၂၀၂၄ သြဂုတ်လ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ သိမ်းပိုက်နယ်မြေကို ထိန်းချုပ်နယ်မြေအဖြစ် ပုံဖော်ဖို့ အားနည်းတာဟာ လူထုအတွက်ရော၊ တော်လှန်ရေးအတွက်ပါ ဘေးထွက်ဆိုးကျိုး ရှိနိုင်တယ်လို့ယာယီသမ္မတပြောကြား
📌 ၂။ တိမ်းရှောင်နေရတဲ့CDM များ စိုးမိုးနယ်မြေက နိူင်ငံရဲ့ယန္တရားမှာပါဝင်ကြရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြား
📌 ၄။ ဒိုက်ဦးထောင်တွင် နှစ်ပွင့်အရာရှိ အမျိုးသမီးဝန်ထမ်း စန်းနွယ်ဦး က အင်အားသုံးရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ(၇)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရ
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အုပ်ကြီးကမ်ပိန်း စတင်တဲ့အချိန်ကနေ ၄၈ နာရီအတွင်းမှာတင် သတင်းပေးပို့မှု ၁၀၀ ကျော်ရရှိ
🚩 ၂။ ဒီပဲယင်းရှိ စစ်ရှောင်များတိမ်းရှောင်နေတဲ့Camp အတော်အများ ရိက္ခာအခက်များ ပိုမိုကြုံလာပြီဖြစ်တယ်လို့ဆို
🚩 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၁၈) ဦးအထိ ရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ သိမ်းပိုက်နယ်မြေကို ထိန်းချုပ်နယ်မြေအဖြစ် ပုံဖော်ဖို့ အားနည်းတာဟာ လူထုအတွက်ရော၊ တော်လှန်ရေးအတွက်ပါ ဘေးထွက်ဆိုးကျိုး ရှိနိုင်တယ်လို့ယာယီသမ္မတပြောကြား
သြဂုတ်လ၂၀ရက်
သြဂုတ်လ၂၀ရက်မှာကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၃ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် သိမ်းပိုက်နယ်မြေကို ထိန်းချုပ်နယ်မြေအဖြစ် ပုံဖော်တဲ့ ကိစ္စနှင့် ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့အနေနဲ့ အလေးအနက်ထား ရှုမြင်ဖို့ လိုတာကတော့ စစ်ရေးရလဒ်တွေရဲ့ နောက်မှာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ပီပီပြင်ပြင်ဖော်ဆောင်နိုင်ရေးကို အလေးအနက်ထားဖို့ လိုပါတယ်။ စစ်မှာ သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုပါတယ်။ ခုခံတော်လှန်စစ်အရ မြို့တွေ ရွာတွေကို သိမ်းပိုက်နိုင်ခြင်းဟာ နိုင်ငံရေးပုံရိပ်အရ လူထုကြားထဲမှာ အားပေးထောက်ခံမှု ရတယ်ဆိုပေမယ့် တဖက်မှာလည်း သိမ်းပိုက်နယ်မြေကို ထိန်းချုပ်နယ်မြေအဖြစ် ပုံဖော်ဖို့ အားနည်းတာဟာ လူထုအတွက်ရော၊ တော်လှန်ရေးအတွက်ပါ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သိမ်းပိုက်နယ်မြေတွေကို ထိန်းချုပ်နယ်မြေတွေအဖြစ် မြဲမြံစေဖို့ အထူး ဂရုစိုက်ရမှာ ဖြစ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။
ဒါ့အပြင်တိုင်းပြည်ဟာ ရေမြေသယံဇာတ,က ပေးအပ်တဲ့ ကောင်းချီးကို ခံစားရတဲ့ တိုင်းပြည်ဖြစ်တာကြောင့်၊ စည်းမျဉ်း စည်းကမ်းနဲ့ မူဝါဒအားဖြင့် ထိန်းကွပ်ပေးမှု ရှိမှ၊ တိုးတက်ဖွံ့ဖြိုးရေးကို တက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ယာယီသမ္မတကပြောပါတယ်။
========================
📌📌 ၂။ တိမ်းရှောင်နေရတဲ့CDM များ စိုးမိုးနယ်မြေက နိူင်ငံရဲ့ယန္တရားမှာပါဝင်ကြရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတိုက်တွန်းပြောကြား
သြဂုတ်လ၂၀ရက်
CDM တွေချီတက်လာတဲ့ပန်းတိုင်ဟာရောက်နေပြီဖြစ်၍တိမ်းရှောင်နေရတဲ့CDM များစိုးမိုးနယ်မြေကနိူင်ငံရဲ့ယန္တရားမှာပါဝင်ကြရန်ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက သြဂုတ်လအတွင်းမှာပြုလုပ်တဲ့ ပြည်သူမှပြည်သူသို့အစီအစဥ်တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
"CDMဟာအောင်မြင်နေပြီလို့ဒီနေရာမှာကြေညာချင်တယ်။စကစရဲ့ယန္တရားကိုရပ်တယ်။ယန္တရားကိုသိမ်းတယ်။စိုးမိုးထိန်းချုပ်နယ်မြေမှာCDMယန္တရားလည်ပတ်တယ်။ကျနော်တို့CDM တွေရဲ့ချီတက်လာတဲ့ပန်းတိုင်ဟာရောက်နေပြီ။တချို့တိမ်းရှောင်နေရတဲ့CDM တွေနိူင်ငံရဲ့ယန္တရားမှာလည်ပတ်ဖို့ပါဝင်ကြပါ။ပေါင်းစည်းကြပါလို့ဒီနေရာမှာဖိတ်ခေါ်ချင်တယ်။CDM တွေနဲ့သွားတဲ့နိူင်ငံသစ်တခုမှာပါဝင်ကြပါလို့ တိုက်တွန်းချင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင်စကစရဲ့ ယန္တရားဟာ ပြန်လည်အသက်ဝင်မှာမဟုတ်တော့တဲ့အတွက် Non CDMများအနေနဲ့လည်းပြည်သူထံအလင်းဝင်ရန်ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
========================
========================
📌📌 ၄။ ဒိုက်ဦးထောင်တွင် နှစ်ပွင့်အရာရှိ အမျိုးသမီးဝန်ထမ်း စန်းနွယ်ဦး က အင်အားသုံးရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ(၇)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရ
သြဂုတ်လ၁၉ရက်
ဒိုက်ဦးထောင်တွင်နိုင်ငံရေးအကျဉ်းသူ(၇)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့မှုနှင့်ပတ်သက်ပြီး သြဂုတ်လအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အခုလိုတရားဝင်အသိပေးထုတ်ပြန်ပါတယ်။
သြဂုတ်လ၁၉ ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်တွင် ဒိုက်ဦးထောင်မှ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသားအင်အား(၅၀)ဦးခန့်နှင့်အမျိုးသမီးဝန်ထမ်း(၇)ဦးခန့်တို့သည် အမျိုးသမီးအဆောင်သို့ လေးခွ ၊ ရာဘာတုတ်၊ကျဉ်စက်များ ကိုင်ဆောင်၍ ဝင်ရောက်ခဲ့ပြီး ကျိုက်မရောထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူတစ်ဦးကို မိသားစုဧည့်တွေ့မှ ပါလာသည့် ပစ္စည်းတွင် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဟူသောစွပ်စွဲချက်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ဖော်ပြပါတယ်။
လာရောက်ခေါ်ဆောင်ရာတွင် ကောင်းမွန်သည့် အကြောင်းပြချက်ပေး၍ခေါ်ထုတ်ခြင်းမဟုတ်ပဲ အတင်းအဓမ္မအင်အားသုံး ခေါ်ဆောင်သည့်အတွက် ခေါ်ဆောင်ခံရသူ နိုင်ငံရေးအကျဉ်းသူက မလိုက်နိုင်ကြောင်း ရှင်းပြသည့်အပေါ် အမျိုးသမီးဝန်ထမ်း၂ ပွင့်အရာရှိ စန်းနွယ်ဦး မှ အမျိုးသားဝန်ထမ်းများကို အတင်းအဓမ္မအခန်းတွင်းမှ ခေါ်ထုတ်ခိုင်းခဲ့တယ်လို့သိရပါတယ်။
အမျိုးသားဝန်ထမ်းများက ခေါ်မထုတ်သည့်အခါ စန်းနွယ်ဦး မှ အမျိုးသမီးအဆောင်အခန်းထဲထိ ဝင်ရောက်၍ ကျိုက်မရောထောင်ပြောင်း နိုင်ကျဉ်းသူအား ဆံပင်ကိုဆွဲ၍ ရိုက်နှက်ခေါ်ဆောင်သွားခဲ့ပြီး ဥပဒေမဲ့ ခေါ်ဆောင်မှုအပေါ် လက်မခံနိုင်သည့် နိုင်ငံရေးအကျဉ်းသူများမှ ကြားဝင်ဖြေရှင်းပေးသည့်အပေါ် ဝန်ထမ်းများက ခေါ်ဆောင်မှုကို ဝိုင်းဝန်းကာကွယ်ပေးသည်ဟုဆိုကာ အခြားနိုင်ငံရေးအကျဉ်းသူများကိုပါ ဝန်ထမ်းအင်အား(၅၀)မှ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။
ရိုက်နှက်ခံခဲ့ရသည့် အတွက် နိုင်ငံရေးအကျဉ်းသူ(၇)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်နှင့် လုံခြုံရေးအရ အထူးစိုးရိမ်နေရကြောင်း သိရှိရပါတယ်။
လက်ရှိရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများသည် ကျိုက်မရောထောင်နှင့် အင်းစိန်ထောင်မှ ပြောင်းရွေ့ခံထားရသူများဖြစ်ပြီး ဒိုက်ဦးတွင်အကျဉ်းချခံခဲ့ရသည့် နိုင်/ကျဉ်းအမျိုးသမီးများ ဖြစ်ကြောင်း သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အုပ်ကြီးကမ်ပိန်း စတင်တဲ့အချိန်ကနေ ၄၈ နာရီအတွင်းမှာတင် သတင်းပေးပို့မှု ၁၀၀ ကျော်ရရှိ
ဩဂုတ်လ(၂၀)
ရန်ကုန်သပိတ်တွေရဲ့ အုပ်ကြီးကမ်ပိန်းဟာ စတင်တဲ့အချိန်ကနေ ၄၈ နာရီအတွင်းမှာတင် သတင်းပေးပို့မှု ၁၀၀ ကျော်ရရှိခဲ့ပါတယ်။ ဒါဟာ ကမ်ပိန်းစပြီ ဆိုကတည်းက ၂၅ မိနစ်စီတိုင်းမှာ အုပ်ကြီးတစ်ဦးအကြောင်းကို တော်လှန်ပြည်သူတွေက သတင်းပေးနေလို့ ရန်ကုန်လူထုသပိတ်ကထုတ်ပြန်ထားပါတယ်။
ဒီနေရာမှာ အုပ်ကြီးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျ ရမ်းကားမှုတွေအပေါ် လူထုရဲ့ ခံပြင်းဒေါသကို အထင်အရှားမြင်ရပါတယ်။ ဒါပေမယ့် အုပ်ကြီးကမ်ပိန်းဟာ ရန်ကုန်ဒေသတဝှမ်းလုံးက ရပ်ကျေး အုပ်ချုပ်ရေးမှူးပေါင်း (၁၄၀၀) နီးပါးရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းမှာ ဖြစ်တဲ့အတွက် တော်လှန်ပြည်သူတွေရဲ့ သတင်းပေးပို့မှုနဲ့ ပူးပေါင်းပါဝင်မှုတွေကို ဆက်လက်ပြီး ပိုမိုလိုအပ်နေပါသေးတယ်လို့ဆိုပါတယ်။
သတင်းပေးပို့ရုံတင်မကဘဲ ဒီလို အနိုင်ကျင့် ဗိုလ်ကျ ရမ်းကားနေတဲ့ အုပ်ကြီးတွေကို အာခံကြဖို့၊ ဖီဆန်ကြဖို့ အံတုကြဖို့လည်း လိုပါတယ်။ ဒီ လူမဆန်တဲ့ အုပ်ကြီးတွေကို လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ဖယ်ကျဉ်ထားပြီး လူမှုရေးပြစ်ဒဏ်ခတ်ဖို့လိုပါတယ်။
အုပ်ကြီးကမ်းပိန်းကလည်း အချက်ကောက်ယူမှုတွေ စုံလင်လာရင် အုပ်ကြီးတွေ စာရင်းပြုစုပြီး လူမှုရေးပြစ်ဒဏ်ခတ်ခြင်းနဲ့ ဖိအားပေးတာတွေကို တော်လှန်ပြည်သူတွေနဲ့အတူ အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
ပြည်တင်းရင် မင်းတောင် မခံနိုင်တာ ဒီအုပ်ကြီးတွေလောက်က ဘာမှမဟုတ်ပါဘူး။ လူထုအားနဲ့တွန်းရင် ဒီဖက်ဆစ်ယန္တရားဟာ အချိန်ခဏအတွင်း ပြိုလဲသွားမှာ အသေအချာပါပဲလို့
အုပ်ကြီးကမ်ပိန်း ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဒီပဲယင်းရှိ စစ်ရှောင်များတိမ်းရှောင်နေတဲ့Camp အတော်အများ ရိက္ခာအခက်များ ပိုမိုကြုံလာပြီဖြစ်တယ်လို့ဆို
သြဂုတ်လ၂၀ရက်
စစ်ကိုင်းတိုင်း၊ဒီပဲယင်းရှိ စစ်ရှောင်များတိမ်းရှောင်နေတဲ့Camp အတော်အများ ရိက္ခာအခက်များ ပိုမိုကြုံလာပြီဖြစ်တယ်လို့ သြဂုတ်လအတွင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အသိပေးဖော်ပြပါတယ်။
"ဒီပဲယင်းနယ်စစ်ရှောင်များအတွက် ရေဦးနယ်မှအလှူရှင်များ၏ ကူညီပေးပို့မှုဖြင့် စစ်ရှောင် ၅၀၀ ခန့်အတွက်ချက်ပြုတ်ကျွေးမွေးရာ Camp တစ်ခုအတွက် ဟင်းသီးဟင်းရွက်များ ပေးပို့လှူဒါန်းထားပါတယ်။ယနေ့အထိ စစ်ဘေးတိမ်းရှောင်နေရသည်မှာ (၅) ရက်ခန့်ရှိပြီပြီး Camp အတော်အများ ရိက္ခာအခက်များ ပိုမိုကြုံလာပြီဖြစ်ကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့အသိပေးကြေညာထားပါတယ်။
========================
🚩🚩 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၁၈) ဦးအထိ ရှိလာ
သြဂုတ်လ၂၀ရက်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ သြဂုတ်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၁၈) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၃၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၂၁၈) ဦးရှိပြီး ထိုအထဲမှ (၂၀၇၆၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment