပြသပေးသွားမှာဖြစ်ပါတယ်။
"သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ ရဲ့ ရုပ်ရှင် လက်မှတ်များ ဝယ်ယူအားပေးလို့ရနေပါပြီ"လို့လည်းဖော်ပြပါတယ်။
နိုင်ငံကျော်အနုပညာရှင် ဒေါင်း ၊ အောင်မြင့်မြတ်၊ ပိုင်ဖြိုးသူ ၊ မြတ်နိုးအေး အပြင် အခြားအနုပညာရှင် သရုပ်ဆောင်များစွာ ပါဝင် ရိုက်ကူးထားသည့် သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ကို မြန်မာနိုင်ငံအတွင်း အရေးပေါ်အကူညီလိုအပ်နေသော နေရာများသို့ ကူညီထောက်ပံ့ပေးနိုင်ရန် Austin Myanmar Community မှ ဦးစီးပြီး Austin မြို့ TEXAS က AFS အဆင့်မြင့် ရုပ်ရှင်ရုံကြီးမှာ တော်လှန်ရေး ရံပုံငွေရှာပွဲအဖြစ် ပြသပေးသွားမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ၁၀၂၇ စစ်ဆင်ရေး (ပ+ဒု) နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအားညီနောင်မဟာမိတ် (၃) ဖွဲ့မှ အလေးအနက် ကျေးဇူးတင်ကြောင်းထုတ်ပြန်
ဇူလိုင်၃၀ရက်
၁၀၂၇ စစ်ဆင်ရေး (ပ+ဒု) နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအားညီနောင်မဟာမိတ် (၃) ဖွဲ့မှ အလေးအနက် ကျေးဇူးတင်ရှိတယ်လို့ ဇူလိုင်၃၀ရက်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ကတရားဝင်ထုတ်ပြန်ကြေညာပါတယ်။
၁၀၂၇ စစ်ဆင်ရေး (ပ+ဒု) နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအား မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အလေးအနက် ကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။
ထို့အပြင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ယနေ့အထိ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး တော်လှန်ရေးကို စဉ်ဆက်မပြတ် ဝိုင်းရံပေးနေကြသော ရဲရင့်သည့် မြန်မာပြည်သူ တစ်ရပ်လုံး၏ တော်လှန်စိတ်ဓာတ်ကို မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အလေးနက်ထား ချီးကျူးဂုဏ်ပြုအပ်တယ်လို့ဖော်ပြပါတယ်။
ကြံ့ကြံ့ခံသော စိတ်ဓာတ်၊ နောက်မဆုတ်သော စိတ်ဓာတ်တို့ဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ကြရန်ကိုလည်း တိုက်တွန်းလိုက်တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၂။ ကျောက်ပန်းတောင်းမြို့မှ တောင်သာကျွဲတလင်းပျူစခန်းအသိမ်းခံရသည့်အတွက် စစ်ကူရန်လာသော အင်အား၅၀ကျော်ပါစကစတပ်အားမိုင်းဆွဲ၍ စကစဘက်ကငါးဦးသေဆုံး
ဇူလိုင်၃၀ရက်
ကျောက်ပန်းတောင်းမြို့မှ တောင်သာကျွဲတလင်းပျူစခန်းအသိမ်းခံရသည့်အတွက် စစ်ကူရန်လာသော အင်အား၅၀ကျော်ပါစကစတပ်အားမိုင်းဆွဲ၍ စကစဘက်ကငါးဦးသေဆုံးခဲ့ပါတယ်။
ဇူလိုင်၃၀ရက်မှာစစ်ရေးသတင်းကိုတောင်သာTTA PDFကအသိပေးဖော်ပြပါတယ်။
"ကျောက်ပန်းတောင်းမြို့မှ တောင်သာကျွဲတလင်းပျူစခန်းအသိမ်းခံရသည့်အတွက် စစ်ကူရန်လာသော အင်အား၅၀ကျော်ပါ ခြေလျင်စစ်ကြောင်းကျောက်ပန်းတောင်းနယ် လေးပင်ရွာနှင့်ဒီးဒုတ်ကုန်းကျေးရွာကြားတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဖော်ပြပါတယ်။
မိုင်းထိ၍စကစတပ်ဘက်ကငါးဦးသေဆုံးကာအထိအခိုက်များပြားကြောင်းမြေပြင်သတင်းအရသိရပါတယ်။
မစ်ရှင်အားတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ ညောင်ဉီးခရိုင်တပ်ရင်း၁/၅နှင့် BGF မြင်းခြံတို့မှပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
🚩🚩 ၃။ ရွှေဘိုမြို့နယ်အတွင်းသို့ ခင်ဦးပြည်သူများအား ဇူလိုင်၂၉ ရက်နေ့မှစ၍ ဝင်ခွင့် ပိတ်ပင်ထားကြောင်းသတင်းထွက်ပေါ်
ဇူလိုင်၃၀ရက်
ရွှေဘိုမြို့နယ်အတွင်းသို့ ခင်ဦးပြည်သူများအား ဇူလိုင်၂၉ ရက်နေ့မှစ၍ ဝင်ခွင့် ပိတ်ပင်ထားကြောင်းသတင်းထွက်ပေါ်ခဲ့ပါတယ်။
ဇူလိုင်၃၀ရက်မှာ ABSDFစစ်ကြောင်း၁ကအသိပေးဖော်ပြပါတယ်။
ရွှေဘိုမြို့နယ်အတွင်းသို့ ခင်ဦးပြည်သူများအား ၂၉ ရက်နေ့မှစ၍ ဝင်ခွင့် ပိတ်ပင်ထားကြောင်းသတင်းထွက်ပေါ်လာပါတယ်။ စစ်ခွေးဂိတ်များမှ ခင်ဦးမှလာရောက်ရောင်းချသော စပါးကားများအားပြန်လွှတ်နေကြောင်း ဒေသခံများမှ ABSDF မြေပြင်ထောက်လှမ်းရေးကို သတင်းပေးပို့လာပါတယ်လို့ဖော်ပြပါတယ်။
စကစတပ်များနယ်မြို့များမှာလမ်းပိုင်းများကိုဘတ်ဖိုးများနှင့်ဖြတ်တောက်ခြင်း၊မြို့ဝင်မြို့ထွက်ပိတ်ခြင်းတို့ကိုလုပ်ဆောင်လျက်ရှိနေပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment