31st AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လားရှိုးမြို့က အုပ်ချုပ်ရေးဌာနတွေ လည်ပတ်နိုင်ဖို့ စာရင်းပေးထားတဲ့ CDM ဝန်ထမ်း ၂၇၀ ကျော်ရှိ

📌 ၂။ တအာင်းစာပေအဖွဲ့များစုစည်းပြီး တအာင်းစာပေအဖွဲ့ ဖွဲ့စည်း

📌 ၃။ ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးတင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီကန့်သတ်  

📌 ၄။ ဖလမ်းအခြေစိုက် ခလရ ၂၆၈ တပ်က စစ်သားတဦး အလင်းဝင် 


၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နွားထိုးကြီးနယ်ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အမျိုးသမီးတဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ အိမ်အချို့ ပျက်စီး

🚩 ၂။ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်

🚩 ၃။ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေပြီး ၂ဝ ကျော် ဒဏ်ရာရ

🚩 ၄။ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးတဲ့အတွက် စာသင်ကျောင်းနဲ့လူနေအိမ် ပျက်စီး

🚩 ၅။ မင်းလှမြို့နယ် ဆားချောင်းရွာအနီးမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်သား ဦးသေဆုံးပြီး ဒရုန်းတစင်း ပစ်ချနိုင်ခဲ့

🚩 ၆။ သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနဲ့တာဝါတိုင်ကုန်းက စစ်တပ်တပ်စွဲရာ နေရာတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ သေနတ် ၁၃ လက် သိမ်းဆည်းရရှိ

🚩 ၇။ ချောက်မြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံရုံးတွေနဲ့ မပတ်သက်ဖို့ ဒေသခံပြည်သူများကို မြို့ပြပြောက်ကျား တပ်ဖွဲ့ သတိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ လားရှိုးမြို့က အုပ်ချုပ်ရေးဌာနတွေ လည်ပတ်နိုင်ဖို့ စာရင်းပေးထားတဲ့ CDM ဝန်ထမ်း ၂၇၀ ကျော်ရှိ


ဩဂုတ်လ(၃၁)ရက်


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က အုပ်ချုပ်ရေးဌာနတွေ ပြန်လည် လည်ပတ်နိုင်ဖို့ စာရင်းပေးထားတဲ့ CDM ဝန်ထမ်း ၂၇၀ ကျော်ရှိနေပြီလို့ ကိုးကန့် တပ်မတော် - MNDAA က ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့က အုပ်ချုပ်ရေးဌာနတွေ စတင်လည်ပတ်နေပြီဖြစ်ရာ အာဏာဖီဆန်ရေးလှုပ်ရှားမှု - CDM မှာပါဝင်တာကြောင့် စစ်ကောင်စီရဲ့ အလုပ်ထုတ်တာခံခဲ့ရတဲ့ အရပ်ဘက်ဝန်ထမ်းတွေ အလုပ်ခွင်ကို ပြန်လည်ဝင်ရောက်ရေး စာရင်းပေးသွင်းနိုင် ပြီလို့လည်း အသိပေးထားပါတယ်။

အခုလို CDM ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရေး အသိပေးတဲ့ရုပ်သံကို မနေ့ ဩဂုတ်လ ၃၀ ရက်နေက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး CDM စာရင်းပေးသွင်းနိုင်ရေးနဲ့ပတ်သက်တဲ့ အမေးအဖြေကဏ္ဍကို MNDAA က ဖော်ပြခဲ့တာဖြစ်ပါတယ်။

လားရှိုးမြို့က CDM ဝန်ထမ်းတွေကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာနဲ့ ကြိုဆိုပြီးတော့မှ စာရင်းတွေ လက်ခံရယူနေပါပြီလို့  အမျိုးသမီးတစ်ဦးက CDM ဝန်ထမ်းများ စာရင်းလက်ခံမှုအခြေအနေကို ဖြေကြားထားတာကို တွေ့ရပါတယ်။

CDM ဝန်ထမ်းတွေ စာရင်းလက်ခံတာကို ဩဂုတ် ၁၃ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ကသာမက အခြား မြို့နယ်တွေက CDM ဝန်ထမ်းတွေကိုလည်း လက်ခံနေတယ်လို့ အသိပေးထားပါတယ်။

စာရင်းပေးမယ်ဆိုရင် သက်ဆိုင်ရာဌာနက ထုတ်ပယ်ကြောင်းအမိန့်စာ မိတ္တူနဲ့တကွ စာရင်းပေးရမှာဖြစ်ပြီး ဒီအမိန့်စာ  မိတ္တူမရင်တော့ ဌာနတူအခြား CDM ဝန်ထမ်းတဦးရဲ့ ထောက်ခံချက်ပါရမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ CDM ဝန်ထမ်းတွေနဲ့လည်ပတ်နေတဲ့ဌာနအနေနဲ့ ကျန်းမာရေးဌာန ကုသရေးပိုင်းဖြစ်ပြီး မကြာခင်မှာ ပညာရေးဌာန စတင်လည်ပတ်မယ်လို့လည်း သိရပါတယ်။

ကျန်တဲ့ဌာနတွေကတော့ မြို့နေပြည်သူတွေ ပြန်လည်ရောက်ရှိလာတဲ့အပေါ် မူတည်ပြီး လည်ပတ်သွားမယ်လို့ MNDAA က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ တအာင်းစာပေအဖွဲ့များစုစည်းပြီး တအာင်းစာပေအဖွဲ့ ဖွဲ့စည်း


ဩဂုတ်လ(၃၁)ရက်


၅၂ နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ်နေ့မှာ တအာင်းစာပေအဖွဲ့များစုစည်းပြီး တအာင်းစာပေအဖွဲ့ Ta'ang Literature Association -TLA ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ဩဂုတ်လ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

မနေ့ သြဂုတ်လ ၃၀ ရက်က ကျရောက်တဲ့ ၅၂ နှစ်မြောက် တအာင်းစာပေနေ့ကို တအာင်းပြည် နမ့်ခမ်းမြို့နယ်က ကျေးရွာ တရွာမှာ ကျင်းပခဲ့ပြီး တအာင်းစာပေအခမ်းအနားနဲ့အတူ တအာင်းစာသင် ဆရာဖြစ် TOT အပတ်စဉ် သင်တန်းဆင်းပွဲပါ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။   

ဒီနှစ် တအာင်းစာပေနေ့မှာ တအာင်းမျိုးနွယ်စုများအားလုံးရဲ့ တမူတည်းသောစာပေဖြစ်စေရေးနဲ့ ရုံးသုံးစာပေနဲ့ ဘာသာ စကား တိုးတက်ပြန့်ပွားစေရေး တအာင်းစာပေအဖွဲ့အစည်းများ စုပေါင်းအားထုတ်ခဲ့တာဖြစ်ပါတယ်။

တအာင်းစာပေအဖွဲ့ Ta'ang Literature Association TLA ကို တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ တအာင်းစာသင်ကြားရေး အဖွဲ့-TLTA နဲ့ PSLF/TNLA တအာင်းရုံးသုံးစာအဖွဲ့တို့ စုပေါင်းပြီး ဖွဲ့စည်းထားတာလို့ သိရပါတယ်။

တအာင်းလူမျိုးတွေမှာ မျိုးနွယ်စုများစွာရှိတာကြောင့် မတူညီတဲ့ သရလေသံတွေစုစည်းပြီး မျိုးနွယ်စုတွေထဲက တူညီတဲ့ ဝေါဟာရစကားလုံးတွေကို ရုံးသုံးဘာသာစာနဲ့စကားအဖြစ် ရွေးချယ်သတ်မှတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အခုဖွဲ့စည်းတဲ့ TLA အနေနဲ့ တအာင်းစာပေကို ထွန်းကားပြန့်ပွားအောင် အစဉ်တစိုက်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ 

၅၂ ပြည့် တအာင်းစာပေနေ့အခမ်းအနားမှာ တအာင်းဘာသာ ရုံးသုံးစာနဲ့ထုတ်ဝေတဲ့ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဘာသာ ပြန်နဲ့ အခြားသော တအာင်းစာနဲ့ပတ်သက်တဲ့ ပြိုင်ပွဲဝင်တွေကိုလည်း အဆင့်လိုက် ဆုချီးမြှင့်ခဲ့တဲ့အပြင် တအာင်းစာပေ သင်ကြားပေးမယ့် TOT အပတ်စဉ်- သင်တန်းဆင်း ဆရာ ဆရာမတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့တယ် လို့ TNLA ကထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမြို့နယ်မှာကျင်းပတဲ့ အဲဒီအခမ်းအနားကို PSLF/TNLA ဒု-ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်တို့ တက်ရောက်ခဲ့‌ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ 

တအာင်းစာပေနေ့ အခမ်းအနားကို တအာင်းပြည် နမ့်ခမ်းမြို့မှာကျင်းပခဲ့သလို မန်တုံ၊ မိုးကုတ်နဲ့ အခြားမြို့နယ်တွေမှာလည်း ကျင်းပခဲ့ပြီး PSLF/TNLA ခေါင်းဆောင်တွေ အရာရှိအရာခံတွေနဲ့ တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ တအာင်းစာသင်ကြားရေးအဖွဲ့နဲ့ မိဘပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးတင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီကန့်သတ်  


ဩဂုတ်လ(၃၁)ရက်


ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးတင်သွင်းခွင့်ပြုမယ်လို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကန့်သတ်လိုက်ပါတယ်။

ဆေးဝါးအပါအဝင် ပြည်ပကနေတင်သွင်းမယ့် သွင်းကုန်ပစ္စည်းတွေအတွက် မနက်ဖန် စက်တင်ဘာ ရက်ကစပြီး ပို့ကုန်ရငွေ Export Earning တင်ပြရမယ်လို့ ဆိုပါတယ်။

ဒေါ်လာလိုအပ်ချက်မြင့်မားနေတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အမေရိကန်ဒေါ်လာရောင်းမပေးတော့ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကိုယ်တိုင် အမေရိကန်ဒေါ်လာ ဝယ်ယူတင်သွင်းရမယ့်စနစ်လို့ နားလည်ရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် ၆၆/၂၀၂၄ မှာ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဒီစနစ်အသစ်ဟာ သွင်းကုန်အားလုံးအပေါ် သက်ရောက်မှာဖြစ်ကာ ဩဂုတ်လအထိ လျှောက်ထားတဲ့ သွင်းကုန်လိုင်စင် လျှောက်လွှာတွေကို ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ အခုကန့်သတ်ချတ်မှာ စက်သုံးဆီနဲ့ စားအုန်းဆီလို အရေးကြီးသွင်းကုန်တွေကတော့ ခြွင်းချက် အနေနဲ့ရှိနေမယ်လို့လည်း သိရပါတယ်။ 

အခုလိုကန့်သတ်လိုက်တဲ့အတွက် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလအတွင်းက လျှောက်ထားတဲ့ ဆေးကုမ္ပဏီ ၁၁၆ ခုက လျှောက်လွှာ ၇၁၆ စောင်ရဲ့ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးဝါးပစ္စည်းလုပ်ငန်းရှင်များအသင်းက ပယ်ဖျက်လိုက်ပြီး စနစ်သစ်နဲ့လျှောက်ထားမှသာ လိုင်စင်ချထားပေးမယ်လို့   ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

ဒီစနစ်ကို ယခင်စစ်အစိုးရလက်ထက်မှာတုန်းကလည်း ကျင့်သုံးခဲ့ဘူးတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။


========================


📌📌 ၄။ ဖလမ်းအခြေစိုက် ခလရ ၂၆၈ တပ်က စစ်သားတဦး အလင်းဝင် 


ဩဂုတ်လ(၃၁)ရက်


ချင်းပြည်နယ် ဖလမ်းမြို့နယ် အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက အကြမ်းဖက်စစ်ကောင်စီတပ်သားတဦး အလင်းဝင် လာတယ်လို့ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဖလမ်းမြို့နယ်အခြေစိုက် ခလရ -၂၆၈ တပ်ရင်းက ဦးကျင့်လမ်းမုံဟာ ဩဂုတ်လ ၂၉ ရက်နေ့မှာ တီးတိန့်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်လာတာလို့ သိရပါတယ်။

အခုလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို တီးတိန့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နွေးထွေးစွာကြိုဆို လက်ခံ ထားပြီး ဘေးကင်းရာကိုပို့ဆောင်နိုင်ဖို့ ဆက်လက်စီစဉ်နေတယ်လို့လည်း အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နွားထိုးကြီးနယ်ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အမျိုးသမီးတဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ အိမ်အချို့ ပျက်စီး


ဩဂုတ်လ(၃၁)ရက်


မန္တလေးတိုင်းအတွင်းက နွားထိုးကြီးမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက် ခဲ့တဲ့အတွက် အမျိုးသမီးတဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ သြဂုတ်လ ၃၁ ရက် မနက်အစောပိုင်း နာရီခွဲခန့်မှာ နွားထိုးကြီးမြို့နယ်ထဲက ထနောင်းပင်ရွာနဲ့ကျွန်းဒေါင့်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကျွန်းဒေါင့်ကျေးရွာတောင်ဘက်ခြမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ အိမ်တလုံး ပျက်စီးသွားတယ် လို့ သိရပါတယ်။ 

ထနောင်းပင်ရွာကို တိုက်ခိုက်မှုမှာ အမျိုးသမီးတဦးသေဆုံးပြီး အိမ် လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။  

ဩဂုတ်လ ၃ဝ ရက်နေ့ ညနေပိုင်းကလည်း နွားထိုးကြီးရဲစခန်းကနေ မြို့တောင်ဘက်ကို လက်နက်ကြီးနဲ့ လုံးပစ်ခတ်ခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်တဲ့ ဩဂုတ်လ ၁ဝ ရက်နောက်ပိုင်း စစ်ကောင်စီဟာ နွားထိုးကြီးနယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးပြီး ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

နွားထိုးကြီးမြိုနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေပြီး တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။


========================


🚩🚩 ၂။ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်


ဩဂုတ်လ(၃၁)ရက်

 

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ဒီနေ့ ဩဂုတ် ၃၁ ရက် မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာကြောင့် ပြည်သူပိုင်အိမ်တွေ ပျက်စီးမှုရှိခဲ့တယ်လို့ မင်းတပ်ဒေသခံအချို့က ပြောပါတယ်။ 

ဒီနေ့မနက် အစောပိုင်း နာရီခန့်အချိန်မှာ တိုက်လေယာဉ်တစင်းက မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတရွာကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအသေးတွေနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မင်းတပ်ဒေသခံတဦးက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေတဆင့် ဓာတ်ပုံမှတ်တမ်းများနဲ့အတူ အသိပေးထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

ယခုရက်ပိုင်းမှာ စစ်ကောင်စီဟာ ပြည်သူလူထုအိပ်မောကနေချိန်မှာ လေကြောင်းကနေ တိုက်ခိုက်လေ့ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်နေပေးကြဖို့လည်း မင်းတပ်ဒေသခံက သတိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဒီနေ့မနက် နာရီခန့်ကစပြီး မင်းတပ်အခြေစိုက် ခလရ-၂၇၄ တပ်ရင်းအတွင်းကို Y12 ကုန်တင်လေယာဉ်က လေထီးနဲ့ ရိက္ခာထုပ်တွေချပေးခဲ့တယ်လို့လည်း ပြောပါတယ်။

အခုလို လေထီးနဲ့ ရိက္ခာလာချပေးရာမှာ အရင်ကဆိုရင် အရက် ဘီယာနဲ့ ဆေးလိပ်စတာတွေအပါအဝင် ဆီ၊ဆားနဲ့ ဒရုန်း ဗုံးသီးကျည်အချို့လည်း ပါဝင်တယ်လို့ ကြားသိရကြောင်း မင်းတပ်ဒေသခံက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဩဂုတ် ၂၈ရက်ကလည်း ခလရ-၂၇၄ တပ်ရင်းအနီးတဝိုက်ကို လေထီးတွေနဲ့ ခဲယမ်းနဲ့ ရိက္ခာ တွေ ချပေးခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ် ၃၀ရက်ကလည်း မင်းတပ်မြို့အနီးတနေရာကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးတွေနဲ့ လေကြောင်းတိုက်ခိုက် မှု ၂ကြိမ်လုပ်ခဲ့တာရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အခုဩဂုတ်လထဲမှာပဲ မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် မှု လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ချင်းဒေသ ကာကွယ်ရေးတပ် CDF-မင်းတပ်က အသိပေးထုတ်ပြန်ထားပါတယ်။ 


========================


🚩🚩 ၃။ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေပြီး ၂ဝ ကျော် ဒဏ်ရာရ


ဩဂုတ်လ(၃၁)ရက်


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရားသုံးဆူ- သံဖြူဇရပ်ကာလမ်းမှာရှိတဲ့ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့စစ်ကြောင်းကို KNLA ပါတဲ့ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။  

အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ ခမရ-၅၈၃ နဲ့ ၅၈၇ တပ်က စစ်ကူစစ်ကြောင်းကို တောင်ပိုင်းစစ်‌ဒေသ စစ်ဒေသခွဲ အမှတ် ၃၊ နဂါးနီစစ်ကြောင်း-P29903 နဲ့ KNLA ပူးပေါင်းတပ်က ဩဂုတ်လ ၂၇ ကနေ ၂၉ရက်အထိ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါ စစ်ကူစစ်ကြောင်းကို ဩဂုတ်လ ၂၇ နဲ့ ၂၈ ရက်မှာ တိုက်ခိုက်ခဲ့ပေမယ့် ရန်သူစစ်ကြောင်းဟာ ခုနှစ်ဝါတောင်ကြော ကနေဆင်းပြီး ဆက်လက်ချီတက်သွားတဲ့အတွက် ဒီစစ်ကြောင်းကို နဂါးနီစစ်ကြောင်းနဲ့ KNLA တပ်တွေ ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ 

စစ်ကူစစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆိုတိုက်ခိုက်တာကိုခံလိုက်ရတဲ့အတွက် စစ်သား ဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာရသွားတယ်လို့လည်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အနန်းကွင်းဗျူဟာစခန်းမှာ ဒဏ်ရာရသူများစွာရှိနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက်ဖိအားပေး တိုက်ခိုက်သွားမယ်လို့လည်း အသိပေးထားပါတယ်။


========================


🚩🚩 ၄။ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးတဲ့အတွက် စာသင်ကျောင်းနဲ့လူနေအိမ် ပျက်စီး


ဩဂုတ်လ(၃၁)ရက်

 

ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီလေယာဉ်တွေက ဗုံးကြဲသွားတဲ့အတွက် စာသင်ကျောင်းနဲ့ လူနေအိမ် ထိခိုက်ပျက်စီးသွားတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ ဩဂုတ်လ ၃၀ ရက်နေ့ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်မှာ လားရှိုးမြို့ပေါ်ကို လေယာဉ်တိုက်ခိုက်မှု ကြိမ် ပြုလုပ်သွားတာလို့ ဆိုပါတယ်။

အဆိုပါျလကြောင်းတိုက်ခိုက်မှုတွေ‌ကြောင့် အမှတ် အခြေခံပညာအထက်တန်းကျောင်းက ကျောင်းဆောင်တွေ ထိခိုက် ပျက်စီးသွားသလို အမှတ် အလယ်တန်းကျောင်းအနီးက လူနေအိမ်ပေါ်  ဗုံးသီးထိမှန်တာကြောင့် လူနေအဆောက်အအုံ အပေါ်ဆုံးထပ် ထိခိုက်ပျက်စီးသွားတယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က အသိပေးထားပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်တကြားဖြစ်ခဲ့ပေမယ့် ကံအားလျောစွာ လူထိခိုက်မှု မရှိခဲ့ဘူးလို့ ကနဦးသတင်းတွေအရ သိရတယ်လို့လည်း ပြောပါတယ်။ 

လားရှိုးနယ်ခံတဦးကတော့ ရပ်ကွက် က အထက ကျောင်းနဲ့ ကျောင်းမရောက်ခင် မီးပွိုင့်နားက အိမ် ထိ ပါတယ်။ ကျောင်းထဲမှာကတော့ မပေါက်သေးတဲ့ ဗုံးတလုံးကျန်ပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူးလို့ အသိပေးပါတယ်။ 

လက်ရှိအချိန်မှာ သက်ဆိုင်ရာဌာနတွေက တိကျတဲ့အခြေအနေကိုသိရအောင် စာရင်းဇယားတွေ ဆက်လက်ပြုလုပ်နေဆဲလို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါဟာ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၅။ မင်းလှမြို့နယ် ဆားချောင်းရွာအနီးမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်သား ဦးသေဆုံးပြီး ဒရုန်းတစင်း ပစ်ချနိုင်ခဲ့


ဩဂုတ်လ(၃၁)ရက်


ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် ဆားချောင်းရွာအနီးဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ဦးသေဆုံးသွားပြီး ဒရုန်းတစင်း ဖျက်ချနိုင်ခဲ့တယ်လို့ တောင်ပိုင်းတိုင်း အမှတ် စစ်ဒေသခွဲက ပြောပါတယ်။

မင်းလှမြို့နယ် ဆားချောင်းကျေးရွာအနီးကိုရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မနေ့ ဩဂုတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်မှာ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုကြောင့် တိုက်ပွဲဟာ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများတဲ့အပြင် 6 KG Payload သယ်ဆောင်နိုင်တဲ့ တိုက်ခိုက်ရေးအမျိုးအစား DIY Multirotor Drone တစင်းကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ အမှတ် စစ်ဒေသခွဲ ပဲခူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ သာယာဝတီ ခရိုင် ၃၈၀၃ တပ်ရင်း MDF - Special Force က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင်လ ၁၅ ရက်နေ့က ဆားချောင်းကျေးရွာကအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ပြည်သူပိုင်အိမ် ၃၀၀ ခန့် ပျက်စီးခဲ့တဲ့အတွက် ဒီအကြမ်းဖက်စစ်ကြောင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနဲ့တာဝါတိုင်ကုန်းက စစ်တပ်တပ်စွဲရာ နေရာတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ သေနတ် ၁၃ လက် သိမ်းဆည်းရရှိ


ဩဂုတ်လ(၃၁)ရက်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် တပ်စွဲရာနေရာတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ သေနတ် ၁၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ်- စစ်ဒေသက ပြောပါတယ်။ 

သပိတ်ကျင်းမြို့နယ်ထဲက တတက-၁၃ စခတ- သနတ- ထုတ်နုတ်အဖွဲ့ တပ်စွဲထားတဲ့ လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ ၂၉ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁၊ ၂၊ အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂ တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ၊ ကန့်ဘလူခရိုင် W-89 တို  ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံကနေ သေနတ် ၁၃ လက်၊ ကျည် ၂၇၉၆ တောင့်၊ Drone Slayer လက်၊ ၆၀ မမ ဗုံးသီး ၄၃ လုံး၊ အီနာဂါ လုံးနဲ့ ကျည်အိမ် ၂၂ ခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ်- စစ်ဒေသက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ချောက်မြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံရုံးတွေနဲ့ မပတ်သက်ဖို့ ဒေသခံပြည်သူများကို မြို့ပြပြောက်ကျား တပ်ဖွဲ့ သတိပေး


ဩဂုတ်လ(၃၁)ရက်


မကွေးတိုင်း ချောက်မြို့နယ်အတွင်းမှားရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်တပ်ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်မှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သွားလာပတ်သက်တာတွေမလုပ်ကြဖို့ Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ချောက်မြို့ပေါ်နဲ့ မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေး မှူးများ၊ ဝန်ထမ်းများနဲ့ရုံးများ၊ ရဲကင်းဂိတ်များ၊ စစ်ကောင်စီထောက်တိုင်လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုက်ခိုက်ချေမှုန်းဖို့ ရှိနေတာကြောင့် အဆိုပါနေရာတွေနဲ့ လူပုဂ္ဂိုလ်တွေကို မပတ်သက်ကြဖို့ ချောက်မြို့နယ်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ က သတိပေးလိုက်တာဖြစ်ပါတယ်။

ဒီသတိပေးချက်ကို မလိုက်နာလို့ ဖြစ်လာတဲ့အကျိုးဆက်တွေအတွက် တာဝန်ယူမှာမဟုတ်ဘူးလို့လည်း မြို့ပြပြောက်ကျား တပ်ဖွဲ့ Oak Awe UG က ပြောထားပါတယ်။

အခုလို သတိပေးထုတ်ပြန်ရတာဟာ ချောက်မြို့နယ်တခုလုံးကို စိုးမိုးနယ်မြေလုပ်ဆောင်ဖို့နဲ့ အများပြည်သူကို ညှင်းပန်း နှိပ်စက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်ဖို့ ရှိနေတာကြောင့်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ချောက်မြို့ကို ဝါဇီမှာရှိတဲ့တပ်က တပ်ဖွဲ့ဝင်တွေနဲ့အတူ အင်အားအများအပြားနဲ့ လုံခြုံရေးချထားပြီး ခုခံစစ်အတွက် အခိုင်အမာပြင်ဆင်နေသလို ကုန်းကြီးပျူစောထီးရွာကိုလည်း လုံခြုံရေးတိုးမြှင့်ပေးထားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာရှိတဲ့ ချောက်မြို့နယ်ဟာ စစ်ရေးပြင်းထန်နေတဲ့ ဆိပ်ဖြူ ပခုက္ကူ စတဲ့မြို့နယ်တွေနဲ့ နယ်မြေချင်း ထိဆက်နေတဲ့မြို့နယ်တခု ဖြစ်ပါတယ်။ 

ဒါကြောင့် ပြည်သူ့တော်လှန်ရေးအောင်မြင်စေရေး ပူးပေါင်းပါဝင်ပေးကြဖို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ Oak Awe UG က ဒေသခံပြည်သူများကို မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment