22nd AUG 2024 - Morning Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်အဆုံးသတ်မှဖြစ်မယ်ဆိုတာကိုပြည်သူလူထုနဲ့တော်လှန်ရေးအင်အားစုအားလုံးဟာ ခိုင်ခိုင်မာမာနားလည်သဘောပေါက်ထားပြီးဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ "တပ်မတော်ဆိုတဲ့ စစ်တပ်ဟာ စစ်ရှုံးနေပြီး ကဏ္ဍာအားလုံးမှာ ကျရှုံးနေပြီ"လို့ တီမောလပ်စတေးသမ္မတ ပြောကြား

📌 ၃။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို အခြားသောနိုင်ငံတွေထက် ပိုမိုလိုလားပြီး မြန်မာ့ပြည်တွင်းတွေကို ဝင်ရောက်စွက်ဖက်တာ မလုပ်ဘူးလို့ တရုတ်က ထပ်မံကတိပြု ပြောဆို

📌 ၄။ ကိုယ်က ကျွန်လား လွတ်လပ်သည့် လူမျိုးလား ဆိုတာကို ကိုယ့်ဆင်ခြင်ဥာဏ်နှင့် ကိုယ် ဆုံးဖြတ်ချိန်တန်ပြီဟု (PNLO/PNLA) ဥက္ကဌပြောဆို

📌 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့်အမျိုးသား (၅၇) ဦး သေဆုံးခဲ့ရကြောင်း AAPP ထုတ်ပြန်

📌 ၆။ ဒါရိုက်တာ ဏကြီးနှင့် သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဂျာမနီနိုင်ငံမှ ပေးအပ်တဲ့  ဂုဏ်ထူးဆောင်ဆုရရှိ


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရေစကြိုမြို့နယ်ရှိ ဟင်္သာရွာပျူစောထီးစခန်းအား တော်လှန်ရေးတပ်များက (၁၀) ရက်ကြာ တိုက်ခိုက်ပြီး သိမ်းပိုက်ရှင်းလင်း

🚩 ၂။ တောင်ငူလေတပ်စခန်းအား (၁၀၇) မမ များဖြင့် ပစ်ခတ်တိုက်ခိုက် 

🚩 ၃။ ကျိုက်ထိုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီ ဝင်ရောက်စီးနင်း၊ အိမ်ရှင် အဘွားအိုနှင့် KRF တပ်ဖွဲ့ဝင် () ဦး သေဆုံး

🚩 ၄။ဒီပဲယင်းမြို့ပေါ်တွင် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို () ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး စာသင်ကျောင်းနှင့် ဘောလုံးကွင်းထဲ၌ စစ်သား အလောင်းများကို မီးရှို့နေ၊  အနီးတစ်ဝိုက်ကျေးရွာနေပြည်သူများ စစ်ဘေးတိမ်းရှောင်နေရသည်မှာ () ရက်ခန့်ရှိပြီဖြစ်ပြီး နေအိမ်ပြန်ကပ်နိုင်ခြင်းမရှိသေး

🚩 ၅။ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဆက်လက်ဖြစ်ပွား

🚩 ၆။ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)အဖြစ် စတင်ခဲ့သည့် (၁၂) ရက်အတွင်း စစ်ကောင်စီတပ်မှ အရာရှိပိုင်း အပါအဝင် () ဦး သေဆုံးခဲ့

🚩 ၇။ ဖြူးမြို့နယ်တွင် တိုက်ပွဲ ရက်တာအတွင် စစ်ကောင်စီတပ်သား (၁၉) ဦး သေဆုံး

🚩 ၈။ မြင်းခြံခရိုင် အမှတ် () တပ်ရင်းနှင့် မုံရွာခရိုင် အမှတ် () တပ်ရင်းရဲ့ အမည်များဖြင့် ခြိမ်းခြောက်စာများ ပေးပို့ ငွေကြေးတောင်းခံမှုများ ရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်အဆုံးသတ်မှဖြစ်မယ်ဆိုတာကိုပြည်သူလူထုနဲ့တော်လှန်ရေးအင်အားစုအားလုံးဟာ ခိုင်ခိုင်မာမာနားလည်သဘောပေါက်ထားပြီးဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော


သြဂုတ်လ (၂၁) ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ "Insights on the achievements of Myanmar's Spring Revolution" အစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို သတင်းစကားပါးခဲ့ပါတယ်။

"မြန်မာပြည်သူတွေနဲ့အတူ ပြည်သူ့တော်လှန်ရေးနဲ့အတူ ရပ်တည်ဖို့ တွေဝေတုံ့ဆိုင်းနေကြတဲ့ တွန့်ဆုတ်နေကြတဲ့ အချို့သော နိူင်ငံတွေ၊ အချို့သော အစုအဖွဲ့တွေကိုလည်း သတင်းစကားအချို့ပါးလိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ဆန္ဒကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ အစိုးရတရပ်ဖြစ်တာကြောင့် ပြည်သူကို ဗဟိုပြုတဲ့ စံတန်ဖိုးတွေကို ဖော်ဆောင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိူင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးလျက်ရှိပါတယ်။ ဒီရည်မှန်းချက်တွေကိုရောက်ဖို့ဆိုရင် ရှေ့ကခလုတ်ကန်သင်းတခုလို အတားအဆီးဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်အဆုံးသတ်မှ ဖြစ်မယ်ဆိုတာကိုပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုအားလုံးဟာ ဆယ်စုနှစ်ပေါင်းများစွာရင်းနှီးခဲ့ရသောအတွေ့အကြုံတွေအရ ခိုင်ခိုင်မာမာနားလည်သဘောပေါက်ထားပြီး ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ ဘက်ယိမ်းဆိုတဲ့ စွပ်စွဲချက်များကို ပြတ်သားစွာ ငြင်းဆန်ပြီး ပြည်သူလူထုနဲ့တော်လှန်ရေးအင်အားစုအားလုံးရဲ့ ဆန္ဒသဘောထားကို အကောင်အထည်ဖော်နေတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ "တပ်မတော်ဆိုတဲ့ စစ်တပ်ဟာ စစ်ရှုံးနေပြီး ကဏ္ဍာအားလုံးမှာ ကျရှုံးနေပြီ"လို့ တီမောလပ်စတေးသမ္မတ ပြောကြား


"Insights on the achievements of Myanmar's Spring Revolution" အစီအစဉ်မှာ တီမောလပ်စတေးနိုင်ငံ သမ္မတ ဟိုဆေး ရာမို့စ် ဟောတာက အခုလို ပြောကြားလိုက်ပါတယ်။

"တပ်မတော်ဆိုတဲ့ စစ်တပ်ဟာ စစ်ရှုံးနေပြီ။ နိူင်ငံရေးစစ်မျက်နှာလည်း ကျရှုံးနေပြီ။ ကဏ္ဍအားလုံးမှာ ကျရှုံးနေပြီ။ လေးစားခံရမှု ဆုံးရှုံးသွားတယ်။ ပြည်သူလူထုနဲ့ နိူင်ငံတကာအသိုင်းအဝိုင်းရဲ့ လေးစားမှုနဲ့ယုံကြည်မှုတွေ အားလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်တယ်။

ဒါ့အပြင် ဒီမိုကရေစီတိုက်ပွဲဝင်သူများနဲ့ တော်လှန်ရေးအဖွဲ့များဟာ လက်ရှိမှာ အသာစီးရနေချိန်ဖြစ်ပြီး တိုက်ပွဲတွေက နိူင်သွားမှာဖြစ်တယ်" လို့ တီမောသမ္မတက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းများအပေါ်  နှိပ်စက်သတ်ဖြတ်ခြင်း မပြုလုပ်ဖို့ကိုလည်း တီမောလပ်စတေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟောတာက တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို အခြားသောနိုင်ငံတွေထက် ပိုမိုလိုလားပြီး မြန်မာ့ပြည်တွင်းတွေကို ဝင်ရောက်စွက်ဖက်တာ မလုပ်ဘူးလို့ တရုတ်က ထပ်မံကတိပြု ပြောဆို


သြဂုတ်လ (၂၀) ရက် နေ့ ဘေဂျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့တို့  တွေ့ဆုံချိန် မစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ နယ်မြေတည်တံ့ရေးကို လေးစားဖို့ ကတိပြုထားတယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

ဒါကြောင့် ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်တာမျိုး လုပ်မှာ မဟုတ်သလို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မာကိုယ်တိုင် ဦးဆောင်တာဖြစ်ဖို့ ကတိပြုထားကာ အာဆီယံရဲ့အခန်းကဏ္ဍကို အဓိက အလေးပေးထောက်ခံနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ကုလကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကိုလည်း တရုတ်အနေနဲ့ နားလည်သဘောပေါက်ပြီး မြန်မာ့နိုင်ငံရေးပြန်လည်ပေါင်းစည်းရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆောင်ရွက်ရာမှာ ထောက်ပံ့ပေးဖို့ အသင့်ပဲလို့ ပြောဆိုထားကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို အခြားသောနိုင်ငံတွေထက် တရုတ်က ပိုမိုလိုလားတယ်လို့ မြန်မာ့အရေးကိုယ်စားလှယ် ကုလသံတမန်ကို သတင်းစကားပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘီရှော့ကတော့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်၊ အာဆီယံတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး၊ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိလာဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။


========================


📌📌 ၄။ ကိုယ်က ကျွန်လား လွတ်လပ်သည့် လူမျိုးလား ဆိုတာကို ကိုယ့်ဆင်ခြင်ဥာဏ်နှင့် ကိုယ် ဆုံးဖြတ်ချိန်တန်ပြီဟု (PNLO/PNLA) ဥက္ကဌပြောဆို


ဩဂုတ်လ (၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်မှုမထမ်းမနေရဖြင့် အတင်းအဓမ္မစုဆောင်းထားသည့် ဒေသခံများကို သင်တန်းပေးထားသည့် အင်အားတစ်သောင်းဖြင့် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအပေါ်  ကိုယ်က ကျွန်လား လွတ်လပ်သည့် လူမျိုးလားဆိုတာကို ကိုယ့်ဆင်ခြင်ဥာဏ်နှင့်ကိုယ် ဆုံးဖြတ်ချိန်တန်ပြီဟု (PNLO/PNLA) ဥက္ကဌက ပြောကြားခဲ့ပါတယ်။

တစ်တိုင်းပြည်လုံးရဲ့ ရန်သူ ပြည်သူအားလုံးရဲ့ ရန်သူက အကြမ်းဖက်စစ်ကောင်စီပါ အင်အားတစ်သောင်းစုပြီး ပအိုဝ်းဒေသထဲက စစ်ကောင်စီကို တိုက်ထုတ်မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ အင်အားတစ်သောင်း စုပြီး စစ်ကောင်စီ လက်အောက်ခံ ကျွန်အဖြစ် နေမယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးတဲ့ ကျွန်တစ်သောင်း တိုးလာတာပဲ ဖြစ်ပါတယ်။လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ဥက္ကဌ ခွန်သူရိန်က Tachileik News Agency ကို ပြောဆိုထားပါတယ်။

အဆိုပါ သင်တန်းဆင်း အခမ်းအနားကို PNA စစ်ဦးစီးချုပ်များ၊ PNO ပါတီဝင်များ၊ စစ်ဒေသမှူးများနှင့် စစ်ကောင်စီဘက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့်အမျိုးသား (၅၇) ဦး သေဆုံးခဲ့ရကြောင်း AAPP ထုတ်ပြန်


နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့်အမျိုးသား (၅၇) ဦး သေဆုံးခဲ့ပြီး လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ (၁၅) ဦးပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ရက်နေ့မှ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၈) ဦးနှင့် အမျိုးသား (၂၉) ဦး စုစုပေါင်း (၅၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။

အဆိုပါအရေအတွက်၌ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူမှာ (၁၅) ဦး ဖြစ်ပြီး ထိုအထဲတွင် အသက် (၁၈) နှစ်အောက် သေဆုံးသူ () ဦး ပါဝင်တယ်လို့သိရပါတယ်။

ထို့ပြင် သြဂုတ်လ၏ သုံးပတ်တာကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၂၄) ဦး စုစုပေါင်း (၃၆) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး မန္တလေးတိုင်းမှာ (၁၃) ဦး ဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၆။ ဒါရိုက်တာ ဏကြီးနှင့် သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဂျာမနီနိုင်ငံမှ ပေးအပ်တဲ့  ဂုဏ်ထူးဆောင်ဆုရရှိ


ဒါရိုက်တာ ဏကြီးနှင့် သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဂျာမနီနိုင်ငံ Oldenburg International Film Festival မှ ပေးအပ်တဲ့  ဂုဏ်ထူးဆောင်ဆုရရှိခဲ့တယ်လို့ Artists Shelter က သြဂုတ်လ (၂၁) ရက်မှာ တရားဝင် အသိပေးပါတယ်။

"Artists Shelter  ရဲ့ Founder ဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနှင့် သရုပ်ဆောင် ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံ Oldenburg International Film Festival မှ ပေးအပ်တဲ့  ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။ ဒီဆုဟာ အနုပညာတီထွင်ဖန်တီးမှုအရ ကောင်းမွန်ပြောင်မြောက်ရုံတင်မကဘဲ မြန်မာနိုင်ငံရဲ့ လူထုတော်လှန်ရေးအတွင်းမှာ ပြည်သူတစ်ရပ်လုံးနဲ့အတူ ထိပ်ဆုံးမှရပ်တည် တွန်းလှန်နိုင်ခဲ့တဲ့ အနုပညာရှင်များအဖြစ် ဂုဏ်ပြုပေးအပ်ခဲ့တာ ဖြစ်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ဂုဏ်ထူးဆောင်ဆုများကို (၁၉၉၄) ခုနှစ်ကတည်းက စတင် ပေးအပ်ချီးမြင့်ခဲ့တာဖြစ်ပြီးတော့ ရုပ်ရှင်နယ်ပယ်အသီးသီးက ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင် အတတ်ပညာရှင်များကို နှစ်စဥ် ရွေးချယ်ပေးအပ်ခဲ့ရာမှာ (၂၀၂၄) ခုနှစ်အတွက် မြန်မာနိုင်ငံက ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ကို ရွေးချယ်ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး သရုပ်ဆောင်ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့  "What happened to the wolf" နဲ့ "မီ" ရုပ်ရှင်များနဲ့အတူ တော်လှန်ရေးအတွင်းမှာ ရိုက်ကူးပုံဖော်ထားတဲ့ "နိုင်ငံပျောက်သူ" "မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်" "Guilt" ဇာတ်ကားတိုများကို Oldenburg ရုပ်ရှင်ပွဲတော်အတွင်းမှာ ပြသဖို့လည်းရွေးချယ်ခြင်းခံထားရတယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရေစကြိုမြို့နယ်ရှိ ဟင်္သာရွာပျူစောထီးစခန်းအား တော်လှန်ရေးတပ်များက (၁၀) ရက်ကြာ တိုက်ခိုက်ပြီး သိမ်းပိုက်ရှင်းလင်း


ဩဂုတ်လ (၂၁) ရက်နေ့တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဟင်္သာရွာ ပျူစောထီးစခန်းအား တော်လှန်ရေးတပ်များက (၁၀) ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (.က.) မှ (၁၀)ရက်ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး မဟာမိတ် နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်း၊ UURF အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးပစ်ကူနှင့် ရှော့တိုက်ဒုံးများ ပစ်ကူပေးခြင်းတို့ လုပ်ဆောင်ခဲ့ရာ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားသဖြင့် ဟင်္သာရွာပျူစောထီးစခန်းအား သိမ်းပိုက်ရရှိပြီး စခန်းကိုလည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပျူစောထီးခန်းသိမ်းတိုက်ပွဲမှ စစ်သုံးပစ္စည်းအချို့နှင့် ရိက္ခာများရရှိခဲ့ပြီး ဩဂုတ်လ (၁၉) ရက်နေ့က စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဟင်္သာကျွန်းကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးနှင့် ကလေး () ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ တောင်ငူလေတပ်စခန်းအား (၁၀၇) မမ များဖြင့် ပစ်ခတ်တိုက်ခိုက် 


ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ငူ လေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ (၂၀) ရက်၊ (၁၁း၅၆) နာရီတွင် တောင်ငူလေတပ် အတွင်းကို (၁၀၇) မမ ရှော့တိုက်ဒုံး () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း တောင်ငူ လေတပ်စခန်းရဲ့ ထိခိုက်ပျက်ဆီးမှုနဲ့ သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က စီစဉ်ပြီး Mountain Knights Civilian Defense Force (MKCDF) Mercury Revolution Force (MRF) အဖွဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ စစ်ဒေသ ၃၁ ပါတီရဲဘော်များအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

တောင်ငူလေတပ်ဟာ ကရင်နီ၊ ကရင်နဲ့ ရှမ်းပြည်တောင်ပိုင်းက ပြည်သူများနဲ့ တော်လှန်ရေး အင်အားစုများကို လေကြောင်းတိုက်ခိုက်ရာမှာ အဓိက အသုံးပြုနေတဲ့ စခန်းလည်းဖြစ်ပါတယ်။


========================


🚩🚩 ၃။ ကျိုက်ထိုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီ ဝင်ရောက်စီးနင်း၊ အိမ်ရှင် အဘွားအိုနှင့် KRF တပ်ဖွဲ့ဝင် () ဦး သေဆုံး


ဩဂုတ်လ (၂၁) ရက် နံနက် () နာရီခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အသက် (၉၀) နှစ်အရွယ် အိမ်ရှင် အဘွားအိုနှင့် အသက် (၂၀) မှ (၃၀) နှစ်အတွင်းရှိ  KRF တပ်ဖွဲ့ဝင်လူငယ် () ဦး သေဆုံးခဲ့ကြောင်း Dawei Watch သတင်းဌာနက ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျိုက်ထိုမြို့တွင် စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့်ထားသလို စစ်ဆေးမှုလည်း တင်းကြပ်ထားကြောင်း သိရပါတယ်။

KRF တပ်ဖွဲ့ထံမှ ပစ္စတိုသေနတ် () လက်၊ ကျည် (၄၀) တောင့်နှင့် ကျည်အိမ် () ခုကိုလည်း စစ်ကောင်စီက သိမ်းဆည်းသွားပြီး KRF တပ်ဖွဲ့ဝင် () ဦးခန့် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကိုလည်း PDF ‌ထံ သတင်းပေးနေသည်ဆိုပြီး စစ်ကောင်စီက ဩဂုတ်လ တတိယအပတ်အတွင်းက ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် စစ်ဆေးမှုပြုနေပါတယ်။


========================


🚩🚩 ၄။ဒီပဲယင်းမြို့ပေါ်တွင် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို () ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး စာသင်ကျောင်းနှင့် ဘောလုံးကွင်းထဲ၌ စစ်သား အလောင်းများကို မီးရှို့နေ၊  အနီးတစ်ဝိုက်ကျေးရွာနေပြည်သူများ စစ်ဘေးတိမ်းရှောင်နေရသည်မှာ () ရက်ခန့်ရှိပြီဖြစ်ပြီး နေအိမ်ပြန်ကပ်နိုင်ခြင်းမရှိသေး


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို () ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး စာသင်ကျောင်းနှင့် ဘောလုံးကွင်းထဲ၌ စစ်သား အလောင်းများကို မီးသဂြိုလ်နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ ထံမှ သိရပါတယ်။

ဩဂုတ်လ (၂၀) နှင့် (၂၁) ရက်နေ့တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒီပဲယင်းမြို့ပေါ် အနောက်ကွက်သစ် ရပ်ကွက်၊ တောင်ပြင်ရပ်ကွက်၊ အေးမြဝရတီရပ်ကွက် နှင့် ဆရာစံခန်းမ အနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

နေအိမ် ပျက်စီးဆုံးရှုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေကာ စာသင်ကျောင်းထဲနဲ့ ဘောလုံးကွင်းထဲမှာလည်း စစ်သား အလောင်းတွေကို မီးရှို့နေတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့တွင်းရှိ ပြည်သူများအနေဖြင့် မြို့ထဲ ဖြတ်သန်းသွားလာခြင်းများ အဝင်အထွက်ပြုလုပ်ခြင်းများ မလုပ်ကြရန် တော်လှန်ရေးအင်အားစုများမှ သတိပေးနှိုးဆော်ထားပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့အနီးတစ်ဝိုက် ကျေးရွာနေပြည်သူများ စစ်ဘေးတိမ်းရှောင်နေရသည်မှာ () ရက်ခန့်ရှိပြီဖြစ်ပြီး နေအိမ်ပြန်ကပ်နိုင်ခြင်းမရှိသေးဘူးလို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သြဂုတ်လ (၂၁)​ရက်မှာ တရားဝင်အသိပေးလိုက်ပါတယ်။

"ဒီပဲယင်းနယ် အနောက်ခြမ်း စစ်ရှောင် (၁၀၀၀) ခန့်အား ချက်ပြုတ်ကျွေးမွေးရာ Camp အတွက် ထမင်းတစ်နပ်စာ အထောက်အကူဖြစ်စေရန် ငွေကျပ် () သိန်းကျပ်သွားရောက်ကူညီခဲ့ပါတယ်။ ယခုကဲ့သို့ ကူညီထောက်ပံ့နိုင်ရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်များအတွက် အစဉ်အမြဲ ပါဝင်ကူညီနေကျ ကိုရီးယားရောက် မြန်မာမိသားစု နှင့် REVOLUTION SUPPORT GROUP (R.S.G ထောက်ပို့အဖွဲ့) အငယ်လေး တို့မှ ပါဝင်လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့အထိ ဒီပဲယင်းမြို့အနီးတစ်ဝိုက် ကျေးရွာနေပြည်သူများ စစ်ဘေးတိမ်းရှောင်နေရသည်မှာ () ရက်ခန့်ရှိပြီဖြစ်ပြီး နေအိမ်ပြန်ကပ်နိုင်ခြင်းမရှိသေးပါ" လို့ ဆိုထားပါတယ်။

ဆက်လက်၍ မြေပြင်အခြေအနေပေါ်မူတည်ပြီး အကူအညီလိုအပ်သော စစ်ရှောင် Camp များအတွက် ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့အသိပေးဆိုထားပါတယ်။


========================


🚩🚩 ၅။ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲဆက်လက်ဖြစ်ပွား


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ (၂၁) ရက် မနက် (၉း၁၃) နာရီအချိန်တွင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်း၌ လည်းကောင်း၊ (၉း၁၂) နာရီအချိန်တွင် သရက်ချိုရှိ စစ်ကောင်စီတပ်စခန်း၌ လည်းကောင်း၊ (၉း၅၀) နာရီအချိန်တွင် ကမ္ဘောဇ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တောင်ခမ်းရွာ စစ်ကောင်စီ (၉၀၂) တပ်စခန်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သြဂုတ်လ (၂၀) ရက်နေ့ကလည်း နောင်ချိုမြို့နယ် သရက်ချိုနှင့် တောင်ခမ်းရွာတွင် တိုက်ပွဲ () ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)အဖြစ် စတင်ခဲ့သည့် (၁၂) ရက်အတွင်း စစ်ကောင်စီတပ်မှ အရာရှိပိုင်း အပါအဝင် () ဦး သေဆုံးခဲ့


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ စကစတပ်များ၏ အထိုင်စခန်းများအား မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည့် သြဂုတ်လ (၁၀) ရက်နေ့မှ သြဂုတ်အထိ (၂၁) ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ အရာရှိပိုင်းအပါအဝင် () ဦးသေဆုံးခဲ့ပြီး () ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Myingyan Black Tiger (MBT) မှ သတင်းထုတ်ပြန်ပါတယ်။

မြင်းခြံမြို့ ခမရ - ၁၅ တပ်ရင်း အပါအဝင် မြင်းခြံမြို့နယ်အတွင်းရှိ လေးရွာဆုံပျူစောထီးစခန်း၊သစ်ပင်ရှည်ကျေးရွာအနီး တိုက်ပွဲ၊ ပျော်ဘွယ် စံပြကျေးရွာအနီး တိုက်ပွဲ၊ ရွာကြီးကျေးရွာအနီး တိုက်ပွဲနှင့်  နွားထိုးကြီးမြို့နယ်ရှိ မာန်လည်ကျေးရွာအနီး တိုက်ပွဲတို့အား Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် () တပ်ရင်းနှင့်အတူ မြင်းခြံခရိုင်တပ်ရင်း (၁၊ ၂၊ ၃၊ ၄၊ ) မြင်းခြံခရိုင် Dromeတပ်ရင်းနှင့်  အခြား LPDF များ၊ ပကဖများမှ လက်တွဲညီညီ အချိတ်စပ်မိမိဖြင့် စုစည်းညီညွတ်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ဖြူးမြို့နယ်တွင် တိုက်ပွဲ ရက်တာအတွင် စစ်ကောင်စီတပ်သား (၁၉) ဦး သေဆုံး


တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်ပေါ ကျေးရွာနှင့် စက်ကုန်း ကျေးရွာတွင် စစ်ကောင်စီနှင့် တော်လှန်‌ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး () ရက်အတွင်း စစ်ကောင်စီတပ်သား (၁၉) ဦး သေဆုံးကာ () ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသက သတင်းထုတ်ပြန် ထားပါတယ်။

ဩဂုတ်လ (၁၉) ရက်နေ့က လိပ်ပေါ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တပ်စွဲထားတဲ့  စစ်ကောင်စီ တပ်ဖွဲ့ကို ဖြူး ပကဖ မဟာမိတ်အဖွဲ့နှင့် စစ်ကြောင်း () Drone Team အဖွဲ့များက ဒရုန်းဗုံးသီးများ ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့မှာ ၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ စက်ကုန်း ကျေးရွာကို ထပ်မံစစ်ကြောင်းထိုး လာရာ အမှတ် () စစ်ဒေသခွဲရှိ ရိုးမ () စစ်ကြောင်းနဲ့ PDO ပူးပေါင်းအဖွဲ့ တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၂) ဦးသေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရရှိခဲ့ကာ လိပ်ပေါ ကျေးရွာအတွင်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ထို့အပြင် တော်လှန်ရေး ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းမှု ဆောင်ရွက်ရာမှာ ကပစထုတ် 5.56 ကျည် (၁၉၅) တောင့်၊ လွယ်အိပ် () လုံးနဲ့ ဆေးပစ္စည်း တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ မြင်းခြံခရိုင် အမှတ် () တပ်ရင်းနှင့် မုံရွာခရိုင် အမှတ် () တပ်ရင်းရဲ့ အမည်များဖြင့် ခြိမ်းခြောက်စာများ ပေးပို့ ငွေကြေးတောင်းခံမှုများ ရှိနေ


လူမှုကွန်ယက်ပေါ်တွင် မြင်းခြံခရိုင် အမှတ် () တပ်ရင်း Myingyan Black Tiger (MBT) နှင့် မုံရွာခရိုင် အမှတ် () တပ်ရင်းတို့ရဲ့ အမည်များကို အသုံးပြုပြီး ခြိမ်းခြောက် ငွေကြေးတောင်းခံစာများ ပြန့်နှံနေကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးက အသိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါ ခြိမ်းခြောက် ငွေကြေးတောင်းခံစာများမှာ  ဖိုတိုရှော့နည်းပညာဖြင့် ပြုလုပ်ဖန်တီးပြီး မသမာသူ လူတစုက စီးပွားရေး လုပ်ငန်းရှင်များကို သတင်းမှားဖြန့်ကာ ခြိမ်းခြောက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်၊ အမှတ် () တပ်ရင်း (MBT) အနေဖြင့် စတင်တည်ထောင်ထဲက လက်ရှိအချိန်ထိ တပ်မှူး/တပ်သားတွေကို ပြည်သူထံမှ ငွေကြေးကောက်ခံဖို့ လုံးဝ ခွင့်ပြုထားခြင်းမရှိဘူးလို့ အသိပေးထားပါတယ်။

မုံရွာခရိုင် အမှတ် () တပ်ရင်းကလည်း တော်လှန်ရေးစတင်ထဲက ဆက်ကြေးကောက်ခံခြင်း၊ အခွန်ကောက်ခံခြင်းများ လုံးဝပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ နောက်နောင်တွင်လည်း လုံးဝပြုလုပ်သွားမှာ မဟုတ်ကြောင်း အသိပေးထားပြီး အတုအပ ပြုလုပ်တောင်းခံနေသူများကို စုံစမ်းပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment