30th JUL 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဦးထွန်းထွန်းဟိန်အပါ နိုင်ငံရေးအကျဥ်းသား(၂၀၀)ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)လားရှိုးခရိုင်နဲ့တော်လှန်ရေး အင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားနိူင်ပြီလို့ကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ပြော

📌 ၂။ အမှုများအား ပြစ်မှုပြစ်ဒဏ်မျှတရေး သတိပြုစေလိုကြောင်း ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင်ပြောကြား

📌 ၃။ နိုင်ငံတော်မှ ခွဲထွက်ခြင်းဟူသော သတင်းအတုနှင့်ပတ်သက်၍ ညီနောင်မဟာမိတ်()ဖွဲ့ ကြေညာချက် ထုတ်ပြန်

📌 ၄။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဘတ် သန်းဖိုးကို AHA Centreကတဆင့်ထိုင်းအစိုးရကပေးအပ်သွားမယ်လို့ကြေညာ

📌 ၅။ ထောက်ပို့တပ်သားနဲ့ ထောက်ပို့ငွေအင်အား အကျဘက်သို့သွားနေ၍ ဝိုင်းဝန်းပေးကြရန်လူထုကို PRFထောက်ပို့မိသားစုကတိုက်တွန်း

📌 ၆။ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်အတွင်း မြစ်ရေကြီးပြီးအိမ်နစ်မြုပ်နေသော ပြည်သူများအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမြိတ်မှသွားရောက်ကူညီပေးခဲ့

📌 ၇။ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ပြန်ပြီး အကျိုးပြုချင်တာလည်း တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ထဲက တစ်ခုဟု CDF_Asho ပြော

📌 ၈။ လယ်ဒိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၄၁)ရွာမှ ပြည်သူလူထု (၁၈၆၉၈)ဦးခန့် ရေဘေးသင့်ခဲ့ရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ၂၀၂၄ ပထမနှစ်ဝက် လအတွင်း လောင်းလုံး ပကဖ အနေနဲ့ စစ်ဆင်ရေး ၂၄ ခု ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀၂ ဦးထိ ရှင်းလင်းနိုင်ခဲ့ 

🚩 ၂။ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီလက်နက်ခဲယမ်း(၇၀)ကျော် သိမ်းဆည်းရမိကာ စစ်သုံ့ပန်း(၂၀)ဦး ဖမ်းဆီးရမိ

🚩 ၃။ လားရှိုးမြို့ရှိ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲ၊ လားရှိုးဘူတာရုံနှင့် တပ်မတော်ဂေါက်ကွင်းများကို သိမ်းပိုက်

🚩 ၄။ လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီ ပတ်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်

🚩 ၅။ ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၆။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မြိုင်မြို့နယ်က ကျေးရွာ ရွာကို စစ်ကောင်စီက Mi-35 ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဦးထွန်းထွန်းဟိန်အပါ နိုင်ငံရေးအကျဥ်းသား(၂၀၀)ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)လားရှိုးခရိုင်နဲ့တော်လှန်ရေး အင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားနိူင်ပြီလို့ကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ပြော


ဇူလိုင်လ ၂၉ရက်။

Radio NUG

ဦးထွန်းထွန်းဟိန်အပါ နိုင်ငံရေးအကျဥ်းသား(၂၀၀)ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)လားရှိုးခရိုင်နဲ့ တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားနိုင်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေက ပြောပါတယ်။


ဇူလိုင်၂၉ရက် ဆိုရှယ်မီဒီယာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကပြောကြားထားပါတယ်။


"ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း(၂၀၀)ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)လားရှိုးခရိုင်နဲ့ တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်"လို့ပြောပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်တွင် စစ်ကောင်စီက ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသော NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးထွန်းထွန်းဟိန်မှာ ဇူလိုင်၂၈ရက်နေ့က လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၂။ အမှုများအား ပြစ်မှုပြစ်ဒဏ်မျှတရေး သတိပြုစေလိုကြောင်း ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင်ပြောကြား


ဇူလိုင်လ ၂၉ရက်။

Radio NUG

အမှုများအား ပြစ်မှုပြစ်ဒဏ်မျှတရေး သတိပြုစေလိုကြောင်းကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင်ပြောကြားခဲ့ပါတယ်။


ဇူလိုင်၂၇ရက် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီး ဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှုး ဦးကျော်စုကပြောပါတယ်။


တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်စုမှ အစည်းအဝေးသို့ တက်ရောက်လာသော မြေပြင်တရားရုံးများမှ ဆရာ ဆရာမများ အားလုံးနှင့် ဦးစီးဌာနဝန်ထမ်းများအားလုံးအား မင်္ဂလာပါဟု နှုတ်ဆက်ပြီး၊ အမှုများအား ပြစ်မှုပြစ်ဒဏ်မျှတရေး သတိပြုစေလိုကြောင်း၊ ရာသီဥတုဆိုးရွားသည့်ကြားမှ အစည်းအဝေးသို့ တက်ရောက်ပေးပါသော မြေပြင် တရားသူကြီးများ အားလုံးနှင့် ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနဝန်ထမ်းများကို ကျေးဇူးတင်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော မြေပြင်တွင် ကြုံတွေ့နေရသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများ၊ လိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းချက်များကို ပြစ်မှုနှင့်တရားမတရားစီရင်ရေးဌာန ညွှန်ကြားရေးမှုး ဦးကျော်စိုးနှင့် လုပ်ထုံးလုပ် နည်းဌာန ညွှန်ကြားရေးမှုး ဒေါ်မေပိုးတို့မှ ပြန်လည် ဖြေကြားခဲ့ပါတယ်။


အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး (၂၆)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နိုင်ငံတော်မှ ခွဲထွက်ခြင်းဟူသော သတင်းအတုနှင့်ပတ်သက်၍ ညီနောင်မဟာမိတ်()ဖွဲ့ ကြေညာချက် ထုတ်ပြန်


ဇူလိုင်လ ၂၉ရက်။ 

RadioNUG

နိုင်ငံတော်မှ ခွဲထွက်ခြင်းဟူသော သတင်းအတုနှင့်ပတ်သက်၍ ညီနောင်မဟာမိတ်()ဖွဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


ထုတ်ပြန်ချက်တွင်- 

အသိဉာဏ်မဲ့ပြီး အောက်တန်းကျသော ပုဂ္ဂိုလ်တစ်ချို့သည်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်တော့မည်ဟူသော ခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များနှင့် လည်းကောင်း၊ ညံ့ဖျင်းလှသော တရုတ်ဘာသာ အရေးအသားဖြင့် လည်းကောင်း၊ တိကျမှန်ကန်မှုမရှိသော ရေးပုံရေးနည်း၊  Photoshop တို့ဖြင့် လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းများ၏ တံဆိပ်များကို အသုံးပြုပြီး (၁၀)စောင်ထက် မနည်းသော ထုတ်ပြန်ချက်များကို သတင်းအချက်အလက်အတုများဖြင့် ဆက်သွယ်ရေး လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခြင်းများကို ယခုရက်များအတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။


ဤသို့ ပြုလုပ်ရခြင်းမှာ တိုက်ပွဲတိုင်း အောင်ပွဲရရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံအား အထင်အမြင်လွဲမှားစေရန်၊ မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှူအနားယူခွင့် ရရှိစေရန် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ရှုမြင်ပါသည်။


ထို့ကြောင့် မိမိတို့ ညီနောင်မဟာမိတ် ()ဖွဲ့မှ ဤကဲ့သို့ အသိဉာဏ်မဲ့၊ အောက်တန်းကျပြီး နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေသောပုဂ္ဂိုလ်(သို့)အစုအဖွဲ့ (သို့)အဖွဲ့အစည်းများအားမိမိတို့အဖွဲ့အစည်းအမည်၊ တံဆိပ်တုံးများကို အသုံးပြုပြီး သတင်းအချက်အလက်အတုများဖြင့် ဆက်တိုက်ထုတ်ပြန်နေခြင်းမှာ အီလက်ထရွန်နစ်ဥပဒေနှင့် လူ့ဘောင်အဖွဲ့အစည်းစနစ်ကို ပြင်းထန်စွာချိုးဖောက်နေခြင်း ဖြစ်ကြောင်း၊ ဆက်သွယ်ရေးလူမှုကွန်ရက်သည် ဥပဒေကင်းလွတ်သည့် နေရာ မဟုတ်ကြောင်း၊ ဆက်သွယ်ရေးလူမှုကွန်ရက် သည် memory ရှိကြောင်း၊ သတင်းအတုများကို ထုတ်ပြန်နေသောသူများ၏ IP address မှ တစ်ဆင့် စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ နောက်နောင်တစ်ချိန်တွင် မိမိတို့အဖွဲ့အစည်းများအပေါ် တိုက်ခိုက်နေသောသူများ၏ အသိဉာဏ်မဲ့သော လုပ်ရပ်များကို ရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူခံရမည် ဖြစ်ကြောင်းဟု သတိပေးထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဘတ် သန်းဖိုးကို AHA Centreကတဆင့်ထိုင်းအစိုးရကပေးအပ်သွားမယ်လို့ကြေညာ


ဇူလိုင်လ ၂၉ရက်။

Radio NUG

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဘတ် သန်းဖိုးကိုAHA Centreကတဆင့်ထိုင်းအစိုးရကပေးအပ်သွားမယ်လို့ကြေညာပါတယ်။


လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းမှာဇူလိုင် ၂၈ကကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။


အာဆီယံရဲ့ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေးနဲ့ သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre)ကနေတဆင့် မြန်မာအတွက် စာနာမှုအကူအညီတွေ ပေးအပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။


မတ်လ၂၅ ရက်ကလည်း မဲဆောက်ခရိုင်ရှိ အမှတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။


========================


📌📌 ၅။ ထောက်ပို့တပ်သားနဲ့ ထောက်ပို့ငွေအင်အား အကျဘက်သို့သွားနေ၍ ဝိုင်းဝန်းပေးကြရန်လူထုကို PRFထောက်ပို့မိသားစုကတိုက်တွန်း


ဇူလိုင်လ ၂၉ရက်။

Radio NUG

ထောက်ပို့တပ်သားနဲ့ထောက်ပို့ငွေအင်အားအကျဘက်သို့သွားနေ၍ ဝိုင်းဝန်းပေးကြရန်လူထုကို PRFထောက်ပို့မိသားစုက တိုက်တွန်းလိုက်ပါတယ်။


ဇူလိုင်၂၉ရက်မှာ PRFထောက်ပို့တပ်ကအသိပေးဖော်ပြဆိုထားပါတယ်။


"မေလ၊ ဇွန်လနဲ့ အခုဇူလိုင်လ ၂၉ ရက်နေ့ထိ ထောက်ပို့အင်အား နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မေလမှာ တပ်သား သောင်းကျော်၊ ဇွန်လမှာ တပ်သား ၂၇,၀၀၀ကျော်၊ ခုဇူလိုင်လ ၂၉ ရက်နေ့အထိမှာ တပ်သားအင်အား ၂၁,၀၀၀ ကျော်ထိပဲ ရှိပါသေးတယ်။ ထောက်ပို့ငွေအင်အားလည်း အလားတူပါပဲ။ ကျဆင်းတဲ့ အကျဘက်ကို သွားနေပါတယ်"လို့ဆိုပါတယ်။


စစ်ပူနေတဲ့ ကာလ စစ်ရေးစရိတ်ကြီးမားနေတဲ့အချိန် ထောက်ပို့အင်အား လျော့ကျတာ လုံးဝ မကောင်းဘဲ မြေပြင်မှာ ရှေ့ဆက်မယ့် ရဲဘော်တွေအတွက်ပါ အားလျော့စေတယ်လို့PRFကဖော်ပြပါတယ်။


"ဒီလ တာဝန်မထမ်းဆောင်ရသေးတဲ့ ရဲဘော်အဟောင်းတို့လည်း လာရောက်တာဝန်ထမ်းဆောင်ပေးကြပါ။ ကိုယ်တာဝန်ထမ်းဆောင် ပြီးပြီဆိုလည်း ကိုယ့်မိတ်ဆွေမဆောင်ရသေးရင် ရအောင် ဆွဲခေါ်ပါ။ ရင်ဘက်တူ မိတ်ဆွေတွေကို တပ်သားသစ်ဖြစ်လာဖို့ ကြိုဆိုစည်းရုံးပေးကြပါ။ ငွေကြေးအားဖြင့် ထောက်ပို့တာဝန်မထမ်းဆောင်နိုင်ခဲ့သေးရင် လူမြင်များပြီး တပ်သားသစ်တွေ တိုးပွါးစေဖို့ RCS နဲ့ အင်အားပြပေးပါ"လို့PRFထောက်ပို့တပ်ကဆိုထားပါတယ်။


========================


📌📌 ၆။ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်အတွင်း မြစ်ရေကြီးပြီးအိမ်နစ်မြုပ်နေသော ပြည်သူများအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမြိတ်မှသွားရောက်ကူညီပေးခဲ့


ဇူလိုင်လ ၂၉ရက်။

Radio NUG

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်အတွင်းမြစ်ရေကြီးပြီး အိမ်နစ်မြုပ်နေသောပြည်သူများအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမြိတ်မှ သွားရောက်ကူညီပေးခဲ့ပါတယ်။


ဇူလိုင်၂၉ရက် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတရားဝင်အသိပေးဆိုပါတယ်။


တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်အတွင်း မြစ်ရေကြီးပြီးအိမ်နှစ်မြုပ်နေသော ပြည်သူများအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမြိတ်မှ သွားရောက်၍ပစ္စည်းများအား ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။


လက်ရှိမှာမြန်မာနိုင်ငံအတွင်း မိုးများ၍ရေကြီးရေလျှံမှုနှင့်အတူပြည်သူလူထုကရေဘေးဒုက္ခကြုံတွေ့နေရပါတယ်။


========================


📌📌 ၇။ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ပြန်ပြီး အကျိုးပြုချင်တာလည်း တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ထဲက တစ်ခုဟု CDF_Asho ပြော


ဇူလိုင်လ ၂၉ရက်။ 

RadioNUG

တော်လှန်ရေးလို့ ပြောလိုက်ရင် လက်နက်ကိုင်ပြီး တော်လှန်တာကိုပဲ အရင်ဆုံး ပြေးမြင်ယောင်မိကြပြီး တော်လှန်ရေးလုပ်တဲ့အထဲမှာ လက်နက်ကိုင်တော်လှန်ခြင်း တစ်ခုတည်းမဟုတ်ဘဲ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ပြန်ပြီး အကျိုးပြုချင်တာလည်း တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ထဲက တစ်ခုအပါအဝင် ဖြစ်တယ်လို့ CDF_Ashoက ဖော်ပြထားပါတယ်။


တော်လှန်ရေးကာလလည်း ကြာမြင့်လာချိန်မှာ CDF_Ashoရဲ့ ရည်ရွယ်ချက်လေးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပြည်သူတွေမျှော်လင့်သော၊ ပြည်သူတွေ အားကိုးယုံကြည်သော ဆေးတပ်သားများအနေဖြင့် ပြည်သူတွေကို ပြန်လည်အကျိုးပြုနိုင်လို့ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါတယ်လို့ ရေးသားထားပါတယ်။


========================


📌📌 ၈။ လယ်ဒိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၄၁)ရွာမှ ပြည်သူလူထု (၁၈၆၉၈)ဦးခန့် ရေဘေးသင့်ခဲ့ရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်


ဇူလိုင်လ ၂၉ရက်။ 

RadioNUG

ဇူလိုင်လ (၂၇)ရက်နေ့ နံနက်()နာရီအချိန်ခန့်တွင် တောကြောင်ပေါက်ကျေးရွာမှ စစ်တောင်းမြစ် ရေတမံကျိုးမှုကြောင့် ရေများအရှိန်ဖြင့် တောကြောင်ပေါက်ကျေးရွာတွင်းသို့ ဝင်လာကာ နေအိမ်များ ရေနစ်မြှုပ်ခဲ့ရပြီး လယ်ဒို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၄၁)ရွာရှိ နေအိမ်စုစုပေါင်း (၆၈၁၃)လုံး မှ လူဦးရေစုစုပေါင်း (၁၈၆၉၈)ဦးခန့် ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။


ဆောထိမြို့နယ်တွင် ရေဖြူကန်ကျေးရွာ၊ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာ စသည့် ကျေးရွာများသည် ရေဘေးဒဏ်နှင့် စစ်ဘေးဒဏ်ပါ ကြုံတွေ့နေရသည့်အတွက် အသက်ဘေးလွတ်ရာသို့ ခိုလှုံနေရပြီး ဇူလိုင်လ (၂၃)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ရေဖြူကန်ကျေးရွာမှနေ၍ ချုံအင်းကျေးရွာနှင့် ကောက်မယ့်သူ ကျေးရွာတွင် လက်နက်ကြီးများ ပစ်ခတ်လျှက်ရှိသောကြောင့် ချုံအင်း ကျေးရွာမှ အသက် (၃၃)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရရှိသည့်အပြင် ကောက်မယ့်သူကျေးရွာမှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ဆောထိမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်းရှိ  နေအိမ်များ ရေနစ်မြှုပ်ခြင်းနှင့် ကျွဲနွားတိရိစ္ဆာန်များ သေဆုံးရသည့် အရေအတွက်စာရင်းများကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ညောင်လေးပင်ခရိုင်အတွင်းရှိ ရေဘေးသင့် ပြည်သူလူထုများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျှက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ၂၀၂၄ ပထမနှစ်ဝက် လအတွင်း လောင်းလုံး ပကဖ အနေနဲ့ စစ်ဆင်ရေး ၂၄ ခု ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀၂ ဦးထိ ရှင်းလင်းနိုင်ခဲ့ 


ဇူလိုင်လ ၂၉ရက်။ 

Radio NUG

၂၀၂၄၊ ပထမနှစ်ဝက်၊ ဇန်နဝါရီမှ ဇွန်လအတွင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)အနေနဲ့ စစ်ဆင်ရေး ၂၄ ခုအထိ ဖော်ဆောင်နိုင်ခဲ့တယ်လို့ လောင်းလုံ (ပကဖ)ရဲ့ နှစ်ဝက်()လတာ စစ်ဆင်ရေး ဖော်ဆောင်မှု မှတ်တမ်း ထုတ်ပြန်ချက်အရ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးများမှာ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်း မြို့နယ်တို့မှာ ကြိမ်နဲ့ လောင်းလုံမြို့နယ်ထဲမှာ အကြိမ် ၂၀အထိ ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး၊ မြို့ပေါ် စစ်ဆင်ရေး ကြိမ်၊ ဖြတ်တောက် စစ်ဆင်ရေး ကြိမ်၊ ရေကြောင်း စစ်ဆင်ရေး ကြိမ်၊ ရန်သူစခန်းများကို ထိုးစစ် ၁၂ ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။


သရက်ချောင်းမြို့နယ်ဘက်က ပူးပေါင်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သား ၁၇ ဦး၊ ထားဝယ်မြို့နယ်က စစ်ဆင်ရေးမှာ ၁၆ ဦးနဲ့ လောင်းလုံးမြို့နယ်က စစ်ဆင်ရေးများမှာ ၆၉ ဦးထိ သေဆုံးခဲ့ကာ ၅၈ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


တဖက်မှာလည်း လောင်းလုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တပ်ခွဲမှူး ဦးနှင့် ရဲဘော် ဦးတို့လည်း တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ လောင်းလုံး (ပကဖ)က ဂုဏ်ပြု ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီလက်နက်ခဲယမ်း(၇၀)ကျော် သိမ်းဆည်းရမိကာ စစ်သုံ့ပန်း(၂၀)ဦး ဖမ်းဆီးရမိ


ဇူလိုင်လ ၂၉ရက်။

RadioNUG

တအာင်းပြည် တပ်မဟာ ()နယ်မြေ ကျောက်မဲမြို့တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး တပ်မ (၁၁) ခမရ (၅၀၁) တပ်စခန်းတို့မှ လက်နက် (၃၇)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


MA1 ()လက်၊ MA2 ()လက်၊ MA3 (၁၅)လက်၊ MA11 ()လက်၊ M22()လက်၊ RPG ()လက်၊ ၄၅ မမ ()လက်၊ ၆၀မမ ()လက်၊ Pistol ()လက်အပြင် စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် တပ်မဟာ()နယ်မြေ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား တအာင်းတပ်မတော် TNLA မှ လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း (၂၀)ဦး ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း (၂၃) လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)တပ်မဟာ()ထိန်းချုပ်နယ်မြေ မိုးမိတ်မြို့ တွင် စစ်ကောင်စီရဲ့ ခမရ (၃၄၈) တပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အဝေးကင်းစခန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အလားတူ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီရဲ့ ခမရ (၅၀၂)တပ်စခန်းက မန်အောင်ဘုန်းတော်ကြီးကျောင်းဘက်ကို နေ့လည် ၁၁ နာရီမှ ၁၂ နာရီအတွင်း ဟောင်ဝစ်ဇာ အလုံး ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြိး နောင်ချိုမြို့နယ်၊ ရေဖြူဘုန်းကြီးကျောင်း အနီးမှာလည်း စစ်ကောင်စီ တပ်ဖွဲ့က TNLA ရှိရာဘက်ကို ထိုးစစ်ဆင်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် တပ်မဟာ()နယ်မြေ မိုးမိတ်မြို့တွင် လက်ကျန်စစ်ကောင်စီတပ်စခန်းများအား တအာင်းတပ်မတော် TNLA မှ လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ်()လက်၊ RPG ()လက်၊ ငါးကျည်းမြှီး ()လက်၊ ၆၀မမ ပြောင်းတို ()လက်၊ ၆၀မမ ပြောင်းရှည် ()လက်၊ ၈၁ မမ နောက်ပွင့် ()လက် စုစုပေါင်း (၁၃)လက် သိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ လားရှိုးမြို့ရှိ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲ၊ လားရှိုးဘူတာရုံနှင့် တပ်မတော်ဂေါက်ကွင်းများကို သိမ်းပိုက်


ဇူလိုင်လ ၂၉ရက်။ 

RadioNUG

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုသည် လားရှိုးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲနှင့် တပ်မတော်ဂေါက်ကွင်းတို့မှ ရန်သူများကို  ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ကြောင်း BPLAက သတင်းထုတ်ပြန်ပါတယ်။


လားရှိုး မီးရထားဘူတာရုံကိုလည်း MNDAA တပ်များက သိမ်းပိုက်လိုက်ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။


MNDAA တပ်ဖွဲ့၏ အထူးအုပ်ချုပ်ရေး ဒေသ ရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့များလည်း ပြည်သူ့လုံခြုံရေးအတွက် စတင်တာဝန်ယူ လုပ်ဆောင်နေကြကာ လားရှိုးမြို့တွင်း ကင်းလှည့်မှုများကို မဟာမိတ်လုံခြုံရေးတပ်ဖွဲ့များက တိုးမြှင့်ချထားပြီး လုယက်ခိုးယူမှု အပြုအမူကို ထပ်မံတွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးထောက်ပံ့မှုစသည်ဖြင့် အခက်အခဲများ ကြုံတွေ့ရပါက MNDAAတပ်များထံ အကူအညီတောင်းခံနိုင်ပြီး မဟာမိတ်တပ်များကလည်း အဆိုပါပြဿနာကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်းကို သတိပေးထားပါတယ်။


========================


🚩🚩 ၄။ လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီ ပတ်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်


ဇူလိုင်လ ၂၉ရက်။

Radio NUG

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အဆင့်မြင့် မှတ်တိုင်နှင့် ဗိုလ်ချုပ်မှတ်တိုင်ကြားတွင် စစ်ကောင်စီ၏ ပတ်ကင်း ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ God's Hand Forces (GHF) အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။


ဇူလိုင်လ ၂၉ ရက်နေ့ မနက် ၁၀ နာရီ ခွဲခန့်က "M 043 စစ်ဆင်ရေးတစိတ်တဒေသ၊ လေးကြိမ်မြောက် စစ်ရေး ဖော်ဆောင်မှုအဖြစ် အခုလိုပတ်ကင်းယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးသော်လည်း မိမိတို့ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ GHF က ဆိုပါတယ်။


မြို့ပြတွင် စစ်ကောင်စီအနေနဲ့ လုံးဝအုပ်ချုပ်ခွင့်မရ၊ စစ်ကောင်စီ ဒေါက်တိုင်များကို ရိုက်ချိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ စစ်ဆင်ရေး ဖော်ဆောင်မှုများ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီ ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ၊ အထိုင်ကင်းများ၊ ပတ်ကင်းများနဲ့ ဝေးရာမှ ရှောင်ရှားပြီး သွားလာကြဖို့ မေတ္တာရပ်ခံ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ဇူလိုင်လ ၂၉ရက်။ 

Radio NUG

KNU ဒူးသထူ(သထုံ)ခရိုင် အုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်ထဲမှ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် နှစ်ရက်အတွင်း အရပ်သား ပြည်သူ ဦး သေဆုံးကာ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လ ၂၂ ရက် နေ့လည် နာရီမှာ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က ကျေးရွာတွေကို လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ပစ်ခတ်ခဲ့ရာ ရွာလေးရပ်ကွက်၊ လမ်းမှာ နေထိုင်တဲ့ ကိုယ်ဝန်သည် ဦး အပါအဝင် ဒေသခံ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်မှာ သိမ်ဇရပ် မြို့မရဲစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ အမှတ် (၃၁၀)အမြောက်တပ်က အခုလို ပြည်သူများ နေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး တုံပြန်တိုက်ခိုက်ခဲ့တာလို့ KNU က ဆိုပါတယ်။


ထို့အပြင် ဇူလိုင်လ ၂၃ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေး ကျေးရွာအနီးကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မနက် နာရီခန့်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမှတ်(၆၀၂)ဒုံးတပ်က ပျဉ်းကတိုးကုန်း ရွာထဲကို ဟောင်ဝစ်ဇာ(လက်နက်ကြီး) လုံးဖြင့် ပစ်ခတ်ခဲ့တယ်လို့ KNU က ဖော်ပြထားပါတယ်။


အဆိုပါ ပစ်ခတ်မှုအတွင်း တိုက်ပွဲများကြောင့် မြို့ပေါ်ကို စစ်ဘေးရှောင်ရန် ထွက်လာတဲ့ ရွေတွင်းအလုပ်သမား ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ဦး အပါအဝင် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မြိုင်မြို့နယ်က ကျေးရွာ ရွာကို စစ်ကောင်စီက Mi-35 ဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ဦး ဒဏ်ရာရ


ဇူလိုင်လ ၂၉ရက်။

Radio NUG

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာ ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


ဇူလိုင်လ ၂၉ ရက်၊ မနက် ၁၁ နာရီမှာ မြိုင်မြို့နယ်၊ ကန်ကြီးရွာကို စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ဦး လက်မောင်း ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


မြေပြင်တွင် မည်သည့် တိုက်ပွဲမှ ဖြစ်ပွားခဲ့တာ မရှိဘဲ ကျေးရွာထဲက နေအိမ် လုံးကို စက်သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါ နေအိမ်နှစ်လုံးနဲ့ ဆီကားတစီး ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် မွန်းလွဲ နာရီခန့် မှာလည်း ကုန်းပလူ ကျေးရွာကိုလည်း စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်ဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment