16th AUG 2024 - Morning Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကိုတော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၂။ (၇၄)နှစ်မြောက်ကရင့်အာဇာနည်နေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လွမ်းသူ့ပန်းခွေနှင့် ဂါရဝပြုခဲ့

📌 ၃။ (FSCC)အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့တို့ စစ်ကိုင်းပြည်နယ်(ဖက်ဒရယ်ယူနစ်)ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍အချိန်တနာရီကျော်ကြာတွေ့ဆုံဆွေးနွေး

📌 ၄။ MCDMOနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့ တွေ့ဆုံဆွေးနွေး

📌 ၅။ Mobye Rescue Teamက စာသင်ကျောင်း (၃၀)ကျောင်းရှိကျောင်းသားဦးရေ (၅၃၄၀)ဦးအား သန်ချဆေး တိုက်ကျွေးခဲ့

📌 ၆။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ VIP အားကစားပစ္စည်းစက်ရုံတွင် လုပ်ခလစာ တိုးပေးရေး တောင်းဆိုရာ စစ်တပ်နှင့် ခြိမ်းခြောက်

📌 ၇။ ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဥ်းသား တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် အယောက်နှစ်ရာနီးပါး တရားမဝင် ငွေကြေးကောက်ခံခြင်းခံရ


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သစ်ခိုးထုတ်နေသူများကို PDF များ တွေ့ရှိ၍ ကျွန်းနုပင်များ ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိပေးပြောဆိုကာ ပြန်လည်လွှတ်ပေး

🚩 ၂။ ပခုက္ကူ လေယာဉ်ကွင်းအနီး အင်အားရာကျော်ဖြင့် တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းအား ဝင်ရောက်ပစ်ခတ် 

🚩 ၃။ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို ကိုက် ၁၅၀ အကွာမှ အနီးကပ် ပစ်ခတ်တိုက်ခိုက် 

🚩 ၄။ သလဲဘာ ပျူရွာ အထိုင်စခန်းကို ဝင်ရောက်ချေမှုန်းခဲ့ပြီး စစ်သား ဦးနဲ့ ပျူစောထီး ဦး သေဆုံးခဲ့

🚩 ၅။ ကုန်လည်ရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲနေတဲ စစ်ကောင်စီ တပ်ဖွဲ့ကို Drone ဖြင့် ဗုံးသီး လုံး ကြဲချ တိုက်ခိုက် 

🚩 ၆။ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စာသင်ကျောင်း ()ကျောင်း ဆေးရုံ ()လုံးပျက်စီးခဲ့ရပြီး နွား ()ကောင် ထိခိုက်ဒဏ်ရာရရှိ

🚩 ၇။ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်

🚩 ၈။ မုံရွာတွင် စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး ဒဏ်ရာရ

🚩 ၉။ ရေဦးမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကိုတော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


သြဂုတ်လ ၁၅ရက်။

Radio NUG

သြဂုတ်လ၁၅ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကို တော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။


"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျဆုံးချိန်လည်း တဖြေးဖြေး နီးကပ်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကိုလည်း တော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့နဲ့ မူလရည်မှန်းချက် မပျောက်ပျက်စေဖို့၊ မတွေဝေစေဖို့ ဂရုတစိုက် ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါကြောင်း။ အကြမ်းဖက်စစ်အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်တာဖြစ်လို့ သူတို့ဘက်က ထုတ်လွှင့်တဲ့ သတင်းအတုအယောင်တွေမှာ လိုက်ပါ စီးမျောမသွားမိစေဖို့ ဂရုပြုဆောင်ရွက်ကြဖို့" ဝန်ကြီးချုပ်က ပြောပါတယ်။


ဒါ့အပြင် "တော်လှန်စစ်ကာလမှာ စစ်တိုက်ကြတဲ့ အဖွဲ့တွေအတွက် လက်နက်၊ ခဲယမ်း၊ မီးကျောက်နဲ့ ရိက္ခာတွေက အရေးအကြီးဆုံးဖြစ်သလို၊ စစ်ရှောင်ကြတဲ့ ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကလည်း ဦးစားပေးအဆင့်မှာရှိကြဖို့ ဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ (၇၄)နှစ်မြောက်ကရင့်အာဇာနည်နေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လွမ်းသူ့ပန်းခွေနှင့် ဂါရဝပြုခဲ့


သြဂုတ်လ ၁၅ရက်။

Radio NUG

(၇၄)နှစ်မြောက်ကရင့်အာဇာနည်နေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား လွမ်းသူ့ပန်းခွေနှင့် ဂါရဝပြုခဲ့တယ်လို့သိရပါတယ်။


၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင်ကျရောက်သော(၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားသို့ ကရင့်အမျိုးသားခေါင်းဆောင်များ၊ ကရင်လူထုအပေါင်းနှင့် အတူတကွ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

 

အခမ်းအနားတွင် ဝန်ကြီးမှ ကျဆုံးခဲ့သောအာဇာနည် သူရဲကောင်းများအား ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် "ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကရင့်ကံကြမ္မာ ကရင်ကိုယ်တိုင်ဖန်တီးခွင့်ရရှိရေးအတွက် နှစ်ပေါင်း (၇၀)ကျော်တိုက်ပွဲဝင်လာခဲ့ကြပြီး စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ရသော ကရင်ပြည်သူလူထုနှင့်ကရင်ရဲဘော် သူရဲကောင်းအာဇာနည်များ၏တန်ဖိုးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစဉ်အမြဲ ဂါရဝပြုကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်ရည်သော စံတန်ဖိုးများဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်ရေးအတွက် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးနဲ့ ပူးပေါင်းကာ တော်လှန်သွားမည်ဖြစ်ကြောင်း"ဝန်ကြီးက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ (FSCC)အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့တို့ စစ်ကိုင်းပြည်နယ်(ဖက်ဒရယ်ယူနစ်)ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍အချိန်တနာရီကျော်ကြာတွေ့ဆုံဆွေးနွေး


သြဂုတ်လ ၁၅ရက်။

Radio NUG

(FSCC)အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့တို့ စစ်ကိုင်းပြည်နယ်(ဖက်ဒရယ်ယူနစ်)ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အချိန်တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့


အမျိုးသားညီညွတ်ရေးအစိုးရက သြဂုတ်လ၁၅ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲ :၀၀နာရီအချိန်တွင် zoom platform မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။


တွေ့ဆုံပွဲတွင် စစ်ကိုင်းပြည်နယ်(ဖက်ဒရယ်ယူနစ်)ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဖက်မှ တင်ပြဆွေးနွေးခဲ့ပြီး FSCC အတွင်းရေးမှူးအဖွဲ့မှလည်း လိုအပ်သည်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။


ထို့နောက် အချိန်တစ်နာရီခွဲကြာကြာ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး :၃၀နာရီတွင် တွေ့ဆုံပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ MCDMOနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့ တွေ့ဆုံဆွေးနွေး


သြဂုတ်လ ၁၅ရက်။

Radio NUG

MCDMOနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဩဂုတ်လ ၁၄ ရက်နေ့ ညနေ (၀၅:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ MCDMOမှ နာယကများ၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)မှ ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် ရှေးဦးစွာ MCDMOမှ နာယကနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)မှ ဥက္ကဌအဖွဲ့ အလှည့်ကျခေါင်ဆောင်တို့မှ နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး အဖွဲ့အစည်း()ရပ်၏ အကြောင်းများကိုလည်း အပြန်အလှန် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ 


ဆက်လက်ပြီး အဖွဲ့အစည်း()ရပ်အကြား စွမ်းရည်မြှင့်သင်တန်ရေးရာကိစ္စရပ်များ၊ CDM နိုင်ငံ့ဝန်ထမ်းများအတွက် အကျိုးဖြစ်ထွန်းစေမည့် Joint Statement များ ထုတ်ပြန်ခြင်းဆိုင်ရာကိစ္စရပ်များ၊ မူဝါဒဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန် ကနဦး သဘောတူညီချက်များ ရရှိခဲ့ကြပြီး တွေ့ဆုံပွဲကို (၀၇:၁၅)နာရီအချိန်တွင် ရပ်နားခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ Mobye Rescue Teamက စာသင်ကျောင်း (၃၀)ကျောင်းရှိကျောင်းသားဦးရေ (၅၃၄၀)ဦးအား သန်ချဆေး တိုက်ကျွေးခဲ့


သြဂုတ်လ ၁၅ရက်။

Radio NUG

Mobye Rescue Teamက စာသင်ကျောင်း(၃၀)ကျောင်းရှိကျောင်းသားဦးရေ (၅၃၄၀)ဦးအား သန်ချဆေး တိုက်ကျွေးခဲ့ပါတယ်။


သြဂုတ်လ ၁၅ရက်မှာMobye Rescue Team ကတရားဝင်သတင်းထုတ်ပြန်အသိပေးပါတယ်။


"ကျွန်တော်တို့ အသင်းကနေပြီး လွန်ခဲ့သော လပိုင်း အတောအတွင်းမှာ ကျောင်းကျန်းမာရေး ပညာပေး အစီအစဥ်တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အစီအစဥ်ထဲမှ စာသင်ကျောင်း (၃၀)ကျောင်းကို ကျောင်းစစ်ဝင်ခဲ့ပြီး ကျောင်းသားဦးရေ (၅၃၄၀) ဦးအား သန်ချဆေး တိုက်ကျွေးခဲ့တယ်"လို့ဆိုပါတယ်။


ထို့အပြင်ကျောင်းသားတစ်ဦးစီအား ခေါင်းအစ၊ ခြေအဆုံး ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးများကို အခမဲ့ပေးပြီး ကြည်ရူ့ကုသပေးခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ VIP အားကစားပစ္စည်းစက်ရုံတွင် လုပ်ခလစာ တိုးပေးရေး တောင်းဆိုရာ စစ်တပ်နှင့် ခြိမ်းခြောက်


သြဂုတ်လ ၁၅ရက်။

Radio NUG

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Very Impressive Prospect (VIP)အားကစားပစ္စည်းစက်ရုံတွင် ဩဂုတ်လ (၁၃) ရက်နေ့မှ စ၍ လုပ်ခလစာ တိုးပေးရေး တောင်းဆိုရာ ပထမရက်တွင် စက်ရုံအလုပ်ရှင်ဘက်မှ စစ်တပ်နှင့် နယ်မြေပိုင်ရဲ၊ ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အလုပ်သမားရုံးမှ တာဝန်ရှိသူများကို ခေါ်၍ ဖိအားပေးခြိမ်းခြောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM က သတင်းထုတ်ပြန်ပါတယ်။


တစ်နေ့တစ်ခြား ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် နေထိုင်ရပ်တည်ရေး ခက်ခဲလာသည့်အတွက် အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရန်၊ ရက်မှန်ကြေးတိုးမြှင့်ပေးရန်၊ ကျွမ်းကျင်ကြေး တိုးမြှင့်ပေးရန်အပါအဝင် အလုပ်ပိတ်ရက်များတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း မပြုလုပ်ရန်၊ ဥပဒေပါ ခွင့်ရက်များအား အသုံးပြုခွင့်ရရန် စသည့်အချက်များ ပါဝင်သည့် တောင်းဆိုချက်(၁၂)ချက်ဖြင့် အလုပ်သမားအားလုံး စုဝေးတောင်းဆိုလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


တောင်းဆိုမှု ပြုလုပ်သည့် ဒုတိယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အလုပ်သမားကိုယ်စားလှယ် ()ဦးအား မန်နေဂျာရုံးခန်းသို့ ခေါ်၍ ရွှေပြည်သာ ရဲအုပ်အပါအဝင် အလုပ်သမားရုံး တာဝန်ရှိသူများက 

မင်းတို့က ဒီအလုပ်သမားတွေကို ဦးဆောင်နေတာ မင်းတို့ကို ဥပဒေအရ ဖမ်းဆီးလို့ရတယ်၊ ဒီအလုပ်သမားတွေ တောင်းဆိုမှု လုပ်နေတာ ၃ရက်ပြည့်လို့ အလုပ်ပြန်မဝင်ရင် မင်းတို့ တာဝန်ယူရမယ် စက်ရုံကပေးတဲ့ ပိုက်ဆံကို ယူပြီး အလုပ်ပြန်ဝင်ရင်ဝင်၊ မဝင်ရင် ဖမ်းမယ်’’လို့ ခြိမ်းခြောက်ခဲ့တယ် သိရပါတယ်။


 ၂၀၂၃ ခုနှစ်တွင်လည်း  VIP အားကစားပစ္စည်းစက်ရုံတွင် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရန် ကြိုးပမ်းသည့် အလုပ်သမားများကို အလုပ်ထုတ်ပယ်ခဲ့သည့်အပြင် စစ်သားများ လုပ်ငန်းခွင်အတွင်းအထိ ဝင်ရောက်လာပြီး HR မန်နေဂျာ ဒေါ်မေသွယ်စိုးနှင့် စက်ရုံမှူးကိုယ်တိုင်က ပိုက်ဆံပေး၍ အလုပ်သမားများအား ဖမ်းစီးပေးရန် အလုပ်သမားများအရှေ့တွင်ပင် ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၇။ ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဥ်းသား တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် အယောက်နှစ်ရာနီးပါး တရားမဝင် ငွေကြေးကောက်ခံခြင်းခံရ


သြဂုတ်လ ၁၅ရက်။

Radio NUG

ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဥ်းသား တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် အယောက်နှစ်ရာနီးပါး တရားမဝင် ငွေကြေးကောက်ခံခြင်းလခံရတယ်လို့ သြဂုတ်လ ၁၅ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးဖော်ပြပါတယ်။


ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ပုံစံ ကြေးများတောင်းခံနေပြီး မပေးပါက ဖိနှိပ်မှုများကို ပြုလုပ်နေလျက် ရှိတယ်လို့ဖော်ပြပါတယ်။


အဆောင်မှူး သီဟအောင်က အခြားရာဇဝတ်အကျဥ်းသားများနှင့် ပူးပေါင်းပြီး နိုင်/ကျဥ်းများထံမှ ပုံစံကြေးဟုဆိုကာ ငွေကျပ် တစ်သိန်းအထိ တောင်းခံနေခြင်းဖြစ်ပြီးပုံစံကြေးမပေးသည့် နိုင်/ကျဥ်းများကို ထောင်အာဏာပိုင်များမှ ခြေထောက်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်း စသည့်  ညှဥ်းပမ်းနှိပ်စက်မှုများ ပြုလုပ်ရုံသာမက နိုင်ကျဥ်းများကို ညစ်ညမ်းစွာ စော်ကား ဆဲဆိုပြောဆိုခြင်း၊ နိုင်/ကျဥ်း တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ခန့်မှန်း ၂၀၀ ဦးခန့်အား တရားမဝင် ငွေကြေး ကောက်ခံခြင်းများအား ထောင်ပြောင်း နိုင်/ကျဥ်းများထံ အနိုင်ကျင့် ဗိုလ်ကျ ကောက်ခံခြင်းများကို ပြုလုပ်နေကြတယ်လို့ဆိုပါတယ်။


ထိုကဲ့သို့ ဒိုက်ဦးထောင်အတွင်း နိုင်ကျဉ်းများအပေါ် ထောင်အာဏာပိုင်များမှ ဖိနှိပ်မှုများကို ပြုလုပ်နေပြီး အခြား လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ဖြစ်စဉ်များကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ စုံစမ်းဖော်ထုတ်ကာ ထပ်မံကြေညာသွားမယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ သစ်ခိုးထုတ်နေသူများကို PDF များ တွေ့ရှိ၍ ကျွန်းနုပင်များ ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိပေးပြောဆိုကာ ပြန်လည်လွှတ်ပေး


ဩဂုတ်လ ၁၅ရက်။ 

RadioNUG

ဩဂုတ်လ ၁၅ရက် နံနက် ၁၀နာရီခန့်တွင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ စစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဥ် ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ်(၅၆)နှင့် (၅၇)တွင် ကျွန်းနုပင်များအား ခုတ်ယူသယ်ဆောင်နေကြသည့် သစ်ခိုးထုတ်နေသူများကို တွေ့ရှိ၍ ကျွန်းနုပင်များ ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိပေးပြောဆိုကာ ပြန်လည်လွတ်ပေးလိုက်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ သတင်းထုတ်ပြန်ပါတယ်။


မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုသည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများအားလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များအား ခိုးထုတ်မှုများကို မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များအား ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူ လေယာဉ်ကွင်းအနီး အင်အားရာကျော်ဖြင့် တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းအား ဝင်ရောက်ပစ်ခတ် 


ဩဂုတ်လ ၁၅ ရက်။ 

Radio NUG

ပခုက္ကူ လေယာဉ်ကွင်း ပြုပြင်ရေးစီမံကိန်းကြောင့် လေယာဉ်ကွင်း အနီးက ရွာမှာ အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဂိတ်စခန်းအနီးနားမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန် ထားပါတယ်။


ဩဂုတ်လ ၁၅ ရက်၊ မနက် ၁၀ နာရီ ခွဲခန့်က အဆိုပါ ဂိတ်စခန်းအနီးက စစ်ကောင်စီ တပ်သားများကို Southern YSO PDF "နတ်မိချောင်း စစ်ဆင်ရေး" စစ်ကြောင်းက ဦးစီးပြီး ပူးပေါင်းမဟာမိတ်များနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့ပြီး G3 သေနတ် တလက်နဲ့ MA 11 တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရှိရပါတယ်။


ယခုစစ်ဆင်ရေးတွင် Southern YSO PDF နှင့်အတူ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG), King Cobra, ပြည်သူ့အားမာန် PDF, တပ်ရင်း (၁၆) တပ်ခွဲ ()တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို ကိုက် ၁၅၀ အကွာမှ အနီးကပ် ပစ်ခတ်တိုက်ခိုက် 


ဩဂုတ်လ ၁၅ ရက်။ 

Radio NUG

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကန်လေးကုန်းရွာနှင့် ပန်းညိုရွာ အနောက်ဘက်မှာ စစ်ကောင်စီ တပ်ဖွဲ့ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု (OPRF - PLA) အဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၅ ရက်တွင် ဂွေးကုန်းရွာမှ စတင် စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနက် ၁၀ နာရီ မိနစ်မှာ ကန်လေးကုန်းရွာကနေ ပန်းညိုရွာသင်္ချိုင်းကုန်း မြောက်ဘက်အရောက်တွင် ကိုက် ၁၅၀ အကွာမှ အနီးကပ် ပစ်ခတ်ခိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး အတိအကျ မသိရသေးဘဲ စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုမှ ရဲဘော်များ အားလုံး အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ သလဲဘာ ပျူရွာ အထိုင်စခန်းကို ဝင်ရောက်ချေမှုန်းခဲ့ပြီး စစ်သား ဦးနဲ့ ပျူစောထီး ဦး သေဆုံးခဲ့


ဩဂုတ်လ ၁၅ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာ ပျူရွာက အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်သား ဦးနဲ့ ပျူစောထီး ဦး သေဆုံးခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၄ ရက်နေ့ မနက် နာရီခွဲခန့်က သလဲဘာ ပျူရွာ အထိုင်စခန်းအား ဝင်ရောက်ချေမှုန်းခဲ့ပြီး စခန်းသိမ်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အရာတော် လကရ (၁၀)နဲ့ ငွေတွင်းပျူရွာမှ လက်နက်ကြီးပစ်ကူများ မနားတမ်း ပစ်ခတ်ပေးခဲ့သလို မြေပြင် စစ်ကူများလည်း အများအပြား ရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။


တိုက်ပွဲကြာချိန် ငါးနာရီ အတွင်း စစ်ကောင်စီ တပ်သား ဦး၊ ငွေတွင်း ပျူ ဦးနဲ့ သလဲဘာ ပျူ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစု ဘက်မှလည်း တပ်ရင်း ၁၉ မှ ရဲဘော် ဦးနဲ့ Zero အဖွဲ့မှ ရဲဘော် ဦး မစိုးရိမ် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ယခုစစ်ဆင်ရေးကို တပ်ရင်း (၂၁ / ၁၉ / ၂၆ / ၂၂), Zero အဖွဲ့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ Shwebo Crocodile ဗိုလ်ကျားရိုင်း - ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဗိုလ်ဂျပန်ကြီ TTT အဖွဲ့ စွန်ရဲရွှေဘို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒေါင်းစစ်သည် အဖွဲ့ ရွှေဘိုအားမာန် အဖွဲ့ HG FIGHTER EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖျံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ Hero Brother Zay Yar Thawed YAUNG NI ရွှေဘိုသား ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇာမဏီဒေါင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ BO BA Taw (LDF) ရွှေဘိုမြို့နယ် တလရ တပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ကုန်လည်ရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲနေတဲ စစ်ကောင်စီ တပ်ဖွဲ့ကို Drone ဖြင့် ဗုံးသီး လုံး ကြဲချ တိုက်ခိုက် 


ဩဂုတ်လ ၁၅ ရက်။ 

Radio NUG

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ ကုန်လည်ရွာ၊ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲနေတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်း ကို Drone ဖြင့် ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Youth Guerrilla Counter Revolution - NZ က သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၄ ရက်၊ မနက် နာရီ ဝန်းကျင်မှာ ငါန်းမြာကြီး ကျေးရွာမှ ထွက်ခွာလာပြီး ကုန်လည်ရွာကို ရောက်လာကာ ဘုန်းကြီးကျောင်း ဝင်းအတွင်း အထိုင်ချထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို နေ့လည် နာရီ ခန့်မှာ Drone အကြီးဖြင့် ဗုံးသီး လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သတင်းရရှိကြောင်း ဖော်ပြထားပါတယ်။


ထိုသို့ ဗုံးသီးချ တိုက်ခိုက်ခံရပြီးနောက် ငါန်းမြာကြီး ကျေးရွာဘက်ကနေ ဖောကားတစီးဖြင့် စစ်ကောင်စီ တပ်သားများ ထပ်မံ ရောက်ရှိလာကာ လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ် နေတာကြောင့် ကျေးရွာနေ ပြည်သူများ တောဘက်မှာ ထွက်ပြေးပုန်းရှောင် နေကြရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို TGYR-YouthGuerrillaCounterRevolution-NZ , 925 ပြောက်ကျားတပ်ဖွဲ့ , ငါန်းဇွန်မြို့နယ်(ပကဖ), တပ်ရင်း- မန္တလေးတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စာသင်ကျောင်း ()ကျောင်း ဆေးရုံ ()လုံးပျက်စီးခဲ့ရပြီး နွား ()ကောင် ထိခိုက်ဒဏ်ရာရရှိ


ဩဂုတ်လ ၁၅ရက်။

RadioNUG

ဩဂုတ်လ (၁၃)ရက်နေ့ ညနေ (:၂၀)မိနစ် အချိန်ခန့်တွင် ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ရေတွင်းကုန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံ () လုံးနှင့် စာသင်ကျောင်း ()ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။


ထို့အပြင် (:၄၀)မိနစ်နှင့် (၁၀:၁၁)မိနစ်အချိန်တို့တွင် ခလရ၂၆၄ တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး ()လုံးကို ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းကျေးရွာနှင့် ငဖယ်အင်းကျေးရွာတို့အတွင်း ကျရောက်ပေါက်ကွဲပြီး ငယ်အင်းကျေးရွာ နွား()ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်


ဩဂုတ်လ ၁၅ရက်။ 

RadioNUG

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် - ပကဖ က သတင်းထုတ်ပြန်ပါတယ်။


ဩဂုတ်လ ၁၄ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ မိုင်ရွာကို အကြမ်းဖက်စစ်ကောင်စီမှ K-8W Jet Fighter အမျိုးအစားတိုက်လေယာဉ်ကို အသုံးပြုပြီး နံနက် ၁၀ နာရီတွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၅၃ မိနစ်တွင်တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။


ဩဂုတ်လ ၁၅ ရက်နေ့၊ နေ့လည် နာရီ ၄၀ မိနစ်အချိန်ခန့်တွင်လည်း ဆင်ခေါင်းရွာ၊ ကဏန်းကွင်းရွာစသည့် ကျေးရွာနှစ်ရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုအတွင်း  ထိခိုက်ဒါဏ်ရာရရှိသူ မရှိခဲ့သော်လည်း အဆောက်အဦးတစ်ချို့ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ မုံရွာတွင် စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး ဒဏ်ရာရ


ဩဂုတ်လ ၁၅ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၄ ရက် နေ့လည် နာရီကျော်ခန့်မှာ မုံရွာမြို့၊ Ocean center အနီးရှိ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကူးတို့ကုန်း ကျေးရွာနေ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို အိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။


စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မကြာခဏ ဆိုသလို မြစ်အနောက်ဘက်က ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၉။ ရေဦးမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ


ဩဂုတ်လ ၁၅ ရက်။ 

Radio NUG

ဩဂုတ်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင် ရေဦးတိုင်းရင်းဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈၀ ခန့်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရေဦးမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း People's Defense Comrade ထံမှ သိရပါတယ်။


အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ခြုံရွာနှင့် ကျီကုန်းရွာဘက်ကို ဦးတည် ထွက်ခွာလာရန် လုပ်ဆောင်နေကြောင်း၊ ဒီပဲယင်းမြို့ပေါ်တွင်လည်း အဆိုပါ အကြမ်းဖက် စစ်ကြောင်းကို ကြိုဆိုရန် မြို့အထွက် ကံပြားဘက်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

Related Posts:

No comments:

Post a Comment