၂၀၂၄ သြဂုတ်လ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဖက်ဒရယ်နိူင်ငံကို လူငယ်တွေဟာအဓိကတည်ဆောက်မယ့်သူတွေဖြစ်ပြီး ယုံကြည်တာဝန်ပေးအပ်ရမယ်လို့ ဝန်ကြီးနော်စူဆန်နာလှလှစိုးပြောကြား
📌 ၂။ မြောင်းမြထောင်တွင် မုဒိန်းမှု၊ လူသတ်မှုနှင့် ပြစ်ဒဏ်ကျထားသည့် ပုံစံခန်း တန်းစီး က အသစ်ဝင်လာသော နိုင်ငံရေးအကျဉ်း သားများထံမှ ပုံစံကြေး ငါးသောင်းတောင်း၍မပေးနိုင်သူများကို ရိုက်နှက်
📌 ၃။ "တပ်ပေါင်းစုချီအညာထီ"ဇူလိုင်လအတွက်ထီလက်မှတ်ပေါင်း ခြောက်သောင်းကျော်ရောင်းခဲ့ရပြီး မြန်မာ၊ကိုရီးယား၊အမေရိကန်၊ဂျပန်နိူင်ငံတို့မှအများဆုံးဝယ်ယူအားပေး
📌 ၄။ အကြမ်းဖက်စစ်တပ်က "ဇူလိုင်လအတွင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း၅၅၈မှုကိုကျူးလွန်ခဲ့ပြီးတရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၁၅၇မှုပါဝင်
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူများမှ အောင်သပြေများဖြင့်ကြိုဆို
🚩 ၂။ မြန်မာနိုင်ငံ တော်လှန်ရေးအားကောင်းသောစစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေးနေရ
🚩 ၃။ NOKAUG UGမှပြည်သူများထောက်ပို့မှုနဲ့၄၀မမတလက်အင်အားဖြည့်တင်း
🚩 ၄။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅၄၉၆) ဦးအထိ ရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဖက်ဒရယ်နိူင်ငံကို လူငယ်တွေဟာအဓိကတည်ဆောက်မယ့်သူတွေဖြစ်ပြီး ယုံကြည်တာဝန်ပေးအပ်ရမယ်လို့ ဝန်ကြီးနော်စူဆန်နာလှလှစိုးပြောကြား
သြဂုတ်လ၁၃ရက်
ဖက်ဒရယ်နိူင်ငံကို လူငယ်တွေကသာ အဓိကတည်ဆောက်မယ့်သူတွေဖြစ်ပြီး လူငယ်တွေကိုယုံကြည်တာဝန်ပေးအပ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးကပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် လူငယ်နှင့် လူငယ်အသင်းအဖွဲ့များသို့ အမျိုးသား ညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး မှ ပြောကြားသော ဗီဒီယိုမိန့်ခွန်းစကားမှာဆိုထားပါတယ်။
"လူငယ်တွေဟာခေတ်အဆက်ဆက်တာဝန်ကျေခဲ့တယ်။အခုလည်းတိုက်ပွဲဝင်နေတဲ့နွေဦးတော်လှန်ရေးကလူငယ်တွေဟာ သူတို့ရဲ့ကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်နေတယ်ဆိုတာကို တွေ့ရပါတယ်။ဒီအနာဂါတ်ဟာဆိုလို့ရှိရင်လူငယ်တွေရဲ့လက်ထဲမှာရှိတယ်။ကျမတို့ပုံဖော်တည်ထောင်ချင်တဲ့ ဖက်ဒရယ်နိူင်ငံကြီးဟာဆိုလို့ရှိရင် လူငယ်တွေဟာအဓိကတည်ဆောက်မယ့်သူတွေဖြစ်ပါတယ်။ကျမတို့မှာလူငယ်တွေကိုယုံကြည်ရမယ်။လူငယ်တွေကိုတာဝန်ပေးအပ်ရမယ်။လူငယ်တွေရဲ့ဦးဆောင်မှုကိုနာယူရမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ဘေးရှောင်လူငယ်များကို ကူညီစောင့်ရှောက်မှုများအပြင်သက်မွေးပညာများပါသင်ကြားပေးလျက်ရှိပါတယ်။
========================
📌📌 ၂။ မြောင်းမြထောင်တွင် မုဒိန်းမှု၊ လူသတ်မှုနှင့် ပြစ်ဒဏ်ကျထားသည့် ပုံစံခန်း တန်းစီး က အသစ်ဝင်လာသော နိုင်ငံရေးအကျဉ်း သားများထံမှ ပုံစံကြေး ငါးသောင်းတောင်း၍မပေးနိုင်သူများကို ရိုက်နှက်
သြဂုတ်လ၁၃ရက်
သြဂုတ်လ ၁၃ ရက်မှာ ထောင်အရာရှိနှင့် အခြားအမှုတန်းစီးများမှ နိုင်ကျဉ်းများအား ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)ကအခုလို အသိပေးဖော်ပြထားပါတယ်။
"မြောင်းမြအကျဥ်းထောင်၊ အိပ်ဆောင် (၃)တွင် ဒုထောင်တာဝန်ခံ တင့်လွင် ၊ အဆောင်မှူး စိုးရန်နိုင် နှင့် ကြီးကြပ်ရေးမှူး ကျော်ဇေယျ တို့က ဦးဆောင်၍ ၎င်းတို့၏ လက်အောက်ငယ်သား များဖြစ်ကြသည့် မုဒိန်းမှု/လူသတ်မှုနှင့် အကျဉ်းကျနေသည့် အကျဉ်းသား မောင်အေး (ဆေးမှု)နှင့်အတူ အခြားအကျဉ်းသား ရဲသူအောင် နှင့် တုတ်ပေါ ဆိုသူတို့က နိုင်/ကျဉ်းများအား မတရားဖိနှိပ်မှုများပြုလုပ်ခြင်းဖြစ်ကြောင်း"ဖော်ပြပါတယ်။
မြောင်းမြအကျဥ်းထောင်၊ အိပ်ဆောင် (၃) မှာ မုဒိန်းမှု၊ လူသတ်မှုနှင့် ပြစ်ဒဏ်ကျထားသည့် ပုံစံခန်း တန်းစီး တင့်လွင် က အသစ်ဝင်လာသော နိုင်/ကျဉ်း အချုပ်သားများထံမှ ပုံစံကြေး ငါးသောင်းတောင်းခြင်း၊ မပေးနိုင်သည့် နိုင်/ကျဉ်းများအား ရိုက်နှက်နှိပ်စက်ခြင်း ၊လုပ်အားပေးအလုပ်များတွင် အလုပ်ပိုခိုင်းခြင်းများအား ပြုလုပ်တယ်လို့ဖော်ပြပါတယ်။
ပုံစံကြေးပေးနိုင်တဲ့ နိုင်/ကျဉ်း တွေကျတော့ လုပ်အားပေးများတွင် သက်သာသော အလုပ်များကိုသာ ခိုင်းစေပြီးမြောင်းမြအကျဥ်းထောင်မှ အရာရှိများသည် ညဘက် မူးယစ်သောက်စားလာပြီး နိုင်/ကျဉ်း ဘာယာများကို
ခေါ်ယူ၍ ရစ်ခြင်း၊ ၎င်းတို့အိမ်ကိစ္စ၊ မိသားစုကိစ္စများနဲ့ စိတ်တိုဒေါသထွက်လာတဲ့အခါတွင်လည်း အမေ/ နှမများဖြင့် ကိုင်တုတ်ဆဲတာမျိုးတွေထိ ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင်် စကစမှ မတရားအာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်အသီးသီး၌ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်/ကျဉ်းများအား ထောင်အာဏာပိုင်များနှင့် ၎င်းတို့၏လက်ပါးစေ အခြားမှု တန်းစီးများမှ အနိုင်ကျင့်ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိရာ မြောင်းမြအကျဥ်းထောင်သည်လည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၃။ "တပ်ပေါင်းစုချီအညာထီ"ဇူလိုင်လအတွက်ထီလက်မှတ်ပေါင်း ခြောက်သောင်းကျော်ရောင်းခဲ့ရပြီး မြန်မာ၊ကိုရီးယား၊အမေရိကန်၊ဂျပန်နိူင်ငံတို့မှအများဆုံးဝယ်ယူအားပေး
သြဂုတ်လ၁၃ရက်
"တပ်ပေါင်းစုချီအညာထီ"ဇူလိုင်လအတွက်ထီလက်မှတ်ပေါင်း ခြောက်သောင်းကျော်ရောင်းခဲ့ရပြီး မြန်မာ၊ကိုရီးယား၊အမေရိကန်၊ဂျပန်နိူင်ငံတို့မှအများဆုံးဝယ်ယူအားပေးခဲ့ကြောင်းကို သြဂုတ်လ၁၃ရက်မှာ တပ်ပေါင်းစုချီအညာထီကအသိပေးဖော်ပြပါတယ်။
"တပ်ပေါင်းစုချီအညာထီ"ရဲ့ (၉) ကြိမ်မြောက် ဇူလိုင်လအတွက် ငွေစာရင်းရှင်းတမ်းနဲ့ နိုင်ငံအလိုက် ရောင်းအားစာရင်းကို အညာထီလေးကို ၀န်းရံ အားပေး ထောက်ပို့နေကြတဲ့ ပြည်သူ
အများထံ ထုတ်ပြန်လိုက်ရပါတယ်။ဩဂုတ်လ (၁၀) ကြိမ်မြောက်အတွက် အညာထီလေးတွေလည်း နိုင်ငံအလိုက်ကိုယ်စားလှယ်တွေကတစ်ဆင့်ဖြစ်ဖြစ်၊ တပ်ပေါင်းစုချီ အညာထီ"ရဲ့ Page က ဖြစ်ဖြစ် လာရောက် အားပေး ထောက်ပို့ ကူညီနိုင်ကြပါကြောင်း ကိုလည်း ထပ်မံ တိုက်တွန်းအပ်ပါတယ်"လို့ဆိုထားပါတယ်။
တပ်ပေါင်းစုချီအညာထီလက်မှတ်ကိုဇူလိုင်လအတွင်းရောင်းချရာစောင်ရေ၆၃၂၅၇စောင်ရောင်းချခဲ့ရပြီးရောင်းချငွေကြေးများကို တော်လှန်ရေးတပ်များနှင့်CDMဝန်ထမ်းများထံ ပံ့ပိုးကူညီခဲ့ကြပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်က "ဇူလိုင်လအတွင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း၅၅၈မှုကိုကျူးလွန်ခဲ့ပြီးတရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၁၅၇မှုပါဝင်
သြဂုတ်လ၁၃ရက်
အကြမ်းဖက်စစ်တပ်က "ဇူလိုင်လအတွင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း၅၅၈မှုကိုကျူးလွန်ခဲ့ပြီးတရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၁၅၇မှုပါဝင်တယ်လို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း စုဆောင်းရရှိခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လူ့အခွင့်ရေးဒုဝန်ကြီး ခွန်ဗဟန်းထန်ကပြောကြားပါတယ်။
"ဇူလိုင်လအတွင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုစုစုပေါင်း၅၅၈မှုကိုဝန်ကြီးဌာနအနေနဲ့ကောက်ယူမှတ်တမ်းတင်ရရှိတာဖြစ်ပြီးတော့ ဒီအမှုတွေထဲမှာ တရားလက်လွတ်သတ်ဖြတ်ခဲ့တဲ့အမှုပေါင်း၁၅၇မှု၊နေအိမ်နဲ့ ကိုယ်ပိုင်ကစ္စည်းများကိုမီးရှို့ဖျက်ဆီးခဲ့တာ၈၇မှု၊မတရားဖမ်းဆီးခဲ့တဲ့အမှုပေါင်း၄၄မှုတို့အပါအဝင်အခြားလူ့အခွင့်အရေးချိုးဖောက်မှု၂၇၀မှုကိုကောက်ယူရရှိခဲ့တာပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေ ကတဆင့် ကောက်ယူမှတ်တမ်းတင်လျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူများမှ အောင်သပြေများဖြင့်ကြိုဆို
ဩဂုတ် ၁၃ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ပြည်သူတွေက အောင်သပြေတွေနဲ့ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)မှ ဩဂုတ်လ ၁၃ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက တကောင်းမြို့ကို ဩဂုတ်၁၁ရက်က စတင်တိုက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၂ရက် မနေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား သေဆုံးမှုများပြားခဲ့တယ်ဆိုတာနဲ့ အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင် ပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တကောင်းမြို့သိမ်းတိုက်ပွဲကို အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ)တွေ၊ တကောင်းတိုက်နယ် (ပကဖ) တွေ ပူးပေါင်းပြီး တကောင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာပါ။
တကောင်းမြို့သည် ဧရာဝတီမြစ်ကမ်းဘေးမြို့ဖြစ်ပြီး မြောက်ဘက်တွင် ထီးချိုင့် ၊တောင်ဘက်တွင် သပိတ်ကျင်း ၊အနောက်မြောက်ဘက်တွင် ကောလင်းမြို့ ၊အနောက်တောင်ဘက်တွင် ကျွန်းလှမြို့ ၊အရှေ့ဘက်တွင် မဘိမ်းမြို့တို့တည်ရှိသည်။
တကောင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၀ရက်ကလည်းအင်းနက်ကျေရွာရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့သည်။
အင်းနက်ကျေးရွာသည် ထီးချိူင့်မြို့နှင့် ပိုနီးပြီး တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် တကောင်းနီကယ်စက်ရုံအနီး၌ တည်ရှိသည်။
ထီးချိူင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံကိုလည်း KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ထို့အပြင် သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီစခန်းများအပြားကိုလည်း မန္တလေး PDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်စင်တိုက်ခိုက်နေပြီး စခန်းအများအပြား သိမ်းယူထားသည်။
လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၈၀ ခန့် ရှိလာပြီဖြစ်တယ်လို့သိရပါသည်။
========================
🚩🚩 ၂။ မြန်မာနိုင်ငံ တော်လှန်ရေးအားကောင်းသောစစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေးနေရ
ဩဂုတ်လ(၁၃)ရက်
မြန်မာနိုင်ငံအထက်ပိုင်းရှိ တော်လှန်ရေးအားကောင်းသော စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာ ၁၆ ရွာကို ကန့်ဘလူအခြေစိုက် ခမရ-၃၆၁နှင့် ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝအဖွဲ့မှ အင်အား၁၆၀သည် ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ်လ ၈ ရက်နေ့အထိ ၂ ပတ်ကျော်အကြာ စစ်ကြောင်းထိုးပြီး အိမ်ခြေပေါင်း ၆၀၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့မှ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကြောင်းနှင့် ပျူအဖွဲ့များက ဇူလိုင် ၂၅ ရက်နေ့မှစတင်ပြီး ကန့်ဘလူမြို့နယ် ညောင်ဇင်းရွာ၊ သရက်ကောင်းရွာတို့မှစတင်ပြီး တစ်ရက်လျှင် ၂ ရွာနှုန်းရွာလုံးကျွတ်မီးရှို့ခဲ့ကြပါတယ်။ ထိုရွာများမှ ပြည်သူများလည်း ၂ ပတ်ကျော်သည်အထိ စစ်ရှောင်နေကြရပြီး ဒုက္ခအတိရောက်နေကြရပါတယ်။
မိုးတွင်းကာလဖြစ်သည်နှင့်အညီ မိုးကာများ၊ အစားအသောက်များ၊ ကျန်းမာရေးအတွက်ဆေးဝါးများ အရေးတကြီးလိုအပ်နေပြီး စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်လျက် ရှိပါတယ်။ ဘေးပတ်ဝန်းကျင်ရွာများမှလည်း စစ်ကြောင်းအခြေအနေကြောင့် ကူညီပံ့ပိုးမှုမလုပ်နိုင်တာတွေလည်း ပါပါတယ်။ အာဏာသိမ်းစစ်တပ်၏ ကန့်ဘလူအခြေစိုက် ခမရ-၃၆၁နှင့် ပျူစောထီးအဖွဲ့တို့သည် ကန့်ဘလူမြို့နယ် မင်းကုန်းရွာတွင် အင်အား ၁၀၀ကျော်၊ ဘိုတဲကုန်းရွာတွင် အင်အား ၆၀ ခန့်နှင့် ရွာမရွာတွင် အင်အား ၁၃၇ ဦးခန့် တပ်စွဲထားကြောင်းသိရပါတယ်။
မြန်မာနိုင်ငံ အထက်ပိုင်းရှိ တော်လှန်ရေးအင်အားကောင်းသော စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို အာဏာသိမ်းစစ်တပ်သည် မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သလို စစ်ကြောင်းထိုးပြီး ကျေးရွာများကို မြေလှန်စနစ်ဖြင့် မီးရှို့းဖျက်ဆီးခဲ့ကြပါတယ်။ ဒီနှစ်တွင် မိုးခေါင်ခြင်းနှင့် စစ်ကြောင်းထိုးမှုများကြောင့် ပြည်သူများသည် ကောင်းစွာ တောင်ယာမလုပ်နိုင်ဘဲ အခက်ခဲမျိုးစုံဖြင့် ကြုံတွေ့နေရပါတယ်။ ယခုအချိန် ကန့်ဘလူမြို့တွင် စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိပါတယ်။
========================
🚩🚩 ၃။ NOKAUG UGမှပြည်သူများထောက်ပို့မှုနဲ့၄၀မမတလက်အင်အားဖြည့်တင်း
သြဂုတ်လ၁၃ရက်
NOKAUG UGမှပြည်သူများထောက်ပို့မှုနဲ့၄၀မမတလက်အင်အားဖြည့်တင်းဝယ်ယူခဲ့တယ်လို့ သြဂုတ်လ၁၃ရက်မှာ NOKAUG UGမှတရားဝင်အသိပေးဆိုပါတယ်။
"ကျွန်တော်တို့လိုချင်တဲ့ 79(၄၀မမ) ရောက်ရှိပါပြီဗျာ။မကြာခင်မှာ မြို့ပြမှာ မမနဲ့အကြွေးတောင်းမယ်ဗျို့။ဝယ်ယူနိုင်ရန် ကူညီပေးကြသော ပြည်သူထောက်ပို့တစ်ယောက်ချင်းစီကို
ကျွန်တော်တို့ NOKA UG မှ ကျေးဇူးတင်ပါကြောင်း အလေးပြုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များဟာ မွမ်းမံသင်တန်းများတက်ရောက်ခြင်းနဲ့လက်နက်တပ်ဆင်ခြင်းများလုပ်ဆောင်လျက်ရှိပါတယ်။
========================
🚩🚩 ၄။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅၄၉၆) ဦးအထိ ရှိလာ
သြဂုတ်လ၁၃ရက်
နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅၄၉၆) ဦးအထိ ရှိနေပြီလို့ သြဂုတ်လ ၁၂ ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPကဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ သြဂုတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၄၉၆) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။
အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၃၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဆိုပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၁၈၄) ဦးရှိပြီး ထိုအထဲမှ (၂၀၇၄၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၂၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment