2nd AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

📌 ၁။ မိုးဗြဲအနီးတဝိုက်ရေကြီး၍ ရွှေ့ပြောင်းနေထိုင်ရသောစစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

📌 ၂။ ကိုယ်တိုင်ခံစားရတာဖြစ်စေ၊ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေလူ့အခွင့်ရေးချိုးဖောက်မှုတွေကို ကြားသိလာရင်လူ့အခွင့်ရေးဝန်ကြီးဌာနသို့အချက်အလက်များပေးပို့တိုင်ကြားနိူင်

📌 ၃။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှာ KIO လဝက ဌာနဖွင့်လှစ်

📌 ၄။ "အပတ်စဉ်() Mini-MBA () သင်တန်း လျှောက်ထားနိုင်မည့်ကာလ သြဂုတ်လ (၃၁)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်"

📌 ၅။ ဆားလင်းကြီးရေဘေးသင့်အိမ်ထောင်စု(၃၀၅)အိမ်ထောင်စုဆီသို့ တစ်အိမ်ထောင်ကို(၅သောင်း)နှုန်းဖြင့်ထောက်ပံ့လှူဒါန်းခဲ့

📌 ၆။ နွေဦးထီကို  SDB အကောင့် ထဲတွင်ရှိသော Currency (၁၀) မျိုးဖြစ်သည့် MMK, USD, THB, SGD, EUR, AUD, GBP, JPY, MYR, KRW စသည့် ငွေကြေးများနှင့်ပါ ကံစမ်းနိုင်


၂၀၂၄ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လောက်ကိုင်မြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲမှု ပျက်စီးဆုံးရှုံးမှုများပြား 

🚩 ၂။ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ တကောင်းနီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်

🚩 ၃။ မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်းက စစ်ကောင်စီတပ်စခန်း ခုကို KIA သိမ်းပိုက် 

🚩 ၄။ စဉ့်ကူးမြို့နယ်တိုက်ပွဲမှာ ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး ဖမ်းမိပြီး ပျူစောထီး ၁၀၀ ခန့် လက်နက်ချ 

🚩 ၅။ ဆားလင်းကြီးနယ်မှာရှိတဲ့ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံးကာ သေနတ် လက်ရရှိ

🚩 ၆။ ဒေါင်းမင်းစစ်ကြောင်းတိုက်ခိုက်ရေးတပ်ခွဲ ()ခုထဲမှ တပ်ခွဲ()မှာ မြို့ပြစစ်ဆင်ရေးများအတွက် အထူးတိုက်ခိုက်ရေးတပ်ခွဲအဖြစ် တိုင်းရင်းသားဒေသတစ်ခုတွင် စုဖွဲ့ပြင်ဆင်လေ့ကျင့်နေ

🚩 ၇။ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း၊ တပ်ခွဲ () အခြေခံကွန်မန်ဒိုစစ်ပညာအပတ်စဉ် () သင်တန်းဆင်းပွဲကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မိုးဗြဲအနီးတဝိုက်ရေကြီး၍ ရွှေ့ပြောင်းနေထိုင်ရသောစစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေ


သြဂုတ်လ၂ရက်


မိုးဗြဲအနီးတဝိုက်ရေကြီး၍ ရွှေ့ပြောင်းနေထိုင်ရသောစစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ သြဂုတ်လ၂ရက်နေ့မှာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌါန ဒုဝန်ကြီးခွန်စောဖူးက Radio NUGကိုပြောပါတယ်။


"ရေကြီးတဲ့နေရာစစ်ရှောင်တွေကိုကယ်ထုတ်တာတရက်တော့လုပ်နိူင်ခဲ့ပါတယ်။တခြားလည်းသူတို့ဘာသာရွှေ့လာကြတာရှိပါတယ်။ဒါကမိုးဗြဲအပိုင်းပါ။လတ်တလောမှာတော့စစ်ရှောင်စခန်းတဝိုက်ကျန်းမာရေးစခန်းဖွင့်ထားတာရှိပါတယ်"လို့ဆိုပါတယ်။


ဇူလိုင်လတွင်းမိုးဗြဲအခြေစိုက် ခမရ (၄၂၂)တပ်သည် မိုးဗြဲရေကာတာ ရေအဆမတန်ဖွင့်ချမှုကြောင့် မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်ကျေးရွာအချို့နှင့် လယ်ဧကထောင်ချီနစ်မြုပ်ကာ စစ်ဘေးရှောင်ပြည်သူများ ထောင်ချီအရေးပေါ်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။


========================


📌📌 ၂။ ကိုယ်တိုင်ခံစားရတာဖြစ်စေ၊ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေလူ့အခွင့်ရေးချိုးဖောက်မှုတွေကို ကြားသိလာရင်လူ့အခွင့်ရေးဝန်ကြီးဌာနသို့အချက်အလက်များပေးပို့တိုင်ကြားနိူင်


သြဂုတ်လ၂ရက်


ကိုယ်တိုင်ခံစားရတာဖြစ်စေ၊ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေလူ့အခွင့်ရေးချိုးဖောက်မှုတွေကို ကြားသိလာရင်လူ့အခွင့်ရေးဝန်ကြီးဌာနသို့အချက်အလက်များပေးပို့တိုင်ကြားနိူင်တယ်လို့ သြဂုတ်လအတွင်း လူ့အခွင့်ရေးဝန်ကြီးဌာနသတင်းလွှာမှာ ဖော်ပြထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီးဌာနဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၄၆၅၆ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမ() အတွင်းမှာတင် ဖြစ်စဉ်ပေါင်း ၃၁၂၁ ခုကို မှတ်တမ်းတင်ထားနိုင်ပြီး ဖြစ်ပါတယ်။ 


၂၀၂၄ ခုနှစ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု၊လေကြောင်း၊လက်နက်ကြီးတို့ နဲ့စကစရဲ့ တိုက်ခိုက်ခံရမှု သိသိသာသာ မြင့်တက်လာတဲ့ ဒေသတွေဟာ ရခိုင် နဲ့ တအောင်း ဒေသတွေဖြစ်ကြပါတယ်။


========================


📌📌 ၃။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှာ KIO လဝက ဌာနဖွင့်လှစ်


သြဂုတ်လ၂ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှာ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်မြောက်ရေးတပ်မတော် KIO/ KIA က လဝကဌာန ဖွင့်လှစ်ပြီး နိုင်ငံသားမှတ်ပုံတင်ကတ်တွေ လုပ်ပေးခဲ့တယ်လို့ KIO/ KIA သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြပါ တယ်။

KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ-၆၊ တပ်ရင်း ၃၆ မှာ မနေ့ ဩဂုတ်လ ရက်နေ့က လဝက ဌာနဖွင့်ပွဲ ပြုလုပ်ခဲ့ တာလို့ သိရပါတယ်။

လက်ရှိမှာ ကွတ်ခိုင်မြို့နယ်နဲ့ မုံးကိုးမြို့နယ်တို့က ဒေသခံပြည်သူ ၃၅၀၀ ကို နိုင်ငံသားမှတ်ပုံတင်ကတ်တွေ ပြုလုပ်ပေးခဲ့ပြီး ဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးဌာန Laiza TV ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။ 

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ ဇူလိုင်လ ၂၆ နေ့က နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေး အတွက် ရဲစခန်းဖွင့်လှစ်ခဲ့သလို ဇွန်လ ၁၅ ရက်နေ့မှာလည်း လဝကဌာန ဖွင့်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


========================


📌📌 ၄။ "အပတ်စဉ်() Mini-MBA () သင်တန်း လျှောက်ထားနိုင်မည့်ကာလ သြဂုတ်လ (၃၁)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်"


သြဂုတ်လ၂ရက်


"အပတ်စဉ်() Mini-MBA () သင်တန်း လျှောက်ထားနိုင်မည့်ကာလ သြဂုတ်လ (၃၁)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်"လိုက်တယ်လို့ သြဂုတ်လ၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအသိပေးကြေညာပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MSME Development Center မှ တတိယအကြိမ်ဖွင့်လှစ်မည့် အပတ်စဉ်() Mini-MBA () သင်တန်း အား လျှောက်ထားနိုင်မည့်ကာလသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ()ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့အထိ ဖြစ်တယ်လို့ဆိုပါတယ်။


 သို့သော် လက်ရှိကြုံတွေ့နေရသည့် မြေပြင်အခြေအနေများနှင့် သင်တန်းတက်ရောက် ကြမည့် တော်လှန်ပြည်သူများ၏ အကြံပြုချက်များအရ အကြောင်းအမျိုးမျိုးကြောင့် အပတ်စဉ်() Mini-MBA() သင်တန်းအတွက် လျှောက်ထားကြရန် ကျန်ရှိနေသေးသည့် တော်လှန်ပြည်သူများ အတွက် အပတ်စဉ်() Mini-MBA ()လသင်တန်းအား လျှောက်ထားနိုင်မည့်ကာလကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့အထိ တိုးမြှင့်သတ်မှတ် လက်ခံပေးမည် ဖြစ်ကြောင်း အသိပေးကြေညာအပ် တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ ဆားလင်းကြီးရေဘေးသင့်အိမ်ထောင်စု(၃၀၅)အိမ်ထောင်စုဆီသို့ တစ်အိမ်ထောင်ကို(၅သောင်း)နှုန်းဖြင့်ထောက်ပံ့လှူဒါန်းခဲ့


သြဂုတ်လ၂ရက်


ဆားလင်းကြီးရေဘေးသင့်အိမ်ထောင်စု(၃၀၅)အိမ်ထောင်စုဆီသို့ တစ်အိမ်ထောင်ကို(၅သောင်း)နှုန်းဖြင့်ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သြဂုတ်လ၂ရက်မှာ ဆားလင်းကြီးမြို့နယ်လက်ပံတောင်းတောင်ပင်မသပိတ်ကအသိပေးဖော်ပြပါတယ်။


"ဆားလင်းကြီးရေဘေးသင့်အိမ်ထောင်စု(၃၀၅)အိမ်ထောင်စုဆီသို့ တစ်အိမ်ထောင်ကို(၅သောင်း)နှူန်းဖြင့် (၁၅၂၅၀၀၀၀)ကျပ်တိတိ ထောက်ပံ့လှူဒါန်းခဲ့တယ်"လို့ဖော်ပြပါတယ်။


လက်ရှိမှာမြန်မာနိူင်ငံရှိနေရာဒေသအနှံ့မိုးရွာသွန်းမှုများ၍မြစ်ရေတိုးကာရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိပါတယ်။


========================


📌📌 ၆။ နွေဦးထီကို  SDB အကောင့် ထဲတွင်ရှိသော Currency (၁၀) မျိုးဖြစ်သည့် MMK, USD, THB, SGD, EUR, AUD, GBP, JPY, MYR, KRW စသည့် ငွေကြေးများနှင့်ပါ ကံစမ်းနိုင်


သြဂုတ်လ၂ရက်


"နွေဦးထီကို  SDB အကောင့် ထဲတွင်ရှိသော Currency (၁၀) မျိုးဖြစ်သည့် MMK, USD, THB, SGD, EUR, AUD, GBP, JPY, MYR, KRW စသည့် ငွေကြေးများနှင့် ကံစမ်းနိုင်ပါတယ်။ နွေဦးထီကို Web App မှ  ကိုယ်တိုင်ဝယ်ယူနိုင်သလို၊ ကိုယ်စားလှယ်များမှ တဆင့်လည်း လွယ်ကူမြန်ဆန်စွာစွာ ကံစမ်းနိုင်ပါတယ်"လို့ သြဂုတ်လ၂ရက်မှာ နွေဦးထီမိသားစုကအသိပေးဖော်ပြပါတယ်။


"အောင်လံလွှင့်ချီ နွေဦးထီ" ကို V2.0 အဖြစ် ပုံစံအသစ်နဲ့ ပြန်လည်စတင်ခဲ့တာ မတ်လမှဆိုရင် () တိတိ ရှိခဲ့ပြီဖြစ်ပြီးတော့ ဒီ ()လမှာလည်း အားတက်သရော ပံ့ပိုးအားဖြည့်ရင်း အတူတူ ရင်ခုန်ပျော်ရွှင်ပေးခဲ့ကြတဲ့ နွေဦးထီချစ်သူ တစ်ဦးစီတိုင်းကို ကျေးဇူးတင်ရှိတယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လောက်ကိုင်မြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲမှု ပျက်စီးဆုံးရှုံးမှုများပြား 


သြဂုတ်၂ရက်


အကြမ်းဖက်စစ်ကောင်စီက လောက်ကိုင်မြို့ကို ဩဂုတ်လ ရက်နေ့ ညနှောင်းပိုင်းကစပြီး တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုများတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီနေ့ ဩဂုတ်လ ရက်နေ့ မနက် နာရီဝန်းကျင်အချိန်မှာ တိုက်လေယာဉ်တွေနဲ့ လောက်ကိုင်မြို့ထဲကို ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့တာကြောင့် အဆောက်အအုံကြီးတွေနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ညတွင်းချင်း ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရတာ ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကိုတော့ MNDAA ဘက်က ဒီနေ့ မနက် ၁၁ နာရီခန့်အထိ မထုတ်ပြန်နိုင် သေးပါဘူး။

လားရှိုးစစ်ဆေးရုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကိုးကန့်တပ်မတော်ကို လက်စားချေတဲ့အနေနဲ့ စစ်ကောင်စီက လောက်ကိုင် မြို့မှာရှိတဲ့ အရပ်ဘက်ဆေးရုံအပါအဝင် လူနေအဆောက်အအုံတွေကို ပြန်လည်ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ စစ်ရေး လေ့လာစောင့်ကြည်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။ 

လောက်ကိုင်မြို့ကို ခုမနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လေယာဉ်ဟာ တံတားဦးကနေတက်လာတဲ့ တိုက်လေယာဉ် ၂စင်း ဖြစ်တယ်လို့ NAS လေကြောင်းရန် စောင့်ကြည့်သတိပေးချန်နယ်က ဖော်ပြထားပါတယ်။

စစ်ကောင်စီက လောက်ကိုင်ကို တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အချိန်ဟာ MNDAA တပ်တွေ လားရှိုးမှာရှိတဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်နေချိန်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လောက်ကိုင်မြို့ကို ဒီနေ့မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုဟာ ကြိမ်မြောက်ဖြစ်ပြီး ဇူလိုင် ၁၄၊ ဇူလိုင် ၂၃ နဲ့ ၂၄ ရက်နေ့တွေတုန်းကလည်း အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ဒေသခံပြည်သူတွေ သေဆုံးခဲ့သလို အဆောက်အအုံတွေလည်း များစွာပျက်စီးခဲ့ရပါတယ်။


========================


🚩🚩 ၂။ တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ တကောင်းနီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်


သြဂုတ်၂ရက်


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက တရုတ်ရင်းနှီးမြှပ်နှံမှုစီမံကိန်းတခုဖြစ်တဲ့ တကောင်း နီကယ်စက်ရုံကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့- PDF များက သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။။ 

တကောင်း နီကယ်စက်ရုံမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်ချသွားတာကြောင့် စက်ရုံကို PDF တွေက သိမ်းပိုက်ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။ 

အမှတ် - စစ်ဒေသ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းများ၊ ပကဖ များ၊ ကွန်မန်ဒိုများနဲ့ မဟာမိတ်တပ်များက သပိတ်ကျင်းမြို့နယ်ထဲက အင်းနက်ရွာ တာဝါတိုင်ကုန်း စစ်စခန်းနဲ့ စစ်ဆေးရေးဂိတ်၊ တကောင်း တောင်ပေါ်မှာရှိတဲ့ ရဲကင်းနဲ့ တွင်းငယ် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တကောင်နီကယ်စက်ရုံမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က PDF တွေကို ဆက်သွယ်ပြီး လက်နက်ချခဲ့တာလို့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

ဒီစက်ရုံမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝ ကျော်ဟာ ဇူလိုင်လကုန်ပိုင်းကတည်းက လက်နက်ချသွားခဲ့တာကြောင့် စက်ရုံကို အလွယ်တကူသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကလည်း တကောင်းနီကယ်စက်ရုံကို PDF တွေ ထိန်းချုပ်ပြီး စက်ရုံဆက်လက်လည်ပတ်နိုင်ဖို့၊ လက်နက်ချစစ်သားတွေ ဘေးကင်းစေဖို့နဲ့၊ စက်ရုံက တရုတ်နိုင်သားတွေဘေးကင်းစေဖို့ စီမံဆောင်ရွက်ပေးနေတယ်လို့ ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် တရားဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ မူဝါဒချမှတ်ထားပြီးဖြစ်တာကြောင့် ဒီမူအတိုင်း တကောင်းနီကယ်စက်ရုံ ပုံမှန်လည်ပတ် နိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့လည်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဒေသတွင်းမီဒီယာတွေကို ရှင်းပြထားပါတယ်။ 

တကောင်း နီကယ်စက်ရုံကို တရုတ်နိုင်ငံပိုင် သတ္ထုတူးဖော်ရေးကုမ္ပဏီ Myanmar CNMC Nickel နဲ့ စစ်အစိုးရခေတ်က အမှတ် သတ္တုတွင်းလုပ်ငန်းတို့ ၂၀၀၈ ခုနှစ်မှာ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့တာဖြစ်ပြီး တနှစ်ကို နီကယ်တန်ချိန် ၈သောင်းခွဲထုတ်လုပ်ဖို့ လျာထားပြီး နှစ်ပေါင်း ၂၀ သက်တမ်းရှိတဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာလို့ မှတ်တမ်း တွေအရ သိရပါတယ်။

နီကယ်တူးဖော်ထုတ်လုပ်မှုကို ၂၀၁၁ မှစတင်စတင်ခဲ့တာဖြစ်ပြီး ၂၀၃၁ အထိတူးဖော်ခွင့်ရထားတဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီ အနေနဲ့ အမေရီကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရင်းနှီးမြှပ်နှံထားတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၃။ မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်းက စစ်ကောင်စီတပ်စခန်း ခုကို KIA သိမ်းပိုက် 


သြဂုတ်၂ရက်


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ် တီယန်ဇွပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခုကို KIA ဦးဆောင်တဲ့ ပူးပေါင်း တပ်တွေက ဒီနေ့ ဩဂုတ် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တီယန်ဇွပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မနေ့ ဩဂုတ်လ ရက် က ထိုးစစ်ဆင်တိုက်ခဲ့ရာ ဒီနေ့မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်းပြန်ကြားရေး ဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုထားပါတယ်။

ဒီဒေသမှာရှိတဲ့ စစ်ကောင်စီစခန်း ခု အနက် တပ်စခန်း ခုကို မနက် ၈နာရီကျော်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်တခုကို ၉နာရီ နောက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။

ဒီစခန်းတွေဟာ  မြစ်ကြီးနား-ဆွမ်ပရာဘွမ်ကားလမ်းပေါ်မှာ တည်ဆောက်ထားတဲ့စခန်းတွေဖြစ်ပြီး လမ်းလုံခြုံရေးယူထား တဲ့ စခန်းတွေလည်းဖြစ်တဲ့အပြင် စက်လှေနဲ့ မလိခမြစ်ကိုသွားတဲ့ လမ်းခွဲနေရာလည်းဖြစ်တယ်လို့ သိရပါတယ်။ 

ဒါဟာ KIA တပ်မဟာ အနေနဲ့ ဆွမ်းပရာဘွမ်ကနေ အောက်ဘက်ဆင်းလာပြီး ရှေ့တန်းခလရ ၅၈ ဝိုင်းမော်တပ်ရင်းမှူး ထိုင်တဲ့ မြစ်ကြီးနား-တီယန်ဇွပ်လမ်းပိုင်းမှာရှိတဲ့ စခန်းကုန်း ခုကို KIA နဲ့ KPDF တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ CDM ဗိုလ်ကြီး ဇင်ယော်က လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။


========================


🚩🚩 ၄။ စဉ့်ကူးမြို့နယ်တိုက်ပွဲမှာ ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး ဖမ်းမိပြီး ပျူစောထီး ၁၀၀ ခန့် လက်နက်ချ 


သြဂုတ်၂ရက်


မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ ဒုတိယဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး ဖမ်းမိခဲ့ပြီး ပျူစောထီး ၁၀၀ ခန့် လက်နက်ချအညံ့ခံခဲ့တယ်လို့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းက ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် စစ်သားနဲ့ ရဲ ၂၉ ဦး အရှင်ဖမ်းမိခဲ့ပြီး ရေတော်နဲ့ထုံးကြီးရွာ တဝိုက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး ၁၀၀ ဦး လက်နက်ချ အညံ့ခံခဲ့တာလို့ ဆိုပါတယ်။

လက်နက်ချအညံ့ခံတဲ့ ပျူစောထီးတွေဆီကနေ MA1 သေနတ် ၁၁ လက်၊ M22 သေနတ်တလက်၊ ပါရီ သေနတ်တလက်၊ ကာဘိုင် သေနတ် ၂၈ လက် လက်လုပ်သေနတ် ၃၂ လက်၊ ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများနဲ့ စစ်ဝတ်စုံတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့ စစ်သားတွေနဲ့ရဲတွေကိုတော့ မန္တလေး-PDF ထံ လွှဲပြောင်းပေးထားပြီး ပျူစောထီးတွေကိုမူ စစ်ဆေးမှုတွေပြုလုပ်ကာ ပကဖ ထံ လွှဲပြောင်းပေးလိုက်တယ်လို့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းက တာဝန်ရှိသူက ပြောထားပါတယ်။

စဉ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မန္တလေး-PDF နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် လလယ်ပိုင်းကတည်းက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ၅။ ဆားလင်းကြီးနယ်မှာရှိတဲ့ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံးကာ သေနတ် လက်ရရှိ


သြဂုတ်၂ရက်


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ထန်းတောကျေးရွာမှာရှိတဲ့ စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး သေနတ် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Chindwin Galone Yarzar Guerrilla Defense Force ထံကနေ သိရပါတယ်။

ထန်းတောကျေးရွာမှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဇူလိုင် ၃၁ ရက် ညနေ နာရီ မိနစ် ၂၀ ခန့် အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ဦးသေဆုံးကာ တဦး ပြင်းထန်ဒဏ်ရာရ သွား သလို သေနတ် လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ပြည်သူအပေါ် အနိုင်ကျင့်ငွေတောင်း‌နေတဲ့ စစ်တပ်ဂိတ်ကို ဝင်ကြိတ်တာ G3 လက်နဲ့ Uzi တလက်ရတယ်လို့ ဒေသ ကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Salingyi-GZ ပကဖ လက်ရုံးတပ်၊Young People Force-YPF ပကဖ လက်ရုံးတပ်၊Triple Two ပကဖလက်ရုံးတပ်နဲ့ Chindwin Galone Yarzar Guerrilla Defense Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၆။ ဒေါင်းမင်းစစ်ကြောင်းတိုက်ခိုက်ရေးတပ်ခွဲ ()ခုထဲမှ တပ်ခွဲ()မှာ မြို့ပြစစ်ဆင်ရေးများအတွက် အထူးတိုက်ခိုက်ရေးတပ်ခွဲအဖြစ် တိုင်းရင်းသားဒေသတစ်ခုတွင် စုဖွဲ့ပြင်ဆင်လေ့ကျင့်နေ


သြဂုတ်၂ရက်


ဒေါင်းမင်းစစ်ကြောင်းတိုက်ခိုက်ရေးတပ်ခွဲ ()ခုထဲမှ တပ်ခွဲ()မှာ မြို့ပြစစ်ဆင်ရေးများအတွက် အထူးတိုက်ခိုက်ရေးတပ်ခွဲအဖြစ် တိုင်းရင်းသားဒေသတစ်ခုတွင် စုဖွဲ့ပြင်ဆင်လေ့ကျင့်နေတယ်လို့ဇူလိုင်လအတွင်းမှာ ဒေါင်းမင်းစစ်ကြောင်းကအသိပေးဆိုပါတယ်။


 ကျနော်များ ဒေါင်းမင်းစစ်ကြောင်းတွင် တိုက်ခိုက်ရေးတပ်ခွဲ ()ခုရှိရာ တပ်ခွဲ()မှာ နောင်လာမည့်မြို့ပြစစ်ဆင်ရေးများအတွက် အထူးတိုက်ခိုက်ရေးတပ်ခွဲအဖြစ် လွတ်မြောက်နယ်မြေဖြစ်သော တိုင်းရင်းသားဒေသတစ်ခုတွင် စုဖွဲ့ပြင်ဆင်လေ့ကျင့်နေပါတယ်လို့ဆိုပါတယ်။


တိုက်ခိုက်ရေးတပ်ခွဲ () (တောင်ပိုင်းတိုင်းတပ်ခွဲ)မှာ တော်လှန်ရေးလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဗျူဟာ ()အောက်တွင် တပ်ရင်း (၂၇) တပ်ခွဲ ()အဖြစ် ပူးပေါင်း၍ ကရင်နီဒေသ ရှေ့တန်းစစ်မျက်နှာတွင် ပါဝင်တိုက်ခိုက်လျက်ရှိနေတယ်လို့ဆိုပါတယ်။


တိုက်ခိုက်ရေးတပ်ခွဲ() (အညာတပ်ခွဲ)မှာ MOD နှင့် ပူးပေါင်းဆောင်ရွက်နေပြီး အညာဒေသတွင် စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။


========================


🚩🚩 ၇။ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း၊ တပ်ခွဲ () အခြေခံကွန်မန်ဒိုစစ်ပညာအပတ်စဉ် () သင်တန်းဆင်းပွဲကျင်းပ


သြဂုတ်၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်() စစ်ဒေသ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း၊တပ်ခွဲ()၏အပတ်စဥ် () အခြေခံကွန်မန်ဒိုစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားအားဇူလိုင် ၂၈ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။


သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏အလံတော်နှင့် ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း၊ တပ်ခွဲ() တပ်စုမှူး ကိုကျော်ကြီးမှကျမ်းသစ္စာကျန်ဆိုခြင်း၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း၊ ဒုတပ်ရင်းမှူးကိုဟိန်းသော်တာနှင့် တပ်ရေးဗိုလ် ဦးစွန်မှ ရဲဘော်များအား ဆုံးမစကားများပြောကြားပေးခဲ့ပါတယ်။


ထို့နောက် မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်း၊တပ်ခွဲ()ဒုတပ်ခွဲမှူး ကိုအာကြီးမှ သေနတ်ပစ်ထူးချွန်ရဲဘော်များအား ဆုချီးမြှင့်ခဲ့တယ်လို့သိဂပါတယ်။


ထို့နောက် ရဲဘော်များက စစ်ရေးပြလှည့်လည်အလေးပြုခဲ့ကြပြီး အခြားတာဝန်ရှိသူအသီးသီးများကလည်း ရဲဘော်များအား အားပေးစကားပြောကြားပေးပြီး သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့ကြောင်းဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment