13th AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက(၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့

📌 ၂။ နွေဦးတော်လှန်ရေးအလွန်ကာလတွင် ပိုမိုကောင်းမွန်လာမည့်လူ့အဖွဲ့အစည်းဖြစ်ပေါ်လာရေးအတွက် လူငယ်များနှင့်အတူ အားသွန်ခွန်စိုက်ပါဝင်အားဖြည့်မယ်လို့ယာယီသမ္မတကတိပြု

📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ် အခြေစိုက်မြေပြင်တက္ကသိုလ်တစ်ခုဖြစ်သော ချင်းတွင်းပညာရပ်စုံတက္ကသိုလ် - CCU သို့ ဆက်သွယ်ရန် Facebook  page တစ်ခုတည်းကိုသာ အသုံးပြုနေတယ်လို့အသိပေး

📌 ၄။ အထူးဒေသ() အမှတ်()ပြည်သူ့ဆေးရုံတွင် မွေးကင်းစကလေးများအတွက် တတိယအကြိမ် ကာကွယ်ဆေး အခမဲ့ထိုးပေးခဲ့

📌 ၅။ ဇူလိုင်လအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်းမှ အမေရိကန်ဒေါ်လာ 784,263 ခန့် ရရှိ

📌 ၆။ ၈၈၈၈ (၃၆)နှစ်မြောက် အထိမ်းအမှတ် စက်ဘီးစီးပွဲမှ ရန်ပုံငွေစတာလင်ပေါင် ၁၅၀၀၀)ကျော်ကို စစ်ဘေးရှောင်များအတွက် လှူဒါန်းမယ်

📌 ၇။ ကိုရီးယားနိူင်ငံအင်ချွန်းမြို့မှာ Lose and Hope ရုပ်ရှင်ကိုအောင်မြင်စွာနဲ့ပြသနိုင်ခဲ့

📌 ၈။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းစကစတပ်များကအရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရ


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် ()ဖွဲ့ အသိပေး

🚩 ၂။ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ မိတ်ဖက်တော်လှန်ရေး အဖွဲ့များကို ကျေးဇူးတင်ကြောင်း MDY - PDF ထုတ်ပြန် 

🚩 ၃။ ရှမ်းတောင် ၁၀၀၈ တပ်ရင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ပြုလုပ်

🚩 ၄။ လားရှိုးတွင် တစ်အိမ်လျှင် တစ်ဦး စစ်မှုမထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းမည်ဆိုသော MNDAA ကြေညာချက်အတုကို ထုတ်လုပ် ဖြန့်ဝေ

🚩 ၅။ ရိက္ခာအတွက် တောင်ကြီးနဲ့ ရပ်စောက်မှာ RCSS က တစ်အိမ် သိန်းကောက်

🚩 ၆။ မိုးကုတ်မြို့နယ်တွင် စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား ဖမ်းဆီးအရေးယူ

🚩 ၇။ ကျိန္တလီမြို့တွင် ရဲနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြပြီး သေဆုံးမှုများပြား

🚩 ၈။ ရေဖြူမြို့နယ် ကျောက်ကညှာရွာရှိ ပြည်သူနေအိမ်များတွင် လာရောက် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစုများပစ်ခတ်တိုက်ခိုက်

🚩 ၉။ စလင်းမြို့မ ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ဦးသေဆုံး  

🚩 ၁၀။ မင်းလှမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦး ပစ်ခတ်ရှင်းလင်းခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက(၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့


သြဂုတ်လ ၁၂ရက်။

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရက(၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


သြဂုတ်လ၁၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရကသဝဏ်လွှာကိုပေးပို့ခဲ့တယ်လို့ဖော်ပြပါတယ်။


(၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့တွင် ကရင်အမျိုးသားခေါင်းဆောင်များ၊ ကရင်တိုင်းရင်းသား လူထုအပေါင်းနှင့် အကြမ်းဖက်စစ်အာဏာရှင်ကို မဟာမိတ်တိုင်းရင်းသား ပြည်သူလူထု နှင့် အတူလက်တွဲ တွန်းလှန်တိုက်ခိုက်နေသော ကရင့်စစ်သည်တော်များအားလုံး ဘေးရန်ကင်းကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ပဏာမ ဆုမွန်တောင်းအပ်တယ်လို့ဖော်ပြပါတယ်။


ကရင်အမျိုးသားထုတရပ်လုံး၏ခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစိုင်းကေတို့သည် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးကျေးရွာ၌ အကြမ်းဖက်စစ်အာဏာရှင်နှင့် အပေါင်းအပါများအား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပြီး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိစေရေးအတွက် ပေးဆပ်သွားသော ကရင်အမျိုးသား သူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် ခေါင်းဆောင်ကြီး စောဘဦးကြီးတို့အဖွဲ့ ကျဆုံးသွားသည့် သြဂုတ်လ (၁၂) ရက်နေ့ကို မေ့ပျောက်၍မရပါသော ကရင်အမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်၍ ကျင်းပလာခဲ့ကြရာ ယခု (၇၄)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင် ဖန်တီးခွင့်ရရှိရေးအတွက် နှစ်ပေါင်း(၇၀)ကျော် တိုက်ပွဲဝင်လာခဲ့ကြပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ရသော ကရင်ပြည်သူလူထုနဲ့ ကရင်ရဲဘော်သူရဲကောင်း အာဇာနည်များ၏တန်ဖိုးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယနေ့အချိန် ကာလရောက်သည်ထိ အောက်မေ့ဖွယ်အဖြစ် အစဉ်အမြဲ ဂါရဝပြုအပ်တယ်လို့ဖော်ပြပါတယ်။


ကရင်အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်ရည်သော စံတန်ဖိုးများဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကြီး ပေါ်ပေါက်ရေးအတွက် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူ လူထုတရပ်လုံးနဲ့ ပူးပေါင်းကာ ဟန်ချက်ညီညာစွာ စုပေါင်း တော်လှန်ရမည့် ကာလဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ကရင်ဒေသအပါအဝင် မြန်မာတနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် ကရင်တိုင်းရင်းသားမဟာမိတ်နှင့် လက်တွဲညီညာစွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက်ကတိပြု၍ (၇၄)နှစ် ပြည့်မြောက်သော ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား ပေးပို့အပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ဖော်ပြပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးအလွန်ကာလတွင် ပိုမိုကောင်းမွန်လာမည့်လူ့အဖွဲ့အစည်းဖြစ်ပေါ်လာရေးအတွက် လူငယ်များနှင့်အတူ အားသွန်ခွန်စိုက်ပါဝင်အားဖြည့်မယ်လို့ယာယီသမ္မတကတိပြု


သြဂုတ်လ ၁၂ရက်။

Radio NUG

နွေဦးတော်လှန်ရေးအလွန်ကာလတွင် ပိုမိုကောင်းမွန်လာမည့်လူ့အဖွဲ့အစည်းဖြစ်ပေါ်လာရေးအတွက် လူငယ်များနှင့်အတူ အားသွန်ခွန်စိုက်ပါဝင်အားဖြည့်မယ်လို့ ယာယီသမ္မတ ကတိပြုပြောကြားလိုက်ပါတယ်။


ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် လူငယ်နှင့် လူငယ်အသင်းအဖွဲ့များသို့ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလမှပေးပို့သော သဝဏ်လွှာမှာဆိုထားပါတယ်။


"မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်တော်လှန်လူငယ်အပေါင်း၏စွန့်လွှတ်အနစ်နာခံမှု၊ ရဲရင့်ပြတ်သားမှု၊ ကြိုးစားအားထုတ်မှုတို့ကို အသိအမှတ်ပြုဂုဏ်ယူပြီး နွေဦးတော်လှန်ရေးအလွန်ကာလတွင် ပိုမိုကောင်းမွန်လာမည့် လူ့အဖွဲ့အစည်းဖြစ်ပေါ်လာရေးအတွက် လူငယ်များနှင့်အတူ အားသွန်ခွန်စိုက်ပါဝင်အားဖြည့်မည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုအပ်ပါတယ်"လို့ယာယီသမ္မတကဆိုထားပါတယ်။


ဒါ့အပြင်မြန်မာနိူင်ငံ၏အနာဂါတ်ကံကြမ္မာမှာ လူငယ်ထုလက်ထဲတွင်ရှိနေပြီးလူငယ်ထု၏အသံမှာလူထုအသံ ဖြစ်တယ်လို့ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ် အခြေစိုက်မြေပြင်တက္ကသိုလ်တစ်ခုဖြစ်သော ချင်းတွင်းပညာရပ်စုံတက္ကသိုလ် - CCU သို့ ဆက်သွယ်ရန် Facebook  page တစ်ခုတည်းကိုသာ အသုံးပြုနေတယ်လို့အသိပေး


သြဂုတ်လ ၁၂ရက်။

Radio NUG

စစ်ကိုင်းဖက်ဒရယ်ယူနစ် အခြေစိုက်မြေပြင်တက္ကသိုလ်တစ်ခုဖြစ်သော ချင်းတွင်းပညာရပ်စုံတက္ကသိုလ် - CCU သို့ ဆက်သွယ်ရန် Facebook  page တစ်ခုတည်းကိုသာ အသုံးပြုနေတယ်လို့အသိပေးဆိုပါတယ်။


သြဂုတ်လ၁၂ရက် NUGပညာရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ စစ်ကိုင်းဖက်ဒရယ်ယူနစ် အခြေစိုက်မြေပြင်တက္ကသိုလ်တစ်ခုဖြစ်သော ချင်းတွင်းပညာရပ်စုံတက္ကသိုလ် - CCU သို့ ဆက်သွယ်ရန် Facebook link (လုံခြုံရေးအရ, ယခု page တစ်ခုတည်းကိုသာ အသုံးပြုနေပြီး ဆက်သွယ်ချိတ်ဆက်မှုများကို CCU facebook page messenger) မှတဆင့်သာ ဆက်သွယ်ပေးနိုင်ပါရန် အသိပေးအပ်တယ်လို့ဖော်ပြပါတယ်။


ချင်းတွင်းဘာသာရပ်စုံတက္ကသိုလ်တွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်များ၊ လူမှုသိပ္ပံ ဘာသာရပ်များ၊ စိုက်ပျိုးရေးဘာသာရပ်များ၊ ကျေးလက်ဖွံဖြိုးရေးဘာသာရပ်များ၊ အဝေးသင်တက္ကသိုလ်ပညာရေးအစီစဉ်များနှင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းများ သင်ကြားပို့ချပေးနေပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်တွင်ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသော ပညာရပ်စုံတက္ကသိုလ်အဖြစ် ရပ်တည်လျှက်ရှိပါတယ်။


========================


📌📌 ၄။ အထူးဒေသ() အမှတ်()ပြည်သူ့ဆေးရုံတွင် မွေးကင်းစကလေးများအတွက် တတိယအကြိမ် ကာကွယ်ဆေး အခမဲ့ထိုးပေးခဲ့


သြဂုတ်လ ၁၂ ရက်။

RadioNUG

သြဂုတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အထူးဒေသ() အမှတ်() ပြည်သူ့ဆေးရုံတွင် မွေးကင်းစကလေးများအတွက် တတိယအကြိမ် ကာကွယ်ဆေး အခမဲ့ထိုးပေးခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အရ လစဉ် ၁၁ ရက်နေ့သည် အခမဲ့ ကာကွယ်ဆေးထိုးသည့်နေ့ ဖြစ်တယ်လို့ သိရပါတယ်။


လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မိသားစုများက ၎င်းတို့၏ ကလေးများနှင့် မွေးကင်းစကလေးများကို ကာကွယ်ဆေးထိုးရန် ခေါ်ဆောင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ကာကွယ်ဆေးထိုးခြင်းအတွက် အခြားဆေးရုံများမှ ထုတ်ပေးသော ကာကွယ်ဆေးထိုးကတ်များကို ကိုင်ဆောင်ထားသရွေ့ အထူးဒေသ() အမှတ်()ပြည်သူ့ဆေးရုံးတွင် အခမဲ့ ကာကွယ်ဆေးထိုးပေးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ဇူလိုင်လအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်းမှ အမေရိကန်ဒေါ်လာ 784,263 ခန့် ရရှိ


ဩဂုတ်လ ၁၂ရက်။ 

RadioNUG

ဇူလိုင်လအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားဦးရေ 29,545 ဦးနှင့် ထောက်ပို့ငွေပမာဏ အမေရိကန်ဒေါ်လာ 784,263 ခန့် ရရှိကြောင်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF က သတင်းထုတ်ပြန်ပါတယ်။


စစ်ကိုင်းတိုင်းမှာ ထောက်ပို့တပ်သားဦးရေ 2,398 ဦးနှင့် ထောက်ပို့ငွေပမာဏ အမေရိကန်ဒေါ်လာ 53,000 ခန့် အများဆုံး ရရှိခဲ့ပြီး မန္တလေးတိုင်းက ဒုတိယအများဆုံး ရရှိခဲ့တယ်လို့ သိရပါတယ်။


ဇူလိုင်လအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၆။ ၈၈၈၈ (၃၆)နှစ်မြောက် အထိမ်းအမှတ် စက်ဘီးစီးပွဲမှ ရန်ပုံငွေစတာလင်ပေါင် ၁၅၀၀၀)ကျော်ကို စစ်ဘေးရှောင်များအတွက် လှူဒါန်းမယ်


သြဂုတ်လ ၁၂ရက်။

Radio NUG

၈၈၈၈ (၃၆)နှစ်မြောက် အထိမ်းအမှတ် စက်ဘီးစီးပွဲမှ ရန်ပုံငွေစတာလင်ပေါင် ၁၅၀၀၀)ကျော်ကို စစ်ဘေးရှောင်များအတွက် လှူဒါန်းမယ်လို့သတင်းရရှိပါတယ်။


၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ၈၈၈၈ (၃၆)နှစ်မြောက် အထိမ်းအမှတ် ၃၆ ကီလိုမီတာ စက်ဘီးစီး ရန်ပုံငွေပွဲကို ယူကေနိုင်ငံ လန်ဒန်မြို့တွင် ကျင်းပခဲ့ရာ ပါဝင်ဆင်နွှဲသူများက လန်ဒန်မြို့လယ်ရှိ အထင်ကရနေရာများတွင် လှည့်လည် စီးနင်းခဲ့ကြပြီး လန်ဒန် Green Park ပန်းခြံမှာ ပန်းဝင်ခဲ့ကြပါတယ်။


အဆိုပါ စက်ဘီးစီးရန်ပုံငွေပွဲမှ https://gofund.me/90b8084d ဖြင့် အလှူငွေများ ကောက်ခံလျက်ရှိပြီး လက်ရှိအချိန်အထိ မြန်မာငွေသိန်းတစ်ထောင် (စတာလင်ပေါင် ၁၅၀၀၀)ကျော်အလှူငွေ ရရှိခဲ့တယ်လို့သိရပါတယ်။


အဆိုပါငွေများကို မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီကြောင့် ဒုက္ခခံစားနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူများအတွက် ဆက်လက်ထောက်ပံ့နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကတဆင့် လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရှိရပါတယ်။


ဝန်ကြီးဌာနအနေနှင့် ရန်ပုံငွေအစီစဉ်တွင် ပါဝင်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် စစ်ဘေးရှောင် ပြည်သူများထံ လက်ဝယ်ရောက်ရှိနိုင်ရေး ဆက်လက် ထောက်ပံ့သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ကိုရီးယားနိူင်ငံအင်ချွန်းမြို့မှာ Lose and Hope ရုပ်ရှင်ကိုအောင်မြင်စွာနဲ့ပြသနိုင်ခဲ့


သြဂုတ်လ ၁၂ရက်။

Radio NUG

ကိုရီးယားနိူင်ငံအင်ချွန်းမြို့မှာLose and Hope ရုပ်ရှင်ကိုအောင်မြင်စွာနဲ့ပြသနိုင်ခဲ့ပါတယ်။


သြဂုတ်လ၁၂ရက် MFDMCကအသိပေးဖော်ပြပါတယ်။


"အင်ချွန်းမြို့မှာလဲ Lose and Hope ရုပ်ရှင်ကို

အောင်မြင်စွာနဲ့ပြသနိုင်ခဲ့ပါပြီ။ အင်ချွန်းမြို့မှာ ရုပ်ရှင်ပြသနိုင်ရေးအတွက် အဘက်ဘက်ကနေ ပူးပေါင်းကူညီပေးကြပါသော ညီကိုမောင်နှမအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ရုပ်ရှင်လက်မှတ်(၃၀၈)စောင်ပြည့်အောင် ဝယ်ယူထောက်ပို့ပေးကြပါသော ထောက်ပို့ရဲဘော်အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။


စက်တင်ဘာ၁ရက်နေ့တွင်ဂင်မဲမြို့မှာ ပြသသွားမယ်လို့သိရပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းစကစတပ်များကအရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရ


သြဂုတ်လ ၁၂ရက်။

RadioNUG

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းစကစတပ်များကအရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ဇူလိုင်လနောက်ဆုံးအပတ်မှစတင်၍ အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းသို့ နေ့စဉ်စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ကျေးရွာ ၂၀ ဝန်းကျင်မှ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ဖော်ပြပါတယ်။


ထို့ပြင် စစ်ရာဇဝတ်မှုများကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိသည့် စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ လွယ်ပန်းကျေးရွာကို ဩဂုတ်လ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ဆောင်၊  ဆန်စက်၊ နေအိမ်များနှင့် ရေပိုက်လိုင်းများ ထိခိုက်ပျက်စီးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ် ()ဖွဲ့ အသိပေး


ဩဂုတ်လ ၁၂ရက်။ 

RadioNUG

စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များနှင့် အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်း ညီနောင်မဟာမိတ်()ဖွဲ့မှ အသိပေးထုတ်ပြန်ပါတယ်။


ညီနောင်မဟာမိတ်()ဖွဲ့ရဲ့ စစ်ဆင်ရေးနှင့်အတူ ညီနောင်မဟာမိတ်()ဖွဲ့အား ထောက်ခံအားပေးကြသော အဖိနှိပ်ခံ မြန်မာပြည်သူ လူထုတစ်ရပ်လုံးကိုလည်း လေးနက်စွာ ဂုဏ်ပြုကျေးဇူးတင်ရှိပြီး ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သော အောင်မြင်မှု၊ မြို့သိမ်းတိုက်ပွဲများအပေါ် ဂုဏ်ပြုလွှာများ ပေးပို့လာကြသည့် အဖွဲ့အစည်းအသီးသီးနှင့် ဂုဏ်ပြုစကားပါးပေးကြသော လူပုဂ္ဂိုလ် အသီးသီးတို့အားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ မိတ်ဖက်တော်လှန်ရေး အဖွဲ့များကို ကျေးဇူးတင်ကြောင်း MDY - PDF ထုတ်ပြန် 


ဩဂုတ်လ ၁၂ ရက်။ 

Radio NUG

၁၀၂၇ စစ်ဆင်ရေး အပိုင်း ” “ရှမ်း-မန်း စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ မိတ်ဖက်တော်လှန်ရေး တပ်ဖွဲ့များကို ကျေးဇူးတင်ရှိပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဩဂုတ်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)အနေဖြင့်၁၀၂၇ စစ်ဆင်ရေး အပိုင်း နဲ့ရှမ်း-မန်း စစ်ဆင်ရေးတို့မှာ ဟန်ချက်ညီညီ ပူးပေါင်း တိုက်ပွဲဝင်နေပြီး လက်ရှိမှာ စစ်ရေးပစ်မှတ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပေါက်မြောက်အောင်မြင်ထားနိုင်ပြီးလို့ ဆိုပါတယ်။


ထို့သို့ အောင်မြင်စွာ ဖော်ဆောင်နိုင်ခြင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)နှင့် မဟာမိတ် ပူပေါင်းတပ်များရဲ့ အခန်းကဏ္ဍက အရေးပါပြီး ဟန်ချက်ညီ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီ အနေနဲ့ အထိနာ ကျရှုံးမှုများ ရင်ဆိုင်နေရတာလို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အနေနဲ့ရှမ်း-မန်း စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ မိတ်ဖက်တော်လှန်ရေး တပ်ဖွဲ့များကို အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်း နိုင်တဲ့အထိ ဆက်လက် လက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်း အသိပေးထားပါတယ်။


လက်ရှိမှာ ကျောက်ဆည်ခရိုင် တပ်ရင်း () ကျောက်ဆည်ခရိုင် တပ်ရင်း () မြင်းခြံခရိုင် တပ်ရင်း () မတ္တရာမျိုးမှန်တပ်ဖွဲ့၊ ညောင်ဦးခရိုင်တပ်ရင်း () ရွှေဘိုခရိုင် တပ်ရင်း () ရွှေဘိုခရိုင် တပ်ရင်း () ရွှေဘိုခရိုင် တပ်ရင်း (၁၀) ရွှေဘိုခရိုင် တပ်ရင်း (၁၄) ရွှေဘိုခရိုင် တပ်ရင်း (၁၅) ရွှေဘိုခရိုင် တပ်ရင်း (၁၆) ရွှေဘိုခရိုင် တပ်ရင်း (၁၈) ရွှေဘိုခရိုင် တပ်ရင်း (၂၃) ရွှေဘိုခရိုင် တပ်ရင်း (၂၅) ရွှေဘိုခရိုင် တပ်ရင်း (၂၆) ရေစကြို ဒေါင်း- ညီနောင်တပ်ဖွဲ့၊ ဝက်လက် ဒေါင်းနီတပ်ဖွဲ့၊ စဉ့်ကိုင် တော်လှန်ရေး တပ်ဖွဲ့၊ National Liberation Army (NLA) တမူး နဲ့ တလုပ် PDF တပ်ဖွဲ့တို့ကရှမ်း-မန်း စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ရှမ်းတောင် ၁၀၀၈ တပ်ရင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ပြုလုပ်


ဩဂုတ်လ ၁၂ ရက်။

Radio NUG

ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု (1008 - SSRY Eagle Force) နောက်တန်း စခန်းမှာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး CDM ဗိုလ်ကြီး နေမျိုးဇင်က အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အောင်ပွဲမုခ်ဦးကို မြင်နေရပြီ ဆိုပင်မဲ့ …. မုခ်ဦးအောက်ကို တကယ်ရောက်ဖို့ မုခ်းဦး အောက်မှာကိုယ့်ရဲ့ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီ State Building ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ဖို့ အကုန်လုံးက နည်းပညာအထောက်အကူ တွေလိုအပ်ပါတယ်လို့ ဗိုလ်ကြီး နေမျိုးဇင်က ဆိုပါတယ်။


ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (၂၅)နှစ်ပြည့်ကို လေးစား ဂုဏ်ပြုသကဲ့သို့ အာဏာရှင် တော်လှန်ရေးမှာ ဦးဆောင်နေကြ၊ ပါဝင်နေကြတဲ့ မြန်မာ့လူငယ် ခေါင်းဆောင်များကိုလည်း 1008 - SSRY Eagle Force က လေးစားဂုဏ်ယူကြောင်း ထုတ်ပြန်ထားပါတယ်။


အဆိုပါ လူငယ်များနေ့ အခမ်းအနား နှင့်အတူ အလှူရှင်များမှ လှူဒါန်းထားတဲ့ကျည်ကာဦးထုပ် (၁၇)လုံးနဲ့ စစ်ဖိနပ် အရံ ၇၀ တို့ကို ရှမ်းတောင်ဒေသမှ ပြည်သူ့ကာကွယ်ရေး တပ် ခုကို တပ်ဆင်ပေးခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ လားရှိုးတွင် တစ်အိမ်လျှင် တစ်ဦး စစ်မှုမထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းမည်ဆိုသော MNDAA ကြေညာချက်အတုကို ထုတ်လုပ် ဖြန့်ဝေ


ဩဂုတ်လ ၁၂ရက်။ 

RadioNUG

အကြမ်းဖက် စစ်ကောင်စီနှင့် စစ်တပ်လော်ဘီများက ဩဂုတ်လ ၁၁ ရက်နေ့ နေ့စွဲဖြင့် လားရှိုးမြို့တွင် တစ်အိမ်လျှင် တစ်ဦး စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းလျှင် ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဆိုသော MNDAA  ကြေညာချက်အတုကို ထုတ်လုပ် ဖြန့်ဝေနေကြောင်း သိရပါတယ်။


MNDAA ကြေညာချက် အတုတွင် တစ်အိမ်လျှင် တစ်ဦး MNDAA တွင် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အသက် ၁၆ နှစ်မှ အသက် ၅၀ အထိ အကျုံးဝင်ကြောင်း၊ စစ်မှုမထမ်းလျှင် MNDAA က ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဖြစ်ကြောင်း ရေးသားထားပြီး MNDAA ကြေညာချက်အတုကို စစ်ကောင်စီတပ်နှင့် စစ်တပ်လော်ဘီများ၏ တယ်လီဂရမ် ချန်နယ်များမှတစ်ဆင့် ဖြန့်ဝေလျက်ရှိကြောင်း သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘာသာစကားဖြင့် MNDAA  ကြေညာချက်အတုများ၊ သတိပေးချက်အတုများကို မကြာခဏဆိုသလို ထုတ်ပြန်လျက်ရှိပါတယ်။


========================


🚩🚩 ၅။ ရိက္ခာအတွက် တောင်ကြီးနဲ့ ရပ်စောက်မှာ RCSS က တစ်အိမ် သိန်းကောက်


ဩဂုတ်လ ၁၂ရက်။ 

RadioNUG

ရှမ်းတောင် ရပ်စောက်နဲ့ တောင်ကြီးမြို့နယ်ရှိ ကျေးရွာတချို့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ - RCSS/SSA က ရိက္ခာအတွက်ဆိုပြီး တစ်အိမ် သိန်း ကောက်ခံနေတယ်လို့ ရွှေဖီမြေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဩဂုတ်လ ဒုတိယပတ်အတွင်း တောင်ကြီးမြို့နယ် ညောင်းစဲဉ်းနဲ့ ရေပုတ်ရွာအပြင် ရပ်စောက်မြို့နယ် လဲလောင်းနဲ့ မုဲတွိုင်တမွူးရွာမှာ ကောက်ခံနေပြီး ခြံရှိသူတွေက စိုက်ပျိုးစရိတ်အတွက် စုဆောင်းထားတဲ့ ငွေတွေနဲ့ ထည့်ဝင်နေရပြီး ခြံမရှိသူတွေက ချေးငှားထည့်နေရတယ်လို့ ဆိုပါတယ်။


RCSS ငွေကြေး ကောက်ခံနေတဲ့ ကျေးရွာတွေဟာ တောင်သူအများစုနဲ့ လက်လုပ်လက်စား အများစုဖြစ်ပြီး လက်လုပ်လက်စားတွေက တစ်လမှာ သိန်းခွဲသာ ရရှိတာကြောင့် အခုကောက်ခံတဲ့ ငွေပမာဏအတွက် ခက်ခဲနေတယ်လို့ သိရပါတယ်။


ဒါ့အပြင် ဆန်စပါး စိုက်ပျိုးထားတဲ့ နေအိမ်တွေကလည်း ငွေအစား ဆန်နဲ့ ထည့်ဝင်ချင်တယ်လို့ တောင်းဆိုခဲ့ပေမဲ့ RCSS က လက်မခံဘူးလို့ ရေပုတ်ရွာခံတစ်ဦးက ပြောဆိုထားပါတယ်။


========================


🚩🚩 ၆။ မိုးကုတ်မြို့နယ်တွင် စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား ဖမ်းဆီးအရေးယူ


သြဂုတ်လ ၁၂ရက်။ 

RadioNUG

မိုးကုတ်မြို့နယ်တွင် စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ(၁၂၉)ဦးအား PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအနက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် တရားမဝင် ကျောက်တူးဖော်သူများ၊ စစ်ဆင်ရေးပြုလုပ်နေစဥ် မဟာမိတ်ပူးပေါင်းတပ်များ၏ သွားလာလှုပ်ရှားမှုအခြေအနေများကို စစ်ကောင်စီထံ သတင်းပေးနေသူများ၊ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းခိုးယူနေသူများ၊ လူသတ်မှုကျုးလွန်သူများ၊ တရားမဝင် ချဲရောင်းဝယ်သူများနှင့် ရပ်ရွာအတွင်း မူးယစ်ရမ်းကားသူများလည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။


ဩဂုတ်လ ၁၂ရက်နေ့တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာ၌ အမြောက်တပ် (၉၀၂)တပ်နှင့်လည်းကောင်း၊ နောင်လိတ်ရွာတွင် တပ်မ (၉၉)လက်အောက်ခံ ခမရလ(၃၀၂)တပ်နှင့် လည်းကောင်း၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက်အောက်ခံ ရမခ (၃၂၅)တပ်နှင့် လည်းကောင်း၊ လပခ/ခမရ (၃၀၆)တပ်ရင်းတို့နှင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ကျိန္တလီမြို့တွင် ရဲနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြပြီး သေဆုံးမှုများပြား


သြဂုတ်လ ၁၂ရက်။ 

RadioNUG

သြဂုတ်လ ၁၁ ရက်၊ ညနေပိုင်းက ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေသည့်ကြားမှ မြို့ကို စွန့်ခွာကာ ထွက်ပြေးရှောင်တိမ်းကြသည့် ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ကောင်စီစစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ရာ ရဲနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြပြီး သေဆုံးမှုများရှိကြောင်း နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။


နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများ ၂၀ ကျော်ခန့် သေဆုံးသွားကြောင်း သိရပါတယ်။


ရဲစခန်းသို့ လက်နက်ကြီးကျပြီး အဆောင်အချို့ မီးလောင်ခဲ့ကာ ဒဏ်ရာပြင်းထန်သည့် ရဲများကို ကျိန္တလီမြို့မှ ဂွမြို့ဆေးရုံပေါ်သို့ ယူဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။


အာရက္ခတပ်တော်သည် ကျိန္တလီမြို့အတွင်းက ထွေအုပ်ရုံး၊ မြို့ဦးတောင်နှင့် ရဲစခန်းတွင် ကျန်ရှိနေသည့် နေရာများကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ ဂွမြို့တွင် ဧရာဝတီတိုင်းဘက်မှ စစ်ကောင်စီတပ်သားများနှင့် စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လူငယ်များကို စစ်ကူခေါ်ယူလျက် အခိုင်အမာ ခံစစ် ပြင်ဆင်နေကြပါတယ်။


========================


🚩🚩 ၈။ ရေဖြူမြို့နယ် ကျောက်ကညှာရွာရှိ ပြည်သူနေအိမ်များတွင် လာရောက် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစုများပစ်ခတ်တိုက်ခိုက်


သြဂုတ်လ ၁၂ရက်

RadioNUG

ရေဖြူမြို့နယ် ကျောက်ကညှာရွာရှိ ပြည်သူနေအိမ်များတွင် လာရောက် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစုများပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


သြဂုတ်လ၁၂ရက်မှာ စစ်ရေးသတင်းကို Dawei Guerrilla Revoiutionary Forceကအတည်ပြုထားပါတယ်။


"တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျောက်ကညှာရွာရှိ ပြည်သူနေအိမ်များတွင် လာရောက် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ထားဝယ်မြို့နယ် ပြည်သူကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ DGRF (ထားဝယ် ပကဖ) Aဒင်မှူး ဥသြစစ်ကြောင်းနှင့် TPLF တပ်ဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့အတည်ပြုထားပါတယ်။


ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား၊စကစ ဖက်ကထိခိုက်မှုရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၉။ စလင်းမြို့မ ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ဦးသေဆုံး  


ဩဂုတ်လ ၁၂ ရက်။ 

Radio NUG

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြို့မရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စခန်းမှူး ဦး အပါအဝင် ဦး သေဆုံးခဲ့ကာ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒရုန်းလက်ရုံး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၀ ရက်နေ့ မနက် နာရီခန့်မှာ စလင်းမြို့မ ရဲစခန်းကို ဒရုန်းလက်ရုံး တပ်ဖွဲ့၊ မင်းဘူးခရိုင် (ပကဖ) မင်းဘူးခရိုင် အမှတ် ()တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ()တပ်ရင်း တို့ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဒရုန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စခန်းမှူး ဦးနဲ့ အခြားအဆင့် ဦး သေဆုံးခဲ့ပြီး ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့ပေါ်မှ စစ်ကောင်စီ တပ်နှင့် ရဲ ပူပေါင်းအင်အား ၃၀ ခန့် စလင်းချောင်း အနောက်ဘက်ကို ကူးဖို့ ပြင်ဆင်နေချိန်မှာလည်း ဒရုန်းဖြင့် အီနာဂါ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၁၀။ မင်းလှမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦး ပစ်ခတ်ရှင်းလင်းခံရ


ဩဂုတ်လ ၁၂ ရက်။

Radio NUG

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်း ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးသန်းမြင့် ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ () က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၂ ရက် မွန်းလွဲ နာရီ မိနစ် ၅၀ ခန့်တွင် မင်းလှမြို့မှ ဆိုင်ကယ်စီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူး သန်းမြင့်အား စိန်ပုရွာထိပ်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက သေနတ်ဖြင့် ၁၅ ချက် ပစ်ခတ်ခဲ့ပြီး နေရာမှာပဲ သေဆုံးသွားခဲ့တာပါ။


ဦးသန်းမြဟာ လူငယ်များကို စစ်မှုထမ်းရန် ချိန်းခြောက်ဖိအားပေး လူစုကာ ငွေကြေး ကောက်ခံခြင်း၊ တောင်သူများကို အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် အာဏာပြ ချိန်းခြောက် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေတာကြောင့် အခုလို အရေးယူရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းထံမှ လက်ပစ်ဗုံး လုံး၊ မိုလ်ဘိုင်းဖုန်း လုံး၊ ဓား လက်၊ ပေကြိုး ခုနှင့် စာရွက်စာတမ်း တချို့ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ပစ်ခတ်မှုကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ () တပ်ခွဲ ()နဲ့ မင်းလှမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူများနဲ့ တော်လှန်ရေး တပ်ဖွဲ့များကို ဒုက္ခပေးနေသူများအား ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။







Share:

No comments:

Post a Comment