15th AUG 2024 - Evening Daily News by Radio NUG


 ၂၀၂၄ သြဂုတ်လ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

📌 ၁။ ပြည်သူလူထုက စစ်ကိုတောင့်တနေရခြင်းမှာစစ်အာဏာရှင်စနစ်ကိုမကြိုက်လို့ဖြစ်တယ်လို့ဆို

📌 ၂။ ကမ္ဘာကြီးအံသြရလောက်အောင် ပညာကိုအသုံးချပြီး တော်လှန်နေတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ NUGပညာရေးဝန်ကြီးဌာနအနေနဲ့နိူင်ငံတကာတက္ကသိုလ်များနဲ့ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတရားဝင်ဆောင်ရွက်လျက်ရှိ

📌 ၄။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ လူငယ်နှင့် နိုင်ငံရေးတည်ဆောက်ရေး အခန်းကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေး ပအိုဝ်းခေါင်းဆောင်များကို တိုက်တွန်း 

📌 ၅။ တကျော့ပြန် ၁၀၂၇ နှင့်  လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်

📌 ၆။ အမျိုးသမီးရဲဘော်တွေ လစဉ်ဓမ္မတာကို ကျန်းမာရေးပြဿနာတွေ ကင်းဝေးပြီးဖြတ်ကျော်နိုင်ဖို့အတွက် Tampon ဝယ်ပေးပါ ဆိုတဲ့ Campaignမျှော်မှန်းပမာဏရဲ့ ၇၅% ကို ရောက်ရှိလာ


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ဇူလိုင်လအတွင်းစစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲပေါင်း (၅၁)ကြိမ်ဖြစ်ပွားကာ ရန်သူစကစများ အထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၃၀)ကြိမ်နှင့် အထက်ရှိခဲ့

🚩 ၂။ ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အမျိုးသမီးတဦးသေဆုံးပြီး ကလေးတဦး ဒဏ်ရာရ

🚩 ၃။ လားရှိုးတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးကို MNDAA က ကျပ် ၁၀ သိန်းစီချီးမြင့်

🚩 ၄။ ကော့ကရိတ်မှာ  စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးတဦးသေဆုံးပြီး ၅ဦးဒဏ်ရာရ

🚩 ၅။ ဖားကန်မြို့နယ်က စစ်ကောင်စီရဲ့ လမောင်ဗျူဟာကုန်းတပ်စခန်းကုန်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက် 

🚩 ၆။ ထားဝယ်မြို့ မှာ တနင်္သာရီတိုင်း စစ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးပါတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရ

🚩 ၇။ ကျိုက်ထိုမြို့နယ်မှာ ရဲတပ်သား ဦးကို အရှင်ဖမ်းမိ

🚩 ၈။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အပတ်စဥ် /၂၀၂၄ သင်တန်း ဆင်းပွဲမှာ ရဲဘော်များကိုလက်နက်ပေးအပ်တပ်ဆင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို လျှော့စျေးဖြင့်လေလံပစ်ရောင်းချသော်လည်း ဝယ်ရဲသူမရှိ


သြဂုတ်လ၁၅ရက်


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ဒုတိယအကြိမ်လျှော့စျေးဖြင့် လေလံပစ်ရောင်းချသော်လည်း ဝယ်ရဲသူမရှိခဲ့ဘူးလို့သတင်းရရှိပါတယ်။


သြဂုတ်လ၁၅ရက်မနက်ပိုင်းအချိန် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ် ၅၄ ကို ကျပ်ဘီလီယံ ၃၀၀နဲ့မျက်မြင်ရောင်းချခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။


ထိုသို့လေလံတင်ရောင်းချသော်လည်း ဝယ်ရဲသူတဦးမှမရှိခဲ့ကြောင်းသတင်းရရှိပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရကရှေးဟောင်းအမွေအနှစ်နေရာအဖြစ်သတ်မှတ်ထားကာ တရားမဝင်ရောင်းဝယ်ဖောက်ကားသူမှန်သမျှကိုအရေးယူမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။


၄င်းနေအိမ်အား ပထမအကြိမ်က ငွေကျပ် ၃၁၅ ဘီလီယံဖြင့် မတ်လ ၂၀ ရက်နေ့တွင် လေလံတင်ခဲ့ပါသေးတယ်။


========================


📌📌 ၂။ ဥာဏ်နည်းတဲ့ ဗဟိုဘဏ် ဥက္ကဌ နဲ့ မိုက်လုံးကြီးတဲ့ မင်းအောင်လှိုင် တို့ အတွဲအစပ်ဟာ ကိုယ့်သေတွင်းကိုယ်တူးနေပြီလို့ဆို


သြဂုတ်လ၁၅ရက်


သြဂုတ်လအတွင်း ဆိုရှယ်မီဒီယာမှာ ဒုဝန်ကြီးဦးမော်ထွန်းအောင်က အခုလို သုံးသပ်ဆိုထားပါတယ်။


"မင်းအောင်လှိုင် ကစီးပွါးစီမံ မတတ် သလို၊ ဗဟိုဘဏ် မှာလည်း ပညာရှင် မရှိတော့ပဲအနေကြာလို့ ရာထူးရ တဲ့ သူဦးဆောင် တော့ ခွေးငတ်နဲ့ဖိနပ်ပျက် ဇာတ်လမ်းဖြစ်တော့တာပဲ။ကမောက်ကမ မူဝါဒတွေကြောင့် hidden export/import taxes ဖြစ်လာတာ၊ ငွေစျေး ကိုအမိန့် နဲ့ ထိန်းလို့ နိုင်ငံခြားငွေ နဲ့ ဝယ်ရတဲ့ အရေးကြီး ကုန်စည် တွေဟာ hidden subsidies ရသလိုဖြစ်ပြီး FX regime ကို stress မိသွားစေတာ၊ အဲ့ကတဆင့် အကြွေးဝယ်လို့ရတဲ့ ယုံကြည်မှု ပျောက်ပြီး credit period တိုကုန်တာ၊ မင်းအောင်လှိုင်စစ်ရှုံးလို့ သူ့လူတွေကိုယ်တိုင် ကျပ်ကနေ ငွေမာ တွေလို့ ယူဆရတဲ့ ငွေ တွေ၊ ရွှေတွေအသည်းအသန်ပြောင်းတာ အခု factors တွေက သုတေသန လုပ်လို့ ကောင်းတဲ့ အရာ တွေပါပဲ"လို့ဆိုပါတယ်။


လက်ရှိမြန်မာနိူင်ငံအခြေအနေဟာ သိရီလင်္ကာလို အကြပ်အတည်း မျိုးကို ဦးတည်နေတယ်လို့လည်းဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအားပြည်တွင်းနှင့် မြန်မာနယ်စပ်ဒေသတို့တွင် အောင်မြင်စွာကျင်းပနိူင်ကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကသတင်းထုတ်ပြန်


သြဂုတ်လ၁၅ရက်


အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပါတ်အတွင်းအောင်မြင်စွာ ကျင်းပခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါအပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအား အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်တာဝန်ခံများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ကရင်လူငယ်အစည်းအရုံး၊ Artists Shelter တို့နှင့် ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ထိုင်း-မြန်မာနယ်စပ်ဒေသတို့တွင် အောင်မြင်စွာကျင်းပနိူင်ခဲ့ပါတယ်။


ထို့အတူ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှကရင်ပြည်နယ်အတွင်းကျင်းပသော ကရင်အာဇာနည်နေ့အခမ်းအနားနှင့်အတူ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိန်းအမှတ် လူငယ်များ၏အရေးပါမှု၊ ဖန်တီးနိုင်စွမ်းကောင်းမှု၊ရဲစွမ်းသတ္တိရှိမှုများကိုဂုဏ်ပြုသော တိုက်တွန်းအားပေးစကားအားလည်း ဝေမျှသွားခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ ပြည်သူ့ရေးရာကော်မတီနှင့် AAPP တို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ CDM ဝန်ထမ်း(၃၀)ဦးအတွက် Mental Health ဆိုင်ရာ သင်တန်းပို့ချ


သြဂုတ်လ၁၅ရက်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political PrisonersAAPP)နှင့်အတူ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ CDM ဝန်ထမ်း(၃၀)ဦးအတွက် Mental Health ဆိုင်ရာ သင်တန်းအား ဗွီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပို့ချဆွေးနွေးခဲ့တယ်လို့ သြဂုတ်လ၁၅ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအသိပေးဖော်ပြပါတယ်။


ပထမအကြိမ် Mental Health ဆိုင်ရာ သင်တန်းအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ () ရက်တာ နေ့စဉ် နံနက် နာရီမှ နေ့လယ် ၁၂ နာရီအထိ ပို့ချဆွေးနွေးရာ AAPP စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးကူညီထောက်ပံ့မှုအစီအစဉ်မှ သင်တန်းနည်းပြက Stress Management နှင့် Self-Care ခေါင်းစဥ်များဖြင့် စိတ်ကျန်းမာရေးနှင့် စိတ်ခံစားမှုအခြေပြုဖြေရှင်းနည်း၊ စိတ်ကျန်းမာရေးအစွဲများကို ဖယ်ခွာခြင်း၊ စိတ်ပင်ပန်းဖိစီးမှု ဖြစ်စေသည့် ပဋိပက္ခအခြေအနေများ၊ လက္ခဏာများနှင့် ကိုင်တွယ်ဖြေရှင်းနည်းများ၊ မိမိကိုယ်ကို ဂရုစိုက်ခြင်းနည်းလမ်းများအား သင်ကြားမျှဝေခဲ့ပြီး စစ်တမ်းများ၊ ဆန်းစစ်ချက်များဖြင့် လက်တွေ့လေ့ကျင့်မှုများလည်း သင်တန်းသားများနှင့် အတူတကွ လုပ်ဆောင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ဇူလိုင်လအတွင်းစစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲပေါင်း (၅၁)ကြိမ်ဖြစ်ပွားကာ ရန်သူစကစများ အထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၃၀)ကြိမ်နှင့် အထက်ရှိခဲ့


သြဂုတ်လ၁၅ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ဇူလိုင်လအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲပေါင်း (၅၁)ကြိမ်၊ ရန်သူစကစများ အထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၃၀)ကြိမ်နှင့် အထက်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ()ကြိမ်နှင့် အထက်၊ မိုင်းဆွဲတိုက်ခိုက်မှု ()ကြိမ် နှင့်အထက်၊ စကစသတင်းပေးဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ()ကြိမ်အပါအဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့တယ်လို့သြဂုတ်လ၁၅ရက်မှာ တောင်ပိုင်းစစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကအသိပေးဖော်ပြပါတယ်။


၎င်းတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း၍ စစ်ဆင်ရေးများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။


ဇူလိုင်လအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း (၁၆၇)ဦး သေဆုံး၍ (၁၅၄)ဦး ဒဏ်ရာရကာ စကစသတင်းပေးဒလန်၊ စကစမိသားစုဝင်များ၊ လက်နက်ချအညံ့ခံသူများ၊ သုံ့ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးရမိခဲ့သူများလည်း ရှိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အမျိုးသမီးတဦးသေဆုံးပြီး ကလေးတဦး ဒဏ်ရာရ


သြဂုတ်လ၁၅ရက်


အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့နယ်အရှေ့ဘက်မှာရှိတဲ့ ပန်အောင်ကျေးရွာက အမျိုးသမီးတဦးသေဆုံးကာ နှစ်အရွယ်ကလေးတဦး ဒဏ်ရာရသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြောပါတယ်။

ဆီဆိုင်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ဆီဆိုင်မြို့အရှေ့ဘက်က ပအိုဝ်းကျေးရွာတွေကို မနေ့ ဩဂုတ်လ ၁၄ ရက် မနက် ၁၀ နာရီခန့်အချိန်မှာ လက်နက်ကြီးနဲ့ အကြိမ် ၄၀ ကျော် ပစ်ခတ်ခဲ့ တယ်လို့ဆိုပါတယ်။

စစ်အုပ်စုကပစ်ခတ်တဲ့ လက်နက်ကြီးတွေထဲက လက်နက်ကြီးကျည်တလုံး ပန်အောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် တောင်ယာကိုသွားနေတဲ့ ပအိုဝ်းသားအမိ ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး အသက် ၄၀ အရွယ်ရှိတဲ့ မိခင်ဖြစ်သူ သေဆုံးကာ အသက် နှစ်သာရှိသေးတဲ့သားဖြစ်သူ ပြင်းထန်ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာ ဒေသခံတွေရဲ့ အကြောင်းကြားမှုကြောင့် လက်နက်ကြီးထိမှန်ပြီး ပြင်းထန်ဒဏ်ရာရထားတဲ့ အသက် နှစ်အရွယ် ကလေးငယ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့ပြီး ဆေးကုသ ပေးနေတယ်လို့လည်း သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ပန်အောင်ကျေးရွာဟာ တိုက်ပွဲဖြစ်နေရာလည်းမဟုတ်သလို တော်လှန်ရေးတပ်ဖွဲ့ဝင် များ တပ်စွဲထားတဲ့ နေရာလည်းမဟုတ်တာကြောင့် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ပအိုဝ်းကျေးရွာတွေက ဒေသခံပြည်သူတွေကို လက်နက်ကြီးနဲ့ တမင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ PNLA ဘက်က ထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့နယ်ဘက်ကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေရှိနေတယ်လို့  သိရပါတယ်။


========================


🚩🚩 ၃။ လားရှိုးတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးကို MNDAA က ကျပ် ၁၀ သိန်းစီချီးမြင့်


သြဂုတ်လ၁၅ရက်


လားရှိုးတိုက်ပွဲအစမှာ မိမိတို့ဆန္ဒအလောက် လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးကို တဦးလျင် ကျပ် ၁၀ သိန်းစီ ဆုငွေပေးအပ်ခဲ့တယ်လို့ ကိုးကန့်တပ်မတော်- MNDAA က ဒီနေ့ ဩဂုတ်လ ၁၅ မှာ ထုတ်ပြန်ပါတယ်။

လားရှိုးလွတ်မြောက်ရေး လှုပ်ရှားမှုစတင်ပြီးနောက် MNDAA နိုင်ငံရေးဌာနက လက်နက်ချအလင်းဝင်သူတွေကို  ဆုချီးမြင့် မယ်ဆိုတဲ့ မူဝါဒ ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ 

ခုလိုထုတ်ပြန်ပြီးနောက်ပိုင်း စစ်ပွဲတွေဆက်တိုက်ဖြစ်လာတာနဲ့အမျှ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း အဖွဲ့ဝင်တွေဟာ အခြေအနေကို ပိုမိုသိရှိနားလည်လာ‌ပြီး မဟာမိတ်တပ်တွေထံမှာ လက်နက်ချအလင်းဝင်တဲ့အတွက် ဆုကြေးတွေ ရရှိခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် သြဂုတ်လ ၁၃ ရက်မှာ သက်ဆိုင်ရာမူဝါဒတွေနဲ့အညီ မဟာမိတ်တပ်ရဲ့ နိုင်ငံရေးဌာန အလုပ်အဖွဲ့က မိမိတို့ ဆန္ဒအလျောက် လက်နက်ချအလင်းဝင်ခဲ့တဲ့ တပ်သားတစုကို ဆုချီးမြင့်ခဲ့တာလို့ သိရပါတယ်။

အလင်းဝင်လာသူတွေကို တဦးလျင် ကျပ် ၁၀သိန်းစီပေးအပ်ချိန်မှာ လက်နက်နဲ့တကွ အလင်းဝင်လာသူကို ၁၅သိန်း ဗိုလ်ကြီးတွေဆိုရင် ကျပ်သိန်း ၂၀ ပေးမှာဖြစ်ပြီး လက်နက်ပါလာရင် ၂၅ သိန်းပေးမယ်လို့ အသိပေးထားပါတယ်။

အလင်းဝင်တဲ့သူတွေအနေနဲ့ အခြားသူတွေကိုလည်း လက်နက်ချအလင်းဝင်ရန် စည်းရုံးပြောဆိုပေးဖို့လည်း MNDAA တပ်မှူးက တိုက်တွန်းထားပါတယ်။

ဒီစစ်သား ဦးဟာ လားရှိုးတိုက်ပွဲ အစောပိုင်းအဆင့်မှာကတည်းက မဟာမိတ်တပ်ထံမှာ လက်နက်ချခဲ့တာဖြစ်ပေမယ့် တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အခုမှအသိပေးထုတ်ပြန်နိုင်တာဖြစ်ပြီး အထူးအုပ်ချုပ်ရေးဒေသ- နယ်မြေအတွင်း ဆက်လက်နေထိုင်ခွင့်ပေးထားမယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ကော့ကရိတ်မှာ  စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးတဦးသေဆုံးပြီး ၅ဦးဒဏ်ရာရ


သြဂုတ်လ၁၅ရက်


ကရင်ပြည်နယ်ထဲက ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် လသားအရွယ် ကလေးငယ်တဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ဩဂုတ်လ ၁၅ မှာ ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ- ဒူးပလာယာခရိုင်ထဲက ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်လို့ KNU ဗဟို က အသိပေးလိုက်တာဖြစ်ပါတယ်။

ဩဂုတ် ၉ရက် ညနေပိုင်းမှာ စွယ်တော်ကုန်းတပ်စခန်းကနေ ၈၁ မမ လက်နက်ကြီးပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ထီးမူးထကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး လအရွယ် ကလေးငယ် တဦးသေဆုံးကာ နှစ်နဲ့ နှစ်အရွယ် ကလေးတွေအပါအဝင် အရပ်သား ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ကော့ကရိတ်မြို့နယ်အပါအဝင် KNU အုပ်ချုပ်တဲ့နယ်မြေတွေကို လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိနေတာဖြစ်ပါတယ်။

အခု ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ထဲမှာပဲ စစ်ကောင်စီက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် KNU အုပ်ချုပ်နယ်မြေက အရပ်သားပြည်သူ ၁၃၀ ဦးကျော်သေဆုံးကာ ၄၃၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ဖားကန်မြို့နယ်က စစ်ကောင်စီရဲ့ လမောင်ဗျူဟာကုန်းတပ်စခန်းကုန်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက် 


သြဂုတ်လ၁၅ရက်


ကချင်ပြည်နယ် ဖားကန်မြို့နယ်ထဲက စစ်ကောင်စီရဲ့ လမောင်ဗျူဟာကုန်း တပ်စခန်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ဒီနေ့ ဩဂုတ်လ ၁၅ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီနေ့ ဩဂုတ်လ ၁၅ ရက် မနက် နာရီခွဲခန့်အချိန်မှာ လမောင်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်းသတင်းဌာန တွေကလည်း အသီးသီး ဖော်ပြခဲ့ကြပါတယ်။ 

ဖားကန့်မြို လမောင်ဗျူဟာကုန်းတပ်စခန်းကြီးကို KIA KPDF ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်ပြီဆိုတာကို KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုထားပါတယ်။

ဖားကန်မြို့နယ်ထဲမှာရှိတဲ့ တောမော်နဲ့လမောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဩဂုတ်လ  ၁၄ ရက်နေ့ မနက်  နာရီခွဲခန့်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေချိန် မနေ့ မနက် ၁၀ နာရီခန့်အချိန်မှာ လမောင်တပ်စခန်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဆောင်ခဲ့ပေမယ့် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လမောင်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် တောမော်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက် နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။  

တိုက်ပွဲကြောင့် လမောင်စခန်းနဲ့တောမော်စခန်း အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ထားဝယ်မြို့ မှာ တနင်္သာရီတိုင်း စစ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးပါတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရ


သြဂုတ်လ၁၅ရက်


တနသာရီတိုင်း ထားဝယ်မြို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးလိုက်ပါလာတဲ့ ယာဉ်တန်း တိုက်ခိုက် ခံရတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။


ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးလိုက်ပါလာတဲ့ယာဉ်တန်း သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ မြို့ခံတွေ စစ်ကောင်စီနဲ့ နီးစပ်သူအချို့ကလည်း ပြောဆိုကြပါတယ်။ 


နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဒီနေ့ ဩဂုတ်လ ၁၅ ရက် မနက် နာရီခန့်အချိန်က  ရေးလမ်းပေါ်မှာရှိတဲ့ ဆင်ဆိပ်လမ်းကွေ့မှာ ပစ်ခတ်ခံရလို့သိရပြီး ထိခိုက်မှုမရှိဘူးလို့ တနင်္သာရီတိုင်း စစ်ကောင်စီရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

 

စစ်ကောင်စီတပ်က အကြီးတန်းအရာရှိတဦး ထားဝယ်မြို့ကို ရောက်နေတဲ့အတွက် နယ်လုံဝန်ကြီးက ယာဉ်တန်းနဲ့ သွားချိန် မှာ ပစ်ခတ်ခံရလို့ ဆိုပါတယ်။ 


အခုလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးပါတဲ့ ယာဉ်တန်းတိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဟာ လမ်းတလျောက်မှာရှိတဲ့ အိမ်တွေကို သေနတ်တွေနဲ့ ရမ်သမ်းပစ်ခတ်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ 


လက်ရှိ နယ်လုံဝန်ကြီးဟာ ဗိုလ်မှူးကြီးမင်းမင်းလတ်ဆိုသူဖြစ်ပြီး ယခင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း အဖမ်းခံရပြီး နောက် ၂၀၂၃ နှစ်လယ်ပိုင်းကမှ တာဝန်ယူခဲ့သူလို့ သိရပါတယ်။ 


စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးလိုက်ပါလာတဲ့ ယာဉ်တန်းကို ဘယ်တော်လှန်ရေးအဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ဒီနေ့မနက် ၁၁ နာရီကျော်ချိန်အထိ ထုတ်ပြန် ပြောဆိုတာမရှိသေးပါဘူး။


========================


🚩🚩 ၇။ ကျိုက်ထိုမြို့နယ်မှာ ရဲတပ်သား ဦးကို အရှင်ဖမ်းမိ


သြဂုတ်လ၁၅ရက်


 မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ကဒက်ချောင်းမှာ အရက်သောက်စား ပျော်ပါးနေတဲ့ ရဲတပ်သား ဦးကို ဖမ်းဆီးရရှိ ထားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF က ဒီနေ့ ဩဂုတ် ၁၅ မှာ ထုတ်ပြန်ပါတယ်။ 

ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကျေးရွာက ကဒက်ချောင်းကိုလာရောက်ပြီး အရက်သေစာသောက်ပျော်ပါးနေတဲ့ ရဲတပ်ဖွဲ့ ဝင် ဦးကို နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဇူလိုင်လ ရက်နေ့ ညနေ နာရီဝန်းကျင်အချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဖမ်းဆီးရမိတဲ့သူတွေဟာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်း ရဲတပ်သားတွေဖြစ်တဲ့ ဝင်းထက်နဲ့ ကြည်သာ () ဖိုးအော၊ သထုံခရိုင်ရဲတပ်ဖွဲ့  ဦးစီး ဌာနစိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ကောင်းထက်ကျော် () ကျန်ကျောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဆိုပါရဲတပ်ဖွဲ့ဝင် ဦးကို စစ်ဆေးမေးမြန်းပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အပ်နှံထားပြီးဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု-KRF က ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု-KRF ဟာ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ အသိပေးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပါတယ်။


========================


🚩🚩 ၈။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အပတ်စဥ် /၂၀၂၄ သင်တန်း ဆင်းပွဲမှာ ရဲဘော်များကိုလက်နက်ပေးအပ်တပ်ဆင်


သြဂုတ်လ၁၅ရက်


စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အပတ်စဥ် /၂၀၂၄ သင်တန်း ဆင်းပွဲ နဲ့ လက်နက် တပ်ဆင်ပွဲကို  သြဂုတ် ၁၂ ရက်က တပ်ရင်းနယ် မြေမှာကျင်းပခဲ့ပါတယ််။

 

သင်တန်းဆင်းပွဲမှာပြည်သူ့ကာကွယ်ရေး တပ်မတော် အလံကို အလေးပြုခြင်း၊ စစ်ရေးပြခြင်း၊ လက်နက်ပေးအပ်ခြင်း၊ တပ်ဖွဲ့ တံဆိပ် တပ်ဆင်ခြင်း၊ သစ္စာ ရေသောက်ခြင်းနှင့် အာဇာနည်ကုန်းမှာ အလေးပြုခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


၁၀၂၇ ရှမ်းမန်း စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားတပ်မတော်(TNLA)  ပြည်သူ့ကာကွယ်ရေး တပ်မတော်  (မန္တလေး) MDY နဲ့အတူ ဝက်လက် မြို့နယ် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျှက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment