29th AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်တပ်ဟာစစ်ပွဲတွေအတွင်းမှာ ဖြတ်လေးဖြတ်လုပ်ဆောင်ရုံသာမကအမျိုးသမီးငယ်လေးတွေကိုဦးတည်ထားပြီးအဓမ္မပြုကျင့်ကာစစ်ပွဲရဲ့လက်နက်ကိရိယာအဖြစ်အသုံးပြုလာ

📌 ၂။ ATR လေယာဉ်များ မြန်မာစစ်တပ် အသုံးပြုနိုင်ရေး ကူညီပေးနေတဲ့ ကုမ္ပဏီကွန်ရက်ကို JFM ဖော်ထုတ် 

📌 ၃။ "စစ်တပ်ကို ILO ပုဒ်မ (၃၃)အရ အရေးယူပေးရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ အထည်ချုပ်အလုပ်သမားများက တောင်းဆို"

📌 ၄။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့်အတူပူးပေါင်းကာ အညာဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင်တော်လှန်လူထုဟောပြောပွဲတရပ်ကျင်းပ


၂၀၂၄ ခုနှစ် သြဂုတ်လ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တာမွေမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာ ရဲ၃ ဦးသေဆုံး 

🚩 ၂။ စဥ့်ကူးနဲ့မတ္တရာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဦးသေဆုံးပြီး ဦး  ဒဏ်ရာရ

🚩 ၃။ ကျောက်မဲမြို့မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်တဲ့အတွက်  ဒေသခံတဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ

🚩 ၄။ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

🚩 ၅။ လက်ပံတန်းမှာ စစ်ကောင်စီရဲ့ ဒရုန်းတစင်း လူနေအိမ်ပေါ်ပျက်ကျပေါက်ကွဲ

🚩 ၆။ မြသိန်းတန်ဘုရားမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရေကြောင်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံး

🚩 ၇။ တနိုင်ငံလုံးမှာရှိတဲ့ မြိုတွေ အကုန်လုံး နီးပါး ကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ပါက စကစစစ်တပ်အနေနဲ့ မြို့အားလုံး လက်လွတ်မှာဖြစ်တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ဟာစစ်ပွဲတွေအတွင်းမှာ ဖြတ်လေးဖြတ်လုပ်ဆောင်ရုံသာမကအမျိုးသမီးငယ်လေးတွေကိုဦးတည်ထားပြီးအဓမ္မပြုကျင့်ကာစစ်ပွဲရဲ့လက်နက်ကိရိယာအဖြစ်အသုံးပြုလာ


သြဂုတ်လ၂၉ရက်


အကြမ်းဖက်စစ်တပ်ဟာစစ်ပွဲတွေအတွင်းမှာ ဖြတ်လေးဖြတ်လုပ်ဆောင်ရုံသာမက အမျိုးသမီးငယ်လေးတွေကိုဦးတည်ထားပြီးအဓမ္မပြုကျင့်ကာ စစ်ပွဲရဲ့လက်နက်ကိရိယာအဖြစ်အသုံးပြုလာတာကိုတွေ့ရတယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက "လူ့အခွင့်အရေး အဝေးမြင် အနီးမြင်အစီစဉ် " အပိုင်း ()မှာ ဆိုထားပါတယ်။


"အကြမ်းဖက်စစ်တပ်အနေနဲ့သူတို့နဲ့ရင်ဆိုင်တိုက်ခိုက်နေတဲ့ကချင်၊ကရင်၊ကရင်နီ၊ရှမ်းစတဲ့လူမျိုးစုံအဖွဲ့အစည်းတွေကို စစ်ရေးအရထိုးစစ်ဆင်တဲ့အချိန်မှာ အဲဒီဒေအတွင်းမှာကြုံတွေ့ရတဲ့အမျိုးသမီးတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ လိက်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ရည်ရွယ်ချက်ရှိရှိနဲ့လိင်ပိုင်းဆိုင်ရာအရှက်ခွဲလုပ်ဆောင်တာတွေကိုတွေ့ရပါတယ်။အခုတခါစစ်ပွဲတွေအတွင်းမှာသူတို့ရဲ့လုပ်ဆောင်မှုအတိုင်းဖြစ်တဲ့ ဖြတ်လေးဖြတ်လုပ်ဆောင်တယ်။တချိန်တည်းမှာအမျိုးသမီးငယ်လေးတွေကိုဦးတည်ထားပြီးတော့ အဓမ္မကျင့်ပြီးစစ်ပွဲရဲ့လက်နက်ကိရိယာအဖြစ်အသုံးပြုလာတာကိုတွေ့ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာနေရာအနှံ့စစ်ရှုံးမှုကိုရင်ဆိုင်နေရပြီးအရပ်သားများကို အကြမ်းဖက်သတ်ဖြတ်မှုများပိုမိုတိုးမြှင့်လုပ်ဆောင်လာပါတယ်။


========================


📌📌 ၂။ ATR လေယာဉ်များ မြန်မာစစ်တပ် အသုံးပြုနိုင်ရေး ကူညီပေးနေတဲ့ ကုမ္ပဏီကွန်ရက်ကို JFM ဖော်ထုတ် 


သြဂုတ်လ၂၉ရက်


မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စု ATR လေယာဉ်တွေအသုံးပြုနိုင်ဖို့ ကူညီပေးနေတဲ့ ကမ္ဘာတဝန်းက ကုမ္ပဏီကွန်ရက်ကို Justice For Myanmar -JFM က ဖော်ထုတ်လိုက်ပါတယ်။

၂၀၁၃ ခုနှစ်ကစပြီး ပြင်သစ်နိုင်ငံထုတ် Avions de Transport Regional -ATR လေယာဉ် အနည်းဆုံး ၁၀ စင်းကို  မြန်မာ စစ်အုပ်စုက ဝယ်ယူအသုံးပြုနိုင်ရေး ကူညီပေးခဲ့ကြတဲ့ ကမ္ဘာတဝန်းကကုမ္ပဏီတွေပါဝင်တဲ့ ကွန်ရက်တခုကို ဖော်ထုတ်လိုက် တာဖြစ်ပါတယ်။ 

စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ၎င်းတို့ရဲ့စစ်သည်တွေနဲ့စစ်လက်နက်တွေကို သယ်ဆောင်တာ၊ ဝေဟင်ထောက်လှမ်းရေးနဲ့ ကင်းထောက်လုပ်ငန်းတွေမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ 

နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနဲ့ စီးပွားရေးလေကြောင်းလိုင်းတွေဟာ မြန်မာစစ်အုပ်စုထံ ATR လေယာဉ်တွေ လွှဲပြောင်းရောင်းချခဲ့ပေမယ့် ဒီရောင်းချမှုတွေကအချို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ နောက်ဆုံးလက်ဝယ်အသုံးပြုသူကို ဖုံးကွယ်ပေးထားမှုတွေ ရှိနေပြီး လေယာဉ်အပိုပစ္စည်းတွေ ဝယ်ယူ ပေးတာ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုပေးအပ်တာတွေလည်း စစ်အုပ်စုကို ကူညီခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ပြင်သစ်နိုင်ငံက ATR နဲ့ Sabena Technics ဩစတြီးယားနိုင်ငံက Axis Flight Simulation Systems တို့အပါအဝင် ဥရောပသမဂ္ဂအတွင်းမှာရှိတဲ့ ကုမ္ပဏီတွေဟာ လေယာဉ်ရဲ့အဓိကအစိတ်အပိုင်းတွေပြုပြင်ပေးတာ၊ အရေးပါတဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ အပိုပစ္စည်းတွေ ရောင်းချပေးတာ၊ ATR လေယာဉ်တွေ မောင်းနှင်နိုင်ဖို့ မြန်မာလေတပ်က လေသူရဲတွေ ကို သင်တန်းပေးတာတွေနဲ့ စစ်အုပ်စုက ATR လေယာဉ်တွေ ဆက်လက်အသုံးပြုနေနိုင်အောင် ကူညီပေးခဲ့တယ်လို့ ထောက်ပြထားပါတယ်။

ဒီလုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ကန့်သတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်အသက်ဝင်ပြီး ပိုမို အားကောင်းလာတဲ့အချိန်ပိုင်းတဲ့ ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

ထို့အတူ စင်ကာပူနိုင်ငံအတွင်းမှာရှိတဲ့ ကုမ္ပဏီတွေဟာလည်း စစ်အုပ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာ အရေးပါ တဲ့ စက်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေ ရောင်းချပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ ATR လေယာဉ်တွေ ဆက်လက်အသုံးပြုနိုင် အောင် ကူညီခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ပြည်တွင်းက ခရိုနီကုမ္ပဏီတခုဖြစ်တဲ့ 24 Hour Group ပိုင်ဆိုင်တဲ့ Air KBZ ယခု Mingalar Aviation ကလည်း စစ်အုပ်စု အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ စစ်ကောင်စီလေတပ်အတွက် ATR လေယာဉ် စင်း ဝယ်ယူ လွှဲပြောင်းရာမှာ လည်းကောင်း၊ စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group က ဗီယက်နမ်လေကြောင်းလိုင်းတွေကနေ နောက်ထပ် ATR လေယာဉ် ၂စင်း ဝယ်ယူရာမှာ ၎င်းရဲ့အမည်ကို အသုံးပြု ဝယ်ယူစေခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ JFM က ထုတ်ဖော်ပြောဆိုထားပါတယ်။ 

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က မြန်မာစစ်အုပ်စုက လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ကျူးလွန် နေခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ သူတို့အနေနဲ့ ATR လေယာဉ်တွေ၊ အပိုပစ္စည်းတွေနဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှု တွေကို လက်လှမ်းမှီ ရရှိနေနိုင်ခဲ့တာကတော့ လက်ခံနိုင်ဖွယ်မရှိတဲ့ကိစ္စဖြစ်ပါတယ်လို့ ပြောပါတယ်။

စစ်အုပ်စုဟာ နိုင်ငံအနှံ့ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင် ရာမှာ ဒီလေယာဉ်တွေကို အသုံးပြုနေတာဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု တွေအတွက် ပံ့ပိုးကူညီနေတာပဲဖြစ်ပါတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။  

ATR နဲ့ အခြားနိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို မြန်မာစစ်အုပ်စုက အသုံးပြုနေတာကို ကာကွယ်ဖို့ အတွက် လုံလောက်တဲ့ ကြိုတင်စိစစ်မှုတွေ မလုပ်ဆောင်ခဲ့ကြပါဘူး။ ဒါဟာ သူတို့ရဲ့ လူ့အခွင့်အရေးတာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုက ကလေးငယ်တွေ စာသင်ကျောင်းတွေ ဆေးရုံ ဆေးခန်းတွေနဲ့ ရပ်ရွာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ရာမှာ အားကိုးအားထားပြုနေတဲ့ ၁ဝ စီးထက်မနည်းရှိတဲ့ ATR လေယာဉ်တွေကို ဆက်လက်အသုံးမပြုနိုင်အောင် အစိုးရတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပါ တယ်လို့  Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ပြောဆိုထားပါတယ်။


========================


📌📌 ၃။ "စစ်တပ်ကို ILO ပုဒ်မ (၃၃)အရ အရေးယူပေးရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ အထည်ချုပ်အလုပ်သမားများက တောင်းဆို"


သြဂုတ်လ၂၉ရက်


မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းခွင်အတွင်းမှာ  စစ်တပ်က လက်နက်ဖြင့်  ခြိမ်းခြောက် ဖိနှိပ်ခံရခြင်း နှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက ၂၀၂၄ခုနှစ် သြဂုတ်လအတွင်း အလုပ်သမားများ၏ သတင်းအချက်အလက်များကို  ကောက်ခံခြင်းများကို ပြုလုပ်လျက်ရှိတယ်လို့ သြဂုတ်လ၂၉ရက်မှာ  မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုMLAကအသိပေးဖော်ပြပါတယ်။


အလုပ်သမားတစ်ဦးချင်း၏သတင်းအချက်အလက် ကောက်ခံခြင်းကြောင့် အဓမ္မ စစ်မှုထမ်းခိုင်းစေမှုကို စိုးရိမ်ချက်များစွာ ရှိနေပြီးအခြေခံ အထည်ချုပ် အလုပ်သမားများအနေဖြင့် ပြည်သူများအပေါ်တွင် အကြောက်တရားဖြင့် ဖိနိုပ်အုပ်ချုပ်နေသည့် အာဏာရှင် စစ်တပ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ပုဒ်မ (၃၃)အရ အရေးယူပေးပါရန် တောင်းဆိုသည့် ကမ်းပိန်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။


လာမည့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပမည့် ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် စစ်အုပ်စုကို ပုဒ်မ ၃၃ အရ အရေးယူဖို့အတွက် ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်တွင် ဆွေးနွေးကြမည်ဖြစ်၍  အထည်ချုပ်အလုပ်သမားများသည် စစ်အာဏာရှင်အောက်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို ရင်ဆိုင်နေရပြီး စစ်ကောင်စီ ဖြုတ်ချရေး ပါဝင် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့်အတူပူးပေါင်းကာ အညာဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင်တော်လှန်လူထုဟောပြောပွဲတရပ်ကျင်းပ


သြဂုတ်လ၂၉ရက်


ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့်၊ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့်အတူပူးပေါင်းကာ အညာဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင်တော်လှန်လူထုဟောပြောပွဲတရပ်ကိုကျင်းပခဲ့တယ်လို့ သြဂုတ်လ၂၉ရက်မှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးဖော်ပြပါတယ်။


ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုကိုငြိမ်ခံမနေပဲ၊စစ်အာဏာရှင်စနစ်ကို"ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်ကာ " တော်လှန်ရေးမီးစာအမြင့်ဆုံးသို့မြှင့်တင်ကာ၊ ကျရာကဏ္ဍ အသီးသီးမှပါဝင်တိုက်ပွဲဝင်နိုင်ရန်တိုက်တွန်းအပ်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တာမွေမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာ ရဲ၃ ဦးသေဆုံး 


သြဂုတ်လ၂၉ရက်


ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တာမွေမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးပစ်သွင်းပြီး တိုက်ခိုက်ရာမှာ ရဲ ဦးသေဆုံးသွားတယ်လို့ Anonymous Force -ရန်ကုန်စစ်ဒေသခွဲ - PRF က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေပြီး အရပ်သားပြည်သူတွေကို နှိပ်စက်ဖိနှိပ်နေတဲ့ တာမွေ မြို့နယ်ရဲစခန်းကို မနေ့ ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲ နာရီ ၄၀ မိနစ်ခန့်အချိန်မှာ လက်ပစ်ဗုံးပစ်သွင်းပြီး တိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရဲစခန်းထဲမှာရှိနေတဲ့ ရဲ ဦး ပွဲချင်းပြီးသေဆုံးက တဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ Anonymous Force -ရန်ကုန်စစ်ဒေသခွဲ - PRF က အသိပေးထားပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ Cheetah Operation တွေထဲက တခုဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်ခဲ့မှုမရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးချိန်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲစခန်းကိုရောက်ရှိလာပြီး စခန်းပတ်ဝန်းကျင်ကို မိုးကာအစိမ်းတွေ ကာရံကာ လူမှုရေးအသင်းတွေက ပရဟိတကားတွေနဲ့ အလောင်းတွေကို သယ်ထုတ်သွားတယ်လို့ စခန်းအနီးမှာနေတဲ့သူတွေဆီကနေ သိရပါတယ်။


========================


🚩🚩 ၂။ စဥ့်ကူးနဲ့မတ္တရာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဦးသေဆုံးပြီး ဦး  ဒဏ်ရာရ


သြဂုတ်လ၂၉ရက်


မန္တလေးတိုင်း စဥ့်ကူးနဲ့မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် မီးဖွားကာနီး ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သူရဲ့မိခင်တို့သေဆုံးပြီး ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့အခြေစိုက် အမှတ် ၁၂ ခြေမြန်တပ်ရင်းက သြဂုတ် ၂၆ ရက် မွန်းလွဲ ၃နာရီခန့်အချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ စဥ့်ကူးမြို့နယ် ပင်လည်ကြီးရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် မီးဖွားဖို့ ရက်သာလိုတော့တဲ့ အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သူ့ရဲ့မိခင် သေဆုံးခဲ့တာလို့ မြေပြင် သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) အဖွဲ့က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေဟာ စဥ့်ကူးမြို့မြောက်ဘက်ကို ကျရောက်ပေါက်ကွုတာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ မနေ့ သြဂုတ်၂၈ ရက် နာရီခွဲခန့်ကလည်း မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ အထက်ဘက်ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ သံခွန်ရေယာဥ် စင်းဟာ မတ္တရာမြို့နယ်က ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ရေယာသ်တန်းက ပစ်ခတ်မှုတွေကြောင့် မတ္တရာမြို့နယ် ငယ်တိုးကျေးရွာက ဒေသခံအရပ်သား ဦးထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ရောင်နီနွေဦးအဖွဲ့က ဆိုပါတယ်။ 

တချိန်တည်းမှာပဲ မတ္တရာမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်လည်း အောက်တောင်းကိုင်းကျေးရွာကို လက်နက်ကြီးကျည်ကျရောက်ပြီး ဒေသခံ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

စဥ့်ကူးမြို့နယ်တခုလုံးနဲ့ မတ္တရာမြို့နယ်အတွင်း တပ်စခန်း ၃၅ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက သိမ်းပိုက် ထားပြီးဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ ဒေသခံပြည်သူတွေအနေနဲ့ ပုန်းခိုကျင်း တွေတူးထားဖို့နဲ့ စစ်တပ်ထုတ်ကန်တွေမသုံးကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ ကျောက်မဲမြို့မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်တဲ့အတွက်  ဒေသခံတဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ


သြဂုတ်လ၂၉ရက်


တအာင်းပြည် တပ်မဟာ- နယ်မြေ ကျောက်မဲမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၂လုံးကြဲချတိုက်ခိုက်တဲ့အတွက်  ဒေသခံတဦးသေဆုံးပြီး ၂ဦးဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောပါတယ်။

ဩဂုတ်လ ၂၇ ရက် ၁၁ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဖြတ်အားပြင်း လက်နက်အမျိုးအစားဖြစ်တဲ့ ပေါင် ၅၀၀ ဗုံး လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်တာကြောင့် အမှတ် ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီးအဲဒီရပ်ကွက်မှာနေတဲ့ အသက် ၅၄ နှစ်အရွယ် မိုင်းအ‌ညော် ဆိုသူ သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုငယ်လေးနဲ့ အသက် ၅၀ အရွယ် ကိုနောင် ဆိုသူ တို့ ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ အမှတ်- ရပ်ကွက်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းနဲ့ ဒေသခံ နေအိမ် လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ သြဂုတ်လ ၂၇ ရက်နေ့မနက် နာရီခွဲအချိန်ကလည်း သီပေါမြို့တွင်းကို စစ်ကောင်စီရဲ့ Y-12 လေယာဥ်က ဗုံး အလုံး ၅၀ ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိကာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပါသေးတယ်။

ယခုရက်ပိုင်းမှာ တိုက်ပွဲဖြစ်တာမရှိတဲ့ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့က အရပ်သားပြည်သူတွေကို ဦးတည်ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တွေ ဆက်တိုက်လုပ်လာတဲ့အတွက် အရပ်သားပြည်သူ သေဆုံး မှုနဲ့ ထိခိုက်ဒဏ်ရာရမှု အများအပြားရှိခဲ့သလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ ဒေသခံတို့ရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၄။ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် 


သြဂုတ်လ၂၉ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ခုခံနေတယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။

နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့  ၉၀၂ တပ်စခန်း၊ ၄၀၆ တပ်စခန်းနဲ့ ၂၀၆ တပ်စခန်း တို့မှာ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပဲဖြစ်ပါတယ်။

ဩဂုတ်လ ၂၈ ရက် မနက် နာရီခန့်က စေတီကုန်းမှာရှိတဲ့ ၄၀၆ စစ်တပ်စခန်း မနက် နာရီခန့်မှာ တောင်ခမ်းကျေးရွာမှာရှိ တဲ့ ၉၀၂ တပ်နဲ့ မနက် နာရီကနေ ညနေ နာရီအထိ ၂၀၆ တပ်တို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းဖိုကျေးရွာနဲ့ တောင်ခမ်းရွာကြားမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ၉၀၂ တပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီက Y12 နဲ့ ကြိမ်လာရောက်ပြီး ဗုံး အလုံး ၁၀၀ ဂျက်ဖိုက်တာနဲ့ ကြိမ်လာရောက်ပြီး ဗုံး လုံး၊ မိုင်တိုင် မှာ ဂျက်ဖိုက်တာနဲ့တကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

တောင်ခမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီကိုထောက်ခံသူတွေက မစခ ၉၀၂ တပ်ရင်း ဗဟိုကင်း၊ အိမ်ထောင်သည်လိုင်း၊ အရာရှိကြီးများ အိမ်ရာ၊ အရာရှိ ရိပ်သာကျသွားပြီဖြစ်တာကြောင့် ဆုတ်ခွာဖို့စုဖွဲ့နေရပြီး ၉၀၂ တပ်ကိုလည်း TNLA က ၉၀ ရာခိုင်နှုန်း ရရှိထားပြီလို့ လူမှုကွန်ယက်ချန်နယ်တွေမှာရေးသားဖော်ပြနေကြပါတယ်။  

ဒါ့အပြင် အမြောက်တပ် ၂၀၆ ကျရှုံးမယ်အခြေအနေရှိပြီး အမတ-၄၀၆ မှာ တိုက်ပွဲပြင်းထန်ခဲ့ကာ အမတ ၃၅၄ မှာလည်း ထိတွေ့မှုရှိတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်ဘက်ကို စစ်အင်အား ပြန်လည် ဖြည့်တင်းဖို့ကြိုးပမ်းနေတဲ့ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ လက်ပံတန်းမှာ စစ်ကောင်စီရဲ့ ဒရုန်းတစင်း လူနေအိမ်ပေါ်ပျက်ကျပေါက်ကွဲ


သြဂုတ်လ၂၉ရက်


ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လွှတ်တင်လိုက်တဲ့ ဒရုန်းတစင်း လူနေအိမ်ပေါ် ပျက်ကျပြီး ဗုံးသီးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေ လွှတ်တင်လိုက်တဲ့ ဗုံးသီးပါဒရုန်းဟာ သြဂုတ် ၂၈ ရက် မွန်းလွဲ နာရီခန့်အချိန်မှာ လက်ပံတန်း မြို့နယ် သရက်ချောင်းရွာမအရှေ့ဘက် စိတ်ဓိတ်ကျေးရွာက လူနေအိမ်တလုံးပေါ် ပျက်ကျပြီး ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါ တယ်။

ဒလက် ခုပါတဲ့ အဲဒီဒရုန်းပျက်ကျပြီး ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အမိုးနဲ့ တံခါးတချပ် ပျက်စီးသွားတယ်လို့ သိရပါ တယ်။ 

ဒီဒရုန်းဟာ ထန်းပင်ခေါင်းရွာမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေ လွှတ်တင်လိုက်တာဖြစ်ပြီး အရက်မူးနေတာကြောင့် ထိန်းချုပ်မှုမှားယွင်းကာ သစ်ပင်နဲ့ညိပြီး လူနေအိမ်ပေါ် ပျက်ကျသွားတာလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က လွှတ်တင်လိုက်တဲ့ဒရုန်းမှာ ၆ဝ မမ ဗုံးသီး ချိတ်ထားပြီး ပျက်ကျချိန်မှာ လူထိခိုက်တာမရှိဘူးလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံက အသိပေးထားပါတယ်။ 

ဩဂုတ်လ ၂၇ရက်နေ့ ညနေပိုင်းကလည်း PDF တပ်ဖွဲ့တွေကို ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်က ဒရုန်းတစင်းကို တောင်တန်းမြိုင်ရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာကြောင့် ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

လက်ပံတန်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာကြောင့် စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၆။ မြသိန်းတန်ဘုရားမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရေကြောင်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံး  


သြဂုတ်လ၂၉ရက်


စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ မြသိန်းတန်ဘုရားမှာတပ်စွဲနေတဲ့ စစ်သားတွေနဲ့ ရေကြောင်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်သားတဦးသေဆုံးသွားတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

မနေ့ ဩဂုတ်လ ၂၈ ရက်နေ့က မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ အထက်ကိုဆန်တက်လာတဲ့ စစ်သင်္ဘော စင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ရာသီဥတုနဲ့လေတိုက်နှုန်းတွေကြောင့် သင်္ဘောတွေကို ထိမှန်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

သင်္ဘောဘေးကို ဗုံးသီးတွေကျရောက်ပေါက်ကွဲတာကြောင့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းက ရွာတွေကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ စစ်ရေယာဉ်အုပ်စုဟာ သပိတ်ကျင်းဘက်ကိုသွားတာဖြစ်နိုင်ပြီး မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ မွန်းလွဲ နာရီခန့် က ဆန်တက်လာတာလို့လည်း သိရပါတယ်။ 

ထို့အတူ စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ မြသိန်းတန်ဘုရားမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို ရက်ဆက် ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာမှာ စစ်သားတဦးသေဆုံးသွားတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က အသိပေးထားပါတယ်။

ဩဂုတ်လ ၂၆ နဲ့ ၂၇ မှာ မြသိန်းတန်ဘုရားမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို ရက်ဆက်  ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အကြမ်းဖက်စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ လမ်းသွားလမ်းလာတွေကို အတင်းအကျပ်စစ်ဆေး တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ Acid (ဝက်လက်) Royal Falcon Guerrilla Force နဲ့ Phoenix Sgg တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၇။ တနိုင်ငံလုံးမှာရှိတဲ့ မြိုတွေ အကုန်လုံး နီးပါး ကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ပါက စကစစစ်တပ်အနေနဲ့ မြို့အားလုံး လက်လွတ်မှာဖြစ်တယ်လို့ဆို


သြဂုတ်လ၂၉ရက်


သြဂုတ်လ၂၉ရက်မှာ PDFInsightကစစ်ရေးသုံးသပ်ချက်များနှင့်ပတ်သက်ပြီး အခုလိုဖော်ပြပါတယ်။


"မြို့သိမ်းတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ဆင်နွှဲလာတာနဲ့ အတူ အမေးများ လာတာက မြို့တွေကို သိမ်းပြီး ထိန်းထားနိုင်ပါ့မလား ဆိုတဲ့ အချက်ပါ။ အရင်တုန်းက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲ တွေ မဆင်နွှဲနိုင်ဖူးလို့ ဝေဖန်ခဲ့ရာကနေ အခုတော့ သိမ်းပြီးတဲ့ မြို့တွေ၊ စခန်းတွေကို ထိန်းထားနိုင်ပါ့မလားလို့ ဝေဖန် မေးခွန်းထုတ်လာကြပါတယ်။ လက်ရှိ PDF နဲ့ ပကဖ တွေကို တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေ အရ မြေပြန့်ဒေသမှာ မြို့ကြီးတွေ၊ မြို့လတ် အများစုကို ထိန်းချုပ်ဖို့ လက်တလော အခြေအနေအရ အလှမ်းဝေးအုံးမှာပါ။လက်နက်ကြီး နဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ မရှိတဲ့ PDF တွေ အနေနဲ့ မြေပြန့်မြို့တွေကို ထိန်းထားဖို့ ခက်ပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးမှာရှိတဲ့ မြို့ကြီး၊ မြို့လတ်၊ မြို့လေးတွေ အကုန်လုံး နီးပါး ကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်မယ်ဆိုရင်တော့ စစ်တပ်အနေနဲ့ ဘယ်နေရာကိုမှ စစ်ကူ၊ ပစ်ကူ ပေးနိုင်ခြင်း မရှိဘဲ မြို့အားလုံး လက်လွတ်ရပါလိမ့်မယ်"လို့ဖော်ပြပါတယ်။


မြို့အားလုံးကို တိုက်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေ မှာ လက်နက်တပ်ဆင်မှု အင်အား အများအပြား လိုအပ်မှာဖြစ်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့ မြို့အားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်ရေး အတွက် လက်နက်အင်အား စောင့်ဆိုင်းနေတဲ့ ကာလလည်းဖြစ်တယ်လို့ဖော်ပြပါတယ်။


ဒါ့အပြင် ရန်သူ့ မြို့ကြီးတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်လိုမြို့တွေကို တိုက်ရိုက် သိမ်းပိုက်စရာ မလိုဘဲ ဘေးနားက နယ်မြေတွေ၊ မြို့လေးတွေ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက် သိမ်းပိုက်ရုံ နဲ့ ရန်သူ ဟာ နလံထူနိုင်ခြင်းမရှိတော့ဘဲ အရှုံးပေးရမှာဖြစ်တယ်လို့လည်း PDFInsightကသုံးသပ်ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment