20th AUG 2024 - Morning Daily News by Radio NUG

 

၂၀၂၄ သြဂုတ်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ (၇၇) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့

📌 ၂။ ASEAN 5-point consensus က expired ဖြစ်ပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၃။ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးအပေါ်  စိတ်ဝင်စားသော ဒေသခံကိုယ်စားလှယ်များအား ပဋိပက္ခကာလအတွင်း အမွေအနှစ် စီမံအုပ်ချုပ်မှုကိစ္စရပ်များ သင်တန်းပို့ချ

📌 ၄။ နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တစ်ချို့တို့ မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကို AA သတိပေး

📌 ၅။ MNDAA က  နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း (၅၀၀) ဝန်းကျင်ဖြင့် စတင်အကောင် အထည်ဖော်

📌 ၆။ (၇၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ် 

📌 ၇။ ဇူလိုင်လအတွင်း အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်/ကျဥ်းများ  ညှင်းပန်းနှိပ်စက်ခံရ

📌 ၈။ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖေမောင်စိမ်း ကွယ်လွန်


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တိုက်ပွဲ တလကြာပြီးနောက် မိုးမောက် ခမရ (၄၃၇) ကို KIA အပြီးသတ် သိမ်းပိုက်

🚩 ၂။ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီး ရဲစခန်းကို သိမ်းပိုက်ရရှိ

🚩 ၃။ ပခုက္ကူ-ကမ္မ ကားလမ်းမကြီးပေါ်က စကစနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ ဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်

🚩 ၄။ စစ်ကောင်စီက ဒီပဲယင်းနဲ့ ရေဦးနယ်အတွင်းကို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ သောင်းနဲ့ချီ အရေးပေါ် တိမ်းရှောင်နေရ

🚩 ၅။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများနှင့် အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ (၇၇) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့


(၇၇) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

(၁၉၄၈) ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၊ (မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့) တွင် မွန်တော်လှန်ရေးခေါင်းဆောင်များဖြစ်ကြသော နိုင်ပန်းသာ၊ နိုင်မောင်သိန်းတို့ ဦးဆောင်သော မွန်လူငယ် (၂၇) ဦးတို့က ဦးဆောင်လျက် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းအား စတင် တိုက်ခိုက်တော်လှန်ခဲ့သည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်တော်လှန်ရေးနေ့အဖြစ် အထိမ်းအမှတ် ပြုကျင်းပခဲ့သည်မှာ သြဂုတ်လ (၁၉) ရက်တွင် (၇၇) နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ထူးမြတ်သော မွန်တော်လှန်ရေးနေ့တွင် မွန်တိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး  နွေဦးတော်လှန်ရေးခရီးလမ်း၏ အောင်မြင်မှုပန်းတိုင်ဆီသို့ ဟန်ချက်ညီညီဖြင့် အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်တယ်လို့ဆိုပါတယ်။

မွန် တိုင်းရင်းသားလူထုအနေဖြင့် မွန်အာဇာနည်ခေါင်းဆောင်ကြီးများ၏ မပြီးမြောက်ခဲ့သည့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးအား ဆက်လက် ကြိုးစားဖော်ဆောင်လျက်ရှိရာ ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ညီနောင်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့်အတူ ချိတ်ဆက်မှု အားကောင်းစွာဖြင့် တိုက်ပွဲဝင် ဆင်နွှဲနေကြသည့်အတွက် လွန်စွာလေးစားဂုဏ်ယူဖွယ်ဖြစ်ပြီး ခေတ်အဆက်ဆက်တွင်  အာဏာရှင်စနစ်ဆိုးအား တွန်းလှန်ချေမှုန်းခဲ့ကြရင်း အသက်၊ သွေး၊ ချွေးများပေးဆပ်ခဲ့ကြရသော မွန် တော်လှန်ရေးခေါင်းဆောင်ကြီးများနှင့်တကွ မွန် တိုင်းရင်းသားအာဇာနည် သူရဲကောင်းအပေါင်းတို့အား မိမိတို့အနေဖြင့် အစဥ်အမြဲလေးစားပါ ကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါတယ်လို့ဆိုပါတယ်။

အကြမ်းဖက် စစ်အာဏာရှင် အဆက်ဆက်သည် တိုင်းရင်းသားပြည်သူလူထု အချင်းချင်း အကြားတွင် ညီညွတ်မှုပြိုပျက်စေရန် ရည်ရွယ်ချက်ကြီးကြီးဖြင့် နည်းလမ်းမျိုးစုံသုံး၍ သွေးခွဲအုပ်ချုပ်ခဲ့ကြသော်လည်း တော်လှန်ရေး သမိုင်းစာမျက်နှာများတွင် တိုင်းရင်းသား ပြည်သူလူထု၏ ညီညွတ်မှုအင်အားတို့အား ဖျက်ဆီးဖြိုလှဲ၍ မရခဲ့သည်မှာ လက်ရှိနွေဦးတော်လှန်ရေးကြီးသည် သက်သေတစ်ခုပင် ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် နှစ်ပေါင်းများစွာကြာ အခြေတည်မြှုပ်နှံခဲ့ကြရသော အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ရင်းနှီးပေးဆပ်မှုများအတွက် မိမိတို့အားလုံးအနေဖြင့်လည်း ပိုမိုစုစည်းညီညွတ်လျက် ခိုင်မာသော ခံယူချက်များဖြင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်သုဉ်းသည်အထိ ရှေ့ဆက် ကြိုးစား ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၂။ ASEAN 5-point consensus က expired ဖြစ်ပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ အင်တာဗျူး ကောက်နုတ်ချက်ကို သြဂုတ်လ (၁၉) ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ဖော်ပြပါတယ်။

"ASEAN 5-point consensus အာဆီယံရဲ့ ဘုံသဘောတူညီချက် () ချက်က expire သက်တမ်းကုန်နေပြီလို့တောင် ကျွန်မတို့ ပြောလေ့ပြောထရှိပါတယ်။ ဒါကြောင့် အာဆီယံကိုယ်တိုင်ပဲ ပြီးခဲ့တဲ့နှစ် အင်ဒိုနီးရှားလက်ထက်မှာ နောက်ထပ် ၁၅ ချက် implementation လုပ်ဖို့ဆိုပြီးတော့ ထပ်ပြီးတော့ သဘောတူထားတာရှိပါတယ်။ ဒါပေမဲ့ ဒါကိုတော့ ဘယ်သူမှတော့ သိပ်ပြီးတော့မပြောကြဘူး။ မပြောကြတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ မူလဘုံသဘောထားရပ်တည်ချက် () ချက်ကိုတောင်မှ စစ်ကောင်စီအနေနဲ့ အကောင်အထည်မဖော်နိုင်သေးတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကိုပဲ အခြေခံပြီးတော့ ဇွတ်တွန်းနေတဲ့သဘော ဖြစ်တော့ဖြစ်နေတာပေါ့နော်။ ဒါကြောင့်မို့လို့ ခုနပြောတဲ့ ASEAN 5-point consensus ဟာ expire ဖြစ်နေပြီ" လို့ ဝန်ကြီးက ဆိုလိုက်တာပါ။

ဒါ့အပြင် ASEAN 5-point consensus ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက သဘောတူထားတဲ့ သဘောတူညီချက်ဖြစ်ပြီး ယခင်အခြေအနေနဲ့ အင်မတန်မှ ကွာခြားသွားခဲ့ပြီ ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

"ဒီကွာခြားမှုတွေနဲ့ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ သဘောတူညီချက်မျိုး၊ တောင်းဆိုချက်မျိုး ပိုပြီးတော့လက်တွေ့ကျတဲ့အခြေအနေမျိုးကို အမေရိကန်ပြည်ထောင်စုရော၊ အိမ်နီးနားချင်း တရုတ်နိုင်ငံရော၊ အာဆီယံနိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ပိုပြီးတော့ လက်တွေ့ကျတဲ့ ပကတိအခြေအနေတွေနဲ့ ကိုက်ညီတဲ့ တောင်းဆိုမှုမျိုးတွေ၊ ဖိအားပေးမှုမျိုးတွေလုပ်ဖို့လိုအပ်ပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုထားပါတယ်။


========================


📌📌 ၃။ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးအပေါ်  စိတ်ဝင်စားသော ဒေသခံကိုယ်စားလှယ်များအား ပဋိပက္ခကာလအတွင်း အမွေအနှစ် စီမံအုပ်ချုပ်မှုကိစ္စရပ်များ သင်တန်းပို့ချ


အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ (IBHA)ကဒေသအသီးသီးမှ အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးအပေါ် စိတ်ဝင်စားသော ဒေသခံကိုယ်စားလှယ်များအား ပဋိပက္ခကာလအတွင်း အမွေအနှစ် စီမံအုပ်ချုပ်မှုကိစ္စရပ်များအား ဩဂုတ်လအတွင်း သင်တန်းပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။

IBHA က အဖွဲ့ဝင်များအပါအဝင် ဒေသအသီးသီးမှ အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးအပေါ်  စိတ်ဝင်စားသော ဒေသခံကိုယ်စားလှယ်များအား Heritage Administration in Conflict Zone နှင့် PPP for Heritage Management သင်တန်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါ်ခင်မမမျိုးမှ ပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းအား 2024ခုနှစ်၊ ဩဂုတ်လ၏ ပထမပတ်၊ ဒုတိယပတ်၊ တတိယပတ် အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်းတွင် ဖွင့်လှစ်သင်ကြားခဲ့ပြီး () ရက်ကြာသင်တန်းဖြစ်ကာ စုစုပေါင်းသင်တန်းသား (၄၇) ဦးတက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သင်တန်းတွင် ပဋိပက္ခကာလအတွင်း အမွေအနှစ် စီမံအုပ်ချုပ်မှုကိစ္စရပ်များ၊ နိုင်ငံတကာ ပြဌာန်းချက်များ၊ လမ်းညွှန်ချက်များ၊ ဥပဒေမူဝါဒမူဘောင်များ၊  Case Study များ၊ မိမိနိုင်ငံအနေဖြင့် လက်တွေ့လုပ်ကိုင်နိုင်သည့် စီမံချက်လုပ်ငန်းများ နှင့်အတူ အနာဂတ်ကာလတွင် အမွေအနှစ် စီမံခန့်ခွဲခြင်းအား ထိန်းသိမ်းရေးရှု့ထောင့်၊ စီးပွားရေးရှု့ဒေါင့်၊ ငြိမ်းချမ်းရေးရှု့ဒေါင့်များမှ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး သဘောတရား၊ ကြိုတင်စီမံနိုင်မှု၊ နိုင်ငံတကာအတွေ့အကြုံ၊ အလေ့အကျင့်ကောင်းများအား သင်ကြားပို့ချခဲ့ရာ သင်တန်း သားများမှလည်း စိတ်ဝင်တစား ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။

သြဂုတ်လ (၁၈) ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပခဲ့ရာ  IBHA ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ သင်တန်းဆင်း ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တစ်ချို့တို့ မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကို AA သတိပေး


မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်နှင့်တစ်ပြိုင်နက်တွင် နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တစ်ချို့တို့သည် မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကို ဆက်တိုက်တွေ့ရှိနေရပြီး ဤကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း အာရက္ခတပ်တော် AA မှ အလေးအနက် သတိပေးလိုက်ပါတယ်။

ခေတ်ကာလအဆက်ဆက် အာရက္ခဒေသအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အဓိက လက်သည်တရားခံများမှာ စစ်အစိုးရအဆက်ဆက် နှင့် မြန်မာ့တပ်မတော် တစ်ဖြစ်လဲ ဖက်ဆစ်စစ်ကောင်စီပင် ဖြစ်ပြီး လွန်ခဲ့သောလများ၌ ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်ရပ်တိုင်းသည် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များသာဖြစ်ပြီး ၎င်းတို့နှင့်အတူ ARSA RSO ARA ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့များကပါ  အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များပင် ဖြစ်တယ်လို့ ဆိုထားပါတယ်။

မောင်တောမြို့တွင်းမှာ ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA RSO ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူအချို့တို့မှာလည်း ရှိနေဆဲဖြစ်ကာ အာရက္ခတပ်တော်မှ အဆိုပါ ပြည်သူများကို နေ့စဉ်နှင့်အမျှ ကယ်ထုတ်နေရဆဲပင် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ MNDAA က  နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း (၅၀၀) ဝန်းကျင်ဖြင့် စတင်အကောင် အထည်ဖော်


MNDAA က ရှမ်းပြည် အထူးဒေသ () တွင် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း (၅၀၀) ဝန်းကျင်ဖြင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း  အထူးဒေသ () ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန် ဒေါက်တာဘသက်က ပြောဆိုထားပါတယ်။

"အထူးဒေသ () ရဲ့ ကျန်းမာရေးဌာနကို ၁၀၂၇ Operation နောက်ပိုင်း (၂၀၂၄) ခုနှစ် ဇန်နဝါရီမှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းပေါင်း (၅၀၀) ခန့်နဲ့ ကျနော်တို့ လည်ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတာပေါ့။ အထူးဒေသ () ကျန်းမာရေးဌာနကို ရည်ရွယ်ချက် () ချက်နဲ့ အကောင်အထည်ဖော်ပါတယ်။ နံပါတ် () က အထူးဒေသ () အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး လူမျိုးဘာသာမရွေး တန်းတူညီမျှ  ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ အဘက်ဘက်က ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ် အဆင်မြှင့်တင်ရန်နဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်တစ်ခုကို တည်ဆောက်ရန်ဖြစ်ပါတယ်။ ကျနော်တို့လို ကျန်းမာရေး CDM ဝန်ထမ်းအားလုံး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ဖြစ်ပါတယ်" လို့ ဆိုထားပါတယ်။

"လားရှိုးပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ (၁၁) ရက်နေ့ကနေစပြီးတော့ ပြန်လည် လည်ပတ်နေပါပြီ။ လူနာတွေကလည်း တစ်ရက်ထက် တစ်ရက် ပိုပိုပြီးတော့ များလာပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ လူမျိုးဘာသာမရွေး ကုသမှု ခံယူနိုင်ပါတယ်။ လက်ရှိ တက်ရောက်ကုသမှုမှာ မနေ့က တစ်ရက်တည်းတင် OPT လူနာက (၁၆၈) ဦးရှိပြီးတော့ အတွင်းလူနာက (၃၈) ဦးရှိနေပါပြီ။ အဲဒါအပြင် တိုက်ပွဲအတွင်းမှာ ဒဏ်ရာရထားတဲ့ စစ်သုံ့ပန်း တချို့ကိုလည်း ကုသမှုပေးနေပါတယ်။ လားရှိုး ပြည်သူ့ဆေးရုံကြီးကို ခေတ်မီဆေးဝါးတွေ ခေတ်မီစက်ကိရိယာတွေ ဖြည့်စွက်ပြီးတော့ နိုင်ငံတကာ အဆင့်မီ ဆေးရုံကြီးဖြစ်အောင် တည်ဆောက်သွားပါမယ်" ဟု ဒေါက်တာဘသက်က ပြောဆိုထားပါတယ်။


========================


📌📌 ၆။ (၇၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ် 


ဩဂုတ်လ (၁၉) ရက် ဝါခေါင်လပြည့်နေ့တွင် ကျရောက်သည့် (၇၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ သတင်းထုတ်ပြန်ပါတယ်။

အခမ်းအနားတွင် မွန်တော်လှန်ရေးသမိုင်းတလျှောက် အသက်ပေးလှူခဲ့သည့် သူရဲကောင်းများအား အလေးပြုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ မိန့်ခွန်းပြောကြားခြင်း၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NMSP-AD) တို့မှ ပူးတွဲထုတ်ပြန်ထားသည့် ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားခြင်းနှင့် အခမ်းအနား တက်ရောက်လာကြသည့် မဟာမိတ်တပ်ရင်း တပ်ဖွဲ့များမှ ခေါင်းဆောင်များမှ မိန့်ခွန်းစကားပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အမှတ် () တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၃ ဗျုဟာမှူး၊ ဒေါနတပ်ရင်းမှ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများ၊ ရေးပြောက်ကျားတပ် (YGF) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) နှင့် ရေးသိမ်းငှက်အဖွဲ့မှ တာဝန်ရှိရဲဘော်များ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ခေတ်အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်သူရဲကောင်း ရဲဘော်အာဇာနည်များအား ဂုဏ်ပြုသောအားဖြင့် ၇၇ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး၊ ဘဝတူတိုင်းရင်းသားများနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး အဆုံးသတ်တိုက်ပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်သည်အထိ 

တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ဇူလိုင်လအတွင်း အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်/ကျဥ်းများ  ညှင်းပန်းနှိပ်စက်ခံရ


ဇူလိုင်လ (၂၁) ရက်နေ့တွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်သည့် အကျဉ်းသား (၃၀၀) ဦးကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ပြီးနောက် ထောင်အာဏာပိုင်များမှ ရန်သူသဖွယ်သဘောထားကာ ညှဥ်းပမ်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ရောက်သည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ (အကြောက်တရားသွင်း) ဦးချိုးသည့်အနေဖြင့် ထောင်အဝင်နှင့် ထောင်ဗူးဝ၌ ရိုက်နှက်မှုများကို စတင်ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုသို့ ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဉ်းသား (၄၀) ကျော် ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ထောင်ပြောင်းနှင့် ရောက်လာသည့် အကျဉ်းသားများကို ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ  ခြေကျင်းဒေါက်များဖြင့်‌ တစ်လကျော်အထိ ကြာမြင့်စွာ ခတ်ထားခြင်း ခံခဲ့ကြရတယ်လို့ သိရပါတယ်။

Black List သွင်းထားသည့် နိုင်ငံရေးအကျဉ်းသား (၁၀) ဦးကျော်ကိုလည်း ရိုက်နှက်၍ တိုက်ထဲတွင်သာ ခြေကျင်း ဒေါက်ခတ်၍ ထားထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်သူများထဲတွင် သာယာဝတီထောင်မှ အသက် (၅၀) ဝန်းကျင်အရွယ် ထောင်ဝန်ထမ်း (တပ်ကြပ်) စိုးမင်းသည် အဓိက ပါဝင်နေပြီး ယခုလက်ရှိတွင် ပုံစံဟုဆိုကာ ဖိနှိပ်မှုများကို ထောင်အာဏာပိုင်များက ပေါ်ပေါ်တင်တင် ပြုလုပ်နေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖေမောင်စိမ်း ကွယ်လွန်


မြန်မာနိုင်ငံရဲ့ အထင်ကရ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ အသက် (၅၀) အရွယ် ကိုဖေမောင်စိမ်းဟာ သြဂုတ်လ (၁၉) ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

၎င်းဟာ မှတ်တမ်းရုပ်ရှင်သမားတစ်ယောက်ဖြစ်သလို မြန်မာ့ရုပ်ရှင်လှိုင်းသစ်ရဲ့ အပြောင်းအလဲ အချိုးအကွေ့မှာ ထိပ်ပိုင်းကဦးဆောင်ပါဝင်ခဲ့ပြီး လူငယ်ရုပ်ရှင်သမား မြောက်မြားစွာကို လမ်းပြလက်တွဲခေါ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ 

(၂၀၂၁) ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင် တော်လှန်ရေးတလျှောက်မှာ  ကိုဖေမောင်စိမ်းဟာ မိမိတတ်ကျွမ်းတဲ့ မှတ်တမ်းရုပ်ရှင်ပညာနဲ့ ပူးပေါင်းပါဝင်ခဲ့ရင်း (၂၀၂၂) ခုနှစ်၊ မေလ (၂၈) ရက်နေ့ ကရင်နီပြည်နယ်မှာ ဖက်ဆစ်စစ်တပ်ရဲ့ မတရား အကြမ်းဖက် ဖမ်းဆီးနှိပ်စက် ထောင်ချခြင်းကို ခံခဲ့ရပြီး ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်နေ့ကမှ ပြန်လည်လွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။ 

ကိုဖေမောင်စိမ်းဟာ ကာတွန်းဦးဖေသိန်း၏ သားဖြစ်ကာ Yangon Film School ရုပ်ရှင်သင်တန်းကျောင်းကနေ နိုင်ငံတကာဆုရ မှတ်တမ်း ရုပ်ရှင်များစွာ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး The River Our Ayeyarwaddy Nargis - When time stopped breathing နဲ့ ဖခင်ဖြစ်သူအကြောင်း ရိုက်ကူးထားတဲ့ "ရယ်စရာလို့တော့ မထင်နဲ့"  မှတ်တမ်းရုပ်ရှင်တွေနဲ့အတူ လူသိများထင်ရှားခဲ့သူဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

========================


🚩🚩 ၁။ တိုက်ပွဲ တလကြာပြီးနောက် မိုးမောက် ခမရ (၄၃၇) ကို KIA အပြီးသတ် သိမ်းပိုက်


ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေစိုက် ခမရ (၄၃၇) တပ်ရင်းကို ဩဂုတ်လ (၁၉) ရက်နေ့ ညနေပိုင်းမှာ ကချင့်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ ကချင် သတင်းရင်းမြစ်ထံက သိရပါတယ်။

ညနေ () နာရီ မိနစ် (၄၀) ဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စခန်းမသိမ်းခင် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့တွေက အရင်ထွက်ပြေး သွားကြတယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီ တပ်သားတွေ ရှိသလို သေဆုံးခဲ့သူတွေနဲ့ ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိခဲ့ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ထို့အပြင် မိုးမောက်တပ်စခန်း မကျစေ‌ရေး ဗန်းမော်မြို့ဘက်က စစ်ကူတက်လာတဲ့ တင့်ကား အပါအဝင် စစ်ကား () စီး ကိုလည်း မိုးမောက် မရောက်ခင် () မိုင်နဲ့ () မိုင်ကြားမှာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကာ ကား () စီး မီးလောင်ပျက်စီးခဲ့ပြီး () စီးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလလောက်က ပထမအကြိမ် တိုက်ပွဲဖော်ဆောင်ဖူးတဲ့ ခမရ (၄၃၇) တပ်စခန်းကို ဇူလိုင်လ (၂၁) ရက်နေ့မှာ ဒုတိယအကြိမ် ပြန်လည် တိုက်ပွဲဖော်ဆောင်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲကာလ တလခန့်အကြာမှာ အခုလို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတပ်စခန်းအတွင်း စစ်ကောင်စီတပ်သား (၃၀၀) ဝန်းကျင်ခန့်ရှိပြီး အများစုဟာ KIA က စခန်းသိမ်း တိုက်ပွဲများ စတင်ဖော်ဆောင်စဉ်ထဲက ထွက်ပြေးလွတ်မြောက်လာခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီး ရဲစခန်းကို သိမ်းပိုက်ရရှိ


မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီး ရဲစခန်းကို ဩဂုတ်လ (၁၉) ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက် ရရှိခဲ့တယ်လို့ မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က သတင်းထုတ်ပြန် ထားပါတယ်။

ငါန်းမြာကြီး စခန်းကို ဩဂုတ်လ (၁၉) ရက် မနက် () နာရီက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆီမီးခုံ ရေနက်ဆိပ်ကမ်းမှ စစ်ကောင်စီတပ်နဲ့ ဆုံပျူရွာတို့မှ လက်နက်ကြီး ပစ်ကူများအပြင် လေကြောင်းကနေ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် မနက် () နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်နဲ့ ရဲတပ်သား () ဦးနှင့် အမျိုးသမီး () ဦးတို့ကို လက်ရဖမ်းဆီး နိုင်ခဲ့ပြီး လက်နက် () လက်နဲ့ စစ်သုံးပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းများကို နေရာထိုင်ခင်း အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက်ပေးပြီး ယာယီ ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ဆင်ရေးကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM မန္တလေးခရိုင် တပ်ရင်း နောင်ရိုးအဖွဲ့ မြင်းခြံ ဟီးရိုး BLACK TIGER ငန်းနက်အဖွဲ့ (ငါန်းဇွန် .က.) တို့က ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူ-ကမ္မ ကားလမ်းမကြီးပေါ်က စကစနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ ဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်


ဩဂုတ်လ (၁၈) ရက်နေ့က မကွေးတိုင်း ပခုက္ကူ-ကမ္မ ကားလမ်းမကြီးပေါ်ရှိ  ပြည်သူတွေအပေါ် အတင်းအဓမ္မ ငွေကြေးကောက်ခံလျက်ရှိသလို နည်းအမျိုးမျိုးဖြင့် ဒုက္ခပေးနေသော (ညောင်ဂျစ်ပင်) ရွာ (စစ်ကောင်စီ နှင့် ပြည်သူ့စစ်) ပူးပေါင်းတပ်ဖွဲ့ဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Young Force UG က သတင်းထုတ်ပြန်ပါတယ်။

နံနက် () နာရီမှ စ၍ () ဝန်းကျင်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ခြောက်ယောက်ထက်မနည်းသေဆုံးကာ (G-3) အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်အိမ်ရှိ ရိက္ခာပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူများကြောင့် တော်လှန်ရေးရဲဘော် () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပေါက်) ပေါက်မြို့နယ် -YGF တပ်ဖွဲ့ ယင်းမာပင်ခရိုင် ဗျူဟာ (၄၇) ယင်းမာပင်ခရိုင် တပ်ရင်း(၂၀) ဗိုလ်မီးတောက် Air Frighter (မြိုင်) KG ဗိုလ်စကား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ () မှ ThuRain-TR နှင့် Young Force UG တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီက ဒီပဲယင်းနဲ့ ရေဦးနယ်အတွင်းကို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ သောင်းနဲ့ချီ အရေးပေါ် တိမ်းရှောင်နေရ


စစ်ကောင်စီက ဒီပဲယင်းမြို့ မကျစေဖို့ မြို့ပတ်ချာလည်ကို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲချ တိုက်ခိုက်နေပြီး ရေဦးမြို့နယ်အတွင်းထိပါ လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ People's Defense Comrade ထံက သိရပါတယ်။

ဩဂုတ်လ (၁၈) ရက်နေ့မှာ စစ်ကောင်စီက ဒီပဲယင်းမြို့ကို Mi-35 ဖြင့် () ကြိမ်၊ ဂျက်ဖိုက်တာဖြင့် () ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး Mi-17 နှစ်စီးဖြင့် () ကြိမ် စစ်ကူအင်အား ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ရေဦးမြို့နယ် အနောက်ခြမ်းက တင်းတိန်ရံရွာ နဲ့ ရွာမရွာတို့ကို ဂျက် ဖိုက်တာ () စီးဖြင့် လေကြောင်းတိုက်ခိုက်မှု () ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ (၁၇) ရက်နေ့ ကလည်း ဒီပဲယင်းမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ကြိမ်၊ Y-12 ဖြင့် ၁၁ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တဲ့အပြင် Mi-35 ဖြင့်လည်း မြို့တဝိုက်ကို () ကြိမ် လေကြောင်း ပစ်ခတ်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့ကို တော်လှန်‌ရေး တပ်ပေါင်းစုများက ဩဂုတ်လ (၁၅) ရက်က စတင် ထိုးစစ်ဆင်ခဲ့ပြီး () ရက် အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ကာ စစ်ကူအင်အား တိုးမြှင့်ခဲ့ကာ ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နမခ ကနေ heli drop စစ်ကူ တရာကျော် လာချသွားရာက ကုန်းသာဦး မြသိန်းတန် နဲ့ ပုဗ္ပာရုံ ဘုန်းကြီးကျောင်းတွေမှာ ဖြန့်ခွဲ ပြန်လည်တပ်စွဲထားလိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း Non-CDM ဝန်ထမ်း (၄၀) ကျော် မိသားစုအပါအဝင် ပျူ နှစ်ဦး စုစုပေါင်း ၁၂၀ ကျော်ကို တော်လှန်ရေး အင်အားစုများဘက်က ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်


========================


🚩🚩 ၅။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများနှင့် အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာ


အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများနှင့် အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ သြဂုတ်လ (၁၉) ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဖော်ပြပါတယ်။

စစ်ရာဇဝတ်မှုများကို အစဉ်တစိုက် ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများနှင့် အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးကျေးရွာရှိ ကမ်းပါးယံ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲခဲ့သဖြင့် ရှေးဟောင်းဘုရားများနှင့် ကျောင်းဆောင်သုံးဆောင် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ၎င်းမြို့နယ်ရှိ ဆယ်ကုန်းကျေးရွာကို အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးငယ် အပါအဝင် အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဖော်ပြပါတယ်။

ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊  ရေတွင်းကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးလက်ကျန်းမာရေးဌာနနှင့် စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

အလားတူ ဩဂုတ်လ (၁၉) ရက် မနက် (၁၁) နာရီခွဲဝန်းကျင်မှာလည်း စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း-၂၃ တပ်က ရှမ်းမြောက် သီပေါမြို့ ကျောက်စုရပ်ကွက်ရှိ AAA ဆီသိုလှောင်ကန်ထဲကို  လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် လူထုတွေရဲ့ နေအိမ် မီးဆက်ကူး လောင်ကျွမ်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဆီသိုလှောင်ကန် ပေါက်ကွဲမှုကြောင့် နာရီနီးပါးကြာ မီးငြိမ်းသက်ခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment