16th AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုကောင်းမွန်လာစေရန် တိုက်ရိုက်ပံ့ပိုးကူညီမှုနှင့် အကူအညီများ တိုးချဲ့ပေးရန် ကတိကဝတ်ပြုမှုအတွက် အမေရိကန်ပြည်ထောင်စုအား ကျေးဇူးတင်ရှိတယ်လို့ယာယီသမ္မတပြောကြား

📌 ၂။ "အကြမ်းဖက်မင်းအောင်လှိုင်ဟာ  တိုင်းပြည်အာဏာလုယူဖို့ကြိုးစားတဲ့အဓိကတရားခံဖြစ်၍တော်လှန်ရေးဘက်ခြမ်းကအလွတ်မပေးနိုင်ဘူး"လို့ဆို

📌 ၃။ မူးမြို့နယ်မှာ ရေကြီးရေလျံမှုကြောင့် အိမ် ၂၇ လုံးထက်မနည်း ရေစီးနဲ့အတူမျောပါ ပျက်စီး 

📌 ၄။ မြန်မာနိူင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMက နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ နိုင်ငံတကာ တရားရုံးနှင့် အာဂျင်တီးနားတရားရုံးတို့ထံ မြန်မာနိူင်ငံနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်နှင့် စိစစ်သုံးသပ်ချက် တစ်သန်းကျော်ပါဝင်သော အတွဲပေါင်း (၈၀) ကို မျှဝေထားပြီး ဖြစ်


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရခိုင့်တပ်တော် AA ထိုးစစ် ဂွမြို့အထိ ရောက်လာတာကြောင့် ဒေသခံပြည်သူများ ဧရာဝတီတိုင်းဘက် စစ်ဘေးရှောင်

🚩 ၂။ သံဖြူဇရပ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံး

🚩 ၃။ အုတ်တွင်းမြို့နယ်၊ မြက်နီကွင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသော ရန်သူစကစတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ရာ ရန်သူ ၅ဦး သေဆုံးခဲ့

🚩 ၄။ နမ့်ဆန်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်

🚩 ၅။ ဖြူးမြို့နယ်မှာ တပ်စွဲနေတဲ့ စစ်သားတွေကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးပြီး လုံခြုံရေးကင်းပတ်ရထားကို မိုင်းဆွဲမှု ရထားတွဲပျက်စီး

🚩 ၆။ ဖားကန့်မြို့တွင်းက စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာတဲ့အတွက် KIA ဦးဆောင်တဲ့ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

🚩 ၇။ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီလို့ တနင်္သာရီ PDF ပြော 

🚩 ၈။ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်နိုင်ရန်အတွက် ဂန့်ဂေါခရိုင်တပ်ရင်းများ အနေဖြင့် စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုကောင်းမွန်လာစေရန် တိုက်ရိုက်ပံ့ပိုးကူညီမှုနှင့် အကူအညီများ တိုးချဲ့ပေးရန် ကတိကဝတ်ပြုမှုအတွက် အမေရိကန်ပြည်ထောင်စုအား ကျေးဇူးတင်ရှိတယ်လို့ယာယီသမ္မတပြောကြား


သြဂုတ်လ၁၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတဒူဝါလရှီးလသည် သြဂုတ်လ၁၆ရက်တွင် ၎င်း၏ Twitterစာမျက်နှာမှာ အခုလိုရေးသားပြောကြားထားပါတယ်။


"ကျွန်တော်နဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဦးဆောင်အဖွဲ့ဝင် StateDept Counselor Tom Sullivan နဲ့ USAID Asst တို့ တွေ့ဆုံခဲ့ပါတယ်။  စီမံခန့်ခွဲသူ Schiffer;  ပြည်သူ့ဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုကောင်းမွန်လာစေရန် တိုက်ရိုက်ပံ့ပိုးကူညီမှုနှင့် အကူအညီများ တိုးချဲ့ပေးရန် ကတိကဝတ်ပြုမှုအတွက် အမေရိကန်ပြည်ထောင်စုအား ကျေးဇူးတင်ရှိပါတယ်"လို့ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလနှင့် တော်လှန်ရေးအင်အားစုခေါင်းဆောင်များဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Tom Sullivanအဖွဲ့နှင့်သြဂုတ် ၁၅ရက်တွင် အွန်လိုင်းကတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ "အကြမ်းဖက်မင်းအောင်လှိုင်ဟာ  တိုင်းပြည်အာဏာလုယူဖို့ကြိုးစားတဲ့အဓိကတရားခံဖြစ်၍တော်လှန်ရေးဘက်ခြမ်းကအလွတ်မပေးနိုင်ဘူး"လို့ဆို


သြဂုတ်လ၁၆ရက်


"အကြမ်းဖက်မင်းအောင်လှိုင်ဟာ  တိုင်းပြည်အာဏာလုယူဖို့ကြိုးစားတဲ့အဓိကတရားခံဖြစ်၍တော်လှန်ရေးဘက်ခြမ်းကအလွတ်မပေးနိုင်ဘူး"လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သြဂုတ်လအတွင်း နွေဦးမှန်ကူကွက်များအစီအစဥ်၂၆မှာ ပြောကြားခဲ့ပါတယ်။


"အကြမ်းဖက်မင်းအောင်လှိုင်ဟာ ပြည်ပကိုပြေးလည်း ပြေးနိုင်တယ်၊ ပြေလည်း ပြေးသင့်ပါတယ်။ သူထွက်ပြေးမလား အသက်ပေးမလား ဒါပဲရှိတယ်လေ။ သေချာတာတခုကတော့ သူက တိုင်းပြည်အာဏာလုယူဖို့ကြိုးစားတဲ့အခါမှာ အဓိက တာဝန်ရှိဆုံးသူ၊ ဒါတွေမှာ သူအဓိကတရားခံပဲ။ သုံးနှစ်ကျော်ကာလအတွင်းမှာလည်း ပြည်သူတွေကိုရက်ရက်စက်စက် သတ်ဖြတ်ပစ်တာတွေလည်းရှိတယ်၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးခဲ့တာတွေ ဒီအကြမ်းဖက်လုပ်ခဲ့သမျှ အကုန်လုံးရဲ့တာဝန်အရှိဆုံးဖြစ်တယ်။ သမိုင်းမှာ ကျွန်တော်တို့ခံခဲ့ရပြီးပြီ ဒီလို ရိုင်းစိုင်းယုတ်မာခဲ့တဲ့ အာဏာရှင်တွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေပေးခဲ့တဲ့အတွက် ဒီလူတွေကတော့ ဘာမှမပြောင်းလဲဘဲနဲ့ ထပ်ထပ်ပြီးတော့ အဆိုးကျော့သံသရာလည်ခဲ့တဲ့ဖြစ်ရပ်တွေရှိတယ်။ တော်လှန်ရေးဘက်ကတော့ သူ့ကိုအလွတ်မပေးနိုင်ဘူး။" လို့ပြောပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်တပ်များဟာ လက်ရှိမြေပြင်မှာကြည်းတပ်အားကိုးအားထားမရနိူင်တဲ့အခြေအနေကိုရင်ဆိုင်ကြုံတွေ့နေရပါတယ်။


========================


📌📌 ၃။ မူးမြို့နယ်မှာ ရေကြီးရေလျံမှုကြောင့် အိမ် ၂၇ လုံးထက်မနည်း ရေစီးနဲ့အတူမျောပါ ပျက်စီး 


သြဂုတ်လ၁၆ရက်


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် မူးမြို့နယ်အတွင်း ရေကြီးရေလျံမှုကြောင့် အိမ်၂၇ လုံးထက်မနည်း ရေစီးနဲ့အတူ မျောပါပျက်စီးခဲ့သလို စိုက်ပျိုးထားတဲ့ လယ်ယာတွေလည်း ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။


ရေကြီးရေလျံမှုကြောင့် ကော့ပြင်ကျေးရွာက စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ဦးရဲ့ အိမ်တွေပျက်စီးခဲ့တဲ့အပြင် ၎င်းတို့ မွေးမြူထားတဲ့ ကျွဲ နွားတိရိစ္ဆာန်များလည်း ရေစီးနဲ့အတူမျောပါသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ထို့အပြင် ပေါ်ပီဒဲကျေးရွာက ဒေသခံ ၁၉ရဲ့ နေအိမ်တွေလည်း ရေစီးနဲ့အတူမျောပါပျက်စီးခဲ့ရပြီး ယော်ခီးကျေးရွာအတွင်း က အိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။


လက်ရှိအချိန်မှာ ရေပြန်ကျသွားခဲ့ပြီဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်ပျက်စီးမှုစာရင်းကို အတိအကျမကောက်ခံနိုင်သေးပေမယ့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။


မူးမြို့နယ်အတွင်း ရေကြီးရေလျံမှုတွေကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မြန်မာနိူင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMက နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ နိုင်ငံတကာ တရားရုံးနှင့် အာဂျင်တီးနားတရားရုံးတို့ထံ မြန်မာနိူင်ငံနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်နှင့် စိစစ်သုံးသပ်ချက် တစ်သန်းကျော်ပါဝင်သော အတွဲပေါင်း (၈၀) ကို မျှဝေထားပြီး ဖြစ်


သြဂုတ်လ၁၆


သြဂုတ်လအတွင်းမှာ မြန်မာနိူင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားIIMMက အခုလိုတရားဝင်ထုတ်ပြန်ပါတယ်။


IIMM သည် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အမှုများကို စစ်ဆေးနေသည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ နိုင်ငံတကာ တရားရုံးနှင့် အာဂျင်တီးနားတရားရုံးတို့ထံ သတင်းအချက်အလက်နှင့် စိစစ်သုံးသပ်ချက် တစ်သန်းကျော်ပါဝင်သော အတွဲပေါင်း (၈၀) ကို မျှဝေထားပြီး ဖြစ်တယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို နိုင်ငံတဝန်းမှာ  ပိုပြီး ပြင်းပြင်းပြင်းထန်ထန် ကျူးလွန်နေတဲ့ အထောက်အထားတွေ အများကြီးရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရခိုင့်တပ်တော် AA ထိုးစစ် ဂွမြို့အထိ ရောက်လာတာကြောင့် ဒေသခံပြည်သူများ ဧရာဝတီတိုင်းဘက် စစ်ဘေးရှောင်


သြဂုတ်လ၁၆ရက်


ရခိုင့်တပ်တော် AA ထိုးစစ်ဟာ ဂွမြိုအထိ ရောက်ရှိလာပြီး အကြမ်းဖက်စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံနေ တာကြောင့် ဒေသခံပြည်သူတွေ ဧရာဝတီတိုင်းဘက် စစ်ဘေးရှောင်နေရပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ AA တို့ ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ရာ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီလို့ ဒေသခံတွေက ပြောဆိုနေကြတယ်လို့ Western News က ဖော်ပြပါတယ်။ 

ကျိန္တလီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့မရှိတော့ဘဲ ရဲစခန်းမှာရှိတဲ့ တပ်တွေနဲ့ မြို့ထဲကတပ်တွေပါ ကုလားပြင်ဘက်ဆုတ်ခွာကာ ကုလားပြင်ဘက်ကနေ AA ကို ပြန်တိုက်နေတာဖြစ်တဲ့အတွက် ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီလို့ ပြောနိုင်ပါတယ်လို့ ဂွမြို့ဒေသခံတွေက ပြောပါတယ်။

ကျိန္တလီမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ကိုစွန့်ခွာသွားပြီးနောက် မြို့အနီးမှာရှိတဲ့ ကုလားပြင်တံတားက တပ်စခန်းနဲ့ ပူးပေါင်းကာ ရခိုင့်တပ်တော် AA ကို ပြန်ခုခံတိုက်ခိုက်နေသလို ကျိန္တလီမြို့ထဲကိုလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ 

အခုလို့ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် ဂွမြို့ခံတွေအားလုံးနီးပါး မြို့ကိုစွန့်ခွာကာ ဧရာဝတီတိုင်းဘက် တိမ်းရှောင်နေကြတာလို့ သိရပါတယ်။။ 

မြိုခံအများစုဟာ ဧရာဝတီတိုင်းဘက် တိမ်းရှောင်သွားကြသလို အချို့ကတော့ သံတွဲမြို့နယ်ထဲက ကျေးရွာတွေနဲ့ ဂွမြို့နယ် က ကျေးရွာတွေဘက် တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။ 

ကျိန္တလီမြို့ဟာ သံတွဲခရိုင်ထဲမှာပါဝင်ပြီး ဂွမြို့နယ်ထဲက မြို့နယ်ခွဲအဆင့်ရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။


========================


🚩🚩 ၂။ သံဖြူဇရပ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံး


သြဂုတ်လ၁၆ရက်


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဘုရားကုန်းရွာအနီးမှာ နေရာယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ တောင်ညိုစစ်ကြောင်းက အသိပေးထုတ်ပြန်ပါတယ်။ 

သံဖြူဇရပ်မြို့နယ် ရဲတံခွန်ရွာသစ် ဘုရားကုန်းရွာအနီးမှာ နေရာယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က မနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ၃၇ လုံး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘဲ ဒီနေ့မနက်အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇ က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ အုတ်တွင်းမြို့နယ်၊ မြက်နီကွင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေသော ရန်သူစကစတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ရာ ရန်သူ ၅ဦး သေဆုံးခဲ့


သြဂုတ်လ၁၆ရက်


ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ် စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ တပ်ရင်းအမှတ် ၃၅၀၂ Delta One Drone Team နှင့် အုတ်တွင်းမြို့နယ် ပကဖ ဒရုန်းအဖွဲ့တို့ ပူးပေါင်း၍ မြက်နီကွင်းကျေးရွာတွင် တပ်စွဲနေထိုင်နေသော ရန်သူစကစတပ်အား ဩဂုတ်လ ၁၄ရက်၊ နေ့လည် ၁၁း၃၄ နာရီအချိန်တွင် ဒရုန်းဗုံးသီး()လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့တယ်လို့ သြဂုတ်လ၁၆ရက်မှာ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကဖော်ပြပါတယ်။


စစ်ဆင်ရေးတွင်စစ်ကောင်စီတပ်သား ၅ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ နမ့်ဆန်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်


သြဂုတ်လ၁၆ရက်


တအာင်းပြည် တပ်မဟာ- စစ်ဒေသ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။

ဒီနေ့ သြဂုတ်လ ၁၆ ရက် မနက်အစောပိုင်း နာရီခန့်အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတစင်းက ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ဆိုပါတယ်။

အခု သြဂုတ်လ ၁၂ ရက်နေ့ညပိုင်းကလည်း စစ်ကောင်စီတပ်က နမ့်ဆန်မြို့တွင်းကို ဂျက်လေယာဥ်နဲ့ ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတဦး သေဆုံးခဲ့ရပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ရှမ်းမြောက်ဒေသက နောင်ချိုနဲ့သီပေါမြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာတွေက အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ 

အခု သြဂုတ်လ ရက်နေ့ကလည်း PSLF/TNLA အုပ်ချုပ်တဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

ထို့အတူ သီပေါမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဩဂုတ်လ ရက်ကနေ ၁၃ ရက်အထိ ရက်အတွင်း အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရတယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၅။ ဖြူးမြို့နယ်မှာ တပ်စွဲနေတဲ့ စစ်သားတွေကို တိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးပြီး လုံခြုံရေးကင်းပတ်ရထားကို မိုင်းဆွဲမှု ရထားတွဲပျက်စီး


သြဂုတ်လ၁၆ရက်


ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာမြို့က ရွာလယ်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး လုံခြုံရေးကင်းပတ်ရထားကို မိုင်းဆွဲခဲ့ရာမှာ ရထားတွဲပျက်စီးသွားတယ်လို့ ဖြူးမြို့နယ် ပကဖက ထုတ်ပြန်ပါတယ်။

မနေ့ ဩဂုတ်လ ၁၅ ရက် ညနေ နာရီခွဲခန့်အချိန်က ညောင်ပင်သာမြို့ ရွာလယ်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဖြူးမြို့နယ် ပကဖ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဦး ပွဲချင်းပြီးသေဆုံးသွားလို ဦး ဒဏ်ရာသွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ စစ်သားတွေရဲ့ သေနတ်တွေကို ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘန်ကာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ ပစ်ခတ်မှုနဲ့ စစ်ကူအင်အား အများအပြားရောက်ရှိလာတာတွေကြောင့် မကောက်ယူနိုင်ခဲ့ဘူးလို့ ဖြူးမြို့နယ် ပကဖ က အသိပေးထားပါတယ်။

ထို့အတူ အဲဒီနေ့ မနက် နာရီ ၁၄ မိနစ်နဲ့ ၂နာရီ ၄၁ မိနစ်အချိန်ကလည်း အဆိုပါဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့က Drone နဲ့ ဗုံးသီး ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖြူးမြို့တောင်ဘက်က ညောင်ကားယားကျေးရွာနဲ့ ခမရ ၃၀၆ ကြားမှာ ကင်းပတ်လာတဲ့ရထားတွဲကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ ရထားတွဲ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ညောင်ကားယားကျေးရွာနဲ့ ခမရ ၃၀၆ တပ်ရင်းကြားက ရထားသံလမ်းအတိုင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်နဲ့ ရိက္ခာတင်ရထားလာမယ်လို့ သတင်းရတဲ့အတွက် အသင့်ပြင်ဆင်ပြီး စောင့်ဆိုင်းနေပေမယ့် ကင်းပတ်ရထားတွဲက အရင် ရောက်လာတဲ့အတွက် ဩဂုတ်လ ၁၅ ရက် နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၅၀ အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ရထားတွဲတိမ်းမှောက်ပျက်စီးသွားတာကြောင့် သေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှု အသေးစိတ် သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KLNA ၃၅၀၃ PDF တပ်ရင်း၊ အာဠာဝကစစ်ကြောင်းနဲ့ ဖြူးမြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာလို့ သိရပါတယ်။


========================


🚩🚩 ၆။ ဖားကန့်မြို့တွင်းက စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာတဲ့အတွက် KIA ဦးဆောင်တဲ့ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်


သြဂုတ်လ၁၆ရက်


ကချင်ပြည်နယ် ဖားကန့်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားလာတဲ့အတွက် ကချင်လွတ်လပ်ရေး တပ်မတော်-KIA ဦးဆောင်တဲ့ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။   

ဖားကန့်မြို့နယ်ထဲက လမောင်ကုန်းနဲ့ တောမော် စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်းမှာ စစ်ရေးလှုပ်ရှားလာတဲ့အတွက် တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

ဒါ့အပြင် ဖားကန့်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသခံပြည်သူတွေကို အတင်းအကြပ်စစ်ဆေးမှုတွေပြုလုပ်တာတွေ လည်း ရှိနေတဲ့အတွက် သတိနဲ့သွားလာကြဖို့ KIA က သတိပေးထားပါတယ်။

ဩဂုတ် ၁၄ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ တပ်မ -၃၃ လက်အောက်ခံ ခမရ ၁၂ တပ်စွဲထားတဲ့ လမောင်ကုန်းနဲ့ တောမော်စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၅ ရက် မှာ စခန်း ခုစလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ ဦးထက်မနည်းကို အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားသလို စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာလည်း ဖားကန့်က စစ်စခန်း ၂ခု KIA လက်အောက်ကျရောက်သွားပြီး အရာရှိ စစ်သည် ၁၂ဦး စစ်သုံ့ပမ်းဖြစ်ခဲ့ရတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။


========================


🚩🚩 ၇။ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီလို့ တနင်္သာရီ PDF ပြော 


သြဂုတ်လ၁၆ရက်


လုံခြုံရေးအခြေအနေကြောင့်ပိတ်ထားတဲ့ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီလို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ဒီလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမ‌ကြီးကို အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီလဆန်းပိုင်းကစပြီး သွားလာခွင့်ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလမ်းပိုင်းကို ဩဂုတ်လ ၁၅ ရက်ကစပြီး ခရီးသွားပြည်သူတွေ ပြန်လည်သွားလာခွင့်ရပြီလို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေတွေအရ တော်လှန်ရေး အဖွဲ့တွေရဲ့ စစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးဖို့ ခရီးသွားပြည်သူတွေကို အသိပေးထားပါတယ်။

ဒီလမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ ကားတွေအားလုံး မှန်ချမောင်းနှင်ဖို့နဲ့ ကုန်ကားတွေကို မိုးကာတွေနဲ့ အလုံပိတ်ပြီး မောင်းနှင်တာမျိုးမလုပ်ဖို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်ထားပါတယ်။ 

တနင်္သာရီတိုင်းထဲက မြို့နယ်အချို့မှာ အခုဩဂုတ်လဆန်းပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဩဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက် မှာလည်း အကြမ်းဖက်စစ်တပ်က တနင်္သာရီမြို့နယ်အတွင်းက ကျေးရွာတွေကို အကြောင်းမဲ့ ရက်ဆက် ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်နိုင်ရန်အတွက် ဂန့်ဂေါခရိုင်တပ်ရင်းများ အနေဖြင့် စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ


သြဂုတ်လ၁၆ရက်


စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်နိုင်ရန်အတွက် အမှတ်() စစ်ဒေသ၊ ဂန့်ဂေါခရိုင်တပ်ရင်းများ အနေဖြင့် စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။


စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်နိုင်ရန်အတွက် အမှတ်() စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (13/15/16/17/18) တပ်ရင်းများ အနေဖြင့် စုဖွဲ့လေ့ကျင့်မှုများ ဆောင်ရွက်လျက် ရှိကြတယ်လို့ဖော်ပြပါတယ်။


ထို့အပြင်နွေဦးညီနောင် သိန်း ၃၀၀၀ ကမ်ပိန်းမှရရှိသောအလှူငွေများဖြင့် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများဆင်နွှဲလျက်ရှိသော ရှေ့တန်းစစ်မြေပြင်မှ ရဲဘော်များအား ကျည်ကာဦးထုပ်၊ကျည်ကာအင်္ကျီများတပ်ဆင်ပေးသွားမှာဖြစ်တဲ့အတွက် နွေဦးညီနောင် သိန်း ၃၀၀၀ ကမ်ပိန်းကိုလာရောက်အားဖြည့်ထောက်ပို့ကြလည်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment