2nd AUG 2024 - Morning Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စုပေါင်းအင်အားနဲ့ ထိုးဖောက်မှုဒဏ်ကို မခံနိုင်တော့ပဲ နယ်မြေတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးလာရပြီဟု ဝန်ကြီးချုပ်ဆို

📌 ၂။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ပြောင်းတော်လှန်ရေး အောင်မြင်မယ်ဆိုတာကို ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူးလို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော

📌 ၃။ ဇူလိုင်လအတွင်း ဗိုလ်မှူး () ဦး၊ ဗိုလ်ကြီး () ဦး အပါအဝင် စစ်သားနှင့် ရဲ (၅၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

📌 ၄။ မတ္တရာမြို့နယ်တွင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

📌 ၅။ ဆိပ်ဖြူမြို့နယ်တွင် ပညာရေးစုံညီပွဲတော် ကျင်းပသည့် ကြားကာလပညာသင်ကျောင်း () ကျောင်းအား တစ်ကျောင်းလျှင် ()သိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့

📌 ၆။ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက "Tampon ဝယ်ပေးပါ" ဆိုတဲ့ ကမ်ပိန်းတစ်ခု စီစဉ်

📌 ၇။ ဇူလိုင်လ တလတာ ကာလအတွင်း  နိုင်ငံတဝန်း၌ အကြမ်းစစ်အုပ်စုကပြည်သူ (၄၂) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ အများဆုံးပါဝင်


၂၀၂၄ ခုနှစ် သြဂုတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တတိယမြောက် မြို့အဖြစ် မိုးမိတ်မြို့ကို သိမ်းပိုက်၊ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်

🚩 ၂။ ရှမ်းမန်းစစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ တိုင်းရင်းသားမဟာမိတ်ညီနောင်တွေ ရှေ့လျှောက် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိ

🚩 ၃။ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ဝန်းကျင်ရှိ ပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်များ စစ်ရေး လှုပ်ရှားသွားလာနေခြင်းကြောင့်  အကန့်အသတ်မရှိ သွားလာခွင့် AA ပိတ်

🚩 ၄။ တိုက်ပွဲက နောက်ဆုတ်လာတဲ့ စစ်သားတွေကို ရေတပ်ထဲသို့ ဝင်ခွင့်မပြုရာမှ အချင်းချင်းကြား ပစ်ခတ်မှုတွေ ရှိခဲ့

🚩 ၅။ မောင်တောတွင် ARSA က  ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသား () ဦးသေဆုံးပြီး () ဦး ဒဏ်ရာရ

🚩 ၆။ စစ်ကောင်စီ တပ်စွဲထားတဲ့ လေးရွာဆုံ ပျူရွာကို Fixed Wing drone များဖြင့် ဗုံးချတိုက်ခိုက်

🚩 ၇။ ရွှေဘိုခရိုင်မှ ရဲမှူး တစ်ဦးနှင့် လက်နက်ကိုင်ဆောင်ထားတဲ့ ရှမ်းသူငယ်ကျေးရွအုပ်ချုပ်ရေးမှူးတို့အား ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စုပေါင်းအင်အားနဲ့ ထိုးဖောက်မှုဒဏ်ကို မခံနိုင်တော့ပဲ နယ်မြေတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးလာရပြီဟု ဝန်ကြီးချုပ်ဆို


သြဂုတ်လ () ရက်နေ့မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို ပြောကြားလိုက်ပါတယ်။

"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ မတရားရယူထားတဲ့အာဏာကို လက်မလွှတ်ချင်တာကြောင့် နောက်ဆုံးအချိန်အထိ ဖက်တွယ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေပေမယ့်လည်း အခု တော်လှန်ရေးကာလ () နှစ်ကျော် လာချိန်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအင်အားနဲ့ ထိုးဖောက်မှုဒဏ်ကို မခံနိုင်တော့ပဲ နယ်မြေတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးလာတာကြောင့် ပြည်သူလူထုအတွက်လည်း အင်မတန်မှ စိတ်ခွန်အားတက်ကြွရတဲ့ အခြေအနေတွေ ဖြစ်ရပါကြောင်း။ ပြည်သူ့အင်အားနဲ့ ရှေ့ဆက်နေကြတဲ့ ဒီခရီးမှာ ပြည်သူတွေရဲ့ ယုံကြည်ချက် မပျောက်ဆုံးသွားအောင် ကြိုးပမ်းကြဖို့ အထူးမှာကြားလိုပါကြောင်း။ မြို့နယ်တွေအတွင်းက လူထုသပိတ်အင်အားစုတွေနဲ့လည်း ပေါင်းစပ်လုပ်ဆောင်နိုင်ကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း" ဝန်ကြီးချုပ်က ဆိုပါတယ်။

လက်ရှိမှာ ရှမ်းမန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းအတွင်းအထိ ထိုးဖောက်ဝင်ရောက်ကာတိုက်ခိုက်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များမှာအောင်ပွဲဆင်လျက်ရှိနေပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ပြောင်းတော်လှန်ရေး အောင်မြင်မယ်ဆိုတာကို ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူးလို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သြဂုတ်လ () ရက်နေ့မှာ ဆိုရှယ်မီဒီယာကတစ်ဆင့် တော်လှန်ရေးအပေါ် ယုံကြည်ချက် နှင့် ကတိသစ္စာဆိုရင်း အခုလို ပြောပါတယ်။

"(၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီ () ရက်က ပါဝင်ခဲ့တဲ့ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ပြောင်းတော်လှန်ရေး အောင်မြင်မယ်ဆိုတာကို ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ တော်လှန်ရေးစတဲ့နေ့ကနေ ဒီနေ့အထိ ဒီယုံကြည်မှု၊ ဒီယုံကြည်ချက်က တရာ ရာခိုင်နှုန်းက မလျော့ခဲ့ဘူး" လို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် CDM များ၊ PDF များ၊ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့်အတူ တိုက်ပွဲဝင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။


========================


📌📌 ၃။ ဇူလိုင်လအတွင်း ဗိုလ်မှူး () ဦး၊ ဗိုလ်ကြီး () ဦး အပါအဝင် စစ်သားနှင့် ရဲ (၅၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်က PDF တပ်ရင်းများ၊ ပကဖများကို ဆက်သွယ်ပြီး (၂၀၂၄) ခုနှစ်၊ ဇူလိုင်လအတွင်း စစ်သားနဲ့ ရဲ (၅၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသူများထဲမှာ အရာရှိအဆင့် ဗိုလ်မှူး () ဦး၊ ဗိုလ်ကြီး () ဦးနဲ့ ဗိုလ် () ဦး ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ (၅၄) ဦးထဲမှာ လက်နက်နှင့်တကွ ခိုလှုံလာသူများလည်းရှိပြီး ၎င်းတို့ထံမှ လက်နက်မျိုးစုံ ၂၂ လက် နှင့် ခဲယမ်း၊ မီးကျောက်များ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်တပါတည်း ယူဆောင်လာသူများကို NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ တပ်သားနှင့် ရဲများအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့မဟုတ်) နီးစပ်ရာ PDF ပကဖ များနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ မတ္တရာမြို့နယ်တွင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူ ဦး သေဆုံးခဲ့ပြီး ဦး ဒဏ်ရာရ ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတင်းထုတ်ပြန် ထားပါတယ်။

ဩဂုတ်လ ရက် နေ့လည် နာရီခန့်မှာ အောင်ချမ်းသာ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတွေ အခုလို ထိခိုက် သေဆုံးခဲ့ရတာလို့ ဖော်ပြပါတယ်။

အဆိုပါ အောင်ချမ်းသာ ကျေးရွာဟာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ အလှမ်းဝေးကွာတာကြောင့် စစ်ကောင်စီက အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ရာဇဝတ်မှု ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ MDY - PDF အဖွဲ့က ဆိုပါတယ်။


========================


📌📌 ၅။ ဆိပ်ဖြူမြို့နယ်တွင် ပညာရေးစုံညီပွဲတော် ကျင်းပသည့် ကြားကာလပညာသင်ကျောင်း () ကျောင်းအား တစ်ကျောင်းလျှင် ()သိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့


သြဂုတ်လ () ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့က အခုလို အသိပေးဖော်ပြပါတယ်။

ကုန်ဆုံးခဲ့သည့်  July လထဲတွင် ပညာရေးစုံညီပွဲတော်ကျင်းပသည့် ကြားကာလပညာသင်ကျောင်း () ကျောင်းအား တစ်ကျောင်းလျှင် () 

သိန်း ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ 

ဒါ့အပြင် (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများ၊ အကြိုဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပေးနိုင်ခဲ့တယ်လို့ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့က အသိပေးဆိုပါတယ်။


========================


📌📌 ၆။ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက "Tampon ဝယ်ပေးပါ" ဆိုတဲ့ ကမ်ပိန်းတစ်ခု စီစဉ်


ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက တောထဲက အမျိုးသမီး ရဲဘော်တွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ "Tampon ဝယ်ပေးပါ" ဆိုတဲ့ ကမ်ပိန်းတစ်ခု စီစဉ်နေတယ်လို့ သြဂုတ်လ () ရက်နေ့မှာ တရားဝင်အသိပေးဖော်ပြပါတယ်။

"တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့အတွက် တောထဲကို ရောက်ရှိနေကြတဲ့ အမျိုးသမီးရဲဘော်တွေဟာ အမျိုးသမီးလစဉ်ဓမ္မတာကြောင့် အဆင်မပြေမှုတွေ တွေ့ကြုံခံစားနေရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအတွက် အလွယ်တကူ မရရှိတာ၊ အလုံအလောက် မရရှိတာ စတဲ့အခက်အခဲတွေ မြေပြင်မှာ ကြုံတွေ့နေရပါတယ်။ ဒါကြောင့်မို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အနေနဲ့ တောထဲက အမျိုးသမီး ရဲဘော်တွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ Tampon ဝယ်ပေးပါ ဆိုတဲ့ ကမ်ပိန်းလေးတစ်ခု စီစဉ်ထားပါတယ်" လို့ ဆိုပါတယ်။

"Tampon ဝယ်ပေးပါ" ဆိုတဲ့ Campaign ကိုတော့ August () ရက်နေ့ကနေ (၃၁) ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး မျှော်မှန်းငွေ ပမာဏကတော့ Tampon ဘူး (၃၀၀၀) စာ သိန်း ၃၀၀ ဖြစ်ပါတယ်။

ဒီ Campaign ကနေ ဝယ်ယူဖြစ်ခဲ့တဲ့ Tampon များကို စစ်ကိုင်းတိုင်းဒေသကြီးက ရဲဘော်တွေဆီကို အဓိကထောက်ပံ့ပေးသွားမှာ ဖြစ်လို့ပါဝင်ချင်သူများအနေနဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂလူမှုကွန်ရက်သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၇။ ဇူလိုင်လ တလတာ ကာလအတွင်း  နိုင်ငံတဝန်း၌ အကြမ်းစစ်အုပ်စုကပြည်သူ (၄၂) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ အများဆုံးပါဝင်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ ဇူလိုင်လ () ရက်နေ့မှ (၃၁) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းစစ်အုပ်စုက အမျိုးသမီး (၁၇) ဦး၊ အမျိုးသား (၂၅) ဦး စုစုပေါင်း (၄၂) ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ (၄၂) ဦးအနက် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် (၁၀) ဦးစီဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရပြီး မကွေးတိုင်းမှာ () ဦးဖြင့် ဒုတိယအများဆုံးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး () ဦးနှင့် အမျိုးသား (၁၆) ဦး စုစုပေါင်း (၁၇) ဦး ရှိခဲ့ကာ အများစုမှာ အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

အဆိုပါ (၁၇) ဦးအနက် စစ်ကိုင်းတိုင်းမှာ () ဦးဖြင့် အများဆုံး ထောင်ဒဏ် ချမှတ်ခံထားရပြီး၊ ထောင်ဒဏ် (၁၀) နှစ်နှင့် (၁၀) နှစ်အထက် ချမှတ်ခံရသူ () ဦး ပါဝင်တယ်လို့ သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တတိယမြောက် မြို့အဖြစ် မိုးမိတ်မြို့ကို သိမ်းပိုက်၊ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်


ဇူလိုင် (၃၁) ရက်နေ့ နေ့လယ် (:၀၀) နာရီ အချိန်တွင် တအာင်းပြည်နယ် တပ်မဟာ () နယ်မြေ၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ စကခ-၂၁ (မပခ) ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း () အတွင်း ဇွန်လ (၂၇) ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် () ပတ်အကြာ ဇူလိုင် (၃၁) ရက်နေ့ နေ့လယ် (:၀၀)နာရီ အချိန်တွင် စစ်ကောင်စီ တပ်စခန်းများ အားလုံးကို ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် (၃၄၈) ဗျူဟာကုန်း၊ ခလရ (၂၂၃) စခန်း၊ ၊ခလရ (၂၆၇) စခန်း၊ ခမရ (၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင် () တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုးမိတ်မြို့သည် စစ်ကောင်စီ စကခ -၂၁ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ - ၂၂၃၊ ၂၇၆ နှင့် ခမရ - ၃၄၈ တို့ လာရောက်ထိုးစစ်ဆင် စခန်းချသည့် မြို့လည်း ဖြစ်ပြီး မိုးမိတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉) ကြိမ်၊ Y-12 လေယာဥ် (၃၈) ကြိမ်၊ Y-12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄) ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် (၅၀၀) ဗုံး () လုံး နှင့် အတွဲလိုက်ဒုံး (၁၈) လုံး အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝစ်ဇာလက်နက်ကြီး အပါအဝင်၊  လက်နက်မျိုးစုံ (၂၅၀) လက်၊ 120 MM () လက်၊ 60 MM (၁၉) လက်၊ 81 MM () လက်၊ ပွိုင့်ဖိုက် ()လက်၊ RPG (၁၆) လက်၊ ဂျမ်ပါ () စုံ၊ စိန်ပြောင်းနောက်ပွင့် () လက်၊ လေယာဉ်ပစ်လက်နက် () လက်၊ ပစ္စတို () လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီး မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၄၀၀) ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုးမိတ်တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသခံ () ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာရကာ စာသင်ကျောင်း ()ကျောင်း လေယာဥ်ဗုံးစထိမှန် ပျက်ဆီးခြင်း နှင့် လူနေအိမ် () လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(၂၀၂၄) ခုနှစ် ဇူလိုင် (၃၁) ရက် (၁၀၂၇) စစ်ဆင်ရေး အပိုင်း () အတွင်း တအာင်းတပ်မတော် PSLF/TNLA မှ နောင်ချိုမြို့နှင့် မိုးကုတ်မြို့တို့ကို သိမ်းပိုက်ခဲ့ပြီး၊ တတိယ သိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ရှမ်းမန်းစစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ တိုင်းရင်းသားမဟာမိတ်ညီနောင်တွေ ရှေ့လျှောက် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိ


ရှမ်းမန်းစစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ တိုင်းရင်းသားမဟာမိတ် ညီနောင်တွေ ရှေ့လျှောက် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ သြဂုတ်လ () ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက Radio NUG ကို ဖြေကြားပါတယ်။ 


(ဦးမောင်မောင်ဆွေ အသံဖိုင်)


ဒါ့အပြင် တိုက်ပွဲအရှိန်ရလာသည်နှင့်အမျှ စစ်သုံ့ပန်းများဖမ်းဆီးရမိပြီး နိူင်ငံတကာ ဂျီနီဗာကွန်ဗန်းရှင်းအရ ထိန်းသိမ်းစောင့်ရှောက်မှုများလည်းရှိကြောင်း၊ အလံဖြူထောင်၍ အလင်းဝင်လာသည့် စကစတပ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်မှုများလည်းရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။


(ဦးမောင်မောင်ဆွေ အသံဖိုင်)


ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ဝင်ရောက်လာသူတွေကို ပြည်သူ့သားကောင်းလက်မှတ် ထုတ်ပေးပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရက ထောက်ပံ့ပေးနေတာတွေလည်း ရှိကြောင်းလည်း ကာကွယ်ရေးဒုတိယအတွင်းဝန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


🚩🚩 ၃။ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ဝန်းကျင်ရှိ ပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်များ စစ်ရေး လှုပ်ရှားသွားလာနေခြင်းကြောင့်  အကန့်အသတ်မရှိ သွားလာခွင့် AA ပိတ်


ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ဝန်းကျင်ရှိ ပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားသွားလာနေခြင်းကြောင့် (၂၀၂၄) ခုနှစ် ဩဂုတ်လ () ရက်နေ့ကမှစတင်၍ အကန့်အသတ်မရှိ အရေးပေါ်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က သတင်း ထုတ်ပြန်ပါတယ်။

စစ်ရှုံးစစ်ကောင်စီသည် အရပ်သားမော်တော်ဘုတ်များကို အသုံးပြု၍ ရေကြောင်းမှတစ်ဆင့် စစ်အင်အား ထပ်မံဖြည့်တင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် AA က ယင်းသို့ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီ၏ အကျပ်ကိုင်ဖိအားပေးခိုင်းစေခြင်းမျိုးကို လိုက်နာဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမျိုး မပြုလုပ်ကြရန်လည်း အရေးပေါ် စစ်ရေးလိုအပ်ချက်အရ အသိပေးထားပြီး အရေးပေါ် ကျန်းမာရေး၊ မဖြစ်မနေ သွားရမည့် ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာ နီးစပ်ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများကို ဆက်သွယ်၍ သတ်မှတ်ထားသော လမ်းကြောင်း၊ အမှတ်အသားများပြုလုပ်၍ သွားလာကြရန်၊ စစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခြင်းကိုခံယူရန်လည်း ဖော်ပြထားပါတယ်။

AA သည် သံတွဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး ငပလီလေဆိပ်၊ ဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့ကို ဇူလိုင်လ (၁၆) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ထားခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် စခန်းများနှင့် သံတွဲမြို့ကို ပြန်လည်ရယူရန်အတွက် အရပ်သားအယောင်ဆောင်၍ စစ်အင်အားများ ထပ်မံဖြည့်တင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဟန်ဆောင်ပြီး သံတွဲမြို့တွင်း ဖောက်ထွင်း၊ ခိုးယူ၊ လုယက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် လက်နက်ကိုင်ပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီအုပ်စုငယ်များ နှင့် AAတို့ မြပြင်၊ ဂျိတ္တော၊ ကွင်းဝိုင်းတို့တွင် တိုက်ပွဲများ ရံဖန်ရံခါဆက်လက်ဖြစ်ပွားနေသည်ဟု ဖော်ပြထားပါတယ်။

မောင်ရွှေလေး ရေတပ်စခန်းနှင့် ဘင်္ဂလားပင်လယ်ပြင်ထက်၌ တပ်စွဲထားသော ရေတပ်စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးပစ်ကူများနှင့်အတူ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းအားထုတ်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်ဟု သိရပါတယ်။

AA သည် တောင်ကုတ်နှင့် ဂွမြို့နယ်တို့ရှိ စစ်ကောင်စီအခြေစိုက်စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိသေးသော စစ်စခန်းများအားလုံးကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ တိုက်ပွဲက နောက်ဆုတ်လာတဲ့ စစ်သားတွေကို ရေတပ်ထဲသို့ ဝင်ခွင့်မပြုရာမှ အချင်းချင်းကြား ပစ်ခတ်မှုတွေ ရှိခဲ့


ရခိုင်ပြည်နယ် သံတွဲမြို့ ကွင်းဝိုင်းရေတပ်က ရေတပ်မှူးမှာ တိုက်ပွဲဖြစ်ပွားလာပါက အဆင်သင့် ထွက်ပြေးနိုင်ဖို့  လုံခြုံတဲ့နေရာမှာ ပုန်းအောင်း တိမ်းရှောင်နေပြီး တိုက်ပွဲထဲက တပ်ဆုတ်လာတဲ့  စစ်ကောင်စီ တပ်သားတွေကိုလည်း ရေတပ်အတွင်းသို့ ဝင်ခွင့်မပေးတော့ရာမှ အချင်းချင်း အကြား ပစ်ခတ်မှုတွေ ရှိနေကြတယ်လို့ ရေတပ်နဲ့ နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောပြထားကြောင်း သိရှိရပါတယ်။

သပြုချိုင်၊ ဂျိတ္တော နဲ့ ရေဖြူအိုင်ဘက်က ပြန်ဆုတ်လာတဲ့ စစ်သားတွေ တပ်ထဲ မလာရောက်နိုင်အောင် ရေတပ်အတွင်းမှ လက်နက်ကြီးတွေနဲ့  ဟန့်တား ပစ်ခတ်ခဲ့ရာက သပြုချိုင်ကျေးရွာနဲ့ ကွင်းဝင်းကျေးရွာလမ်းပေါ်ရှိ အအေးခန်းစက်ရုံတစ်ခု၊ ရေခဲစက်တစ်ခု မီးလောင်ခဲ့ပြီး  မီးငြိမ်းသတ်မယ့်သူ မရှိတဲ့အတွက်  အပျက်အစီးတွေရှိတယ်လို့ သိရပါတယ်။

သပြုချိုင်ဆိပ်ကမ်းက တိုက်ရေယာဉ်တွေမှာလည်း AA မှ ရှော့တိုက်ဒုံးနဲ့  တိုက်ခိုက်မှာကို စိုးရိမ်ပြီး ဆိပ်ကမ်းက ခွာကာ မော်ရုံကျေးရွာအနီးရှိ  ကျောက်ဆောင်တွေကို ကျည်ကွယ် မျက်ကွယ်ယူကာ ရပ်နားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျိတ္တောတစ်ဖက်ကမ်းရှိ  ရေကျွန်း (ခေါ် ) ပုလဲကျွန်းပေါ်မှာလည်း ဧရာဝတီတိုင်းမှ စစ်ကူလာတဲ့  စစ်သားတစ်ရာကျော် ပိတ်မိနေပြီး တပ်ရင်းမှူး ဗျူဟာမှူးလည်း ပါဝင်တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ မောင်တောတွင် ARSA က  ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသား () ဦးသေဆုံးပြီး () ဦး ဒဏ်ရာရ


ဇူလိုင်လ (၃၁) ရက်၊ ညနေ () နာရီခန့်တွင် ဘူးသီးတောင်မြို့မှ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်းချောင်းသို့ SKAT ယာဥ်နံပါတ် 7K (အဖြူရောင်) ဖြင့် သွားရောက်စဉ် မောင်တောမြို့နယ်၊ ရွှေတောင်ရွာနှင့် ကျီးကန်းပြင်တောင်ရွာကြား /မိုင် - ကျီးကန်းပြင် ကားလမ်းမပေါ်တွင် ARSA အဖွဲ့မှ အသင့်စောင့်ဆိုင်းကာ သေနတ်ဖြင့်ပစ်ခတ်၍ ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသား () ဦးသေဆုံးပြီး () ဦးဒဏ်ရာ ရရှိ သွားကြောင်း နိရဥ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

သေဆုံးသူများမှာ ဘူးသီးတောင်မြို့၊ အမှတ် ()ရပ်ကွက်မှ ကျောင်းဆရာမ ဒေါ်စိန်လှဖြူနှင့် ဦးကျော်မင်းတို့ လင်မယား၊ ဦးဇော်ဇော်မင်း () ရွှေသက်ကို၊ ကိုအောင်မြတ်စံနှင့် ကိုအောင်မျိုးစံ ညီအစ်ကိုတို့ ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာလည်း ယင်းရပ်ကွက်မှ ကိုမျိုးသန်းရှိန်နှင့် ဦးမောင်မောင်ချေတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သတ်ဖြတ်မှုအား အာရက္ခတပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက "သူတို့က ဘူးသီးတောင်မြို့နယ်၊ ကံ့ကော်မြိုင်ရွာကနေ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာသို့ ကုန်ပစ္စည်းတွေ ဝယ်ယူဖို့သွားချိန်မှာ အခုလိုပစ်သတ်ခံရတာ ဖြစ်ပါတယ်" ဟု ပြောဆိုထားပါတယ်။

လက်ရှိတွင် သတ်ဖြတ်သွားသည့် အကြမ်းဖက် ARSA အဖွဲ့ဝင်များကို အာရက္ခတပ်တော် (AA) က လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။


========================


🚩🚩 ၆။ စစ်ကောင်စီ တပ်စွဲထားတဲ့ လေးရွာဆုံ ပျူရွာကို Fixed Wing drone များဖြင့် ဗုံးချတိုက်ခိုက်


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စွဲထားတဲ့ လေးရွာဆုံ ပျူစောထီး ကျေးရွာကို Fixed Wing drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Anyar Federal Task Force (AFTF) က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၂၉) ရက်နေ့က စစ်ကောင်စီ တပ်စွဲထားတဲ့ လေးရွာဆုံ ပျူရွာကို Shar-Htoo-waw နည်းပညာ Fixed Wing drone များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦး သေဆုံးပြီး () ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ခမရ (၁၅) တပ်ရင်းမှ ဟောင်ဝစ်ဇာ (လက်နက်ကြီး) ဖြင့် () ချက် ပြန်ပစ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force (AFTF) Freedom Fighter Guerrilla Force (FFGF) နှင့် 8 Stars ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ ရွှေဘိုခရိုင်မှ ရဲမှူး တစ်ဦးနှင့် လက်နက်ကိုင်ဆောင်ထားတဲ့ ရှမ်းသူငယ်ကျေးရွအုပ်ချုပ်ရေးမှူးတို့အား ရှင်းလင်း


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးတဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ ခဲ့တယ်လို့ နယ်စည်းမခြား ရွှေဘိုသားအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ () ရက်နေ့ မနက်ပိုင်းမှာ ရွေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး အောင်ဇော်မျိုး ဆိုသူ ရဲစခန်းမှ နေအိမ်သို့ ပြန်လာစဉ် လမ်းမှာ စောင့်ကြိုပြီး ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ရဲမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းကိုင်ဆောင်တဲ့ M-16 သေနတ် တလက်၊ ကား တစီးနှင့် ၎င်းရဲ့ အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရဲမှူး အောင်ဇော်မျိုးဟာ စစ်မှုထမ်းဖို့ မြို့ပေါ်က လူငယ်များကို စုဆောင်းပေးခြင်း၊ တော်လှန်ရေး ရဲဘော် များကို သတင်းထောက်လှမ်းခြင်းများ လုပ်ဆောင်နေသူ ဖြစ်တာကြောင့် နှစ်လခန့် အချိန်ယူ စောင့်ကြည့်ခဲ့ပြီးမှ စနစ်တကျ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ယခု တိုက်ခိုက်မှုကို နဂါးညီနောင်၊ မိုင်းဘီလူး အဖွဲ့တို့နဲ့ မြို့တွင်းစစ်ဆင်ရေးအဖြစ် ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ နယ်စည်းမခြား ရွှေဘိုသားအဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ဩဂုတ်လ () ရက် နေ့လည် (၁၂း၀၀) နာရီ ဝန်းကျင်ကလည်း မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ရှမ်းသူငယ်ကျေးရွာမှ လက်နက်ကိုင်ဆောင်ထားတဲ့ အုပ်ချုပ်ရေးမှူး ဝင်းမောင်ဆိုသူ ရဲစခန်းကနေ နေအိမ်သို့ ပြန်လာတဲ့လမ်းမှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကိုတော့ KRA နဲ့ ကျောက်ဆည် KDDF ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ၎င်းကိုင်ဆောင်တဲ့ ပစ္စတို သေနတ်ကိုတော့ အခြေအနေတခုကြောင့် မသိမ်းဆည်း နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ထို့ပြင် ကျောက်ဆည်ခရိုင် အတွင်းက အုပ်ချုပ်ရေးမှူးများ အနေဖြင့် စစ်ကောင်စီ အလိုကျ ဆက်လက် ဆောင်ရွက်ပြီး ပြည်သူကို အနိုင်ကျင့်နေပါက ဆက်လက်တိုက်ခိုက် သွားမှာဖြစ်တာကြောင့် ပြည်သူနဲ့ ပူးပေါင်းကြဖို့ KRA အဖွဲ့က မေတ္တာရပ်ခံ ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment