30th AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် စတုတ္တအထူးအစည်းအဝေးမှ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအတည်ပြု ပြဋ္ဌာန်း

📌 ၂။ အကြမ်းဖက်စကစရဲ့မီတာခတိုးမြှင့်ကောက်ခံမှု အိမ်ထောင်စု တစုရဲ့ စုစုပေါင်းဝင်ငွေထဲက ငါးပုံ ကနေ ဆယ်ပုံ အထိသက်ရောက်သွား နိုင်တယ်လို့ဆို

📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံဆန္ဒပြပွဲLondon Parliament Squareရှေ့တွင်ကျင်းပမည်

📌 ၄။ MAIလေကြောင်းလိုင်းနဲ့သွားရောက်မယ့်ရန်ကုန်မှဒူဘိုင်းခရီးစဥ်လူငယ်များကိုလေဆိပ်မှာပြန်လွှတ်

📌 ၅။ တောင်သာက Non CDM ဝန်းတွေ ပုဂ္ဂလိကဘဏ်မှာ ဘဏ်အကောင့်ဖွင့်မထားရင် လစာမပေးဘူးလို့ စစ်အုပ်စုဆို

📌 ၆။ ကုန်ဈေးနှုန်းအကြပ်တည်းကြားမှာ အကြမ်းဖက်စစ်တပ်က မီတာခတွေကို တိုးတောင်းဖို ထုတ်ပြန်


၂၀၂၄ ခုနှစ် သြဂုတ်လ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောမြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဓာတုဗုံးများအသုံးပြုတိုက်ခိုက်နေဟု AA ပြော

🚩၂။ ရန်ကုန် - မန္တလေးအမြန်လမ်း လုံခြုံရေးစခန်းသိမ်းတိုက်ပွဲမှာ အရာရှိအပါ ဦးဖမ်းမိ 

🚩 ၃။ သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် နှင့် ထောင်အဆောင်မှူးများက အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူ

🚩 ၄။ ခင်ဦးမြို့နယ်မှစစ်ရှောင်ပြည်သူအိမ်ထောင်စု (၃၀)စုနှင့် ခင်ဦးမြို့နယ်မှ ကန့်ဘလူမြို့နယ်သို့လတ်တလောထွက်ပြေးတိမ်းရှောင်နေရသောစစ်ရှောင်ပြည်သူအိမ်ထောင်စု (၇၀)စုတို့အတွက်စားနပ်ရိက္ခာများထောက်ပံ့

🚩 ၅။ မန္တလေးမြို့ပေါ် ဆန္ဒပြပွဲမှာ ပခုက္ကူနဲ့ပေါက်နယ်က ပျူစောထီးတွေအများစုပါဝင် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် စတုတ္တအထူးအစည်းအဝေးမှ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအတည်ပြု ပြဋ္ဌာန်း


သြဂုတ်လ၃၀ရက်


မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် စတုတ္တအထူးအစည်းအဝေးမှ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။


သြဂုတ်လ၃၀ရက် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကအသိပေးဖော်ပြပါတယ်။


သြဂုတ်လ၃၀ရက်ယနေ့ နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်သောမကွေးဖက်ဒရယ်ယူနစ်လွှတ်တော် စတုတ္တအထူးအစည်းအဝေးမှ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအတည်ပြု ပြဋ္ဌာန်းလိုက်တယ်လို့ဖော်ပြပါတယ်။


သြဂုတ်လ၂ရက်နေ့ကလည်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်သည် လွှတ်တော်၏ ရည်မှန်းချက် နှင့် လုပ်ငန်းတာဝန်များအား ထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေးရာကော်မတီ () ခုအား မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကျင်းပ၍ အတည်ပြုတာဝန်ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စကစရဲ့မီတာခတိုးမြှင့်ကောက်ခံမှု အိမ်ထောင်စု တစုရဲ့ စုစုပေါင်းဝင်ငွေထဲက ငါးပုံ ကနေ ဆယ်ပုံ အထိသက်ရောက်သွား နိုင်တယ်လို့ဆို


သြဂုတ်လ၃၀ရက်


အကြမ်းဖက်စကစရဲ့မီတာခတိုးမြှင့်ကောက်ခံမှု အိမ်ထောင်စု တစုရဲ့ စုစုပေါင်းဝင်ငွေထဲက ငါးပုံ ကနေ ဆယ်ပုံအထိ သက်ရောက်သွားနိုင်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က သြဂုတ်လနောက်ဆုံးပတ်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


" အိမ်ထောင်စု တစုရဲ့ ဓာတ်အားခ က စုစုပေါင်းဝင်ငွေရဲ့ ငါးပုံ ကနေ ဆယ်ပုံ အထိသက်ရောက်သွား နိုင်ပါတယ်။စျေးမြင့် လိုက်ပြီး လူတွေအသုံးလျှော့ ဖို့ မျှော်လင့် လုပ်ဆောင် တဲ့ လုပ်ရပ်လို့ သုံးသပ်မိပါတယ်။

အာဏာ မသိမ်းခင် က ထက် ထက်ဝက်နီးပါး ကျဆင်းသွားတဲ့ လျှပ်စစ် ပေးဝေ နိုင်မှု ဟာ လာမဲ့ ကာလ များမှာလည်း စီမံကိန်း အသစ်မရှိမှု၊ ဒေါ်လာ နဲ့ လျှပ်စစ်ဝယ်ယူ မည့်အစား စစ်စားရိတ် ကိုသာ အသုံးပြုလိုမှု တို့ကြောင့် ပြသနာ က ရေရှည်ဖြစ်သွားမည့် သဘော ဖြစ်နေပါတယ်။လျှပ်စစ် မီတာခ တိုးတာက အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များ ကိုရိုက်ခတ်မှု ကြီးမားမဲ့ ပုံစံပါ"လို့ဆိုပါတယ်။


သြဂုတ်လ၃၀ရက်နေ့ရက်စွဲနဲ့အကြမ်းဖက်စကစရဲ့ လျှပ်စစ်ဝန်ကြီးဌာနကထုတ်ပြန်ရာတွင် ၁ယူနစ်မှ၅၀ယူနစ်အထိ ၁ယူနစ်၅၀ကျပ်နှုန်း၊ ၅၁ယူနစ်မှ၁၀၀ယူနစ်အထိ ၁ယူနစ်၁၀၀ကျပ်နှုန်း၊၁၀၁ယူနစ်မှ၂၀၀ယူနစ်အထိ ၁ယူနစ်၁၅၀ကျပ်နှုန်းနှင့် ၂၀၁ယူနစ်နှင့်အထက်လျှင်၁ယူနစ်၃၀၀ကျပ်အထိတိုးမြှင့်ကောက်မယ်လို့ကြေညာပါတယ်။


========================


📌📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံဆန္ဒပြပွဲLondon Parliament Squareရှေ့တွင်ကျင်းပမည်


သြဂုတ်လ၃၀ရက်


သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံဆန္ဒပြပွဲLondon Parliament Squareရှေ့တွင်ကျင်းပမယ်လို့သိရပါတယ်။


အဆိုပါထောက်ခံဆန္ဒပြပွဲကို စက်တင်ဘာ၂၁ရက်နေ့မှာ မြန်မာအင်အားစူများစုပေါင်းကျင်းပသွားမယ်လို့သိရပါတယ်။


ကုလသမဂ္ဂမြန်မာနိူင်ငံဆိုင်ရာသံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာနိူင်ငံအားကိုယ်စားပြု၍ မြန်မာပြည်သူများခံစားနေရတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ရက်စက်ယုတ်မာမှုများအကြောင်းကိုကုလသမဂ္ဂတွင်အမြဲမပြတ်တင်ပြနေခြင်းဖြစ်ပါတယ်။


ကုလသမဂ္ဂမြန်မာနိူင်ငံဆိုင်ရာသံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲကိုနိူင်ငံတကာရောက်မြန်မာအင်အားစုအသီးသီးကလည်းလုပ်ဆောင်သွားမှာလို့သိရပါတယ်။


========================


📌📌 ၄။ MAIလေကြောင်းလိုင်းနဲ့သွားရောက်မယ့်ရန်ကုန်မှဒူဘိုင်းခရီးစဥ်လူငယ်များကိုလေဆိပ်မှာပြန်လွှတ်


သြဂုတ်လ၃၀ရက်


MAIလေကြောင်းလိုင်းနဲ့သွားရောက်မယ့်ရန်ကုန်မှဒူဘိုင်းခရီးစဥ်လူငယ်များကို လေဆိပ်မှာပြန်လွှတ်ခဲ့တယ်လို့ သြဂုတ်လ၃၀ရက်မှာ ရန်ကုန်လေဆိပ်အတွင်းမျက်မြင်ကြုံတွေ့ခဲ့ရသူတဦးက အတည်ပြုဆိုထားပါတယ်။


" ဒီမနက် MAI ရန်ကုန်-ဒူဘိုင်းကိုပြန်လွှတ်ခံရတဲ့သူတွေအများကြီးတွေ့ပါတယ်။အထူးသတိထားဖို့က ဒီအချိန်မှာ ပြည်ပထွက်မယ်ဆိုရင် အရင်ကထက်အစစအရာရာသေချာပြင်ဆင်ကြဖို့ပါ။ စိတ်ပိုင်း ရုပ်ပိုင်းအပြင် လိုအပ်တဲ့အချက်အလက်အကုန်လုံးကို မလွဲမသွေ တစ်ခုချင်းစီသေချာစိစစ်ဖို့ပိုပြီးလိုအပ်လာတာပါပဲ။အသက် ၂၃-၃၂ ထဲဝင်မယ်။ Travel History လဲမရှိထားရင် ဒီရက်ထဲလေဆိပ်ကနေထွက်တာမျိုးကိုပိုဂရုစိုက်ဖို့လိုလာပါပြီ"လို့ဆိုပါတယ်။


အကြမ်းဖက်စကစဟာ ပြည်ပသို့လူငယ်များထွက်ခွာမှုကိုပိတ်ပင်ထားပြီး အတင်းအကြပ်စစ်မှုထမ်းစေခိုင်းမှုများတိုးမြှင့်လုပ်ဆောင်လျက်ရှိနေပါတယ်။


========================


📌📌 ၅။ တောင်သာက Non CDM ဝန်းတွေ ပုဂ္ဂလိကဘဏ်မှာ ဘဏ်အကောင့်ဖွင့်မထားရင် လစာမပေးဘူးလို့ စစ်အုပ်စုဆို


သြဂုတ်လ၃၀ရက်


မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာနယ်က စစ်ကောင်စီလက်အောက်ခံ Non CDM ပညာရေး ဝန်ထမ်းတွေအနေနဲ့ လစာလိုချင်ပါက ပုဂ္ဂလိကဘဏ်အကောင့် ဖွင့်ရမှာဖြစ်ပြီး မဖွင့်ရင် လစာမရဘူးလို့ စစ်အုပ်စုက ပြောဆိုထားပါတယ်။  

မြင်းခြံခရိုင် တောင်သာနယ်မှာရှိတဲ့ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးတွေနဲ့ ပညာရေးဝန်ထမ်းတွေ သိစေဖို့ဆိုပြီး တောင်သာမြို့နယ်ပညာရေးမှူး မြင့်နိုင် လက်မှတ်ရေးထိုးပြီး ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါ တယ်။

မြင်းခြံခရိုင်ထဲက စစ်အုပ်စုလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ခွဲရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီဖြစ်တာကြောင့် ဝန်ထမ်း တွေကို လစာမပေးနိုင်တော့တဲ့အတွက် လစာထုတ်ယူလိုတဲ့ ဝန်ထမ်းတွေအနေနဲ့ ပုဂ္ဂလိဘဏ်မှာ အကောင့်ဖွင့်မှ pay roll account အနေနဲ့ လစာရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်အုပ်စုရဲ့အသိပေးစာအရ Non CDM ဝန်ထမ်းတွေအနေနဲ့ ပုဂ္ဂလိကဘဏ်တခုခုမှာ ကိုယ်ပိုင်အကောင့်တခုဖွင့်ပြီး ထုတ်ယူရမှာဖြစ်သလို ဘဏ်အကောင့်ဖွင့်ရာမှာလည်း ကိုယ်တိုင်သွားရောက်ပြုလုပ်ရမှာဖြစ်ကာ ကိုယ်ပိုင်ဘဏ်အကောင့် မဖွင့်နိုင်တဲ့ ဝန်ထမ်းတွေကို လစာငွေထုတ်ပေးမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး-Myingyan District Special Operation – MDSO ကို ဩဂုတ် ၁၀ ရက်ကစပြီး ဖော်ဆောင်ခဲ့ရာမှာ မြင်းခြံ၊ ငါန်းဇွန်၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တို့မှာရှိတဲ့ စစ်စခန်းတွေ၊ ဂိတ်တွေ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 


တော်လှန်ရေးတပ်တွေတိုက်ခိုက်ချိန်ကစပြီး စစ်ကောင်စီလက်အောက်ခံတွေထွက်ပြေးသွားတာကြောင့် မြင်းခြံ၊တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်မြို့နယ်က ဌာနဆိုင်ရာရုံးတွေ ဆက်မဖွင့်နိုင်တော့ဘဲ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်ဆိုင်းနေ တယ်လို့ သိရပါတယ်။


မြင်းခြံခရိုင်ဟာ လက်ရှိမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားပြီဖြစ်တာကြောင့် Non CDM ဝန်ထမ်းတွေကို လစာထုတ်ပေးနေတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေရဲ့လုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားတယ်လို့ နယ်ခံတွေက ပြောပါတယ်။ 


ဒါဟာ စစ်ကောင်စီအနေနဲ့ တောင်သာမြို့ကို အပြည့်အဝမထိန်းချုပ်နိုင် မလည်ပတ်နိုင်တော့ဘူးဆိုတဲ့ သက်သေတခုခုလည်း ဖြစ်ပါတယ်။


========================


📌📌 ၆။ ကုန်ဈေးနှုန်းအကြပ်တည်းကြားမှာ အကြမ်းဖက်စစ်တပ်က မီတာခတွေကို တိုးတောင်းဖို ထုတ်ပြန်


(ကိုမြင့်သူ)  ဩဂုတ် ၃၀၊Radio NUG


အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အဓိကစားရေရိက္ခာဖြစ်တဲ့ ဆန်တွေ ရာခိုင်နှုန်း ၃၀၀ အထိမြင့်တက်လာသလို ဟင်းသီးဟင်းရွက်ကစလို အခြားလူသုံးကုန်နဲ့စားကုန်တွေကလည်းတောက်လျှောက် မြင့် တက်လာပါတယ်။ အများပြည်သူတွေမှာ ဝင်ငွေတိုးမလာတဲ့အပြင် စီးပွားရေးအကြပ်အတည်းကြောင့် အလုပ်ကိုင် အခွင့်အလမ်းတွေ ရှားပါးလာတဲ့အခြေအနေမှာ လျှပ်စစ်မီတာခတွေကို တိုးမြှင့်ကောက်ခံဖို အကြမ်းဖက်စစ်တပ် ကထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။ 

လာမယ့်စက်တင်ဘာလ () ရက်နေ့ကစပြီး မီတာခတွေကို တိုးမြှင့်ကောက်ခံရာမှာ  အိမ်သုံးအမျိုးအစားထဲက နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲထဲ အိမ်သုံး၊ စီးပွားရေးလုပ်ငန်းမပါသော ဘာသာ၊ သာသနာ အဆောက် အအုံတွေကို တစ်ယူနစ်မှ ငါးဆယ်ယူနစ်အထိ ကို ကျပ်ငါးဆယ်၊ ငါးဆယ့်တစ်ယူနစ်မှ ယူနစ် တစ်ရာအထိကို ကျပ်တစ်ရာ၊ တစ်ရာ့တစ်ယူနှစ်မှ နှစ်ရာယူနစ်အထိ ကို ကျပ် ၁၅၀၊ နှစ်ရာ့တစ်ယူနစ်မှ အထက်ကို ကျပ်သုံးရာ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။ 

အိမ်သုံးမဟုတ်သည့်အမျိုးအစားတွေထဲက စက်မှုလုပ်ငန်းများစီးပွားရေးလုပ်ငန်းများ၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရ ရုံးဌာနအဖွဲအစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံ့စီးပွားရေးလုပ်ငန်း၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာ ရုံးဌာန လုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲအစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲအစည်းများအတွက် တစ်ယူနစ်မှ ငါးထောင်ယူနစ်အထိကို ၂၅၀ကျပ်၊ ငါးထောင့်တစ်ယူနစ်မှ ယူနစ်နှစ်သောင်းအထိကို ကျပ်လေးရာ၊ နှစ်သောင်းတစ်ယူနစ်နဲ့အထက်ကို ကျပ်ငါးရာပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။ 

ဒီလိုတိုးမြှင့်သတ်မှတ်လိုက်တာနဲ့ပတ်သက်ပြီး ရန်ကုန်မြိုခံတစ်ဦးကတော့  အစိုးရ အဆက်ဆက် ဒီလိုပဲ အရှုံး ခံပြီး ရောင်းပေးခဲ့တာပဲ ဒီလို ပြည်သူအများ ခက်ခဲကြပ်တည်းနေတဲ့ အချိန်မျိုးမှာ မတိုးသင့်သေးဖူး။ အခုက လွှတ်တော်လည်း မရှိတော့ ဖြတ်စရာ မလိုတော့ လူထု အသံလည်း ပျောက်သွားတယ်။ တခြားနိုင်ငံတွေ မီတာခ တက်တာက တဦးချင်းဝင်ငွေတွေနဲ့ စီးပွားရေး တိုးတက်နေတဲ့ အခြေအနေတွေက မတူဘူး။ နောက်ဆုံးမှာတော့ ဒီဒဏ်ကို အောက်ခြေလူထုက ပိုခံရတယ်။ အခုလိုတိုးလည်း ဆောင်ကြရမှာပဲ။ သူဌေးတွေလို သူတိုမှ ဆိုလာ မတတ်နိုင်တာ။ အကောင်းဆုံးနည်းကတော့ မီးလျှော့ သုံးကြပါလိုပဲ ပြောရတော့မှာ လိုပြောပါတယ်။ 

လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတွေ၊ ဓာတ်အားလိုင်းကြီးများအဆင့်မြှင့်တင်တာတွေ၊ တိုးချဲ့တည်ဆောက်တာ တွေနဲ့ ပြုပြင် ထိန်းသိမ်းရေး စတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်ရာမှာ ဘဏ္ဍာနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာ တဲ့အ တွက်ဓာတ်အားခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံရခြင်းဖြစ်တယ်လို အကြမ်းဖက်စစ်တပ်ရဲ့ အဆိုပါထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မောင်တောမြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဓာတုဗုံးများအသုံးပြုတိုက်ခိုက်နေဟု AA ပြော


သြဂုတ်လ၃၀ရက်


ရခိုင်ပြည်က မောင်တောမြိုသိမ်းတိုက်ပွဲဟာ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က ဓာတုအဆိပ်ဓာတ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်လာတယ်လို့ ရခိုင့်တပ်တော် AA က ဩဂုတ်လ ၃ဝ ရက်နေ့မနက်အစောပိုင်းမှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ 

လတ်တလောမှာ တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောနဲ့သံတွဲမြို့အခြေအနေကို အသိပေးရာမှာ AA က အခုလို ပြောလိုက် တာဖြစ်ပါတယ်။  

မောင်တောမြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ရှိအချိန်မှာ မြို့ပြင်မှာရှိတဲ့ အမှတ် နယ်ခြားစောင့်တပ်ခွဲ -နခခ စခန်းထဲ ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။ 

ရခိုင့်တပ်တော်အနေနဲ့ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်ရရှိရေး အဆင့်ဆင့်ခုခံတားဆီးထားတဲ့နေရာတွေကို တခုပြီးတခု ရှင်းလင်းတိုက်ခိုက်သိမ်းယူနေပြီး ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်း တိုက်ခိုက် နေတဲ့အတွက် မြို့တွင်းတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အသိပေးထားပါတယ်။ 

မောင်တောမြို့နေရာအနှံ့ကနေ စစ်ကောင်စီဘက်က ရုပ်အလောင်းတွေ သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံ သမ်းဆည်း ရရှိထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့အပေါင်းအပါတွေဟာ မောင်တောမြို့ပြင်က တခုတည်းသာကျန်ရှိတော့တဲ့ နခခ စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အပြင် ဓာတုအဆိပ်ဓာတ်ငွေ့ပါတဲ့ဗုံးတွေနဲ့ သြဂုတ် ၂၈ ရက်မှာ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ AA က အသိပေးထုတ်ပြန်ပေမယ့် အသေးစိတ်အချက်အလက်တွေနဲ့ ဒီဓာတုဗုံးကြောင့် ထိခိုက်ခံစားရမှု အခြေအနေတွေကို ဖော်ပြမထားပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းကနေ ဆုတ်ခွာထွက်ပြေးချိန်မှာ ၎င်းတို့စခန်းချခုခံခဲ့တဲ့ တိုက်တာအဆောက်အအုံ တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ အပြစ်မဲ့အရပ်သား ၂သောင်း ၆ထောင်နီးပါးကို AA က ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆက်လက်အသိပေးထားပါတယ်။

ထို့အတူ သံတွဲမြို့က မောင်ရွှေလေး ရေတပ်စခန်းမကျရေးအတွက် စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အသည်း အသန် ခုခံနေတာကြောင့် ရခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

သံတွဲမြို့နယ်က မောင်ရွှေလေးရေတပ်စခန်းနဲ့ ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲအနီးက ကျောက်ပါးစပ်ကျေးရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က မောင်ရွှေလေးရေတပ်မကျစေရေး စစ်ကူများ၊ လက်နက်အင်အားနဲ့ ရေတပ်စစ်သင်္ဘောတွေ ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းအားနဲ့ ခုခံနေတာလည်းဖြစ်ပါတယ်။


========================


🚩🚩၂။ ရန်ကုန် - မန္တလေးအမြန်လမ်း လုံခြုံရေးစခန်းသိမ်းတိုက်ပွဲမှာ အရာရှိအပါ ဦးဖမ်းမိ 


သြဂုတ်လ၃၀ရက်


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ကိုဖြတ်သန်းသွားတဲ့ ရန်ကုန် - မန္တလေးအမြန်လမ်းပိုင်းက လုံခြုံရေးစခန်းကို တိုက်ခိုက် သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်က ဗိုလ်ကြီးဝေဖြိုးအပါအဝင် စစ်သုံ့ပန်း ဦးဖမ်းဆီးရမိတယ်လို့ မြင်းခြံခရိုင် အမှတ်- တပ်ရင်းက ပြောပါတယ်။

ရန်ကုန် - မ‌န္တလေးအမြန်လမ်းမကြီးနဲ့ တမိုင်ခန့်အကွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့ သြဂုတ် ၂၉ ရက် ညနေ နာရီခွဲခန့်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီစခန်းဟာ အမြန်လမ်းကို လုံခြုံရေးပေးရတဲ့ အထိုင်စခန်းဖြစ်ပြီး တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်အတွင်း စခန်းသိမ်းနိုင်ခဲ့ တာလို့ မြင်းခြံခရိုင် အမှတ်- တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စခန်းမှာတာဝန်ကျနေတဲ့ အမှတ်-၉၉ ခြေမြန်တပ်မဌာနချုပ်က ဗိုလ်ကြီးဝေဖြိုးနဲ့ တပ်သားတဦးကို ဖမ်းမိ ခဲ့ပြီး သေနတ် လက်နဲ့ ခဲယမ်းအချို့လည်း ရရှိခဲ့တယ်လို့ အသိပေးပါတယ်။ 

တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ မြင်းခြံခရိုင် အမှတ်- တပ်ရင်း Natogyi People Defence Force နဲ့ အမှတ်-၁၀ တပ်ရင်းတို့က မြင်းခြံခရိုင် အထူးစစ်ဆင်ရေး-MDSO အဖြစ် တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

သြဂုတ် ၁၀ရက်က စတင်ခဲ့တဲ့မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအစိတ်အပိုင်းဖြစ်တဲ့ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီ တပ်စခန်း ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားသလို နွားထိုးကြီးနဲ့တံတားဦးမြို့နယ်အစပ်မှာရှိတဲ့ တံတားဦးလေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကိုလည်း နွားထိုးကြီး PDF က သြဂုတ် ၂၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် နှင့် ထောင်အဆောင်မှူးများက အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူ


သြဂုတ်လ၃၀ရက်


သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် နှင့် ထောင်အဆောင်မှူးများက အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူလျက်ရှိတယ်လို့ သြဂုတ်လ၃၀ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)က အသိပေးဆိုပါတယ်။


"သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် နှင့် ထောင်အဆောင်မှူးများသည် အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူခြင်းများ၊ထောင်တွင်းစီးပွားရေးလုပ်ငန်းများအလွန်အကျွံသောင်းကြမ်း၍ အာဏာအလွဲသုံးစားလုပ်မှုများကိုမိမိတို့နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)မှဖော်ထုတ်သိရှိရတယ်"လို့ဖော်ပြပါတယ်။


သာယာဝတီထောင် ထောင်ပိုင် ရဲရင့်နိုင် မှာ ထောင်အတွင်းရောင်းသည့်ကွမ်းယာများကို တစ်ခန်းလျှင် အထုပ် ၃၀ နူန်းဖြင့် မယူမနေရရောင်းပြီး ကွမ်းယာထုတ်များမကုန်လျှင် အာဏာအလွဲသုံးစားလုပ်ကာ အပြစ်ပေးလေ့ရှိတယ်လို့ဆိုပါတယ်။


သက်ဆိုင်ရာအခန်းများအလိုက်ခွဲတမ်းဖြင့် မကုန်မချင်းရောင်းရသောကွမ်းယာများ မကုန်လျှင် အပြင်ကွမ်း(ဝန်ထမ်းများမှ သယ်လာသောကွမ်းယာ) များကို စားလျှင် တိုက်ပိတ်ခြင်း၊ ခြေကျင်းခတ်ခြင်းများ ပြုလုပ် အပြစ်ပေးခံတယ်လို့သိရပါတယ်။


ထောင်ပိုင် ရဲရင့်နိုင်ဟာ ကွမ်းယာအပြင် ထောင်ဝင်စာပစ္စည်းများပို့ခြင်းကို ကန့်သတ်ထားပြီး ထောင်ပိုင်မှရောင်းချသော ဟင်းများကိုလည်း မဝယ်မနေရသဘောမျိုးဖြင့်ရောင်းချလေ့ရှိတယ်လို့သိရပါတယ်။


၎င်းအပြင် သာယာဝတီထောင်ရှိ အမျိုးသားအဆောင်() နှင့် အဆောင် () အဆောင်မှူး ကျော်ဇင်သက် သည် အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကောက်ယူလျက်ရှိကာ အဆိုပါ ပွင့်အဆင့်ရှိ အဆောင်မှူး ကျော်ဇင်သက် သည် လွန်ခဲ့သော ၂၀၂၄ ခုနှစ်၊ မေလတွင် သူသင်တန်းတက်မည်ဖြစ်၍အကျဥ်းသားများထံမှ တစ်ခန်းလျှင် ငါးသောင်းနူန်းဖြင့် ငွေကြေးကောက်ယူခဲ့ကြောင်း PPMN မှစုံစမ်းသိရှိရတယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၄။ ခင်ဦးမြို့နယ်မှစစ်ရှောင်ပြည်သူအိမ်ထောင်စု (၃၀)စုနှင့် ခင်ဦးမြို့နယ်မှ ကန့်ဘလူမြို့နယ်သို့လတ်တလောထွက်ပြေးတိမ်းရှောင်နေရသောစစ်ရှောင်ပြည်သူအိမ်ထောင်စု (၇၀)စုတို့အတွက်စားနပ်ရိက္ခာများထောက်ပံ့


သြဂုတ်လ၃၀ရက်


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာရှိ လတ်တလောထွက်ပြေးတိမ်းရှောင်လာသောစစ်ရှောင်ပြည်သူအိမ်ထောင်စု (၃၀)စုနှင့် ခင်ဦးမြို့နယ်မှ ကန့်ဘလူမြို့နယ်သို့လတ်တလောထွက်ပြေးတိမ်းရှောင်နေရသောစစ်ရှောင်ပြည်သူအိမ်ထောင်စု (၇၀)စုတို့အတွက် တစ်အိမ်ထောင်လျှင်  ဆန်()ပြည်၊ကြက်သွန်နီ()ပိသာ၊အားလူး၊ဆပ်ပြာဆီ၊ အသီးအရွက်()မျိုးတို့အား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှသွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သြဂုတ်လ၃၀ရက်မှာ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။


========================


🚩🚩 ၅။ မန္တလေးမြို့ပေါ် ဆန္ဒပြပွဲမှာ ပခုက္ကူနဲ့ပေါက်နယ်က ပျူစောထီးတွေအများစုပါဝင် 


သြဂုတ်လ၃၀ရက်


 မန္တလေးမြို့မှာ စစ်ပွဲတွေမဖြစ်ရေး ဆန္ဒပြခဲ့သူတွေထဲမှာ မန္တလေးမြို့ခံတွေပါဝင်မှုနည်းပါးပြီး ပခုက္ကူနဲ့ပေါက်နယ်က ပျူစောထီးတွေ အများစုပါဝင်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ 

 မနေ့ ဩဂုတ်လ ၂၉ ရက်နေ့က မန္တလေးမြို့ပေါ်မှာ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်လော်ဘီတွေအပါအဝင် အင်အား ၂၀၀ ကျော်ဟာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်တာ လမ်းလျှောက်ချီတက်ကြွေးကြော်ခဲ့တာနဲ့ပတ်သက်လို့ မြို့ခံတွေက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

 မန္တလေးမြို့ပေါ် မှာ တိုက်ပွဲတွေမဖြစ်အောင် ဝိုင်းဝန်းတားဆီးပေးကြဖို့ စစ်အုပ်စုကဦးဆောင်ပြီး ပျူစောထီး၊ သွေးသောက် နဲ့ သင်္ကန်းဝတ်တွေက ဩဂုတ်လ ၂၉ ရက် နေ့လည်ပိုင်းမှာ မန္တလေးတောင်ခြေ၊ ကျုံးပတ်လည်နဲ့ ကမ်းနားလမ်း စတဲ့နေရာ တွေမှာ ချီတက်ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ပခုက္ကူမြို့နယ် ဇီးကုန်းရွာက ပျူစောထီးတွေ စစ်တပ်လော်ဘီတဦးဖြစ်တဲ့ ပေါက်ကိုယ်တော်ရဲ့တပည့် ပျူစောထီးအဖွဲ့တွေနဲ့ ပေါက်ကိုယ်တော်ရဲ့ မွေးရပ်မြေ ဒေါင်းသာကျေးရွာက လူအချို့ပါဝင်ခဲ့တယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေက ပြောပါတယ်။

မန္တလေးမြို့တော် အနီးတဝိုက်အထိ စစ်ရိပ်စစ်ငွေ့သမ်းလာချိန်မှာ စစ်ကောင်စီလက်ကိုင်တုတ်တွေဖြစ်တဲ့ သင်္ဃန်းဝတ်တွေ နဲ့ ပျူစောထီးတွေဟာ ကြောက်လန့်တကြားနဲ့ မန္တလေးမြို့တော်ကို ကာကွယ်ဖို့၊ စစ်ဘေးမဖြစ်ဖို့ဆိုပြီး ဆန္ဒပြပွဲတွေ လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေဟာ မန္တလေးတိုင်းထဲက စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားပြီး မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ မတ္တရာနဲ့ ပုသိမ်ကြီးနယ်ထဲအထိ ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် အလယ်ပိုင်းတိုင်း စစ်ဌာချုပ်ရှိရာ နန်းတွင်းက မြို့ရိုးပေါ် မှာ သဲအိတ်တွေတင်တာ၊ ကျုံးရေမခမ်းစေဖို့ အများပြည်သူသုံးတဲ့ရေတွေကို ကျုံးထဲဖြည့်တာတွေ အပါအဝင် မန္တလေးမြို့ပေါ်မှာ ခံစစ်ပြင်နေတာတွေရှိနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment