30th AUG 2024 - Morning Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တက်ရောက်

📌 ၂။ သံတမန်ရေးရာ ဝန်ဆောင်မှုဆုတံဆိပ်ကိုပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာလက်ခံရယူ

📌 ၃။ အမေရိကန်နိူင်ငံIRF_Ambassadorနှင့် NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့တွေ့ဆုံဆွေးနွေး

📌 ၄။ အကြမ်းဖက်စစ်ကောင်စီကမီတာခများတိုးကောက်ဖို့ကြံစည်

📌 ၅။ စစ်သုံးလေယာဉ်ကို ပျံသန်းခွင့်ရအောင် လက်တလုံးခြား လုပ်ပေးနေတဲ့ လေကြောင်းဦးစီးဌာနကလူတွေကို မှတ်တမ်းတင်ထားပြီး အသွင်ကူးပြောင်းကာလမှာ အရေးယူနိုင်အောင်ကြိုးစားရမယ်လို့ဆို

📌 ၆။ စစ်မှုထမ်းစုဆောင်းခေါ်ယူမှုမပြုရန် ညွှန်ကြားချက်အမိန့်အား မလိုက်နာသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်သူများကို ပြတ်ပြတ်သားသား အရေးယူရန် ညွှန်ကြား

📌 ၇။ လားရှိုးမြို့တွင် 33KV ပင်မလိုင်းအား ပြုပြင်ခြင်း၊ ပျက်စီးသွားသော တိုင်များကို အစားထိုးပြီး ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းပေးခြင်းများ MNDAAက ပြုပြင်ဆောင်ရွက်


၂၀၂၄ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဝေဟင်၊ မြေပြင်တိုက်ပွဲများတွင် နေ့/ မပျက် အတူတကွ တိုက်ပွဲဝင် ဆင်နွှဲနေကြောင်း ပြည်သူများကို အသိပေး

🚩 ၂။ ကွမ်ကျိုက်ရွာဘက်တွင် ဝင်ရောက်တပ်စွဲမည့် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်၊ စကစတပ်သား ၁၀ဦးထက်မနည်း သေဆုံး

🚩 ၃။ နောင်ချိုမြို့နယ် အမြောက်တပ်စခန်း ()ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမတ(၂၀၆)တို့ကို သိမ်းပိုက်

🚩 ၄။ ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်

🚩 ၅။ ထားဝယ်မြို့နယ် ကျောက်ဆိပ်ကုန်းရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများအား ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ရာ ၁၆ဦး သေဆုံး၊ ဦး အရှင်ဖမ်းမိ

🚩 ၆။ (မစခ-၉၀၅)ထဲမှ ထွက်လာသော စစ်ကောင်စီ ဖောကား ()စီးကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်၊ ကပစ (၁၄)မှ ဗိုလ်ကြီးတစ်ဦးအပါ ၁၅ဦး သေဆုံး

🚩 ၇။ ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များနှင့် ကံပြားကျေးရွာအားစကစတပ်များက နေ့စဉ်မီးရှို့ဖျက်ဆီးလျက်ရှိ

🚩 ၈။ ထီးလင်းအထိုင်တပ်မှ တပ်သားတစ်ဦး အလင်းဝင်

🚩 ၉။ သပိတ်ကျင်း ကွင်း ၅၀၀ တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ရဲဘော်စံသိန်း ()ဆရာစံရဲ့ စျာပန အခမ်းအနား ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တက်ရောက်


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၄)ကို သြဂုတ်လ၂၉ရက်မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဒု-ဥက္ကဋ္ဌ() ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၁/၂၀၂၄)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ သံတမန်ရေးရာ ဝန်ဆောင်မှုဆုတံဆိပ်ကိုပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာလက်ခံရယူ


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

သံတမန်ရေးရာ ဝန်ဆောင်မှုဆုတံဆိပ်ကိုပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာလက်ခံရယူခဲ့ပါတယ်။


သြဂုတ်လ၂၈ရက်အဆိုပါအခမ်းအနားကို ယူကေနိူင်ငံတွင်ကျင်းပခဲ့ပါတယ်။


သံတမန်ရေးရာ ဝန်ဆောင်မှုဆုတံဆိပ်ကို အိုင်ယာလန်နိုင်ငံ သံတမန်ရေးရာ - ဥရောပသံတမန်မှ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာထံအခမ်းအနားတွင် ပေးအပ်နိုင်ခဲ့ပါတယ်။


ဒီဆုကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလမှာ ပေးခဲ့တာဖြစ်ပြီးတော့ ယခုအချိန်တွင်လူကိုယ်တိုင်ရယူခြင်းဖြစ်ပါတယ်။


အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးနဲ့ Chin Community UK Kachin Community UK Rohingya Community UK နဲ့ Burmese Community UK က တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ အမေရိကန်နိူင်ငံIRF_Ambassadorနှင့် NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့တွေ့ဆုံဆွေးနွေး


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

အမေရိကန်နိူင်ငံIRF_Ambassadorနှင့်NUGလူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ သြဂုတ်လအတွင်း နှစ်ဖက်တွေ့ဆုံမှုကို Twitterကတဆင့်ရေးသားအသိပေးဖော်ပြပါတယ်။


"StateIRF တွင် ကျွန်ုပ်အား လက်ခံဆောင်ရွက်ပေးခဲ့သောIRF_Ambassador အား ကျေးဇူးတင်ရှိပါတယ်။ ရိုဟင်ဂျာနှင့် အခြား လူနည်းစုများကို ဆက်လက်ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိပါတယ်"လို့ NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ရေးသားအသိပေးထားပါတယ်။


အလားတူStateIRFကလည်း တွေ့ဆုံမှုကိုတရားဝင်ထုတ်ပြန်ဖော်ပြထားပါတယ်။


အမျိုးသားညီညွှတ်ရေးအစိုးရNUGမှ ဒုဝန်ကြီး အောင်ကျော်မိုးနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပြီး ရိုဟင်ဂျာများ၏ အရေးကြီးသော လုပ်ငန်းများကို ကြားသိရသည့်အတွက် ကျေးဇူးတင်ပါတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီကမီတာခများတိုးကောက်ဖို့ကြံစည်


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

အကြမ်းဖက်စစ်ကောင်စီကမီတာခများတိုးကောက်ဖို့ ကြံစည်နေတယ်လို့ သြဂုတ်လ၂၉ရက်မှာ NUGလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဦးမော်ထွန်းအောင်က အသိပေးဆိုထားပါတယ်။


"စကစ က ပြည်သူကို ဓာတ်ဆီ၊ စားအုန်းဆီ၊ ဒေါ်လာ ဓားမြတိုက်ခြင်းပြုပြီး အားမရယုံမကလျှပ်စစ် ဓာတ်အားခကိုလည်း နှစ်ဆကနေ ငါးဆအထိတိုးဖို့ ပြင်နေတယ်ဆိုတာ အရင်တခါလည်း ပြောခဲ့ဖူးပါတယ်။ အခုလည်း ဒီလို ပြည်သူကို ဒုက္ခပေးဖို့ အကြံအစည်ကို လက်မလျှော့သေးပါဘူး။ မနက်ဖြန် သို့ ဒီရက်တွေထဲ ဒီ လျှပ်စစ်မီတာခ တိုးဖို့ကြံစည်နေပါတယ်"လို့ဆိုပါတယ်။


လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်လိုက်ပါက အိမ်ထောင်စုတစုရဲ့ ဓာတ်အားခဟာ စုစုပေါင်းဝင်ငွေရဲ့ ငါးပုံကနေ ဆယ်ပုံအထိ သက်ရောက်သွားနိုင်တယ်လို့သိရပါတယ်။


"စျေးမြင့်လိုက်ပြီး လူတွေအသုံးလျှော့ဖို့ မျှော်လင့် လုပ်ဆောင်တဲ့ လုပ်ရပ်လို့ သုံးသပ်မိပါတယ်။ အာဏာ မသိမ်းခင်ကထက် ထက်ဝက်နီးပါး ကျဆင်းသွားတဲ့ လျှပ်စစ်ပေးဝေနိုင်မှုဟာ လာမဲ့ကာလများမှာလည်း စီမံကိန်း အသစ်မရှိမှု၊ ဒေါ်လာနဲ့ လျှပ်စစ်ဝယ်ယူမည့်အစား စစ်စားရိတ်ကိုသာ အသုံးပြုလိုမှုတို့ကြောင့် ပြဿနာက ရေရှည်ဖြစ်သွားမည့် သဘော ဖြစ်နေပါတယ်။ လျှပ်စစ် မီတာခ တိုးတာက အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များကို ရိုက်ခတ်မှု ကြီးမားမဲ့ ပုံစံပါ"လို့ ဒုဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၅။ စစ်သုံးလေယာဉ်ကို ပျံသန်းခွင့်ရအောင် လက်တလုံးခြား လုပ်ပေးနေတဲ့ လေကြောင်းဦးစီးဌာနကလူတွေကို မှတ်တမ်းတင်ထားပြီး အသွင်ကူးပြောင်းကာလမှာ အရေးယူနိုင်အောင်ကြိုးစားရမယ်လို့ဆို


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

စစ်သုံးလေယာဉ်ကို ပျံသန်းခွင့်ရအောင် လက်တလုံးခြား လုပ်ပေးနေတဲ့ လေကြောင်းဦးစီးဌာနကလူတွေကို မှတ်တမ်းတင်ထားပြီး အသွင်ကူးပြောင်းကာလမှာ အရေးယူနိုင်အောင်ကြိုးစားရမယ်လို့ သြဂုတ်လ၂၉ရက် ဆိုရှယ်မီဒီယာမှာ ဒုဝန်ကြီးဦးမော်ထွန်းအောင်က အသိပေးဆိုထားပါတယ်။


"ဒီလို စစ်သုံးလေယာဉ်ကို ပျံသန်းခွင့်ရအောင် လက်တလုံးခြား လုပ်ပေးနေတဲ့ လေကြောင်းဦးစီးဌာနကလူတွေကိုလည်း မှတ်တမ်းတင်ပြီး အသွင်ကူးပြောင်းကာလမှာ အရေးယူနိုင်အောင် ကြိုးစားရပါမယ်"လို့ဆိုပါတယ်။


နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကစစ်လက်နက်ပွဲစားများနှင့် စီးပွားရေးလေကြောင်းလိုင်းများသည် မြန်မာစစ်အုပ်စုထံ ATR လေယာဉ်များ လွှဲပြောင်း ရောင်းချခဲ့ကြောင်းနှင့် ရောင်းချမှုအချို့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် ကြိုးပမ်းသည့်အနေဖြင့် နောက်ဆုံးလက်ဝယ်အသုံးပြုသူအား ဖုံးကွယ်ပေးထားမှုများ ရှိနေကြောင်း Justice For Myanmar သုတေသနလေ့လာမှုအတွင်းတွင် ဖော်ထုတ်ထားပါတယ်။


========================


📌📌 ၆။ စစ်မှုထမ်းစုဆောင်းခေါ်ယူမှုမပြုရန် ညွှန်ကြားချက်အမိန့်အား မလိုက်နာသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်သူများကို ပြတ်ပြတ်သားသား အရေးယူရန် ညွှန်ကြား


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

ကျိုက်မရောမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး(မြောက်ပိုင်း)မြို့နယ်၊ ရေဖြူမြို့နယ်တို့တွင် စစ်ကောင်စီမှ စီစဉ်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအား ပြည်သူများ စုဆောင်းခေါ်ယူမှု မပြုရန် ထပ်ဆင့် ညွှန်ကြားပြီး ဤအမိန့်ညွှန်ကြားချက်အတိုင်း မလိုက်နာသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပါဝင်သူများကို ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ရန် ညွှန်ကြားချက်ကို ဩဂုတ်လ ၂၉ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)က ထုတ်ပြန်ပါတယ်။


စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် အဖက်ဖက်မှ တိုက်ခိုက်ခံနေရပြီး တပ်သား ထွက်ပြေးမှုများ၊ လက်နက်ချ အညံ့ခံမှုများနှင့် တပ်စခန်းများ သိမ်းပိုက်ခံနေရမှုများကြောင့် အင်အားလျော့နည်းလာနေတာကြောင့် စစ်ကောင်စီမှ (၁၆//၂၄) ရက်နေ့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရပ်ကျေးနှင့်မြို့နယ်အဆင့်တွင် အကောင်အထည်ဖေါ်နိုင်ရန်အတွက် အသက် (၃၅ မှ ၆၅) နှစ်ကြား ပြည်သူများအား လိုက်လံစုဆောင်း ခေါ်ယူနေတယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီကို ပြန်လည်အင်အားဖြည့်၊ ပြန်လည်အသက်သွင်းသည့် မည်သည့်လုပ်ရပ်မဆို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ လားရှိုးမြို့တွင် 33KV ပင်မလိုင်းအား ပြုပြင်ခြင်း၊ ပျက်စီးသွားသော တိုင်များကို အစားထိုးပြီး ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းပေးခြင်းများ MNDAAက ပြုပြင်ဆောင်ရွက်


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

စစ်ဒဏ်ကြောင့် လားရှိုးမြို့ လျှပ်စစ်ဓာတ်အား ပေးဝေမှုစနစ်သည် လက်ရှိတွင် ပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ရရှိရေးအတွက် အထူးဒေသ() ရေနှင့်လျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်း ၁၀ ဦးအား လားရှိုးမြို့မှ ဒေသခံဝန်ထမ်းများနှင့် လားရှိုးမြို့တွင် 33KV ပင်မလိုင်းအား ပြုပြင်ခြင်း၊ ပျက်စီးသွားသော တိုင်များကို အစားထိုးပြီး ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းပေးခြင်းများ ပြုပြင်ဆောင်ရွက်နေကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။


သက်ဆိုင်ရာ လုပ်ငန်းများ ရက်အနည်းငယ်အတွင်း ပြီးစီးနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးအတွက် ရေအားလျှပ်စစ်ကုမ္ပဏီမှ အနည်အနှစ်စွန့်ထုတ်မှု၊ ရေလမ်းကြောင်းသန့်ရှင်းရေးနှင့် နန်မဲချောင်း အဆင့် ရေအားလျှပ်စစ်စခန်းအတွက် တာဘိုင် စမ်းသပ်လည်ပတ်ခြင်းစသည့် ပဏာမပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။


ဓာတ်အားလိုင်းများ ပြုပြင်ခြင်း ပြီးစီးပါက မကြာမီ လားရှိုးမြို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမည်ဖြစ်ပြီး ဒီကာလအတွင်းမှာ လားရှိုးပြည်သူတွေအနေနဲ့ အိမ်ရှိ ဓာတ်ကြိုးများနှင့် Circuit Breaker များကို စစ်ဆေးပြီး ဝါယာကြိုးများ ပြတ်တောက်နေမှုကြောင့် မလိုလားအပ်သော မတော်တဆမှုများ မဖြစ်စေရန် အချိန်မီ အစားထိုးပြင်ဆင်ရန် တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဝေဟင်၊ မြေပြင်တိုက်ပွဲများတွင် နေ့/ မပျက် အတူတကွ တိုက်ပွဲဝင် ဆင်နွှဲနေကြောင်း ပြည်သူများကို အသိပေး


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ()စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင် (.က.) စစ်ရေး ရည်မှန်းချက် အစီအမံများအတိုင်း ရှေ့တန်းစစ်မြေပြင်၌ ဝေဟင်စစ်ဆင်ရေး သာမက မြေပြင်တိုက်ပွဲများပါ နေ့/ မပျက် အတူတကွ တိုက်ပွဲဝင် ဆင်နွှဲနေကြောင်း ပြင်ဦးလွင်ခရိုင် Droneတပ်ဖွဲ့ (ရတနာပုံတပ်ဦး)မှ ပြည်သူများကို အသိပေး သတင်းထုတ်ပြန်ပါတယ်။


အောင်မြင်မှုရလဒ်တွေကိုလည်း မကြာခင် တဝကြီး ချပြနိုင်အောင် ကြိုးစားနေပါတယ်။ ပြည်သူတွေအနေနဲ့ အားတင်းထားပါ၊ မကြာခင် ကျွန်တော်တို့ ပန်းတိုင်ကို ရောက်တော့မှာပါ။ ကျွန်တော်တို့ အတူတူ အားကုန်သုံးပြီး အာဏာရှင်ကို မောင်းထုတ်ကြရအောင်ပါဟု ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကိုကီရီက တိုက်တွန်း ပြောကြားထားပါတယ်။


ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)သည် မဟာမိတ်တပ်ဖွဲ့များဖြစ်သော ထွေလီကာလီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 7PDF(MDY)တို့ပါဝင်သော မဟာမိတ်တပ်ဖွဲ့သည် (22.8.2024)ရက်နေ့မှ စတင်၍ အခြားသော မဟာမိတ်တပ်ရင်း တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ကွမ်ကျိုက်ရွာဘက်တွင် ဝင်ရောက်တပ်စွဲမည့် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်၊ စကစတပ်သား ၁၀ဦးထက်မနည်း သေဆုံး


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

ဩဂုတ်လ ၂၉ ရက်နေ့ မနက် ၈နာရီ အချိန်တွင် ကွမ်ကျိုက်ရွာ (မော့ကနင်ရွာအနီး)တွင် ဝင်ရောက်တပ်စွဲမည့် အင်အား ၂၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သတင်းရရှိသဖြင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)က သတင်းထုတ်ပြန်ပါတယ်။


မိနစ်(၃၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၀)ဦးထက်မနည်း သေဆုံးထိခိုက်မှု ရှိတယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို NMSP (AD) YPDF နှင့် KNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ နောင်ချိုမြို့နယ် အမြောက်တပ်စခန်း ()ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမတ(၂၀၆)တို့ကို သိမ်းပိုက်


သြဂုတ်လ ၂၉ရက်။ 

Radio NUG

နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်း ()ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမတ (၂၀၆)တို့ကို သြဂုတ်လ(၂၈)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


သြဂုတ်လ(၂၉)ရက်နေ့ နံနက် (:၂၀)နာရီအချိန် တောင်ခမ်းကျေးရွာရှိ (၉၀၂)စစ်ကောင်စီတပ်၌ လည်းကောင်း၊ နံနက် (:၄၀)နာရီအချိန်တွင် (၃၄၅) တပ်စခန်း စစ်ကောင်စီတပ်စခန်း၌လည်းကောင်း၊ ညနေ (၁၇:၄၀) နာရီအချိန်တွင် မကျီးရေရွာတွင် စစ်ကောင်စီတပ်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာ၌ စစ်ကောင်စီ (၉၀၂) တပ်စခန်းတွင် စစ်ကောင်စီတပ်မှ Y12 ဖြင့် ()ကြိမ် ဗုံး (၁၅၀)လုံး၊ တောင်ရွှေရွာတွင် Jet Fighter ဖြင့် ()ကြိမ်နှင့် သကြားစက်ရုံတွင် ()ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်


ဩဂုတ်လ ၂၉ရက်။

Radio NUG

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် နာရီ ၃၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ အာယုတောင်လမ်းဝရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ရေးဘီလူးမှ သတင်းထုတ်ပြန်ပါတယ်။


နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု နာရီဝန်းကျင်ခန့် ဖြစ်ပွားခဲ့ပြိးရေးဆေးရုံမှာလည်း စကစဘက်က ထိခိုက်မှုတွေ လာကုတာ အများကြီးရှိတယ်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုထားပါတယ်။


========================


🚩🚩 ၅။ ထားဝယ်မြို့နယ် ကျောက်ဆိပ်ကုန်းရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများအား ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ရာ ၁၆ဦး သေဆုံး၊ ဦး အရှင်ဖမ်းမိ


ဩဂုတ်လ ၂၉ရက်။ 

Radio NUG

ဩဂုတ်လ (၂၈)ရက်၊ နံနက် ()နာရီဝန်းကျင်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှ ကျောက်ဆိပ်ကုန်းရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများအား ကြားဖြတ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု () နာရီခွဲခန့် ဖြစ်ပွားခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၆)ဦးသေဆုံးကာ တပ်ကြပ်ကြီး ()ဦးအရှင်ဖမ်းမိပြီး MA-4 ()လက်၊ ကျည်ဘောက် ()ခု၊ 40-မမ ()လုံး နှင့် ၆ဝ-မမ () လုံးတို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုအား ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ (ကျားသစ်နက်) ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့်သာဂရစစ်ကြောင်း" တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ (မစခ-၉၀၅)ထဲမှ ထွက်လာသော စစ်ကောင်စီ ဖောကား ()စီးကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်၊ ကပစ (၁၄)မှ ဗိုလ်ကြီးတစ်ဦးအပါ ၁၅ဦး သေဆုံး


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

ဩဂုတ်လ (၂၉)ရက်၊ မနက်(၀၅:၁၅)နာရီခန့်တွင် ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅)ထဲမှ ထွက်လာသော အင်အား (၆ဝ)ခန့်ပါ စစ်ကောင်စီ ဖောကား ()စီးကို ပဒါန်း-အမ်းလမ်းပိုင်း၊ စပ်စီရွာအထက် မီတာ ၂၀၀၀ ခန့် အကွာတွင် အသင့်စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PRA-Magway မှ သတင်းထုတ်ပြန်ပါတယ်။


နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး (၂၅)မိနစ်ခန့်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်သည် ထိတွေ့မှုအတွင်း သေဆုံးဒဏ်ရာရသော စစ်ကောင်စီတပ်သားများအား ဖောကားဖြင့် သယ်ဆောင်၍ ပဒါန်းဘက်သို့ ဆင်းလာရာ စပ်စီရွာ၏ အထက်ဘက် မီတာ(၁၀၀၀)ခန့် အကွာသို့အရောက် မနက် (၀၉:၄၅)နာရီခန့်တွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ပွဲများအတွင်း ငဖဲမြို့ရှိ  စစ်မှုထမ်းကိစ္စများ နှင့်ပတ်သက်၍ တာဝန်ယူထားသူ ကပစ (၁၄)မှ ဗိုလ်ကြီး မျိုးကျော်သူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးခန့် ထိခိုက် သေဆုံးတယ်လို့ မြေပြင်သတင်းများအရ သိရပါတယ်။


PRA (Magway)သည် ပဒါန်း - အမ်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိပြီး ဩဂုတ်လ ()ရက်နေ့၊ မနက် (၁၀:၄၅)နာရီခန့်တွင်လည်း ငဖဲမြို့နယ်၊ စွန်ပျော်ရွာအတွင်း မဟာမိတ် ပူးပေါင်းစစ်ကြောင်း နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ()ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ဩဂုတ်လ (၁၁) ရက်နေ့ မနက် (၀၈:၄၀)နာရီခန့်တွင်လည်း PRA (Magway) ထုတ် 60mm Rocket/ MH-60R (၁၀) လုံးဖြင့် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးရေဒါစခန်းသို့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များနှင့် ကံပြားကျေးရွာအားစကစတပ်များက နေ့စဉ်မီးရှို့ဖျက်ဆီးလျက်ရှိ


ဩဂုတ်လ ၂၉ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ် ရပ်ကွက်များနှင့် ကံပြားကျေးရွာအားစကစတပ်များက နေ့စဉ်မီးရှို့ ဖျက်ဆီးလျက်ရှိတယ်လို့သိရပါတယ်။


သြဂုတ်လ၂၉ရက်မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအသိပေးဖော်ပြထားပါတယ်။


"ဩဂုတ်လ(၁၈)ရက် ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအပြီး Mi17 ()စီး နှစ်ခေါက်()စီးစာဖြင့် ဒီပဲယင်းမြို့ပေါ်သို့ ခမရ-၇၀၄ အကြမ်းဖက်စခ အင်အား(၁၅၀)ခန့် ဝင်ရောက်လာခဲ့ပါတယ်။ သြဂုတ်လ(၁၈)ရက်နေ့မှ စတင်၍ ဒီပဲယင်းမြို့ မြို့မရပ်/လယ်တော်ရပ်/တိုးချဲ့အနောက်ကွတ်သစ်ရပ်/အေးမြဝတိရပ်/တောင်ပြင်ရပ်/တောင်ပြင်အနောက်ကွတ်သစ်ရပ် စသည့် ဒီပဲယင်းမြို့ပေါ် ရပ်ကွက်များနှင့် ကံပြားကျေးရွာအား နေ့စဉ်မီးရှို့ဖျက်ဆီးလျက်ရှိနေပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ဒီပဲယင်းမြို့ပေါ်မှ ပြည်သူများနှင့် မြို့အနီးကျေးရွာများမှ ပြည်သူများဘေးလွတ်ရာသို့ တိမ်းရှောင်ကြရလျှက်ရှိပါတယ်။


========================


🚩🚩 ၈။ ထီးလင်းအထိုင်တပ်မှ တပ်သားတစ်ဦး အလင်းဝင်


ဩဂုတ်လ ၂၉ရက်။ 

RadioNUG

ဩဂုတ်လ ၂၈ရက်နေ့တွင် ထီးလင်းအထိုင်တပ်မှ တပ်သား ဟိန်းသူအောင် (ကိုယ်ပိုင်အမှတ် - ၅၄၇၂၁၂ )သည် ၄င်း၏ အထက်အရာရှိဖြစ်သူ တပ်ကြပ်ကြီး၏ MAS အမျိုးအစား စနိုက်ဘာသေနတ်တစ်လက်အား ယူဆောင်၍ အလင်းဝင်ရောက်ခဲ့သဖြင့် ဆုကြေးငွေ ၆၅ သိန်းပေးအပ်ပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ပြီးကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17) - YRA ထီးလင်း မှ သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင် မိသားစုများ၏ အသက်အိုးအိမ်စည်းစိမ်များအား အသက်ပေးကာကွယ်ရန် မထိုက်တန်ကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် အကြမ်းဖက်စစ်တပ်မှ တပ်သား၊ အရာရှိအဆင့်ဆင့်များ နားလည်သဘောပေါက်၍ ပြည်သူကိုမျက်နှာမူ အလင်းဝင်ကြရန် တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၉။ သပိတ်ကျင်း ကွင်း ၅၀၀ တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ရဲဘော်စံသိန်း ()ဆရာစံရဲ့ စျာပန အခမ်းအနား ပြုလုပ်


သြဂုတ်လ ၂၉ရက်။ 

RadioNUG

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ရင်း သြဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ သပိတ်ကျင်း ကွင်း ၅၀၀ တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ရဲဘော်စံသိန်း ()ဆရာစံရဲ့ စျာပနအခမ်းအနားကို သြဂုတ် ၂၈ ရက်က မွေးရပ်ဇာတိရွာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် (၁၈)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။


ဒုတပ်ရင်းမှူး ရဲဘော် စံသိန်းဟာ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်အမှတ် (၁၈)တပ်ရင်းက ဒုတပ်ရင်းမှူး အပါအဝင် အဖွဲ့ဝင် ၁၃ ယောက်ထိ ကျဆုံးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment